Dr. Myat Su

Dr. Myat Su 🎓 Academic Motivation 📚 Study Strategies 🎯 Study abroad/Scholarship Guidance 🧑‍🎓 Student Success
✨ Empowering Students Through Smart Guidance ✨

🎓‎တီချယ်ရဲ့ page ကနေ Study Strategies တွေ၊ Scholarship/Study abroad အတွက် ဆောင်ရန် ရှောင်ရန်တွေ၊ ပညာရေးဆိုင်ရာ အခက်အခဲ ပ...
04/08/2025

🎓‎တီချယ်ရဲ့ page ကနေ Study Strategies တွေ၊ Scholarship/Study abroad အတွက် ဆောင်ရန် ရှောင်ရန်တွေ၊ ပညာရေးဆိုင်ရာ အခက်အခဲ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ စတာတွေနဲ့ ကျောင်းသား/သူ လူငယ်တွေ ရဲ့ Academic motivation အတွက်‌ရော မိဘတွေအနေနဲ့ ဘယ်လိုပံ့ပိုးပေးသင့်လဲဆိုတာတွေအတွက်ပါ ရေးသားမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ဒါကြောင့် like & follow လုပ်ထားနိုင်ပါတယ်။
‎
🧑‍🎓‎တီချယ်ကတော့ 𝐃𝐫. 𝐌𝐲𝐚𝐭 𝐒𝐮 ဖြစ်ပြီး ကျောင်းသား/သူ လူငယ်တွေ၊ Post graduate တွေရဲ့ ပညာရေးဆိုင်ရာ၊ Scholarship ဆိုင်ရာ
အခက်အခဲ၊ ပြဿနာတွေကို ဆွေးနွေး အကြံပေးပြီး လမ်းညွှန်ပေးနေတဲ့ Education Consultant တစ်ဦးပါ။
‎
‎Consultation ရယူပြီး တီချယ်နဲ့ ဆွေးနွေးတိုင်ပင်ချင်ရင်တော့ Teacher Myat- Education Consulting ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
‎
🧑‍🎓‎𝐃𝐫. 𝐌𝐲𝐚𝐭 𝐒𝐮
‎(𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭)
‎PhD (Educational Psychology)
‎B.Ed.,M.Ed.(Guidance & Counselling)
‎Diploma in Education (NUE, Japan)

ကလေးရဲ့ မေမေ : သားသားက Englishလို ပြောတတ်တယ်..တချိန်လုံး English လို ပြောနေတာTeacher : ဟုတ်လား..level က ဘယ်လောက်ရှိ‌‌ နေ...
31/08/2023

ကလေးရဲ့ မေမေ : သားသားက Englishလို ပြောတတ်တယ်..တချိန်လုံး English လို ပြောနေတာ

Teacher : ဟုတ်လား..level က ဘယ်လောက်ရှိ‌‌ နေပြီလဲ
ကလေးရဲ့မေမေ : ဟယ် ဒါတော့ မသိဘူး teacher..

ဒီလိုမျိုး ခဏ ခဏ ကြုံရပါတယ်..
ကလေးက English လို ပြောနိုင်နေတာတော့ဟုတ်ပါပြီ..ရှေ့ကို ဆက်တိုးတက်စေဖို့ ဘာသင်ပေးရမလဲဆိုတာကို သိနိုင်ဖို့သူတို့ရဲ့ level ကို သိထားဖို့ လိုပါတယ် ဖေဖေ မေမေတို့ရေ.. 🍀

ကလေးတွေ English လို ကောင်းကောင်း communicate လုပ်နိုင်ဖို့ သင်ပေးဖို့ အရေးကြီးသလို သူတို့ရဲ့ level က Common European Framework(CEFR) Levelအရဘယ်လောက်ရှိလဲဆိုတာကိုလည်းသိထားရပါမယ်..🍀

ဘယ် level ကို ရောက်နေပြီလဲ ဆိုတာ သိထားမှ နောက်တစ်ဆင့်တက်နိုင်ဖို့ အချိန် ဘယ်လောက် လေ့ကျင့်သင်ယူသင့်လဲ ဆိုတာ ကို သိနိုင်မှာပါ..🍀

A1 Starters/Movers ဆိုရင် သင်ယူချိန်
နာရီပေါင်း ၉၀ မှ ၁၀၀ ထိ

A2 Key (KET) အတွက်
နာရီပေါင်း ၁၈၀ မှ ၂၀၀ ထိနဲ့

B1 Preliminary (PET)ဆိုရင်
နာရီပေါင်း ၃၅၀ မှ ၄၀၀ ထိစသဖြင့် လိုအပ်ပါတယ်🍀

level ကို သိပြီဆိုရင် သင်ယူသင့်တဲ့ နာကီအရေအတွက် ပြည့်အောင် လုပ်နိုင်စေဖို့ဘယ် course book နဲ့ သင်ပေးမလဲဆိုတာ ဆုံးဖြတ်ရပါမယ်..စာအုပ်တွေ အများကြီးရှိပေမယ့် ကလေးအတွက် fun ဖြစ်စေမယ့် စာအုပ်လေးတွေကို ရွေးချယ်သင့်ပါတယ်..ဒါမှ ကလေးက language သင်ရတာကို ဝန်ထုပ်ဝန်ပိုးကြီးလို့ မမြင်တော့ဘဲ ဆက်သင်ယူချင်စိတ်တွေ ရှိလာနိုင်မှာပါ.. 🍀

ကလေးကို level မြှင့်လိုဇောနဲ့ တအားတွန်းအားမပေးမိဖို့လည်း အရေးကြီးပါတယ်..ကိုယ်တိုင်စိတ်ပါဝင်စားစွာနဲ့ သင်ယူမှ ပိုတတ်လွယ်ပြီး level လည်း တိုးတက်လာပါလိမ့်မယ်..ကလေးရဲ့ level test လုပ်ဖို့ မမေ့ပါနဲ့နော်🍀

ကလေးတွေအတွက် အကောင်းဆုံးပံ့ပိုးပေးနိုင်ကြပါစေရှင်🌸🌸🌸

Teacher Myat



☘️ Teacher Myat - Child Edu Consultation မှာ ကလေးပညာရေးနဲ့ ပတ်သက်ပြီး Consultation service များရှိပါတယ်ရှင်..အသေးစိတ်ဆွေးနွေးမယ်ဆိုရင်
✉️ chatbox
☎️09421736457 တို့ကို ဆက်သွယ်‌စုံစမ်းနိုင်ပါတယ်ရှင်။

Viber:
https://invite.viber.com/?g2=AQAZAFGKotDF3U7kLuR4glY%2BSA%2BmM8FyG6IYaRRWKeL9KOOEVsRo9qkA0wuVMgHw

Telegram:
https:/t.me/teachermyat

https://youtube.com/

https://www.tiktok.com/?_t=8eWwPQd4VgG&_r=1

🍁သားသမီးတွေရဲ့ ပညာရေးအောင်မြင်ဖို့ဆိုရင် မိဘရဲ့ အထောက်အပံ့က လိုကိုလိုအပ်ပါတယ်..🍁နေရာတစ်ခုဆီရောက်ဖို့ ကားနဲ့ သွားရတဲ့သူနဲ...
24/08/2023

🍁သားသမီးတွေရဲ့ ပညာရေးအောင်မြင်ဖို့ဆိုရင် မိဘရဲ့ အထောက်အပံ့က လိုကိုလိုအပ်ပါတယ်..

🍁နေရာတစ်ခုဆီရောက်ဖို့ ကားနဲ့ သွားရတဲ့သူနဲ့ လမ်းလျှောက်သွားရတဲ့သူ ဘယ်တူနိုင်ပါ့မလဲနော်။ဒီလိုပဲ မိဘရဲ့ support ကို ရတဲ့သူ‌တွေနဲ့ မရတဲ့သူတွေ တော်တော်လေး ကွာခြားတာကို တွေ့ရမှာပါ

🍁မိဘဆီက " ငါ့သားလေးက တော်လိုက်တာ" "သမီးက အရည်အချင်းရှိပါတယ်" စတဲ့ စကားပြောပေးရင်ပဲ သားသမီးကို emotional support ပေးတာပါပဲ

🍁အပြစ်တင်ဆူပူတာထက် ဘေးကနေ ပံ့ပိုးပေးဖို့ ကြိုးစားရပါမယ်

🍁ကိုယ့်သားသမီးတွေကို ဘယ်အချက်တွေနဲ့ ပံ့ပိုးပေးလို့ရလဲ?

🍁သူတို့လေးတွေရဲ့ နေ့စဉ်ဘဝကို စနစ်တကျဖြစ်အောင် ကြိုးစားပေးမယ်။ ကျန်းမာရေး ကောင်းစေတဲ့ အစားအသောက်တွေပြင်ဆင်ပေးမယ်၊ အိပ်ချိန် စားချိန်မှန်အောင် ဂရုစိုက်ပေးမယ်

🍁စာလုပ်ဖို့ နေရာကို သီးသန့်ထားပေးတာ၊ သား/သမီး က စာလုပ်နေရင် ဘေးနားမှာ TV အကျယ်ကြီး ဖွင့်ကြည့်တာ၊ စကားကို ဆူဆူညံညံ ပြောနေကြတာမျိုးမဖြစ်အောင် သတိထားပေးရပါမယ်။

🍁သင်တန်း ဒါမှမဟုတ် ကျောင်းမှာ ဘာတွေလုပ်ခဲ့ရလဲ စသဖြင့် သူတို့တွေနဲ့ စကားပြောဖို့ အချိန် ရ‌ေအာင်လုပ်ပါ။ ကျောင်းအပ်ပေးထားပြီပဲ၊ တာဝန်ကျေပြီ ဆိုတဲ့ သဘောမျိုး မဖြစ်ပါစေနဲ့❗

🍁ဆရာ/မတွေနဲ့ တွေ့ပါ။ ကိုယ့်ကလေးရဲ့ အခြေအနေကို သိအောင်လုပ်ပါ။

🍁သူ့ အနာဂတ်ပညာရေးအတွက်ဘယ်လို‌‌ေကျာငမျိုးထားသင့်လဲ၊ IS ထားမလား၊ private ထားမလား စသဖြင့် ခုခေတ်မှာ ရွေးချယ်ရတာ မလွယ်ဘူးလေ..ရွေးချယ်တဲ့အခါ လည်း လမ်းကြောင်းမမှားရ‌အောင် ရွေးချယ်နိုင်ဖို့ ဆရာ/မတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့လည်း လိုပါတယ်..

☘️☘️ဒီလို well support ပေးပြီး ကလေးရဲ့ အနာဂတ်ပိုလှအောင် ဖန်တီးပေးနိုင်တဲ့ ဖေဖေ မေမေတွေ ဖြစ်နိုင်ကြပါစေနော်☘️☘️

Teacher Myat - Child Edu Consultation မှာ သားသမီးရဲ့ ပညာရေးဆိုင်ရာ အခက်အခဲ၊ ပြဿနာတွေ၊ ရှေ့ဆက် လုပ်ရမယ့် plan တွေ၊ ပညာရေးတိုးတက်ဖို့ လမ်းကြောင်းတွေအတွက် Teacher Myat နဲ့ အသေးစိတ် ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်ရယူနိုင်ပါပြီနော်..

Page cb သို့မဟုတ် ဖုန်း 09421736457 ကို ဆက်သွယ်ပြီး booking လုပ်နိုင်ပါတယ်..

Channels:

https://youtube.com/

https://www.tiktok.com/?_t=8eWwPQd4VgG&_r=1

ကျောင်းစာတစ်ခုတည်းပဲ သင်မယ်ဆိုရင် အပြိုင်အဆိုင်တွေများတဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ့်သားသမီး နောက်ကျကျန်ခဲ့မှာလည်း စိုးရိမ်ရတ...
14/08/2023

ကျောင်းစာတစ်ခုတည်းပဲ သင်မယ်ဆိုရင် အပြိုင်အဆိုင်တွေများတဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ့်သားသမီး နောက်ကျကျန်ခဲ့မှာလည်း စိုးရိမ်ရတာတို့၊ ဘယ်သင်တန်းကို ပို့ရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ချရတာတို့ကတော့၂၁ ရာစု မိဘတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေပါပဲ🍁

ကလေးတွေကို ကျောင်းစာအပြင် ပန်းချီ၊ အားကစား စတဲ့ extra curriculum ဘာသာရပ်တွေလည်း သင်ပေးသင့်ပါတယ်🍁

ဒါပေမယ့် သတိထားရမှာ တစ်ခုက ကလေးရဲ့ ဝါသနာ၊ အထုံဗီဇတွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးဆိုတာကိုပါ🍁

ကလေးရဲ့ ဉာဏ်ရည်၊ ဗီဇ ကိုလိုက်ပြီး သင့်တော်တဲ့ extra curriculum ရွေးချယ်ပေးဖို့ လိုပါတယ်။ ဒါမှသာ ကလေးရဲ့ အနာဂတ် လက်တွေ့ဘဝအတွက် အကျိုးရှိတဲ့ အခြေခံလေးတွေ ရသွားစေမှာပါ🍁

ကလေးက စိတ်မဝင်စားဘဲ ခေတ်စားနေတယ်၊ trend ဖြစ်နေတယ်ဆိုတိုင်း သင်ပေးမယ်ဆိုရင် ကလေးအနေနဲ့ စိတ်ဖိစီးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ လုပ်နိုင်စွမ်းအပေါ် သံသယ ဖြစ်လာမယ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု (self-esteem) အားနည်းလာနိုင်ပါတယ်🍁

ဥပမာ- လှုပ်လှုပ်ရှားရှားလုပ်ရတာကို မကြိုက်တဲ့ ကလေးက အားကစားလုပ်ရတဲ့အခါ တတ်တော့တတ်နိုင်တယ်၊ ထူးချွန်တာမျိုး ဖြစ်မလာနိုင်ဘူး။ ဒီလိုပဲ ကိုယ်လက်လှုပ်ရှားရတာ သဘောကျတဲ့ ကလေးက ငြိမ်ငြိမ်လေးထိုင်ပြီး ပန်းချီတွေ၊ ဘာတွေ ဆွဲရတဲ့အခါ အားနည်းနိုင်ပါတယ်...🍁🍁🍁

ဒါကြောင့် ကလေးနဲ့ သင့်တော်မယ့် extra curriculum ကို ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်🍁

ကိုယ့်ကလေးရဲ့ အားသာချက်တွေအပေါ် မူတည်ပြီး အသင့်တော်ဆုံး သင်တန်း၊ ကျောင်းတွေကိုရွေးချယ်ရခက်နေတယ်ဆိုရင် ဆရာ၊ ဆရာမတွေ၊ ပညာရေးပညာရှင်တွေနဲ့ ဆွေးနွေးအဖြေရှာတာက အမှားနည်းပါလိမ့်မယ်..🍁

ကလေးတို့ရဲ့ အနာဂတ်ပျော်ရွှင်လှပနိုင်ဖို့ အကောင်းဆုံး ဖန်တီးပေးကြပါစို့...🍁🍁🍁

သားသား မီးမီးတို့ရဲ့ ပညာရေးလမ်းကြောင်း၊ အခွင့်အလမ်းနဲ့ အခက်အခဲတို့အတွက် Teacher Myat-Child Edu Consultation က အသင့်ရှိနေပါတယ်နော်....🍁

Teacher Myat နဲ့ ဆွေးနွေးနိုင်ဖို့ cb /☎️09421736457 ကနေတဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်...🌸🌸🌸

 #ကျွန်မတို့ကကလေးတွေကိုချီးကျူးတဲ့အခါ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ထည့်ပြောဖို့ မေ့နေတတ်ကြပါတယ်🌻🌻🌻"သားသားကတော်လိုက်တာ...
05/08/2023

#ကျွန်မတို့ကကလေးတွေကိုချီးကျူးတဲ့အခါ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ထည့်ပြောဖို့ မေ့နေတတ်ကြပါတယ်🌻🌻🌻

"သားသားကတော်လိုက်တာ"
"သမီးက ဉာဏ်ကောင်းလိုက်တာ"
"မီးမီးလေးက ကိုယ့်အင်္ကျီကို ကိုယ်တိုင်ဝတ်တတ်နေပြီ..တော်တယ်"
ဒီလို ချီးကျူးစကားတွေတော့ ပြောဖြစ်ကြပါတယ်..🌻🌻🌻

ဒါပေမယ့် သူတို့လေးတွေရဲ့ ကြိုးစားအားထုတ်မှုလေးတွေကို ဘာလို့ ထည့်မပြောမိကြတာလဲ..🌻

အပေါ်မှာ ဥပမာပြောခဲ့တဲ့ ချီးကျူးစကားတွေအစား ကလေးရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့ စကားတွေကို ထည့်ပြောတာက သူတို့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုကို တိုးတက်စေပါတယ်..🌻🌻🌻

"သားက သင်္ချာပုစ္ဆာတွေကို တွက်နိုင်အောင် ကြိုးစားထားတာပဲ"🌻
" သမီးက ဝေါဟာရတွေကို ဂရုတစိုက်မှတ်ထားတယ်..🌻
ဒီလိုမှတ်ထားတော့ language သင်ရတာ ပိုလွယ်တာပေါ့"🌻
"သားသားက ကြယ်သီးပေါက်သေးသေးလေးထဲကို ကြယ်သီးဝင်အောင်တပ်နိုင်တယ်.နေရာတွေလည်း မှန်တယ်..တော်လိုက်တာ"
စသဖြင့် သူတို့လုပ်ခဲ့တဲ့ အလုပ်လေးတွေကို သတိပြုမိအောင် ပြောပေးပါနော်..🌻🌻🌻

မူလတန်းအရွယ်မှာ ရှိနေတဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ယုံကြည်မှုတွေကို အရွယ်ရောက်တဲ့အထိ ဆက်ရှိနေအောင် ဒီလိုချီးကျူးစကားတွေနဲ့ ပံ့ပိုးပေးလို့ရပါတယ်.🌻🌻🌻
ဒါမှ သူတို့လေးတွေကို လမ်းမှန်အောင် တည့်မတ်ဆုံးမရတဲ့အခါ သူတို့အနေနဲ့ ပိုနားဝင်မယ်..ပိုကြိုးစားအားထုတ်ချင်စိတ်တွေဖြစ်မှာပါ🌻🌻🌻

သူတို့ရဲ့ကြိုးစားလိုစိတ်..မိမိကိုယ်ကိုယုံကြည်စိတ်ကို လျော့ပါးမသွားစေဖို့ ချီးကျူးစကားပြောတဲ့အခါ ကြိုးစားအားထုတ်မှုကိုပါ ထည့်ပြောပေးရမှာ မမေ့ပါနဲ့ ဖေဖေ မေမေတို့ရေ..🌻🌻🌻







🌻မိဘများအနေနဲ့ သားသမီးတွေရဲ့ပညာရေးအခွင့်အလမ်းများ၊‌ ပညာရေးဆိုင်ရာ အခက်အခဲများအတွက် "Teacher Myat" နဲ့ ဆွေးနွေးပြီး အကြံဉာဏ်များ၊ consultation serviceများ ရယူနိုင်ပါပြီ။🌻

 #ကလေးကbနဲ့dလိုစာလုံးတွေကိုမှားပြီးပြောင်းပြန်ရေးနေလား..ဘာကြောင့်လဲ?🍁တချို့ကလေးတွေက စာလုံးရေးရင် အပေါ်အောက်ဆွဲတာ၊ ရှေ့နေ...
31/07/2023

#ကလေးကbနဲ့dလိုစာလုံးတွေကိုမှားပြီးပြောင်းပြန်ရေးနေလား..ဘာကြောင့်လဲ?

🍁တချို့ကလေးတွေက စာလုံးရေးရင် အပေါ်အောက်ဆွဲတာ၊ ရှေ့နောက်ဆွဲရတာကို ပြောင်းပြန်ရေးတတ်ကြပါတယ်။ ဒါဟာ စာ စ ရေးတဲ့ ကလေးတွေထဲမှာ တွေ့ရတတ်တာပါ။

🍁English စာလုံးတွေဖြစ်တဲ့ b,d,p,q တွေဆိုရင် ဆွဲတဲ့ directionပဲမတူတာဖြစ်ပြီး ပုံစံတူတာမို့ စာ စရေးတဲ့ကလေး၊ အမြင်မှတ်ဉာဏ် အားနည်းတဲ့ ကလေးဆိုရင် ဆွဲနည်းတွေ ရောထွေးနိုင်ပါတယ်။

🍁တချို့ရှိပါသေးတယ်။ pig ရေးရမယ့်အစား gip လို့ မှားရေးမိတာတွေပေါ့။ ဒီလို အမှားတွေ ကို ဘယ်လို ပြုပြင်နိုင်မလဲ၊ နည်းလမ်းရှိလားဆိုတော့ ရှိပါတယ်။

🍁စာရေးတဲ့ ပမာဏများအောင်အလေ့အကျင့် လုပ်ပေးဖို့လိုပါတယ်။Grade 3 လောက််ရောက်ရင်ကို စာရေးတာ မှန်လာပါပြီ။ အလေ့အကျင့်များများ လုပ်ပေးဖို့နဲ့ ဘေးကနေ ပံ့ပိုးပေးဖို့ လိုပါတယ်။ မိဘကိုယ်တိုင်က ကလေး လေ့ကျင့်‌တဲ့အချိန် ဘေးနားမှာ အတူတူရှိပေးနေရင် ပိုကောင်းပါတယ်။

🍁ရေးနည်းမှားတဲ့အခါလည်း အေးအေး ဆေးဆေး ညင်ညင်သာသာ ပြောပါ။ စိတ်တိုပြီး အလိုမကျဘဲ ဆူပူတာမျိုးမဖြစ်စေပါနဲ့နော်။

🍁ကိုယ်တိုင် နမူနာရေးပြပါ ဒါမှမဟုတ် ဆရာ၊ဆရာမ တစ်ယောက်ယောက်ကို အကူအညီ တောင်းပါ။ စာလုံး အဆွဲအငင် ရေးနည်းကို ကလေးနဲ့ အကျွမ်းတဝင်ဖြစ်အောင် သူမြင်သာတဲ့ နေရာတွေမှာ ကပ်ထားပေးပါ။

🍁ကလေးက စာလုံးတွေကို ဘယ်လိုပုံစံနဲ့ ရေးရမလဲဆိုတာ သိပ်မမှတ်မိလို့ ပြောင်းပြန်ရေးတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က သူအနေနဲ့ စာလုံးတွေကို မြင်တဲ့ အမြင် (visual memory)မှာ အခက်အခဲ ရှိနေနိုင်ပါတယ်။

🍁"ဦးနှောက်ထဲမှာ တချို့ပုံစံတွေက သေချာတဲ့ ပုံစံအမှနိ မြင်နိုင်၊ပေါ်နိုင်ပေမယ့် တချို့ပုံစံတွေကို ပုံဖော်မကြည့်နိုင်ပါဘူး။ 'ဒါကြောင့် စာ စ ရေးတဲ့ကလေးတွေက စာလုံးတစ်လုံးကို ရေးနည်းမှားနေပြီဆိုရင် အရင်ဆုံး ရေးနည်းကို မှတ်မိအောင်လုပ်ပေးဖို့ လိုပါတယ်။

🍁သုံးတန်းလောက် ရောက်လာလည်း ရေးနည်းမှားနေသေးတယ်ဆိုရင်တော့ ဘာကြောင့်လဲဆိုတာ စဉ်းစားအဖြေရှာရပါတော့မယ်။ ဒါမှ ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် မှန်ကန်တဲ့ အကူအညီ၊ အထောက်အပံ့ပေးနိုင်မှာပဲ ဖြစ်ပါတယ်....






🍁မိဘများအနေနဲ့ သားသမီးတွေရဲ့ပညာရေးအခွင့်အလမ်းများ၊‌ ပညာရေးဆိုင်ရာ အခက်အခဲများအတွက် "Teacher Myat" နဲ့ ဆွေးနွေးပြီး အကြံဉာဏ်များ၊ guidance serviceများ ရယူနိုင်ပါပြီ။🍁

🍁Booking အတွက် 09421736457 ကို ဖုန်းဆက်မေးမြန်းနိုင်သလို chat box ကလည်း စုံစမ်းနိုင်ပါတယ်နော် 🍁

🍁"ကလေးက YouTube ကြည့်ပြီး English လိုပဲ ပြောနေတယ်..မြန်မာလို မပြောဘူး..ခုခေတ်မှာ English လို တတ်ထားတာ ကောင်းတယ်.... Engl...
26/07/2023

🍁"ကလေးက YouTube ကြည့်ပြီး English လိုပဲ ပြောနေတယ်..မြန်မာလို မပြောဘူး..
ခုခေတ်မှာ English လို တတ်ထားတာ ကောင်းတယ်.... English တစ်ခုတည်းပဲ အလေးပေးသင်ရမယ်..

ကလေးကို မြန်မာလိုပါ သင်ပေးနေရင် ဘာသာ စကားနှစ်မျိုး ရောသွားလိမ့်မယ်..." စသဖြင့် ယူဆပြီး ကလေးကို ဘာသာစကားတစ်မျိုးပဲ သင်ယူစေတာမျိုး ‌ဖြစ်နေလား..

🍁ဒါဆိုရင်တော့ နည်းနည်းလွဲနေပါပြီ..

🍁မေမေ့ဗိုက်ထဲကထွက်လာတာကနေ အစ ကလေးငယ်အားလုံးဟာ ဘာသာစကားတွေကို ကောင်းစွာ ခွဲခြားနိုင်စွမ်းရှိပါတယ်..

🍁ဆင်တူယိုးမှား ဘာသာစကားတွေကို သိပ်မခွဲခြားနိုင်ပေမယ့် လုံးဝ ကွဲပြားတဲ့ (ဥပမာ မြန်မာ - ကိုးရီးယား) ဘာသာစကားတွေကို ကောင်းကောင်းခွဲခြားနိုင်ပါတယ်..
‌ဒါကြောင့် သူတို့ကို ဘာသာစကား နှစ်မျိုးကို သင်ယူစေချင်‌တယ်ဆိုရင်လည်း ရပါတယ်...

🍁ဘာသာစကား နှစ်မျိုးနဲ့ ထိတွေ့ရတဲ့ ကလေးတွေဟာ အနည်း နဲ့ အများ စကားပြော နောက်ကျလေ့ရှိပါတယ်..ဒါကို စိတ်ပူပြီး ကလေးကို မိခင်ဘာသာစကားကို ‌မပြောစေတော့ဘဲ အခြားဘာသာစကားတစ်မျိုးတည်းကို ပြောဖို့ပဲ လေ့ကျင့်ပေးကြပါတော့တယ်..

🍁ဒီလိုမျိုး အခြေအနေတွေကြောင့် ကလေးက မိခင်ဘာသာစကားကို မတတ်တော့ဘဲ ဘာသာ စကား တစ်မျိုးပဲ ပြောတတ်တဲ့ အခြေအနေ ဖြစ်သွားတော့တာပါ..ကလေးတွေက သုံးနှစ်အရွယ်ထိ မိခင်ဘာသာစကားသင်ယူနေတဲ့ အချိန်ဖြစ်ပါတယ်..ဒီလိုအရွယ်မှာ second language ကို သင်ပေးလို့လည်းရပါတယ်..နှစ်မျိုးကို တစ်ပြိုင်တည်း သင်ပေးလို့ရတယ်..

🍁ဒါ့အပြင်လေးနှစ်၊ ခြောက်နှစ်အရွယ်တွေဆိုရင်လည်း second language ကို ကောင်းကောင်း မှတ်ယူနိုင်တဲ့ အရွယ်ပါ၊ ဒါကြောင့် ဒီအရွယ်တွေမှာ ဘာသာစကား နှစ်မျိုးကို သင်ပေးတာက ကလေးအတွက် အများကြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်..

🍁🍁🍁ဒီနေရာမှာ အရေးကြီးတဲ့အချက်က မိခင်ဘာသာစကားကို သင်ယူစေဖို့ပါပဲ..မိခင်ဘာသာစကား ကျွမ်းကျင်တဲ့သူတွေက second language သင်ယူတဲ့အခါ အများကြီး အထောက်အပံ့ဖြစ်တယ်လို့ ဆိုထားကြတာပါ..ဒါကြောင့် ငယ်ငယ်တည်းက မိခင်ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်‌ေအာင် သင်ပေးဖို့ အရေးကြီးပါတယ်..

🍁အသက်အရွယ် မကြီးခင် ..ဘာသာစကားကို လွယ်လွယ်ကူကူ မှတ်မိနိုင်တဲ့ အရွယ် မလွန်ခင် ကလေးတွေကို မိခင်ဘာသာစကားကိုလည်း ကျွမ်းကျင်အောင် သင်ပေးရမှာ ဖြစ်သလို second language ကိုလည်း တစ်ပြိုင်တည်း သင်ပေးလို့ ရပါတယ်..

🍁🍁🍁second language တစ်ခုတည်းကိုပဲ အားသန်ပြီး မိခင်ဘာသာစကားကို မေ့ထားလို့ မရပါဘူးနော်..

🍁ကလေးတွေရဲ့ ဘာသာစကားသင်ယူမှုကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ကြပါစေရှင်..🍁

ကလေးတွေ တော်ဖို့၊ ထူးချွန်ဖို့ သူတို့ကိုယ်တိုင်ကြိုးစားမှ ရတာဆိုပေမယ့် ပတ်ဝန်းကျင်ကလည်း အရေးကြီးပါတယ်။🍁 ပတ်ဝန်းကျင် အခြေ...
22/07/2023

ကလေးတွေ တော်ဖို့၊ ထူးချွန်ဖို့ သူတို့ကိုယ်တိုင်ကြိုးစားမှ ရတာဆိုပေမယ့် ပတ်ဝန်းကျင်ကလည်း အရေးကြီးပါတယ်။🍁

ပတ်ဝန်းကျင် အခြေအနေကြောင့် ကလေးရဲ့ ကြိုးစားမှုအရာမထင်၊ မတိုးတက်တာမျိုး ဖြစ်နိုင်ပါတယ်နော်...
တစ်နည်းပြောရရင် ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုကောင်းရင် တိုးတက်သွားတတ်တယ်။ ပိုပြီး အောင်မြင်သွားတတ်ကြပါတယ်...🍁

ငယ်ငယ်တည်းကနေ သင်ယူတတ်တဲ့ ကလေးတွေအတွက် သင်ယူရတဲ့ ပတ်ဝန်းကျင်ကောင်း(good learning environment) ရှိဖို့လိုပါတယ်.. 🍁

ဖေဖေ မေမေ တို့အနေနဲ့ ကလေးရဲ့ အနာဂတ်ပြည့်စုံဖို့ ဖြည့်ဆည်းပေးတဲ့အခါ သင်ယူမှု ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရပါမယ်..ဒီ ပတ်ဝန်းကျင်ဆိုတာက စာရေးကိရိယာပစ္စည်းကောင်းတွေ၊ တန်ဖိုးကြီးအရာတွေ ဝယ်ပေးရုံနဲ့ မလုံလောက်ပါဘူး...🍁

ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေး၊ အပြုအမူ ဒါတွေကို သက်ရောက်စေတဲ့ ..မိသားစု ညီအစ်ကို မောင်နှမ ၊သူငယ်ချင်း၊ ဆရာ စတဲ့ သူတွေကြားက ဆက်ဆံရေး၊ ဒါတွေသည်လည်း ကလေးရဲ့ သင်ယူမှု ပတ်ဝန်းကျင်ပါပဲ..🍁

ကလေးက သူမြင်နေ၊ ကြားနေတဲ့ အရာမှန်သမျှ အကုန်သင်ယူနေတာမို့ အရေးကြီးပါတယ်...🍁

အဖေ နဲ့ အမေ စကားများရန်ဖြစ်တာကို နေ့တိုင်း မြင်နေရတဲ့ ကလေး နဲ့ အဖေ၊ အမေ ချစ်ချစ်ခင်ခင် အဆင်ပြေနေတာကို အမြဲတွေ့ရတဲ့ ကလေး ၊ ဒီကလေး နှစ်ယောက်ရဲ့ အခြေအနေက ဘယ်လိုမှ မတူညီနိုင်ဘူးလေနော်..🍁

မိဘတွေရဲ့ ဆက်ဆံရေး၊ မောင်နှမတွေရဲ့ အပြုအမူတွေက ဆိုးရွားနေခဲ့ရင် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတယ်.. စိတ်ပိုင်းဆိုင်ရာ ပြဿနာကြုံရတဲ့ကလေးဟာ စာသင်ယူတဲ့အခါ စိတ်မပါတာ၊ အခက်အခဲကြုံရတာများပါတယ်...🍁

ဒါကြောင့် သားသမီးရဲ့ ပညာရေး အတွေးအခေါ် တိုးတက်စေချင်တယ်ဆိုရင် သင်ယူတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် ပံ့ပိုးပေးဖို့ လိုအပ်လှပါတယ်...အထောက်အပံ့မဖြစ်ရင်တောင် စိတ်ဒဏ်ရာမပေးမိဖို့ အရေးကြီးပါတယ်နော်..🍁

🍁🍁🍁ကလေးတွေရဲ့ အနာဂတ်လှပဖို့ စိတ်လုံခြုံမှုပေးနိုင်တဲ့ သင်ယူမှု ပတ်ဝန်းကျင်‌ကောင်းတစ်ခု ဖန်တီးနိုင်ကြပါစေ🍁🍁🍁







🍁မိဘများ/ အုပ်ထိန်းသူများအနေနဲ့ ကိုယ့်ကလေးရဲ့ပညာရေးအခွင့်အလမ်းများ၊ အခက်အခဲများအတွက် "Teacher Myat" နဲ့ ဆွေးနွေးတိုင်ပင်ဖို့ consultation service ရယူနိုင်ပါပြီ🍁

🍁🍁🍁ကလေးက ၃ နှစ်ဝန်းကျင် အရွယ်ရောက်ပြီဆိုရင် "မူကြိုပို့ရတော့မလား'  စဉ်းစားရပါပြီ.. "သားသားလေး၊ မီးမီးလေးက အရွယ်ငယ်နေဦးမလ...
15/07/2023

🍁🍁🍁ကလေးက ၃ နှစ်ဝန်းကျင် အရွယ်ရောက်ပြီဆိုရင် "မူကြိုပို့ရတော့မလား' စဉ်းစားရပါပြီ.. "သားသားလေး၊ မီးမီးလေးက အရွယ်ငယ်နေဦးမလား.. ကလေးက ကျောင်းပျော်ပါ့မလား ဆိုတဲ့ လားပေါင်းများစွာ တွေးပြီး ပူနေရရင်တော့ Preschool Readiness အချက်လေးတွေ နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါနော်...🍁🍁🍁

(၁) ကလေးရဲ့ အသက်အရွယ်
🍁ပုံမှန်အားဖြင့် အသက် (၃) နှစ်နဲ့ (၅) နှစ်ကြားအရွယ်က မူကြိုတက်ရမယ့်အရွယ်ပါ။ တချို့ကလေးတွေက စက်တင်ဘာ၊ အောက်တိုဘာမွေးတဲ့သူတွေ ရှိပါတယ်။ သူတို့လေးတွေက စာသင်နှစ်နဲ့ကြည့်မယ်ဆိုရင် ၃ နှစ်မပြည့်သေးတာမို့ နည်းနည်းနောက်ကျပြီးမှ ထားလည်း အဆင်ပြေပါတယ်။

(၂)ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်ပြီလား?
🍁ဖိနပ်ကို ကိုယ်တိုင်စီးတတ်ရမယ်၊ လက်ဆေးတာ၊ ဘောင်းဘီဝတ်တာ စတာတွေကို ကိုယ်တိုင်လုပ်တတ်သင့်ပါတယ်။ အပေါ့ ၊အလေးသွားဖို့ လေ့ကျင့်ပေးထားပြီးသား ဖြစ်ရပါမယ်။

(၃)‌ ညွှန်ကြားတာ၊ ခိုင်းတာလေးတွေကို လိုက်လုပ်နိုင်ပြီလား?
🍁တန်းစီခိုင်းတာ၊ မုန့်စားချိန်၊အိပ်ချိနိသတ်မှတ်ပေးတာကို လိုက်လုပ်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ခက်ခက်ခဲခဲ မဟုတ်တဲ့ သူ့အရွယ်လေးနဲ့ သင့်တော်တဲ့အလုပ်တွေကို ကလေးက လိုက်လုပ်တတ်ရပါမယ်။
ဥပမာ- မတ်တပ်ရပ်ပါဦးဆိုရင် မတ်တပ်ထရပ်တာ၊ ဖိနပ်လေးကို ညီညီညာညာ စီပါဦးဆိုရင် သေသေချာချာ စီတတ်တာမျိုး။

(၄) ကလေးက စကားပြောတာတွေကို နားလည်နိုင်ပြီလား?
🍁၃ နှစ်အရွယ် ကလေးက စကားအသံ လုံးဝ ပီချင်မှ ပီပါလိမ့်မယ်။ ဒါပေမယ့် သူတို့ ဘာပြောလဲဆိုတာကို ယေဘူယျ နားလည်နိုင်ရမယ်။
🍁ကလေးကိုယ်တိုင်ကလည်း သူများပြောတာကို နားထောင်တတ်ပြီး ဘာပြောလဲဆိုတာကို နားလည်နိုင်ရမယ်။ ဒါကြောင့် ကိုယ့်ကလေးပြောတာကို နားလည်ရဲ့လား၊ကလေးကရော သူများပြောတာတွေကို နားလည်နေပြီလားဆိုတာ ဆန်းစစ်ကြည့်ပါ။

🍁တကယ်လို့များ စကားပြောနှေးတာ၊ ထစ်တာ၊ အကြားအာရုံမကောင်းတာမျိုး ကြုံနေရင်တော့ ပညာရှင်တွေနဲ့ ဆွေးနွေးဖို့ လိုပါတယ်။

(၅) ကလေးက မိဘနဲ့ ခွဲနိုင်ပြီလား?
🍁တချိန်လုံး အမေဖြစ်ဖြစ်၊ အဖေဖြစ်ဖြစ် အတူတူရှိနေရာကနေ ခွဲပြီး တနေကုန် ကျောင်းသွားရမှာဆိုတော့ ကလေးက စိုးရိမ်ပြီး မသွားချင်ပါဘူး။မူကြိုတက်တဲ့အခါ ကလေးတချို့ ငိုတာတွေ့ဖူးကြမှာပါ။
🍁ကလေးတွေဟာ သူတို့နဲ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ကြောက်တတ်ကြပါတယ်။ဒါကြောင့်မို့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်၊မဖြစ်ကို ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

(၆) တခြားကလေးတွေနဲ့ အဆင်ပြေရဲ့လား?
🍁တချို့ကလေးတွေဟာ အိမ်ကလူကြီး‌တွေနဲ့ နေရတာများတော့ ရွယ်တူကလေးတွေနဲ့ဆိုရင် သိပ်မဆော့တတ်ကြဘူး။ အကြီးတွေနဲ့ ပိုအဆင်ပြေနေတတ်ကြပါတယ်။ ဒါကတော့ သိပ်ပူစရာ မလိုပါဘူး။ မူကြိုမှာ လူမှု ဆက်ဆံရေးကို အဓိက အလေးပေးတာမို့ မူကြိုတက်လိုက်ရင် ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။
🍁မူကြိုတက်တဲ့အခါ အဆင်မပြေမှာ စိုးရင်တော့ ကစားကွင်းမှာ ရွယ်တူတွေနဲ့ ဆော့ခိုင်းတာတွေ လုပ်ပေးလို့ရပါတယ်။

🍁 ဒီအချက်တွေနဲ့ တိုက်ဆိုင်ကြည့်ပြီး ကလေးက မူကြိုအတွက် အဆင်သင့်ဖြစ်၊မဖြစ်ကို စစ်ဆေးကြည့်နိုင်ပါတယ်။ ကလေးကအဆင်သင့်ဖြစ်ပြီဆိုတော့မှ မူကြိုကိုပို့တာက ကလေးအတွက် ပိုကောင်းပါတယ်...

🍁ကလေးတွေရဲ့ လှပတဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ကြပါစေ...🍁

ဖေဖေမေမေ တို့က ကလေးရဲ့ readiness နဲ့ပတ်သက်ပြီး အသေးစိတ်တိုင်ပင်ချင်တယ်ဆိုရင် Teacher Myat နဲ့ ဆွေးနွေးဖို့ Consultation service ရှိပါတယ်နော်...

🍀



#မူကြိုထားမယ်ဆိုရင်





☎️09421736457 ကို ဖုန်းဆက်မေးမြန်းနိုင်သလို chat box ကလည်း စုံစမ်းနိုင်ပါတယ်။

✉️ teachermyatconsultation@gmail.com

15/07/2023

Address

Thingangyun
Thingangyun

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Dr. Myat Su posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Myat Su:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram