Physiotherapy Home Care in Myanmar

Physiotherapy Home Care in Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Physiotherapy Home Care in Myanmar, Medical and health, Thanlyin.

Happy New Year to you All 🎉🎊🎉🎊
01/01/2024

Happy New Year to you All 🎉🎊🎉🎊

"Merry Christmas to You All">> Wishing You and Your Family Peace, Happiness and Good Luck
25/12/2023

"Merry Christmas to You All"
>> Wishing You and Your Family Peace, Happiness and Good Luck

  arthritis လို့ခေါ်တဲ့ သွေးလေးဖက်နာ ရောဂါက ကိုယ့် immune system ကနေ ကိုယ်ခန္ဓာထဲမှာရှိတဲ့ health tissuesတွေကိုမှားပြီး ...
16/07/2023

arthritis လို့ခေါ်တဲ့ သွေးလေးဖက်နာ ရောဂါက ကိုယ့် immune system ကနေ ကိုယ်ခန္ဓာထဲမှာရှိတဲ့ health tissuesတွေကိုမှားပြီး တိုက်ခတ်မိတာကနေ ဖြစ်ပေါ်လာတာပါ။

RA ခံစားရတဲ့သူတွေက ခြေဆစ်၊ လက်ဆစ်တွေ ဖောင်းပြီးရောင်ကိုင်းလာမယ်။ ဒါတင်မက အားနည်းလွယ်ပြီး နေမကောင်း၊ အဖျားတက်လာမယ်။ ဒီ ရောဂါက အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ပိုဆိုးလာတာကြောင့် လုံးဝမပေါ့ဆဘဲ ဂရုစိုက်ဖို့လိုအပ်ပါတယ်။

Rheumatoid arthritis ကို ကုသဖို့ဆိုရင် X rays ရိုက်၊ lab tests တွေ ယူပြီး ဆရာဝန်ညွှန်းပေးတဲ့ဆေးတွေ ပုံမှန်သောက်သုံးရမှာပါ။ လူနာအနေနဲ့ ပုံမှန်ဆေးသောက်၊ ဆေးခန်းသွားရုံနဲ့တင် မလုံလောက်ပါဘူး၊ self management strategies တွေလည်း ကျင့်သုံးဖို့ လိုအပ်ပါတယ်။

✅️ အိပ်ရေးဝဝအိပ်တာ
✅️ ကျန်းမာရေးနဲ့ညီစွာ စားသုံးတာ
✅️ ရေနွေးအိတ်ကပ်တာ
✅️ Physiotherapy ပုံမှန်ပြုလုပ်တာ

စတဲ့ strategies တွေကို တတ်နိုင်သမျှ ပြုလုပ်ပေးသင့်ပါတယ်။

Physiotherapy လေ့ကျင့်ခန်းတွေကို စနစ်တကျ ပုံမှန်လေးပြုလုပ်ပေးရင်

💯 နာကျင်မှု သိသိသာသာလျော့နည်းလာမယ်
💯 အဆစ်တွေ လွယ်လွယ်ကူကူ ကွေးဆန့်နိုင်မယ်
💯 နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့ချပေးတယ်

ဒီအကျိုးကျေးဇူးတွေသာမက တစ်ကိုယ်လုံးမှာတဲ့ ကြွက်သားတွေပိုသန်မာလာပြီး နှစ်ခြိုက်စွာအိပ်စက်ဖို့ အထောက်အကူပြုပါတယ်။

▪️▪️▪️▪️

ဒီလို Self management strategies 💪🏼 တွေနဲ့ RA treatment ပြုလုပ်ဖို့ဆုံးဖြတ်ထားပြီးဆိုရင်တော့
ကို သတိရလိုက်ပါ။

ယုံကြည်စိတ်ချရတဲ့၊ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင် Physiotherapist နဲ့ ပြသနိုင်မှာ ဖြစ်ပါတယ်။

☎️ 09 450 96 2055 ကို ဆက်သွယ်လိုက်ရုံနဲ့

✅️ ရောဂါအကြောင်း တစ်ဦးချင်း ဆွေးနွေးပေးမယ်

✅️ အိမ်တိုင်ရာရောက် Home visit လာရောက်စမ်းသပ်ကုသပေးမှာပဲ ဖြစ်ပါတယ်

✅️ Payment အနေနဲ့ Cash/Kpay/Wave နဲ့ချေလို့ရပါတယ်

28/06/2023

လေဖြတ်ထားသူများ၊ အာရုံကြောအားနည်း
သူများ နှင့် ကလေးငယ်များရဲ့ လက်ကောက်ဝတ်နှင့် လက်ဆစ်ကလေးများ သန်မာစေရန်လေ့ကျင့်ရာတွင် အထောက်အကူပြုပေးတဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။

စျေးနှုန်းလေးကတော့ #၂၀၀၀၀ကျပ် ဖြစ်ပြီး Function (7) ခုတောင် ပါ ပါတယ် ။

မှာယူလိုပါက chat boxမှ ဖြစ်စေ၊ ဖုန်းနံပါတ် 09-450962055 ကို ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ် ရှင့် ။

24/06/2023

🙏 အားလုံးပဲ မင်္ဂလာပါရှင့်🙏

ဒီ video လေးကတော့ Physiotherapy Home Care in Myanmarရဲ့ ဝန်ဆောင်မှုများကို ရိုက်ကူးတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။
📞Physiotherapy Home Care in Myanmar နှင့် ဆွေးနွေးကုသမှုရယူလိုပါက chat box မှ ဖြစ်စေ၊ ဖုန်းနံပါတ် 09450962055 ကို ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

" သာယာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင့် "

( English Below )ကိုယ်​နေဟန်ထား မှန်ကန်​အောင်​နေဖို့ လိုအပ်သလား?ကိုယ်​နေဟန်ထား မှန်ကန်​အောင်​နေထိုင်ခြင်းဆိုတာဟာ အ​ပြင်ပ...
16/06/2023

( English Below )

ကိုယ်​နေဟန်ထား မှန်ကန်​အောင်​နေဖို့ လိုအပ်သလား?

ကိုယ်​နေဟန်ထား မှန်ကန်​အောင်​နေထိုင်ခြင်းဆိုတာဟာ အ​ပြင်ပန်း ကြည့်​ကောင်း​နေဖို့အတွက်သာမဟုတ်ဘဲ ခန္ဓါကိုယ်မှာရှိတဲ့ ကြွက်သား​တွေ၊ အရိုး​​တွေ၊ အဆစ်​တွေနဲ့ အခြား​သော ဖြစ်စဥ်​တွေအတွက်ပါ အရမ်းပဲအ​ရေးပါလှပါတယ်။ လမ်း​လျှောက်​နေတဲ့အခါမှာပဲဖြစ်​စေ၊ ထိုင်​နေတဲ့အခါ၊ မတ်တပ်ရပ်​နေတဲ့အခါမျိုးမှာပဲဖြစ်​စေ ကိုယ်​နေဟန်ထား မှန်ကန်​နေဖို့က အ​ရေးကြီးလှပါတယ်။ မှားယွင်းတဲ့ကိုယ်​နေဟန်ထား​တွေဟာ ခန္ဓါကိုယ်အတွက် မလိုလားအပ်တဲ့ ဆိုးကျိုး​တွေနဲ့ ​ဝေဒနာ​တွေကို မိမိကိုယ်တိုင်မသိရှိနိုင်ဘဲ ​ခေါ်လာတတ်လို့ပဲဖြစ်ပါတယ်။

