02/04/2022
အရက်သောက်တာများရင်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နိုင်လား။
အရက်သောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်ဆိုရင် လူအများစုကအမြည်းအစားအစာတွေ မသန့်တာကြောင့်လို့ဘဲ ထင်မှတ်မှားတတ်ကြပါတယ်။ တကယ်တော့ အရက်ကိုယ်တိုင်ကိုက အစာအိမ်နဲ့အူလမ်းကြောင်းစနစ်ကို ထိခိုက်စေနိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေနိုင်တာဖြစ်ပါတယ်။ အရက်ကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်စေရခြင်း အကြောင်းအရင်းတွေကတော့-
(၁) အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်ကို ရောင်ရမ်းစေခြင်း
အရက်ဟာ အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်လုံးကို ရောင်ရမ်းစေနိုင်တဲ့အပြင် အစာအိမ်မှ အက်စစ်ဓါတ်တွေ ပိုမိုထွက်လာစေနိုင်ပါတယ်။ အူလမ်းကြောင်းတစ်လျှောက်မှာ အက်စစ်တွေ ရောင်ရမ်းမှုတွေ များနေတဲ့အခါ ဝမ်းပျက်ဝမ်းလျှောဖြစ်လာစေနိုင်ပါတယ်။
(၂) သကြားဓါတ်ပါဝင်မှုမြင့်မားခြင်း
အရက်မှာပါဝင်တဲ့ သကြားဓါတ်တွေဟာ အူလမ်းကြောင်းမှ ရေနဲ့သတ္တုဓါတ် စွန့်ထုတ်မှုကို များလာစေနိုင်ပြီး ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၃) အစာခြေစနစ်ကို လျင်မြန်စေနိုင်ခြင်း
အရက်သောက်ခြင်းဟာ အစာခြေစနစ်ကို ပိုမိုလျင်မြန်စေနိုင်ပြီး အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ပိုမိုမြန်ဆန်လာစေပါတယ်။ အူလမ်းကြောင်းကြွက်သားလှုပ်ရှားမှုတွေ လျင်မြန်လာတဲ့အခါ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်လာစေနိုင်ပါတယ်။
(၄) ဝမ်းတွင်းပိုးကောင်းလေးတွေကို သေစေနိုင်ခြင်း
အူလမ်းကြောင်းတစ်လျှောက်မှာဆိုရင် gut flora လို့ခေါ်တဲ့ ပိုးကောင်းလေးတွေ ပမာဏလုံလောက်စွာရှိရပါမယ်။ ပိုးကောင်းလေးတွေဟာ ပြင်ပမှာဝင်လာတဲ့ ဘတ်တီးရီးယားရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးတာဖြစ်ပါတယ်။ အရက်သောက်ခြင်းဟာ ပိုးကောင်းလေးတွေကို သေစေနိုင်တဲ့အတွက် ပြင်ပမှရောဂါပိုးမွှားတွေကို မတိုက်ထုတ်နိုင်တော့ဘဲ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်လာစေနိုင်ပါတယ်။
(၅) အရက်အများစုမှာ gluten ပါဝင်နေခြင်း
Gluten နဲ့ဓါတ်မတည့်သူဟာ အရက်သောက်ပြီးတဲ့အခါတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်လာတတ်ပါတယ်။
အရက်သောက်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် စိုးရိမ်ရလား။
အရက်သောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာမရှိပါ။ သို့သော်လည်း ဝမ်းလျှောတာ ရက်ကြာမြင့်လာတဲ့အခါ ရေဓါတ်ခမ်းခြောက်ခြင်း ဖြစ်လာစေနိုင်ပြီး အန္တရာယ်ရှိစေနိုင်ပါတယ်။
ဘယ်သူတွေမှာ အရက်သောက်ပြီး ဝမ်းလျှောတာပိုဖြစ်တတ်လဲ။
(၁) အစာမစားဘဲ အရက်ချည်းဘဲသောက်သုံးသူတွေ
(၂) အရက်အလွန်အကျွံသောက်သူတွေ
(၃) Celiac, Crohns , Irritable bowel syndrome စတဲ့ အူလမ်းကြောင်းတစ်လျှောက်ရောဂါအခံရှိသူတွေ စတဲ့သူတွေဟာ အရက်သောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရနိုင်ခြေ ပိုမိုများပြားပါတယ်။
အရက်သောက်ပြီး ဝမ်းလျှောတာမျိုးဖြစ်ရင် ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ။
အရက်သောက်ပြီး ဝမ်းလျှောခြင်းဖြစ်တဲ့အခါ
-အမျှင်ဓါတ်ပါဝင်တဲ့အစာတွေများများစားပေးပါ။
-ရေဓါတ်ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဓါတ်ဆားရည်သောက်ပါ။
-ဆားဓါတ်ပါဝင်တဲ့ အအေးတွေ၊ ဖျော်ရည်တွေ သောက်သုံးပေးပါ။
-ဌက်ပျောသီး၊ ပေါင်မုန့်၊ ကြက်ဥ၊ ဆန်ပြုတ်စတဲ့ အစာကြေလွယ်တာမျိုးတွေသာ စားပေးပါ။
-အရက်၊ ကော်ဖီ၊ နွားနို့စတာတွေ လျှော့သောက်ပါ။
-အဆီများတဲ့အစာတွေဖြစ်တဲ့ ထောပတ်၊ ချိစ်စတာတွေ လျှော့စားပါ။
အရက်သောက်ပြီးဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဘယ်လိုကုသရမလဲ။
အရက်သောက်ပြီးဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ အချက်တစ်ချက်ကတော့ အရက်ဟာ gut flora လို့ခေါ်တဲ့ ဝမ်းဗိုက်တွင်းရှိသင့်တဲ့ ပိုးကောင်းလေးတွေကို သေစေလို့ဘဲဖြစ်ပါတယ်။ အရက်ကြောင့် ပုံမှန်ရှိသင့်တဲ့ Gut floraအရေအတွက်ထက် လျော့နည်းသွားတာကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ Prebiotics နဲ့ probiotics ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ အမျှင်ဓါတ်များတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေဖြစ်တဲ့ ဌက်ပျောသီး၊ ဘယ်ရီသီး၊ ကညွတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ပဲအမျိုးမျိုးစတာတွေမှာ Prebiotics ပါဝင်တာဖြစ်လို့ များများစားသုံးပေးရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသနိုင်ဖို့ probiotics ဆေးတွေကို အသုံးပြုလေ့ရှိကြပါတယ်။ Probiotics တွေဟာ အန္တရာယ်ကင်းတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်မှာ အများဆုံးရွေးချယ်သောက်သုံးကြတဲ့ ဆေးအမျိုးအစားဖြစ်ပါတယ်။
Probiotics တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကုသကာကွယ်ပေးနိုင်သလို အအေးမိဖျားနာခြင်း၊ ဆီးပိုးဝင်ခြင်း၊ မိန်းမကိုယ်မှိုစွဲခြင်းစတာတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် probiotics သောက်ခြင်းဖြင့် ကိုယ်အလေးချိန်ထိန်းသိမ်းပေးနိုင်ခြင်း၊ စိတ်ကြည်လင်လန်းဆန်းစေခြင်းစတဲ့ ကောင်းကျိုးတွေကိုပါ ရရှိစေမှာဖြစ်ပါတယ်။
Probiotics ဆေးတွေထဲက တစ်မျိုးဖြစ်တဲ့ Probio မှာဆိုရင် Lactobacillus acidophilus လို့ခေါ်တဲ့ အူလမ်းကြောင်းကောင်းမွန်စေတဲ့ ပိုးကောင်းလေးတွေ မြောက်များစွာ ပါဝင်နေပါတယ်။
Probio ဆေးကို ဝမ်းပျက်ဝမ်းလျှောရောဂါကုသဖို့အပြင် အစာမကြေခြင်းနဲ့ အူလမ်းကြောင်းပြဿနာတွေ သက်သာစေဖို့အတွက်လည်းသောက်သုံးပေးနိုင်ပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေးတွေကြောင့်ဖြစ်လေ့ရှိတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ဆိုးကျိုးပြဿနာတွေကို ကုသဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ပိုးသတ်ဆေးတွေဟာ ရောဂါပိုးမွှားတွေကိုတိုက်ဖျက်သလို အူလမ်းကြောင်းမှာ ပုံမှန်ရှိနေရမယ့် ပိုးကောင်းလေးတွေကိုပါ သတ်ပစ်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးတွေသောက်ပြီးတဲ့အခါ Probio သောက်သုံးပြီး ပိုးကောင်းလေးတွေကို ပြန်မွေးမြူပေးနိုင်ပါတယ်။
Probio ဆေးဟာ အမှုန့်အမျိုးအစားဖြစ်တာကြောင့် ကလေးတွေအတွက်ပါ သောက်သုံးရအဆင်ပြေစေပါတယ်။ Probio ဆေးမှုန့်ကို ရေအနည်းငယ်နဲ့ရောပြီး အစာမစားမီသောက်သုံးပေးရမှာဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ တစ်နေ့ကို Probio ၁ထုပ် သို့မဟုတ် ၂ထုပ်ထိ သောက်သုံးပေးရပါမယ်။ ၁နှစ်အောက်ကလေးငယ်လေးတွေဆိုရင်တော့ အထုပ်တစ်ဝက်ခန့်ကို နို့နဲ့ရောစပ်ပြီး တိုက်ကျွေးနိုင်ပါတယ်။
ဒါကြောင့် အရက်သောက်လို့ဘဲဖြစ်ဖြစ်၊ အစားမှားလို့ဘဲဖြစ်ဖြစ် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဆိုးကျိုးတွေရှိတတ်တဲ့ ဝမ်းပိတ်ဆေးတွေ တန်းသောက်တာမျိုးမလုပ်ဘဲ အန္တရာယ်ကင်းတဲ့ Probiotics ဆေးတွေကိုသာ ရွေးချယ်သောက်သုံးပေးရမှာဖြစ်ပါတယ်။
ပရိုဘိုင်အို သောက်
ဝမ်းပျက်ဝမ်းလျှော ပျောက်
#ဝမ်းပျက်ဝမ်းလျှော