Michael Kyawswar_ Weight Loss Expert

Michael Kyawswar_ Weight Loss Expert Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Michael Kyawswar_ Weight Loss Expert, Weight Loss Center, Thanlyin.

 ဲ့ဆံပင်ဆက်စပ်မှု Ketoစားရင် ဆံပင်ကျွတ်တာလား               (သို့မဟုတ်)Ketoစားရင် ဆံပင်ကျွတ်သက်သာတာလားကျွန်တော်ဒီအကြောင်း...
02/10/2025

ဲ့ဆံပင်ဆက်စပ်မှု

Ketoစားရင် ဆံပင်ကျွတ်တာလား
(သို့မဟုတ်)
Ketoစားရင် ဆံပင်ကျွတ်သက်သာတာလား

ကျွန်တော်ဒီအကြောင်းအရာကို ရေးချငါနေတာကြာပါပြီ။

ကျွန်တော့်ကို အမြဲလာမေးကြပါတယ်..ဆရာရေ ကျွန်တော်/ကျွန်မတော့ketoစစားပီဆို ဆံပင်အရမ်းကျွတ်တာပဲ့ ဘာဖြစ်လို့လဲ ဘာညာပေါ့

ဒီပိုစ့်ကနေ ကျွန်တော်ရှင်းပြပေးပါမယ်..

Keto diet စစချင်းမှာ ခန္ဓာကိုယ်က စွမ်းအင်အရင်းအမြစ်ကို ကာဗိုဟိုက်ဒရိတ်ကနေ အဆီအဖြစ်ပြောင်းလဲအသုံးပြုရပါတယ်။
ဒီရုတ်တရက်ပြောင်းလဲမှုက ခန္ဓာကိုယ်အတွက်ရောဆံပင်အတွက်ရောပုံမှန်လုပ်ငန်းဆောင်တာတွေခဏရပ်တန့်သွားစေပါတယ်
Keto dietစပီး၃ရက်ကနေစ ပုံမှန်ထက်ပိုကျွတ်လာနိုင်ပါတယ်..

Keto dietစစားပီဆိုတာနဲ့ ဆံပင်တွေကောင်းလာတာပြောတဲ့ဆရာက ခုကျွတ်တယ်ပြောပြန်ပီလို့ ကျွန်တော့်ကိုပြောကြပါလိမ့်မယ်..

ကျွန်တော်ရှင်းပြပါမယ်

·Keto diet ကိုမှားယွင်းစွာလုပ်တဲ့အခါ (ဥပမာအသီးအရွက်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်နည်းပါးတာ) ဗီတာမင်၊ သတ္တုဓာတ်တွေ (သံဓာတ်၊ ဇင့်၊ ဘိုင်အိုတင်း) ချို့တဲ့နိုင်ပါတယ်။ဒီဓာတ်တွေက ဆံပင်အတွက်အရေးပါပါတယ်
ဆံပင်ရဲ့ ၉၀% ခန့်ဟာ ပရိုတင်း နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
Keto diet မှာ အသားဓာတ်များတယ်ဆိုပေမယ့် တချို့လူတွေက အသားမကြိုက်လို့ဆိုပီးအစားနည်းတာမျိုးကြောင့်ဖြစ်ပါတယ်

ဘာကြောင့်ဆံပင်အတွက်ကောင်းတာလဲပြန်ပြောပြပါမယ်

Keto diet က အင်ဆူလင်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ အင်ဆူလင်နဲ့ အင်ဆူလင်လို ဟော်မုန်းများပြားခြင်း (Insulin Resistance) ဟာ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းမညီမျှမှုတွေနဲ့ ဆက်စပ်နေပါတယ်။သွေးတွင်းသကြားဓာတ်ထိန်းညှိမှုပိုကောင်းလာတာနဲ့အမျှ ဆံပင်ကျွတ်တာကို အားပေးတဲ့ DHT (Dihydrotestosterone) လို ဟော်မုန်းတွေကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
Keto diet ဟာ ခန္ဓာကိုယ်တွင်းက ရောင်ရမ်းမှုကို လျှော့ချပေးတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။
နာတာရှည်ရောင်ရမ်းမှုဟာ ဆံပင်ကျွတ်ခြင်းရဲ့ အဓိကတရားခံတစ်ခုဖြစ်တဲ့အတွက် ဒီအချက်က ဆံပင်ကြီးထွားမှုအတွက် အထောက်အကူပြုပါတယ်။
သကြားဓာတ်နည်းတဲ့ အစားအစာတွေကို စားသုံးခြင်းဟာ ခန္ဓာကိုယ်ရဲ့ အာဟာရဓာတ်စုပ်ယူမှုစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။
ဒါ့ကြောင့် စားလိုက်တဲ့ အစားအစာထဲက ဆံပင်အတွက်ကောင်းတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ခန္ဓာကိုယ်က ပိုမိုအကျိုးရှိရှိအသုံးချနိုင်မယ်။

ဆံပင်ကောင်းစေဖို့keto dietမှာဘာတွေဦးစားပေးစားရမလဲ?

အရည်အသွေးမြင့် အဆီနဲ့ ပရိုတင်းများကို ဦးစားပေးစားပါ

Omega-3 ကြွယ်ဝသော အစားအစာများ : ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါး၊ အခွံမာသီး၊ Chia seeds၊ Flax seeds တို့ဟာ ဦးရေပြားရောင်ရမ်းမှုကို ကျစေပြီး ဆံပင်ကို ကျန်းမာစေပါတယ်။
အရည်အသွေးမြင့် ပရိုတင်း : ဥအမျိုးမျိုး၊ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ ပင်လယ်ငါးတွေဟာ ဆံပင်တည်ဆောက်မှုအတွက် အဓိကကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ပရိုတင်းဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။
ဆံပင်အတွက်အရေးပါတဲ့ အာဟာရဓာတ်တွေကို မမေ့ပါနဲ့

အနှစ်ချုပ်ပီးပြောရရင်

Ketoစားပီးဆံပင်ကျွတ်တာမျိုးက စစားပီးချင်း၃ရက်မှ၁၀ရက်ခန့်အထိပါပဲ့

ဒီဖြစ်စဉ်လေးပီးသွားပီး ketoကိုစနစ်ကျကျမှန်မှန်လေးစားမယ်ဆိုရင် ဆံပင်ကျွတ်သက်သာ စေရုံမက ပိုတောင်သန်စွမ်းလာစေနိုင်ပါတယ်..

သိလိုတာများမေးမြန်းချင်ရင်chat boxမှာဖြစ်စေ
ဖုန်းနဲ့ဖြစ်စေမေးမြန်းနိုင်ပါတယ်..

ေးသားမျှဝေသည်



အဆီကျအသက်ရှည် စေတဲ့ကန်စွန်းဥ🍠🍠🍠       ကန်စွန်းဥရဲ့အဆီချနိုင်တဲ့ အကျိုးသက်ရောက်မှုဟာ သူ့မှာအများကြီးပါဝင်နေတဲ့ စေးထုပ်ပျစ...
01/10/2025

အဆီကျအသက်ရှည် စေတဲ့ကန်စွန်းဥ🍠🍠🍠

ကန်စွန်းဥရဲ့အဆီချနိုင်တဲ့ အကျိုးသက်ရောက်မှုဟာ သူ့မှာအများကြီးပါဝင်နေတဲ့ စေးထုပ်ပျစ်ချွဲပရိုတင်း(Mucoprotein)ကြောင့်ပဲ့ဖြစ်ပါတယ်။အဲဒီပရိုတင်းဟာ ခန္ဓာကိုယ်ရဲ့နှလုံးသွေးကြောများ ပျော့ပျောင်းစေပါတယ်။ အရေပြားအောက်မှာအဆီမစုအောင်လျှော့ချပေးတယ်။ကန်စွန်းဥကိုအမြဲစားပေးရင်ဝမလာတော့ပါဘူး။နှလုံးသွေးကြောဆိုင်ရာရောဂါများကိုပါကာကွယ်နိုင်ပါတယ်။

ကန်စွန်းဥမှာ၁၀၀ဂရမ်တိုင်းမှာပရိုတင်း၁.၈ဂရမ်၊အဆီဓာတ်၀.၂ဂရမ်၊ကစီဓာတ်၂၉.၅ဂရမ်၊ဖိုင်ဘာမျှင်ကြမ်း၀.၅ဂရမ်၊ထုံးဓာတ်၁၈မီလီဂရမ်၊မီးစုန်းဓာတ်၂၀မီလီဂရမ်၊သံဓာတ်၀.၄မီလီဂရမ်၊ကယ်ရိုတင်း၁.၃၁မီလီဂရမ်၊ဗီတာမင်ဘီဝမ်း၀.၁၂မီလီဂရမ်ဘီတူး၀.၁၄မီလီဂရမ်၊ဗီတာမင်စီ၃၀မီလီဂရမ်ပါဝင်ပါတယ်။
ကန်စွန်းဥဟာအလွယ်တကူဗိုက်ပြည့်တယ်။သိပ်များများစားဖို့မလိုအပ်ပါဘူး။ကန်စွန်းဥမှာပါဝင်တဲ့ဖိုင်ဘာမျှင်ကြမ်းတွေကလမ်းကြောင်းမအလွယ်တကူစုပ်ယူခြင်းမခံရပါဘူး။ဒီတော့သ
ကြားဓာတ်တွေကအဆီဓာတ်အဖြစ်ပြောင်းလဲမသွားအောင် တားဆီးလိုက်နိုင်တဲ့ ထူးကဲစွမ်းဆောင်ရည် ရှိတယ်။ဒါကြောင့်ကန်စွန်းဥစားတာဟာ ခန္ဓာယ်ကိုယ်အလေးချိန်လျှော့ချဖို့ အလွန်သင့်လျော်တဲ့အစာပဲ့ ဖြစ်ပါတယ်။

ကန်စွန်းဥ အမြဲတမ်းစားရင် အသည်းနဲ့ကျေက်ကပ်တို့ရဲ့ တွယ်ဆက်တစ်သျှူးဆုတ်ယုတ်မှုမဖြစ်အောင် တားဆီးပေးတဲ့အတွက် တွယ်ဆက်တစ်သျှူးရောဂါများ(Connective Tissue Disease)ကိကာကွယ်ပေးနိုင်ပါတယ်။ အစာချေလမ်းကြောင်းနဲ့အသက်ရှူလမ်းကြောင်း၊အရိုးအဆစ်အခေါင်းများနဲအရည်ကြည်မြှေးခေါင်းတို့ရဲ့ ချော့မွေ့မှုတို့ကိုလည်းထိန်းသိမ်းပေးတယ်။ဒါကြောင့် ကန်စွန်းဥဟာ သွေးတိုးရောဂါ၊နှလုံးရောဂါ၊သွေးလွှတ်ကြောမာကျစ်ရောဂါ၊ဝမ်းချုပ်ရောဂါဖြစ်သူများအတွကဓာတ်စာလည်းဖြစ်ပါတယ်။

ကန်စွန်းဥဟာ အယ်လ်ကာလီ အစာမျိုးဖြစ်ပါတယ်။နိစ္စဓူဝစားနေတဲ့အသားတွေ၊ဥတွေ၊ဆန်ဂျုံ တို့ကအက်စစ်ဓာတ်တွေထုတ်လုပ်တယ်။ကန်စွန်းဥကိုအမြဲစားပေးရင် ကန်စွန်းဥရဲ့အယ်ကာလီ(ဘေ့စBase)တွေက အက်စစ်တွေကို သမအောင်ပြုလုပ်ပေးတယ်။

တရုတ်တိုင်းရင်းဆေးပညာအရ ကန်စွန်းဥဟအားပြည့်စေတယ်။ဇီဝစွမ်းအင်ကိုအကျိုးပြုတယ်အစာအိမ်နဲ့ဘေကို သန်စွမ်းစေတယ်။အဆုတ်နဲ့ကျောက်ကပ်ကို အာဟာရဖြည့်စွမ်းတယ်။ကန်စွန်းဥရဲ့ အကျိုးသက်ရောက်မှုတွေဟာရေရှည်စားရင်အသက်ရှည်စေပါတယ်။တရုတ်ပြည်၊ဂျပန်ပြည်တို့မှာရှိကြတဲ့ အသက်ရှည်တဲ့အဖိုးအဖွားများဟာကန်စွန်းဥစားကြတယ်လို့သိရှိရပါတယ်။ အဲဒါ​ကြောင့် ကန်စွန်းဥ ဟာအဆီချပေးနိုင်ရုံသာမက၊ကျန်းမာအသက်ရှည်စေတဲ့ အစာလည်းဖြစ်ပါတယ်။

ကန်စွန်းဥဟာ အလွန်ကောင်းတယ်ဆိုပေမယ့်သတိထားရမယ့်အချက်များလည်း ရှိနေပါတယ်။ကန်စွန်းဥ မှာအောက်စီဒေ့စ်(Oxidase)နဲ့အမျှင်ကြမ်းများပါဝင်နေတဲ့အတွက် အစာအိမ်နဲ့အူလမ်းကြောင်းမှာကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကိုပေါက်ပွားစေတယ်။နောက်ပြီးသကြားဓာတ်လည်းမြင့်မားတဲ့အတွက်များများစားလိုက်တဲ့အခါအစာအိမ်မှာအက်ဆစ်ဓာတ်အဖြစ်ပြောင်းလဲသွားပြီး ဗိုက်ကယ်၊ရင်ပူတတ်ပါတယ်။ဒါကြောင့် ကန်စွန်းဥကိုအစိမ်းမစားပါနဲ့။တစ်ကြိမ်တည်း များများမစားပါနဲ့။အကောင်းဆုံးက ဆန်နဲ့တွဲဖက်စား(ဆန်ပြုတ်)ကအကောင်းဆုံးပါ။

Michael kyawswarရေးသားသည်။


KETO DIET(သို့မဟုတ်)အစားစားရင်းဝိတ်ချခြင်း              မိတ်ဆွေဟာအလုပ်များတဲ့သူလား?အထိုင်များသူလား?အားကစားလုပ်ဖို့အချိန်...
20/09/2025

KETO DIET(သို့မဟုတ်)အစားစားရင်းဝိတ်ချခြင်း

မိတ်ဆွေဟာအလုပ်များတဲ့သူလား?အထိုင်များသူလား?အားကစားလုပ်ဖို့အချိန်မပေးနိုင်လို့အဆီတွေများဝိတ်တွေတက်ပြီးစိတ်သောကရောက်နေပြီလား?ဒါဆိုရင်တော့ketogenic dietဆိုတဲ့နည်းလမ်းလေးကိုကျင့်သုံးဖို့အကြံပေးချင်ပါတယ်။
keto dietကိုစလုပ်မယ်ဆို ကာဗွန်ဟိုက်ဒရိတ်များတဲ့အစာအားလုံးကိုဖြတ်တောက်ရပါမယ်။
ထမင်းဖြတ်ရပါမယ်။ဂျုံနဲ့လုပ်ထားတာအစားအစာအားလုံး၊ခေါက်ဆွဲ၊ပြောင်း၊ကန်စွန်းဥ၊အာလူး၊ပဲအမျိုးမျိုး၊ဟင်းခတ်အရသာမှန်သမျှ၊အချိုမှုန့်လုံးဝစားလို့မရပါဘူး။သစ်ဥသစ်ဖုမစားရပါဘူး။မြေပေါ်တစ်ထွာ မြေအောက်တစ်ထွာမစားရပါဘူး။
အချို့စားရတာတွေရှိပါတယ်။မစားစေချင်ပါဘူး။
ကြက်သွန်ဖြူ၊ကြက်သွန်နီ တရက်တလုံးလောက်ရပါတယ်။အုန်းခြောက်ရည်၊အုန်းစိမ်းရည်မသောက်ရပါဘူး။ဒိန်ချဥ်ရွေးချယ်ပြီးအနည်းငယ်သောက်လို့ရပါတယ်။အချိုမှန်သမျှဘာအချိုမှမရပါဘူး။အချိုကိုအဓိက ဖြတ်တောက်ရပါမယ်။အဲလိုပြောလိုက်လို့ဘာစားရအုန်းမလဲမေးတဲ့သူတွေရှိပါတယ်။စားစရာတွေအများကြီးပါ။

အသားအားလုံးစားပါ။ကြက်သား၊ဝက်
ဝက်သား၊အမဲသား၊ဆိတ်သားဘယ်အသားမဆိုစား
လို့ရပါတယ်။ကြက်သား၊အမဲသားစတာတွေဟာ
ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုနည်းပါးပြီးဗီတာမင်ဘီ၊
ပိုတက်စီယမ်၊ဆီလီနီယမ်နဲသတ္တုဓာတ်များစွာပါ
ဝင်နေပါတယ်။မြက်စားတဲ့သတ္တဝါတွေရဲ့အသားက အစေ့အဆန်စားတဲ့သတ္တဝါတွေရဲ့အသားထက်
Omega3ပိုမိုဖြည့်တင်းပေးပါတယ်။

ပင်လယ်စာမှန်သမျှအကုန်စားပါ။ငါးအားလုံးစားပါ။ခရု၊ကမာ၊ပြည်ကြီးငါး၊ဘဝဲအကုန်စားလို့ရပါတယ်။ဆယ်လမွန်ငါး၊ပြည်ကြီးငါး၊ရေဘဝဲ၊ဂုံးကောင်၊ခရု၊ကမာစတဲ့ပင်လယ်အစားအစာအားလုံးကကာဗွန်ဟိုက်ဒရိတ်ပါဝင်ဖွဲ့စည်းမှုနည်း
ပါးပါတယ်။

ဥအားလုံးစားပါ။ကြက်ဥ၊ဘဲဥ၊ငုံးဥ ဥမှန်သမျှအကုန်ရပါတယ်။ကြက်ဥ၊ဘဲဥ၊ငုံးဥတွေမှာ
အစာစားချင်စိတ်ကိုလျော့ချပေးနိုင်တဲ့ဓာတ်ပါဝင်လို့ကာဗွန်ဟိုက်ဒရိတ်စားသုံးမှုကိုဟန့်တားပေးမှာပါ။ဥတွေမှာပါတဲ့အနှစ်တွေဟာသွေးတွင်းကိုလက်
စထရော ကိုမြင့်တက်လာအောင်လှုံ့ဆော်မှုမရှိပါဘူး။keto dietသမားတွေအနေနဲ့ဥအနှစ်ရောအကာရောစားပေးရပါမယ်။

အသီးအရွက်အားလုံးစားပါ။အသီးဆိုတာသစ်သီးသစ်နှံကိုမဆိုလိုပါဘူး။ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုနည်းတဲ့အသီးအရွက်တွေအများကြီးရှိပါတယ်။ကညွတ်၊သခွားသီး၊ပန်းဂေါ်ဖီစိမ်း၊ရုံးပတီသီး၊ကိုက်လန်စတဲ့အသီးအရွက်တွေစားလို့ရပါတယ်။

ဆီအနေနဲ့ကတော့စားအုန်းဆီ၊သံလွင်ဆီ၊နှမ်းဆီ၊မြေပဲဆီသုံးစွဲနိုင်ပါတယ်။ဝယ်ယူရခက်ခဲတဲ့
နေရာမျိုးမှာဆို အဆင်ပြေတဲဆီသုံးနိုင်ပါတယ်။
စားအုန်းဆီရဲ့မော်လီကျူးဖွဲ့စည်းပုံက အဆီအဖြစ်သိုမှီးမှုနည်းပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်း
အင်အရင်းအမြစ်အဖြစ်သုံးစွဲလိုက်တာများပါတယ်။

Keto dietသမားတွေဟာအစားအစာကို
ဂရမ်ချိန်နဲ့စားရမှာဖြစ်ပါတယ်။တရက်လျှင်ပေါင်
ချိန်နဲ့အလိုက်အသားဘလောက်ဂရမ် အရွက်ဘလောက်ဂရမ် တွက်ချက်ပြီးစားရမှာဖြစ်ပါတယ်။keto dietနည်းလမ်းဟာအလုပ်များပြီးအ
ချိန်မပေးနိုင်သူတွေအတွက်အထူးသင့်လျော်ပြီး
သွေးတိုး၊ဆီးချိုရောဂါတွေလည်းသက်သာလာစေတာလေ့လာတွေ့ရှိထားပါတယ်။ကင်ဆာဆဲလ်တွေကိုလည်းထပ်မပွားအောင်ထိန်းပေးနိုင်ပါတယ်။

နောက်ရေးမဲ့postတွေမှာကျွန်တော်အကျယ်တဝင့်ရှင်းပြသွားမှာဖြစ်ပါတယ်။pageကိုlike&shareလုပ်ပေးကြပါခင်ဗျ။keto
dietအကြောင်းအသေးစိတ်သိချင်ရင်pageရဲ့
messagerမှာလာရောက်မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။အားလုံးကျန်းကျန်းမာမာနဲ့ဝိတ်ကျပြီး
လှပနိုင်ကြပါစေခင်ဗျ။

KyawSwaryemyint ရေးသားမျှဝေသည်





Michael KyawSwarရေးသားမျှဝေသည်။
loss

အဆီကျသွယ်လျစေမဲ့အနက်ရောင်အစားအစာများ        အစားအစာတွေအနက်ရောင်ဖြစ်နေရတာဟာရောင်ခြည်ဓာတ်တွေများလွန်းပြီး အနီရောင်၊အညိုရော...
19/09/2025

အဆီကျသွယ်လျစေမဲ့အနက်ရောင်အစားအစာများ

အစားအစာတွေအနက်ရောင်ဖြစ်နေရတာဟာရောင်ခြည်ဓာတ်တွေများလွန်းပြီး အနီရောင်၊အညိုရောင်၊လိမ္မော်ရောင်တွေကနေ ရင့်လွန်းပြီးအနက်ရောင် ဖြစ်လာရတာမျိုးပါ။အနက်ရောင်အစားအစာတွေမှာပါတဲ့ ပေါ်လီဖီနော်လ်(Polyphenol)တွေဟာကိုလက်စထရော တက်လာမှာကိုအဓိကတားဆီးပေးပါတယ်။ပေါ်လီဖီနော်လ်ဟာ အသည်းရဲ့လုပ်ဆောင်မှုစွမ်းရည်ကိုမြှင့်တင်တယ်။မျက်စိအားကောင်းစေတယ်။ကူးစက်ရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်။ကိုလက်စထရောတွေ ခန္ဓာကိုယ်က မစုပ်ယူနိုင်အောင်တားဆီးပေးတယ်။မလိင်ဟော်မုန်းမျှတစေတယ်။သွေး​ကြောမျှင်တွေသန်စွမ်းစေတယ်။မှတ်ဉာဏ်ကောင်းစေတယ်စတဲ့အကျိုးကျေး ဇူးများစွာပေးနိုင်ပါတယ်။

ကျွန်တော်တို့အနီးအနားပတ်ဝန်းကျင်က အနက်ရောင်အစားအစာထဲကတချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ပဲနက်
ပဲနက်ဆိုတာဟာအပြင်ခွံမဲနက်နေတဲ့ပဲအမျိုးအစားမျိုးပါ။ပဲနက်မှာဗီတာမင်အီးအများအပြားပါရှိပြီးသွေးသန့်စင်တဲ့အာနိသင်ရှိပါတယ်။ပဲနက်မှာပါတဲ့အနက်ရောင်ဓာတ်တွေဟာသွေးလွှတ်ကြောမာကျစ်မှုနဲ့ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။အဆီဓာတ်ပါဝင်မှုနည်းတယ်။ကယ်လိုရီအနည်းငယ်သာပါတယ်။ဒါကြောင့်ကိုလက်စထရောကိုကျဆင်းစေတယ်။ဗီတာမင်အီးက သွေးကိုသန့်စင်စေတယ်။အဆီကျဝိတ်ချနေသူများအနေဖြင့် ပဲနက်ကို စားသုံးပေးသင့်ပါတယ်။

၂။ကြွက်နားရွက်မှို
ကြွက်နားရွက်မှိုကို ဟင်းခါးတို့ကြာဇံချက်တို့ဝက်သားကြက်သားပေါင်းတာတို့မှာအသုံးပြုကြပါတယ်။ကြွက်နားရွက်မှိုအနက်ရောင်ဖြစ်နေတာဟာသံဓာတ်နဲ့ဘီတာကယ်ရိုတင်းတို့ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပါတယ်။ကြွက်နားရွက်မှိုမှာ ဖိုင်ဘာမျှင်အများအပြားပါဝင်တဲ့အတွက် ကယ်လိုရီပါဝင်မှုအနေနဲ့အလွန်နည်းပါနယ်။ကြွက်နားရွက်မှိုကသွေးကိုလည်းသန့်စင်စေပြီး သွေးပျစ်ချွဲမှုကိုလည်းကျဲစေနိုင်ပါတယ်။ကြွက်နားရွက်မှိုမှာဖိုင်ဘာမျှင်များ၊သံဓာတ်များ၊ပိုတက်စီယမ်အများအပြားပါဝင်ပြီးကယ်လိုရီပါဝင်မှုနည်းပါးပါတယ်။တရုတ်အဆီကျတိုင်းရင်းဆေးတွေမှာ ကြွက်နားရွက်မှိုအမဲကိုတွင်တွင်ကျယ်ကျယ်သုံးစွဲကြပါတယ်။

၃။စပျစ်သီးခြောက်
စပျစ်သီးခြောက်ဟာ သံဓာတ်ပေါကြွယ်ဝသလို သွေးအားနည်းရောဂါကိုလည်းကာကွယ်နိုင်ပါတယ်။စပျစ်သီးမှာ ရေဓာတ်၈၅ရာခိုင်နှုန်းပါဝင်ပြီးကျန်တဲ့၁၅ရာခိုင်နှုန်းကသကြားဓာတ်ဖြစ်ပါတယ်။စပျစ်သီးခြောက်မှာပါတဲ့သကြားဓာတ်ဟာ လူခန္ဓာကိုယ်ကစုပ်ယူရလွယ်ပြီးမောပန်းနွမ်းနယ်မှုပြေပျောက်ပြီးခွန်အားတိုးစေပါတယ်။

၄။ကောက်ညှင်းငချိတ်
ကောက်ညှင်းငချိတ်မှာပါတဲ့ အနက်ရောင်ဓာတ်
တွေမှာအင်သိုဆိုင်ရာနိုင်ဒင်း ဂလူကိုစ့်ဆိုဒ်(AnthocyanidinGlucoside)ဟာကင်ဆာကိုခုခံနိုင်ပါတယ်။Antioxidantဓာတ်ကြွယ်ဝတဲ့အတွက်အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်။ကောက်ညှင်းငချိတ်ဟာအစာခြေအင်္ဂါစုအတွက်အာဟာဖြည့်တဲ့အတွက် ဝိတ်ချလိုသူများ အစာမကြေဖြစ်ခြင်းမှကာကွယ်ပေးပြီး သွယ်လျစေမှာဖြစ်ပါတယ်။

၅။ဆန်လုံးတီး
ဆန်လုံးတီးဆိုတာ စပါးခွံကိုသာခွာပစ်ပြီးဖွဲနုကိုမချွတ်တဲ့ဆန်ကိုခေါ်တာပါ။ဖွဲနုနဲ့ဆန်ရဲ့အညှောင့်တွေထဲမှာဗီတာမင်နဲ့သတ္တုဓာတ်တွေအများအပြားပါဝင်ပါတယ်။ဆန်လုံးတီးထဲမှာဗီတာမင်ဘီဝမ်း၊ဗီတာမင်အီးတို့ဟာဆန်အဖြူထက်လေးဆပိုပြီးပါရှိပါတယ်။ဗီတာမင်ဘီတူးကျဆန်အဖြူရဲ့နှစ်ဆပါရှိတယ်။အဆီဓာတ်၊သံဓာတ်နဲ့မီးစုန်းဓာတ်တွေကျပြန်တော့ဆန်ဖြူထက်နှစ်ဆမကပိုပါဝင်ပါတယ်။ဖိုင်ဘာမျှင်ကလည်းရိုးရိုးဆန်ထက်သုံးဆကျော်ပါဝင်ပါတယ်။ဆန်လုံးတီးထဲမှာပါဝင်တဲ့ဖိုင်ဘာမျှင်တွေကရေမှာပျော်ဝင်တဲ့ဖိုင်ဘာမျှင်နဲ့ရေမှာမပျော်ဝင်တဲ့ဖိုင်ဘာမျှင်လို့နှစ်မျိုးပါရှိပါတယ်။ဒါကြောင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပြီး အန္တရာယ်ရှိတဲ့အဆီအဆိပ်တွေကိုစွန့်ထုတ်ပေးတဲ့အပြင်အူတွင်းမှာရှိတဲ့အကျိုးပြုပိုးမွှားပေါက်ဖွားအောင်အကျိုးပြုပေးလို့ဝိတ်ချနေသူတွေ စားသုံးသင့်တဲ့ဆန်အမျိုးအစားပါ။

၆။နှမ်းနက်
နှမ်းနက်မျာဘီတာမင်ဘီအုပ်စုအများဆုံးပါဝင်ပါတယ်။နှမ်းနက်ဆီဟာဓာတ်တိုးပယ်ဖျက်စွမ်းရည်အားကောင်းလှတဲ့အတွက်သွေးနဲ့ဆဲလ်များရှိကိုလက်စထရောသွေးဓာတ်တိုးနိုင်​ခြေကိုအစွမ်းထက်ထက်ဟန့်တားပစ်နိုင်ပါတယ်။ပါဝင်တဲအဆီကအသီးအရွက်ဆီပဲရှိတော့အကျိုးရှိရှိနဲ့ခန္ဓာကိုယ်အတွင်းရှိကိုလက်စထရောအဆီဆိုးများကိုလျော့ချပစ်ပြီးအဆီကျဖို့အထောက်အကူပြုပါတယ်။

အနက်ရောင်အစားအစာအများအပြားရှိပါတယ်။အနက်ရောင်အစားအစာတိုင်းလိုလို ခန္ဓာကိုယ်အဆီကျသွယ်လျဖို့အထောက်အကူပြုနိုင်ပါတယ်။

Michael kyawswarရေးသားတင်ပြသည်။



(အဆီကျအောင်စားသောက်ခြင်း)      ယနေ့ခေတ် လူသားများဝလာခြင်းရဲ့ အဓိကအကြောင်းအရာတွေထဲက တစ်ခုမှာ နည်းပညာဖြင့်ပြုပြင်ဖန်တီးထုတ...
17/09/2025

(အဆီကျအောင်စားသောက်ခြင်း)

ယနေ့ခေတ် လူသားများဝလာခြင်းရဲ့ အဓိကအကြောင်းအရာတွေထဲက တစ်ခုမှာ နည်းပညာဖြင့်ပြုပြင်ဖန်တီးထုတ်လုပ်ထားသော အစားအစာများကို အဝအပြဲ စားကြလို့ပဲ့ဖြစ်ပါတယ်။အစားထိန်းပြီး ဝိတ်ချသည့်နည်းလမ်းများမှာလည်း တော်တော် ဇွဲရှိသူများသာလျှင်လုပ်နိုင်ကြပါတယ်။
တာရှည်အစားအငတ်ခံနည်းကို လိုက်လုပ်မနိုင်ကြဘဲ အစားကောင်းကောင်းကို အရသာရှိရှိစားပြီး အဆီကျဝိတ်ထိန်းနိုင်သည့်နည်းမရှိဘူးလား?လို့မေးလာကြပါတယ်။

လူသားတွေက ခေတ်နှင့်အညီတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ အပြင်စာ စားသောက်ဆိုင်စသည်များတွင် မနက်စာ နေ့လည်စာ ညစာစားတဲ့အလေ့အကျင့်တွေများလာကြပါတယ်။ကျန်းမာရေးနှင့်မကိုက်တဲ့အလွယ်စားနိုင်တဲ့အစားအစာများFast Foodsများကိုပဲ့ခလေးလူကြီးမကျန်စားသုံးလာကြပါတယ်။ကျွန်တော်တို့မိဘဖိုးဖွားတွေလက်ထက်ကဆိုလျှင် အဲအစားအစာတွေမပေါ်သေးတော့ ထမင်းနဲ့ဟင်း ရိုးရာမုန့်အစားအစာတွေကိုပဲ့စားသောက်ကြပြီး အသက်ရှည်ကြပါတယ်။တစ်ကမ္ဘာလုံးမှာ လည်း သူ့ရိုးရာအစားအစာနဲ့သူ စားသောက်ကြပြီး အဆီပိုကင်းအသက်ရှည်ကြတဲ့သူများအဖြစ် စံချိန်တင်နိုင်ကြပါတယ်။ယခု ကျွန်တော်ပြောပြတဲ့ရိုးရာစားသောက်နည်းများက အသက်ရှည် ကျန်းမာပြီးအဆီပိုကင်းနိုင်မှာဖြစ်ပါတယ်။

ဟင်းချိုသောက်တဲ့အလေ့အကျင့်လုပ်ပါ။

ဂျပန်လူမျိုးတွေဟာ အစာစားတိုင်း ဟင်းချိုသောက်ကြပါတယ်။အသီးအရွက်ပြုတ်ဟင်းချိုဟာ အဓိကဟင်းပွဲကို မစားမီဗိုက်ကြိုဖြည့်ရာရောက်သည့်အတွက် အဓိကဟင်းပွဲကို အစားနည်းစေပါတယ်။ပြစ်သစ်နိုင်ငံမှလေ့လာမှုတစ်ခုအရအမျိုးသား ၂၁၈၈ဦးနှင့်အမျိုးသမီး၂၈၆၄ဦးကိုရက်သတ္တပတ်တပတ်အတွင်းဟင်းချိုတစ်ကြိမ်မှခြောက်ကြိမ်အထိပေးသောက်ခဲ့ပါတယ်။အဲလိုသောက်ရာမှာBMI(body mass lndex)သိသိသာသာလျော့ကြလာတာကိုတွေ့ရပါတယ်။(BMI)၂၃ရှိလျှင်ပိန်သည်ဟုသတ်မှတ်ပါတယ်။)ဟင်းချိုအသောက်နည်းသူ သို့မဟုတ် လုံးဝမသောက်သူတို့မှာBMI၂၇ဝန်းကျင်လောက်ရှိနေတတ်ပါတယ်။

အစားအစာအရည်အသွေးကိုရွေးပါ။

ပြစ်သစ်လူမျိုးခပ်များများဟာ သဘာဝမဟုတ်တဲ့ အစားအစာတွေကိုအတတ်နိုင်ဆုံးရှောင်ကြပါတယ်။သူတို့ဟာ အသား၊ငါး၊ဥအမျိုးမျိုး၊နို့ထွက်ပစ္စည်းအမျိုးမျိုး ၊ပဲအမျိုးမျိုးကို ကိုယ်တိုင်ရွေးချယ်ပြီး ချက်ပြုတ်စားသောက်ကြပါတယ်။အင်္ဂလိပ်ဇာတ်ကားအတော်များများကိုကြည့်ပါ။မနက်စာ ညစာကို ကိုယ်တိုင်ချက်ပြုတ်ကြတာကိုတွေ့ရမှာပါ။အစားအစာက လတ်ဆတ်ပြီးအရသာရှိတဲ့အခါ အစာနည်းနည်းနှင့်ဗိုက်ကိုပြည့်စေပါတယ်။

အရသာမျိုးစုံစားပေးပါ။

တစ်ချို့လူတွေဟာ အစပ်အရမ်းကြိုက်ကြပါတယ်။ တစ်ချို့က တော့အချဥ်၊တစ်ချို့ကတော့အချိုကြိုက်ကြပါတယ်။တမျိုးတည်းကိုစွဲစွဲမြဲမြဲ
စားလေ့ရှိကြတဲ့သူတွေဟာ အစားကို တအားစား
မိတတ်ကြကြောင့းလေ့လာတွေ့ရှိရပါတယ်။
အာယုဗေဒကျမ်းမှာတော့ချိုချဥ်ဖန်ခါစပ်ငန်စူးရှတဲ့အနံ့တို့ကိုမျှမျှတတစားသုံးရမယ်လို့ဆိုပါတယ်။ယင်းအရသာများက ဗိုက်ကိုအမြန်ပြည့်စေပြီးနောက်ပိုင်းတွင်အာဟာရမရှိတဲ့အစားအစာများကိုမစားသောက်မိအောင်ထိန်းပေးနိုင်ပါလိမ့်မယ်။

နေ့လည်စာကို ပင်မအစာအဖြစ်စားပါ။

ကျွန်တော့် သင်တန်းသား/သူတွေကို Fasting
လို့ခေါ်တဲ့အစာဖြတ်ခြင်းနည်းကိုလိုအပ်ရင်ကျင့်သုံးခိုင်းပါတယ်။ အစာဖြတ်တဲ့နည်းကို ကျင့်တဲ့အခါမှာနေ့လည်စာ စားပြီးချိန်မှစခိုင်းပါတယ်။
ကျွန်တော်တို့ရဲ့အစာခြေဝမ်းမီးဟာနံနက်၁၀ နာရီမှမွန်းလွဲ၂ နာရီအကောင်းဆုံးချိန်ဖြစ်ပါတယ်။နေ့လည်စာကို အာဟာရရှိရှိနဲ့ စားသုံးဖို့လိုပါတယ်။ယင်းကဲ့သို့ စားသောက်နေထိုင်မယ်ဆို တစ်လအတွင်းကိုယ်အလေးချိန် နှစ်ကီလိုလောက်ကျနိုင်တယ်လို့ဆိုကြပါတယ်။

အသီးအရွက်ရောင်စုံစားပေးပါ။

တရုတ်လူမျိုးများဟာ အမေရိကန်လူမျိုးတွေထက်၃၀%ပိုစားသော်လည်းသူ့တို့ကိုယ်အလေးချိန်ကအမေရိကန်တွေထက်၂၅%ပိုလျော့နည်းနေကြပါတယ်။ အဓိကအကြောင်းမှာတရုတ်လူမျိုးတို့သည်အသီးအရွက်အခြေခံသည့်အစားအစာကို အများအပြားစားသုံးခြင်းကြောင့်ပင်ဖြစ်ပါတယ်။ ဂျပန်လူမျိုးများကတော့အစာစားတိုင်း အရောင်ငါးမျိုး
ပါအောင်စီမံကြပါတယ်။အနီ၊အစိမ်း၊အဝါ၊အဖြူ၊အနက်ရောင်များပါသည့် ငရုတ်သီးအနီ၊ပန်းဂေါ်ဖီစိမ်း၊မုန်လာဥနီ၊ ကြက်သွန်၊ပြောင်း၊ သံလွင်သီးအနက် စသည့်အစားအစာများကိုချက်ပြုတ်စားသောက်ကြပါတယ်။

အစားစားရင်း အာရုံမများစေချင်

စားသောက်ခြင်းဟာ အလောတကြီးလုပ်ရမဲ့အလုပ်မဟုတ်ပါ။သွားရင်းလာရင်းအလုပ်လုပ်ရင်းအစားစားတာသင့်ကို အလွန်အန္တရာယ် များစေပါမယ်။တီဗီကြည့်ရင်းအစားစားခြင်း၊ကားမောင်းရင်းအစားစားခြင်းကသင့်ခါးအဆီကိုပိုတက်လာစေနိုင်ပါတယ်။ဂျပန်မှာဆိုလျှင် လမ်းလျှောက်ရင်းအစာစားရင်ရိုင်းတယ်လို့ဆိုကြပါနယ်။ပြင်သစ်လူမျိုးများကို ကော်ဖီသောက်ရင်းကားမောင်းနေသည်ကိုသင်တွေ့ရမည်မဟုတ်ပါ။သင်စားနေတဲ့အစားအစာကို တကယ်လေးလေးစားစားနဲ့အာရုံလားပြီးစားမယ်ဆိုရင် အရသာပိုမိုခံစားရနိုင်ပြီးအစာလည်းသိပ်များများမစားလိုတော့ဘဲ ဗိုက်အ
မြန်ပြည့်စေမှာဖြစ်ပါတယ်။

ဗိုက်ဆာမှအစားစားပါ

သင်ဟာ အစားကို မဆာဘဲစားမိတတ်တဲ့အလေ့အကျင့်ရှိနေရင်အမြန်ပြုပြင်လိုက်ပါ။များသောအားဖြင့်လူတယောက်ဟာတယောက်တည်းပျင်းနေသည့်အခါ၊စိတ်ဓာတ်ကျနေသည့်အခါ၊စိတ်ဖိစီးမှုများပြီးငြီးငွေ့လာတဲ့အခါ အစားကိုဖိစားတတ်ကြပါတယ်။The Way toEatစာအုပ်ရေးသားသူဒေါက်တာဒေးဗစ်ကတ်ကသင့်ဘဝမှပြဿနာရှိတိုင်းအစားအစာကိုဖြေရှင်းချက်တစ်ခုအနေနဲ့အသုံးပြုပြီး ပိန်ချင်လို့တော့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။

မိသားစု၊မိတ်ဆွေများနဲ့အတူစားသောက်ပါ။

မြန်မာလူမျိုးများဟာ ထမင်းစားခါနီး မိသားစုဝင်များအားစောင့်ဆိုင်းစားတဲ့အကျင့်ရှိတတ်ကြပါတယ်။အင်မတန်ကောင်းတဲ့ဓလေ့ပါ။ဝိုင်းထိုင်စားသောက်ခြင်းကပျော်စရာကောင်းရုံမကအခြားသူများနဲ့စားသောက်တာဟာ မိမိကိုယ်ကိုထိန်းသိမ်းရပါတယ်။ပိုပြီးဖြည်းဖြည်းစားသောက်ရပါတယ်။ဒါကြောင့် စားသင့်တာထက်ပိုမစားမိခင် ဗိုက်ဝပြီးဆိုတဲ့အသိကြောင့်ပိုမစားမိစေတော့ပါဘူး။

ဝိုင်တစ်ခွက်သောက်ပါ။

မြန်မာလူမျိုးများကတော့ အစာမစားခင် ဆေးဖြစ်ဝါးဖြစ်ဆိုကာ အရက် တစ်ပက်ခန့်သောက်ကြပါတယ်။ဝိုင်အရက်ကပြစ်သစ်နဲ့မြေထဲပင်လယ်ဒေသစားပွဲများမှာ မပါမဖြစ်အရာပဲ့ဖြစ်ပါတယ်။ဝိုင်ထဲတွင်အစွမ်းထက်သည့်အင်တီအောက်ဆီဒင့်ဓာတ်ပါဝင်တဲ့အတွက်အရွယ်တင်နုပျိုစေတယ်။အဆီပါဝင်မှုများတဲ့အစာတွေစားတဲ့အခါယင်းဓာတ်ကြောင့်နှလုံးနဲ့သွေးကြောရောဂါများဖြစ်ပွားမှုကိုလျော့ချပေးမှာပါ။လေ့လာမှုတခုအရ ဝိုင်သောက်သူအမျိုးသားများဟာ ပိန်ကျကြောင်းတွေ့ရှိရပါတယ်။

Michael kyawswarရေးသားမျှဝေသည်။

ကို့မိတ်ဆွေတွေ ဝိတ်ချရင်းပျင်းနေမှာစိုးလို့  ညမအိပ်ခင်လေးThe nun ဇာတ်ကားထဲက ဖာသာကြီး သချိုင်းထဲမှာမကောင်းဆိုးဝါး ဖြားယော...
16/09/2025

ကို့မိတ်ဆွေတွေ ဝိတ်ချရင်းပျင်းနေမှာစိုးလို့ ညမအိပ်ခင်လေးThe nun ဇာတ်ကားထဲက ဖာသာကြီး သချိုင်းထဲမှာမကောင်းဆိုးဝါး ဖြားယောင်းခံရပြီး ခေါင်းလောင်းနဲ့ဆက်ထားတဲ့အခေါင်းတလားထဲပိတ်မိနေတဲ့ဇာတ်ဝင်ခန်းမှတ်မိကြမယ်ထင်ပါတယ်။

ဒီဇာတ်ဝင်ခန်းကြည့်မိတော့ တော်တော်ခြောက်ခြားသွားတာအမှန်…ဒီလိုခေါင်းတလားနဲ့ကြိုးနဲ့ဆက်ထားတဲ့ခေါင်းလောင်းတွေက ဇာတ်ဝင်ခန်းအတွက်ပြုလုပ်ထားတာလား?တကယ်အပြင်မှာရှိတာလား အားလုံးစိတ်ဝင်စားသွားကြမှာအမှန်ပဲ့…တကယ်အပြင်လက်တွေ့ကမ္ဘာမှာရှိနေတာအမှန်ပါ…

ဒီဓလေ့ဟာ ကမ္ဘာတစ်ဝှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ဘဲ ဥရောပတိုက်၊ အထူးသဖြင့် အင်္ဂလန်နိုင်ငံ နဲ့ ဝေလနိုင်ငံ ရဲ့ ကျေးရွာလေးတွေမှာ အဓိက တွေ့ရှိရပါတယ်

အင်္ဂလန်နိုင်ငံ ၊ ဝေလနိုင်ငံ ၊ စကော့တလန်နိုင်ငံ နဲ့ အိုင်ယာလန်နိုင်ငံ တို့မှာ ရှိပါတယ်။
ဒီဓလေ့ဟာ ၁၇ ရာစု နှောင်းပိုင်းကနေ ၁၉ ရာစု အလယ်ပိုင်း (အထူးသဖြင့် ၁၈၅၀ ခုနှစ်ဝန်းကျင်) အထိ ကာလအတွင်း လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဘာလို့ခုလိုမြှပ်ကြလဲဆိုတော့

ဆေးပညာမထွန်းကားခင်အချိန်တုန်းက လူတစ်ယောက် သေဆုံးပြီး သတိလစ်မေ့မြောနေတာမျိုး ကို အမှန်တကယ် သေသွားပြီလို့ ထင်တတ်ကြပါတယ်။ ဒီလိုမျိုး မြှုပ်နှံပြီးမှ လူသေက နိုးထလာရင် ခေါင်းတလားထဲက လှုပ်ရှားမှုကြောင့် ကြိုးနဲ့ချိတ်ဆက်ထားတဲ့ ခေါင်းလောင်းကို တီးမိစေပြီး အပြင်က လူတွေ ကြားရှိရင် သူ့ကို ပြန်တူးဖော်ကယ်ဆယ်နိုင်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါကြောင့် "အသက်မသေသူများကို ကြောက်လန့်ခြင်း" (Taphophobia) ကို ကာကွယ်တဲ့ နည်းလမ်းတစ်ခုလို့လည်း ဆိုကြပါတယ်။

ဒီလိုဆေးပညာဆိုင်ရာယုံကြည်မှုအပြင်ဒီထက်ပိုပြီး နက်ရှိုင်းတဲ့ ယုံကြည်မှုတွေ ရှိပါတယ်။
ခေါင်းလောင်းဆိုတာ ဘုရားရှိခိုးကျောင်းတွေမှာ လူတွေကို စုဝေးဖို့၊ သတင်းပေးဖို့ အသုံးပြုပါတယ်။ ဒီလိုပဲ သေဆုံးသွားသူရဲ့ ဝိဉာဉ်ကို နတ်လမ်း/ဘဝသစ်ဆီ ခေါ်ဆောင်ဖို့၊ လမ်းမှားမသွားစေဖို့ လမ်းညွှန်ပေးတဲ့ သင်္ကေတအဖြစ် ယုံကြည်ကြပါတယ်။ ခေါင်းလောင်းသံဟာ သန့်ရှင်းပြီး ဝိဉာဉ်တွေကို ဆွဲဆောင်နိုင်တယ်လို့ ယူဆကြပါတယ်။

၁၉ ရာစုရောက်လာတဲ့အခါမှာ ဆေးပညာတိုးတက်လာပြီး လူသေဆုံးမှုကို ပိုမိုတိကျစွာ စစ်ဆေးနိုင်လာတာကြောင့်၊ သင်္ချိုင်းတွေကို မြို့ပြနေရာတွေကနေ ရွှေ့ပြောင်းလာတာကြောင့် နဲ့ ခေါင်းလောင်းတပ်ဆင်ဖို့ ကုန်ကျစရိတ်များတာကြောင့် ဒီဓလေ့ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

တကယ်လို့များခုခေတ်ထိသာ ဒီလိုဓလေ့ရှိနေရင်တော့ သေဆုံးပြီးသတ်မှတ်ပီးနာရီပိုင်းဆို ပြန်တူးပီး အသက်ကယ်လို့ရနိုင်ပေမဲ့ သေဆုံးတာနှစ်ပေါင်းများစွာကြာတဲ့အခေါင်းတလားက ခေါင်းလောင်းသံ ညဖက်ကြီးမြည်လာရင်ရော?

Michael Kyawswar ရေးသားမျှဝေသည်

Michael kyawswar မျှဝေသည်။

Keto Dietနဲ့ကျောက်ကပ်ရောဂါကျောက်ကပ်ရောဂါသမားကီတိုစားလို့ရပါသလား?   ဒီနေ့ ပေါင်ချိန်၂၀၀ကျော် အကိုတစ်ယောက် CBကနေလာမေးပါတယ်...
16/09/2025

Keto Dietနဲ့ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောဂါသမားကီတိုစားလို့ရပါသလား?

ဒီနေ့ ပေါင်ချိန်၂၀၀ကျော် အကိုတစ်ယောက် CBကနေလာမေးပါတယ်…

မေး. ဆရာမင်္ဂလာပါ/ကျွန်တော်ကပေါင်ချိန်၂၀၀ကျော် /အစားအစာကိုမလျော့နိုင်ဘူးဆရာ။သွေးတိုး/ဆီးချို/ကျောက်ကပ်ရောဂါကအဆိုးဆုံးပေါ့ဆရာရယ်
ဆရာပြောပြရေးပြနေတဲ့ကီတိုနဲ့ဝိတ်ချခြင်းအကြောင်းကျွန်တော်စိတ်ဝင်စားပါတယ်။ဆရာ့ကို လာမပြောခင်နည်းနည်းပါးပါးတီးခေါက်ကြည့်တော့ keto dietဟာ ကျောက်ကပ်ရောဂါရှိသူတွေ မလုပ်သင့်ဘူးဆိုပြောလို့ပါတဲ့…

ဒီအကိုမေးတာမေးသင့်တဲ့မေးခွန်းဖြစ်သလို ခုလိုမေးပေးတာကျေးဇူးလည်းတင်ပါတယ်…
KetoDiet ကြောင့်ကျောက်ကပ်ရောဂါက ပိုဆိုးစေတယ်လို့ ဘာကြောင့်ပြောကြလဲဆို အချက်တစ်ချက်ပဲ့ရှိပါတယ်။
Healthy KetoDiet မှာ ပရိုတင်းဓာတ်ကိုပြည့်ဝစွာစားရတဲ့အတွက် ကျောက်ကပ်က ပိုမိုအလုပ်လုပ်ရပီဝန်ပိစေပါတယ် /ရေဓာတ်နည်းတာကတော့ ရေများများသောက်ပါလို့ ကျွန်တော်အစကတည်းကပြောပြီးသားပါ။

ဒီအကိုကို ကျွန်တော်် အကိို ဘာတွေအများဆုံးစားသလဲတရက်ရက်ဘာတွေကြိုက်သလဲပေါ့ပြန်မေးပါတယ်။

ဖြေ..ဆရာကျွန်တော်အစားမရွေးဘူးဗျ/လမ်းဘေးစာ/ဘီယာသောက်တယ်/ခေါက်ဆွဲပြုတ်တွေစားတယ်/ဒညှင်းသီးအရမ်းကြိုက်တယ်ဆရာ/အစားက ပြတ်လို့မရဘူး

ကျွန်တော်သူ့ကို တခွန်းတည်းပဲ့ပြန်ပြောလိုက်ပါတယ်…

အကိုခုပြောတဲ့အစားအစာတွေနေ့တိုင်းစားနေမှတော့ Keto Diet ကြောင့် အကို့ကျောက်ကပ်က မပျက်စီးတဲ့အပြင် ပိုတောင်သက်သာလာမှာပါလို့။ အကိုခုပြောတဲ့အစားအစာတွေက keto dietထက်အကို့ကျောက်ကပ်ကိုပိုပျက်စီးစေပါတယ်လို့ ပြောပြပေးလိုက်ပါတယ်။

Ketoမှာစားရတဲ့အစားအစာတွေဟာ သဘာဝတရားက ရတဲ့အစားအစာတွေကိုသန့်ရှင်းစွာစားရတာပါ။သင့်ခန္ဓာကိုယ်ရဲ့မည်သည့်အစိတ်အပိုင်းကိုမှ အန္တရာယ်မပေးပိုမပျက်စီးစေပါဘူး။
အသေးစိတ်သိချင်ဆွေးနွေးချင်ရင် page messagedမှာအားမနာတမ်းလာမေးလို့ရပါတယ်ခင်ဗျ။
လူကြီးမင်းတို့ရဲ့ကျန်းမာခြင်း/အလှအပတရားအတွက် ကျွန်တော်သိသလောက်တတ်သလောက်ပြောပြပေးချင်ပါတယ်ခင်ဗျ
ကျေးဇူးတင်ပါတယ်။

Michael Kyawswar

゚viralシviralシfypシ゚viralシalシ


Ketogenic Dietမှာဘာအသီးစားရမလဲ?ကျွန်တော့်ကိုလာမေးတဲ့မိတ်ဆွေတွေကို ထောပတ်သီးစားပါလို့ပဲ့အမြဲအကြုံပြုပေးဖြစ်ပါတယ်..Healthy...
15/09/2025

Ketogenic Dietမှာဘာအသီးစားရမလဲ?

ကျွန်တော့်ကိုလာမေးတဲ့မိတ်ဆွေတွေကို ထောပတ်သီးစားပါလို့ပဲ့အမြဲအကြုံပြုပေးဖြစ်ပါတယ်..

Healthy ketogenic dietမှာ ထောပတ်သီးဘာလို့စားလို့ရလဲ?
ဘလောက်စားသင့်လဲ?
အခြားစားလို့ရတဲ့သီးနှံတွေထက်ဘာလို့အကြံပြုလဲ?
နောက်ပိုစ့်တွေမှာပြောပြပေးသွားပါမယ်…

ခုလောလောဆယ်တော့ ထောပတ်သီးရဲ့အလှအပနဲ့ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကိုလေ့လာမိသလောက်ပြောပြထားပါတယ်…

အလှအပဆိုင်ရာ ကောင်းကျိုးများ

၁။ အသားအရေ ကြည်လင်စိုပြေစေခြင်း

ထောပတ်သီးမှာ Antioxidant အဖြစ်အလုပ်လုပ်တဲ့ ဗီတာမင် E နဲ့ C ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ အရေပြားကို နေရောင်ခြည်ဒဏ် (UV damage) နဲ့ ညစ်ညမ်းမှုတွေကြောင့်ဖြစ်တဲ့ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးပါတယ်။
ထောပတ်သီးကို မျက်နှာပေါ်တင်ပြီး မိနစ် ၂၀ ခန့်ထားကာ သဘာဝ Face Mask အဖြစ်သုံးနိုင်ပါတယ်။ ခြောက်သွေ့ပြီး ယားယံတဲ့ အသားအရေကို စိုစွတ်ပျော့ပျောင်းစေပါတယ်။

၂။ ဆံသား ကျန်းမာသန်စွမ်းစေခြင်း

ထောပတ်သီးမှာပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေဟာ ဆံပင်ကို အာဟာရဖြည့်ပေးပြီး ကျိုးပဲ့ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ထောပတ်သီးကို ချေပြီး သံလွင်ဆီ (သို့) အုန်းဆီ အနည်းငယ်နဲ့ရောကာ ဆံသားပေါ်လိမ်းပေးခြင်းဖြင့် ဆံပင်ကို နူးညံ့စိုပြေစေပါတယ်။

၃။ နှုတ်ခမ်းနှင့် လက်သည်းများ ကျန်းမာစေခြင်း
ထောပတ်သီးဟာ Biotin ၏ ကောင်းမွန်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ Biotin ဟာ ဆံပင်နဲ့ လက်သည်းတွေ သန်မာစိုပြေစေဖို့ ကူညီပေးပါတယ်။

ကျန်းမာရေး ကောင်းကျိုးများ

၁။ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း

ထောပတ်သီးမှာ Oleic acid လိုမျိုး ကျန်းမာတဲ့ အဆီဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီအဆီဓာတ်တွေဟာ မကောင်းတဲ့ LDL ကိုလက်စထရောကို လျှော့ချပေးပြီး ကောင်းတဲ့ HDL ကိုလက်စထရောကို မြှင့်တင်ပေးကာ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။
ပိုတက်စီယမ်ဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၂။ အစာခြေစနစ် ကျန်းမာစေခြင်း

ထောပတ်သီးတစ်လုံးမှာ အမျှင်ဓာတ် ၁၀ ဂရမ်ခန့် ပါဝင်ပါတယ်။ အမျှင်ဓာတ်ဟာ အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ၀မ်းမှန်စေကာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

၃။ ကိုယ်အလေးချိန် ထိန်းသိမ်းရန် ကူညီပေးခြင်း

ကျန်းမာတဲ့အဆီနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝတဲ့အတွက် ဗိုက်ပြည့်တင်းစေပြီး ကြာရှည်အထိ ဆာလောင်မှုကို နည်းစေပါတယ်။ ဒါကြောင့် နေ့လည်စာမစားခင် ထောပတ်သီး အနည်းငယ်စားပေးခြင်းဖြင့် အစာတအားစားခြင်းကိုလျှော့ပေးပါတယ်။

၄။ မျက်စိကျန်းမာရေး ကောင်းမွန်စေခြင်း

·Antioxidants တွေဟာ မျက်စိအတွင်းတိမ်ဖြစ်ခြင်းနဲ့ အသက်ကြီးလို့ macular degeneration ဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

၅။ အရိုးကျန်းမာရေး အားကောင်းစေခြင်း

ထောပတ်သီးဟာ ဗီတာမင် K ၏အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဗီတာမင် K ဟာ ကယ်လ်စီယမ်စုပ်ယူမှုကို ကူညီပေးပြီး အရိုးများ သန်မာစေပါတယ်။

ကျော်စွာရဲမြင့်(ကီတို)




゚viralシviralシfypシ゚viralシalシ

ဝိတ်စချမဲ့သူတွေ အားတက်စေမဲ့နည်းလမ်းများဝတဲ့သူတွေအမြဲပြောကြတဲ့စကားတချို့ရှိပါတယ်။ငါတို့က ကုသိုလ်ကံကောင်းပြီးများများစားရလ...
15/09/2025

ဝိတ်စချမဲ့သူတွေ အားတက်စေမဲ့နည်းလမ်းများ

ဝတဲ့သူတွေအမြဲပြောကြတဲ့စကားတချို့ရှိပါတယ်။ငါတို့က ကုသိုလ်ကံကောင်းပြီးများများစားရလို့ဝတာတို့၊ဝမှလှတယ်တို့😂။ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားနေကြစကားတွေပါ။ခုလိုပြောနေတဲ့သူ ခပ်များများ ဝိတ်ကျနည်းလမ်းဂရုတွေဝင်ပြီး ညဖက်ဝိတ်ကျအောင်ဘယ်လိုလုပ်ရမလဲတွေးနေကြတဲ့သူတွေပါ😁😁😁 ဝိတ်ချမယ်လို့တွေးထားရင် ထားရမဲ့ စိတ်နဲ့နည်းလမ်းလေးတွေပေးလိုက်ပါ့မယ်။

စိတ်ဓာတ်

လူတစ်ယောက်စပြောင်းလဲဖို့ စိတ်ကအရေး
ကြီးဆုံးပါ။ဝိတ်ချမယ်လို့ တွေးထားပြီး နေ့ရွေ့ညရွေ့မလုပ်ပါနဲ့။ ခုချိန်စလုပ်ပါ။ ပေါင်ချိန် ၄၀၊၅၀ကျသွားတဲ့သူတွေက သုည ဘဝကနေ စချခဲ့တာပါ။အစပိုင်းသာခက်မယ်ထင်ရပေမဲ့ အလေ့အကျင့်လုပ်ရင် ဘာမဆိုလွယ်ကူသွားပါလိမ့်မှာပါ။တွန်းအားတခုသာလိုအပ်တာပါ။ဝလို့ လှောင်ရယ်ခဲ့သူတွေ၊ဝလို့ ရည်းစားက ပစ်သွားလို့ ရည်းစားကိုနောင်တရစေချင်တဲ့စိတ်မျိုးထားဖို့လိုပါတယ်။ဝိတ်ချပြီး လှပသွားရင် မိမ်ကို လှောင်ရယ်တဲ့သူ တွေကို လှလှပပ ချေပြလိုက်ပါ😁😁

life style

သင်ဟာဝနေတဲ့သူဆို မိမိကိုယ်ကို ဂရုစိုက်ပေးဖို့ မေ့လျော့နေပါလိမ့်မယ်။ ငါ့ခန္ဓာကိုယ်ကြီးက မလှဘူးဆိုပြီး အားငယ်နေပါလိမ့်မယ်။ ပထမဆုံးအင်္ကျီအဝတ်အစား နေထိုင်မှုပုံစံကိုပြောင်းလဲပစ်ပါ။ အိမ်ထဲမှာ ထိုင်မုန့်တွေစားပြီး ဖုန်းသုံးနေတာထက် အပြင်ထွက်ကြည့်ပါ။ဝနေတုန်းအပြင်ထွက်လို့ ညည်းဝလာလိုက်တာလို့ ပြောတာကအစ သင့်ကို ဝိတ်ချရတော့မယ်လို့အတွေးဝင်စေမှာပါ။အဲလိုပြောတဲ့သူတွေကိုအပြစ်မယူဘဲ ကို့ကို ပြောင်းလဲဖို့တွန်းအားပေးတယ်လို့မှတ်ပါ။

ပီတိနဲ့ဝိတ်ချ

ဝိတ်ချမယ်ဆို ခုစလုပ်လိုက်ပါ။စလိုက်လို့ ၁၀ပေါင်လောက်ကျသွားရင်ဖြင့် သင်ခန္ဓာကိုယ်တော်တော်ပြောင်းလဲနေပါပြီ။ အဲလောက်ကျသွားရင်ဖြင့် ပတ်ဝန်းကျင်က နင်တော်တော်ပိန်လာတယ်လို့ပြောကြပါလိမ့်မယ်။ဒါစကား ကိုကြားရတဲ့ပီတီကသင့်ကို ဝိတ်ထပ်ချ ချင်စိတ်တွေတဖွားဖွား ပေါ်လာစေမှာပါ။၁၀ပေါင်မှသည် ၂၀၊၃၀၊၅၀၊၁၀၀ထိ ကျသွားပါလိမ့်မယ်။အဲချိန်ရောက်ရင် သင်ဟာလှပတဲ့ သူဖြစ်နေပါပြီ။

ရည်မှန်းချက်

ဝိတ်ကျကိုကျရမယ်ဆိုတဲ့ရည်မှန်းချက်ထားပါ ဝိတ်ချပြီးရင် ဘာလုပ်မယ် ဘာသွားမယ်
ဘယ်အင်္ကျီလေးဝတ်မယ် ရည်းစားဟောင်းကို ဘယ်လိုချေပြမယ်😂😂 စတဲ့ရည်မှန်းချက်တွေထားပါ။ဝတဲ့သူ ခပ်များများ သတိထားကြည့်ကြည့်ပါ။မျက်နှာလေးတွေ တကယ်လှပတဲ့သူတွေပါ။ဒီမျက်နှာလေးတွေက ပိန်သွားပြီး ကျစ်လစ် လှပသွားရင်ဘလောက်တောင် ချစ်ဖို့ကောင်းလိုက်မလဲတွေးကြည့်ပါ။ဒါကြောင့် ဝိတ်ချရင် လွယ်လွယ်နဲ့အားမလျော့ကြဘဲ ရည်မှန်းချက်ကြီးကြီးထားဖို့ အကြံပေးချင်ပါတယ်။
အားလုံးကျန်းမာလှပပြီး ကျစ်လစ်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ကြပါစေ။

Michael kyawswar ရေးသားမျှဝေသည်။



သကြားကို လျှော့ခြင်း (သို့) ဖြတ်ခြင်းဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ကျွန်တော်ကတော့အပြီးဖြတ်ထားပြီး   နဲ့နေထ...
15/09/2025

သကြားကို လျှော့ခြင်း (သို့) ဖြတ်ခြင်းဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

ကျွန်တော်ကတော့အပြီးဖြတ်ထားပြီး နဲ့နေထိုင်စားသောက်နေပါတယ်။

ပထမရက်မှရက်သတ္တပတ်အနည်းငယ်အတွင်းဘာတွေထူးခြားလာသလဲ? ကိုယ်တွေ့အကြောင်းအရာလေးတွေပြောပြပေးသွားပါမယ်။

ပထမရက်စဖြတ်တဲ့ရက်မှတစ်ပတ်အတွင်း
အစပိုင်းမှာ ခေါင်းကိုက်၊ နုံးချည့်တာမျိုး ခံစားရနိုင်ပေမယ့် ရက်အနည်းငယ်အတွင်း သင့်ခန္ဓာကိုယ်က ကိုယ်တွင်းမှာရှိတဲ့ အဆီဓာတ်တွေကနေ စွမ်းအင်ထုတ်လုပ်တတ်လာပါတယ်။ ရလဒ်အနေနဲ့ ပိုမိုတည်ငြိမ်ပြီး ကြာရှည်ခံတဲ့ စွမ်းအင်ကို ရရှိလာမှာဖြစ်ပါတယ်။

သကြားဟာ ကော်လာဂျင်နဲ့ အီလက်စတင်တွေကို ပျက်စီးစေပြီး အရေးအကြောင်းပိုဖြစ်စေကာ ဝက်ခြံထွက်ခြင်းကို အားပေးပါတယ်။ သကြားဖြတ်လိုက်ရင် ဝက်ခြံထွက်နှုန်းနည်းသွားပြီး အသားအရေပိုကြည်လင်၊ တင်းရင်းလာပါတယ်။
သကြားဟာ ဦးနှောက်ကို ထိန်းချုပ်ပြီး "နောက်တစ်ကြိမ်ထပ်စားချင်စိတ်" (Sugar Craving) ကို ဖြစ်စေပါတယ်။ သကြားဖြတ်လိုက်ရင် ဒီသံသရာပြတ်သွားကာ အစားစားချင်စိတ်ပိုထိန်းချုပ်နိုင်လာပြီး အချိုမုန့်တွေကို မစားရမနေနိုင် ဖြစ်တဲ့စိတ် နည်းသွားပါတယ်။

ရက်ကြာလာတာနဲ့အမျှ
ကိုယ်အလေးချိန်က အလိုလိုကျလာပါတယ်။
သကြားဟာ အိပ်စက်မှုစက်ဝန်းကို နှောင့်ယှက်ပြီး ညဘက်တွေ နိုးတတ်စေပါတယ်။ သကြားဖြတ်လိုက်ရင် အိပ်ပျော်ဖို့ ပိုမိုလွယ်ကူလာကာ အိပ်ရေးပိုဝစေပြီး နေ့လည်ဘက်တွေ ငိုက်မျဉ်းတာမျိုး နည်းသွားပါတယ်။

သကြားစားပြီးချိန်မှာ စိတ်တက်ကြွသွားပေမယ့် မကြာခင် စိတ်ဓာတ်ကျသလို ခံစားရတတ်ပါတယ်။ သကြားဖြတ်ခြင်းဟာ ဒီစိတ်လှုပ်ရှားမှုမြင့်ချိန်/နိမ့်ချိန်တွေကို ပျောက်သွားစေပြီး စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ စိုးရိမ်ပူပန်မှုနှုန်း လျော့ကျလာတာကိုလည်း တွေ့ရှိရပါတယ်။

သကြားဟာ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို ဖြစ်စေတဲ့အတွက် အဆစ်အမြစ်နာကျင်မှုတွေကို ပိုဆိုးစေပါတယ်။ သကြားဖြတ်လိုက်ရင် ရောင်ရမ်းမှုနှုန်း ကျဆင်းသွားပြီး နာကျင်ကိုက်ခဲမှုတွေ သက်သာလာပါတယ်။

သကြားဖြတ်ခြင်းဟာ သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေကာ နှလုံးကို ကျန်းမာစေပါတယ်။
သကြားဟာ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းကို ကျဆင်းစေပါတယ် (Insulin Resistance)။ သကြားဖြတ်ခြင်းဟာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေပြီး တစ်သျှူးတွေရဲ့ အင်ဆူလင်ကို ပြန်လည်တုံ့ပြန်နိုင်စွမ်း မြင့်တက်လာစေကာ ဆီးချိုရောဂါအန္တရာယ်ကို လျော့ချပေးပါတယ်။

သကြားအလွန်အကျွံစားသုံးခြင်းဟာ မှတ်ဉာဏ်နဲ့ သင်ယူမှုစွမ်းရည်ကို ထိခိုက်စေပါတယ်။ သကြားဖြတ်ခြင်းဟာ အာရုံစူးစိုက်မှုပိုကောင်းစေပြီး ဉာဏ်ရည်ထက်မြက်စေကာ အသက်ကြီးလာချိန်မှာ ဦးနှောက်ကျုံ့ခြင်း (Brain Fog) ကို ကာကွယ်ပေးနိုင်ပါတယ်။

သကြားဟာ ကိုယ်ခံစွမ်းအားစနစ်ရဲ့ လုပ်ဆောင်ချက်ကို ယာယီအားဖြင့် ဟန့်တားနိုင်ပါတယ်။ သကြားဖြတ်လိုက်ရင် သင့်ရဲ့ကိုယ်ခံအားဆဲလ်တွေဟာ ရောဂါပိုးမွှားတွေကို ပိုမိုထိထိရောက်ရောက် တိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် သကြားစားသုံးမှုကို စတင်လျှော့ချဒါမှမဟုတ်အပြီးဖြတ်ပစ်ဖို့စဉ်းစားပါက ယနေ့ကတည်းက စတင်လိုက်ပါ။ သင့်ခန္ဓာကိုယ်က ကျေးဇူးတင်ပါလိမ့်မယ်။

#ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။


ကျော်စွာရဲမြင့်

#

လူသားတွေရဲ့ ခန္ဓာကိုယ်က သကြား ကိုမလိုအပ်ပါဘူး..ကိုယ်ခန္ဓာကအချိုဓာတ်လိုအပ်တယ်..သကြားဓာတ်လိုနေတယ်ဆိုဘယ်သောအခါမှမရှိပါဘူး.လ...
14/09/2025

လူသားတွေရဲ့ ခန္ဓာကိုယ်က သကြား ကိုမလိုအပ်ပါဘူး..ကိုယ်ခန္ဓာကအချိုဓာတ်လိုအပ်တယ်..သကြားဓာတ်လိုနေတယ်ဆိုဘယ်သောအခါမှမရှိပါဘူး.
လူတယောက်နေ့စဉ်စားသင့်တဲ့သကြားပမာဏက လက်ဖက်စားဇွန်းတစ်ဇွန်းခန့်သာရှိပါတယ်..ဒီလောက်ပမာဏကလည်း သကြားကိုတကူးတကစားပေးနေစရာမလိုပါဘူး..နေ့စဉ်စားနေတဲ့အစားအသောက်မှာကို ဒီထက်များတဲ့ပမာဏကပါပြီးသားပါ..

ဘာကြောင့်သကြားအချိုအစားသင့်တာလဲ?

မစားဘဲနေရင်ဘာတွေဖြစ်လာနိုင်လဲ?

နောက်ပိုစ့်တွေမှာအသေးစိတ်ပြောပြပေးသွားပါမယ်..

စိတ်ဝင်စားရင်pageကိုfollowလုပ်သွားခဲ့ပါ…

ကျန်းကျန်းမာမာလှလှပပဝိတ်ကျအောင်ဘယ်လိုစားသောက်နေထိုင်ရမလဲ အသေးစိတ်နေ့တိုင်းပြောပြသွားပါမယ်…

ကျော်စွာရဲမြင့်



Address

Thanlyin

Website

Alerts

Be the first to know and let us send you an email when Michael Kyawswar_ Weight Loss Expert posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram