MHC - Myittarnyunt Healthcare Centre

MHC - Myittarnyunt Healthcare Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MHC - Myittarnyunt Healthcare Centre, Hospital, No. 723, Kamahtan Street, Myittarnyunt Quarter, Tarmwe, Yangon, Township 11211, Thingangyun.

မိုးရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီးပြီလား??🤥🤥နှစ်စဉ်အသေအပျောက်အများဆုံးဖြစ်စေတဲ့ တုပ်ကွေးရောဂါကို တနှစ်ပတ်လုံးကာကွယ်ဖို့ တ...
06/05/2023

မိုးရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီးပြီလား??

🤥🤥နှစ်စဉ်အသေအပျောက်အများဆုံးဖြစ်စေတဲ့ တုပ်ကွေးရောဂါကို တနှစ်ပတ်လုံးကာကွယ်ဖို့ တကြိမ်ထိုးရုံနဲ့ လုံလောက်တဲ့ ကာကွယ်ဆေးရှိပါပြီ

ပြင်သစ်နိုင်ငံ Sanofi ကုမ္ပဏီမှတ်ထုတ်လုပ်ပြီး အရည်အသွေးနှင့် cold chain ယုံကြည်စိတ်ချရသော Vaxigrip tetra (2023) 💉💉💉ကို ဈေးနှုန်းချိုသာစွာဖြင့် MHC ဆေးခန်းမှာ ထိုးလို့ရနေပါပြီ

ကာကွယ်ဆေးထိုးနှံရန်အသင့်ဆုံးလူများမှာ
၁။ သွေးတိုး၊ဆီးချိုစသောနာတာရှည်ရောဂါရှင်များ
၂။ သက်ကြီးရွယ်အိုများ
၃။ ကလေးသူငယ်များ
၄။ ကိုယ်ဝန်ဆောင်မိခင်များ
၅။ လူသူထူထပ်သောနေရာများတွင် အလုပ်လုပ်ကိုင်ကြသော စက်ရုံဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများ
၆။ ကျန်းမာရေးဝန်ဆောင်မှုပေးရသောဝန်ထမ်းများ
၇။ ကလေးငယ်များကိုပြုစုပျိုးထောင်ပေးရသော စာသင်ကျောင်းမှ ဆရာ၊ဆရာမ နှင့် ဝန်ထမ်းများ စသည်။

အသေးစိတ်စုံစမ်းရန် ဆေးခန်းသို့ဖုန်းဆက်မေးမြန်းနိုင်ပါသည်။
🗣️09444880754, 90769399663

🤝🤝ယုံကြည်စိတ်ချစွာဖြင့် ဝန်ထမ်းအယောက်၅၀ ကျော်အားကာကွယ်ဆေးထိုးနှံခဲ့သော United Eleven မိသားစုအား ကျန်းမာပျော်ရွှင် လာဘ်ဝင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်👏👏

ခန္ဓာကိုယ်မှာ .....ကျောက်ကပ်ပျက်စီးနေကြောင်းကို ပြတတ်တဲ့လက္ခဏာများ...*********************************၁- ခြေကုန်လက်ပန်းက...
12/01/2023

ခန္ဓာကိုယ်မှာ .....
ကျောက်ကပ်ပျက်စီးနေကြောင်းကို ပြတတ်တဲ့လက္ခဏာများ...
*********************************
၁- ခြေကုန်လက်ပန်းကျခြင်း...
၂-တစ်ခုခုကို အာရုံစိုက်နေလျှင်ခက်ခဲနေခြင်း...
၃-အလိုလိုမောပန်းနေခြင်း...
၄-ခြေဆစ်လက်ဆစ်များရောင်ခြင်း....
၅- ဆီး ခဏခဏသွားခြင်း-ဆီးထဲသွေးပါခြင်း...
၆- အစာစားချင်စိတ်မရှိခြင်း...
၇-မကြာခဏ ကြွက်တက်ခြင်း...
၈-အသားအရေ မွဲခြောက်ခြင်း....
၉- မျက်လုံးအိတ်တွေ မို့လာခြင်း...
၁၀- အနားယူချိန် အိပ်စက်ချိန်တို့မှာ
စိတ်လှုပ်ရှားတုန်လှုပ်နေခြင်း...

အထက်ပါ လက္ခဏာများ ခံစားနေရပြီဆိုရင် ကျောက်ကပ်ပျက်စီးစပြုနေပါပြီ ...

ရှောင်ရန် ...

၁/ ဆီသွပ်ဗူးများ ....
ဆီသွပ်ဗူးတွေမှာ ဆိုဒီယမ်များစွာပါဝင်နေတာကြောင့် ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အထူးသဖြင့်
ကျောက်ကပ်ရောဂါရှိသူများ
လုံးဝ မစားသငိ့ပါဘူး။

၂ / ငှက်ပျောသီး- နာနာတ်သီး...
ပိုတက်ဆီယမ် များစွာပါဝင်ပါတယ်။ ကျောက်ကပ်ရောဂါရှိသူများ ရှောင်ပါ။

၃ / ထောပတ်သီး....
အာဟာရဓာတ်များစွာပါဝင်ပြီး နှလုံးကျန်းမာရေးကို များစွာ‌ ထောက်ပံ့ကူညီပါတယ်..အဆီဓာတ်- အမျှင်ဓာတ်များလည်းပါဝင်ပါတယ်။
ကျန်းမာရေးအရကောင်းပေမယ့် ပိုတက်ဆီယမ်များတဲ့အတွက်-
ကျောက်ကပ်ရှိသူများအနေနဲ့
မစားသင့်ပါဘူး။

၄ / ဆန်လုံးညို...
ပိုတက်ဆီယမ်များစွာ
ပါဝင်ပါတယ်..မစားသင့်ပါဘူး ...

၅ / လိမ္မော်သီး....
ဗီတာမင် စီ ကြွယ်ဝသလို
ပိုတက်ဆီယမ်လည်းများစွာပါဝင်နေတဲ့အတွက် ရှောင်ရပါမယ်။

၆ / ပြုပြင်ထိန်းသိမ်းထားသော
အသား ငါးများ...
ထိုပြုပြင်ထားတဲ့ အသားငါးတွေမှာ
ဆိုးဆေးများအသုံးပြုထားတာကြောင့် ကျန်းမာနေသူများမစားသင့်သလို ကျောက်ကပ်ရောဂါရှိသူများ လုံးဝရှောင်သင့်ပါတယ်။

၇/ အာလူး-ကန်စွန်းဥ-စွန်ပလွန်သီး- စပျစ်သီး- အခြောက်လှန်း‌ထားသော အသီးများ- ဆားရေစိမ်ထားသောအစားအစာများ- ငါးပိ-ငါးခြောက်-ပုစွန်ခြောက် စသည်တို့ကိုလည်း ရှောင်ရပါမယ်။

ကျောရိုးရဲ့တစ်ဖက်စီတွေမှာရှိတဲ့ကျောက်ကပ်ဟာ လူ့ ခန္ဓာကိုယ်မှာ
အလုပ်အများဆုံးသောတာဝန်တွေကို လုပ်ဆောင်ရပါတယ်။
သူ့ရဲ့ အဓိကတာဝန်တွေက ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကိုသန့်စင် စစ်ထုတ်ပေးရပါတယ်။ ထို
သွေးတွင်းက အညစ်အကြေးတွေကိုသန့်စင်ပေးပြီး စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာသိမ်းထားပေးပါတယ်-ဆီးအဖြစ် ခန္ဓာကိုယ်အပြင်သို့ စွန့်ပေးလိုက်ရပြန်ပါတယ်။

ထို့အပြင် ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးရပြန်ပါတယ်။
သွေးနီဥ ဆဲလ်တွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ အရိုးတွေသန်မာစေပြီးကြွက်သားတွေကောင်းစွာ အလုပ်လုပ်နှိုင်စေရန်
ကယ်လ်ဆီယမ်ကို စုပ်ယူနှိုင်ဖို့ ဗီတာမင် ဒီဖြစ်‌အောင် လှုပ်ဆော်ပေးပါတယ် ။

ထိုလုပ်ငန်းများစွာကို တာဝန်ယူထမ်းဆောင်နေရတဲ့ ကျောက်ကပ်ဟာ ကျန်းမာနေစေဖို့ အရမ်းကိုအရေးကြီးပါတယ်။

ဒါကြောင့် သင့်ကျောက်ကပ် မပျက်စီးရ‌အောင် အစားအသောက်အနေအထိုင်ကို ဂရုစိုက်ကြပါ။..................................
ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ကို
ပိုင်ဆိုင်နှိုင်ကြပါစေ ...

Dr.စည်သူထင်လတ်...

#ထပ်ဆင့်ဝေမျှပါသည်

❄️ဆောင်းရာသီမှာ မျက်လုံးခြောက်ခြင်းကို ဘယ်လိုကာကွယ်မလဲ❄️လူတိုင်း တစ်သက်မှာတစ်ခါတော့ မျက်လုံး ခြောက်သွေ့ယားယံတာကို ကြုံတွ...
11/01/2023

❄️ဆောင်းရာသီမှာ မျက်လုံးခြောက်ခြင်းကို ဘယ်လိုကာကွယ်မလဲ❄️

လူတိုင်း တစ်သက်မှာတစ်ခါတော့ မျက်လုံး ခြောက်သွေ့ယားယံတာကို ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာ လေထုထဲက စိုစွတ်မှု ကျဆင်းလာပြီး၊ အိမ်တွင်း အစိုဓာတ်လည်း လျော့နည်းလာတာကြောင့် မျက်လုံးခြောက်သွေ့ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မျက်လုံးခြောက်တဲ့ ပြဿနာဟာ ကြည့်တော့သာ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ထိရောက်စွာမကုဘဲ ထားမယ်ဆိုရင် မျက်လုံးကနေ မျက်ရည် အလုံအလောက် မထုတ်နိုင်ခြင်းကြောင့် နာတာရှည်ဖြစ်သွားနိုင်ပါတယ်။

လေ့လာမှုတွေအရ အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း 5 သန်းနီးပါးဟာ မျက်လုံး ခြောက်သွေ့တဲ့ရောဂါကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။

✅ မျက်လုံးခြောက်ခြင်းရဲ့ လက္ခဏာတွေက-
⇨ မျက်စိယားယံခြင်း
⇨ အမြင်အာရုံဝေဝါးခြင်း
⇨ မျက်လုံးနီခြင်း
⇨ မျက်လုံးမသက်မသာခံစားရခြင်း
⇨ အလင်းကို ကြာကြာမကြည့်နိုင်ခြင်း

✅ ဘယ်သူတွေမှာအဖြစ်များလဲ?
⇨ သက်ကြီးရွယ်အိုတွေ၊ ဖုန်း၊ ကွန်ပျူတာ အကြည့်များသူတွေနဲ့ အမျိုးသမီးတွေဟာ မျက်လုံးခြောက်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

✅ မျက်လုံးခြောက်ခြင်းကို ဘာတွေကဖြစ်စေသလဲ?
⇨ မျက်လုံးအထက်မှာရှိတဲ့ ဂလင်းလေးတွေဟာ မျက်လုံးရဲ့မျက်နှာပြင်ကို ချောမွေ့နေစေဖို့ မျက်ရည်ကြည်လေးတွေ ဖန်တီးပေးပါတယ်။ မျက်ရည်ကို ရေ၊ အဆီ၊ အချွဲတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပြီး၊ အဆိုပါပစ္စည်းတွေဟာ မျက်လုံးကို ကြည်လင်စေသလို၊ ရောဂါပိုးမွှားတွေကိုလည်း အတူတကွ ကာကွယ်ပေးပါတယ်။

သင့်ဂလင်းတွေက မျက်ရည်အလုံအလောက်မထုတ်နိုင်တဲ့အခါမှာတော့ အစိုဓာတ်မရှိခြင်း သို့မဟုတ် မျက်ရည်များ အငွေ့ပျံလာခြင်းကြောင့် မျက်လုံးခြောက်သွေ့ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ မျက်လုံးခြောက်ခြင်းကိုဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေကတော့ လေတိုက်တာ၊ ဓာတ်မတည့်တာ၊ မျက်ကပ်မှန်တပ်တာနဲ့ ကွန်ပျူတာကို အချိန်အကြာကြီး စိုက်ကြည့်တာတို့ပဲဖြစ်ပါတယ်။

✅ ဆောင်းရာသီမှာ မျက်လုံးခြောက်တာကို ဘယ်လိုသက်သာအာင်လုပ်မလဲ?

✦အစိုထိန်းစက်သုံးပါ
အစိုဓာတ်ထိန်းစက်ဟာ ခြောက်သွေ့သော အိမ်တွင်းလေကို စိုစွတ်စေတဲ့အတွက် မျက်လုံးခြောက်ခြင်းကို သက်သာစေပါတယ်။

✦ရေနွေးဝတ်ကပ်ပါ
မနက်အိပ်ရာထတိုင်း မျက်လုံးကို နွေးနွေးထွေးထွေး ထားပေးခြင်းဟာ မျက်စိယားယံခြင်းကို သက်သာစေပါတယ်။ အဝတ်စသန့်သန့်လေးကို ရေနွေးနွေးစိမ်ထားပြီး၊ ရေပြောင်အောင်ညှစ်ကာ မျက်လုံးကိုကပ်ပေးရမှာပါ။

✦မျက် မှန်တပ်ပါ
နေကာမျက် မှန် သို့မဟုတ် ဖုန်း၊ ကွန်ပျူတာနဲ့ TV က အလင်းတွေကို ကာကွယ်ဖို့ Anti-Blue Ray မျက်မှန်လေးတွေ တပ်ပေးသင့်ပါတယ်။

✦မျက်လုံးများကို အနားပေးပါ
အားလပ်ချိန်မှာ သင့်မျက်လုံးတွေကို စက္ကန့်အနည်းငယ်ကြာ ခဏမှိတ်ထားပြီး အနားပေးပါ။

✦မျက်ရည်တုသုံးပါ
မျက်လုံးခြောက်ခြင်းကို သက်သာစေဖို့ မျက်ရည်တုထည့်ပေးတာ၊ မျက်စဉ်းခပ်တာမျိုးတွေလည်း ပြုလုပ်လို့ရပါတယ်။


12/12/2022
မေတ္တာညွန့်ဆေးခန်း (MHC) စတင်ဖွင့်လှစ်MHCတွင် ရရှိနိုင်သေး ဝန်ဆောင်မှုများမှာ♥24hr ကျန်းမာရေးဝန်ဆောင်မှုပေးြခင်း။    (24...
05/12/2022

မေတ္တာညွန့်ဆေးခန်း (MHC) စတင်ဖွင့်လှစ်
MHCတွင် ရရှိနိုင်သေး ဝန်ဆောင်မှုများမှာ
♥24hr ကျန်းမာရေးဝန်ဆောင်မှုပေးြခင်း။
(24 hr OPD)

♥24hr ဆေးရောင်းဝန်ဆောင်မှုပေးြခင်း။
(24 hr Phamacy Store)

♥နှလုံး ECG ရိုက်ခြင်း။ (ECG)

♥အာထရာဆောင်းရိုက်ခြင်း။ (Ultrasound)

♥သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ရောဂါရှာဖွေြခင်း။ (Diagnostic Centre)

♥ကိုယ်ဝန်အပ်နှံခြင်း။ (AN Care)

♥သားဖွားခြင်း။ (Normal Labour)

No.(1) Kamma Htan Road, Myitta Nyunt Ward, Tamwe Township, Yangon.
Hotline :09-444 880 754
Booking :09 769 399 663,
09 769 399 552, 01 545015

Address

No. 723, Kamahtan Street, Myittarnyunt Quarter, Tarmwe, Yangon, Township 11211
Thingangyun

Telephone

+959444880754

Website

Alerts

Be the first to know and let us send you an email when MHC - Myittarnyunt Healthcare Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MHC - Myittarnyunt Healthcare Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram