Dr.Daw Yin Kyi Clinic

Dr.Daw Yin Kyi Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Daw Yin Kyi Clinic, Medical and health, Thaton, Mon State, Thaton.

23/04/2024

ရာသီတုပ်ကွေး ကာကွယ်ဆေး
Vaxigrip tetra 2024 ဆေးခန်းတွင်
ကြိုတင်စာရင်းပေး ထိုးနှံနိုင်ပါသည်။
09955025173

  typhus …………သတိထားကြပါ။ ဆေးခန်းမှာ သည်ရက်ပိုင်းအတွင်း အတွေ့ရများလာတဲ့ Scrub typhus ရောဂါScrub typhus  ဘာကြောင့်ဖြစ်----...
10/08/2023

typhus …………သတိထားကြပါ။

ဆေးခန်းမှာ သည်ရက်ပိုင်းအတွင်း အတွေ့ရများလာတဲ့ Scrub typhus ရောဂါ

Scrub typhus ဘာကြောင့်ဖြစ်
----------------------------
Orentia Tsutsugamushi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါပါ
အဲ့ဒီဘက်တီးရီးယားတွေဟာ အပင်တွေ ( ခြုံပင် ၊ မြက်ပင် စသဖြင့် ) ၊ တိရိစ္ဆာန်တွေ( ဥပမာ- ခွေး ၊ ကြောင် ၊ ကြွက် စသဖြင့် ) မှာ တွယ်ကပ်နေတဲ့ အင်္ဂလိပ်ဝေါဟာရ Mites လို့ခေါ်တဲ့ မွှား ၊ သန်း ၊ လှေး ၊ ကမြင်းနီ စတဲ့ ပိုးမွှားတွေမှာ တွေ့ရပါတယ်
အဲ့ဒီပိုးမွှား ( Mites ) တွေ လူကိုကိုက်တဲ့အခါ ကိုက်တဲ့နေရာကတဆင့် ဘက်တီးရီးယားတွေပါတဲ့ ပိုးမွှားရဲ့သားလောင်း ( Chigger ) တွေ လူ့ကိုယ်ခန္ဓာထဲဝင်ရောက်ပြီး ရောဂါရစေပါတယ်

ရောဂါလက္ခဏာတွေ
-------------------
ဖျားရက်ကြာမယ် ၊ ကိုယ်အပူချိန်ကြီးမယ်
ခေါင်းကိုက်မယ် ဗိုက်နာမယ် ပျို့အန်မယ်
ချောင်းဆိုးပြီး အသက်ရှူခက်မယ်
ခန္ဓာကိုယ်တစ်ခုလုံးနာကျဉ်ကိုက်ခဲနေမယ်
တခါတရံ မျက်စိတွေရဲနေမယ်
ခန္ဓာကိုယ်မှာ Rash လို့ခေါ်တဲ့ အနီဖုအနီပြင်တွေ ထွက်တတ်တယ်
ဆရာဝန်တွေအတွက် Typhus လို့ အတိအကျပြောနိုင်တဲ့ အဓိကလက္ခဏာက ပိုးမွှားကိုက်တဲ့နေရာမှာတွေ့ရတဲ့ အမဲရောင်အကွက်လေးပါ ။ Eschar လို့ခေါ်ပါတယ်
( အဲဒီ Eschar ကိုတွေ့ရင် Typhus သေချာပြီမို့ သူနဲ့ဆိုင်တဲ့ဆေးပေးရင် သေချာပေါက်ပျောက်ပါပြီ )
ပိုးမွှားကိုက်တဲ့အနားမှာရှိတဲ့ ပြန်ရည်အကျိတ် ( Lymph nodes ) တွေ ရောင်တတ်တာကိုလည်း တွေ့ရပါတယ်
ရောဂါအရမ်းဆိုးရွားလာရင် ဦးနှောက်ရောင်တာ ( encephalitis ) ၊ အဆုတ်ရောင်တာ ( pneumonia ) တွေဖြစ်ပြီး အသက်ဆုံးရှုံးတတ်လို့ ရောဂါဖြစ်လာရင် မပေါ့ဆစေလိုပါ

ဘယ်လိုကုသကြမလဲ
----------------//---
ကုသဖို့ဆေးဝါးတွေမတွေ့ခင်က ရောဂါဖြစ်ပွားသူရဲ့ ၄-၄၀% အထိ သေဆုံးပြီး
ဆေးဝါးနဲ့ကုသပြီးနောက်ပိုင်းမှာ ရောဂါကြောင့်သေဆုံးမှုကို ၂% အောက်ထိ လျော့ချနိုင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားတာတွေ့ရပါတယ်
ဆေးတွေကတော့ Doxycycline , Chloramphenicol , Azithromycin , .. စတဲ့ ဆေးတွေပါ

ဘယ်သူတွေမှာ အဖြစ်များသလဲ
------------------------//---
ဥယျဉ်ခြံမှာ အလုပ်လုပ်သူတွေ
ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့သူတွေ
အိမ်မွေးတိရိ စ္ဆာန်တွေနဲ့ လက်ပွန်းတတီးနေတဲ့သူတွေမှာ အဖြစ်များပါတယ်

ခန္ဓာကိုယ်ဘယ်နေရာတွေမှာ Eschar ကို အတွေ့များလဲ
--------//-------------------------
ခန္ဓာကိုယ်အတွင်းပိုင်းမှာ ( ဥပမာ ရင်ဘတ် ဘရာစီယာအောက် ပေါင်ခြံတွေ ဂျိုင်းကြားနေရာတွေ ဗိုက်တွေမှာ ) အတွေ့ရများပါတယ်
ဒါကြောင့် အဖျားကြာရှည်ပြီး ဘာဆေးနဲ့မှမပျောက်တဲ့ အဖျားရောဂါတွေ့ပြီဆိုရင် Typhus များဖြစ်နေမလားလို့ ( လူနာကိုခွင့်တောင်းပြီး ) လူနာရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လှန်လောပြီး Eschar ရှိမရှိ ရှာရပါတယ်

ဘယ်လိုကာကွယ်ကြမလဲ
------------------//----
၁ ။ Typhus ရောဂါ ဖြစ်ပွားနေတဲ့နေရာတွေကို မသွားပါနဲ့
၂ ။ ခြုံပင် ၊ မြက်ပင် ၊ သစ်ပင်တွေနဲ့ ထိတွေ့ရမယ်ဆိုရင် အဝတ်အစားကို လုံခြုံအောင်ဝတ်ပါ
၃ ။ အဝတ်အစားတွေကို ခြုံပင် မြက်ပင်ပေါ်တွေ မလှန်းပါနဲ့
အဝတ်တန်းတွေကို အပင်တွေနဲ့ဝေးဝေးမှာ ပြုလုပ်ပါ
၄ ။ အိမ်ခန်းတွေကို သန့်ရှင်းအောင်ထားပါ ( ပစ္စည်းတွေ ရှုပ်ပွအောင်မထားနဲ့ ၊ ကြွက်တွေမရှိစေနဲ့ )
ပိုးမွှားသေစေနိုင်တဲ့ Spray တွေ ဖြန်းပါ
၅ ။ အိမ်မွေးတိရိ စ္ဆာန်တွေကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးပါ
၆ ။ တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ
၇ ။ Typhus ရောဂါလက္ခဏာတွေတွေ့ရင် နီးစပ်ရာဆေးရုံ/ဆေးခန်းဆရာဝန်နှင့်ပြပါ

ဆေးပညာနဲ့ အလှမ်းဝေးသူ Nonmedical person တွေအတွက် ရည်ရွယ်ပြီးရေးပါတယ်...

အောက်ကပုံတွေကတော့ ဆေးခန်းလာတဲ့လူနာတွေမှာ ရှာဖွေလို့တွေ့ရတဲ့ Eschar ပုံတွေပါ

တော်သေးတာပေါ့ နည်းနည်းလေးစောသွားလို့😅😅crd photo...
03/07/2023

တော်သေးတာပေါ့ နည်းနည်းလေးစောသွားလို့😅😅
crd photo...

ခြေသည်းမှိုပိုးခြေသည်း၊လက်သည်း ပြဿနာမှာ အဖြစ်များဆုံးက မှိုပိုးဝင်တာ ဖြစ်တယ်။ ဆေးပညာမှာ onychomycosis လို့ ခေါ်ပါတယ်။ မှ...
24/03/2023

ခြေသည်းမှိုပိုး

ခြေသည်း၊လက်သည်း ပြဿနာမှာ အဖြစ်များဆုံးက မှိုပိုးဝင်တာ ဖြစ်တယ်။ ဆေးပညာမှာ onychomycosis လို့ ခေါ်ပါတယ်။ မှိုပိုးလက္ခဏာတွေက ခြေသည်း ထူတာ၊ ကျွတ်ဆတ်တာနဲ့ အရောင်ပြောင်းတာ ဖြစ်တယ်။ မှိုဝင်တဲ့ ခြေသည်း၊လက်သည်းက ခပ်ဖြူဖြူ (သို့) ဝါညစ်ညစ်အရောင် ရှိတယ်။ခြေသည်းခွံမှာ အပေါက်လေးတွေ တွေ့နိုင်တယ်။ အနံ့အသက်မကောင်းတာ ရှိနိုင်တယ်။ အထူးသဖြင့် စိုစွတ်တဲ့ ပတ်ဝန်းကျင် (သို့) ရေထဲမှာ ကြာရှည်အလုပ်လုပ်ရသူတွေ ဒီလိုပြဿနာမျိုး တွေ့ရတယ်။ ရေနဲ့ ထိတွေ့မှုများတာ၊ချွေးထွက်များတာ၊ခြေထောက်သန့်ရှင်းမှုအားနည်းတာတွေက အဖြစ်များတယ်။ နောက်တချက်က သွေးလျှောက်အားနည်းတဲ့အခါလည်း ဖြစ်နိုင်တယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိတဲ့အခါ အဖြစ်များသလို ပျောက်ကင်းဖို့ အချိန်ယူရတယ်။

ကုသနည်း
ခြေသည်း၊ လက်သည်းတွေကို ခြောက်သွေ့အောင် ထားသင့်ပါတယ်။ရေနဲ့ တတ်နိုင်သမျှ မထိစေနဲ့။ သောက်ဆေးထဲမှာ မှိုပိုးသတ်ဆေး သောက်ရမယ်။ itraconazole 100mg တနေ့ နှစ်ကြိမ် ၂ပတ်၊ ပြီးရင် တနေ့ တကြိမ် တလ ဆက်သောက်ပါ။ အနည်းဆုံး ၆-၁၂ ပတ်ကြာ သောက်ဖို့လိုပါတယ်။ လက်သည်းထက်စာရင် ခြေသည်းတွေမှာ ပိုကြာကြာပေးဖို့ လိုပါတယ်။ တခြားဆေးတွေထဲမှာ fluconazole သို့ terbinafine စတဲ့ဆေးတွေလည်း သောက်လို့ရတယ်။ ခြေသည်းမှိုအတွက် သောက်ဆေးတင်မက လိမ်းဆေးလိမ်းဖို့ လိုပါမယ်။ terbinafine (သို့) tolnaftate လိမ်းဆေး တနေ့ သုံးကြိမ် တပတ် ဖြစ်တဲ့နေရာမှာ လိမ်းပါ။ နည်းနည်းသက်သာရင် တနေ့ နှစ်ကြိမ် ၃ပတ် ဆက်လိမ်းပါ။ အစိုဓာတ်ထိန်းဖို့ ငါးကြီးဆီ တနေ့ ၂ကြိမ်သောက်ပါ။ ခြေသည်းခြောက်နေတယ်ထင်ရင် သံလွင်ဆီ လိမ်းပေးနိုင်တယ်။ မှိုပိုးသဘောက အထဲအတွင်းပိုင်းထိ လှိုက်စားတတ်တယ်။ ဒါ့ကြောင့် နောက်ထွက်မယ့်ခြေသည်းကို ဂရုစိုက်သင့်တယ်။ ဖြစ်နေတဲ့ခြေသည်းကို ပုံမှန်လေး ညှပ်ပါ။ သေချာကုသရင် နောက်ထွက်လာတဲ့ခြေသည်းတွေ ပုံမှန်အတိုင်း ဖြစ်လာလိမ့်မယ်။

အကြံပြုချက်
(၁) ခြေသည်းလက်သည်း ပုံမှန်ညှပ်ပါ။ ဓာတုဆေး၊ ဆပ်ပြာနဲ့ ရေ တတ်နိုင်သမျှ မထိပါနဲ့။
(၂) လေဝင်လေထွက်ကောင်းပြီး ချောင်ချိတဲ့ဖိနပ်မျိုး ပြောင်းစီးပါ။ ဘွတ်ဖိနပ်ထိပ်ပိတ်တွေက မှိုပိုးကို ပိုပွါးစေတယ်။
(၃) လေ့ကျင့်ခန်းလုပ်စဉ် ချွေးထွက်များလျှင် ဖိနပ်ကို ၂ရက်တစ်ခါ ပြောင်းစီးပါ။ အထူးသဖြင့် ခြေအိတ်ဝတ်သူများ ခြေအိတ်မကြာခဏပြောင်းဝတ်ပါ။
(၄) ခြေသည်း၊လက်သည်းကို ရေနှင့် မကြာခဏ ထိတွေ့မှုမှ ရှောင်ကြဉ်ပါ။
(၅) ခြေဆီ လက်ဆီအထွက်များသူများအနေဖြင့် မှိုပိုးသတ်ဆေးမှုန့်ကို မကြာခဏအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

အိမ်သုံးနည်း
ဆေးရုံ၊ဆေးခန်းနဲ့ ဝေးသူအတွက် အိမ်သုံးနည်းလည်း ရှိပါတယ်။ အိမ်သုံး ရှာလကာရည်ဟာ မှိုသတ်ဆေးတစ်မျိုးဖြစ်တာကြောင့် မှိုပိုးဝင်တဲ့ခြေချောင်းတွေအတွက် အသုံးဝင်တယ်။ အထဲမှာပါတဲ့ acetic acid ကို ရေနှင့်ဆတူ ရောစပ်အသုံးပြုနိုင်ပြီး မှိုပိုးရှိတဲ့ ခြေသည်းတွေကို သန့်စင်စေရုံမက အခြားခြေချောင်းတွေကို ရောဂါမကူးစက်အောင် ဟန့်တားပေးနိုင်တယ်။ ခြေထောက်ကို ရေနွေးနဲ့ ရှာလကာရည် ဆတူရောထားတဲ့ အရည်ထဲကို နေ့စဉ် မိနစ် (၂၀) လောက် စိမ်ပေးပါ။ ပြီးရင် သန့်စင်တဲ့အဝတ်နဲ့ သေချာသုတ်ပေးပါ။ အထက်ပါအတိုင်း ၁-၃လကြာလုပ်ပေးခြင်းဖြင့် မှိုကြောင့် ခြေသည်းလက်သည်း ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

Credit to Dermatologist ဒေါက်တာအေးမင်းထူး

23/03/2023

2023 ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးရန် စာရင်းပေးထားသူများ ဆေးခန်းတွင် ထိုးနှံနိုင်ပါပြီ…
စာရင်းမပေးရသေးသူများလည်း ထိုးလိုပါက ထိုးနိုင်ပါပြီ…

 #ကိုယ်ဝန်အပ်ရမယ့်အချိန်အမျိုးသမီးတစ်ဦးကိုယ်ဝန်ရှိပြီဆိုတာနဲ့လုပ်ဆောင်ရမယ့် ကိုယ်ဝန်အပ်ခြင်းအကြောင်းကို ဒီဆောင်းပါးမှာပြ...
13/03/2023

#ကိုယ်ဝန်အပ်ရမယ့်အချိန်

အမျိုးသမီးတစ်ဦးကိုယ်ဝန်ရှိပြီဆိုတာနဲ့လုပ်ဆောင်ရမယ့် ကိုယ်ဝန်အပ်ခြင်းအကြောင်းကို ဒီဆောင်းပါးမှာပြောပြပေးချင်ပါတယ်။

ကျွန်မတို့ပတ်ဝန်းကျင်မှာတော့ ' #ဗိုက်အပ်တယ်'လို့ခေါ်ကြပါတယ်။ ဆေးပညာအသုံးအရတော့ Antenatal Care (AN Care) လို့ခေါ်ပါတယ်။

AN Care ဆိုတာ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်နဲ့သန္ဓေသားရဲ့ကျန်းမာရေးကို ဆေးပညာနဲ့စောင့်ရှောက်မှုပေးတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကလေးမွေးဖွားစဉ်မှာ မိခင်နဲ့ကလေးရဲ့ အကောင်းဆုံးအခြေအနေကိုရရှိဖို့ဖြစ်ပါတယ်။

#ဘယ်သူတွေကကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးနိုင်သလဲ?

✔ သားဖွားမီးယပ်အထူးကုဆရာဝန်များ
✔️ဆေးရုံများရဲ့အထွေထွေရောဂါကုဆရာဝန်များ
✔️ဒေသန္တရကျန်းမာရေးဌာန
✔️သားဖွားဆရာမများစသဖြင့် ဒေသအလိုက်ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ဌာနတွေမှာ ကိုယ်ဝန်အပ်နိုင်ပါတယ်။

#ဘယ်အချိန်မှာကိုယ်ဝန်စအပ်ရမလဲ?

✔️ပထမဆုံးအနေနဲ့ ကိုယ်ဝန်ရှိတာကိုသိလျှင်သိချင်း စောနိုင်သမျှစောစော ကိုယ်ဝန်အပ်ရပါမယ်။
နောက်ပိုင်းမှာတော့
✔️ကိုယ်ဝန် ၂၈ပတ်အထိ ၄ပတ်လျှင်တစ်ကြိမ်
✔️ကိုယ်ဝန်၂၈ပတ်မှ ၃၆ကြားမှာ ၂ပတ်လျှင်တစ်ကြိမ်
✔️ကိုယ်ဝန်၃၆ပတ်နောက်ပိုင်းကနေ မမွေးခင်ထိ တစ်ပတ်တစ်ကြိမ် သွားရောက်ပြသရပါမယ်။

ဒါကပျမ်းမျှဖြစ်ပြီးတော့ သားဖွားမီးယပ်ဆရာဝန်ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်သလိုပြောင်းလဲနိုင်ပါတယ်။

#ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူတဲ့အခါဆရာဝန်/ဆရာမတွေက

✅မိခင်လောင်းရဲ့ကိုယ်ရေးအကျဉ်းကိုမှတ်သားပါတယ်။
✅ရာသီစက်ဝန်းရဲ့ရာဇဝင်ကိုမေးမြန်းပြီး ကိုယ်ဝန်ရဲ့ကာလကိုတွက်ချက်ပေးပါတယ်။
✅အရင်ကဘာရောဂါအခံတွေရှိသလဲ....
✅ကိုယ်ဝန်ဆောင်ဖူးသလား...
✅သားဖွားမီးယပ်ဆိုင်ရာပြဿနာတွေရှိဖူးသလား...စသဖြင့်မေးမြန်းစစ်ဆေးပါတယ်။

#ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ

✔️သွေးအုပ်စုစစ်ဆေးခြင်း
✔️ဆီးစစ်ခြင်း
​✔️ကူးစက်ရောဂါများရှိမရှိစစ်ဆေးခြင်း
✔️Ultrasound ရိုက်ခြင်း
✔️မေးခိုင်ကာကွယ်ဆေးထိုးခြင်း
✔️Folic Acid ပုံမှန်သောက်ခြင်း

စတဲ့လိုအပ်တဲ့စစ်ဆေးမှုနဲ့ကုသမှုများ ခံယူရပါတယ်။

#သတိထားရမယ့်ကိုယ်ဝန်ဆောင်အုပ်စုလည်းရှိပါသေးတယ်။

🔺သားဦးကိုယ်ဝန်ဆောင်များ
🔺အသက် ၃၅နှစ်အထက် သားဦးကိုယ်ဝန်ဆောင်များ
🔺ကလေး၅ဦးအထက်မွေးထားသူများ
🔺အမြွာကိုယ်ဝန်ဆောင်များ
🔺ကိုယ်ဝန်ဆောင်စဉ်သွေးတိုးရောဂါ၊ဆီးချိုရောဂါဝင်လာသူများ
🔺ကိုယ်ဝန်အစောပိုင်းကာလမှာသွေးဆင်းသူများ
🔺ကလေးအနေအထားမမှန်သူများ
🔺သွေးတိုး၊နှလုံးရောဂါနဲ့ဆီးချိုရောဂါအခံရှိသူများ
🔺ယခင်ကိုယ်ဝန်တုန်းက ကလေးမွေးခဲ့စဉ်မှာ လေစုပ်၊ညှပ်ဆွဲ၊ ခွဲမွေးခဲ့ရသူများ
🔺မွေးပြီးအချင်းကပ်ဖူးသူများ
🔺အရပ်၅ပေအောက်ရှိသူကိုယ်ဝန်ဆောင်များ
🔺အဝလွန်သူများ
🔺သားဖွားမီးယပ်ဆိုင်ရာရောဂါအခံရှိသူများဟာ
ကလေးမွေးဖွားတဲ့အခါ ဆေးရုံမှာသာမွေးဖွားသင့်ပါတယ်။ High Risk Pregnancy လို့ယူဆရလို့ဖြစ်ပါတယ်။

#ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူခြင်းကြောင့်ဘာကောင်းကျိုးတွေရမလဲ

✅AN Care ယူခြင်းဟာ မိခင်ရော ကလေးရော ၂ဦးလုံးအတွက် ကောင်းကျိုးရပါတယ်။

🔺ကိုယ်ဝန်မအပ်ထားခဲ့ရင် မွေးဖွားခါနီးမှ အရေးပေါ်အခြေအနေတစ်ခုခုဖြစ်တဲ့အခါ အချိန်မီကုသဖို့ခက်ခဲပါတယ်။

🔺သွေးသွန်ပြီးရောက်လာတဲ့အခါ သွေးသွင်းရမယ်ဆိုမှ သွေးအုပ်စုမသိတာမျိုး

🔺ကလေးအနေအထားမမှန်တာကိုမသိဘဲ အိမ်မှာမွေးမိတဲ့အခါ မွေးဖွားစဉ်ကလေးကမထွက်နိုင်ဘဲ မွန်းကုန်တာမျိုး

🔺ကိုယ်ဝန်ဆောင်စဉ်မှာသွေးတိုးဝင်လာတာကိုမသိတဲ့အတွက် ကိုယ်ဝန်ဆိပ်တက်တဲ့အထိဖြစ်ပြီး အချိန်မီကုသမှုမခံယူနိုင်တော့ဘဲ မိခင်ရော၊ကလေးပါ အသက်ဆုံးရှုံးတာမျိုး

🔺ကိုယ်ဝန်ဆောင်စဉ်မှာ သောက်ရမယ့် Folic acid ချို့တဲ့တဲ့အတွက် ကိုယ်အင်္ဂါမစုံလင်တဲ့ကလေးမွေးတာမျိုးတွေ မဖြစ်အောင် AN Care ယူခြင်းကကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် ကျွန်မတို့အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ရှိပြီဆိုတာသိတာနဲ့ မိခင်ရောကလေးအတွက်ပါ အရေးကြီးလှတဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူခြင်းကို မဖြစ်မနေပြုလုပ်ရမှာပါ။ ပတ်ဝန်းကျင်မှာလည်း ကိုယ်ဝန်မအပ်ရသေးတဲ့ မိခင်လောင်းတွေရှိရင် ကိုယ်ဝန်အပ်ဖို့တိုက်တွန်းပေးကြရပါမယ်။

ကဲ...မေမေတို့ရော

ဗိုက်အပ်ပြီးပြီလား....❓😊

------------------------------------------

26/02/2023

ဆီးကျောက်တည်သူများအတွက် ဆောင်ရန် ရှောင်ရန်များ ….

21/12/2022

ဒီနေ့တော့ ကိုယ်ဝန်ဆောင်ချိန်မှာ သန်ချဆေး သောက်သင့်လား/ မသောက်သင့်ဘူးလား ဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးသွားပါမယ်😊😊

မေးလေ့ရှိတာက သန်ချဆေးက ကိုယ်ဝန်အတွက်စိတ်ချရလား? သောက်ကိုသောက်ရမှာလား? သန်ချဆေးသောက်ပြီးမှ ကလေးကမလှုပ်သလိုဘဲ ? ကလေးစောမွေးသွားမလား စသည်ဖြင့်မေးတတ်ကြပါတယ်

အဖြစ်အများဆုံးကတော့ သန်ချဆေးထုပ်ထဲမှာ ပါတဲ့ စာရွက်ပေါ်မှာ ကိုယ်ဝန်ဆောင်များ သတိထားသောက်ရန် (or) ကိုယ်ဝန်သုံးလကျော်မှသောက်ရန်တို့ တွေ့တဲ့အခါ မေမေတွေအတွက် စိုးရိမ်ပူပန်မှုတွေ တိုးစေတတ်ပါတယ်🥹

ပထမအနေနဲ့ သန်ချဆေးသောက်ခြင်းရဲ့ ကောင်းတဲ့အချက်တွေကတော့ ကိုယ်ဝန်ဆောင်မေမေတွေကို သွေးအားနည်းစေခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ကိုယ်အလေးချိန်နည်းသောရင်သွေးများမွေးဖွားခြင်းကို ကာကွယ်ပေးခြင်း၊ မွေးကင်းစကလေးငယ်များ သေဆုံးမှုကို လျှော့ချပေးခြင်း စသည့် ကောင်းကျိုးများစွာရှိသည့်အတွက် ကမ္ဘာ့ကျန်းမာရေးဌါနကြီးက ကိုယ်ဝန်ဆောင်ချိန် (၁၄) ပါတ်ကျော်ပါက သန်ချဆေးကို သောက်သုံးသင့်ကြောင်း ညွှန်ကြားထားပါတယ်။

အထူးသဖြင့် ဆရာမတို့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ပိုမိုလိုအပ်ပါတယ်။ ကိုယ်ဝန်အပါတ် (၁၄) ပါတ်ကျော်ပါက သန်ချဆေးကို စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။ ဆရာမတို့ဆီမှာက Mebendazole နဲ့ Albendazole ဆိုတဲ့ဆေး နှစ်မျိုးကို ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်ဖြင့် သောက်သုံးရန် တိုက်တွန်းလိုက်ပါတယ်🍀🍀

သာမန်လူတွေအနေနဲ့ကလဲ (၆) လ တစ်ခါ သန်ချဆေးတစ်ကြိမ်သောက်သုံးသင့်ပါတယ်။

14/11/2022

#ခေါင်းလျှော်ရေချိုးပြီး_နားကလော်ရင်
#ဦးနှောက်အမြှေးရောင်တတ်တာ_ဟုတ်ပါသလား ❓

Meningitis ( #ဦးနှောက်အမြှေးရောင်ခြင်း )

အပေါ်က ပြဿနာကို ဖြေရှင်းဖို့က

1. Meninges ဦးနှောက်အမြှေးပါး
2. Meningitis ဦးနှောက်အမြှေးရောင်ခြင်း
3. External Ear အပြင်နား စတာတွေတော့ အနည်းငယ် သိဖို့လိုအပ်ပါတယ်။

1. းနှောက်အမြှေးပါး

ဦးနှောက် (Brain) နှင့် အာရုံကြောမကြီး (Spinal Cord) ကို အပေါ်ကနေ အုပ်ကာထားတဲ့ အလွှာ/အမြှေးပါးအစု ကို Meninges လို့ခေါ်ပါတယ်။
လွယ်လွယ်ခေါ်တော့ ဦးနှောက်အမြှေးပါးပေါ့ တကယ်က Meninges မှာ
1. dura mater
2. arachnoid mater and
3. pia mater ဆိုတဲ့ အလွှာ (၃) ခုပါဝင်ပါတယ်

#ဦးနှောက်အမြှေးပါး_က_ဘာလုပ်ပေးလဲ ❓
အရေးကြီးဆုံးအလုပ်ကို လုပ်နေရသော်လည်း နူးညံပြီး အထိမခံ နိုင်တဲ့ ဦးနှောက်ကို
1. ကာကွယ်ပေးပါတယ်။ ( သူရဲ့အလွှာတွေကြားမှာ CSF ဆိုတဲ့ အရည်တွေ ရှိခြင်းဖြင့် 👉 အပြင်က ဦးခေါင်းခွံကို ရိုက်ခတ်လာတဲ့ အားကို ဦးနှောက်ဆီအရောက်နည်းအောင်ကာကွယ်ပေးပါတယ်)
2. ဦးနှောက်ကို အာဟာရတွေ Oxygen တွေ ရအောင် ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေက သူ့ရဲ့အလွှာတွေထဲမှာ ရှိပါတယ်။
ဆိုတော့ကာ သူ့ရဲ့ တာဝန်က အရေးကြီးတဲ့နေရာမှာ ရှိနေပါတယ်။

2. းနှောက်အမြှေးရောင်ခြင်း

အပေါ်က ရှင်းပြခဲ့တဲ့ ဦးနှောက်အမြှေးပါး ရောင်ရမ်းမှုဖြစ်ခြင်းကို ဦးနှောက်အမြှေးရောင်ခြင်းလို့ခေါ်ပါတယ်။
သေသေချာချာ ကုသမှုမခံယူပါက အသက်သေဆုံးသည်အထိဖြစ်တဲ့ရောဂါမို့ ကြောက်စရာကောင်းလှပါတယ်။ လက္ခဏာတွေကတော့
- အဖျားကြီးခြင်း အပြင်
- ခေါင်းအရမ်းကိုက်ခြင်း
- အလင်းမခံနိုင်ခြင်း
- အလွန်ပျို့/အန်ခြင်း
- ဇက်ကြီးခိုင်နေခြင်း
- အရမ်းမှိန်းခြင်း စသည်တို့ဖြစ်တတ်ပါတယ်

ဦးနှောက်အမြှေးရောင်ခြင်း ကို #ဖြစ်စေတာတွေက
- ပိုး (Bacteria, TB, Virus)
- မှို (Fungus)
- ဓာတုပစ္စည်း (Chemical)
- ကင်ဆာရောဂါ
- ကိုယ်ခံအားကမောက်ကမရောဂါ (Auto immune disease) အစရှိသည်တို့ကြောင့် ဖြစ်တတ်ပါတယ်။

3. ြင်နား

ကျွန်တော်တို့ ရဲ့နားမှာ

- External Ear (အပြင်-နား)
- Middle Ear (အလယ်-နား)
- Inner Ear (အတွင်း-နား) ဆိုပြီး (၃) ပိုင်းရှိပါတယ်။

အပြင်နားရွက်ကနေ ကျွန်တော်တို့ နားဖာကလော်တဲ့ နားအဝကနေ အဆုံး နားစည် (Ear drum) အထိကို External Ear (အပြင်-နား) ပါ။
Middle Ear (အလယ်-နား) နဲ့ External Ear (အပြင်-နား) ကို နားစည် (Ear drum) နဲ့ ပိတ်ထားပါတယ်။

ခဏခဏ ရေချိုး/ခေါင်းလျှော်တာ ဖြစ်စေ ၊ အဓိက ကတော့ ရေကူးလို့ဖြစ်စေ နားထဲ ရေဝင်တတ် ပါတယ်။
နား-လှိုင်ခေါင်းလေးက ကျဉ်းတော့ ဝင်တဲ့ရေက ပိတ်မိပြီးကျန်နေတတ်ပါတယ်။ အဲ့လို ခဏ ခဏ နားထဲရေဝင်ရင်တော့ နားတွင်းမှာ စိုထိုင်းစမြင့်လာတဲ့အတွက် ပိုး တွေပေါက်ဖို့ လွယ်ကူစေပါတယ်။

ပိုး တွေကတော့ နားထဲ အလိုလို ရောက်မလာပါဘူး
အပြင်ကနေ ကျွန်တော်တို့ ထိုးထည့်လိုက်တဲ့
- နားဖာကလော်တွေ
- Ear phone တွေ
- နားကလော်တဲ့ဂွမ်းတံတွေ ကနေ နား အထဲကို ပိုး တွေ ဝင်လာပါတယ်။

နား ထဲ ပိုးတွေဝင်လာတိုင်း နား ပိုးဝင်ရောဂါ ဖြစ်လားဆိုတော့ #မဖြစ်ပါဘူး
သဘာဝ တရားကြီးက ခန္ဓာကိုယ်နဲ့ အပြင်ကိုဆက်စပ်နေတဲ့ အပေါက်မှန်သမျှမှာ ပိုးတွေကို ကာကွယ်ဖို့ ပစ္စည်းပေးထားပါတယ်
နားမှာကတော့ Ear wax ပါ။ ကျွန်တော်တို့ကတော့ နားဖာချေးလို့ အဓိပ္ပာယ်ဖွင့်တော့ အညစ်အကြေးဆိုပြီး ရွံကြပါတယ်။ ရှိနေရင်ရှက်ကြပါတယ်
မြင်ရင်လည်း မနေနိုင်ပါဘူး၊ "ဟယ် နားဖာချေး တွေနဲ့ လာစမ်းဆိုပြီး ကလေးတွေကို အတင်းချုပ်ပြီး နားဖာချေး ကလော်ကြပါတယ်"

တကယ်က နားက ပိုး ဝင်မှာစိုးလို့ ထုတ်ထားတဲ့ ပစ္စည်းကို အညစ်ကြေးဆိုပြီး ကော်ထုတ်ပစ်တယ်။
ခဏ ခဏ ကလော်တော့ နားမှာ ဒဏ်ရာရတယ်။

အဲ့လိုကနေ နားရောင် နားပိုးဝင်တာကနေ နားပြည်ယိုတဲ့ ရောဂါရပါတော့တယ်။ (Ortitis externa)
---
ဒီအထိဆိုရင်
Ortitis externa (အပြင်-နား ရောင်ခြင်း) ဟာ
- နားထဲ ရေခဏခဏ ဝင်ခြင်း
- နားကလော်ခြင်း
- Ear wax နားအဆီ (ကျွန်တော်တို့အခေါ် နားဖာချေး) မရှိခြင်း စတာတွေကြောင့်ဖြစ်ရတာပါ

Ortitis externa (အပြင်-နား ရောင်ခြင်း) ဟာ
👉 နား အရမ်းနာပါတယ်
👉 မကုသရင် နား ပြည်ယိုပါတယ်
👉 ခေါင်းကိုက်ပါတယ်
👉 ဖျားတတ်ပါတယ်
အဆိုးဆုံးအနေနဲ့ နားစည်ပေါက်တာ ၊ နားအတွက်ဘက်နံရံတွေ ပြည်စားသွားတာ ထိဖြစ်တတ်ပါတယ် (ရှားပါတယ် 👉 အရမ်းခံစားရလို့ ကုသမှု ခံယူလိုက်ကြပြီး အဲ့လောက်ထိ ဆိုးတာ ဖြစ်ခဲပါတယ်)
---------
ဒီ (၃) မျိုး ကိုရှင်းပြပြီးတဲ့ အခါ

နား ဟာ ခေါင်းမှာ ကပ်ပြီး ပေါက်နေပေမယ့် ဦးနှောက်နဲ့ #တိုက်ရိုက်_ဆက်မနေပါဘူး။
အပြင်-နား က ရောဂါဟာ နားစည်နဲ့ ပိတ်နေလို့ အလည်နားဆီကိုတောင် မရောက်ပါဘူး။

အဲ့ဒါကြောင့် Social Media မှာ ပျံ့နေတဲ့
" ခေါင်းလျှော်ရေချိုးပြီး_နားကလော်ရင် ဦးနှောက်အမြှေးရောင်တတ်တယ်" ဆိုတာ #မဟုတ်ပါဘူး

ဖွတဲ့သူက ဦးနှောက်အာရုံကြောအထူးကုဆရာဝန်မကြီး ရဲ့ နာမည်သုံးပြီး ဖွထားပါတယ်။
Share ကြတာ ထောင်ချီရှိတယ်။

သူပြောသလို " နားကလော်တာ နဲ့ ဦးနှောက်အမြှေးမရောင်တတ်ပေမယ့်"

👉 ရေချိုးတိုင်း/ခေါင်းလျှော်တိုင်း နားထဲရေမဝင်တတ်ပါဘူး
👉 ရေကူး ရေငုပ်ရင်တော့ ဝင်တတ်ပါတယ်
👉 ခေါင်းလျှော်ဆိုင်မှာ #နားဆေးတယ် ဆိုပြီး အူကြောင်ကြား လုပ်ကြတာရှိပါတယ် (လုံးဝ မလုပ်ပါနဲ့)
👉 နားထဲ ရေခဏ ခဏ ဝင်ရင် နား ပိုးဝင်တတ်ပါတယ်
👉 အဲ့ဒါကို နားကလော်ရင် ပိုဆိုးစေပါတယ်
👉 ကိုယ့်ကို အကျိုးပြုနေတဲ့ Ear wax - နားအဆီ ကို နားဖာချေး ဆိုပြီး ကော်ထုတ်မနေပါနဲ့ (ကလေးတွေကို တွေ့ရင် မနေနိုင်မထိုင်နဲ့ သွားမကလော် နေပါနဲ့)

***နားရေဝင်ပြီး နားကလော်ရင် အပြင်-နား ရောင်ခြင်းတော့ ဖြစ်တတ်ပါတယ်
#ဦးနှောက်အမြှေးတော့မရောင်ပါဗျာ

(ဦးနှောက်အမြှေးရောင်စေတဲ့ Chronic suppurative otitis media ဆိုတဲ့ ရောဂါက သတ်သတ်ရှိကြောင်းပါဗျာ)

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Credit to Dr. ဘုန်းစည်သူလွင်

ဒေါက်တာဒေါ်ရင်ကြည် အ​ထွေထွေရောဂါကု ဆေးခန်းတွင် ၄နှစ်ခံ လက်မောင်းတွင်း သန္ဓေတားပစ္စည်းပြန်ထည့်နိုင်ပါပြီ။ဘယ်ချိန်ထည့်ရမလဲ...
19/10/2022

ဒေါက်တာဒေါ်ရင်ကြည် အ​ထွေထွေရောဂါကု ဆေးခန်းတွင် ၄နှစ်ခံ လက်မောင်းတွင်း သန္ဓေတားပစ္စည်းပြန်ထည့်နိုင်ပါပြီ။

ဘယ်ချိန်ထည့်ရမလဲ?
👉 ရာသီလာသည့်ရက်မှ ၅ရက်အတွင်း
👉 ဆေးသောက်နေပါက နောက်ဆုံးအားဆေးအတန်း
👉 ၃လခံထိုးဆေး မပြည့်မီ၁ပတ်အလို
👉 မင်္ဂလာမဆောင်မီ ၂ပတ်အလို
👉 ကိုယ်ဝန်မရှိပါက ထည့်ပြီး ၁ပတ်ခန့် အကာကွယ်နှင့်နေရန်လိုအပ်ပါသည်။

မထည့်မီ သန္ဓေတား ပစ္စည်း အကြောင်းရှင်းပြခြင်းနှင့်အတူ သေချာစွာစမ်းသပ် စစ်ဆေး မေးမြန်းခြင်းများပြုလုပ်ပါမည်။ သင့်တော်ပါက ရက်ချိန်းပေး၍ မနာကျင်အောင် ထုံဆေးသုံး၍ လက်မောင်းတွင်းထည့် သားဆက်ခြားနိုင်မည်ဖြစ်ပါသည်။

ဆေးခန်းဖွင့်ချိန် - မနက်၈နာရီမှ ၁၁ နာရီ
-ညနေ ၅နာရီမှ ၈နာရီအတွင်း
ဆေးခန်းဖုန်းသို့ ဆက်သွယ်၍ booking ယူနိုင်ပါသည် ။

ဒေါက်တာဒေါ်ရင်ကြည် အ​ထွေထွေရောဂါကု ဆေးခန်း
အမှတ် ၁၅ ၊ မင်းလမ်း ၊ အောက်ကျင်းရပ်ကွက်
သထုံ
09955025173

 #ဝမ်းပျက်တယ်_ဝမ်းလျှောတယ် ဲ့_ဝမ်းပိတ်ဆေးသောက်ထားတယ် ါ_သောက်လိုက်တာ_မသက်သာသေးလို့            ငဗစ် ပြန်ငြိမ်နေတဲ့ ဒီရက်ပိ...
11/10/2022

#ဝမ်းပျက်တယ်_ဝမ်းလျှောတယ်
ဲ့_ဝမ်းပိတ်ဆေးသောက်ထားတယ်
ါ_သောက်လိုက်တာ_မသက်သာသေးလို့



ငဗစ် ပြန်ငြိမ်နေတဲ့ ဒီရက်ပိုင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ခေါင်းထောင်နေပါတယ်။
E ပန်းတာ က လူတိုင်းပန်းဖူးတယ် ဆိုပေမယ့်
- ကျောက်ကပ်ပျက်
- သွေးဆိပ်တက်ရာကနေ
- အသက်အန္တရာယ်ရှိတဲ့ အထိကို တွေ့နေရပါတယ်
#အတိုချုပ်ပြောရရင်

ဝမ်းပျက်လျှင်

✔️ ဝမ်းသွားသလောက် ဓာတ်ဆားရည် ပြန်သောက်ပါ
(ဓာတ်ဆားသောက်ရင်/ရေသောက်ရင် ဝမ်း ထပ်ထပ်သွား လို့ မသောက်ဘူးတို့
သွေးတိုး/ဆီးချိုရှိလို့ မသောက်ဘူး ဆိုတာတွေက ဆေးရုံတက်ရမယ့် လမ်းစပါပဲ)
✔️ ဝမ်းပျက်ရင် 💊 ပိုးသတ်ဆေးဆိုတာ အမြဲမလိုပါဘူး
တခါတလေ 💊 ပိုးသတ်ဆေး ကြောင့် ဝမ်းပျက်တတ်ပါတယ်။
👉 ဆေးသောက်ချင်သပ ဆိုရင် Probiotic သောက်ပါ။
🚨 ဆရာဝန် 👨‍⚕️ ဘယ်တော့ပြ ကိုပြသင့် သလဲ
👉 ဓာတ်ဆားရည်မသောက်နိုင်အောင် အန်လာခဲလျှင်
👉 #ကိုယ်အပူချိန်တက်လာလျှင် (ဖျားလာလျှင်) ပိုးသတ်ဆေး လိုပါပြီ
👉 ဗိုက်မခံနိုင်အောင် အောင့်ပြီး (ဝမ်းထဲ အကျိအချွဲ နှင့် သွေးပါလာလျှင်)
👉 နုံးချိပြီး ကြွက်တက်လာလျှင်
👉 ဝမ်းအသွားများလွန်း၍ ဆီး မသွားတော့လျှင်
---------
ဝမ်းပျက်တာ လူတိုင်းနီးနီး ခံစားဖူးကြပါတယ်။

အကြိမ်အရည်အတွက် နဲ့ ပမာဏ အနည်းအများပေါ်မူတည်ပြီး ရေငတ်ရုံကနေ၊ ကြွက်တတ်၊ Shock ရ၊ သတိလစ်ပြီး အသက်ဆုံးရှုံး ရတဲ့ အထိပြင်းထန်ပါတယ်။

ဝမ်းပျက်ရတဲ့ အကြောင်းရင်းများစွာ ရှိပေမယ့်

အဖြစ်များတဲ့ အရည်တွေတလဟောသွားတတ်တဲ့ ဝမ်းပျက်ရောဂါ အကြောင်း ပြောပြသွားပါမယ်

---------- ----------

ကျွန်တော်တို့ရဲ့ အူလမ်းကြောင်း က စားလိုက်သမျှ အစာတွေကို ချေဖျက်ပေးပြီး၊ အဟာရတွေ၊ ရေတွေကို စုပ်ယူပါတယ်

မစုပ်ယူနိုင်တဲ့ အစာတွေ၊ အရွက်တွေ နဲ့ အူလမ်းကြောင်းက ဆဲလ်အသေတွေကို အူလမ်းကြောင်းကနေ ပဲ "ဝမ်း" အဖြစ်နဲ့ စွန့်ထုတ်ပါတယ်

ကျွန်တော် တို့ မသန့်တာစားတဲ့ အခါ၊ စားတဲ့အထဲ ပိုးတွေပါသွားတဲ့ အခါ

အဲ့ဒီ ပိုးတွေက ကျွန်တော်တို့ အူလမ်းကြောင်းရဲ့လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်ပါတယ်

ဘယ်လိုလဲဆိုတော့

သူတို့ထုတ်တဲ့ Toxin (အဆိပ်) က အူလမ်းကြောင်း မှာရှိတဲ့ ရေတို့၊ ဓာတ်ဆားဓာတ်(Electrolytes)တို့ စုပ်တဲ့ လမ်းကြောင်းတွေကို ပိတ်ပစ်လိုက်ပါတယ်

ရေတွေ၊ ဓာတ်ဆားတွေကို မစုပ်ယူ နိုင်တော့ အူလမ်းကြောင်းထဲမှာ ရေတွေနဲ့ အစာတွေ များပြီး ဗိုက်တင်း၊ဗိုက်ကယ်ခြင်း ဝေဒနာစဖြစ်လာပါတယ်

ရေတွေများပြီး မစုပ်နိုင်တဲ့ အူတွေဟာ တင်းပြီး၊ လှုပ်ရှားမှုများ လာတဲ့ အတွက် ဗိုက်က ရစ်ရစ်ပြီး နာလာပါတယ်

နောက်ဆုံး ဝမ်းလျောပါတယ်၊ ဝေါခနဲ ဝေါခနဲ နဲ့ တောက်လျှောက် လျှောပါတယ်

ခန္ဓာကိုယ်က လိုအပ်တဲ့ "ရေ" မစုပ်နိုင်တဲ့ အတွက် ရေငတ်ပါတယ်

ဓာတ်ဆားဓာတ်(Electrolytes) တွေက ကြွက်သားတွေ လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ဝမ်းလျှောတဲ့အထဲ ဓာတ်ဆားတွေ ပါသွားလို့ ကြွက်တတ် ပါတယ်

ကျွန်တော်တို့ ခန္ဓာကိုယ်က ရေနဲ့ ဖွဲ့စည်းထားတဲ့ အတွက်

ရေ တွေအများကြီး ထွက်သွားရင်

သွေးပေါင်တွေကျပြီး Shock ရပါမယ်

သွေးပေါင်ကျပြီး ကျောက်ကပ် ကို သွေးမရောက်ရင် ကျောက်ကပ် ပျက်ပါမယ်

နှလုံးက လည်း ကြွက်သား တစ်မျိုးဖြစ်တဲ့ အတွက် ဓာတ်ဆားတွေ အလွန်ဆုံးရှုံး လျှင် နှလုံး ဖောက်တတ်ပါတယ်

ခုလောက် ဆို ဝမ်းပျက်ရခြင်း ကို သိလောက်ပြီ ထင်ပါတယ်

>>>>>>>>>> ရှိတုန်း
ရေတွေ/ဓာတ်ဆားတွေ >>> မစုပ်နိုင်တုန်း

အဲ့တော့ အူတွေ တင်းသထက်တင်း လာတော့ ဗိုက်က အောင့် သထက်အောင့်လာ နောက်ဆုံး ဝမ်း ကပျက်တာက ပျက်မှာပဲ 👉 ပို ခံစားရတာပဲ ရှိတာ

အူတွေ တင်းလွန်းပြီး ဗိုက်ထဲ မှာတင် အူတွေ ပေါက်ထွက်ကုန်ရင် => သေပြီပေါ့ဗျာ

-

-

အဲ့တော့ ဝမ်းသွားတာ ကို ဝမ်းပိတ်ဆေး 💊 မသောက်ရရင် ဝမ်းလျှော တာ ဒီတိုင်းနေရမှာလား လို့ မေးစရာရှိလာရော

အပေါ်မှာ ပြောခဲ့သလို

ဖြစ်တဲ့ ပြဿနာ က
🧪 Toxin (အဆိပ်) နဲ့ ဝမ်းပျက်ပိုး 🦠ကြောင့်
👉👉👉 သူတို့က ဝမ်းနဲ့ အတူတူ ပါသွားမှာ

သူတို့မရှိတော့ရင်

ဝမ်းပျက်တာ ပြီးသွား/ပျောက်သွားမှာ

သူတို့က ဘယ်လောက်များပြီး ၊ ဘယ်တော့မှ ကုန်သွား မှာလဲ မသိတော့ 🤔🤔🤔 ဝမ်း ဘယ်တော့ ရပ်မလဲ မသိနိုင်ဘူးလေ

ခံစားရတဲ့ ရောဂါ လက္ခဏာ မှန်သမျှက ရေနဲ့ ဓာတ်ဆား ဆုံးရှုံး လို့ ဖြစ်တာ ဆိုတော့

👌 ရေ နဲ့ ဓာတ်ဆား ပြန်ဖြည့်ပေး ဖို့က (((အဓိက))) အကျဆုံး ပါပဲ

👍👍👍 ဓာတ်ဆားရည် 👍👍👍 သောက်ရမယ်၊

🤷‍♂️ ဘယ်လောက်သောက်ရမလဲ

👉 ဝမ်းသွား သလောက် ပြန်သောက်ရမယ်

သွားသလောက်သောက်နိုင်လေ၊ ဆုံးရှုံးသွားသလောက်ပြန် ဖြည့်နိုင်ရင် ခန္ဓာကိုယ်က ဝေဒနာ ခံစားရတာ နည်းမှာပါ

ကိုယ့်ဟာကိုယ် 💊 ဆေးသောက်ချင်သပ ဆိုရင် ( Probiotic သောက်လို့ရပါတယ်) ဝမ်းသွားများလို့ သေသွားတဲ့ ဗိုက်ထဲက Normal Flora လေးတွေ ပြန်ဖြည့်ပေးတာပါ

................

အရေးကြီးတာက

😰 သွားတာ များလွန်းလို့ ဓာတ်ဆားရည် ပြန်မသောက်နိုင်ဘူး၊
🤮 အန် လို့ ဓာတ်ဆားရည် မသောက်နိုင်ဘူး
🤒 အဖျားတတ်လာပြီ
🤒 ဖျားလို့ ဓာတ်ဆားရည် မသောက်နိုင်ဘူး
😨 များလွန်းလို့ ခြေဖျားလက်ဖျား အေးပြီး၊ အထိုင် အထ မူးနေပြီ
🤢 ဝမ်းကြီးပဲ သွားပြီး ဆီး မသွားတော့ဘူး
🥵 ဗိုက် အရမ်းအောင့်နေပြီ

အဲ့လိုဆိုရင်တော့

ဆေးရုံ ၊ ဆေးခန်း အမြန်ပြပါ

သွေးကြော 💧အတွင်းမှ 💧 အရည်ဓာတ်ပြန်ဖြည့်ရပါမယ်

>>>>>>>>>>>

ဝမ်းပျက်ဝမ်းလျှော ဖြစ်လျှင်

=> ***ဝမ်းပိတ်ဆေး #မသောက်ပါနဲ့

=> ဆရာဝန် 👨‍⚕️ မညွှန်းပဲ (မလိုအပ်ပဲ) #ပိုးသတ်ဆေး ဆိုတာတွေ မသောက်ပါနဲ့

=> (((အရေးကြီးဆုံး))) က {{{ #ဓာတ်ဆားရည်}}}သောက်ပါ၊ ဝမ်းသွားသလောက်ပြန်သောက်ပေးပါ

=> လက်ကို စင်ကြယ်စွာဆေးပါ

=> ယင်နားစာများ မစားပါနှင့်

=> အပူ၊ အစပ် ၊ အချဉ် မစားပါနဲ့ဦး

=> နို့နှင့် နို့ထွက် ပစ္စည်းများရှောင်ပါ

=> အရွက်မစားပါနဲ့

>>>>>>>>>>>

အသည်းအဆီဖုံးရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များအသည်းအဆီဖုံးရောဂါသည် နာတာရှည် အသည်းရောဂါများအနက်တွင် အဖြစ်အများဆုံး ဖ...
04/10/2022

အသည်းအဆီဖုံးရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ

အသည်းအဆီဖုံးရောဂါသည် နာတာရှည် အသည်းရောဂါများအနက်တွင် အဖြစ်အများဆုံး ဖြစ်သည်။ အဝလွန်သူများ၏ ၉၀%၊ ဆီးချိုရောဂါရှိသူများ၏ ၅၀-၇၀% သည် အသည်းအဆီဖုံး ဖြစ်နိုင်ခြေရှိသည်။ ဥရောပတိုက်ရှိလူဦးရေ၏ ၂၅% ခန့်သည် အသည်းအဆီဖုံးခြင်းဝေဒနာ ရှိနေသည်ဟု သိရပါသည်။

ယနေ့ခေတ်တွင် အနေအထိုင် အစားအသောက် (Lifestyle) ပြောင်းလဲမှု (ဥပမာ - ကယ်လိုရီတွေကို ခန္ဓာကိုယ် စွမ်းအင်လိုအပ်ချက်ထက် ပိုမိုစားသောက်မိခြင်း၊ လှုပ်ရှားမှုနည်း၍ အထိုင်များခြင်း) ကြောင့် အဖြစ်များလာရခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အသည်းအဆီဖုံးခြင်းနှင့် ပတ်သက်၍ လူတိုင်းသိသင့်သော ဆောင်ရန် ရှောင်ရန်အချက်များကို အလျဉ်းသင့်၍ မျှဝေပေးလိုက်ပါသည်။

(၁) ကိုယ်အလေးချိန် လျှော့ချပါ။

ကိုယ်အလေးချိန်များသူများနှင့် အဝလွန်သူများသည် ကိုယ်ခန္ဓာအလေးချိန်၏ ၁၀% ကျော်ကို လျှော့ချပစ်ရန် လိုအပ်ပါသည်။ အသည်းအခြေအနေ ဆိုးလေလေ၊ ကိုယ်အလေးချိန် ပိုချဖို့လိုလေလေ ဖြစ်သည်။
ကိုယ်အလေးချိန် မများသူများ (BMI ပုံမှန်ရှိနေသူများ) ပင်လျှင် ကိုယ်ခန္ဓာအလေးချိန်၏ ၃-၅% ကို လျှော့ချရန် လိုအပ်သည်။ ဗိုက်ရွှဲသူများသည်လည်း ကိုယ်အလေးချိန်လျှော့ချရန် လိုအပ်သူများတွင် အကျုံးဝင်သည်။

(၂) ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။

• လမ်းသွက်သွက်လျှောက်ခြင်း၊ ရွရွ/နှေးနှေးပြေးခြင်း (Jogging)၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခြင်း (ဥပမာ - အေရိုးဗစ်၊ Zumba dance) စသည်တို့ကို တစ်ပတ်လျှင် အနည်းဆုံး ၃ ရက် (သို့) တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ လုပ်ပါ။ သို့မဟုတ်
• အလေးမခြင်း၊ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်းနှင့် Elastic band များအသုံးပြု၍ လုပ်ရသော လေ့ကျင်ခန်းများကို တစ်ပတ်လျှင် အနည်းဆုံး ၂ ရက်လုပ်ပါ။
• အထက်ပါနှစ်မျိုးပေါင်း တစ်ပတ်လျှင် ၃-၅ ကြိမ်ခန့် ပြုလုပ်ပါ။
• အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းများကို လျှော့ချပါ။

(၃) စားသောက်သင့်သော အစားအသောက်များ

• အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ
• ငါးအမျိုးမျိုး
• သံလွင်ဆီ
• အခွံမာသီး၊ အစေ့အဆံ၊ ပဲတောင့်ရှည်မျိုး ဖြစ်သော ပဲများ၊
• အမျှင်ဓာတ်များသော၊ ဂျုံနှင့်လုပ်သော အစားအစာများ (ဥပမာ - ဆီးချိုပေါင်မုန့်)
• သစ်ကြားသီး
• အဆီနည်းသော အသားများ
• အဆီလျှော့ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ
• ကျန်းမာရေးနှင့်ကိုက်ညီအောင် ပြုလုပ်ထားသော “အိမ်ချက်” အစားအစာများ
အထက်ပါ မြေထဲပင်လယ် ပတ်ဝန်းကျင်ဒေသများတွင် စားသောက်လေ့ရှိသော အစားအသောက်ပုံစံမျိုးမှာ အသည်းအဆီဖုံးရောဂါအတွက် အထူးသင့်တော်ပါသည်။ ရေများများသောက်ပါ။ ကော်ဖီသောက်ပါ။

(၄) ရှောင်ကြဉ်ရမည့် အစားအသောက်များ

❌ ပြည့်ဝဆီများ (ဥပမာ - ဝက်ဆီ)
❌ အထူးပြုပြင်ထားသော အစားအသောက်များ (Ultra-processed food) (ဥပမာ - အာလူးချောင်းကြော်၊ အသားညှပ်ပေါင်မုန့်)
ခေါက်ဆွဲခြောက်ထုပ်ကဲ့သို့သော Fast food များ
❌ ပြုပြင်ထားသော အသားများ (ဥပမာ - ကြက်/ဝက်အူချောင်း)
❌ အချိုကဲသော အစားအသောက်များ (ဥပမာ - ကိတ်မုန့်၊ ရေခဲမုန့်)
❌ အဆီများသော / သကြားထည့်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ (ဥပမာ - ချိုအောင် ပြုလုပ်ထားသော ဒိန်ခဲ၊ ဒိန်ချဉ်၊ နို့)
❌ ဆေးလိပ်
❌ အရက်၊ ဘီယာ၊ ဝိုင်
❌ အချိုရည်များ

(၅) လိုအပ်သော ကုသမှုများကို ခံယူပါ။

မိမိ၏ရောဂါအခြေအနေပေါ်မူတည်၍ လိုအပ်သော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက် အတိုင်း မှီဝဲသင့်သလို ဆရာဝန်နှင့် ပုံမှန်ပြသ၍ အစစ်ဆေးခံရန်လည်း လိုအပ်ပါသည်။

အသည်းအဆီဖုံးရောဂါအတွက် သီးသန့် အစွမ်းထက်သောဆေးများ မပေါ်ပေါက်သေးသော်လည်း အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင်သောဆေးများ ရှိနေပြီဖြစ်ပါသည်။ ဆီးချိုရောဂါ ကုသရာတွင် အသုံးပြုသော ပိုင်ရိုဂလီတဇုန်း (Pioglitazone) ဆေးနှင့် လီရာဂလူတိုက်၊ စီမာဂလူတိုက် (Liraglutide, semaglutide) စသော ဆေးများသည် အသည်းအဆီဖုံးရောဂါကုသရာတွင် အသုံးပြုနိုင်ပါသည်။ ဆီးချိုနှင့် အသည်းအဆီဖုံး တွဲနေသူများတွင် ပို၍ အဆင်ပြေပါသည်။ ဗီတာမင်-အီး သည်လည်း အသည်းအဆီဖုံးခြင်းကြောင့်ဖြစ်သော အသည်းရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါသည်။

နိုင်ငံတကာ သုတေသနများအရ အသည်းအဆီဖုံးရောဂါ ကုသရာတွင် အသုံးပြုနိုင်သော သဘာဝဆေးများနှင့် ဖြည့်စွက်စာများမှာ-
🔹 ပရိုဘိုင်အိုတစ်များ
🔹 ဗီတာမင်-ဒီ
🔹 အိုမီဂါ-၃
🔹 ဆယ်လီမရင်ဒြပ်ပေါင်း (Silymarin)
🔹 လက်ဖက်စိမ်း (Green tea)
🔹 ကာကူမင်ဒြပ်ပေါင်း (နနွင်း)

အထက်ပါဆေးများသည် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ခြင်း၊ အသည်းအဆီစုခြင်းကို ဟန့်တားပေးနိုင်ခြင်း၊ သွေးတွင်းအဆီဓာတ်နှင့် အချိုဓာတ်ကို ကျဆင်းစေခြင်း၊ အသည်းရောင်ခြင်းကို လျော့နည်းစေပြီး အသည်းအင်ဇိုင်းများကို ကျဆင်းစေခြင်း၊ အသည်းခြောက်/ကျုံ့ခြင်းကို လျော့နည်းစေခြင်း စသော အာနိသင်များရှိသောကြောင့် အသည်းအဆီဖုံးရောဂါရှိသူများတွင် အသုံးဝင်သော သဘာဝဆေးများ ဖြစ်ပါသည်။

ဒေါက်တာခင်မောင်လွင်

Address

Thaton, Mon State
Thaton

Telephone

+959955025173

Website

Alerts

Be the first to know and let us send you an email when Dr.Daw Yin Kyi Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram