02/11/2021
လတ်တလော အဖြစ်များလာကြတာ
ရာသီတုပ်ကွေးဆိုပေမယ့် အရင်ထက် ပိုပြင်းထန်နေပါတယ်။
အတွေ့များဆုံး လက္ခဏာတွေမှာ
- ဖျားနာ၊ ချမ်းတုန်ခြင်း
- ချောင်းဆိုးခြင်း (ချောင်းခြောက်/ ချွဲပါ)
- ကိုယ်လက်ကိုက်ခဲခြင်း
- နှာရည်ယို နှာပိတ်ခြင်း
- ပါးစပ်အရသာပျက်/ ခါးသက်ခြင်း
- လည်ချောင်းနာတတ်ခြင်း
- အဆစ်အမြစ်ကိုက်ခဲခြင်း စတာတွေပါ။
ဖြစ်ပြီဆို အနည်းဆုံး (၃)ရက်မှ တစ်ပတ်လောက်ထိ ကြာတတ်ပါတယ်ရှင့်။
အထက်ပါ လက္ခဏာများမှာ ကိုဗစ်နဲ့မှားတတ်လို့ အထူးဂရုစိုက်ဖို့လိုပါမယ်။
ရာသီတုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ အမြန်ပျောက်အောင်ကုလို့မရဘဲ လက္ခဏာသက်သာအောင်သာ ကုလို့ရပါတယ်။
တစ်ပတ်လောက်အကြာဆို သူ့ဟာသူပျောက်သွားပါတယ်။ ကိုယ်ခံအားနည်းသူတွေမှာတော့ ဒီထက်ပိုကြာနိုင်ပါတယ်။
ဒါကြောင့် အခုအချိန်မှာ✅
- Mask တပ်ပါ
- လူစုလူဝေးရှောင်ပါ
- ကိုယ်ခံအားကောင်းအောင်နေပါ
စတာလေးတွေ ပြန်သတိပြုနေထိုင်ကြဖို့ လိုပါမယ်ရှင့်။
ရာသီတုပ်ကွေးမှ ကာကွယ်ရန်✅
- ကိုယ်ခံအားနည်းသူတွေဟာ ကူးစက်လွယ်လို့ ကိုယ်ခံအားကောင်းဖို့တော့ အရေးကြီးပါမယ်။
- မိုးမပြတ်သေးတဲ့ ဆောင်းဝင်စရာသီမို့ လေစိမ်းတိုက်တာ ကြာကြာမခံမိပါစေနဲ့။
- ညနေစောင်း ရေချိုး၊ ခေါင်းလျှော်တာနဲ့ အအေးခံတာတွေ မလုပ်ပါနဲ့ ။
- တတ်နိုင်သလောက် ရေနွေးသောက်ပေးရင်လည်း ကိုယ်တွင်း သွေးလေလည်ပတ်မှု ထိန်းပေးပြီး ကိုယ်ခံအားတက်စေပါတယ်။
- တစ်ကိုယ်ရည်သုံး အသုံးအဆောင်၊ အိပ်ရာ၊ မျက်နှာသုတ်ပုဝါ စတာတွေကို သန့်သန့်ရှင်းရှင်းထားပါ။
- ထမင်းစားရင် အရည်သောက်၊ ချဉ်ရည်ဟင်း ပူပူလေးတွေနဲ့စားပါ။
- Vitamin C ကြွယ်ဝတဲ့ အသီးအနှံလေးတွေလည်း ရံဖန်ရံခါ စားပေးပါရှင့်။
- ကိုယ်ခံအားကောင်းနေသမျှ အလွယ်တကူ ကူးစက်နိုင်ချေ (၆၀)%ထိ လျော့ချနိုင်ပါတယ်။
မိဘပြည်သူအားလုံး အနာကင်း၊ ဘေးရှင်းပြီး ကျန်းမာသုခခံစားရစေလိုသော စေတနာဖြင့် လက်လှမ်းမီသမျှ ကိုးကားတင်ဆက်ပေးလိုက်ပါတယ်ရှင်။ 🙏🏻
ကိုယ်တိုင်သိထားတဲ့ ကျန်းမာရေးဗဟုသုတများလည်း ကုသိုလ်ဖြစ် ဖြည့်စွက်ဝေမျှပေးလို့ ရပါတယ်ရှင်။🙏🏻
#ကေသီပန်