ဒါဆို ကျွန်မတို့ အနီးစပ်ဆုံး ဥပမာ​​တွေနဲ့​ပြောကြည့်ကြရ​အောင်..
မနက်ရုံးတက်ချိန် ဒါမှဟုတ်ရုံးဆင်းချိန်​တွေမှာ ဘတ်စ်ကား​စောင့်ရတဲ့အချိန် ကိုယ်ဟာ ​​ခြေ​ထောက်တစ်ဖက်တည်းကိုပဲ အားပြုပြီး ရပ်​နေသလား?​ခြေ​ထောက် ၂ဖက်လုံး​ပေါ်မှာ အ​လေးချိန်မျှ​အောင် ရပ်​နေတတ်သလား?
ဒါဟာ စိတ်ထဲမှာ​တော့ အ​သေးအမွှားကိစ္စ​လေးလို့ထင်ရ​ပေမယ့် တကယ်​တော့ခန္ဓါကိုယ်တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ​ဆိုးကျိုး​တွေကို ဖြစ်​စေတတ်ပါတယ်..
မိမိဟာ ​မတ်တပ်ရပ်တဲ့အခါ ​ခြေ​ထောက်တစ်ဖက်တည်းကိုပဲ ဖိအား​ပေး ရပ်တတ်တဲ့သူဆိုရင် ပထမဆုံးအ​နေနဲ့ အားပြုထားတဲ့​ခြေ​ထောက်မှာရှိတဲ့ ကြွက်သား​တွေဟာ ​တောင့်တင်းပြီး နာကျင်လာပါလိမ့်မယ်.. ခန္ဓါကိုယ်ရဲ့အ​လေးချိန်သက်​ရောက်မှုဟာလည်း မှန်ကန်မှုမရှိ​တော့တာ​ကြောင့် အရိုး အဆစ်​တွေကို နာ​ကျင်လာ​စေတဲ့အပြင် ​သွေးလှည့်ပတ်မှုကိုလည်း အ​နှောင့်အယှက်ပြုလာပါလိမ့်မယ်..
ဒါ​ကြောင့် ​အချိန်ကြာရှည်စွာ မတ်တပ်ရပ်ရတဲ့အခါမျိုးမှာ ​ခြေ​ထောက်တစ်ဖက်တည်းကို အားပြုခြင်းမျိုး ​ရှောင်ကြည်သင့်ပါတယ်..
ဒါ့အပြင် ထိုင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ လမ်း​လျှောက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် မိမိ​ကျောရိုးဟာ အ​ရှေ့သို့ ကုန်း​နေခြင်း၊ အ​နောက်သို့လန်​နေခြင်းမျိုး မဖြစ်​စေဘဲ မှန်ကန်တဲ့ အ​နေအထားတစ်ခုမှာရှိ​နေသင့်ပါတယ်။
အထူးသဖြင့် ခါးအ​ရှေ့ဘက်သို့ကုန်း​နေခြင်းဟာ အခုအချိန် လူငယ်​တွေ​တော်​တော်များများမှာ အ​တွေ့ရအများဆုံး အ​ခြေအ​နေတစ်ခု ဖြစ်လာခဲ့ပါပြီ။ မိမိကိုယ်တိုင်ကပင် သတိမမူမိဘဲ ကိုယ်ခန္ဓါဟာ အ​နေအထားဟာ မှားယွင်း​နေတတ်တာ​ကြောင့် အမြဲသတိရှိနေဖို့​တော့ လိုအပ်ပါတယ်။

ဘယ်လိုပြုပြင်ကြမလဲ?
ကိုယ်​နေဟန်ထား ပြုပြင်နိုင်တဲ့ ​လေ့ကျင့်ခန်း​တွေ အများကြီးထဲကမှ လုပ်​ဆောင်ရလွယ်ကူတဲ့ ​လေ့ကျင့်ခန်း​လေး​တွေကို ​ဖော်ပြ​ပေးသွားပါ့မယ်​..
ပထမဆုံး​လေ့ကျင့်ခန်း​လေးက​တော့ နံရံတစ်ခုကိုမှီပြီး မိမိရဲ့ ​​ခြေဖ​နောင့်၊ ​ခြေသလုံး၊ ပခုံး၊​နောက်​ကျော နဲ့ ​ဦး​ခေါင်းကို ထိ​စေပြီး နံရံကို 5 sec ခန့် တွန်း​ပေးပါ။ ( လက်ကို တံ​တောင်ဆစ် 90° ​ကွေးထား​သော အ​နေအထားနှင့် တစ်ဖက်တစ်ချက်စီ ​​မြှောက်ထားရပါမယ် )
5 sec ပြည့်သွားရင် ဖြည်းဖြည်းချင်း ပြန်​လျှော့​ပေးပါ။ ဒီ​လေ့ကျင့်ခန်းကို ၁၀ကြိမ် မှ ၁၅ ကြိမ်ခန့် လုပ်​ပေးနိုင်ပါတယ်။
​နောက်တစ်မျိုးအ​နေနဲ့က​တော့ Cat Cow လို့​ခေါ်တဲ့ ​လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။
ပြင်ညီတစ်ခု​ပေါ်မှာ လက်ဖဝါး၊ ဒူးကို​ထောက်ထား​တဲ့အ​နေအထားအတိုင်း ​နေ​စေပြီး ခါးကို မြင့်လိုက် နိမ့်လိုက် လုပ်​ပေးရမှာပဲဖြစ်ပါတယ်။
ဒီ​လေ့ကျင့်ခန်းကိုလည်း ၁၀ ကြိမ်မှ ၁၅ကြိမ်ထိ လုပ်နိုင်ပါတယ်။
ကိုယ်တိုင်​လေ့ကျင့်ခန်းမလုပ်နိုင်သူများသည်လည်း Physiotherapist များရဲ့ လမ်းညွှန်ချက်များအတိုင်း လိုက်နာလုပ်​ဆောင်သင့်ပါတယ်။

ကိုယ်​နေဟန်ထား​မှားယွင်းစွာ ​နေထိုင်ခြင်းဟာ အရိုး၊ အဆစ်၊ အ​ကြော များအပြင် ​နှလုံး လုပ်​ဆောင်ချက်၊ အဆုတ်လုပ်​ဆောင်ချက် နှင့် အူလမ်း​ကြောင်းလုပ်​ဆောင်ချက်များကိုပါ ထိခိုက်​စေတဲ့အတွက် ​ပေါ့​ပေါ့တန်တန်မ​နေဘဲ အမြဲသတိထား​ပေးဖို့ အကြံပြုပါရ​စေရှင်..

အ​သေးစိတ်​ဆွေး​နွေးလိုတယ်ဆိုရင်လည်း ဖုန်းနံပါတ် 09450962055, 09698716095 ကို​ခေါ်ဆိုပြီး ကျွန်မတို့ PHCM မှ အ​တွေ့အကြုံရင့် Physiotherapist များနှင့်လည်း ​ဆွေး​နွေးတိုင်ပင်နိုင်ပါတယ်ရှင်..
လူကြီးမင်းတို့ ကျန်းမာလှပ​​သော အနာဂတ်များပိုင်ဆိုင်နိုင်ဖို့ PHCM က​နေပြီး တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပါရ​စေ..

( English )

Do u need to change body alignment correctly?
Proper body alignment is essential for not only looking good but also process of the muscles,bones and the joints of the whole body.It is very important in standing, sitting and walking.
Inproper body alignment can invite disavandages and diseases of the body when we don’t know ourself.

Let say about this as example,
During going to or back from office, “Do we stand on one leg?” or “Do we stand on both legs equally” while we are waiting to take a bus.It is the very small case in our mind but it may be many disadvanges of the whole body.
If the person who like to stand on one leg,
You may have tightness and feel pain on the pressure leg.Moreover, It can cause bones and joints pain and then inhibit the blood circulation. So, we should avoid to stand on one leg for long time.
Then, we should care our back not to be flexion forward or not to be extension backward when sitting and walking.
Nowadays, kyphosis posture is especially popular in young people. So, we need to care our body alignment ever.
How to correct our body alignment
We will describe about most easiest correcting body alignment exercises.
First exercise is that our heels,calves,shoulders,back and head touch the wall and press to 5 sec.(Show as picture).10 to 15 times a day.
Second one is the Cat Cow exercise that we do prone kneeling on the plane and then flex and extend of the back.10 to 15 times a day.
If you don’t know how to do, you should follow the physiotherapist’s instructions.
We advise to you not to neglect your body alignment as it can cause bones, joints,muscles pain and then it can enhance cardiac functions, pulmonary functions and gastro-intestinal functions.

For more informations, Contact us -09450962055

📌📌Piriformis Syndromeဆိုတာဘာလဲ?  Priformis Syndrome ဆိုတာ လူတော်တော်များများမှာဖြစ်လေ့ရှိတဲ့ တင်ပခွက်နာခြင်း၊ခြေထောက်တစ်...
05/06/2023

📌📌Piriformis Syndromeဆိုတာဘာလဲ?

Priformis Syndrome ဆိုတာ လူတော်တော်များများမှာဖြစ်လေ့ရှိတဲ့ တင်ပခွက်နာခြင်း၊ခြေထောက်တစ်ခုလုံးလေးပြီးဆွဲနေခြင်း၊နာနေခြင်း၊ခြေဖဝါးကျဉ်နေခြင်း၊ကြာကြာ မတ်တပ်မရပ်နိုင်ခြင်း၊လမ်းမလျှောက်နိုင်ခြင်းကို ဖြစ်စေတဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။
Piriformis Syndromeက ဘာကြောင့်ဖြစ်တာလဲ?🤔
Piriformis muscleထိခိုက်ဒဏ်ရာရခြင်း၊ယောင်ယမ်းခြင်း၊muscleရှိ tissueများအမာရွတ်ဖြစ်ခြင်းတွေကြောင့် muscleက ဆံးခုံမှပေါင်သို့သွားတဲ့ အကြီးဆုံးအာရုံကြောကို သွားဖိမိတဲ့အတွက်ကြောင့်ဖြစ်လာခြင်းဖြစ်ပါတယ်။

🎯ဘယ်လိုကုသမလဲ?

-ရက်အနည်းငယ်လောက် အနားယူပေးခြင်း
-ကြွက်သားတွေ ကျုံ့နိုင် ဆန့်နိုင်အောင် အိမ်တွင်းလေ့ကျင့်ခန်းလေးတွေပြုလုပ်ပေးခြင်း
-ကြွက်သားတွေကို relaxလုပ်ဖို့ Medication လုပ်ပေးခြင်း
-ကျွမ်းကျင်တဲ့ physiotherapistနဲ့တိုင်ပင်ပြီး Piriformis muscle ကိုဆန့်နိုင်အောင်လုပ်ပေးခြင်း၊သန်မာအောင်ပြုလုပ်ပေးခြင်း Physiotheraphyနည်းဆိုင်ရာ စက်ကိရိယာများကို အသုံးပြု၍လည်း ကုသသင့်ပါတယ်။
-အယောင်ကျဆေး၊နာကျင်သက်သာတဲ့‌ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သောက်သုံးခြင်းတို့ပြုလုပ်ပေးရပါမယ်။

🎯ဘယ်လိုကာကွယ်ရမလဲ?

-ကြွက်သားတွေ ကျန်းမာအောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရမယ်။
-ထိုင်တဲ့အခါ၊မတ်တပ်ရပ်တဲ့အခါ ၊ကားမောင်းတဲ့အချိန်တွေမှာ position ကျကျနေရမယ်။
-အထိုင်များလာတဲ့အခါမှာ ခဏလောက်အနားယူပြီး မတ်တပ်ရပ်ခြင်း၊လမ်းလျှောက်ခြင်းတို့ပြုလုပ်ပေးရပါမယ်။
Piriformis Syndrome က အချိန်အကြာကြီးယူပြီးကုသစရာမလိုပါဘူး။နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ကုသမှုလေးတွေပြုလုပ်ပေးခြင်းဖြင့် ရက်ပိုင်းအတွင်းမှာ ပျောက်ကင်းနိုင်ပါတယ်။

🙏🏻ကျန်းမာပျော်ရွှင်သော ဘဝလေးများကို ပိုင်ဆိုင်
နိုင်ကြပါစေရှင့် 💓💓

25/05/2023

💪ပုခုံးနာခြင်းကြောင့် လက်ကို Range အပြည့်မမြှောက်နိုင်တဲ့အခါ လုပ်သင့်သည့် အိမ်တွင်းလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင့်..

✔️လေ့ကျင့်ခန်းမလုပ်မှီ ရေနွေးအိတ်လေးကို
#၁၅မိနစ်မှ၃၀မိနစ် ထိ ကပ်ပေးပါရှင့်။

☑️ video လေးမှာ နားမလည်တာ အဆင်မပြေတာလေးတွေရှိရင် chat box မှ ဖြစ်စေ ဖုန်းနဲ့ ဖြစ်စေ မေးမြန်း
နိုင်ပါတယ်ရှင့်။

🔔 Home Care in Myanmar team မှလည်း အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြန်လည်လုပ်ပေးနေပြီဖြစ်ကြောင့် သတင်းကောင်းလိုက်ပါရစေရှင့် ။

🙏🏻 ဘေးဘယာကင်းကွာ၍ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

Back Pain ( ခါးနာခြင်း )အခုအချိန်မှာတော့ ခါးနာခြင်းက လူကြီး လူငယ်မရွေး အဖြစ်များတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ခါးနာရခြင်း အ...
28/04/2023

Back Pain ( ခါးနာခြင်း )

အခုအချိန်မှာတော့ ခါးနာခြင်းက လူကြီး လူငယ်မရွေး အဖြစ်များတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ခါးနာရခြင်း အကြောင်းအရင်းပေါင်းများစွာရှိတဲ့ထဲက များသောအားဖြင့်ဆိုရင်တော့
1) ခန္ဓာကိုယ် အနေအထားမမှန်ပဲ လေးလံတဲ့ ပစ္စည်းတွေကို မ, ခြင်းကြောင့် ခါးနာခြင်း
2) ကျောရိုးဆစ် ကျွံခြင်း
3) ကျောရိုးမကြီးလမ်းကြောင်း ကျဉ်းမြောင်းလာခြင်း
4) အာရုံကြောညှပ်ခြင်း
5) ကျောက်ကပ်ရောဂါ၏ Referred Pain အဖြစ် ခါးနာလာခြင်း
6) ကိုယ်ဝန်ဆောင်များအနေဖြင့် ကိုယ်ဝန်အလေးချိန်ကြောင့် ကျောရိုးရဲ့အနေအထားဟာ အချိန်ကြာလာတာနဲ့အမျှ ခါးနာခြင်းကို ဖြစ်ပေါ်စေခြင်း စတာတွေကြောင့် ခံစားရတတ်ပါတယ်။

ဘယ်လိုအခြေအနေတွေကြောင့် ခံစားရတတ်လဲ?

1) ကိုယ်အလေးချိန်များလာတဲ့အခါ ကျောရိုးဘက်ကို ဒဏ်ပိုများလာစေတဲ့အတွက် ခါးနာခြင်းကို ဖြစ်စေပါတယ်။
2) စိတ်ဖီစီးမှုများတဲ့သူတွေမှာလည်း ခါးနာခြင်းကို တွေ့ရတတ်ပါတယ်။
3) အထိုင်များတဲ့သူတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူတွေမှာလည်း ကြွက်သားတွေ အားနည်းလာတတ်တာကြောင့် ခါးနာလာတတ်ပါတယ်။
4) ပုံစံမမှန်တဲ့ အလေးမခြင်းတွေဟာလည်း ခါးနာရခြင်းဖစ်ပေါ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။
5) အာရုံကြောညှပ်ခြင်း ခံစားလာရပြီဆိုရင်တော့ ခါးနာတာအပြင် ခြေထောက်တစ်လျှောက် ထုံခြင်း၊ နာခြင်းတွေကိုလည်း ခံစားလာရတတ်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ?

ခါးနာခြင်းကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ နေ့စဉ်လှုပ်ရှားမှုတွေထဲမှာ ခါးရိုးအနေအထားကို ဂရုစိုက်ပေးဖို့ပါပဲ!

1) ထိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ လေးလံတဲ့ ပစ္စည်းတဲ့ မ, တဲ့အခါပဲဖြစ်ဖြစ် ခါးရိုးအနေအထားကို ပုံစံမှန်ထားပြီး ပြုလုပ်ဖို့ လိုအပ်ပါတယ်။
2) ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးတာ၊ လမ်းလျှောက်တာ၊ ရေကူးတာတွေက ခါးနားခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ အဓိက အချက်တွေပဲဖြစ်ပါတယ်။
3) မိမိရဲ့ အရပ်အမောင်းနဲ့ လိုက်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်းဟာလည်း ခါးနာခြင်းကနေ ကင်းဝေးစေတဲ့ အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။

Physiotherapy Treatment

Physiotherapy ကုထုံးအနေနဲ့ကတော့ ဖြစ်ပွားတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး ကုသမှုပုံစံ ပြောင်းလဲတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ကွဲလွဲမှုတွေရှိတတ်ပါတယ်။

တကယ်လို့ ခါးနာနေပြီဆိုရင်တော့ ဘာ့ကြောင့် နာရသလဲဆိုတာကို အသေအချာသိရဖို့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဓာတ်မှန်ရိုက်တာတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

PHCM မှ Physiotherapist တွေအနေနဲ့လည်း ခါးနာတဲ့လူနာများအတွက်
1) Exercisetherapy,
2) Electrotherapy,
3) Hydrotherapy တွေကိုအသုံးပြုပြီး အကောင်းဆုံး အသင့်တော်ဆုံးဖြစ်စေမယ့် ကုသနည်းတွေနဲ့ ဂရုတစိုက် ကုသပေးလျက်ရှိနေပါတယ်။

ကုသမှုတွေအတွက် စုံစမ်းမေးမြန်းလိုသူများအနေနဲ့ ဖုန်းနံပါတ် 09450962055 ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။

PHCM ကနေပြီး လူကြီးမင်းတို့အနေနဲ့ ကျန်းမာသောဘဝများ ပိုင်ဆိုင်နိုင်စေဖို့ တဖက်တလမ်းကနေ ကူညီပေးပါရစေ။

Physiotherapyလို့ ပြောလိုက်တာနဲ့ တော်တော်များများက ဘာလဲဆိုပြီး ပြန်မေးခွန်းထုတ်တတ်ကြပါတယ်။ တကယ်တော့ Physiotherapy နည်းလမ...
21/04/2023

Physiotherapyလို့ ပြောလိုက်တာနဲ့ တော်တော်များများက ဘာလဲဆိုပြီး ပြန်မေးခွန်းထုတ်တတ်ကြပါတယ်။ တကယ်တော့ Physiotherapy နည်းလမ်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖူးသူတွေရှိပေမယ့် ဒါဟာ Physiotherapy နည်းလမ်းတွေအသုံးပြုနေတယ်ဆိုတာကို သတိမမူမိခဲ့ကြပါဘူး။
Physiotherapy ဆိုတာက အကြောင်းတစ်စုံတစ်ရာကြောင့် ယိုယွင်းသွားခဲ့တဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို လေ့ကျင့်ခန်းတွေ ပြုလုပ်ရင်းဖြစ်စေ၊ ခေတ်မီ စက်ကိရိယာတွေအသုံးပြုပြီးဖြစ်စေ ပြန်လည်သန်စွမ်းလာစေဖို့ ကုသပေးတဲ့ နည်းပညာ ( ခန္ဓာသန်စွမ်းမှု နည်းပညာ )ပဲ ဖြစ်ပါတယ်။ မတော်တဆမှုတွေကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ ဒဏ်ရာအနာတရဖြစ်တဲ့အခါ ( ဥပမာ - sport injuries )၊ အာရုံကြော ယိုယွင်းမှုတွေကြောင့် ရောဂါခံစားလာရတဲ့အခါ ( ဥပမာ - လေဖြတ်ခြင်း )၊ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေ ခံစားလာရတဲ့အခါ ( ဥပမာ - ပန်းနာရင်ကြပ်ဖြစ်ခြင်း ) အစရှိတဲ့ အကြောင်းကိစ္စတွေကြောင့် နိစ္စဓူဝ လှုပ်ရှားမှုတွေ မလုပ်နိုင်တဲ့အခါ Physiotherapy နည်းလမ်းတွေကို အသုံးပြုပြီး ပြန်လည်သန်စွမ်းလာအောင် ပြုလုပ်နိုင်ပါတယ်။ အခုအချိန်မှာဆိုရင်တော့ အားနည်းသွားတဲ့ ကြွက်သားတွေ ပြန်လည်သန်မာလာစေဖို့သာမက သက်ကြီးရွယ်အို အဘိုးအဘွားများအနေနဲ့ ခန္ဓာကိုယ်ယိုယွင်းလာတာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်လည်း Physiotherapyကုထုံးများကို အသုံးပြုလာကြပြီဖြစ်ပါတယ်။
အကယ်၍ ဆေးရုံ ဆေးခန်းသွားရောက်ကုသဖို့ သွားလာရ ခက်ခဲသူများအနေနဲ့ ကျွန်မတို့ Physiotherapy Home Care in Myanmarကနေပြီး အိမ်တိုင်ရာရောက် ကုသပေးလျက်ရှိကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါရစေ။

စုံစမ်းမေးမြန်းလိုပါက -
ဖုန်း - 09 450962055မှဖြစ်စေ၊ Chat Box မှဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

ကျွန်မတို့ Physiotherapy Home Care in Myanmar မှ လူကြီးမင်းတို့အတွက် ကျန်းမာသောဘဝများ ပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးသော Physiotherapy ကုထုံးများဖြင့် ကုသပေးလျက်ရှိပါတယ်ရှင်။

Address

Thanlyin
51069

Telephone

+959450962055

Website

Alerts

Be the first to know and let us send you an email when Physiotherapy Home Care in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram