Cubic-M Wellness

Cubic-M Wellness Caring for You and Your Loved Ones! We value Trust, Quality, Local Pride, Efficiency and Modernization.

Cubic-M (Modern Myanmar Market) - is a Trusted Local Brands Distributor, building a bridge between local manufacturers and modern trade shelves.

05/02/2026

Exam Stress Management Tips

သတိရှိပါ သားအိမ်‌ခေါင်းကင်ဆာ………………………………………………လာမယ့်ဇန်နဝါရီလလေးက Cervical Cancer Awareness Month လေးဆိုတာ စာဖတ်သူတွေရော...
18/12/2025

သတိရှိပါ သားအိမ်‌ခေါင်းကင်ဆာ
………………………………………………
လာမယ့်ဇန်နဝါရီလလေးက Cervical Cancer Awareness Month လေးဆိုတာ စာဖတ်သူတွေရော သိကြလား???
ဒီနေ့တော့ သားအိမ်‌ခေါင်းကင်ဆာ အကြောင်းလေးပြောပြပေးမယ်နော်။
‼️ကင်ဆာဆိုတာ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေများပွားများလာတာကို ခေါ်တာဖြစ်ပါတယ်။
👯‍♀️အမျိုးသမီးတွေရဲ့ သားအိမ်နှင့်မိန်းမကိုယ်ကြား ဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းတစ်ခုကို သားအိမ်ခေါင်းလို့ခေါ်ပါတယ်။ အဲ့ဒီ သားအိမ်ခေါင်းမှာ ကင်ဆာဆဲလ်များဖြစ်ပွားခြင်းကို သားအိမ်ခေါင်းကင်ဆာလို့ သတ်မှတ်ပါတယ်။
🤷‍♀️ အမျိုးသမီးတွေမှာ အဖြစ်များဆုံးကင်ဆာရောဂါကို ပြပါဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်ပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။
ဖြစ်ပွားရတဲ့အကြောင်းအရင်း
………………………………………..
🦠 သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ အဲ့ဒီပိုးက လိင်ဆက်ဆံရာကနေ အများဆုံးကူးလေ့ရှိပါတယ်။ အရွယ်ရောက်သူအများစုမှာ HPV ဗိုင်းရပ်စ်ပိုး ရှိနေတာများပါတယ်။ HPV ဗိုင်းရပ်စ်အချို့ကတော့ ဘာရောဂါလက္ခဏာမှမဖြစ်စေပါဘူး။ တချို့ဗိုင်းရပ်စ်ကတော့ လိင်အင်္ဂါကြွက်နို့ကိုဖြစ်စေပြီး တခြား HPV ဗိုင်းရပ်စ်တွေကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်စေပါတယ်။
နောက်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို မြင့်မားနိုင်စေတဲ့အကြောင်းအရင်းများစွာလည်း ရှိပါသေးတယ်။
😩 HIV ရောဂါပိုးကူးစက်ခံရပြီး ကိုယ်ခံအားနည်းတဲ့သူတွေ၊ 🚬 ဆေးလိပ်သောက်သူတွေ၊ လိင်ဆက်ဆံဖော်များတဲ့သူ တွေ (သို့) မိမိ အဖော်က လိင်ဆက်ဆံဖော်များတဲ့သူဖြစ်နေတာတွေ၊ မျိုးရိုးလိုက်တာတွေကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမြင့်မားစေပါတယ်။
သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေက
⚠️ အနံ့ပါသော အဖြူဆင်းခြင်း
⚠️ ရာသီပေါ်ချိန်မဟုတ်ဘဲ သွေးဆင်းခြင်း (ရာသီစက်ဝန်းတစ်ခုနှင့်တစ်ခုကြားသွေးဆင်းခြင်း)
⚠️ ရာသီသွေးပမာဏပုံမှန်ထက်များခြင်း
⚠️ ရာသီပေါ်ရက်ပုံမှန်ထက်ရှည်ကြာခြင်း
⚠️ သွေးဆုံးပြီးသော အမျိုးသမီးများတွင် သွေးဆင်းခြင်း
⚠️ ဆီးသွားရခက်ခဲခြင်း
⚠️ အတူတူနေပြီးချိန်တွင် နာကျင်ခြင်းနှင့် သွေးဆင်းခြင်းတွေ ဖြစ်ပါတယ်။
ကာကွယ်ကုသရန်နည်းလမ်းများ

💉သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ် (HPV) ကာကွယ်ဆေးထိုးနှံထားတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးမယ်ဆိုရင် အသက် ၉ နှစ် ကနေ အသက် ၁၄ နှစ် ကြားက အကောင်းဆုံးဖြစ်ပါတယ်။
📝 ကာကွယ်ဆေးထိုးရမယ့်ပုံစံတွေကတော့ စစထိုးရင် (၁) ကြိမ်၊ ၂ လ ကြာလျှင် (၁) ကြိမ်၊ ၆လ ကြာလျှင် (၁) ကြိမ် စုစုပေါင်း (၃) ကြိမ်ထိုးရမှာဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံတာကိုလည်း ရှောင်ကျဥ်သင့်ပါသည်။
🧪 သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ ကို သားအိမ်ခေါင်းအချွဲမြှေး (Pap Test) စစ်ဆေးနိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်တယ်ဆိုတာ စောစောစီးစီး သိရှိရမယ်ဆိုရင်တော့ ခွဲစိတ်ကုသတာ၊ ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပေးတာ စတာတွေနဲ့ ကုသနိုင်ပါတယ်။
အခုလောက်ဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာရောဂါရဲ့အန္တရာယ်တွေကို သေချာသိရှိလောက်ပြီထင်ပါတယ်။
Cubic M ရဲ့ ချစ်ရသူတွေလည်း ကျန်းမာလှပတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

#သားအိမ်ခေါင်းကင်ဆာ

Sagi Season ရောက်လာပြီဆိုတော့ Cubic M ရဲ့ သူငယ်ချင်းလေးတို့ကို Sagittarius Sign ♐️ လေးတွေရဲ့ ကျန်းမာရေး အကြောင်းပြောပြပေ...
28/11/2025

Sagi Season ရောက်လာပြီဆိုတော့ Cubic M ရဲ့ သူငယ်ချင်းလေးတို့ကို Sagittarius Sign ♐️ လေးတွေရဲ့ ကျန်းမာရေး အကြောင်းပြောပြပေးမယ်နော်…
Sagi Sign ♐️ လေးတွေမှာ အဖြစ်များတာကတော့ ကြွက်သားရောင်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ နောက်ကျောအောင့်ခြင်း၊ ကျောနာခြင်း၊ အဆစ်အမြစ်ရောင်ခြင်းစတဲ့ လက္ခဏာလေးတွေဖြစ်တတ်ပါတယ်…
သွေးတိုးနဲ့ နှလုံးကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်
ကျန်းမာတဲ့ နေထိုင်မှုပုံစံတွေကတော့ -
♐️ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်း
♐️ အထိုင်များတဲ့ အလုပ်လုပ်တတ်သူတွေဆို မကြာခဏ လမ်းလျှောက်ပေးခြင်း
♐️ တောင်တက်ခြင်း
♐️ ခရီးသွားခြင်း
♐️ ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ အနေအထားမှာပဲ ရှိအောင်ထိန်းခြင်း
♐️ စိတ်အေးချမ်းစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်း တွေက အကောင်းဆုံးနေထိုင်မှုပုံစံတွေပါ…
စားသောက်သင့်တဲ့ အစားအစာတွေကတော့
🍳ဥအမျိုးမျိုး 🥩 အဆီမပါအသားနဲ့ ဒိန်ချဉ်တွေ၊ အရည်ရွှမ်းတဲ့အသီးအနှံတွေနဲ့ အပူအစပ်ပါတာလေးတွေ စားသုံးသင့်ပါတယ်…
🍴🍱 တနေ့ ၃ ကြိမ် များများစားတာထက် တနေ့ ၄ ကြိမ်ကို ပေါ့ပေါ့ပါးပါးစားပေးခြင်းက Sagi လေးတို့အတွက် ပိုကောင်းပါတယ်နော် …
နောက်တပတ်မှာ ဘယ်လို content လေးတွေနဲ့ မင်မင်တို့ ပြန်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ပေးကြပါအုံးနော် 👀👀👀

Caffeine ဆိုတာ.......☕️ဦး​နှောက်နဲ့ အာရုံ​ကြောများရှိလုပ်ငန်းများကို လှုံ့​ဆော်​ပေးပါတယ်...  ☕️​ခေါင်းမူးခြင်းကို သက်သာ...
20/11/2025

Caffeine ဆိုတာ.......

☕️ဦး​နှောက်နဲ့ အာရုံ​ကြောများရှိလုပ်ငန်းများကို လှုံ့​ဆော်​ပေးပါတယ်...
☕️​ခေါင်းမူးခြင်းကို သက်သာ​စေပြီး စိတ်ကိုကြည်လင်လန်းဆန်း​စေပါတယ်...
☕️Caffeine ကို အ​ဖျော်ယမကာ​တွေအပြင် ​အကိုက်အခဲ​ပျောက်​ဆေး​တွေမှာလည်း ​တွေ့နိုင်ပါတယ်.....

Fish oil ရဲ့ ကောင်းကျိုး ဆိုးကျိုး………………………………………………….Cubic M ရဲ့ Followers လေးတွေကို ဒီနေ့ ဝေမျှသွားမယ့် ကျန်းမာရေး ဗဟု...
13/11/2025

Fish oil ရဲ့ ကောင်းကျိုး ဆိုးကျိုး
………………………………………………….
Cubic M ရဲ့ Followers လေးတွေကို ဒီနေ့ ဝေမျှသွားမယ့် ကျန်းမာရေး ဗဟုသုတ လေးကတော့ ငါးကြီးဆီလို့ အလွယ်ခေါ်နေကြတဲ့ Omega 3 (အိုမီဂါ ၃) ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ အကြောင်းပဲဖြစ်ပါတယ်။
🫀 Omega 3 က ကောင်းတဲ့အဆီတစ်မျိုးဖြစ်တာ‌ကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီတွေဖြစ်တဲ့ LDL Cholesterol (ကိုလက်စထရော) နဲ့ Triglycerides တို့ကို လျော့နည်းစေကာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
🧠 ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ အဆီနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အဲ့အဆီအများစုကတော့ Omega 3 ပဲဖြစ်ပါတယ်။ ဒါကြောင့် Omega 3 ကို သောက်သုံးပေးတာဟာ ဦးနှောက်ရဲ့လုပ်ငန်းတွေကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်စေနိုင်ပါတယ်။
နောက်ပြီး ကလေးတွေမှာဖြစ်တတ်တဲ့ ADHD ရောဂါ၊ လူကြီးတွေမှာ ဖြစ်တတ်တဲ့ သက်ကြီးသတိမေ့ရောဂါ တွေအပြင် လူလတ်ပိုင်းမှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုများတာကြောင့် စိတ်ဓါတ်ကျခြင်း စတဲ့ ရောဂါတွေဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ မိခင်ကသောက်သုံးပေးမယ်ဆိုရင်တော့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ပိုမိုတိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။
👁 ဦးနှောက်လိုပဲ မျက်လုံးကျန်းမာရေးကလဲ Omega 3 ပေါ်မှာ မူတည်နေပါတယ်။ Omega 3 ချို့တဲ့တဲ့သူတွေဟာ မျက်လုံးရောဂါတွေ ဖြစ်နိုင်ချေ များပါတယ်။ တစ်ပတ်ကို ငါးဟင်း နှစ်တုံးလောက် မစားဖြစ်ဘူးဆိုရင်တော့ ကိုယ့်မျက်လုံးလေး ကျန်းမာစေဖို့ Omega 3 ကို သောက်သုံးပေးဖို့ လိုနေပါပြီနော်.. 😉😉😉😉
🐳🐋🐬 မကောင်းတဲ့ အဆီတွေကို လျော့နည်းစေနိုင်တဲ့ Omega 3 လေးကတော့ အသည်းအဆီဖုံးခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းကို လျော့ချပေးနိုင်ပါသေးတယ်။ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး အသည်းအဆီဖုံးလို့ အသည်းရောင်တာကိုလဲ သက်သာစေပါတယ်တဲ့။
🦵🦴 Omega 3 ရဲ့ နောက်ထပ် ကောင်းကျိုးလေးတစ်ခုကတော့ ရောင်ရမ်းမှုကို လျော့ကျစေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးလို့ပဲဖြစ်ဖြစ်၊ ကိုယ်အလေးချိန်များလို့ပဲဖြစ်ဖြစ်၊ ယူရစ်အက်စစ်များလို့ပဲဖြစ်ဖြစ် အရိုးရောင်ပြီး နာနေပြီဆိုရင်တော့ Omega 3 ကို ဖြည့်စွက်သောက်သုံးပေးသင့်တယ်နော်။ ဒါ့အပြင် Omega 3 က အရိုးရဲ့ သတ္တုဓါတ် တွေကို မျှတစေပြီး သိပ်သည်းဆကိုလဲ ကောင်းမွန်စေတယ်တဲ့နော်။
🧝‍♀‍ နောက်ထပ် Omega 3 အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းလေးကတော့ လူ့အရေပြားပဲဖြစ်ပါတယ်။ အသက်ကြီးလာလို့ပဲဖြစ်ဖြစ် နေရောင်ခြည်နဲ့ ထိတွေ့မှုများလို့ပဲဖြစ်ဖြစ် အရေပြားက ပျက်ဆီးတတ်ပါတယ်။ Omega 3 ပြည့်ဝနေမယ်ဆိုရင်တော့ အရေပြားအသစ်ဖွဲ့စည်းမှု မြန်ဆန်စေလို့ အသားအရည်လေး စိုပြေ လှပနေမှာပေါ့နော်။ နောက်တစ်ခုက Omega 3 ရဲ့ အရောင်ကျစေတဲ့ အာနိသင်ကြောင့် Psoriasis Dermatitis လို့ခေါ်တဲ့ အရေပြား ရောင်ရမ်းတဲ့ ရောဂါကိုလဲ သက်သာစေနိုင်ပါတယ်။
🥑 ကဲ ဒီလောက်ကောင်းတဲ့ Omega 3 လေးက ငါးကပဲရတာလား ဆိုတော့ မဟုတ်ပါဘူးတဲ့ တချို့အစေ့အဆံတွေနဲ့ အသီးအရွက်တွေကနေလဲ ALA လို့ခေါ်တဲ့ Omega 3 ရနိုင်ပါတယ်နော်။
ဘယ်အရာမဆို အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာဆိုတော့ Omega 3 လေးမှာလဲ ဆိုးကျိုးတွေရှိတာပေါ့။
သူ့ရဲ့ ဆိုးကျိုးတွေကတော့ …
1. ငါးညှီနံ့ နံပါတယ်တဲ့ 😂😂😂..
2. ဆေးသောက်ပြီး ရင်ပူတာ မူးတာတွေလဲ ခံစားရနိုင်ပါတယ်..
3. နောက်ပြီး အသက်ရှုတဲ့အခါ အနံ့ဆိုးထွက်နိုင်တယ်ဆိုပဲ 😮‍💨😮‍💨😮‍💨😮‍💨..
4. သူက သွေးခဲဖြစ်ပေါ်မှုကို လျော့နည်းစေတဲ့အတွက် အခြား သွေးကျဲဆေးသောက်နေရတဲ့သူတွေကတော့ သွေးယိုစီးမှု ဖြစ်နိုင်ချေ များပါတယ်။
5. အဆီချဆေးသောက်နေတဲ့သူတွေအနေနဲ့ကတော့ Omega 3 နဲ့ အဆီချဆေးကို အနည်းဆုံး ၂နာရီ ခြားပြီး သောက်ရပါမယ်နော်။ မဟုတ်ရင်တော့ အဆီချဆေးတွေက Omega 3 စုပ်ယူမှုကို တားလိုက်တော့ Omega 3 လေး ခန္ဓာကိုယ်ထဲ မရောက်တော့ဘူးပေါ့..
6. နောက်ထပ်တစ်ခုကတော့ Omega 3 က အစွမ်းထက် Antioxidant (အင်တီအောက်စီဒင့်) လေးဖြစ်တဲ့ ဗီတာမင် အီး ပမာဏကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် တစ်ချို့ Fish Oil အားဆေးတွေမှာ ဗီတာမင် အီး ထည့်ပေးထားတတ်ကျပါတယ်။
ကဲ ဒီလောက် ဆိုရင်တော့ Fish Oil – Omega 3 ရဲ့ ကောင်းကျိုး ဆိုးကျိုးလေးတွေကို သိသွားကြပြီထင်ပါတယ်။ နောက်ထပ်သိချင်တဲ့ ကျန်းမာရေး ဗဟုသုတလေးတွေရှိရင်လဲ Comment Box မှာ ရေးခဲ့ပေးဦးနော်။

ခြေဖနောင့်တွေ ကွဲနေပြီဆိုရင်..ဒီနေ့မှာတော့ ဆောင်းရာသီအေးတဲ့အချိန် ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေလေးတွေကို ပြောပြပေးချင်ပါတ...
06/11/2025

ခြေဖနောင့်တွေ ကွဲနေပြီဆိုရင်..
ဒီနေ့မှာတော့ ဆောင်းရာသီအေးတဲ့အချိန် ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေလေးတွေကို ပြောပြပေးချင်ပါတယ်နော် ❄️❄️❄️
☃️🧣🧤❄️ရာသီဥတုအေးပြီဆိုရင် အရေပြားခြောက်သွေ့တာအပြင် ခြေဖနောင့်ကွဲတာနဲ့ အသားမာဖြစ်တာမျိုးတွေဟာလည်း ခဏခဏတွေ့ရတတ်ပါတယ်။ ပိုဆိုးတဲ့ အခြေအနေတွေမှာဆိုရင် ခြေဖနောင့်အက်ကွဲရာလေးတွေဟာ အရမ်းနက်ပြီး နာကျင်နိုင်ပါတယ်။ ဒီလိုပြဿနာလေးတွေဟာ သိပ်သတိမထားမိတာမျိုး ဖြစ်တတ်တယ်ဆိုပေမဲ့ မကုသဘဲထားလိုက်ရင် အက်ကွဲရာလေးတွေကတစ်ဆင့် ပိုးမွှားများဝင်ရောက်ပြီး ဆိုးရွားတဲ့အခြေအနေအဖြစ်ကို ကူးပြောင်းသွားနိုင်ပါတယ်။

● ဘယ်လို အခြေအနေတွေကြောင့် ဖြစ်နိုင်ပါသလဲ?

🔹 အေးမြခြောက်သွေ့တဲ့ရာသီဥတု
🔸အချိန်ကြာကြာ မတ်တပ်ရပ်တာ
🔹 ခြေဗလာနဲ့ လမ်းလျှောက်တာ
🔸ခြေဖနောင့်ကို သေချာအကာအကွယ်မပေးနိုင်တဲ့ ဖိနပ်၊ ကိုယ်နဲ့ မတော်တဲ့ ဖိနပ်တွေ စီးတာ
🔹ရေနွေးနဲ့ အချိန်ကြာကြာ ရေချိုးတာ
🔸 မှိုရောဂါ တမျိုးမျိုးကြောင့် ဖြစ်တာ
🔹 အဝလွန်တာ
🔸 သွေးချိုဆီးချိုရှိတာ
🔹အာဟာရချို့တဲ့တာ (ဗီတာမင် ဘီ ၃၊ အီး နှင့် စီ ချို့တဲ့) တို့ဖြစ်ပါတယ်။
● ခြေဖနောင့်ကွဲလျှင် ဘယ်လိုလက္ခဏာမျိုးတွေ ခံစားရမလဲ?
🔺 အရေပြားအဖတ်လန်မယ်
🔺ယားမယ်၊ နာမယ်
🔺 အက်ကွဲရာတွေကနေ သွေးထွက်မယ်
🔺 နီရဲ ယောင်ကိုင်းလာမယ်
🔺 ပိုးမွှားဝင်ရောက်ပြီး အနာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။
● ဘယ်လိုကုသကြမလဲ?
▪️ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တဲ့ ခြေဖနောင့်လိမ်းခရင်မ်တွေ(Heel balm) ၊ အစိုဓာတ်လိမ်းခရင်မ်တွေ (Thick moisturizer) လိမ်းနိုင်ပါတယ်။
▫️Urea ၊ Salicylic acid နှင့် AHA ပါဝင်တဲ့ လိမ်းဆေးတွေကိုလည်း ရွေးချယ်ပြီး လိမ်းနိုင်ပါတယ်။
◾️ထို့အပြင် ပျားရည်၊ အုန်းဆီ၊ သံလွင်ဆီ၊ ရှာလကာရည်၊ Shea Butter နှင့် Petroleum jelly တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။
● အစိုဓါတ်ကို အကျိုးရှိအောင် ဘယ်လိုပေးကြမလဲ?
✔️အရင်ဆုံး ကြက်သီးနွေးရေထဲမှာ ခြေထောက်ကို ၁၀ - ၂၀ မိနစ်လောက် စိမ်ထားပါ။
✔️မာပြီး ထူနေတဲ့ အရေပြားတွေကို ဂျေးချွတ်ကျောက်တုံး သို့မဟုတ် အဝတ်ကြမ်းဖြင့် ညင်ညင်သာသာ ပွတ်ပေးပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ် - Moisturizing cream (သို့မဟုတ်) အဆီ - Oil တစ်ခုခုကို အရေပြားထဲစိမ့်ဝင်အောင် လိမ်းပေးရပါမယ်။
⚠️ အခြေအနေ အရမ်းဆိုးရွားတဲ့ ခြေဖနောင့်ကွဲအက်တာမျိုး ရှိလာရင်တော့ ဆရာဝန်နှင့်ပြသပြီး ညွှန်ကြားထားတဲ့ လိမ်းဆေးအဆီ (Balm )တွေ၊ အရောင်ကျစေတဲ့ စတီးရွိုက် ခရင်မ် (Steroid cream)တွေကို လိမ်းပြီး သေချာစွာကုသမှုခံယူသင့်ပါတယ်။
Cubic M ချစ်သူအားလုံး ရောဂါဘယကင်းဝေးကြပါစေရှင်…..
#ခြေဖနောင့်ကွဲခြင်း

ထိပ်ကပ်နာ မဖြစ်အောင် ကာကွယ်လို့ရလား ?""""""""""""""""""""""""""""""""""""""""""""ထိပ်ကပ်နာမဖြစ်အောင် မနက်အိပ်ရာနိုးတာနဲ့...
30/10/2025

ထိပ်ကပ်နာ မဖြစ်အောင် ကာကွယ်လို့ရလား ?
""""""""""""""""""""""""""""""""""""""""""""
ထိပ်ကပ်နာမဖြစ်အောင် မနက်အိပ်ရာနိုးတာနဲ့
👃နှာခေါင်းကိုဆားရည်(သို့) ဆရာဝန်ညွှန်ကြားတဲ့ဆေးရည်ကိုအသုံးပြုပြီး နေ့စဉ်ဆေးကြောသန့်စင်ပေးပါ။
🤧 ဓာတ်မတည့်တာကိုဖြစ်စေတဲ့ တိရိစ္ဆာန်အမွေးအမျှင်၊ ဖုန်မှုန့်၊ ဝတ်မှုန်၊ မှိုနဲ့ ဆေးလိပ်ငွေ့တွေကို ရှောင်ပါ။
🍀ကိုယ်ခံအားကောင်းစေတဲ့ အစားအသောက်နဲ့ဆေးဝါးတွေ မှန်မှန် မှီဝဲသုံးစွဲပါ။
🤧 တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပြီး အအေးမိတုပ်ကွေးမဖြစ်အောင်နေထိုင်ပါ။
🥤🧃 ကျန်းမာရေနဲ့ သင့်လျော်တဲ့ ဖျော်ရည်နဲ့ရေများများသောက်ပေးတာတွေက ထိပ်ကပ်နာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

#ထိပ်ကပ်နာ

ဒီနေ့မှာ Cubic M ရဲ့ သူငယ်ချင်းလေးတွေကို ပြောပြပေးသွားမှာကတော့ ကိုလူပျိုလေးတို့အတွက် လိုအပ်တဲ့ အရေးကြီးတဲ့ သက်စောင့်ဓါတ်...
17/10/2025

ဒီနေ့မှာ Cubic M ရဲ့ သူငယ်ချင်းလေးတွေကို ပြောပြပေးသွားမှာကတော့ ကိုလူပျိုလေးတို့အတွက် လိုအပ်တဲ့ အရေးကြီးတဲ့ သက်စောင့်ဓါတ်နဲ့ သတ္တုဓါတ် ၇မျိုး အကြောင်းပဲဖြစ်ပါတယ်။

1. ဗီတာမင် ဘီ ၉ (ဖော်လစ်အက်စစ်)
……….
▪️Vitamin B9 “ Folic Acid” လို့ အများသိကြတဲ့ သက်စောင့်ဓာတ်လေးကတော့ Vitamin B complex အုပ်စုဝင် Vit B9 ပဲ ဖြစ်ပါတယ်။ ဖော်လစ်အက်စစ် လို့ ပြောလိုက်ရင် အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အားဆေးလို့ ပြေးမြင်ကြပေမဲ့ အမျိုးသားတွေအတွက်လည်း လိုအပ်ပါတယ်နော်။ အသားဓာတ်ကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ DNA ကို ပြောင်းလဲဖို့အတွက် ဖော်လစ်အက်စစ် က ကူညီပေးပါတယ်။ ဒါ့အပြင် ကျန်းမာတဲ့ သွေးနီဥတွေ ထုတ်လုပ်တဲ့နေရာမှာလဲ လိုအပ်ပါသေးတယ်။ မျိုးရိုးဗီဇ ချွတ်ယွင်းမှု ဖြစ်စေနိုင်တဲ့ သုတ်ပိုးတွေမထုတ်အောင်လည်း ကာကွယ်ပေးပါသေးတယ်တဲ့။ အမျိုးသားဟော်မုန်းနဲ့ တခြား ဟော်မုန်းတချို့ ထုတ်လုပ်ဖို့ ဖော်လစ်အက်စစ် လိုအပ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း ဖော်လစ်အက်စစ် သောက်ပေးဖို့ လိုအပ်တယ်နော်။
2. ဗီတာမင် အီး
……..
▪️Vit E လို့ပြောလိုက်ရင် အမျိုးသမီးတွေ အသားအရည်လှပဖို့ လိုအပ်တယ်လိုပဲ သိကြပါတယ်။ အစွမ်းထက် အင်တီအောက်စီးဒင့် ဖြစ်တဲ့ Vit E မှာ အမျိုးသားတွေအတွက် လုပ်ဆောင်ပေးတာလည်း ရှိပါတယ်နော်။ လူသား ကလေးလေး ဖြစ်လာဖို့အတွက် သုတ်ပိုးဟာ မမျိုးဥဆီ သွားရပါတယ်။ ဒီလမ်းမှာ အတားအဆီးတွေ အများကြီးကို ဖြတ်ကျော်ရပါတယ်။ အတားအဆီးတွေဆီမှာ မကျရှုံးဘဲ မမျိုးဥ ဆီ မြန်မြန်ရောက်ဖို့ Vit E ကို လိုအပ်ပါတယ်နော်။
3. ဗီတာမင် စီ
……….
▪️ကိုယ်ခံအားကောင်းတယ်၊ အနာကျက်မြန်စေတယ်ဆိုပြီး လူသိများတဲ့ Vit C မှာ အခြား လူသိနည်းတဲ့ အစွမ်းတွေ ရှိပါသေးတယ်။ သက်ကြီးပိုင်းအမျိုးသား အများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆီးကျိတ်ကြီးခြင်း ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် Vit E အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့လဲ Vit C က ကူညီပေးပါတယ်။ အမျိုးသားဟော်မုန်း တက်စတိုစရုန်း က Vit C လိုအပ်ချက်ကို များစေပါတယ်။ ဒါကြောင့် ကောင်းကျိုးအရမ်းများတဲ့ Vit C ကိုလည်း ဖြည့်စွက်စာထဲမှာ မမေ့မလျော့ ပါအောင် စားကြရမယ်နော်။
4. ဗီတာမင် အေ
……..
▪️မျက်လုံးအတွက် ဗီတာမင် လို့ အသိများတဲ့ Vit A လေးက ကိုယ်ခံအားကောင်းစေသလို ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးနိုင်ပါသေးတယ်။ ဝှေးစေ့ကနေ သုတ်ပိုးဖြစ်လာတဲ့ နေရာမှာလဲ Vit A က လိုအပ်တယ်လို့ ခုနောက်ပိုင်း သုတေသနတွေက ဆိုကြပါတယ်။
5. ကယ်လ်ဆီယမ်
………
▪️ကျန်းမာတဲ့ ကြွက်သားတွေ၊ အရိုးတွေ၊ အာရုံကြောတွေ ပိုင်ဆိုင်ဖို့ဆို Calcium ကို သင့်တင့် မျှတတဲ့ ပမာဏ စားပေးဖို့လိုတယ်နော်။ အဓိကအားဖြင့် အမျိုးသားတွေရဲ့ အသက် ၂၀ ဝန်းကျင်မှာ Calcium ပမာဏ လုံလုံလောက်လောက်ရဖို့ ပိုအရေးကြီးပါတယ်။
6. ဗီတာမင် ဒီ
………
▪️ကြွက်သားတွေကို လှုပ်ရှားလိုက်တိုင်းမှာ သင့်ရဲ့ ခန္ဓာကိုယ်က Vit D ကို အသုံးပြုရပါတယ်။ Calcium ကို အရိုးထဲရောက်စေဖို့ Vit D က ကူညီပေးတဲ့အပြင် ကိုယ်ခံအားစနစ် အားကောင်းဖို့မှာလည်း အရေးပါနေပါသေးတယ်။ အမျိုးသား ဟော်မုန်း တက်စတိုစတီရုန်း ထုတ်တဲ့နေရာမှာလည်း ကူညီပေးပါတယ်။ ခုနောက်ပိုင်း လူမှုဘဝနေထိုင်မှု ပုံစံတွေအရ နေရောင်ခြည်ကနေ Vit D ရရှိဖို့ ခဲယဉ်းလာကြလို့ ကိုယ့်ရဲ့ နေ့စဉ် အစားအစာ၊ ဖြည့်စွက်စာထဲမှာ Vit D လေးကို မဖြစ်မနေပါအောင်စားပေးကြပါနော်။
7. မဂ္ဂနီဆီယမ်
………
▪️အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့ဆိုရင် Calcium နဲ့ Vit D လိုအပ်တယ်ဆိုတာ လူတိုင်းနီးပါးသိကြပေမဲ့ Magnesium လေးကိုတော့ လူသိနည်းကြပါတယ်။ Calcium နဲ့ Vit D နည်းတူ အရိုး၊ ကြွက်သားနဲ့ အာရုံကြောတွေ ကျန်းမာစေဖို့ကူညီပေးတဲ့နေရာမှာ Magnesium လေးလည်း ပါ ပါတယ်။ ကြွတ်တက်တာ၊ ကြွက်သားနာကျဉ်တာတွေဟာ Magnesium ချို့တဲ့နေတဲ့ လက္ခဏာတွေဖြစ်လို့ သတိထားသင့်ပါတယ်။ ဒါ့အပြင် Magnesium က ကိုယ်ခံအားကိုလည်း အားကောင်းစေပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကိုလဲ လျော့ချနိုင်ပါသေးတယ်။
ကဲ ဒီလောက်ဆိုရင်တော့ ကိုလူပျိုလေးတို့ အတွက် လိုအပ်တဲ့ အဓိက အာဟာရ ဓာတ်လေးတွေ အကြောင်း သိသွားရပြီလို့ ထင်ပါတယ်။ ကျန်းမာ သန်စွမ်းပြီး စွမ်းအင်ထက်စေဖို့ အစားအစာထဲမှာ၊ ဖြည့်စွက်စာထဲမှာ ကိုယ့်အတွက် လိုအပ်တဲ့ အာဟာရဓါတ်လေးတွေ ပါအောင်စားကြပါနော်။ Cubic M ရဲ့ သူငယ်ချင်းလေးတို့အားလုံး ကျန်းမာပျော်ရွှင်ကြပါစေရှင်။

ဒီနေ့တော့ Cubic M ရဲ့ သူငယ်ချင်းလေးတို့ကို မိန်းကလေးတွေ ရာသီလာရင် ခံစားရတဲ့ ဝေဒနာတွေကို သက်သာအောင် ဘယ်လို လုပ်ရမလဲဆိုတာလ...
02/10/2025

ဒီနေ့တော့ Cubic M ရဲ့ သူငယ်ချင်းလေးတို့ကို မိန်းကလေးတွေ ရာသီလာရင် ခံစားရတဲ့ ဝေဒနာတွေကို သက်သာအောင် ဘယ်လို လုပ်ရမလဲဆိုတာလေး ပြောပြပေးမယ်နော်. ☺️☺️☺️
မိန်းကလေးတွေဟာ အပျိုဖော်ဝင်ချိန်ကနေစပြီးတော့ လူသားမျိုးဆက် မပျက်သွားအောင် မျိုးပွားတဲ့တာဝန် ထမ်းဆောင်ဖို့ တစ်လတစ်ခါ ခန္ဓာကိုယ်ကနေ ပြင်ဆင်ပါတယ်။ အဲ့လိုပြင်ဆင်ချိန်မှာ နာကျဉ်ကိုက်ခဲမှုကိုလည်း ပူးတွဲခံစားကြရပါတယ်. 🥺🥺🥺
ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်ဟာ ရာသီမလာခင် ၂ ရက်လောက်တည်းက နာကျဉ်မှု ဝေဒနာကို ခံစားရပါတယ်တဲ့။ အဲ့တော့ ကိုယ်တစ်ယောက်တည်း နာကျဉ်တာ မဟုတ်လို့ ဝမ်းမနည်းနေကြနဲ့တော့နော်🤭🤭🤭။
ကဲ လေရှည်တာလေး ရပ်ပြီး နာကျဉ်မှု သက်သာအောင် ဘယ်လိုနေရမလဲ ဆိုတာလေး ပြောပြပေးမယ်နော်။
၁။ ရေများများ သောက်ပါ💧💧💧........................................................
ရာသီလာချိန်မှာဆို လေပွတာ၊ ဗိုက်ထဲ မအီမသာဖြစ်တာတွေခံစားရလေ့ရှိပါတယ်။ အဲ့လက္ခဏာတွေကလဲ ဗိုက်အောင့်တာကို ပိုဆိုးစေပါတယ်။ ရေများများ (အထူးသဖြင့် ရေနွေးနွေးလေး) သောက်ရင်တော့ လေပွတာကို သက်သာစေနိုင်တဲ့အပြင် သွေးလည်ပါတ်မှုကောင်းစေပြီး ခန္ဓာကိုယ်က ကြွက်သားတွေကို ပြေလျော့စေနိုင်တာမို့ ရာသီလာချိန် ကြွက်သားနာကျဉ်တာကို အထိုက်အလျှောက် သက်သာစေမှာပါ။
၂။ လက်ဖက်ရည်သောက်ပါ.................................................
ကဖိန်းပါတဲ့ လက်ဖက်ရည်မဟုတ်ဘဲ နာကျဉ်မှုကို သက်သာစေတဲ့ သဘာဝ ဆေးဖက်ဝင် အရွက်လေးတွေပါတဲ့ လက်ဖက်ရည်လေးသောက်ပေးရင်လည်း နာကျဉ်မှုကို သက်သာစေမှာပါ။ မင်မင်တို့ မြန်မာမှာတော့ ဂျင်းနဲ့ ထန်းလျက်ရောကြိုထားတဲ့ အရည်ကို သောက်ကြတယ်လေနော်။
၃။ အသီးအနှံတွေစားပါ🍇🍋🍊.............................................
တချို့ အသီးအနှံတွေက နာကျဉ်မှုကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ဥပမာ ငှက်ပျောသီး🍌၊ နံနတ်သီး🍍၊ ဖရဲသီး🍉၊ ခရမ်းချဉ်သီး🍅၊ ဂျင်း၊ နနွင်း၊ ခပ်မိုမိုင်း (Chamomine)။
၄။ လေပွစာတွေရှောင်ပါ🍔🍟🌮................................................
ရာသီလာချိန်ဆို အလိုလိုနေရင်း လေပွပါတယ်ဆိုမှ လေပွစာတွေထပ်စားရင်တော့ သူငယ်ချင်းလေးတို့က နာကျဉ်မှုကို စွဲလန်းနေတဲ့သူဖြစ်နေပြီနော်😜😜😜။
၅။ ကဖိန်းပါတဲ့ အစားအသောက်တွေ ရှောင်ပါ☕️🥤.......................................................
ကဖိန်းဓါတ်က စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့ အာနိသင်ရှိပေမယ့် ရာသီလာချိန်မှာဆိုရင်တော့ သားအိမ်ရဲ့ ညှစ်အားကို ပိုအားကောင်းစေလို့ နာကျဉ်မှုကို ပိုပြီး ခံစားရစေမှာပါ။
၆။ EPO လို့ အတိုခေါ်တဲ့ Evening Primose Oil ပါတဲ့ ဖြည့်စွတ်စာလေးတွေစားပါ💊💊💊........................................................
EPO က ခန္ဓာကိုယ်ရဲ့ ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် ရာသီလာချိန် ဟော်မုန်းမညီမှုကြောင့် ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေမှာပါ။
၇။ ရေနွေးအိတ်ကပ်ပါ♨️♨️♨️.............................................
အနွေးဓါတ်လေးက သူငယ်ချင်းလေးတို့ရဲ့ သားအိမ်နဲ့ ဝမ်းဗိုက်မှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့အောင် ကူညီပေးနိုင်ပါတယ်။ အဲ့တော့ နာကျဉ်မှု သက်သာစေမှာအမှန်ပါပဲ။
၈။ လေ့ကျင့်ခန်းလုပ်ပါ🏃‍♀️🏃‍♀️🏃‍♀️...................................................
Gym သွားပြီး ပြင်းပြင်းထန်ထန်လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ အိမ်မှာပဲ အကြောလျော့တာ၊ ခပ်မြန်မြန် လမ်းလျှောက်တာ၊ ယောဂကျင့်တာ မျိုးလေးတွေလုပ်ပေးရင်လဲ နာကျဉ်မှု လျော့နည်းစေမှာပါ။
၉။ စိတ်ဖိစီးမှု လျော့ချပါ🧎‍♀️🧎‍♀️🧎‍♀️...................................................
စိတ်ဖိစီးမှုက နာကျဉ်မှုကို ပိုဆိုးစေပါတယ်။ တက်နိုင်သလောက် စိတ်ဖိစီးမှု ဖြစ်စေမယ့်အရာတွေကို ခပ်ဝေးဝေးကို လွှင့်ပစ်လိုက်ပါနော်။
၁၀။ ချောကလက် အမည်း စားပါ🍫🍫🍫..........................................................
ချောကလက်အမည်းမှာ ရာသီလာချိန် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်တဲ့။ အခုကတည်းက ဆောင်ထားလိုက်ပါတော့။
ဒီနေ့ပြောပြချင်တာလေးကတော့ ဒီအထိပါပဲ။ နောက်ထပ်သိချင်တာလေးတွေလဲ Comment မှာရေးထားခဲ့ရင် Cubic M ရဲ့ မင်မင် ပြောပြချင်တွေက ပြောပြဖို့ အသင့်ပဲနော်။

Pic credit to Pinterest


ဒီနေ့မှာတော့ ဆေးစာ​တွေမှာ​တွေ့ရတတ်တဲ့ အတို​ကောက်စာလုံး​လေး​တွေကို ပြောပြပေးချင်ပါတယ် 📝📝📝1. ac = အစာမစားမီ2. pc = အစာစားပ...
25/09/2025

ဒီနေ့မှာတော့ ဆေးစာ​တွေမှာ​တွေ့ရတတ်တဲ့ အတို​ကောက်စာလုံး​လေး​တွေကို ပြောပြပေးချင်ပါတယ် 📝📝📝
1. ac = အစာမစားမီ
2. pc = အစာစားပြီး
3. bd or bid = တ​နေ့နှစ်ကြိမ်
4. tid or tds = တ​နေ့ ၃ ကြိမ်
5. qid = တ​နေ့ ၄ ကြိမ်
6. hs = အိပ်ရာဝင်ခါနီး
7. stat = ချက်ချင်းသောက်ရန်
8. PRN = လိုအပ်သ​လောက် သောက်ရန်
စတဲ့ အဓိပ္ပါယ်​တွေဖြစ်ပါတယ်နော်

ဒီနေ့မှာတော့ အလုပ်ရှုပ်တဲ့မမတို့အတွက် ကျန်းမာအောင်နေနိုင်မယ့်နည်းလမ်းလေးတွေကို ပြောပြပေးမှာဖြစ်ပါတယ်နော် 💃🙋‍♀️💁‍♀️နည်းလမ...
18/09/2025

ဒီနေ့မှာတော့ အလုပ်ရှုပ်တဲ့မမတို့အတွက် ကျန်းမာအောင်နေနိုင်မယ့်နည်းလမ်းလေးတွေကို ပြောပြပေးမှာဖြစ်ပါတယ်နော် 💃🙋‍♀️💁‍♀️
နည်းလမ်းလေးတွေက …

နံပါတ် (၁) ကျန်းမာစေတဲ့ အစားအစာတွေကိုသာ မီးဖိုထဲ ထားပါ
………..——……….———……….———……
Junk Food လို့ခေါ်တဲ့ အသင့်စားအစားအစာတွေနေရာမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစားထိုးလိုက်ပါ။
နံပါတ် (၂) နေ့လည်စာကို တခြားသူတွေ မစားမီ (သို့) စားပြီးချိန်တွေမှာသာ စားပါ
………..——……….———……….———……
နေ့လည်စာစားချိန် ပြောင်းလဲလိုက်တာက အကျိုးကျေးဇူးတွေ အများကြီး ရှိနိုင်ပါတယ်၊၊ သဘောက လူများတဲ့အချိန် နေ့လည်စာ စားတာကို ရှောင်လိုက်တာဟာ စိတ်ဖိစီးမှု တစ်ခုကို ကျော်ဖြတ်နိုင်လိုက်တာ တစ်မျိုးပါပဲ။ တခြားသူတွေစားတဲ့အချိန်မှာ ကိုယ်က အလုပ်ဆက်လုပ်နေမယ်ဆိုရင် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကြောင့် အလုပ်အပေါ်အာရုံပိုစိုက်နိုင်ပါလိမ့်မယ်။
နံပါတ် (၃) ဆိုရှယ်မီဒီယာမှာ အချိန်ဖြုန်းတာ လျော့ပါ
………..——……….———……….———……
ဆိုရှယ်မီဒီယာမှာ မိတ်ဆွေသူငယ်ချင်းများနဲ့ တွေ့ဆုံရာဖြစ်ပေမဲ့ အမြဲတမ်းအချိန်ယူနေဖို့တော့ မလိုအပ်ပါဘူး။ ဆိုရှယ်မီဒီယာကြောင့် ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျတာတွေ၊ စိုးရိမ်ပူပန်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်မဖြုန်းမိအောင် အချိန်အကန့်အသတ်ထားပြီး သုံးပါ။ အိပ်ရာဝင်ခါနီးချိန် သုံးတာမျိုးလည်း တတ်နိုင်ရင် ရှောင်ပါ။
နံပါတ် (၄) နေ့ရက်တိုင်းကို ရေနဲ့ စတင်ပြီး ရေနဲ့ အဆုံးသတ်ပါ
………..——……….———……….———……
ရေဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ တနေ့တာရဲ့အစမှာ ရေတစ်ခွက် သောက်တာဟာ တစ်နေကုန် အလုပ်လုပ်နိုင်ဖို့ အားအင်တွေ ပေးလိုက်သလိုဖြစ်ပြီး တနေ့တာရဲ့အဆုံးကို ရေနဲ့ အဆုံးသတ်တာဟာလည်း အိပ်တဲ့ အချိန်မှာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။
နံပါတ် (၅) တနေ့တာကို အစောဆုံးစတင်ပါ
………..——……….———……….———……
ပုံမှန်အိပ်ရာထနေချိန်ထက် ၁ နာရီ (သို့) နာရီဝက်စောပြီး အိပ်ရာထတာဟာ တစ်ခုခု ထူးခြားစေပါလိမ့်မယ်။ ပိုထွက်လာတဲ့အချိန်လေးမှာ လေ့ကျင့်ခန်းလုပ်မယ်၊ တရားထိုင်တာတွေက တနေ့တာကို စိတ်ချမ်းချမ်းသာသာ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။
နံပါတ် (၆) ခဏတာ အနားယူချိန်ထားပါ
………..——……….———……….———……
တနေ့တာအလုပ်ချိန်အတွင်းမှာ ခဏအနားယူပြီး အသက်ရှူလေ့ကျင့်ခန်းဖြစ်ဖြစ်၊ ခြေဆန့်လက်ဆန့်တာ ဖြစ်ဖြစ် လုပ်ပေးပါ။ အဲ့လို အနားပေးတာဟာ အလုပ်ကို ပိုပြီး တက်တက်ကြွကြွ လုပ်နိုင်လာပါလိမ့်မယ်။
နံပါတ် (၇) အချိန်မဆွဲပါနဲ့
………..——……….——
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သတ်မှတ်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာဖို့အတွက် အရေးကြီးပါတယ်။ ရှုပ်နေတဲ့ အချိန်ဇယားတွေမှာ မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ဖို့ ထည့်ထားပါ။
နံပါတ် (၈) တချိန်တည်း အလုပ်မျိုးစုံလုပ်တာကို ရှောင်ပါ
………..——……….———……….———……
တချိန်တည်း အလုပ်မျိုးစုံလုပ်တာက စိတ်ဖိစီးမှုလည်းရရှိနိုင်သလို အလုပ်ပြီးမြောက်မှုကိုလည်း ကျစေပါတယ်။ အချိန်တစ်ချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်မယ်ဆိုရင် အရည်အသွေးကိုလည်း တိုးတက်စေပြီး အမှားလည်း နည်းနိုင်ပါတယ်။
နံပါတ် (၉) လတ်ဆတ်တဲ့လေကို ရှူရှိုက်ပါ
………..——……….———……….———……
မိနစ်အနည်းငယ်လောက် အပြင်ဘက်ထွက်ပြီး လတ်ဆတ်တဲ့လေကို ရှူရှိုက်တာက ကိုယ်ရော စိတ်ပါ လန်းဆန်းတက်ကြွစေပါတယ်။
နံပါတ် (၁၀) ကျန်းမာစေတဲ့ အဆာပြေအစားအစာတွေသာ ရွေးချယ်စားသုံးပါ
………..——……….———……….———……
ဗိုက်ဆာတာက ပင်ပန်းတာနဲ့ စိတ်မကြည်လင်တာကို ဖြစ်စေပါတယ်။ ကျန်းမာစေတဲ့ အဆာပြေ အစားအစာလေးတွေကို ရွေးချယ်စားသုံးတာကလည်း နေ့လည်စာစားချိန်တွေမှာ အစား အများကြီးစားမိတာကို တားဆီးပြီးသား ဖြစ်စေမှာပါ...
ကဲ.... ဒီအချက်လေးတွေ လေ့လာပြီးပြီဆိုတော့ အလုပ် လုပ်ရင်း ပိုကျန်းမာအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်..

Address

Aungthapyay Street
Thingangyun
11071

Telephone

+959767979263

Website

Alerts

Be the first to know and let us send you an email when Cubic-M Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Cubic-M Wellness:

Share