26/11/2025
အမျိုးသမီးတွေ ကလေးမီးဖွားချိန် (ဒါမှမဟုတ်) ကလေးပျက်ကျချိန် တွေမှာဆိုရင် သားအိမ်က အလွန်အမင်းသွေးသွန်တာဟာ အသက်အန္တရာယ်ရှိပါတယ်။ မီဆိုပရိုစတောရဲ့ action တွေက -
- သားအိမ်နံရံက ကြွက်သားတွေရဲ့ ညှစ်အားကို ပိုကောင်းစေပြီး ညှစ်တဲ့အကြိမ်ရေကို ပိုများစေတယ်။
- သားအိမ်က အားပြင်းပြင်းနဲ့ ညှစ်တဲ့အတွက် သွေးကြောများကိုပါ ဖိထားသလိုဖြစ်ပြီး သွေးထွက်နည်းသွားစေတယ်။
- မီဆိုပရိုစတောကို သိမ်းဆည်းထားသိုရာမှာ ရေခဲသေတ္တာစသည် မလိုဘူး။ မိခင်ကို ဆေးပေးတဲ့အခါမှာလည်း ပါးစပ်ကနေပဲ သောက်သောက်၊ လျှာအောက်ပဲ ငုံထားထား အဆင်ပြေတဲ့အတွက် facility မပြည့်စုံနိုင်တဲ့ သားဖွားဆေးခန်းတွေမှာတောင် အသုံးပြုနိုင်တယ်လေ။
ဒါကြောင့် မီဆိုပရိုစတောလေးကို မိခင်တွေရဲ့ အသက်ကို ကယ်ပေးနေတဲ့ အသက်ကယ်ဆေးလို့ တင်စားပြောလိုက်ချင်ပါတော့တယ်။
ဤဆောင်းပါးကို Misoclear မှ အထောက်အပံ့ပေးပါသည်။