ကောင်းပြည့်အောင် ဆေးခန်း နှင့် ဆေးဆိုင်

  • Home
  • Myanmar
  • Thaton
  • ကောင်းပြည့်အောင် ဆေးခန်း နှင့် ဆေးဆိုင်

ကောင်းပြည့်အောင် ဆေးခန်း နှင့် ဆေးဆိုင် kyaik kaw

အဲ့ဆေးလေးလဲ ဆိုင်မှာရပါတယ်ရှင့်
12/08/2025

အဲ့ဆေးလေးလဲ ဆိုင်မှာရပါတယ်ရှင့်

APT menopause သောက်ပါ သောက်ပါဆိုရင် အဲဒါ ဘယ်ဝယ်မရလဲ ဘာဆေးလဲ ဘာကောင်းတာလဲနဲ့ ကျွန်မ တင်ထားတဲ့ movie တွေလည်း မကြည့် နားလည်းမထောင် ခက်တော့နေပြီလေ

အခုပုံနဲ့ ပြပေးလိုက်တယ် အရင်ကျွန်မ ပြောတုန်းက ကဒ်ပုံစံတောင် မဟုတ်တော့ဘူး အသစ်လာတာ ပုံစံပြောင်းသွားပြီ

ဘာကောင်းတာလဲဆိုရင် အမျိုးသမီးတွေသွေးဆုံးကိုင် လက္ခဏာတွေ ထဲက (ပူလိုက်အေးလိုက်ဖြစ်တာ အိပ်မပျော်တာ စိတ်တိုတာ စိတ်ဓာတ်ကျတာ မိန်မကိုယ်ခြောက်သွေ့တာ အိမ်ထောင်ရေး စိတ်မပါတာ) တစ်မျိုးမျိုးစ ခံစားနေရပြီဆို သောက်ပေးပါ

သွေးဆုံးကိုင်တဲ့အချိန် သွေးဆုံးချင်ချင် အချိန် သွေးဆုံးပြီးအချိန် တွေ သောက်နိုင်တယ်

အဲ့ အချိန်မှာဖြစ်တဲ့ ဟော်မုန်း အပြောင်းအလဲဖြစ်တာကို ထိန်းပေးဖို့ လိုအပ်တာတွေ ပါဝင်တဲ့ အားဖြည့်ပေးတဲ့ အားဆေးအနေနဲ့ ကူညီပေးတာ (အသေးစိတ်ကို ကျွန်မ movieနဲ့ ပြောထားတာရှိပါတယ်)

သောက်တဲ့သူတွေ တော်တော်သိသာကြတယ် အိပ်ပျော်တယ် နေလို့ပိုကောင်းလာတယ်တဲ့ ပြောကြတယ်

ကျွန်မလည်း ၄၀ကျော်ပြီဆိုတော့ မကြာခင် သောက်ရတော့မယ်😁

ကျွန်မ မရောင်းဘူးနော် ကျွန်မဆီပဲ လာလာဝယ်နေကြလို့ ကြိုပြောရတာ🥰

ဆေးကုမ္မဏီက တရားဝင် သွင်းတဲ့ ဆေးဆိုတော့ ဆေးဆိုင်ကြီးတွေ တော်တော်များများမှာ ရပါတယ်

PwintPhyuWin_Pharmacist

သွေးဆုံးကိုင်ချိန်မှာ သောက်သင့်သော ဆေးလေး ဆိုင်မှာဝယ်လို့ရပါတယ်
11/08/2025

သွေးဆုံးကိုင်ချိန်မှာ သောက်သင့်သော ဆေးလေး ဆိုင်မှာဝယ်လို့ရပါတယ်

ထမင်းသိပ်မစားတဲ့ကလေးတွေ ဖုန်းကြည့်များတဲ့ကလေးတွေအတွက် ဆိုင်မှာလာဝယ်လို့ရပါပြီရှင်
11/08/2025

ထမင်းသိပ်မစားတဲ့ကလေးတွေ ဖုန်းကြည့်များတဲ့ကလေးတွေအတွက် ဆိုင်မှာလာဝယ်လို့ရပါပြီရှင်

အဲ့ အားဆေးလေးကို ကျွန်မ page မှာ အမြဲ ညွှန်းပေးဖြစ်တယ်
ဒါပေမယ့်လေ ကျွန်မ သားကိုတော့ မတိုက်ဘူးရှင် (အဲဒါတိုက်ရင် အရမ်းစားလို့😁) ကျွန်မသားက သိတဲ့အတိုင်း ဝတုတ်တစ်နေတာပဲလေ

သားသားသူငယ်ချင်းလေးကို အဲ့အားဆေးလေး လက်ဆောင်ပေးလိုက်တာ

သူ့မေမေက ဝမ်းသာအားရဖုန်းဆက်ပြော
တယ်
သမီးလေးကိုအဲဒါတိုက်ပြီး အရမ်းထမင်းစားတာပဲ အမရယ် ကျေးဇူးတင်ပါတယ်ဆိုပြီး...

အဲ့အားဆေးရည်က တကယ်တော့လေရွေးချယ်သင့်တဲ့ အားဆေးတစ်မျိုးပဲ

ပါဝင်တာတွေလည်း စုံတယ် vitamin mineral အစုံပါရုံမကဘူး မျက်စိအားဖြည့်ဖို့ ဉာဏ်ကောင်းဖို့ ကိုယ်ခံအားကောင်းဖို့ သဘာဝ carotenoids တွေ ရယ် DHAရယ် ပါတယ်

တနေ့ တကြိမ်တိုက်လို့ရတယ်
ကျွန်မမရောင်းပါဘူး
ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပါတယ်
PwintPhyuWin_Pharmacist

👉အသက် (၅၀) ကျော်အမျိုးသမီးတစ်ယောက် ဒေါသထွက်လွယ်ပြီး ညညအိပ်မပျော်တော့တဲ့အခါ...🙄အမျိုးသမီးတစ်ယောက်မှာ သွေးဆုံးကိုင်ပြီဆိုရ...
22/07/2025

👉အသက် (၅၀) ကျော်အမျိုးသမီးတစ်ယောက် ဒေါသထွက်လွယ်ပြီး ညညအိပ်မပျော်တော့တဲ့အခါ...

🙄အမျိုးသမီးတစ်ယောက်မှာ သွေးဆုံးကိုင်ပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအနေနဲ့

👉ခန္ဓာကိုယ်အနှံ့ပူရှိန်း ပူလောင်ဖြစ်ခြင်း (အများဆုံးခံစားရတတ်)၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ အားမရှိသလိုခံစားရခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်အနှံ့ထုံကျင်ခြင်း၊ ကြွက်သားများ၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း၊ ညဘက်တွင် ချွေးပြန်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။

📌စိတ်ပိုင်းဆိုင်ရာလက္ခဏာများအနေနဲ့

👉စိတ်ဓာတ်ကျခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ အိမ်ထောင်ဖက် အပေါ်စိတ်ခံစားမှုလျော့ကျခြင်း စတာတွေဖြစ်ပေါ်စေနိုင်ပါတယ်။

📌ထိရောက်တဲ့ကုသမှုမခံယူရင် နောက်ဆက်တွဲဆိုးကျိုးများအနေနဲ့

👉အရိုးပွ၊ အရိုးပါးခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ နှလုံးသွေးကြောရောဂါများဖြစ်ခြင်း စတဲ့အခြေအနေတွေဖြစ်ပေါ်စေပြီး လူနေမှုဘဝအဆင့်အတန်းအရည်အသွေး (𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗼𝗳 𝗟𝗶𝗳𝗲) ကိုကျဆင်းစေနိုင်ပါတယ်။

zifam myanmar page

ဆီးချိုစစ်တဲ့စက်တွေ ပေါလာတော့ အိမ်တိုင်းလိုလိုမှာ စက်တွေ ရှိလာကြပါပြီ။ ဆီးချိုရောဂါ ကိုယ့်မှာ ရှိနေ/မနေ သိဖို့ပါ။၁။ည၁၀ န...
16/03/2025

ဆီးချိုစစ်တဲ့စက်တွေ ပေါလာတော့
အိမ်တိုင်းလိုလိုမှာ စက်တွေ ရှိလာကြပါပြီ။ ဆီးချိုရောဂါ ကိုယ့်မှာ ရှိနေ/မနေ သိဖို့ပါ။

၁။ည၁၀ နာရီ နောက်ပိုင်းဘာမှ မစားဘဲ မနက် ၆နာရီ လက်ထိပ်သွေးဖောက်စစ်လို့
ရလာတဲ့ အဖြေက

FBS က 6.1 mmol/L (110 mg/dl )အောက်ဆို ကောင်းပါတယ်။ဆီးချိုရောဂါ မရှိပါ။

FBSက ≥ 6.1 mmol/L - 7 mmol/L [110 mg/dl – 126 mg/dl ]အတွင်းရှိနေခဲ့ရင် ဆီးချို စဖြစ်နိုင်ချေ ရှိနေပြီး

FBS ≥ 7 mmol/L [126 mg/dl ]ကျော်နေရင် ဆီးချိုရှိနေပါပြီ။နောက်နေ့မနက် ထပ်ဖောက်ပြီး confirm ပါရန်။

၂။
အစာစားပြီး ၂ နာရီ အကြာမှာ စစ်တဲ့အခါ
7.8mmol/l[140mg/dl] အောက်ဆိုရင် ကောင်းပါတယ်။

RBS ≥ 7.8 mmol/L - 11.1 mmol/L [140 mg/dl – 200mg/dl ]ဆီးချို ဖြစ်ခါနီးပါပြီ။

RBS ≥ 11.1 mmol/L [200mg/dl ]ကျော်နေရင် ဆီးချို ဖြစ်ပါပြီ။(FBS ထပ်ဖောက်ပါရန်)

၃။သွေးကြောထဲမှ သွေးဖောက်ပြီး ဟေမိုဂလိုဘင် စစ်ဆေးလိုက်တဲ့အခါ (HbA1c)
HbA1c 6 %အောက်ဆိုရင် ကောင်းပါတယ်။
HbA1c ≥ 6 % - 6.4% အတွင်းရှိရင် ဆီးချို ဖြစ်ချင်နေပါပြီ။

HbA1c ≥ 6.5 ကျော်နေရင်
ဆီးချိုရှိနေပါပြီ။

Credit
#ဟမ်စိုင်း(ဆေး-မန်း)

၃ကြိမ် မြောက် ပြန်တင်ခြင်း အမှတ်တရ😍
22/02/2025

၃ကြိမ် မြောက် ပြန်တင်ခြင်း အမှတ်တရ😍

ဆေးခန်းမှာ ရရှိပါပြီ
18/02/2025

ဆေးခန်းမှာ ရရှိပါပြီ

🎓ထက်မြက်တဲ့သားသားမီးမီးလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ GestaCare ကိုရွေးချယ်စို့

ကိုယ်ရဲ့ ရင်သွေးလေးကို ခြေလက်အင်္ဂါစုံစုံလင်လင်နဲ့မွေးဖွားစေချင်ရုံသာမက ဉာဏ်ရည်ထက်မြက်မှုအပိုင်းမှာ လည်း လိုအပ်ချက်မရှိ ပြီးပြည့်စုံစေချင်တယ်ဆိုရင် ကိုယ်ဝန်စရှိကတည်းက Folic Acid ,Iron ,DHA တို့ အာဟာရပြည့်ဝစုံလင်စွာပါဝင်တဲ့ ကိုယ်ဝန်ဆောင်အားဆေးမျိုးကို ရွေးချယ်သောက်‌ပေးသင့်ပါတယ်။

🤰🏻GestaCare ကိုယ်ဝန်ဆောင်အားဆေးတစ်လုံးချင်းစီတိုင်းမှာ Folic acid ,DHA ,Iodine , Iron, Vitamin B Complex 6 မျိုး ,Lactobacillus Paracasei (Probiotics),Calcium , Magnesium, Vitamin D 3, Vitamin E , Beta Carotene တို့ပါဝင်လို့ တစ်နေ့တစ်လုံးတည်းသောက်သုံးပေးရုံနဲ့ မေမေတို့ရဲ့ ကိုယ်ဝန် ဆောင်ကာလတစ်လျှောက်လုံး ကျန်းမာအောင် ကူညီပေးပြီး ဉာဏ်‌ရည်ဖွံ့ဖြိုးတဲ့ရင်သွေးလေးတွေကိုလည်း ပိုင်ဆိုင်နိုင်မှာပါရှင်။

GestaCare ကတော့ မြန်မာနိုင်ငံဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားပြီး NAZCO Trading LTD. မှတိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ် ။

အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်တိုင်းမှာ မေးမြန်း ဝယ်ယူနိုင်ပါတယ်ရှင့်


#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ
Telegram link::https://t.me/nazcowomen

တင်ပဆုံဦးတိုက် ကလေးမွေးဖွားခြင်း
18/02/2025

တင်ပဆုံဦးတိုက် ကလေးမွေးဖွားခြင်း

ဒူးနာသမားများအတွက် အရ်ုး အဆစ် အားဖြည့်ဆေး ဝယ်ယူရရှိနိုင်ပါတယ်
17/02/2025

ဒူးနာသမားများအတွက် အရ်ုး အဆစ် အားဖြည့်ဆေး ဝယ်ယူရရှိနိုင်ပါတယ်

❄️ အေးတဲ့ရာသီမှာ ဘာကြောင့် ဒူးနာတာလဲ? ❄️

ဒူးအဆစ်နာ(သို့) ဒူးဒဏ်ရာ ခံစားရတဲ့သူအချို့မှာ အပူချိန်ကျဆင်းလာတာနဲ့အမျှ ဒူးနာခံစားရနှုန်း မြင့်တက်လာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ့အေးတဲ့ရာသီဥတုတွေမှာ Synovial fluid လို့ ခေါ်တဲ့ အဆစ်အတွင်းက အရည်တွေ ပိုထူလာပြီး ပိုခိုင်မာလာတာမို့ အဆစ်တွေ တောင့်တင်းပြီး နာကျင်လာတာကြောင့်ပဲဖြစ်ပါတယ်။

ဒါကြောင့် အေးတဲ့ရာသီမှာ ဒူးနာတာကို လျှော့ချဖို့နည်းလမ်းကတော့ လှုပ်လှုပ်ရှားရှားနဲ့ နွေးနွေးထွေးထွေးနေဖို့ပါပဲ။ ဒါ့အပြင် နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို လျှော့ချပေးတဲ့ Glucart - အရိုးအဆစ်အားဖြည့်ဆေးးကိုလည်း ပုံမှန်သောက်သုံးပေးနိုင်ပါတယ်။

🔰 မှာယူရန် - http://m.me/GlucartOfficialMyanmar

15/02/2025

သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ အသစ်ပြောင်းရွှေ့ရောက်ရှိလာသော အ​ထူးကုသမားတော် ဒေါက်တာ သင်းသင်းအောင်

ကျိုက်ကော် ရှင်ဥပဂုတ္တကန်ရှေ့
ကောင်းပြည့်အောင် ဆေးခန်းမှာ
၂.၃.၂၅ တနင်္ဂနွေနေ့ မနက် ၁၀နါရီခွဲ မှစတင်ပြီး လူနာများအား ကြည့်ရှုပေးပါမည်။

စုံစမ်းမေးမြန်း လိုပါက..
၀၉၉၈၇၆၁၆၃၁၂
၀၉၉၈၂၈၃၉၇၂၉
မနက် ၈နာရီမှ ညနေ ၅နာရီအတွင်းသာ

မီးဖွားခြင်းနှင့် မီးယပ်ကိုင်ခြင်းအမျိုးသမီးများ သဘာဝအရ ကြုံတွေ့နိုင်တဲ့ အခြေအနေ ၂ ခုကတော့ မီးဖွားခြင်းနှင့် မီးယပ်ကိုင်...
09/06/2024

မီးဖွားခြင်းနှင့် မီးယပ်ကိုင်ခြင်း

အမျိုးသမီးများ သဘာဝအရ ကြုံတွေ့နိုင်တဲ့ အခြေအနေ ၂ ခုကတော့ မီးဖွားခြင်းနှင့် မီးယပ်ကိုင်ခြင်းပင်ဖြစ်သည်။

၁။ မီးဖွားခြင်း

🤰ကိုယ်ဝန်သည်မေမေ လစေ့သောအခါ အတိအကျပြောရင် နောက်ဆုံးလာခဲ့တဲ့ရာသီရဲ့ပထမဆုံးနေ့မှ (၃၇) ပတ်ပြည့်ချိန်ကို ခေါ်ပါတယ်။ သဘာဝအတိုင်းမွေးဖို့ စီစဉ်ထားတဲ့ မေမေတို့က ၃၇ပတ်မှ အပတ်၄၀ အတွင်း ပထမဆုံး သားအိမ်ခေါင်းလေး ပျော့ပြီးပါးလာပါတယ်။ ဒီအချိန်မှာ မေမေက မီးဖွားခြင်းလက္ခဏာကို ဘာမှ မခံစားရသေးပါဘူး။ သားအိမ်ခေါင်းပျော့ပြီး နာရီပိုင်းမှ ရက် အနည်းငယ်ထိကြာတဲ့အခါ နောက်တဆင့်ဖြစ်တဲ့ ကိုယ်ခန္ဓာက မီးဖွားဖို့ ပြင်ဆင်ချိန် အဆင်သင့်အနေအထားမှာ အောက်ပါ လက္ခဏာအချို့ကို စတင်ခံစားရပါတယ်။

(၁) ခါးအောက်ပိုင်း နာခြင်း
(၂) သွေးချွဲဆင်းခြင်း
(၃) ရာသီလာရင် ဗိုက်နာသလိုနာခြင်း
(၄) ဝမ်းပျော့ပျော့သွားခြင်း
(၅) အန်ချင်ခြင်း

အထက်ပါလက္ခဏာများစတင်ချိန်မှ သားအိမ်ခေါင်း အပြည့်ပွင့်ပြီး မွေးချိန်ထိ ယေဘုယျအားဖြင့် မီးဖွားခြင်း အဆင့်သုံးဆင့်ရှိပြီး ၁၂ နာရီမှ ၂၄ နာရီထိကြာနိုင်ပါတယ်။ပထမအဆင့်ဟာ အကြာဆုံးဖြစ်ပြီး နာရီ(၂၀)လောက်ထိ ကြာတတ်ပြီး သားအိမ်ခေါင်း စပွင့်ချိန်ကစပြီး လုံးဝအပြည့်အဝ ပွင့်သွားချိန်အထိကို ပထမအဆင့်လို့ သတ်မှတ်ပါတယ်။ သားအိမ်ခေါင်းအကျယ်ဟာ ၁၀ စင်တီမီတာအထိ အပြည့်အဝ ပွင့်သွားပြီဆိုရင်တော့ ဒုတိယအဆင့်ကို ရောက်ပါပြီ။ ဒီအချိန်ကစပြီး ရင်သွေးလေး အပြင်သို့ ရောက်ရှိ မွေးဖွားလာချိန်ထိကို ဒုတိယအဆင့်လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် နှစ်နာရီဝန်းကျင် ကြာမြင့်တတ်ပါတယ်။ ကလေးထွက်သွားပြီးနောက် ချက်ကြိုးနဲ့ ဆက်သွယ်ထားတဲ့ အချင်းတစ်ခုလုံး မိခင်ရဲ့ သားအိမ်ထဲက ထွက်လာအောင် ဆက်စောင့်ရပါမယ်။ ပုံမှန်အားဖြင့်တော့ ကလေးမွေးပြီးပြီးချင်း ချက်ချင်းဆိုသလိုပဲ အချင်းလည်း ကွာကျပြီး အပြင်ထွက်လာလေ့ရှိပါတယ်။ ဒီအဆင့်က အတိုဆုံးဖြစ်ပြီး မိနစ်အနည်းငယ်ကနေ မိနစ်၂၀လောက်ထိပဲ ကြာမြင့်တတ်သလို နာကျင်ခြင်းလည်း မရှိသလောက်ပါပဲ။

ကိုယ်ဝန်ဆောင်မေမေများ ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးငယ်ကို လွယ်ကူစွာမွေးဖွားနိုင်ဖို့ ခွန်အားလည်းရှိ စိတ်လည်းကျန်းမာစေဖို့ APT-Preg ကို နေ့စဉ်သောက်ဖို့ မမေ့ပါနဲ့နော်

၂။ မီးယပ်သွေးဆုံးကိုင်ခြင်း

အမျိုးသမီးများ အနေနဲ့ သွေးဆုံးခါနီး အချိန်တွေမှာ သွေးဆုံးကိုင်ခြင်း ဆိုတဲ့ ဝေဒနာတွေကို ခံစားကြရပါတယ်။ ပုံမှန်သွေးဆင်းနေရာကနေ သွေးမဆုံးခင် သွေးဆုံးခါနီးအချိန်ကို Perimenopause လို့ခေါ်ပြီး Perimenopauseမှာ ခန္ဓာကိုယ်တွင်း Hormone အပြောင်းအလဲဖြစ်တဲ့အတွက် ခံစားရလေ့ရှိတဲ့ဝေဒနာကိုတော့ Perimenopausal Symptoms ( သွေးဆုံးကိုင်တယ်)လို့ခေါ်ပါတယ်။ ရာသီမလာတာ တစ်နှစ်ပြည့်ရင် သွေးဆုံးပြီလို့သတ်မှတ်ကြပါတယ်။

သွေးဆုံးကိုင်တဲ့လက္ခဏာတွေကဘာတွေလဲ ❓

🙅‍♀️ရာသီလာတာ အချိန်မမှန်ခြင်း၊ လ နဲ့ချီပြီး နောက်ကျတတ်သလို၊ တချို့လတွေ သွေးမပေါ်ပဲရှိတတ်ခြင်း
🙅‍♀️. ရာသီလာတဲ့ ပမာဏ မမှန်ပဲ အများကြီးဆင်းတတ်သလို အလွန်နည်းနည်းလေးပဲ ဆင်းတာ
🙅‍♀️.ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း (ခန္ဓာကိုယ် အပေါ်ပိုင်း မျက်နှာ၊ လည်ပင်း၊ ရင်ပတ်၊ ကျောပူထူခြင်း)
🙅‍♀️ ချွေးထွက်များခြင်း
🙅‍♀️ ရင်တုန်ခြင်း
🙅‍♀️ ကြက်သီး ခဏ ခဏ ထခြင်း
🙅‍♀️မိန်းမကိုယ် ခြောက်သွေ့ခြင်း (ယားတတ်သလို အတူနေတဲ့အခါ နာခြင်း)
🙅‍♀️ ဆီးသွားချင်လျှင် မထိန်းနိုင်ပဲ ဆီးထွက်ကျတတ်ခြင်း
🙅‍♀️ စိတ်အတက် အကျမမှန်ပဲ စိတ်ဖိစီးမှု၊ စိတ်အလိုမကျမှုတွေ များပြီး ဒေါသကြီးလာတတ်ခြင်း
🙅‍♀️ည အိပ်မပျော်ခြင်း
🙅‍♀️ကိုယ်အလေးချိန် အတက်အကျဖြစ်ခြင်း
🙅‍♀️ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

Peri-menopausal period က လပိုင်းလောက်ကနေ တချို့မှာ (၄) နှစ်လောက်ထိကြာတတ်ပါတယ်။

Perimenopausal symptoms (သွေးဆုံးကိုင်တဲ့ လက္ခဏာ) တွေက Hormone တွေ ကျဆင်းသွားလို့ဖြစ်ပေါ်လာတာဖြစ်လို့ Hormone ပြန်ပြည့်ဝလာရင် လက္ခဏာတွေ သက်သာတတ်ပါတယ်။

သွေးဆုံးသွားတဲ့အခါ

- အရိုးပါး/အရိုးပွ လာပြီး အရိုးကျိုးလွယ်လာတတ်ပါတယ်။
- နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ အဖြစ်များလာခြင်း
စတာတွေကို ခံစားရတတ်ပါတယ်။

အမျိုးသမီးရောဂါ ကင်းဝေးအောင် APT-Menopause ကိုဆောင် …

ဆေးဝယ်ယူလိုပါက
ကောင်းပြည့်အောင် ဆေးခန်း
ကျိုက်ကော်
သို့ လာရောက်ဝယ်ယူနိုင်ပါတယ်😍😍

မွန်ပြည်နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များကို နိုင်ငံတော်စရိတ်ဖြင့် ၁၂ ရက်ကြာ ခွဲစိတ်ကုသပေးမည်မော်လမြိုင်၊ မေ ၁၅မွန်ပြည်နယ...
15/05/2024

မွန်ပြည်နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များကို နိုင်ငံတော်စရိတ်ဖြင့် ၁၂ ရက်ကြာ ခွဲစိတ်ကုသပေးမည်

မော်လမြိုင်၊ မေ ၁၅

မွန်ပြည်နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များကို နိုင်ငံတော်စရိတ်ဖြင့် ၁၂ ရက်ကြာ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မေလ ၂၆ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ၁၂ ရက်ကြာ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

မျက်စိအတွင်းတိမ် ခံစားနေရသည့် လူနာများကို အထူးကုသပေးမည်ဖြစ်ပြီး မျက်စိဝေဒနာခံစားနေရသူများလည်း လာရောက်ပြသနိုင်ကြောင်း ထုတ်ပြန်ထားသည်။

လာရောက်ကုသမည်သူများအနေဖြင့် မေလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်ဆေးရုံတွင်ဖြစ်စေ၊ နီးစပ်ရာကျန်းမာရေးဌာနတွင်ဖြစ်စေ အချိန်မီစာရင်းပေးသွင်းကြရန် အသိပေးထားသည်။

ရာမညတိုမ်း(တိုမ်း)-သတင်းအေဂျင်စီ

Yarmanya Times

Address

Thaton

Telephone

+959987616312

Website

Alerts

Be the first to know and let us send you an email when ကောင်းပြည့်အောင် ဆေးခန်း နှင့် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram