လရိပ် အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Thanlyin
  • လရိပ် အထွေထွေရောဂါကုဆေးခန်း

လရိပ် အထွေထွေရောဂါကုဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လရိပ် အထွေထွေရောဂါကုဆေးခန်း, Medical and health, ရွာမပိုင်း ဗိုလ်ချုပ် သန်လျင်, Thanlyin.

28/09/2023

‼️ကူးစက်လွယ် မျက်သားရောင် မျက်စိနာရောဂါ (Eye flu / Pink eye )‼️

👋အခုတလော ကလေးတွေသာမက လူကြီးတွေမှာပါ မျက်စိနာရောဂါတွေဖြစ်နေကြတာတွေ့နေရပါတယ်

🌨️မိုးရာသီ မှာ စိုထိုင်းဆ ရုတ်တရက်မြင့်မားလာတာကြောင့် ရောဂါပိုးမွှားတွေလည်းခေါင်းထောင်လာကြပါတယ်

🦠မိုးရာသီနဲ့အတူ ဝင်ရောက်လာတဲ့ ရောဂါတွေထဲမှာလည်း မျက်စိနာရောဂါက ကူးစက်လွယ်ပြီး အဖြစ်များတဲ့ရောဂါတခုပါ

😵‍💫မျက်သားရောင်မျက်စိနာရောဂါဆိုတာဘာလဲ ❓

📍မျက်လုံးရဲ့ အတွင်းမျက်လုံးအိမ်ကို ဖုံးအုပ်ထားတဲ့ အဖြူရောင်အလွှာလေးကို Conjuntiva လို့ခေါ်ပါတယ်

📍အဲ့ဒီ အဖြူရောင် conjuntiva နဲ့ မျက်ခွံအတွင်းပိုင်းတွေ နီပြီး ရောင်ရမ်း တာ နာတာ ကို မျက်သားရောင် မျက်စိနာရောဂါ (Pink eye ) လို့ခေါ်ပါတယ်

😵‍💫မျက်သားရောင်မျက်စိနာ ဘာကြောင့်ဖြစ်သလဲ ❓

🦠အဖြစ်အများဆုံးကတော့ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ကြတာပါ

📍တချို့သောမျက်စိနာရောဂါတွေကတော့ ဓာတ်မတည့်ခြင်း ၊ ပြင်ပမှ အရာဝတ္ထု ဖုန် အမှုံအမွှားများဝင်ရောက်ခြင်း ၊ ဓာတုပစွည်းများနဲ့ထိတွေ့မှုရှိခြင်း စတာတွေကြောင့် မျက်စိနာ တတ်ကြပါတယ်

💥အဓိက ကူးစက်လွယ်တဲ့ မျက်သားရောင်မျက်စိနာအကြောင်း ပြောချင်ပါတယ်💥

🙈ရောဂါလက္ခဏာများ 🙈

💔 မျက်လုံး ရဲ့အဖြူရောင်ရှိသည့် အပိုင်းနီရဲနေခြင်း ( Pink Eye )
💔 မျက်ခွံမျက်သားများရောင်နေခြင်း
💔 မျက်ရည်ယိုခြင်း
💔 မျက်လုံးထဲ သဲဝင်နေသလို ကသိကအောက်ဖြစ်ခြင်း
💔 ယားယံခြင်း ၊ ပူခြင်း ၊ နာခြင်း စတာတွေခံစားရနိုင်ပါတယ်

😫 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်သားရောင်မျက်စိနာခြင်း 😫

💔 အပေါ်က လက္ခဏာတွေအပြင် တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း ချောင်းဆိုးခြင်း အဆစ်အမြစ်ကိုက်ခဲခြင်း ဝမ်းပျက်ခြင်း စတာတွေပါခံစားရနိုင်ပါ
တယ်
💔 စစချင်းတော့ မျက်လုံးတဖက်ကနေစဖြစ်ပြီး ရက်ပိုင်းအတွင်းကျန်တဲ့တဖက်ပါကူးစက်သွားတတ်ပါတယ်
အရည်ကြည်ကဲ့သို့ မျက်ဝတ်ထွက်ခြင်းနဲ့မျက်ရည်ယိုတာ ပိုဖြစ်တတ်ပါတယ်

😩 ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မျက်သားရောင်မျက်စိနာခြင်း😩

💔 သူကတော့အပေါ်ကလက္ခဏာတွေအပြင် မျက်ဝတ်ထွက်တာ ပိုဆိုးတတ်ပါတယ်
💔 ပြည်ကဲ့သို့မျက်ဝတ်များထွက်နိုင်ပြီး မျက်ခွံမှာကပ်နေတဲ့အတွက်မျက်လုံးအဖွင့်အပိတ်ဖို့အတွက် ခက်ပါတယ်

🙀ဘယ်လိုကူးစက်လဲ 🙀

🙊 ရောဂါဖြစ်နေသူနဲ့ တိုက်ရိုက်ထိတွေ့မှုကနေသော်၎င်း၊ အသုံးအဆောင်များမှတဆင့်သော် ၎င်း ၊ ချောင်းဆိုး နှာချေခြင်းမှတဆင့် သော်၎င်း ကူးစက်တတ်ပါတယ်

✅ ကုသမှု ✅

♻️ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါ အများစုက မပြင်းထန်ကြပါဘူး
♻️ ၁ ပတ် ၂ ပတ်အတွင်းသူ့အလိုလိုပြန်ကောင်းသွားတတ်ပါတယ်

♻️ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါအတွက် သင့်တော်တဲ့ပိုးသတ်ဆေး( မျက်စဉ်းခတ်ဆေးအရည် သို့မဟုတ် လိမ်းဆေး )လိုနိုင်ပါတယ်

♻️ ယားယံခြင်း မျက်ရည်ယို ခြင်း အတွက် Cetrizine လိုဆေးမျိုး အသုံးပြုလို့ရပါတယ်

♻️ မျက်လုံးထဲနာကျင်တာအတွက်ပါရာစီတမော သောက်ပေးလို့ရပါတယ်

♻️ မျက်လုံးခြောက်သွေ့ခြင်းအတွက် artificial tears (မျက်ရည်တု မျက်စဉ်းဆေး) များခတ်ပေးလို့ရပါတယ်

♻️ မျက်လုံးရောင်ရမ်း တာသက်သာအောင် ​အိမ်တွင်းကုထုံးအနေနဲ့ မျက်လုံးမှိတ်ပြီး အပေါ်မှာရေအေးဝတ်ကပ်တာ မျိုးလုပ်ပေးလို့ရပါတယ်

♻️ မျက်စိနာနေတဲ့အချိန် မျက်ကပ်မှန်တပ်နေတဲ့လူဖြစ်ပါက အသုံးပြုတာ ခနရပ်ထားပါ

🏥 ဘယ်အချိန်ဆေးခန်းပြသင့်လဲ 🏥

😖 မျက်လုံး ဆိုးရွားစွာနာလာခြင်း ၊ နီလာခြင်း

🫣 အလင်းဒဏ်မခံနိုင်ခြင်း ၊ အမြင်မှုံဝါးလာခြင်း

😪 ဘက်တီးရီးယားပိုးဟုယူဆသောအခြေအနေတွင်သင့်တော်သောပိုးသတ်ဆေး သုံးပြီး ၂၄ နာရီ ကျော်သည်အထိ မသက်သာလျှင်

🤒 နဂိုကိုယ်ခံအားနည်းနေသောသူများဖြစ်နေလျှင် ( ကင်ဆာဝေဒနာရှင် ၊ HIV လူနာများ )

🧑‍🦲 မွေးကင်းစကလေးများတွင် မျက်စိနာရောဂါဖြစ်လျှင်

စတဲ့အခြေအနေတွေမှာဆေးရုံဆေးခန်းပြသင့်ပါတယ်

🍀 ကာကွယ်ခြင်း 🍀

🙅‍♂️ မျက်လုံးကို ခနခနမပွတ်ပါနဲ့ ..
ကောင်းနေတဲ့ဖက်ကိုကူးစက်ဖို့ပိုလွယ်သလို မျက်စိရောင်ခြင်းကိုလည်း ပိုဆိုးစေတတ်ပါတယ်

🙌 မျက်လုံးမကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးတိုင်း တခြားအရာတွေမထိတွေ့ခင်လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင်သေချာဆေးပါ

🤦‍♀️ မိမ်ိအနားမှာမျက်စိနာဖြစ်ပွားနေသူရှိပါက လက်ကိုမကြာခနဆေးပါ
လက်မဆေးဘဲ မျက်လုံးနှာခေါင်းပွတ်ခြင်းများမလုပ်ပါနဲ့

🧏‍♀️ မျက်ဝတ်များ ကို သန့်ရှင်းသော အဝတ် သို့မဟုတ် ဂွမ်း လုံးလေးများဖြင့် သေချာသုတ်ပေးပါ

💁‍♀️ အသုံးအဆောင်ပစွည်းများမျှဝေသုံးစွဲခြင်းမလုပ်ပါနဲ့
(မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံး ၊မျက်မှန် ၊ မိပ်ကပ်အလှပြင်ပစွည်းများ ၊ မျက်စဉ်းခတ်ဆေးများ )

အချုပ်အားဖြင့် စိတ်ပူစရာမလိုပေမယ့် ကူးစက်လွယ် ကူးစက်မြန်တာကြောင့် သတိပြုဖို့ဖြစ်ပါတယ်

မျက်စိနာခြင်းမှကင်းဝေးကြပါစေ

ကလေးချစ်တဲ့ ကလေးဒေါက်တာ ❤️



#ချင်းတယ်လီကျန်းမာ

Hepatitis B virus (အသည်းရောင်အသားဝါဘီပိုး)Credit:  Livercare myanmar
18/08/2023

Hepatitis B virus (အသည်းရောင်အသားဝါဘီပိုး)

Credit: Livercare myanmar

10/08/2023

👇👇Liver abscess (အသည်းပြည်တည်နာ)
အကြောင်း

08/08/2023

နာနတ်သီး နှင့် ဆီးချိုရောဂါ👇👇👇

08/08/2023

ကလေး‌တွေနားမှာ ဆေးလိပ်မသောက်သင့်တဲ့အကြောင်းအရင်း

ဆေးလိပ်ငွေ့တွေရှူမိခြင်းက မွေးကင်းစကလေးရုတ်တရက်သေဆုံးခြင်း Infant Death Syndrome (SIDS) ကိုဖြစ်စေနိုင်ပါတယ်။❗

ဒါတင်မကသေးပါဘူး။ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတဲ့ကလေးလေးတွေမှာ
🔸အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း
🔸နားကနေတစ်ဆင့် ပိုးဝင်ကူးစက်မှုများဖြစ်ခြင်း
🔸ပန်းနာရင်ကျပ် Asthma Attack ဖြစ်နိုင်ခြေမြင့်စေခြင်း စတဲ့ ဘေးအန္တရာယ်တွေဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အသက်ငယ်လွန်းတဲ့ကလေးလေးတွေရဲ့ပတ်ဝန်းကျင်မှာ ဆေးလိပ် လုံးဝလုံးဝမသောက်ဖို့ သတိပေးလိုက်ပါရစေ။🚫

18/03/2023
14/03/2023

Cancer ဘာကြောင့်ဖြစ်တာလဲ။

လူတော်တော်များများ cancer လို့ ပြောလိုက်တာနဲ့ ကြောက်တတ်ကြတယ်။

ကျန်းမာရေး ဂရုမစိုက်မိိလို့ Cancer ကို နောက်ကျမှသိရပြီး မလိုအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြုံကြတဲ့သူလည်း ဒုနဲ့ဒေးပဲ။

မိတ်ဆွေရော cancer ဖြစ်တဲ့အကြောင်းအရင်းတွေကိုသေချာသိပြီလား။

Cancer ဖြစ်စေတဲ့ယေဘုကျအကြောင်းရင်းတွေကိုလေ့လာပြီး အနှစ်ချုပ်ကြည့်ရင်…

(1) genetic makeup

ကိုယ့်ရဲ့ မိသားစုပတ်ဝန်းကျင်မှာcancer ဖြစ်ဖူးတဲ့ ရာဇဝင်ရှိရင် genetic mutation ကြောင့် မိမိမှာလည်း cancer ဖြစ်နိုင်ချေအနည်းငယ်များစေတယ်။ ဥပမာ ရင်သားကင်ဆာတို့လိုမျိုးပေါ့။ ဒါပေမဲ့ cancer တွေရဲ့ ၅%ကနေ ၁၀%လောက်ထိပဲ မိဘမျိုးရိုးကဆင်းသက်လာတဲ့ genetic mutation ကြောင့်ဖြစ်နိုင်တာပါ။

(၂)ဆေးလိပ်သောက်ခြင်း

To***co smoke မှာ ကင်ဆာဖြစ်စေတဲ့ carcinogens အနည်းဆုံး ၆၉ လောက် ပါဝင်တယ်။ ဆေးလိပ်သောက်တာအပြင် ဆေးလိပ်ငွေ့ရှူမိတာကလည်း ကျန်းမာရေးပြဿနာတွေနဲ့ cancer ဖြစ်နိုင်ချေကို သိသိသာသာမြင့်တက်စေတယ်။ ဆေးလိပ်သောက်တာကနေ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်cancer တွေကို ဖြစ်န်ိုင်စေတယ်။

(၃) Ultraviolet Radiation နဲ့ထိတွေ့မှူ

နေရောင်ခြည်မှာ ပါဝင်တဲ့ Ultraviolet Radiation (UV) ကို အလွန်အကျွံထိတွေ့ရတာက အသားအရေကို ထိခိုက်စေသလို skin cancer ဖြစ်နိုင်ချေကိုလည်း မြင့်တက်စေတယ်။

ဒီအချက်တွေအပြင် အဝလွန်တာ၊ စားသောက်နေထိုင်မှုအမှားတွေ၊ဓာတ်ရောင်ခြည်ထိတွေ့မှူတွေ၊ တခြားရှားပါးဖြစ်စဉ်အကြောင်းအရာတွေလည်း cancer ဖြစ်နိုင်တယ်။

ဒီနေ့ဖော်ပြပေးသွားတဲ့ cancer ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ causes တွေထဲပါတာမို့…

ဆေးလိပ်သောက်တာနဲ့ UV ကို အလွန်အကျွံထိတွေ့တာကိုတော့ နည်းနိုင်သမျှနည်းအောင် ရှောင်သင့်တယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr.Thuta

14/03/2023

Strawberry ရဲ့ ကျန်းမာရေးဆိုင်ရာ လျှို့ဝှက်ချက်များ

စတော်ဘယ်ရီစားတာကို ကြိုက်ကြတဲ့ မိတ်ဆွေတွေရှိလား။

တော်တော်များများက စတော်ဘယ်ရီကို အသီးလိုက်စားတာအပြင် ဖျော်ရည်သောက်တာမျိုး၊ salad မှာထည့်တာမျိုး လုပ်စားတတ်ကြတယ်။

စတော်ဘယ်ရီက သာမန် အသီးအနှံအဖြစ်စားနိုင်ရုံသာမကဘဲ ကျွန်တော်တို့အတွက် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ အများကြီးပေးနိုင်တယ်။

🍓 စတော်ဘယ်ရီမှာ vitamin C အပြင် တခြားသော potassium နဲ့ manganese ဓာတ်တွေလည်းပါဝင်တယ်။

🍓Antioxidants ပါဝင်မှူများတဲ့အတွက် oxidative stress ကို ကာကွယ်ပေးနိုင်တယ်။

🍓လိုအပ်တဲ့cholesterol level ကို မြင့်တက်စေခြင်းအားဖြင့်လည်း strawberry က နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်။

🍓Strawberry မှာပါဝင်တဲ့ Antioxidants က အသက်အရွယ်ကြီးလာတဲ့အခါဖြစ်ပေါ်လာနိုင်တဲ့ မှတ်ဉာဏ်စွမ်းရည်လျော့နည်းလာတာမျိုးလို cognitive decline ကို ကျဆင်းစေတယ်။

🍓Fiber ဓာတ်ကြွယ်ဝတဲ့အတွက်လည်း အစာခြေနိုင်စွမ်းကိုပိုမိုကောင်းမွန်စေသလို ဝမ်းချုပ်တာမျိုးကို ကာကွယ်ပေးတယ်။

ဒီလို ကျန်းမာရေးကောင်းကျိုးတွေအများကြီးရှိတဲ့အတွက် ကျွန်တော်ကတော့ စတော်ဘယ်ရီလို အသီးအနှံတွေကို မမေ့ဘဲ စားပေးဖို့တိုက်တွန်းတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr.Thuta

14/03/2023

Screen time များနေသူတွေ မျက်လုံးမထိခိုက်အောင် လုပ်သင့်တဲ့အချက်

ကိုယ့်ရဲ့ screen time က တစ်ရက်ကို ပျှမ်းမျှ (၅)နာရီထက် ကျော်နေတဲ့သူတွေထဲမှာ မိတ်ဆွေပါလား။

ကျွန်တော်တို့သုံးနေတဲ့ phone ကို screentime limit ထားလည်း ဒီလိုနည်းလမ်းတွေက screentime ကိုမလျော့သွားကြတတ်ဘူး။

ဘာလို့လဲဆိုတော့..
Internet, phone တွေက ကျွန်တော်တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းတင်မဟုတ်တော့ဘဲ နေ့စဉ်အချိန်တိုင်းကို နေရာယူလာကြလို့ပဲ။

ကျောင်းသားပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေသူပဲ ဖြစ်ဖြစ် screen time ရှောင်လွဲလို့မရတဲ့ အခြေအနေမှာ…

မျက်လုံးကျန်းမာရေးမထိခိုက်အောင် ကာကွယ်ဖို့တော့ အရေးကြီးတယ်။

(၁) ၂၀-၂၀-၂၀ rule ကို လိုက်နာပါ။

ဒီနည်းလမ်းက ရိုးလည်းရိုးရှင်းသလို လက်တွေ့မှာလည်းအလုပ်ဖြစ်တယ်။

Screentime မိနစ်(၂၀)ကြာတိုင်းမှာ ကိုယ်နဲ့ ပေ(၂၀)လောက်ဝေးတဲ့နေရာကို စက္ကန့် ၂၀ လောက် စူးစူးစိုက်စိုက်ကြည့်ပေး။

ဒီလိုလုပ်တာက မျက်လုံးကို အနားပေးရာလည်းရောက်တယ်။

မိနစ်(၂၀)တိုင်း နာရီမှာ alarm ပေးပြီးလုပ်လည်းအဆင်ပြေတယ်။

(၂) မျက်တောင်ခတ်ဖို့် သတိထားပါ။

ပုံမှန်အားဖြင့် screenကြည့်တဲ့အခါ၊ စာဖတ်တဲ့အခါမှာ မျက်တောင်ခတ်တဲ့ အကြိမ်ရေက လျော့သွားတတ်တယ်။ ဒါကြောင့် မျက်လုံးစပ်တာ၊ မျက်စိညောင်းတာမျိုးဖြစ်စေတယ်။

ဒါကြောင့် သတိထားပြီး မျက်တောင်ခတ်ဖို့ လိုတယ်။

(၃) computer screen ရဲ့ brightness နဲ့ ကိုယ်ရဲ့posture ကို မှန်အောင်ပြင်ပါ။

ကိုယ်ခန္ဓာ postureက screen နဲ့တအားနီးတာ၊ ဝေးတာက အချ်ိန်ကြာလာရင် မျက်လုံးညောင်းတာအပြင် ဇက်ညောင်းတာ၊ ပုခုံးနာတာမျိုးဖြစ်စေတယ်။
ပြီးတော့ computer ကထုတ်လွှတ်တဲ့ blue light ကလည်း ကြာကြာကြည့်ရင် မျက်လုံးကို ဒဏ်ပိစေတယ်။

ဒါကြောင့် ကိုယ်နဲ့အဆင်ပြေမဲ့ posture၊ မနည်းလွန်းမများလွန်းတဲ့ screen brightness level ထားတာက screentime များလည်း နောက်ဆက်တွဲဆိုးကျိုးကို အနည်းနဲ့အများသက်သာစေတယ်။

မိတ်ဆွေတို့ရော တစ်ရက်ကို screentime ဘယ်​လောက်ရှိကြလဲ။
ကိုယ့်ရဲ့မျက်လုံးကျန်းမာရေးအတွက်ရော ဘာတွေလုပ်ဖြစ်ကြလဲ။
Comment မှာရေးခဲ့ပေးပါဦး။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr.Thuta

03/02/2023

ညဘက် အိပ်မပျော်ရင် ဘာလုပ်သင့်လဲ။

ညဘက်ဆို တော်ရုံ အိပ်မပျော်ဘူး…
အိပ်ရေးမဝဘူး…
ဆိုတဲ့ စကားတွေကို

အခုနောက်ပိုင်းမှာ လူကြီးတွေသာမကဘဲ လူငယ်တွေဆီကပါ ခဏခဏကြားရတယ်။

အိပ်ချိန်မပြည့်ရင် တစ်နေ့တာ ဘာလုပ်လုပ်အဆင်မပြေတာမျိုး ကြုံဖူးကြမှာပါ။

အိပ်မပျော်တဲ့ပြဿနာကို လူငယ် ၁၀%ကနေ ၂၀% လောက်ထိ ရင်ဆိုင်နေကြရပြီး

Depression ခံစားနေရတဲ့ လူငယ် ၇၅% လောက်ကလည်း အိပ်မပျော်တဲ့ insomnia ပြဿနာရှိကြတယ်။

အိပ်မပျော်တဲ့ အခြေအနေက ကြာလာတဲ့အခါ
Sleep disorder ကြုံတွေ့နိုင်သလို
သွေးတိုး၊ ဆီးချိုရောဂါ၊ အဝလွန်တာ၊ heart attack နဲ့ depression ဝင်တာမျိုး
စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တယ်။

ဒါကြောင့် ညဘက်တွေ အိပ်ပျော်ရခက်ခဲလာတယ်ဆိုပြီး သတိထားမိရင်…

🌟ညဘက်မှာ မိနစ်(၃၀)လောက်အတွင်း အိပ်မပျော်ရင် ပေါ့ပေါ့ပါးပါးလုပ်စရာရှိတာမျိုးဖြစ်တဲ့ အဝတ်ခေါက်တာ၊ ပစ္စည်းရှင်းတာမျိုးလုပ်ကြည့်ပါ။

🌟ပတ်ဝန်းကျင်မှာ ဖွင့်ထားတဲ့ မီးတွေပိတ်ပြီး အိပ်ပါ။

🌟မအိပ်ခင် တစ်နာရီအလ်ိုလောက်မှာ ဖုန်းသုံးတာ၊ computer screen ကြည့်တာမျိုးက်ိုလည်း ရှောင်ပါ။

🌟နေ့လယ်နေ့ခင်း တရေးတမောအိပ်တတ်တယ်ဆိုရင် အကြာကြီး မအိပ်ပါနဲ့။

🌟မအိပ်ခင် Coffee၊ အရက် သောက်တာမျိုး၊ အစာစားတာမျိုးမလုပ်ပါနဲ့။

🌟 ညဘက်တွေမှာ ရေနွေးနဲ့ရေချိုးတာ၊ Journalling လုပ်တာ၊ ပုံဆွဲတာမျိုးလုပ်နိုင်ပါတယ်။

🌟တစ်ခါတစ်လေ overthinking တွေ negative အတွေးတွေနဲ့ပဲ အိပ်မပျော်ဖြစ်တတ်တဲ့အတွက် ဝင်လေထွက်လေမှတ်တာမျိုး၊ mindfulness activity လုပ်တာမျိုးတွေက အိပ်စက်ခြင်းကို ပိုပြီး အထောက်အကူပြုစေတယ်။

ကျွန်တော်တို့တွေသေချာ အနားယူဖြစ်တဲ့အချိန်က အိပ်ချိန်ပဲဖြစ်တာကြောင့် အိပ်ချိန် schedule ကို သေချာသတ်မှတ်ထားသင့်တယ်။

တစ်ရက်နဲ့တစ်ရက် အိပ်ချိန်မတူရင်လည်း အိပ်ပျော်ဖို့ခက်ခဲတတ်တယ်။

မိတ်ဆွေတို့ရော ဘယ်ချ်ိန်ကနေ ဘယ်ချိန်အတွင်း အိပ်လေ့ရှိကြလဲ။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta

03/02/2023
01/11/2022

👶ရင်သွေးငယ်လေးများ နှင့် ကာကွယ်ဆေးများ အကြောင်း သိကောင်းစရာ


ကလေးငယ်တွေကို အသက်အပိုင်းအခြားလိုက် ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေက များသောအားဖြင့် စိတ်ပူစရာ မရှိပါဘူး။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ ကာကွယ်ဆေးထိုးဖို့ မသင့်တော်တဲ့ အခြေအနေလေးတွေ ရှိပါတယ်။
✅ ကာကွယ်ဆေးထိုးမဲ့နေ့မှာ ကလေးက အဖျားရှိနေရင် ကာကွယ်ဆေးထိုးမဲ့နေ့ကို နောက်နေ့ရွှေ့ပြီး ကလေးနေကောင်းမှ ဆက်ထိုးသင့်ပါတယ်။
✅ ကာကွယ်ဆေး တစ်မျိုးမျိုးကြောင့် ဆေးထိုးပြီးတာ နဲ့ ဆေးမတည့်ဖြစ်ထားရင် ထိုဆေးကို နောက်တစ်ကြိမ် ထပ်မထိုးသင့်ပါ။ ဆရာဝန်အား အကျိုးကြောင်း သေချာ ပြောပြရပါမယ်။
✅ ကလေးငယ် ထိုးမဲ့ ကာကွယ်ဆေးမှာ ကလေးနဲ့ မတည့်တဲ့ ဓာတုပစ္စည်းတွေ ပါနေရင် ထိုကာကွယ်ဆေးကို အစကတည်းက မထိုးသင့်ပါ။

ကာကွယ်ဆေးထိုးပြီးရင် ဘာတွေဖြစ်တတ်လဲ❓
👉 ထိုးပြီးပြီးချင်း ကာကွယ်ဆေး အရှိန်ကြောင့် ထိုးထားတဲ့ နေရာက ယောင်ရမ်းခြင်း၊ နီခြင်း၊ နာခြင်း နှင့် အဖျား နည်းနည်းတက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ထိုလက္ခဏာများသည် အများအားဖြင့် ၂-၃ရက် အထိ ကြာတတ်ပါတယ်။ ဆေးထိုးထားတဲ့ နေရာကို ရေခဲကပ်ပေး လို့ရပါတယ်။ အဖျား ၁၀၂ ဒီဂရီ ဖာရင်ဟိုက် နှင့် အထက် ရှိပါက ပါရာစီတမော ကို ဆရာဝန် ညွှန်ကြားချက် အတိုင်း တိုက်နိုက်ပါတယ်။ ကလေးငယ်အား အသက်အရွယ် ပေါ်မူတည်ပြီး မိခင်နို့ (သို့) ရေ များများ တိုက်ပါ။ ကလေးကို အနှီး (သို့) အဝတ်များဖြင့် လိုအပ် သည်ထက် ထုတ်ခြင်းကို ရှောင်ကျဉ်ပါ။
👉 ဆေးထိုးပြီး ၁-၂ရက် အတွင်း ပုံမှန်ထက် ပိုအိပ်ခြင်း (သို့) အိပ်ခါနီး ဂျီကျခြင်း၊ အစားစားတာ နည်းခြင်း နှင့် ကစားတာနည်းသွားခြင်းများလည်း ဖြစ်လေ့ရှိပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသင့်သလဲ❓
1️⃣ ဆေးထိုးပြီး ၂ရက် အကြာမှ ဆေးထိုးထားတဲ့ နရာက နီပြီးယောင်ရမ်းလာခြင်း (သို့) ဖျားခြင်း
2️⃣ နီမြန်းနေခြင်းက ၂ လက်မ နှင့် အထက်ရှိခြင်း
3️⃣ကိုက်ခဲခြင်း၊ နာခြင်း နှင့် နီမြန်းခြင်းက ဆေးထိုးပြီး ၁-၂ရက် အတွင်း သက်သာမလာပဲ ပိုဆိုးလာခြင်း (သို့) ထိုလက္ခဏာများ ၇ရက် နှင့် အထက် ခံစားနေရခြင်း
4️⃣ အဖျား ၃ရက် နှင့် အထက် ရှိခြင်း
5️⃣ ကလေး အခြေအနေ ဆိုးလာသည်ကို သိသိသာသာ မြင်နေရခြင်း
6️⃣ ဆေးမတည့်သည့် လက္ခဏာများ ဖြစ်တဲ့
➡️ အနီကွက်များ ထွက်လာခြင်း
➡️ မူးဝေခြင်း နှင့် သတိလစ်ခြင်း
➡️ ရှော့ခ်ဝင်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ဆီးနည်းခြင်း၊ ခြေထောက် နှင့် လက် အရင်းပိုင်းများ အေးနေခြင်း
➡️ မျက်နှာ နှင့် လည်ပင် နီမြန်းပြီး ဖောယောင်လာခြင်း
➡️ အသက်ရှုကျပ်လာခြင်း နှင့် အသက်ရှုထုတ်လိုက်တိုင်း တရွှီရွှီမြည်ခြင်း
➡️ အသံသြော လာခြင်း စတဲ့ လက္ခဏာတွေရှိနေခြင်း

ဒီလောက်ဆို မေမေတို့လည်း ကာကွယ်ဆေးထိုးပြီး ကလေးငယ်လေးတွေမှာ ဖြစ်လေ့ရှိတာလေးတွေ နဲ့ ဆရာဝန်ဆီ ပြန်လာပြသင့်တဲ့ အခြေအနေလေးတွေကို သေချာသိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Address

ရွာမပိုင်း ဗိုလ်ချုပ် သန်လျင်
Thanlyin

Telephone

+959969448441

Website

Alerts

Be the first to know and let us send you an email when လရိပ် အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လရိပ် အထွေထွေရောဂါကုဆေးခန်း:

Share