ရွှေဆား brand by Daw Shwe Zin

ရွှေဆား brand by Daw Shwe Zin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေဆား brand by Daw Shwe Zin, Medical and health, No. 15(A) pagoda Road, Thanlyin.

အခုမှပဲ သိတော့တယ် ဘီးနံပါတ် OK 0122Lငယ်စဉ်ထဲက ဒါက ဘာပြောချင်တာပါလိမ့် စဉ်းစားခဲ့ဘူးတယ် ။ ခုမှသိရတယ် ကိုယ်လိုပဲ မသိသူများ...
13/05/2024

အခုမှပဲ သိတော့တယ်

ဘီးနံပါတ် OK 0122L

ငယ်စဉ်ထဲက ဒါက ဘာပြောချင်တာပါလိမ့် စဉ်းစားခဲ့ဘူးတယ် ။ ခုမှသိရတယ် ကိုယ်လိုပဲ မသိသူများအတွက်
ဘီးနံပါတ် Ok 0122 L ရဲ့အဓိပ္ပါယ်ပါ ..
ကိုထီး ဆိုတဲ့ ဆရာစိုင်းခမ်းလိတ် ရေးခဲ့တဲ့သီချင်းတွေ ဖန်တရာတေအောင် နားထောင်ခဲ့ဖူးတယ် ။

တစ်ချို့ သီချင်းလေးတွေက ကိုယ်ထင်သလို ချစ်တာ မေတ္တာအကြောင်းတွေ မဟုတ်ဘူး...တဲ့ !!!
တိုင်းရေးပြည်ရေး.. အကြပ်အတည်းတွေ ကြားထဲမှာ..
လူထုရဲ့ ခံစားချက်လေးတွေကို ကိုယ်စားပြု မွေးဖွားလာတဲ့ သီချင်းလေးတွေ ဖြစ်ပါသတဲ့... !

မနေ့ကမှ ဂရုတစ်ခုမှာ အစ်ကို တစ်ယောက် ပြောပြလို့ သိရတာ.. !!!
ဆရာစိုင်းခမ်းလိတ် ရေးဖွဲ့ခဲ့တဲ့
ဦးထီးရဲ့ မေမြို့မိုး သီချင်းဟာ...
တောင်ပေါ်မြို့လေး ပြင်ဦးလွင်ကို မဆီမဆိုင် မန္တလေးတိုင်းထဲ ထည့်ခဲ့လို့... ဆိုခဲ့တဲ့ သီချင်းလေးပါတဲ့...

သံလွင်ချောင်းခြားဆိုတဲ့ သီချင်းလေးက မြစ်ဟိုဘက်ကမ်း.. ဒီဘက်ကမ်းမှာ
တပ်စွဲထားတဲ့ မြန်မာစစ်တပ်နဲ့ BCP တို့ရဲ့ အာဃာတကို ရေးဖွဲ့ခဲ့တာပါတဲ့ !!!

ရှိသေးတယ်.. !!!
ကိုယ်တစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူးဆိုတာ.. ခေါင်မလုံရင် စိုမှာပဲ... အစိုးရမကောင်းရင်..
ကိုယ် ဘယ်လောက်လုပ်လုပ် အရာမထင်ဘူးလို့ ရွဲ့ဆိုခဲ့တာပါ...

ဟိုးဘက်ခေတ်က မြန်မာနိုင်ငံ အနှံ့အပြားကို မီးပေးတာက လောပိတ ရေအားလျှပ်စစ် စက်ရုံကြီးပေါ့...
လောပိတ ရေတံခွန်ကြီး ရှိနေတဲ့
ကယားပြည်နယ်လေးကတော့
မှောင်လို့ မဲလို့ပေါ့လေ....
အဲ့ဒီ့မှာ... ရန်ကုန်မှာ သာတဲ့လ... ဆိုတဲ့
သီချင်းလေး ဖြစ်လာရတာပါပဲ... !!!

သိပ်ပြီး ပညာသားပါတဲ့ သီချင်းလေး
ရှိသေးတယ်...
ကျနော်တို့ သိထားတဲ့...
ဘီးနံပါတ်... OK 0122L ဆိုတဲ့ အပေါင်ဆုံး စက်ဘီးလေး အကြောင်းလေ
မင်းသခင်မလေး ခမြာလေ..
သိပ်ကို စွဲလမ်းရှာနေ..
ပြန်ရွေးလို့ ရခဲ့ရင်
ပြန်ရွေးလို့ ပေးလိုက်ချင်တယ်..တဲ့
ဘီးနံပါတ်.. OK 0122Lဆိုတာ...
ဖေဖော်ဝါရီ 12 ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ပါသတဲ့..

လွတ်လပ်ရေးရပြီးရင် ပေးမယ်ဆိုတဲ့ သူတို့ ရပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်လေးကို
ပြန်လိုချင်ပါတယ်လို့ ဆိုလိုတာ...
OK.. သဘောတူညီချက် စာချုပ်
0..(သုည) ဆုံးရှုံးတာ မရလိုက်တာ...
12.. နေ့စွဲ
2.... လ
L...Law. ဥပဒေကို ရည်ညွှန်းပါသတဲ့...
ဒီအဓိပ္ပါယ်လေးကို သိမှ ဒီသီချင်းလေး
ပြန်နားထောင်တဲ့အခါ ရှမ်းတွေရဲ့ ခံစားချက်ကို ပိုပြီး နားလည်လာရပါတယ်..

ဂီတ..အနုပညာဆိုတာ ဒါပါလား... !!!
ဒီသီချင်းတွေ ရေးခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ အမြော်အမြင်ကြီးမှု.. ဖန်တီးနိုင်မှုဟာ လေးစားစရာ.....
သီချင်းမဟုတ်တော့တဲ့ သီချင်းတွေပါပဲ
ကိုယ့်ဥာဏ်နဲ့ကိုယ်ဆို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး...

ပြောပြတဲ့ အစ်ကိုကိုလဲ
တကယ်ကျေးဇူးတင်ပါတယ် ဗျာ....
crd

သည်ပို့စ်လေးကို ဖတ်မိရင်း တိုင်းရင်းသား ညီကိုမောင်နှမတွေရဲ့
ရင်ထဲကို ပိုမိုနားလည်နိုင်ခဲ့မိရပါတယ်..
တချိန်က ကျွန်တော်တို့တွေ ခင်ဗျားတို့ခံစားချက်တွေ ဘဝတွေကို ခုချိန်ခါလောက် နားမလည်တတ်ခဲ့မိတာတွေကို တောင်းပန်လိုက်ပါရစေ... ! 🙏🙏

 #ဝိုက်ချလားမောက်ချလား အင်တာနေရှင်နယ်စကူးက မူလတန်းကလေးများကို မြန်မာစာသင်တဲ့အခါ ပြင်ပေးရတဲ့အထဲမှာ အမှားများတဲ့ တစ်ခုက  ရ...
13/05/2024

#ဝိုက်ချလားမောက်ချလား

အင်တာနေရှင်နယ်စကူးက မူလတန်းကလေးများကို
မြန်မာစာသင်တဲ့အခါ ပြင်ပေးရတဲ့အထဲမှာ အမှားများတဲ့
တစ်ခုက ရေးချပါ ။ ကလေးအများစုက မြန်မာစာနဲ့ အထိအတွေ့နည်းတာ‌ရော၊ အားနည်းတာရော၊ မြန်မာစာကို သိပ်မကြိုက်ကြတာရော ပေါင်းနေလေတော့ Grade 3 ( တတိယတန်း) ကို ရောက်လာသည့်တိုင်အောင် ရေးချကို အသုံးပြုတဲ့အခါ ဝိုက်ချ၊ မောက်ချ မကွဲကြတာကို အများကြီးတွေ့ရတတ်ပါတယ် ။ ဒါကြောင့် ယဉ်ကတော့ နှစ်တိုင်း ကျောင်းစဖွင့်တာနဲ့ ကလေးတွေပြန်မှတ်မိအောင် Worksheets လေးတွေလုပ်ပြီး လေ့ကျင့်ပေးဖြစ်ပါတယ် ။ ဆရာမယဉ်ယဉ် Online Class က အတန်းငယ်လေးတွေကိုလည်း မကြာခဏ လေ့ကျင့်ပေးဖြစ်ပါိတယ် ။

အစိုးရကျောင်း တက်နေတဲ့ ကလေးတွေအတွက် သိပ်အရေးမကြီးသလို မြင်ပါများရင် သိသွားနိုင်တဲ့ အချို့အရာလေးတွေကို ကိုယ့်မယ် တခုတ်တရ အခါခါ သင်ရတာတွေရှိပါတယ် ။

‌ဝိုက်ချ ၊ မောက်ချနဲ့ ပတ်သက်ပြီး ပညာရှင်များရေးထားတဲ့ အလွယ်မှတ်ဖို့ ကဗျာလေးတွေရှိပါတယ် ။ က‌ဗျာလေးတွေဆိုပြီး ပြန်လေ့ကျင့်လိုက်တဲ့အခါ ကလေး‌တွေက အလွယ်တကူ
ပြန်မှတ်မိသွားတတ်ပါတယ် ။

ဝိုက်ချ၊ မောက်ချနဲ့ ပတ်သက်ပြီး
#ပထမတန်းမြန်မာဖတ်စာအုပ်ထဲမှာ
" ခ၊ ဂ၊ င နဲ့ ဒ၊ ပ၊ ဝ
ခြောက်လုံးကို မောက်ချ ၊
ကျန်ကျန်သမျှ ဗျည်းအက္ခရာ
ဝိုက်ချ ရေးကြပါ ။ " လို့ဖော်ပြထားသလို

#မြန်မာစာမြန်မာစကားစာအုပ်ထဲမှာတော့
" ခင်၊ ဂူ၊ ငေါ ၊ ဒေါ ၊ ပုံ ၊ ဝ
မောက်ချ အသုံးကျ
ဝိုက်ချ မသုံးရ "
လို့ ဖော်ပြထားပါတယ်

ငယ်ငယ်ကကြည့်ရတဲ့ #မြန်မာစာမြန်မာစကားဇာတ်လမ်းတိုလေးတွေထဲမှာတော့
" ခ‌ခွေး(ခ) ၊ ဂငယ်(ဂ) ၊ င ၊ ဒဒွေး(ဒ) ၊ ပဆောက်(ပ) ၊ ဝ "
ခါ ၊ ဂါ ၊ ငါ ၊ ဒါ ၊ ပါ ၊ ဝါ
မောက်ချနဲ့သာ ရေးရမှာ တို့ရဲ့ မြန်မာစာ " လို့
သရုပ်ဆောင် မင်းသမီးလေးက အသံနေအသံထားနဲ့
သီချင်းလေးလို ဆိုပြခဲ့ပါတယ်။ ပါးစပ်ထဲစွဲနေပြီး အမှတ်ရ‌နေလို့ သားသား၊မီးမီးတွေကို အမြဲတမ်း ပြန်ဆိုပြဖြစ်ပါတယ် ။ ကလေးတွေ သိပ်သဘောကျ ကြပါတယ် ။

ကလေးဆိုတာက မှိတ်မိဖို့လွယ်မှ မှတ်မိတာပါ ။
စာကိုအတင်းကြီး မှတ်ပါ ကျက်ပါလို့ တွန်းအားပေးရင်
မမှတ်ချင် မကျက်ချင်တော့ပါဘူး ။

မြန်မာစာရေးသားရာမှာ ‘အာ’ သရ ကစပြီး သင်္ကေတအဖြစ် ‘ဝိုက်ချ (-ာ)’ နဲ့ ‘မောက်ချ (-ါ)’ ကို သုံးရတဲ့ သရစဉ်တွေ ၊ အသတ်စဉ်တွေပါပါတယ်။

အဲဒီအခါ ဘယ်ဗျည်းနဲ့တွဲရင် ဝိုက်ချ၊ ဘယ်ဗျည်းနဲ့ တွဲရင် မောက်ချသုံးရမယ်ဆိုတာတွေကို အမြဲ ရောထွေးတတ်ကြပါတယ်။

ဥပမာ - ဖားလို့ ရေးပြီး ဖေါ်ပြလို့ ရေးတတ်ကြပါတယ် ။ ‘ဓာတ်ပုံ’ လို့ ရေးပြီး ‘ဓါး’ လို့ ရေး တတ်ကြပြန်ပါတယ် ။

ဗျည်း (၃၃) လုံး ထဲက ‘ခ’ ‘ဂ’ ‘င’ ‘ပ’ ‘ဒ’ ‘ဝ’ ဆိုတဲ့ ဗျည်း (၆) လုံးကလွဲရင် ကျန်တဲ့ဗျည်းတွေအားလုံးဟာ ရေးချ သုံးဖို့လိုလာတဲ့အခါ ‘ဝိုက်ချ (-ာ)’ ကို အသုံးပြုပြှး
ခ’ ‘ဂ’ ‘င’ ‘ပ’ ‘ဒ’ ‘ဝ’ ဆိုတဲ့ ဗျည်း (၆) လုံးကိုတော့
မောက်ချ(-ါ) နဲ့ တွဲသုံးမယ်လို့ ပထမတန်း မြန်မာဖတ်စာအုပ်မှာ "အာ သရ " ရေးချသင်ခန်းစာမှာ စတင်ဖော်ပြထားပါတယ် ။
သို့သော်လည်း ဟထိုးပါရင်၊ ဝဆွဲပါရင်၊ ယပင့်ပါရင် ၊ ရရစ်ပါရင် ဖော်ပြပါဗျည်း ၆ လုံးဟာ ဝိုက်ချနဲ့ သုံးလို့ မရတော့ပါဘူး ။ မောက်ချကိုသာ အသုံးပြုရပါတယ် ။

မြန်မာစာကို မကြိုက်တဲ့ ကလေးအများစုအတွက်
အတော်ကြီးကို စိတ်ရှုပ်စေတဲ့ အချက်ပါပဲ ။ ပညာရှင်များကို စော်ကားလိုစိတ် အလျင်းမပါဘဲ ကဗျာထဲမှာ ဝဆွဲ ၊ ဟထိုး ၊ ယပင့်၊ ရရစ် ပါပြီး အလွယ်မှတ်လို့ရလောက်တဲ့ ကဗျာတစ်ပုဒ်ကို ကြိုးစားပြီး ဖန်တီးကြည့်ဖြစ်ပါတယ် ။

ကဗျာလေးနဲ့အတူ လေ့ကျင့်လို့ရအောင် Worksheets ၃ ရွက်ကို ပညာဒါန ထည့်ပေးထားပါတယ် ။

မောက်ချ ဝိုက်ချ

ရေးချမှာကွယ် နှစ်မျိုးပါ
ဝိုက်ချ မောက်ချပါ။

ဘေးကဝိုက်ကာ ဆွဲလို့ချ
ဝိုက်ချခေါ်သဗျ။

မို့မို့မောက်မောက် ဆွဲချတာ
မောက်ချလေးပေါ့ကွာ။

မမှားအောင်သာ မှတ်ကာထား
မောက်ချ ခြောက်လုံးဗျား။

ခါးကိုကိုင်းလို့ ငါးဝယ်တာ
ဝါးရုံပင်နားမှာ ။(ခါး၊ငါး၊ဝါး)

ပါဝင်ကူညီ ဂါရဝပြု
ဒါနကုသိုလစွု။(ပါ၊ဂါ၊ဒါ)

ခြွင်းချက်ပြုလို့ မှတ်အုံးဗျာ
သူတို့ခြောက်လုံးဟာ။

ဟထိုးပါပြီး ဝဆွဲတွေ့
ဝိုက်ချသုံးပါလေ့။

မမေ့အောင်ကွယ် မှတ်ကြပါ
ယပင့် ရရစ်မှာ ။

ဝိုက်ချသာလျှင် အသုံးပြု
ရေးချ သတိပြု။ ။

ပထမရေးထားတဲ့ ကဗျာကိုဖတ်ပြီး ပါဌ်ဆင့်နဲ့ပတ်သက်တာတွေကို မေတ္တာ အပြည့်နဲ့ ဝေဖန်ထောက်ပြပေးကြတဲ့
ဆရာဦးသန့်စင်၊ ဆရာဦးအေးကျော်မင်း နဲ့
ကဗျာနဲ့ပတ်သက်ပြီး အမြဲသင်ပြပေးတဲ့
ဆရာသက်နောင်တို့ကိုကျေးဇူးများစွာ
တင်ပါတယ်ရှင့် ။ 🙏🙏🙏

#အင်တာနေရှင်နယ်စကူးကမြန်မာစာသိပ်မကြိုက်တဲ့ကလေးများအတွက်အဓိကရည်ရွယ်ပါတယ်

#ပညာဒါနမို့လိုအပ်သူများယူသုံးနိုင်ပါတယ်ရှင်

#အချိန်ပေးပြီးစာရွက်တွေပြင်ဆင်ပေးတဲ့ကိုဖြိုးဝေကိုကျေးဇူးအများကြီးတင်ပါတယ်❤️❤️❤️

#အမှားပါရင်အားမနာတမ်းဝေဖန်‌ထောက်ပြပေးပါရှင့်
❤️❤️❤️

ဆရာမယဉ်ယဉ်
၁၂/၅/၂၀၂၄

6.5.2024အပေါဆုံးက ငွေပဲအပေါဆုံးက စိန်ရွှေရတနာတွေပဲ Abundance Coach မိသားစုဝင်ဖြစ်လို့ စိတ်ချမ်းသာပြီး ကြွယ်ဝချမ်းသာနေပါပ...
06/05/2024

6.5.2024

အပေါဆုံးက ငွေပဲ

အပေါဆုံးက စိန်ရွှေရတနာတွေပဲ

Abundance Coach မိသားစုဝင်ဖြစ်လို့ စိတ်ချမ်းသာပြီး
ကြွယ်ဝချမ်းသာနေပါပြီ

Abundance Coach မိသားစုဝင်ဖြစ်လို့ကြွယ်ဝချမ်းသာနေပါပြီ
06/05/2024

Abundance Coach မိသားစုဝင်ဖြစ်လို့ကြွယ်ဝချမ်းသာနေပါပြီ

ဒီလထဲ VIP Class ရှိလို့ ကမ္ဘာကြီးရဲ့ အင်နာဂျီနဲ့ချိတ်ဆက်တဲ့ ကျင့်စဉ်တွေ လုပ်နေလို့ Public Live တွေ ခဏနားထားပါတယ်။

VIP မှာတက်ရောက်တဲ့ သူတွေကတော့ စီးပွားရေးလုပ်ငန်းရှင်များစွာပါသလို နယ်ပယ်အသီးသီးမှာ လက်တွေ့ကျင်လည်နေပြီး မအောင်မြင်လို့ လာတက်ကြတဲ့သူတွေပါခဲ့ပါတယ်။

သူတို့ရဲ့ အခြေနေအမျိုးမျိုးကြောင့် ရပ်တန့်သွားတဲ့ အောင်မြင်မှုတွေ လုပ်ငန်းတွေ စီးပွားရေး အခြေနေတွေ ထူးခြားစွာ ပြန်လည်ကောင်းမွန်လို့ အမြဲ လာပြီး Activate လုပ်ကြပါတယ်။

ပြေမယုံ ကြုံဖူးမှသိ ဆိုသလို ချမ်းသာဖို့က အမှန်တကယ် မခက်ခဲကြောင်းကို
သင် Abundance Coach နဲ့ချိတ်ဆက်လိုက်တဲ့အခါ သင်သိရပါလိမ့်မယ်။

လူအသစ်စက်စက်က VIP မတက်ရသေးပါ ခြောက်လပိုင်း မိသားစုဝင်တွေ စိတ်ချမ်းသာပြီး ကြွယ်ဝချမ်းသာစေဖို့ တီချယ်အထူးပြုလုပ်ထားတဲ့ Group ကိုပဲတက်ရောက်ပေးပါ။

အားလုံး စိတ်ချမ်းသာပြီး ကြွယ်ဝချမ်းသာစေဖို့ တတ်စွမ်းသ၍ ကူညီပေးပါ့မယ်။

မှတ်ချက်။ ။ချစ်တယ် သို့မဟုတ် တီချယ့်ရဲ့ ကံကောင်းခြင်းတွေ ကူးယူချင်တယ်ဆိုရင် Share သွားနော်။

VIP မှာ တွေ့ကြမယ်နော်


#ပြည့်စုံကြွယ်ဝလိုတရဆရာမလေး

မိဘဆိုတာတံမြက်စည်း မဟုတ်ဘူး( ဒီစာလေးကိုနှလုံးသားနဲ့ ဖတ်ပေးကြပါ)သားသမီး(၁ဝ)ယောက်ကိုရှာဖွေကျွေးမွေးခဲ့တဲ့ အချိန်မှာပင်ပန်း...
14/04/2024

မိဘဆိုတာ
တံမြက်စည်း မဟုတ်ဘူး

( ဒီစာလေးကိုနှလုံးသားနဲ့ ဖတ်ပေးကြပါ)

သားသမီး(၁ဝ)ယောက်ကိုရှာဖွေကျွေးမွေးခဲ့တဲ့ အချိန်မှာ
ပင်ပန်းဆင်းရဲတယ်ဆိုပြီးအမေ မငိုခဲ့ပါဘူးကွယ်
အခုလို အိုမင်းမစွမ်းဖြစ်တဲ့အချိန်မှာသားသမီးတွေရဲ့
စွန့်ပစ်မှုကို ခံလိုက်ရတော့အမေ ငိုနေရပါပြီ။

သားသမီးတွေ ရှေ့ရေးအတွက်နိမ့်ကျတဲ့အလုပ်တွေကို
လုပ်ခဲ့ရတုန်းကအမေ မငိုခဲ့ပါဘူးကွယ်အခုလို သားသမီးအရင်းတွေကစွန့်ပစ်သွားတဲ့ အမေ့ကို
ဘာမှမတော်စပ်တဲ့သားသမီးအရွယ်လေးတွေက
ထမင်းကျွေးတဲ့အခါ အမေ ငိုနေရပါပြီ

သား သမီးတွေအတွက်အလုပ်လုပ်ရင်း
သူတစ်ပါး နှိမ့်ချ ပြောဆိုအော်ငေါက်ခံရလို့
အမေ မငိုခဲ့ပါဘူးကွယ် သားသမီးတွေ အမေ့ကို
ပြန်အော်ငေါက်တဲ့ အခါမှာတော့
အမေ ငိုနေရပါပြီ

သား သမီးတွေရဲ့ ဘဝကိုအမေ့ရဲ့မေတ္တာတွေနဲ့
အေးမြစေခဲ့ပြီး နွေးထွေးလုံခြုံမှုတွေ ပေးနိုင်တဲ့
အချိန်မှာငြူဆူပြီးအမေ မငိုခဲ့ပါဘူးကွယ်

အမေ အိုမင်းမစွမ်းတဲ့အချိန်မှာတော့သား သမီးတွေရဲ့
မေတ္တာနွေးထွေးမှု မပြောနဲ့ အပေါ်ယံ အနွေးထည်အင်္ကျီလေးတစ်ထည်တောင် မရတော့ဘဲ
စွန့်ပစ်ခြင်းခံရတဲ့ အချိန်မှာတော့
အမေ ငိုနေရပါပြီကွယ်

သားတို့ သမီးတို့ရေတံမြက်စည်းဆိုတာအမှိုက်တွေကို ရှင်းလင်းဖယ်ရှားပေးပြီးသန့်စင်စေခဲ့ပေမဲ့အဲဒီတံမြက်စည်းလေး အိုဟောင်းလို့အသုံးမဝင်တဲ့အချိန်မှာတော့
သူကိုယ်တိုင်အမှိုက်ဘဝကို ပြန်လည်ရောက်ရှိသွားပြီး
စွန့်ပစ်ခံရပါတယ်

မိဘဆိုတာလည်းသားသမီးတွေရဲ့ဘဝမှာတိုးတက်လမ်းပိတ်စေမယ့်အမှိုက်တွေကိုရှင်းလင်း ဖယ်ရှားပေးပြီး
သား သမီးတွေရဲ့ ဘဝခရီးကိုသန့်စင်အောင်
စွမ်းဆောင်ပေးခဲ့သူပါပဲ

ဒါပေမဲ့မိဘဆိုတာ.တံမြက်စည်း မဟုတ်ပါဘူးကွယ်
အိုမင်းမစွမ်းလို့အသုံးမဝင်တဲ့အခါမှာအမှိုက်တစ်ခုလိုသဘောထားပြီးအလွယ်တစ်ကူ မစွန့်ပစ်မိကြပါစေနဲ့
မိဘတွေက ကိုယ့်သား သမီးတွေအပေါ်မှာ
အပြစ်မယူဘဲ နားလည်ခွင့်လွှတ်နိုင်ပေမဲ့

ငါ့သားတို့ ငါ့သမီးတို့ကိုယ်တိုင်
တစ်နေ့မှာ
အဲဒီတံမြက်စည်းနေရာ
ပြန်ရောက်သွားမှာ စိုးရိမ်မိလို့ပါကွယ်

Credit လယ်တွင်းသား စောချစ်
crd #

ပူစီနံရဲ့ ကျန်းမာရေး ကောင်းကျိုးတွေပူစီနံက ကင်ဆာ‌ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာချက်တွေအရ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေဖြစ...
12/04/2024

ပူစီနံရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

ပူစီနံက ကင်ဆာ‌ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာချက်တွေအရ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓာတ်က ကူညီတိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။
ချွဲကျစေပြီး ချောင်းဆိုးခြင်းလည်း ပျောက်စေပါတယ်။ ပန်းနာရင်ကျပ်ကိုလည်း သက်သာစေနိုင် ပါတယ်။ ပူစီနံ က လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။
ပူစီနံအရည်သောက်ခြင်းက အာရုံကြောကို အားကောင်းစေပြီး ခေါင်းကိုက်ခြင်းကိုလည်း ပျောက်ကင်း စေပါတယ်။ ပူစီနံကို ပုံမှန်စားသုံးပေးခြင်းက အာရုံကြောကို အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက် နေချိန်မှာလည်း စားသုံးပေးမယ်ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ခြင်းမှ ပျောက်ကင်းစေတာကို လေ့လာချက်တွေအရ သိရပါတယ်။
ဒါ့အပြင် သတိမေ့ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှုတွေများခြင်းကြောင့်‌ သတိမေ့ခြင်းကိုလည်း ပူစီနံက ကာကွယ်ပေးနိုင်ပြီး သက်သာစေနိုင်တာကို လေ့လာချက်တွေမှာ တွေ့ရပါတယ်။
အသားအရေကိုလည်း စိုပြေစေပါတယ်။ အရွက်ကို ပုံမှန်စားသုံးပေးခြင်းက အရေပြားကို စိုစွတ်အေးမြ စိုပြေစေပြီး နေပူဒဏ်ကိုလည်း ခံနိုင်စေပါတယ်။ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
ပူစီနံက ခံတွင်းကိုလည်း ရှင်းစေနိုင်ပြီး အစာကိုလည်း ကြေစေပါတယ်။ အစာမာတွေ စားတာများရင် ဒါမှမဟုတ် အစာမကြေဖြစ်နေရင် ပူစီနံကို အနည်းငယ် စားပေးရုံနဲ့ အစာကြေညက်စေမှာ ဖြစ်ပါတယ်။
ပူစီနံကို စားသုံးခြင်းက အ၀လွန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်းဓာတ်ဟာ သွေးထဲကအဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကိုလည်း မှန်စေပါတယ်။ အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေ ဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန်မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။


အူတွေ (Intestines) ဆေ:ကြရအောင် ...အရမ်းလွယ်ကူတယ်နော်++++++အူတွေဆေ:ခြင်းကို တလတခါလောက်တော့လုပ်ကို လုပ်သင့်ပါတယ်။ဘာလို့လဲဆ...
08/04/2024

အူတွေ (Intestines) ဆေ:ကြရအောင် ...
အရမ်းလွယ်ကူတယ်နော်
++++++
အူတွေဆေ:ခြင်းကို တလတခါလောက်တော့လုပ်ကို လုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်းကြောင်းနဲ့ လူ့ကျန်းမာရေးကတိုက်ရိုက်ပတ်သက်နေလို့ ဖြစ်ပါတယ်။ ပြီးတော့အူတွေဟာဒုတိယဦးနှောက်လည်းဖြစ်တယ်။ ဦးနှောက်နဲ့အူတွေကို အာရုံကြောတွေနဲ့ဆက်ထားပြီး ခန္ဓာကိုယ်အတွက်အလုပ်တွေအများကြီးလုပ်ပါတယ်။ ဒါကြောင့်အူတွေ သန့်ရှင်းနေဖို့ လိုပါတယ်။

အူဆေ:ဖို့ အသုံးပြုမှာကတော့ မုန်လာဥဖြူ ဖြစ်ပါတယ်။ သဘာဝကြီးရဲ့လက်ဆောင်ဖြစ်တဲ့ မုန်လာဥဖြူနဲ့ အူဆေ:ကြမယ်။ မုန်လာဥဖြူမှာ Fibre အမျှင်ဓါတ်တွေ အများကြီးပါတယ်။ အဲဒီ fibre အမျှင်ဓါတ်တွေက အူအတွင်းနံရံမှာရှိနေတဲ့ မစင်ဂျိုးတွေကအစ အညစ်အကြေးတွေအားလုံးကို တိုက်ချွတ်ဆေ:ကြောပေးပါတယ်။

စျေးကနေ မုန်လာဥလှလှလေးတွေ ဝယ်မယ်။ ကျောက်ဆားလေးနဲနဲထည့်ပြီးပြုတ်လိုက်မယ်*။ အကြာကြီးပြုတ်စရာမလိုဘူး။ အူဆေ:ဖို့အတွက် စနေနေ့နေ့လယ်စာစားပြီးနောက်မှာ တခြားဘာမှမစားဘဲမုန်လာဥပြုတ်၁မျိုးပဲ စားရမယ်။ကြိုက်သလောက်စားပါ၊ ဗိုက်ဝအောင်သာစား၊ ဗိုက်ဆာလာတိုင်းစား။ ညအိပ်ယာမဝင်ခင်အထိဆာတိုင်း စားလို့ရပါတယ်။ စားလို့လည်းတော်တော်ကောင်းတယ်။ ရေငတ်လည်းပြေတယ်၊ စားရတာအတော်ကျေနပ်စရာကောင်းပါတယ်။နောက်နေ့မနက် အိပ်ယာထရင် ရေ၁လီတာ သောက်ရမယ်။ပြီးရင်တော့ဝမ်းဗိုက်ထဲကအစာဟောင်းတွေ ရှောရှောရှူရှူ အကုန်ထွက်သွားလိမ့်မယ်။

မုန်လာဥနဲ့အူဆေ:ခြင်းဟာ အူလမ်းကြောင်းသာမက ကျောက်ကပ်ကိုလည်းသန့်ရှင်းစေပါတယ်။ကျောက်ကပ်သန့်ရှင်းဖို့အတွက် မုန်လာဥပြုတ်စားရင်းရေပိုသောက်ပေးဖို့လည်း လိုပါတယ်။

အူတွေသန့်ရှင်းသွားရင်သွေ:လည်းသန့်သွားပါတယ်။ ဘာလို့လဲဆိုရင်သွေးဆိုတာအူတွေကနေစတင်ဖြစ်ပေါ်လာလို့ ဖြစ်ပါတယ်။ သွေးသန့်ရင်ရောဂါကင်းတယ်။ ရောဂါတွေကသွေးထဲမှာရှိနေတော့သွေးသန့်တာနဲ့အမျှ ရောဂါဖြစ်ဖို့ရာနှုန်း နည်းသွားပါတယ်။

အူဆေ:ပြီးလို့ အူသန့်သွားတာနဲ့လူကပေါ့ပါး လန်းဆန်းသွားလိမ့်မယ်။ ကျန်းမာဖို့အတွက်အူသန့်ဖို့က အဓိကပဲ။ ထမင်းစားရတာလည်းအရသာရှိလာမယ်၊ရေသောက်လို့လည်းကောင်းတယ်၊အလုပ်လုပ်လို့သိပ်ကောင်းတယ်၊ဥာဏ်ရည်ထက်လာတယ်၊ အိပ်လို့လည်း ကောင်းလာတယ်၊ အစာအိမ်ရောဂါရှိရင်လည်း သက်သာသွားမယ်၊ ခေါင်းကို=က်တာတွေလည်း သက်သာသွားမယ်၊ ညောင်းညာကို=က်ခဲတာတွေလည်းပျောက်သွားမယ်၊ အစာမကြေလေထိုးလေအောင့်တွေလည်းပျောက်သွားမယ်၊ ရုပ်ရည်ပါနုပျိုလန်းဆန်းလာပါလိမ့်မယ်။

တနင်္ဂနေ့မနက်မှာတော့ အူဆေးခြင်းကိစ္စပြီးပါပြီ။ ၂၄နာရီ fasting လုပ်ချင်တဲ့သူတွေဆက်လုပ်နိုင်ကြပါတယ်။ Detoxပါဆက်လုပ်ချင်တယ်ဆိုရင်တော့ညဘက်မှာ သံလွင်ဆီပေါင်းစပ်ရည်သောက်လိုက်ရုံပါပဲ။ ဒါကြောင့်အူဆေးလိုသူများ, fasting လုပ်လိုသူများ Detox ပါလုပ်လိုသူများ၊၂မျိုးလုပ်ချင်သူများ၊ ၃မျိုးလုပ်ချင်သူများ မိမိတို့စိတ်ကြိုက် လုပ်နိုင်ကြပါပြီ။

*ကျောက်ဆား ...
အိန္ဒိယကလာတဲ့ ပန်းရောင်ဆားကို ကျောက်ဆားလို့ ခေါ်ပါတယ်၊ City Mart မှာ ရပါတယ်၊ ဟိမဝန္တာဆားလို့လည်း ခေါ်ပါတယ်၊ ပန်းရောင်ဆားပါ။ မရရင် အိမ်သုံးဆားကို လှော်ပြီး သုံးလို့လည်း ရပါသည်။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော် တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကိုCreditပေးပါတယ်
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်...

ဒူးရေအိတ် (ဒူးကြီးနာ၊ ဒူးရောင်နာ)အတွက်ဆေးပြုလုပ်နည်းချဉ်ပေါင်ရွက် လက်တစ်ဆုပ်လောက်ကို ရေနွေးဖျော လိုက်ပါ။ပြီးရင်ဆုံထဲထည့်...
05/04/2024

ဒူးရေအိတ် (ဒူးကြီးနာ၊ ဒူးရောင်နာ)အတွက်

ဆေးပြုလုပ်နည်း

ချဉ်ပေါင်ရွက် လက်တစ်ဆုပ်လောက်ကို ရေနွေးဖျော လိုက်ပါ။

ပြီးရင်ဆုံထဲထည့် ညက်အောင်ထောင်းပါ။ဘလင်ဒါနဲ့ကြိတ် ရင်လည်းရပါတယ်။

ညက်နေတဲ့အခါ စေးကပ်နေလိမ့်မယ်။ ဒူးဆစ်အုပ်မိအောင် လိုအပ်ပါတယ်။

ညက်နေတဲ့ချဉ်ပေါင်ကို နနွင်းမှုန့်ဟင်းစားဇွန်းတစ်ဇွန်းနဲ့ ရောသမအောင်နယ်ပါ စိမ်းဝါရောင် ပျစ်ပျစ်လေးဖြစ်အောင်နယ်။

ဒူးပေါ်မှာမထူမပါး ဖြန့်အုပ်လိမ်းပါ။

အပေါ်ကအဝတ်ခေါက် သို့မဟုတ် ဝါဂွမ်းအုပ်ပြီး (၆)လက်မ ပတ်တီးနဲ့ လုံအောင်စည်းထားပါ။

အေးလိုက်ပူလိုက်ဖြစ်လိမ့်မယ်။

စည်းချိန်(၆) နာရီထားပြီးရင်ဖြည်ပေးပါ။ တစ်နေ့တစ်ကြိမ်(၇) ရက်အထိစည်းပါ။ ဒူးကြီးရောဂါဆို ရင်(၃)ရက်နားပြီးနောက်ထပ်(၇)ရက်ထပ်စည်းပါ။

ပရုပ်ဆီ။မီသိုင်းသိပ်မလိမ်းပါနှင့် ။ ကရမက်နဲ့ဆားအနည်းငယ်ရောသွေးလိမ်းပါ။ တောင်တံ ကြီးလည်းလိမ်းရပါတယ်။

အရင်က အဒေါ်ကြီးတစ်ယောက် ဒူးဆစ်ရေဝင်တာ ခွဲပြီး သားပြန်ဖြစ်တာ ချဉ်ပေါင်ရိုးနီကို ဆေးကတော့ တိုင်းရင်း ဆေးအမှတ်(၄၇)ခုနှစ်ပါးဆေးဝါလေး နဲ့ရောနယ်ပြီးစည်း ပေးဘူးတယ်။

ဆယ်ခါလောက်စည်းတော့ကောင်းသွားပါတယ်။ ။

ကျန်းမာချမ်းသာကြပါစေ
Crd/
ာရုံကြောအားဆေး

ကံ့ကော်ပန်းစိုက်တဲ့အခါ အမြဲပွင့်စေနိုင်ဖို့ နည်းလမ်းအချို့ 🌸🌼🌸ကံ့ကော်ကိုင်းဆက်တွေစိုက်တဲ့အခါမှာအကောင်းဆုံးကတော့ လက်တလောအ...
01/03/2024

ကံ့ကော်ပန်းစိုက်တဲ့အခါ အမြဲပွင့်စေနိုင်ဖို့
နည်းလမ်းအချို့ 🌸🌼🌸

ကံ့ကော်ကိုင်းဆက်တွေစိုက်တဲ့အခါမှာ
အကောင်းဆုံးကတော့ လက်တလောအဖူးကိုမမက်ဘဲနဲ့ အပင်သန်တာကိုရွေးဝယ်ပေးပါ။ ဝယ်ပြီးရင် အရိပ်ထဲမှာတစ်လလောက်ရေလေးပုံမှန်လောင်းပေးရပါတယ်။ ဝယ်လာတဲ့အပင်အိတ်က ကြီးရင် ချမစိုက်ဘဲ တစ်နှစ်လောက်အိတ်ထဲထားရင်လည်း မြေချစိုက်ပြီဆိုရင် မြေသန့်ရေသန့်မှာချစိုက်ပေးပါ။ လွင်ပြင်ထီးပူလွန်းတဲ့နေရာမှာဆိုရင်အပင်ဟာသေမှာပါ။ မနက်နေရောင်ကောင်းစွာ ရတဲ့နေရာလောက်မှာဘဲ စိုက်ပေးပါ။ ရာသီပြင်းရင်အဖူးမတင်ဘဲ ကြွေကျတတ်ပါတယ်။ ပုရွက်ဆိတ်တွေဟာအဖူးဖူးချိန်မှာအနှောင့်အယှက်ပေးတတ်ပါတယ်။

ကံ့ကော်ပွင့်က အပင်အညွန့်တက်ပြီး ရွက်ရင့်မာသွားချိန်အဖူးလိုက်ပါတယ်။ အဖူးကကြာတတ်ပါတယ်။အဖူးဘဝမှာ (၁) လလောက်နေရင် အပွင့်ပွင့်လာပါတယ်။ အပွင့်ပွင့်လာချိန်မခူးဘဲဒီတိုင်းထားလိုက်ရင် (၁၀-၂၀)ရက်ကြာတဲ့အခါ ကံ့ကော်သီးအဖြစ်ပြောင်းပါတယ်။ ရက်ကြာလာရင်အခွံကွဲအက်လာပြီး အစေ့အညိုရောင်လေးတွေရရှိမှာပါ။ စိုက်လို့ရပါတယ်။ ရှင်ဖို့နည်းနည်းခက်ပါတယ်။ ကိုင်းဆက်ပင်ကအစေ့ရပြီးပြန်စိုက်ရင်လည်း အဲဒါမျိုးက အစေ့စိုက်ပင်အကြီးဖြစ်မှာပါ။ ကိုင်းဆက်ပင်မဟုတ်ပါဘူးနော်။နှစ်ကြာမှပွင့်မှာပါ။

ကံ့​ကော်ကိုင်းဆက်ကို ထိုင်ဝမ်မျိုး၊ စစ်ကိုင်းမျိုး အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။ ထိုင်ဝမ်ဆိုသည်မှာ ကံ့ကော်အစေ့စိုက်ပင်ရဲ့အပွင့်ကသေးပါတယ်။ သူ့ထက်ပွင့်ချပ်တွေ အဖူးတွေကပိုကြီးလို့ မြန်မာမျိုးရင်းထက်ကြီးတာတွေဆို ထိုင်ဝမ်လို့ခေါ်ဝေါ်ကြပါတယ်။ ထိုင်ဝမ်လို့ခေါ်လို့ ဈေးပိုရတာမဟုတ်ပါဘူး။ ကိုင်းဆက်ပင်တိုင်းကတော့ ဈေးပိုကြီးပါတယ်။ အပင်ကလသားဘဲရှိသေးတာလား။ ကိုင်းဖြတ်ပြီးတာကြာပြီလား။ မနှစ်ကအပင်ရရင်ပိုကောင်းမယ်နော်ဆိုတဲ့အချက်တွေမေးသင့်ပါတယ်။အပင်ရဲ့အိတ်ဆိုဒ်ကအကြီးလား၊အသေးလားဆိုပြီး အပင်အရွယ်အစားကိုပါမေးရမှာပါ။ အပင်ပု ဖူးတယ်ဆိုတိုင်း စိတ်ချစွာမဝယ်ပါနဲ့ဦး။ အိတ်သေးမှာ အဖူးပါပေမယ့် အပင်ကသေးနေရင်ဈေးကတော့ကြီးပြီး သိပ်စိတ်မချရသေးတဲ့အချိန်ဝယ်မိပြီး သေသွားတတ်ပါတယ်။ ဘာမျိုးမလို့ ဈေးပိုတယ်ဆိုတာ မရှိပါ။ အကုန်လုံးကကိုင်းဆက်မလို့ အချိန်တန်ရင်အတူတူပွင့်မှာပါ။ အပွင့်ကြီး အပွင့်သေးနဲ့ မျိုးကောင်းအပင် လှတာ မလှတာဘဲကွာသွားမှာပါ။

အပွင့်မပွင့်လို့ ပွင့်အောင်လုပ်တဲ့နည်းတွေလည်းအများအပြားပါ။ တချို့က ဘားပလက်၊ ကြက်ဥခွံနဲ့တခြား ဆေးနည်းတွေကျွေးပါတယ်။ ၁၅ပတ်လည်တွေလည်းကျွေးကြပါတယ်။ ပုလဲကျွေးရင်တော့သတိထားပေးပါ။ ရေတော့နိုင်နိုင်လောင်းပေးပါ။ တစ်ခုကအဖူးဖူးနေချိန် အညွန့်သစ်ထွက်နေချိန်သွားကျွေးရင်အဖူးတွေ ကြွေ ကျကုန်တာတို့ အညွန့်တွေညိုးကုန်တာတို့ ဖြစ်တတ်လို့ပါ။ ဒါကြောင့်အဲ့အချိန်အားဆေးမကျွေးသင့်ပါ။

အစေ့ကပျိုးရခက်တယ်။အပင်ရှင်နှုန်းနည်းတယ်။ စိုက်တဲ့အခါအိတ်ထဲမှာထည့်အလုံပိတ်ပြီး ထားတဲ့နည်းလည်း ရှိတယ်။ တချို့ကနေပူလှန်းတယ်။ နည်းတွေကတော့အမျိုးမျိုးပေါ့။စိုက်တဲ့အခါ မြေနေရာဘောင်ကိုအရင်ရှင်းထားရပါမယ်။ အပင်ကြီးတွေအောက်မှာနေရာယူပါ။ မြေဆွေးကိုလက်နှစ်ဆစ်စာခန့်ဖြူးထားပါ။ အဲ့အပေါ်ကိုကံ့ကော်စေ့တွေဖြန့်ကြဲပါ။ ပြီးရင်အပေါ်က သဲဖြူးခင်းရပါမယ်။ ရေပုံမှန်လောင်းပေးဖို့လည်း လိုပါတယ်နော်။

Edit ကံကော်တွေက ကိုင်းဆက်တာမလို့ တစ်နှစ်ကို
၃ခါ ၄ခါပွင့်ပေမယ့် ၁၂ရာသီကံကော်ဆိုတာ မရှိပါဘူး
၁၂ရာသီဆိုတာ ၁လမှအဖူးမပြတ်ပွင့်တာမျိုးကိုခေါ်တာပါ ကံကော်တွေကကိုင်းဆက်ပေမယ့်လည်း
ဘွန်ဆိုင်းလုပ်ထားတာမဟုတ်တဲ့အတွက် ကြီးမှာပါ
အပင်အမာမျိုးတွေပါ ဝယ်သူတွေရောင်းသူကိုပြန်မေးကြည့်ပါ ၁၂ရာသီကံကော်ရဲ့ ပုံစံအရွက်အနေအထား
အပွင့်ပုံစံနဲ့ ၁၂ရာသီမပြတ်ပွင့်တာလားဆိုပြီး မေးကြည့်ပါ ဘာပြန်ဖြေမလည်းဆိုတာ ပြီးတော့ ကိုင်းဆက်တဲ့ကံကော်တွေက အပင်ငယ်နဲ့ပွင့်ပေမယ့်
အပင်ကကြီးလာမှာလား မကြီးဘူးလားမေးကြည့်ပါ
၁၂ရာသီကတော့ မရှိသေးပါဘူး

ပျိုးပင်လေးတွေ လည်းမှာယူအားပေးလို့ရပါတယ်

Original Writer -Phooပျိုးပင်ရောင်းဝယ်ရေး

(အပင်ချစ်သူတွေတွက်)ကြက်ဥ ခွံများ မှန်ကန်စွာ အသုံးချနည်း။ 🥚ဥအများစုရဲ့ အခွံတွေဟာ Calcium အရင်းအမြစ်တွေပေါ့။ Calcium က သတ္...
01/03/2024

(အပင်ချစ်သူတွေတွက်)
ကြက်ဥ ခွံများ မှန်ကန်စွာ အသုံးချနည်း။

🥚ဥအများစုရဲ့ အခွံတွေဟာ Calcium အရင်းအမြစ်တွေပေါ့။ Calcium က သတ္တဝါတွေအတွက်ဆို အရိုးအဆစ် သန်မာစေတယ်။ အပင်အတွက်ဆို ဆဲလ်နံရံတွေ တောင့်တင်းကျန်းမာစေတယ်၊ အပွင့်ခိုင် ၊ အသီးညှာတံတွေ ခိုင်ခံ့စေတယ်၊ အပင်မှာ ရက်ကြာကြာနေလို့ ကြာကြာကြည့်ရတာပေါ့။ Shelf Life ကို အနည်းငယ် ပိုကြာစေတယ်။

🥚 ဥခွံထည့်ရာမှာ လွဲမှားစွာထည့်နေကြတာ အတွေ့များပါတယ်။ အခွံတွေ မြေပြင်ပုံသူနဲ့၊ အနည်းငယ်ခြေပြီး အပေါ်ဖြူးသူနဲ့၊ သစ်ခွပင်အခြေပုံသူနဲ့ အမျိုးမျိုးပါပဲ။

👉 မှန်ကန်စွာ အသုံးချနည်း။

🕺 ပထမဦးဆုံး နေပူပူမှာ လှန်းရပါမယ်။ ပြီးမှ အမှုန့်ဖြစ်တဲ့အထိ ထောင်းပြီး မြေကြီးအောက်ရောက်အောင်ထည့်ပြီး ပြန်ဖုံးရမှာပါ။ မှန်ကန်စွာ အသုံးပြုနိုင်ကြပါစေ။

🧟 သစ်ခွသမားများ ဥခွံတွေ အခြေလိုက်မဖြူး သင့်ပါ၊ သစ်ခွရဲ့သဘာဝက လေထုထဲက ရေခိုးရေငွေ့တွေကိုအမြစ်၊ အရွက်တွေက စုပ်ယူပြီး အဟာရယူတဲ့အပင်ပါ။ ဥခွံတွေဖြူး၊ အဟာရလည်းမဖြစ် ကြည့်ရဆိုး စေနိုင်ပါတယ်။ Ca အခြေပြု ရွက်ဖြန်းဆေးသာဝယ်ဖြန်းကြပေါ့။ သစ်ခွအားဆေးတွေမှာလည်း ပါပြီးသားပါ။

နည်းလမ်းမှန်စွာ အသုံးချနိုင်ပါစေ🙏။

သံပုရာသီးအဆောင်။၁။သံပုရာသီး သုံးလုံးကို ဘုရားလွူပါ။ဆေးအဖြစ် လှူပါ၏။ဤကုသိုလ်ကြောင့်မိသားစု အနာရောဂါကင်းဝေးပါစေ။ကပ်ရောဂါကင...
28/02/2024

သံပုရာသီးအဆောင်။

၁။သံပုရာသီး သုံးလုံးကို ဘုရားလွူပါ။

ဆေးအဖြစ် လှူပါ၏။
ဤကုသိုလ်ကြောင့်
မိသားစု အနာရောဂါကင်းဝေးပါစေ။
ကပ်ရောဂါကင်းဝေးပါစေ။
မကောင်းဆိုးရွားတို့၏ရန်ဘေးကင်းဝေးပါစေ။

ဆုတောင်းပါ။
နွမ်းသွားရင်၊ပုတ်သွားရင် စွန့်ယူပြီး စွန့်ပစ်ပါ။
အသစ်ထပ်လှူနိုင်တယ်။

၂။သံပုရာသီးတစ်လုံးကို
အိမ်ရှေ့တံခါးအနီးတစ်နေရာရာမှာတင်ထားပါ။သို့မဟုတ် အိတ်လေးနဲ့ချိတ်ဆွဲထားပါ။
နောက်ဖေးတံခါးမှာတစ်လုံး ထားပါ။

ဘေးရန်ကင်းပါစေ။
အနာရောဂါကင်းပါစေ။
ကပ်ရောဂါကင်းပါစေ။
မကောင်းဆိုးရွားတို့ရဲ့ရန်တွေကင်းပါစေ။

အဲဒီလိုပြောပြီး တင်ထားပါ။
ပုတ်ရင်စွန့်ပစ်ပါ။မစားပါနဲ့။
အသစ်ပြန်တင်ပါ။

၃။သံပုရာသီးတစ်လုံးကိုရေစင်စင်ဆေးပြီး
ဆောင်ထားပါ။ဘုရားဆေး၊တရားဆေး၊သံဃာဆေးလို့
ပါးစပ်ကပြောပြီး အဲဒီ သံပုရာသီးကို နမ်းပါ။ရှူပါ။နွမ်းရင် အသစ်ဆောင်နိုင်တယ်။မိသားစုဝင်တွေလည်း ဆောင်နိုင်ပါတယ်။သန့်သန့်ရှင်းရှင်းတော့ဆောင်ပါ။လိုအပ်ရင်ရေဆေးပါ။
ကျန်းမာရေးအတွင်အထောက်အပံ့ဖြစ်ပါလိမ့်မယ်။

ဒိဌ စိတ်ကြည်လင်လာမယ်။
အိမ်မှာ သန့်ပြန်လတ်ဆတ်လာလိမ့်မယ်။
မိသားစုပိုပြေလည်လာလိမ့်မယ်။
လာဘ်ရွှင်လာလိမ့်မယ်။
မကောင်းဆိုးရွားတွေရဲ့ရန်ကကင်းဝေးနေမယ်။
မုချမသွေ ထူးခြားပါလိမ့်မယ်။

အားလုံးနေကောင်းကျန်းမာ အစစအဆင်ပြေပါစေ။

Address

No. 15(A) Pagoda Road
Thanlyin

Website

Alerts

Be the first to know and let us send you an email when ရွှေဆား brand by Daw Shwe Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram