
20/06/2024
အမှတ်တရ
နောက်ဆုံးတော့လဲ လိပ်ပြာသိပ်ပြီးခဲ့ပါပြီ
ထူးခြားတဲ့ဖြစ်ရပ်တွေလည်းဖြစ်ခဲ့တယ်
နတ်ကတော်ရှာမရလို့ လက်မှိူင်ကျနေတဲ့အဆုံး
"အမေရေ အမေ့သားကိုကူပါဦး" လို့ ကြုံးဝါးလိုက်တဲ့အချိန်
နောက်နေ့လည်းကျရော အနီးနားကမြို့ကို မဟာစံခန်းနတ်ပညာ လာတက်တဲ့ အမေကြီး ခေါင်းစွဲနတ်ကတော်လေး နှစ်ယောက်ကို ဆိုက်ဆိုက်မြိုက်ကို online ကနေတွေ့ခဲ့ရပါတယ်
တွေ့ပြီးနောက်နေ့မှာပဲ လိပ်ပြာသိပ်ခွင့်ရခဲ့ပါတယ်
အိမ်တိုင်ရာရောက်လာသိပ်ပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်
အမေတို့ရဲ့ဘုန်းတော်က အံ့ခမန်းပါဘုရား🙏🙏
အခုချိန်ထိတောင်မယုံနိုင်သေး အဖြစ်ပျက်က မြန်လွန်းလို့
နတ်ဆရာလေး Khant Oak Soe Maung တို့ နှစ်ယောက်ကိုလဲ အမြဲကျေးဇူးတင်လျက်