Mr. Zeewaka - ဖိုးဇီဝက

Mr. Zeewaka - ဖိုးဇီဝက Health & Wellness Nurtured Thru Ways of Nature

☘️ ဆေးဖက်ဝင် အပင်များနှင့်☘️ ကျမ္မာရေး သုတ၊ ရသ🍀 🍀 🍀 🍀 🍀 🍀 🍀ဆေးဖက်ဝင် အပင်များနှင့် ကျမ္မာရေး အကြောင်း သုတ၊ ရသ ဆောင်းပါးမ...
31/12/2022

☘️ ဆေးဖက်ဝင် အပင်များနှင့်
☘️ ကျမ္မာရေး သုတ၊ ရသ

🍀 🍀 🍀 🍀 🍀 🍀 🍀

ဆေးဖက်ဝင် အပင်များနှင့် ကျမ္မာရေး အကြောင်း သုတ၊ ရသ ဆောင်းပါးများကို တစုတစည်းထဲ ရှာရ၊ ဖတ်ရ လွယ်ကူအောင် စီစဉ် ထားပါ၏။

🍀 🍀 🍀 🍀 🍀 🍀 🍀

🌷 ကျမ္မာဖို့ရာ သဒ္ဓါ
https://m.facebook.com/story.php?story_fbid=147794364710137&id=100084387213725

🍀 🍀 🍀 🍀 🍀 🍀 🍀

ဒန်အိုးကြောင့် ဒဏ်မတိုးစေလို၊ အသက်ဆက်ဖို့ လတ်ဆတ်စို့။
https://www.facebook.com/106829718795572/posts/115460291265848/

ဘေး ဖြစ်စေတတ်သော ဆေးပင်များ
https://m.facebook.com/story.php?story_fbid=124569753699265&id=100084387213725

🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ စူလာနဖာ
https://m.facebook.com/story.php?story_fbid=128193760003531&id=100084387213725

☘️ ပိစပ်ပင် (ဗိဇပ်ပင်)
https://m.facebook.com/story.php?story_fbid=148072748015632&id=100084387213725

☘️ တောင်လုံးပြန်ပင်
https://m.facebook.com/story.php?story_fbid=133037379519169&id=100084387213725

☘️ မှိုနားတို
https://m.facebook.com/story.php?story_fbid=142865241869716&id=100084387213725

☘️ မျက်ထောင့်ပင် (ခေါ်) မြေဖြစ်ပင်
https://m.facebook.com/story.php?story_fbid=127654816724092&id=100084387213725

☘️ လောက်သေရွက်ပင်
https://m.facebook.com/story.php?story_fbid=135949145894659&id=100084387213725

☘️ ဆေးခါးကြီးပင်
https://m.facebook.com/story.php?story_fbid=146600048162902&id=100084387213725

☘️ တောင်ဆီးဖြူပင်
https://m.facebook.com/story.php?story_fbid=140701515419422&id=100084387213725

☘️ မြင်းခွာရွက်
https://m.facebook.com/story.php?story_fbid=132257189597188&id=100084387213725

☘️ ဆင်တုံးမနွယ်
https://m.facebook.com/story.php?story_fbid=126350140187893&id=100084387213725

☘️ ဆင်နှာမောင်းပင်
https://m.facebook.com/story.php?story_fbid=125054046984169&id=100084387213725

☘️ ကန့်ကလာပင်နှင့် ဟင်းကလာပင်
https://www.facebook.com/106829718795572/posts/123291450482732/

☘️ တောဟင်းကလာပင်နှင့် ကန့်ကလာပင်
https://www.facebook.com/106829718795572/posts/125467776931766/

☘️ ကျွဲကျောင်းမှင်စေးနှင့် နွားကျောင်းမှင်စေးပင်
https://www.facebook.com/106829718795572/posts/123040800507797/

🍀 🍀 🍀 🍀 🍀 🍀 🍀

ကျောက်ဖရုံသီးနဲ့ ကျောက်ကပ် ဆေးခြင်း
https://m.facebook.com/story.php?story_fbid=141688758654031&id=100084387213725

ကျောက်ကပ် ကျောက်တည် ရောဂါနှင့် ကျောက်ဖရုံသီး + ရှာလကာရည်
https://www.facebook.com/106829718795572/posts/115446544600556/

ကျောက်ဖရုံသီးနှင့် ကျည်ဆံ၊ ဗုံးဆံ ဒဏ်ရာ
https://www.facebook.com/106829718795572/posts/115459474599263/

🍀 🍀 🍀 🍀 🍀 🍀 🍀

ကွမ်းရွက်နှင့် မျက်မှန် လွတ်ဖို့
https://www.facebook.com/106829718795572/posts/108424755302735/

ကွမ်းရွက်နှင့် သားအိမ်ကင်ဆာ
https://www.facebook.com/106829718795572/posts/115722707906273/

ကွမ်းရွက် အစွမ်း အံ့မခမ်း
https://m.facebook.com/story.php?story_fbid=130593223096918&id=100084387213725

🍀 🍀 🍀 🍀 🍀 🍀 🍀

ဆနွင်းနှင့် သတိမေ့ခြင်း
https://www.facebook.com/106829718795572/posts/122113010600576/

ဆားရည်နှင့် နှာခေါင်းရောဂါ
နှာခေါင်းအတွက် ဆာဒူးကြီးပေးသော ဆားရည်နည်း
https://www.facebook.com/106829718795572/posts/116062641205613/

ခရုသင်း အတွက် ဆေးနည်းများ
https://m.facebook.com/story.php?story_fbid=130326369790270&id=100084387213725

🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ ဖြည့်စွက်စာ ဆောင်းပါးများ
☘️ (About Supplements & Others)

https://m.facebook.com/story.php?story_fbid=138506958972211&id=100084387213725

🍀 🍀 🍀 🍀 🍀 🍀 🍀

ဘိုးဇီဝကနှင့် ကြောင်းကျိုးဆက် ဆေးပညာ
(Mr. Zeewaka & Functional Medicine)
https://www.facebook.com/106829718795572/posts/115460547932489/

မထူးသော်လည်း ဆန်းနေသည့်
အဘိုး ဆရာမာန် (သို့)
သာဂဒိုး၏ အာဂလူသား
သမားတော် ဘိုးဇီဝက
https://www.facebook.com/106829718795572/posts/113977454747465/

ပေါ်လာပြီ ဖေဇော်ဂျီ
https://m.facebook.com/story.php?story_fbid=116373151174562&id=106829718795572

ဩ/သု ဆေးပညာနှင့် ဆရာကြီး ဦးအောင်ဒင်
https://m.facebook.com/story.php?story_fbid=140899828732924&id=100084387213725

ဆောင်ရန်၊ ရှောင်ရန် ဓာတ်စာ (ဩ/သု )
https://m.facebook.com/story.php?story_fbid=141364918686415&id=100084387213725

သဘာဝပေါက် အပင်များ
https://m.facebook.com/story.php?story_fbid=125532140269693&id=100084387213725

ဘိုးဇီဝက ရှင်းတမ်း
ဘိုးဇီဝက၊ ဘွားဇီဝကများနှင့်
ဖိုးဇီဝက၊ မယ်ဇီဝကများ
https://www.facebook.com/106829718795572/posts/123719217106622/

🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ အားလုံး သတ္တဝါ
☘️ ကိုယ်၊ စိတ် နှစ်ဖြာ
☘️ ကျမ္မာ၊ ချမ်းသာကြပါစေ။

🌷 🌷 🌷 🌷 🌷 🌷 🌷 🌷
🌷 . . . အ နိ စ္စ ၊ မ ဂ္ဂ ။ . . . 🌷
🌷 🌷 🌷 🌷 🌷 🌷 🌷 🌷

☘️ ဖိုးဇီဝက
☘️ ၁၊ ၁၊ ၂၀၂၃

🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ ပိစပ်ပင် (ရေးတော့ အမှန်)☘️ ဗိဇပ်ပင် (ဖတ်တော့ အသံ)🍀 🍀 🍀 🍀 🍀 🍀 🍀ဗိဇပ်ပင်နှင့် ဆက်နွယ်သည့် စာများကို ပေါင်းစု ထားပါ၏။🍀 🍀...
30/12/2022

☘️ ပိစပ်ပင် (ရေးတော့ အမှန်)
☘️ ဗိဇပ်ပင် (ဖတ်တော့ အသံ)

🍀 🍀 🍀 🍀 🍀 🍀 🍀

ဗိဇပ်ပင်နှင့် ဆက်နွယ်သည့်
စာများကို ပေါင်းစု ထားပါ၏။

🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ ဗိဇပ် အကြောင်း
☘️ တစေ့တစောင်း

(က။) ၁၀၊ ၇၊ ၂၀၂၂

🌷 ယူမထားသော်လည်း
🌷 မဆပ်ရသေးသည့်
🌷 သည်အကြွေး

🍀 (Unborrowed Loans
🍀 Still Unsettled)

(ကင်ဆာနှင့် ရောဂါဆိုးကြီးများ
ပျောက်သည့် ပိစပ်ပင်)
https://www.facebook.com/106829718795572/posts/115445631267314/

(ခ။) မြို့ပေါ်က ဘုံနန်း
တောစပ်က ခြုံဖျား
(ရောဂါစုံ ပျောက်သည့် ပိစပ်ပင်)
https://www.facebook.com/106829718795572/posts/115446347933909/

(ဂ။) မဆုံခဲ့ရလေသော
တောင်သုံးလုံး အဘိုးသံနှင့်
ပိစပ်ပင်ဆေး
https://www.facebook.com/106829718795572/posts/115451694600041/

(-။) ပိစပ်ပင်နှင့် သိသမျှကို
https://www.facebook.com/106829718795572/posts/115452521266625/

(၁။) ဗိဇပ်ပင် (အဖြူပွင့်) ၏ ရုက္ခဗေဒနှင့် နိုင်ငံတကာ အမည်များ
https://www.facebook.com/106829718795572/posts/124405353704675/

(၂။) ပိစပ်ပင် ခေါ် ဂျာမဏီပင်ရဲ့ ရာဇဝင်
https://www.facebook.com/106829718795572/posts/124431230368754/

(၃။) ဗိဇပ်ဖြူပင်၏ ကင်ဆာ ဖြစ်စေသည့် ဒြပ်ပေါင်း
Carcinogenic Pyrrolizidine Alkaloids (PAs)
https://m.facebook.com/story.php?story_fbid=124091020413805&id=100084387213725

🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ ယုံချင်ယုံ ပိစပ်ပင်၊
☘️ ဗိဇပ်ပင် လက်တွေ့ စွမ်းပုံများ

(-။) ၂၇၊ ၈၊ ၂၀၂၂

🌷 အဘိုး ဆရာဒိုး၏
🌷 စူလာနဖာနှင့်
🌷 ပိစပ်ပင် (ဗိဇပ်ပင်)

https://www.facebook.com/106829718795572/posts/118632484281962/

🍀 ရောဂါ ကြီးလို့
🍀 ဗိဇပ် သောက်တာကြာ
🍀 သွေးအား နဲတတ်လာ
https://m.facebook.com/story.php?story_fbid=132000979622809&id=100084387213725

(၁။) ဒူးဆစ် အကြောညပ် လမ်းလျှောက်ဖို့ ခက်နေသူ
https://www.facebook.com/106829718795572/posts/118633120948565/

(၂။) အဆုတ်ကင်ဆာ ဝေဒနာသည် မယ်သီလရှင်
https://www.facebook.com/106829718795572/posts/118732097605334/

(၃။) ဆေးလိပ်ဒဏ် အဆုတ်ခံ နေရသူများ အတွက် ဆေးတလက်
https://www.facebook.com/106829718795572/posts/119299917548552/

(၄။) ရောဂါစုံ ပျောက်သည့် ပိစပ်ကို ဆေးလုပ် သောက်နည်း
https://www.facebook.com/106829718795572/posts/119461357532408/

(၅။) ဘိလပ် သွားမည့်သူ ဘီပိုး ဘိဇပ်နဲ့ ဂိုး
https://www.facebook.com/106829718795572/posts/123717177106826/

(၆။) ဘီပိုးပြီးတော့ စီပိုးကိုလည်း ပျောက်စေပါတယ်။
https://www.facebook.com/106829718795572/posts/123956660416211/

(၇။) ဗိဇပ်ဆီနှင့် အသဲ ကင်ဆာ သမား
https://www.facebook.com/106829718795572/posts/124253580386519/

(၈။) ဦးခေါင်း အကျိတ် ရောဂါ၊ ဘရိန်း တျူးမား (Brain Tumour) ဖြစ်နေသူ
https://www.facebook.com/106829718795572/posts/124253797053164/

(၉။) ၆ လ သာ ခံတော့မည့် ဥဏှောက် အကျိတ်တည် ရောဂါရှင်
https://www.facebook.com/106829718795572/posts/124799553665255/

(၁၀။) အကြောဆွဲ၊ အကြောတက်၊ လည်ပင်း အလုံးထွက်
https://www.facebook.com/106829718795572/posts/124860380325839/

(၁၁။) သီရိ မင်္ဂလာနှင့် ညီသွားသူ မနီ
https://www.facebook.com/106829718795572/posts/124862376992306/

(၁၂။) အိပ်မရ၍ ထိုင်နေရသူ၏ ပန်းနာရင်ကြပ် ဝေဒနာ
https://www.facebook.com/106829718795572/posts/125322143612996/

(၁၃။) ဟီရိုရှီးမား အဏုမြူဗုံး ဒဏ်ခံ မြန်မာ ၃ ဦး
https://www.facebook.com/106829718795572/posts/125325590279318/

(၁၄။) တော်လှန်ရေးအတွက် ဆေးတလက်
https://www.facebook.com/106829718795572/posts/125334180278459/

(၁၅။) မောင်ကျောင်းသားလေး၏ လည်ပင်း အကျိတ် ကင်ဆာ (Lymphoma)
https://m.facebook.com/story.php?story_fbid=125715096907034&id=106829718795572

(၁၆။) ဗိဇပ်ဆေးနဲ့ ကိုဗစ်ဘေး
https://m.facebook.com/story.php?story_fbid=125953573549853&id=106829718795572

(၁၇။) U.S.A. Doctors Vs. A Burmese Lady
အမေရိကန်မှာ ဟန်မကျခဲ့တဲ့ ဥဏှောက် အကျိတ်ဒဏ် ခံနေရသူ
https://m.facebook.com/story.php?story_fbid=123574497132124&id=100084387213725

(၁၈။) ငယ်ငယ်ရွယ်ရွယ် အရိုးကင်ဆာသည် တိုင်းရင်းသူ လုံမငယ်
https://m.facebook.com/story.php?story_fbid=128481779974729&id=100084387213725

(၁၉။) အဆိုးဝါးဆုံး ကင်ဆာသယ် ပြုံးရယ်နိုင်သေးတယ်
https://m.facebook.com/story.php?story_fbid=136132982542942&id=100084387213725

🍀 🍀 🍀 🍀 🍀 🍀 🍀

ကိုယ်၊ စိတ် နှစ်ဖြာ ကျမ္မာ၊ ချမ်းသာကြပါစေ။

🌷 🌷 🌷 🌷 🌷 🌷 🌷 🌷
🌷 . . . အ နိ စ္စ ၊ မ ဂ္ဂ ။ . . . 🌷
🌷 🌷 🌷 🌷 🌷 🌷 🌷 🌷

☘️ ဖိုးဇီဝက
☘️ ၃၀၊ ၁၂၊ ၂၀၂၂
🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ သဒ္ဓါ ယုံကြည်စေရာ☘️ ကျမ္မာရေး အဖြာဖြာ🍀 🍀 🍀 🍀 🍀 🍀 🍀စိတ်သာ ရှင်စော ဘုရားဟော (Mind Matters Most!) ဆိုသလို ရောဂါ မှန်သမျှ...
29/12/2022

☘️ သဒ္ဓါ ယုံကြည်စေရာ
☘️ ကျမ္မာရေး အဖြာဖြာ
🍀 🍀 🍀 🍀 🍀 🍀 🍀

စိတ်သာ ရှင်စော ဘုရားဟော (Mind Matters Most!) ဆိုသလို ရောဂါ မှန်သမျှ စိတ်က စဖြစ်ကြရတာပါ။ မတည့်တာ စားချင်၊ မတည့်တာ နေချင်ကြတာ အကြောင်း အကျိုး အမှန်တရားကို မသိမှုမှ စတင် မြစ်ဖျားခံပါတယ်။ လောဘ၊ ဒေါသ ဖြစ်တိုင်း တရားခံ မောဟက အဓိကပါ။

အချိုက ခါးမှန်း မသိလို့၊ ချိုတာ ကြိုက်၍ စားခဲ့ကြလို့ ရလာတဲ့ ရလာဒ် အခါး ကို မလိုချင်တာ။ အခါးက ပေးတဲ့ ကျမ္မာရေး အကျိုးက ချိုမှန်း သိလို့၊ မကြိုက်ပေမဲ့ စားပေးကြတာ။ စိတ်ပါပဲ။ အခါး ဆိုတာ အစားသာ မဟုတ်၊ မလုပ်ချင်သော်လည်း လုပ်သင့်သည့် အရာ အားလုံးကို ဆိုပါ၏။ အချိုလည်း ထို့အတူပါ။

အကြိုက်ကိုသာ ကောင်းသည် မထင်ဘဲ အကောင်းကို ကြိုက်ရ ကောင်းမှန်း သိသည့် အမှန်ကို သိမှု ပညာ စိတ်မှာ ကိန်းဖို့ လိုပါတယ်။ ကျမ္မာ၊ သက်ရှည် ဖို့ရာ ပြင်းပြ ထက်သန်သော သဒ္ဓါ ယုံကြည်မှု အပေါ် အခြေခံသည့် ကံ၊ ဉာဏ်၊ ဝီရိယ အဓိက အားထားဖို့ လိုပါတယ်။

ကျမ္မာဖို့ရာ ရေတို၊ ဖြတ်လမ်း ဆေးချည်း အားကိုးလို့ မရနိုင်ပါ။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါး စလုံး မျှတဖို့ အရေးကြီး၏။ စိတ်ထားမှန်မှ ကောင်းကျိုးဝေမှာပါ။ စိတ်ထားမှန်ဖို့ရာ မိမိတို့ ယုံကြည် ကိုးကွယ်ရာ ဘာသာ တရား၏ အဆုံးအမ လိုက်နာ ကျင့်သုံးဖို့ လိုပါတယ်။

ကျမ္မာရေးနှင့် ဆက်နွယ်သည့် ယုံကြည်ရာရာ ထိုထိုစာများကို စုထားပါတယ်။ အားလုံး သတ္တဝါ ကိုယ်၊ စိတ် နှစ်ဖြာ ကျမ္မာ၊ ချမ်းသာကြပါစေ။

🍀 🍀 🍀 🍀 🍀 🍀 🍀

🌷 ဗောဓိပင် ရှိခိုး ပူဇော်တဲ့ ဂါထာ
https://m.facebook.com/story.php?story_fbid=123481767130367&id=106829718795572

🍀 အတိတ်မေ့၊ ဘဝမေ့ခဲ့ဖူးသူ
https://m.facebook.com/story.php?story_fbid=125066753638535&id=106829718795572

🌷 ရောဂါနှင့် သဒ္ဓါ (ယုံကြည်မှု)
https://m.facebook.com/story.php?story_fbid=123825020440405&id=100084387213725

🍀 ရေဆွမ်း တရား အားထုတ်၍ ရောဂါများ ပျောက်ခြင်း
https://m.facebook.com/story.php?story_fbid=130862853069955&id=100084387213725

🌷 ဥဏှောက် အကျိတ် ပျောက်၍ ဘဝဟောင်း ပြန်မြင်ရသော ကျွန်းလှသူ၏ ဖြစ်ရပ်ဆန်း
https://m.facebook.com/story.php?story_fbid=131127873043453&id=100084387213725

🍀 ဗော ဇ္ဈ င်္ဂ သု တ္တ
https://m.facebook.com/story.php?story_fbid=134683752687865&id=100084387213725

🌷 စိတ်ဖြင့်လည်း ကုပါ၊ ဤရုပ် ကိုယ်ခန္ဓာ။
https://m.facebook.com/story.php?story_fbid=134962475993326&id=100084387213725

🍀 ဆေးတူ၊ ရောဂါတူ၊ ပျောက်သူ၊ မပျောက်သူ။
https://m.facebook.com/story.php?story_fbid=145061674983406&id=100084387213725

🌷 အဲ့လို မရှူနဲ့၊ ဒီလို ရှူပါ။
https://m.facebook.com/story.php?story_fbid=146756954813878&id=100084387213725

🌷 🌷 🌷 🌷 🌷 🌷 🌷 🌷
🌷 . . . အ နိ စ္စ ၊ မ ဂ္ဂ ။ . . . 🌷
🌷 🌷 🌷 🌷 🌷 🌷 🌷 🌷

☘️ ဖိုးဇီဝက
☘️ ၂၉၊ ၁၂၊ ၂၀၂၂
🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ အဲ့လို မရှူနဲ့၊ ဒီလို ရှူပါ။☘️ Christmas Present for Health☘️ လေရှူ တတ်ဖို့ အရေးကြီးလှပါ၏။☘️ Deep Breathing is Everyt...
25/12/2022

☘️ အဲ့လို မရှူနဲ့၊ ဒီလို ရှူပါ။
☘️ Christmas Present for Health

☘️ လေရှူ တတ်ဖို့ အရေးကြီးလှပါ၏။
☘️ Deep Breathing is Everything.
🍀 🍀 🍀 🍀 🍀 🍀 🍀

ဒီနေ့ ဘုရားသခင် ယေရှု ခရစ်တော်၏ မွေးနေ့ ခရစ္စမတ် အခါသမယမှာ ဆန်တာကလော့စ် ပေးတဲ့ လက်ဆောင်ကို ရကြသူတွေ ရှိသလို လူတိုင်း အလကား နီးပါး ရနေပြီး အသုံး မချကြတဲ့ အရာကို ပြချင်ပါတယ်။

လောကကြီးမှာ လေရှူ နေရဖို့ အရေး အကြီးဆုံး ဆိုတာ ပြီးခဲ့သည့် ကပ်ဘေးကြီးက အသက်ရှူဖို့ မေ့နေသည့် ကမ္ဘာကြီးကို ခပ်ကြမ်းကြမ်းလေး သတိ ပေးသွားခဲ့ပါတယ်။

မနှစ်က မြိတ် ထားဝယ်တွင် ကျင်းပသည့် ရေဆွမ်းတရား စခမ်းပွဲမှာ ယောဂီများ ကိုဗစ် ဖြစ်ကြတော့ အာနာပါန ဝင်လေထွက်လေ ခပ်ပြင်းပြင်းရှူပြီး တရားထိုင်နေ ကြရလို့ အသက်ဘေး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။

ခွေးတွေ၊ ကြောင်တွေကဲ့သို့ အပေါ်ယံ ခပ်ဖော့ဖော့ မသေရုံ တမယ် အသက်ကို မျဉ်းပြီး လူတွေ ရှူ (Shallow Breathing) နေကြတာ ဘာ့ကြောင့်ပါလဲ?

လူတွေမှာ အတွေးတွေ၊ ဇောတွေ၊ ဖြစ်ချင်တာတွေ၊ အလိုမကျတာတွေ အချိန်တိုင်းမှာ အိပ်ချိန်မှ လွဲ၍ ဖြစ်နေကြပါတယ်။ လိုချင်တဲ့ အတွေးက အနာဂတ်မှာ နေစေပြီး၊ စိတ်တိုင်း မကျတဲ့ ဒေါသက အတိတ်ကို ပြန်လည် စေကာ၊ သတိမဲ့ အတွေးက လူကို ပစ္စုပ္ပန် တဲ့တဲ့မှ ကင်းဝေး စေပါတယ်။ ဒါ့ကြောင့် အသက် ပြည့်ပြည့်ဝဝ ရှူဖို့ (Deep Breathing) မေ့နေတတ်ကြတာ များလား?။

လေကို သတိထားပြီး ထွက်သက်၊ ဝင်သက် အစ၊ အဆုံးတိုင် ခပ်ရှည်ရှည် ရှူပေးနေဖို့ရာ စိတ်က လက်ရှိ အချိန် (Present) မှာ သတိ ကပ်နေမှ ရှူဖြစ်ပါတယ်။ ပစ္စုပ္ပန်ကို Present လို့ ခေါ်သလို လက်ဆောင် ပစ္စည်းကိုလည်း Present လို့ အင်္ဂလိပ် ဘာသာမှာ သုံးပါတယ်။ လက်ရှိ အချိန်ကို လက်ဆောင်ကောင်း အဖြစ် အပြည့်အဝ အသုံးချတတ်ရင် ရွှေထက် အဖိုးတန်တာ အများ အသိပါ။

နီးလျက်နဲ့ ဝေးနေသည့် လွယ်လွယ်ကူကူဖြင့် ကျမ္မာရေး ကောင်းစေသည့် နည်းလမ်း တခုမှာ လေကို ပြည့်ပြည့်ဝဝ အဆုတ် စွမ်းအားပြည့် ရှူသွင်း၊ ရှူထုတ်ခြင်းကို သတိထားပြီး နိုးနေသည့် အချိန်တိုင်း သတိဖြင့် အသက်ရှူခြင်းပင် ဖြစ်ပါ၏။

အထူးသဖြင့် အသက်အရွယ် ကြီးသူများ အထိုင်အထ လှုပ်ရှားရာမှာ ထိုင်ရာမှ မထခင် လေကို ရင်ဘက် အပြည့် အားရပါးရ ရှူရှိုက်တာ လေး၊ ငါး၊ ဆယ်ကြိမ်ခန့် လုပ်ပြီးမှ ထပါက၊ လမ်းလျှောက်ပါက ဥဏှောက် သွေးငတ်၍ လဲကျခြင်းမျိုး ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဒါက ကားကို မသုံးခင် အင်ဂျင်စက်အား ကြိုတင် နှိုးပေး ထားသလို မျိုးနဲ့ တူပါတယ်။

ဗီတာမင် အားဆေးတွေ မျိုးစုံ သောက်ကြည့်လို့ မထူးခြားသည့် အဘိုး၊ အဘွားများ လေရှူ လေ့ကျင့်ခန်းကို ဇွဲဖြင့် မှန်မှန် လုပ်ကြည့်တာ ထူးခြားပြီး ကျမ္မာရေး ပိုမို ကောင်းမွန်လာကြောင်း တွေ့ရပါတယ်။

ဝါယောဓာတ် အားကောင်း စေသည့် သင့်တင့်စွာ အခါးဓာတ်ကို စားသုံး ပေးသင့်သလို မည်သူမဆို သတိရရင် ရသလို လေကို အပြည့်အဝ ရှူသည့် ကိုယ်စိတ် အနားပေး လေ့ကျင့်ခန်းကို တနေ့မှာ တကြိမ် ရရ၊ တမိနစ် ရရ၊ ရသလောက် စလုပ်ကာ သတိရလျှင် ရသလို စွဲမြဲစွာ လုပ်ကြည့်ပါက အကျိုးရှိတာ တွေ့ရမှာပါ။

🌷 Merry X'mas! 🌷

☘️ ဖိုးဇီဝက
☘️ ၂၅၊ ၁၂၊ ၂၀၂၂
🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ အခါး မကြိုက် လူမိုက် 🍀 🍀 🍀 🍀 🍀 🍀 🍀ရှေးလူကြီး သူမများက အထက်ပါ အတိုင်း ပြောလေ့ ရှိပါတယ်။ အခါး ကြိုက်ပြီး အစား များလွန်း...
24/12/2022

☘️ အခါး မကြိုက် လူမိုက်
🍀 🍀 🍀 🍀 🍀 🍀 🍀

ရှေးလူကြီး သူမများက အထက်ပါ အတိုင်း ပြောလေ့ ရှိပါတယ်။ အခါး ကြိုက်ပြီး အစား များလွန်းပြန်လည်း လူလိမ္မာလို့ ပြောလို့ မရနိုင်ပေ။ အခါး အစားများပြီး အခြား တက်စာများနဲ့ အတွေ့မှာ လေဖြတ်တတ်ပါတယ်။ တန်ဆေး လွန်ဘေး ဉာဏ်နှင့် ယှဉ်တွေးပြီး ချင့်ချိန် စားမှသာ ကောင်းကျိုး လိုရာ ရနိုင်မှာပါ။

အခါးမှာ အေးခါးနဲ့ ပူခါး နှစ်မျိုး ရှိရာ

(၁) ပူခါးမှာ ကြောင်လျှာ၊ တမာ၊ ရဲယို၊ ဆင်တုံးမနွယ်၊ တောင်မရိုး၊ ထနောင်း၊ ဖက်သန်း၊ မလွှ၊ မုရားကြီး စသည့် အခါးများကို လေအားနည်းသော ၀မ်းမီး ရှိသူတို့ စားသင့်၏။

(၂) အေးခါးစာများ ဖြစ်ကြသည့် ဆေးခါးကြီး၊ ကန့်ကလာ၊ ကြက်ဟင်းခါး၊ ခွေးတောက်ရွက်၊ ရှားစောင်းလက်ပတ်၊ လက်ပံခါး၊ လယ်ပတူ စသည့် အခါးများကို ပူသော၊ တက်သော ၀မ်းမီး ရှိသူများ အတွက် သင့်တော်၏။

ကလေး၊ လူငယ်၊ လူရွယ်များ တသက်လုံး အခါး လုံးဝ မစားတာ ဘာဖြစ်လို့ ကျမ္မာ နေကြတာလဲဟု ဆန်းစစ်ကြည့်ပါက နဂိုက ကျမ္မာရေး ကောင်းနေပြီ လှုပ်ရှားမှု များသဖြင့် လိုအပ်သည့် အခါးဓာတ်ကို ခန္ဓာကိုယ်တွင်းရှိ အသည်းနှင့် သည်းခြေအိတ်က ထုတ်ပေးနေလို့ပါ။

ငယ်ငယ်က အခါး မစားသလို ကြီးလာတော့လည်း မစားဘဲ နေ၍ ကိုယ်လက် လှုပ်ရှားမှု နည်းပါးပါက လေဓာတ် ဝါယော အားနည်း လာပြီး ကိုယ်လက် အင်္ဂါများ ထိုင်းမှိုင်း လေးလံ လာတာ၊ အရာရာ စိတ်တိုင်း မကျ အဆိုးမြင်၊ သတိ မေ့တတ် လာတာ၊ သူငယ်ပြန် လာတာကို တွေ့ရပါတယ်။

ဝါယောဟု ဆိုသော်လည်း အဓိကမှာ ဓာတ်ကြီး လေးပါး မျှတအောင် စားသောက် နေထိုင် ကြဖို့သာ ဆိုလိုရင်း အချုပ် ဖြစ်ပါ၏။ ဝါယောဓာတ်ကို အထောက်အကူပြုသည့် အခါး၊ ဆေးခါးကြီး စာစုများ ပေါင်းစု ပေးထားပါတယ်။

🍀 🍀 🍀 🍀 🍀 🍀 🍀

သင့်တင့်စွာစား အခါးသုံးပါး
(အပူခါး၊ အအေးခါး၊ သမမျှတခါး)
https://www.facebook.com/106829718795572/posts/123688293776381/

(၁) သန်လျင်ကျွန်း ခင်လွန်းတို့နယ်က ဆေးခါးကြီးပင်
https://m.facebook.com/story.php?story_fbid=128731629949744&id=100084387213725

(၂) ဆေးဖက်ဝင် အသုံးပြုပုံ - ဆေးခါးကြီးပင်
https://m.facebook.com/story.php?story_fbid=128990469923860&id=100084387213725

(၃) တန်ဆေး လွန်ဘေး - ဆေးခါးကြီးပင်
https://m.facebook.com/story.php?story_fbid=129255919897315&id=100084387213725

(၄) အင်းသားနှင့်ဆေးခါး - ဆေးခါးကြီးပင်
https://m.facebook.com/story.php?story_fbid=132518099571097&id=100084387213725

🌷 🌷 🌷 🌷 🌷 🌷 🌷 🌷
🌷 . . . အ နိ စ္စ ၊ မ ဂ္ဂ ။ . . . 🌷
🌷 🌷 🌷 🌷 🌷 🌷 🌷 🌷

☘️ ဖိုးဇီဝက
☘️ ၂၄၊ ၁၂၊ ၂၀၂၂
🍀 🍀 🍀 🍀 🍀 🍀 🍀

🎯 ဆေးတူ၊🍏 ရောဂါတူ၊✅ ပျောက်သူ၊❎ မပျောက်သူ။🍀 🍀 🍀 🍀 🍀 🍀🎯 လောက်သေရွက်🍏 အဆုတ်ရောဂါများ✅ အဆုတ်ကင်ဆာ ဖြစ်နေသူ တဦး လောက်သေရွက်ကိ...
18/12/2022

🎯 ဆေးတူ၊
🍏 ရောဂါတူ၊
✅ ပျောက်သူ၊
❎ မပျောက်သူ။

🍀 🍀 🍀 🍀 🍀 🍀

🎯 လောက်သေရွက်
🍏 အဆုတ်ရောဂါများ
✅ အဆုတ်ကင်ဆာ ဖြစ်နေသူ တဦး လောက်သေရွက်ကို စနစ်တကျ သေသေချာချာ၊ စွဲစွဲမြဲမြဲ ရောဂါ ပျောက်သည် အထိ သောက်လို့ အရှင်း ပျောက်သွားခဲ့ပါ၏။ ဒီတော့ လောက်သေရွက် သောက်လို့ အဆုတ်ကင်ဆာတောင် ပျောက်သည်ဟု ဆိုကြ၏။
❎ ရိုးရိုး အဆုတ် ရောဂါ ဝေဒနာရှင်များက လောက်သေရွက်ကို စိတ် မပါ့တပါနဲ့ အချိန်မှန်မှန်၊ ဆေးပမာဏ မှန်မှန် မသောက်ကြလို့ ခံစားနေရသည့် ရောဂါများ မပျောက်ကြပါ။ အဲ့တော့ လောက်သေရွက် သောက်ကြည့်တာ ဘာမှ မထူးခြားပါဘူးဟု ပြောပါတယ်။

🍀 🍀 🍀 🍀 🍀 🍀

🎯 ကျောက်ဖရုံသီးနှင့် ရှာလကာရည်
🍏 ခန္ဓာ ကိုယ်တွင်းမှ ကျောက် ငါးမျိုး (၁။ ကျောက်ကပ်ကျောက်၊ ၂။ အသည်းကျောက်၊ ၃။ သည်းခြေကျောက်၊ ၄။ သရက်ရွက်၊ ၅။ ဆီးကျောက်)
✅ ကျောက်ဖရုံသီးကို ဇွန်းခြစ်ဖြင့် တခါစား မုန့်ဟင်းခါး ပန်းကန်ဝက်ခန့် ပမာဏ ရအောင် ခြစ်၍ ရှာလကာရည် ၃ ဇွန်း ဆမ်းကာ မနက်၊ ညနေ၊ နောက်နေ့ မနက် ၃ ကြိမ် စားပါက ကိုယ်တွင်းရှိ ကျောက်များ ကြေပျက်ကာ လက်တွေ့ ပျောက်သွားကြသူများ မနည်းလှပါ။
❎ ကျောက်ဖရုံသီး အစိမ်း မစားနိုင်၍၊ အနံ့ မခံနိုင်၍ ကြိတ်စက်ဖြင် ညှစ်ကာ အရည်သာ သောက်ပြီး အဖတ် မစားသလို၊ အချဉ် မကြိုက်၍ သံပုရာ၊ ရှောက်သီး၊ ရှာလကာရည် မထည့်ဘဲ အနည်းငယ် အဖြစ်သာ စား၍ ကျောက် မကြေသဖြင့် စိတ်မရှည်ကာ ဆေးရုံ တက်ခွဲ၊ လေဆာဖြင့် ကျောက်ခြေသူများက ကျောက်ဖရုံသီးက အလကားပါကွာ တဲ့။

🍀 🍀 🍀 🍀 🍀 🍀

🎯 စူလာနဖာ ဆေးပင်
🍏 သွေးတိုး၊ ဆီးချို၊ လေးဘက်နာ
✅ ရှာရခက်သည့် ထိုဆေးပင်ကို ဇွဲနပဲ ဖြင့် ရအောင် ရှာ၍ အစိုကို အခြောက်ခံကာ စိတ်ရှည်ရှည်၊ ဇွဲရှိရှိဖြင့် သောက်ကြသူများ ထိုရောဂါများမှ ပျောက်ကင်းသွားကြ၍ စူလာနဖာက တော်တော်စွမ်းတာပဲဟု ယုံသွားကြ၏။
❎ ဆေးပင် ရသည့် အချိန် သောက်၍ မရတော့လည်း မသောက်ဘဲ အခြား ဆေးမျိုးစုံ ကြုံရာ သောက်နေကြသူများ စူလာနဖာက ဘာမှလည်း မထူးပါဟု စိတ်ပျက်လက်ပျက်ဖြင့် ညည်းကြသည်။

🍀 🍀 🍀 🍀 🍀 🍀

🎯 ဗိဇပ်ရွက် (အဖြူပွင့်)
🍏 မျက်စိ၊ နား၊ ကျောက်ကပ် ရောဂါများမှ လွဲ၍ အခြား ရောဂါများ
✅ B ပိုး C ပိုး၊ HIV & AIDS၊ လျှာကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကင်ဆာမျိုးစုံ၊ ဥဏှောက်အကျိတ်၊ ရောဂါစုံ အကုန်နီးပါး ပျောက်သည့် ကုန်းဗေဒါ၊ ဇာမဏီ၊ ဂျာမဏီ စသဖြင့် အမျိုးမျိုး ခေါ်ကြသည့် ဗိဇပ်ဆေးကို စနစ်တကျ အချိန်မှန်မှန် သင့်တော်သည့် ပမာဏ အတိုင်းအဆဖြင့် သောက်ကြလို့ လက်တွေ့ ပျောက်ကင်းကြသူများ အကြောင်းကို ဤ page ၌ ရေးသားထားပါတယ်။
❎ သောက်ချင်စိတ် ပေါက်သည့် အချိန်၊ ဆေးပင်ကလည်း အလွယ်တကူ ရသည့် အချိန်များမှသာ အဆင်ပြေသလို ရံဖန်ရံခါ သောက်ကြသူများ ပြောတတ်ကြတာက ဗိဇပ်က လူပြောသာ များတာ သောက်ကြည့်တော့ ဘာမှ မထူးခြားလှပါဟု ဆိုကြသူများလည်း တွေ့ရပါ၏။

🍀 🍀 🍀 🍀 🍀 🍀

🌷 ဘုရားရှင်နှင့်
☘️ အာဠာဝက ဘီလူး
☘️ ပုစ္ဆာ (၁၃) ချက်တွင်

☘️ လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ?
🌷 သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။

☘️ အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရ မှာလဲ?
🌷 သဒ္ဓါနဲ့ ဖြတ်ကျော် ရမယ်။

☘️ ဆင်းရဲ ဒုက္ခကို ဘာနဲ့ ဖယ်ရှားရ မှာလဲ?
🌷 ကြိုးပမ်း အားထုတ်မှု ဝီရိယဖြင့် ဖယ်ရှားနို င်မယ်။

☘️ ပညာကို ဘယ်လို ရအောင် ယူရ မှာလဲ?
🌷 နားလည်ချင်တဲ့ စိတ်၊ နားထောင်ချင်တဲ့ စိတ်၊ မှတ်သားချင်တဲ့ ဆန္ဒနဲ့။

🍀 🍀 🍀 🍀 🍀 🍀

ဝေပုလ္လ ရတနာတောင်မှာ အဖိုး အနဂ္ဃ ထိုက်တန်သည့် ကျောက်သံ ပတ္တမြား အလိုရှိရာ ကောက်ယူ နိုင်ဖို့ရာ သဒ္ဓါနှင့် တူသည့်လက် ရှိဖို့ အရေး အကြီးဆုံးပါ။ စဉ်းစားဉာဏ် အဆင်ချင်မဲ့ မျက်ကန်း ယုံကြည်မှု မဟုတ်ဘဲ ပညာဉာဏ်ကို အခြေခံသည့် ယုံကြည်မှုမှသာ အကျိုး ဖြစ်ထွန်းပေမည်။ ပထမဦးဆုံး လိုအပ်ချက် အခြေခံ ဖြစ်သည့် ယုံကြည်မှု သဒ္ဓါ အပေါ် မူတည်၍ ရောဂါ ပျောက်ပုံ မတူနိုင်ပေ။

ဆေးပင်လည်းတူ ရောဂါ ဖြစ်ပုံလည်း တူပြီး တဦးက ပျောက်၍ တဦးက မပျောက်ပါဟု ကြားရသည့် အခါတိုင်း (၁။) ယုံကြည်မှု သဒ္ဓါ တူသော်လည်း ဝီရိယ မတူပုံ၊ (၂။) ဝီရိယ တူပေမယ့် သတိချင်း မတူပုံ၊ (၃။) သတိချင်း တူပေမယ့် သမာဓိ မတူကြပုံ၊ (၄။) သမာဓိချင်း တူနိုင်သော်လည်း (၅။) ပညာ ဉာဏ် မတူကြပုံများကိုသာ မြင်ယောင်မိပါ၏။

လေးနှစ်မှ တခါ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ (Argentina Vs. France) က ဘယ်သူ နိုင်မည် အတပ် သေချာ မပြောနိုင်ပေမယ့် လူတိုင်းရဲ့ ရင်ထဲမှာ အချိန်တိုင်း နေ့ရက်တိုင်း ကျင်းပနေတဲ့ သဒ္ဓါ့ဖလားပွဲမှာ ကံ၊ ဉာဏ်၊ ဝီရိယ အားကောင်းသူတိုင်း အနိုင်ရ ဗိုလ်စွဲကာ လက်ရှိ ခန္ဓာကိုယ် အတွင်း အပ ရောဂါများသာမက သံသရာ တလျှောက်မှ ကိလေသာ အနာဆိုးများကိုပါ ပျောက်ကင်းစေနိုင်၍ သန္တိသုခ ချမ်းသာ ရရှိမှာ မလွဲ ဧကန် မုချပါ။

🌷 🌷 🌷 🌷 🌷 🌷 🌷 🌷
🌷 . . . အ နိ စ္စ ၊ မ ဂ္ဂ ။ . . . 🌷
🌷 🌷 🌷 🌷 🌷 🌷 🌷 🌷

☘️ ဖိုးဇီဝက
☘️ ၁၈၊ ၁၂၊ ၂၀၂၂
🍀 🍀 🍀 🍀 🍀 🍀

☘️ မှိုနားတို စာစုများ🍀 🍀 🍀 🍀 🍀 🍀(၁။) ချဥ်သလို ချိုသလို မှိုနားတို။ ရေးတော့ မှိုနားတို၊ ဖတ်တော့ မှိုနဒို။https://m.faceb...
09/12/2022

☘️ မှိုနားတို စာစုများ
🍀 🍀 🍀 🍀 🍀 🍀

(၁။) ချဥ်သလို ချိုသလို မှိုနားတို။ ရေးတော့ မှိုနားတို၊ ဖတ်တော့ မှိုနဒို။
https://m.facebook.com/story.php?story_fbid=129519873204253&id=100084387213725

(၂။) စိမ်းစိမ်း စိုစို မှိုနားတို ဆေးဖက် ဝင်သကို
https://m.facebook.com/story.php?story_fbid=129785253177715&id=100084387213725

(၃။) မျက်လုံး အတွက် အေး၊ မှိုနားတို အချဥ် ဆေး
https://m.facebook.com/story.php?story_fbid=130058023150438&id=100084387213725

🌷 . . . အ နိ စ္စ ၊ မ ဂ္ဂ ။ . . . 🌷

☘️ ဖိုးဇီဝက
☘️ ၉၊ ၁၂၊ ၂၀၂၂
🍀 🍀 🍀 🍀 🍀 🍀

☘️ ကျောက်ဖရုံသီးနှင့် ☘️ ကျောက်ကပ်ဆေးခြင်း🍀 🍀 🍀 🍀 🍀 🍀 🍀 ဦးခေါင်း ဒဏ်ရာဖြင့် ဥဏှောက် ယောင်နေသော ဝေဒနာရှင်များ ကယောင်ကတန်း...
04/12/2022

☘️ ကျောက်ဖရုံသီးနှင့်
☘️ ကျောက်ကပ်ဆေးခြင်း
🍀 🍀 🍀 🍀 🍀 🍀 🍀

ဦးခေါင်း ဒဏ်ရာဖြင့် ဥဏှောက် ယောင်နေသော ဝေဒနာရှင်များ ကယောင်ကတန်းတွေ ပြောနေလျှင် ဥဏှောက် အယောင် လျော့စေရန် Mannitol Drip (or) Mannyl ဆေးရည် သွင်းရသည်။ ယောင်နေသော ဥဏှောက် ဝန်းကျင်မှ အရည်ကို နှုတ်ယူရန် ဖြစ်သည်။ သူ့သတ္တိက သကြား (Sugar Alcohol) တော့ သကြားပဲ။ လျက်ကြည့်လျှင် ချိုသည်။ မျိုချလို့ ရသည်။

သို့သော် သူ့ မော်လီကျူး (Molecule) တည်ဆောက်ပုံက ဆန်းကြယ်နေသည်။ Mannitol သည် သွေးမှ ဦးနှောက် ကလပ်စည်း အတွင်းသို့ ဝင်နိုင်စွမ်း မရှိ။ ထို့ကြောင့် ကလပ်စည်း အပြင်မှာသာ နေရာ ယူနေရသည်။ သို့သော် ထို Mannitol ၌ ရေကို စုပ်ယူနိုင်စွမ်းသော ဓာတ်က ရေကို စုပ်ယူတာ ဖြစ်သည်။

ကလပ်စည်း အငံဓာတ်ဖြင့် အရည်ကို ဆွဲထား၊ ထိန်းထားသော စိမ့်ဝင်ခြင်း (Osmosis) သတ္တိကို ဆန့်ကျင်၍ သောက်ရေသန့်တို့ ထုတ်လုပ်ရာ၌ သုံးသည့် နည်းစံနစ် သဘော ပြောင်းပြန် စိမ့်ဝင်ခြင်း (Reverse Osmosis) အလား ဖြစ်နေတော့သည်။

ထို့ကြောင့် အငံကို ကလပ်စည်း အတွင်း ထားခဲ့၊ ကလပ်စည်း အပြင်ကို ရေတွေ ထွက်ကုန်သည်။ ရေက သွေးထဲရောက်၊ သွေးထဲ ရောက်တော့ ဆီးက စစ်ထုတ်လိုက်တော့ ရေတွေ အများကြီး ဆီးမှ တဆင့် စွန့်ထုတ်လိုက်သည်။ သည်တော့ ဦးနှောက် ယောင်နေခြင်း လျော့ကျ သွားရသည်။ ကယောင်ကတန်း ပြောဆိုနေမှု သက်သာ သွားမည်။

ထိုဝေဒနာရှင်တို့မှာ ကျောက်ကပ်က ပုံမှန် အလုပ် လုပ်နေကြသူများ အတွက် ဖြစ်သည်။

🍀 🍀 🍀 🍀 🍀 🍀 🍀

မူလတန်းကျောင်းမှ ဆရာမကြီး တဦး ကျောက်ကပ် ပျက်စီးကာ မျက်နှာနှင့် တကိုယ်လုံး ဖောရောင်ပြီး ကျောက်ကပ်က ယောင်နေတော့ ဆီးကို လုံးလုံး ဖြစ်မလာတော့ဘဲ ဆီး မသွားတာ ၂ ရက် ရှိပြီ ဆိုသည်။ Mannitol ပုလင်း တဝက်ကို တကြိမ်ထဲ ကုန်အောင်၊ ပုလင်း အပြည့် ဆိုလျှင် ၂ ကြိမ် ခွဲ၍ ကုန်အောင် တခါတည်း သောက်ခိုင်း လိုက်သည်။

Mannitol ၏ ဆန်းကျယ်သော ဖွဲ့စည်း တည်ဆောက်မှုကြောင့် ၎င်းကို အူမှ မစုပ်ယူနိုင်ဘဲ Mannitol က အူ အတွင်းမှာသာ ရှိနေတော့သည်။ ထိုအူ အတွင်းမှာသာ ရှိနေသော Mannitol က စုပ်ယူခြင်းကြောင့် သွေးတွင်းမှ ဆီး အညစ်အကြေးတွေကိုပါ စစ်ထုတ်ပြီးသား ဖြစ်နေသည်။

အူတွင်းသို့ ထိုအရည်ဓာတ်များ စီးဝင်လာသည်။ ပုံမှန် ဖြစ်ရပ်က ရေကို အူက စုပ်ယူရမှာ ဖြစ်သော်လည်း ပြောင်းပြန် ဖြစ်နေသည့် အတွက် Reverse Osmosis ဖြစ်စဉ်ဟု ခေါ် နိုင်၏။

ထိုအခါ ဝမ်း အကြိမ်ကြိမ် သွားတော့သည်။ ဝမ်းထဲမှာ သွေးထဲတွင်ရှိ ဆီးဓာတ်နှင့် အညစ်အကြေးများပါ စစ်ထုတ် စွန့်ထုတ်ပြီးသား ဖြစ်သွားသည်။ ဝမ်းနှင့် နှုတ်လိုက်တော့ ယောင်နေတာ ကျသွားသည်။ ကျောက်ကပ် ပြန်လည် အလုပ် လုပ်လာကာ အသက် ဆက်လက် ရှင်သန်ခွင့် ရသွားပါတော့သည်။

သည်ကုထုံးသည် Mannitol သောက်ပေးခြင်းဖြင့် ကျောက်ကပ် ဆေးခြင်း မည်ပါသည်။ မိမိတို့ ကိုယ်တိုင် အိုးမကွာ အိမ်မကွာ ကျောက်ကပ် ဆေးနိုင်ပါသည်။ သို့သော် မိသားစု ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ပြုလုပ်ပါ။

🍀 🍀 🍀 🍀 🍀 🍀 🍀

ကျောက်ကပ်ထဲရှိ တဆေး ဒြပ်ပေါင်း (Carbonic anhydrase) က ဓာတ်ဆား (Na+) မဆုံးရှုံးစေရန် ထိန်းပေးရာ ဆီးဆေး (Hydrochlorothiazide) သတ္တိက ထိုတဆေးကို ဓာတ်ပြယ်စေ၍ ဓာတ်ဆားကို မထိန်းတော့ဘဲ ဆီးထဲ မျောပါကာ ရေကို ဆွဲယူသွားလို့ ဆီး တလဟော သွားတာပါ။ ဖောယောင်သော အခါ ဆီးဆေးဖြင့် ကုသကြသလို ဆီများများ သွားကာ အယောင်ကို နှုတ်ယူခြင်း သဘောပါ။

ကျောက်ဖရုံသီးရှိ ဆီးသွားစေသော ဓာတ်သတ္တိ တမျိုးကြောင့် သူ့ကို သတ္တုရည် သောက်၊ အစိမ်းအတိုင်း စားလျှင် ဆီးဆေး သောက်သလို ဆီးသွားစေ၏။ ကျောက်ဖရုံသီးထဲမှ Triterpinide, Flavonoid, 63% Carbohydrate, etc. ဓာတ်တို့ကြောင့် အငံထိန်း ဟော်မုန်း (Aldosterone) ကို ပျက်ပြယ်စေသဖြင့် ဆီးသွား များစေခြင်းသာ။ ကျောက်ဖရုံ သတ္တုရည် သောက်ပါက၊ ကျောက်ဖရုံသီး အစိမ်းလိုက် စားပါက ခဏနေလျှင် ဆီးတွေ တလဟော သွားပါသည်။

ကျောက်ဖရုံသီး ဖက်အိပ်တာနှင့် ကလီစာထဲ ရေဝင်၊ ရေဖျဉ်း လျော့နည်း၊ ပျောက်ကင်းရခြင်းသည် ကျောက်ဖရုံသီး၌ Mannitol ကဲ့သို့ ဓာတ်များ ပါဝင် နေလို့ ဖြစ်သည်။ ကိုယ်တွင်း ကလီစာ နံရံ၊ ခန္ဓာကိုယ် အကာ၊ အလွှာ တို့ကို ဖြတ်ကာ အငံ နေခဲ့၊ အရည်ထွက်ခဲ့ဟု ခန္ဓာကိုယ် အပြင်ဖက်က ညှို့ယူနေသော ကျောက်ဖရုံသီး၏ ပြောင်းပြန် စိမ့်ဝင်ခြင်း ဖြစ်စဉ်ကြောင့်သာ ဖြစ်မည်။

ကျောက်ကပ် ပျက်စီးနေသူတို့ Mannitol သောက်ပေးခြင်း သို့မဟုတ် ကျောက်ဖရုံ သတ္တုရည် သောက်သုံးခြင်းသည် ခန္ဓာကိုယ် ဖောရောင်ခြင်းနှင့် ကျောက်ကပ်မှ စစ်မထုတ် နိုင်သော ဆီး အဆိပ် ဓာတ်များ သွေးမှ စစ်ထုတ်ကာ၊ ဝမ်းမှ နှုတ်ယူပြီး ဝမ်းထဲမှာ ဆီး အဆိပ်များ ပါသွားစေ၍ ကျောက်ကပ် ဆေးခြင်း (Dialysis) သဘော ဖြစ်နေသည်။

🍀 🍀 🍀 🍀 🍀 🍀 🍀

မှတ်ချက် ။ . . . ။ ကျောက်ကပ်အတွက် ဆေးအကြောင်း သိချင်သူ များလှ၍ ဆရာဝန်ကြီး ဦးလှသန်း ရေးသားသည့် စာကို စာရှုသူများ ဖတ်ရ လွယ်ကူအောင် ပြန်လည် တည်းဖြတ်ပြီး ရေးသား တင်ပြခြင်းမျှသာ ဖြစ်ပါ၏။

Mannitol ဓာတ်နှင့် တူသည့် ကျောက်ဖရုံသီး (Benincasa hispida) ကို သဘာဝ အတိုင်း စားသုံးပေးခြင်းဖြင့် ပျက်စီးနေသည့် ကျောက်ကပ်ကို ပြန်လည် ကောင်းမွန်စေနိုင်ပါ၏။

ကျောက်ကပ်မှာ ကျောက်တည်နေသူများ ကျောက်ဖရုံသီးနှင့် ရှာလကာရည် စား၍ ပျောက်ကင်းသည့် အကြောင်းလည်း စာရေးသူ ရေးထားပါ၏။

🍀 🍀 🍀 🍀 🍀 🍀 🍀

🌷 . . . အ နိ စ္စ ၊ မ ဂ္ဂ ။ . . . 🌷

☘️ ဖိုးဇီဝက
☘️ ၄၊ ၁၂၊ ၂၀၂၂
🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ ကျမ္မာရေး အတွက်☘️ ဆောင်ရန် ရှောင်ရန်များ🍀 🍀 🍀 🍀 🍀 🍀 🍀 ဖြစ်လာတဲ့ ရောဂါတွေကို သက်သာ ပျောက်ကင်းနိုင်ဖို့ သဘာဝ ဆေးပင် နည်...
03/12/2022

☘️ ကျမ္မာရေး အတွက်
☘️ ဆောင်ရန် ရှောင်ရန်များ
🍀 🍀 🍀 🍀 🍀 🍀 🍀

ဖြစ်လာတဲ့ ရောဂါတွေကို သက်သာ ပျောက်ကင်းနိုင်ဖို့ သဘာဝ ဆေးပင် နည်းလမ်းများကို သိနေရုံဖြင့် ပြဿာနာကို မူလ အရင်းအမြစ်မှ ဖြေရှင်းနိုင်တာ မဟုတ်ပေ။ ရောဂါ ဖြစ်သည့် အကြောင်းရင်းနှင့် မဖြစ်အောင် ဘယ်လို နေထိုင်ရမလဲ ဆိုသည်များကို သိထားမှသာ အဟုတ် ကောင်းပေမည်။

ရောဂါကို ဖြစ်မှ ကုသရတာထက် မဖြစ်အောင် ကြိုတင် ကာကွယ် စောင့်ရှောက် နေထိုင် စားသောက်နိုင်က ပိုကောင်းတာ လူတိုင်း အသိပါ။ ကျမ္မာရေးနှင့် အညီ နေထိုင် ကျင့်ကြံတာက ရောဂါ မဖြစ်အောင် တားဆီးပေးသလို ဖြစ်နေတဲ့ ရောဂါ ဝေဒနာများကိုလည်း သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။

ယနေ့ခေတ် ၂၁ ရာစု၌ လူအများစုက အပူတွေ အောင်း၊ အပူတွေ လှောင်၊ အပူတွေ အကျဉ်းကျ နေသည့် အတွက် ရောဂါ အများစု၏ တရားခံ လက်သည် ဖြစ်နေလို့ ဩဠာရိက သုခုမ ဆေးပညာက ပြဆိုသော စားသောက်သင့်သည့် သင့်တော်သော အစာ အာဟာရများနှင့် ရှောင်ကြဉ်ရန်များကို ဇယားဖြင့် ပြထားတာပါ။

တိုင်းရင်းဆေး သမားတော် (ဩ/သု) ဆရာကြီး ဦးရန်အောင် အကြောင်း အမြဲ တင်ဆက်ပေးနေသည့် ပင်လုံစာပေမှ တင်ထားသော ဇယားကွက်များ ဖြစ်ကာ စိတ်ဝင်စားသူများ ဆက်လက် ဖတ်ရှု၊ လေ့လာနိုင်ရန် ၎င်း၏ လင့်(ခ်) ကို Comment Box မှာ ပြထားပါတယ်။

🌷 . . . အ နိ စ္စ ၊ မ ဂ္ဂ ။ . . . 🌷

☘️ ဖိုးဇီဝက
☘️ ၃၊ ၁၂၊ ၂၀၂၂
🍀 🍀 🍀 🍀 🍀 🍀 🍀

☘️ ဩဠာရိက သုခုမ☘️ ဆရာ စဉ်ဆက်🍀 🍀 🍀 🍀 🍀 🍀 🍀ဩဠာရိက သုခုမ ဆေးပညာသည် မိုဃ်းကျ ရွှေကိုယ် မဟုတ်။ ဗုဒ္ဓ မြတ်စွာခေတ် သမားတော်ကြီး...
01/12/2022

☘️ ဩဠာရိက သုခုမ
☘️ ဆရာ စဉ်ဆက်
🍀 🍀 🍀 🍀 🍀 🍀 🍀

ဩဠာရိက သုခုမ ဆေးပညာသည် မိုဃ်းကျ ရွှေကိုယ် မဟုတ်။ ဗုဒ္ဓ မြတ်စွာခေတ် သမားတော်ကြီး ဘိုးဇီဝကမှ အစပြုကာ ရှေးထုံးစဉ်လာ ဆင်းသက်လာခဲ့၏။ အတိတ် ကာလနှင့် ပစ္စုပ္ပန် မျက်မှောက်ခေတ် ဆက်စပ်ရသော် . . .

(၁။) အင်းဝခေတ် သာလွန်မင်းတရားကြီး လက်ထက် ဝိနည်း ငါးကျမ်း နိဿယ ကျမ်းပြု ရွှေဥမင် ဆရာတော်ကြီး ရေးသားခဲ့သည့် ဓာတုဝိဇ္ဇာမယ ဓာတ်ကျမ်း၊

(၂။) ဝိနယာလင်္ကာရဋီကာ ကျမ်းပြု တောင်ဖီလာ ဆရာတော်ကြီး၏ သမ္ပန္န ဓာတ်ကျမ်း၊ မဟာနာရီ ဓာတ်ကျမ်း၊ ကွန်ချာ ဓာတ်ကျမ်း၊

(၃။) ဆင်ဖြူရှင် တနင်္ဂနွေမင်း လက်ထက် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ နိဿယ ကျမ်းပေါင်း များစွာကို ပြုစုခဲ့သော မဏိရတနာရာမ နေရင်းဆရာတော်ကြီး၏ သင်္ဂဟဓာတု ဓာတ်ကျမ်းနှင့်

(၄။) ကုန်းဘောင် ခေတ်ဦး အလောင်းမင်းတရားကြီး လက်ထက် မ, ကာရ လောပ ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ တောင်တွင်း ဆရာတော် ခင်ကြီးပျော်၏ အာဒိကပ္ပ ဒွါဒရာသီကျမ်း၊ ဒွါဒသိမ်ကျမ်း၊ ဩဠာရိက သုခုမ ဓာတ်ကျမ်း၊ ဆ နဝုတိ ဆေးကျမ်း၊

(၅။) မိုးကုတ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉူးဝိမလ ကိုယ်တော်တိုင် တရားတော် တခု၌ ထည့်သွင်း ဟောကြားခြင်း ခံခဲ့ရသည့် ကုန်းဘောင် ခေတ်နှောင်း မန္တလေးမှ ပညာရှိ ပရမတ်ဆရာ ဓာတ်ဆရာကြီး သမားတော်ချုပ်ကြီး ဦးပို၏ သဗ္ဗ ပကိဏ္ဏက ဓာတုကျမ်းနှင့် ဓမ္မဓာတုကျမ်း၊

(၆။) ကိုလိုနီခေတ်၌ တိမ်မြုပ် ပျောက်ကွယ်ခဲ့ရသော ဩဠာရိက သုခုမ ဆေးပညာကို လွတ်လပ်ရေးခေတ် နောက်ပိုင်းတွင် ပြန်လည် ဖော်ထုတ်ပေးခဲ့သည့် ဆရာကြီး ဦးအောင်ဒင်၏ အခြေခံ လင်္ကာနှင့် အကျဉ်းချုပ် အဖြေ ဗုဒ္ဓ နည်းကျ ဩဠာရိက သုခုမ ဓာတ်ကျမ်း၊ ပဋိစ္စသမုပ္ပါဒ် ကုထုံး ကျိုးကြောင်းဆက် ဓာတ်ကျမ်း၊ နရသုခိ အဖြေသစ်ကျမ်း၊

(၇။) ၂၁ ရာစုသစ် ယနေ့ မျက်မှောက်ခေတ်၌ ဩဠာရိက သုခုမ ဆေးပညာကို လူထုအကြား ပြန့်ပွားအောင် ပြန်လည် ဆန်းသစ်၍ တင်ပြကာ သင်ကြား၊ ကုသ ပေးနေသည့် တိုင်းရင်းဆေး သမားတော် (ဩ/သု) ဆရာကြီး ဦးရန်အောင်နှင့် ဆရာကြီး ဦးကျော်မြင့် အစ ရှိသူများပါ။

အာဟာရကြောင့် ဖြစ်သည့် ရောဂါကို အာဟာရနှင့်ပင် ကုသ, ပျောက်ကင်း နိုင်သလို ရောဂါ မဖြစ်အောင်လည်း သင့်တော်သည့် အာဟာရဖြင့်သာ စားသုံး နေထိုင် ပြုပြင်ပေးရသော ဩဠာရိက သုခုမ ဆေးပညာ အခြေခံကို လူတိုင်း လေ့လာ နားလည်ပြီး လိုက်နာ ကျင့်သုံးကြပါက ရောဂါဘယများမှ ကင်းဝေးကာ ကျန်းကျန်းမာမာ သက်တမ်းစေ့ နေထိုင် သွားနိုင်မည် ဖြစ်ပါကြောင်း . . . ။

🌷 . . . အ နိ စ္စ ၊ မ ဂ္ဂ ။ . . . 🌷

☘️ ဖိုးဇီဝက
☘️ ၁၊ ၁၂၊ ၂၀၂၂
🍀 🍀 🍀 🍀 🍀 🍀 🍀

🌷 လွယ်လွယ်ခက်နှင့် 🌷 ခက်ခက်လွယ်က🌷 လက်တလှိမ့်ပါ။☘️ တောင်ဆီးဖြူပင်နှင့် ☘️ အသည်းရောဂါ🍀 🍀 🍀 🍀 🍀 🍀 🍀ခေါင်းစဉ် ကြည့်ပြီး အမြွ...
30/11/2022

🌷 လွယ်လွယ်ခက်နှင့်
🌷 ခက်ခက်လွယ်က
🌷 လက်တလှိမ့်ပါ။

☘️ တောင်ဆီးဖြူပင်နှင့်
☘️ အသည်းရောဂါ

🍀 🍀 🍀 🍀 🍀 🍀 🍀

ခေါင်းစဉ် ကြည့်ပြီး အမြွှာ ညီအစ်မ နာမည်တွေလို့ ထင်မိကြပါမယ်။ လောက၌ ရောဂါကြီး သော်လည်း လွယ်လွယ်ကူကူနဲ့ သက်သာ ပျောက်ကင်းရမှာကို နည်းကောင်း မသိကြလို့ ခက်ခဲ နေတတ်ပြီး ဘယ်လောက်ပဲ ရောဂါက ခက်ခက်၊ လွယ်လွယ်ကူကူနဲ့ ရနိုင်သည့် ဆေးနည်း သိသွားပြန်တော့လည်း . . . ။

အသည်းရောဂါသမား ကိုစိန်ဝင်းကို ဆရာဝန်ကြီးများ လက်လွှတ်ထားရသလို တမိသားစုလုံးလည်း ရှိရှိသမျှ လက်လွှတ်လိုက်ရတာ အိမ်နှစ်လုံး၊ ကားနှစ်စီး၊ ငွေသိန်းပေါင်း များစွာ။ အသက် ပျောက်မလား၊ ရောဂါ ပျောက်မလား၊ ဘယ်တော့ ပျောက်မလဲ သိချင်၍ နောက်ဆုံး ကြံရာမရ ဗေဒင် သွားမေးရာမှ ပြန်ရှင်သန်လာခဲ့သူ။

ရန်ကုန်၊ မင်္ဂလာဒုံ၊ ဝါယာလက်၊ ပြည်တော်သာ အကွက်နေ ဆရာထွန်း က သူ့ဇာတာကို တွက်ကြည့်ရာ သေကိန်း မမြင်သဖြင့် စကားစပ်၍ ဘာရောဂါ ဖြစ်သလဲ မေးကြည့်၏။ အသည်းရောဂါ အတွက်တော့ မပူနဲ့ဟု ဆိုကာ မနီးမဝေးမှာ ရှိသည့် ပိုက်ဆံ တပြားတချပ်မှ မကုန်ဘဲ အလကား ရမည့် တောင်ဆီးဖြူပင်ကို ညွှန်ပြပါသည်။

တောတောင်၊ လမ်းဘေးများ၌ အလေ့ကျ များပြားစွာ ပေါက်ရောက်သည့် ထိုအပင်လေးများမှာ အမြင့် တထွာ၊ တတောင်ခန့်သာ ရှိ၏။ တောဆီးဖြူပင် (Phyllanthus niruri) ဟုလည်း ခေါ်ကာ သူ့အရွက်က မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်များနဲ့ တူပြီး အရွက်အောက် ညှာတံ တလျှောက် ရွေးစေ့အရွယ်ခန့် အသီး သေးသေးလေးများ အမြဲ တွေ့ရတတ်ပါတယ်။

အသက် ၈၅ နှစ် အရွယ် အလွန် ကျမ္မာသည့် ဆရာကြီးထွန်း ပေးသည့် နည်းက တောင်ဆီးဖြူပင် တဆယ်သားကို သုံးခွက် တခွက်တင် ကျို၍ သောက်နိုင်သလောက် သောက်၊ သောက်ချင်သလောက် သောက်၊ ထမင်းမစား ဟင်းမစား သောက်၊ များများသောက် အသည်းရောဂါ မြန်မြန်ပျောက် ဖြစ်၏။

ရောဂါဒဏ်ကြောင့် ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်နေရာမှ တပတ်အတွင်း ဆီးဝမ်း မှန်လာပြီး လူက သိပ်ကို လန်းလာပါတယ်။ တလခန့် အကြာ ဟိုဟိုဒီဒီ သွားလာရင်း သူ့ကို လက်လွှတ်ခဲ့သည့် သမားတော်ကြီးထံ ရောက်သွား၏။ တလခန့်ဖြင့် အသည်းရောဂါမှ နလံထ သက်သာသွားသည့် ဆေးနည်းကို အံ့ဩကာ ဆရာဝန်ကြီး ကိုယ်တိုင် ဆရာကြီးထွန်းထံ သွားရောက် မေးမြန်း လေ့လာပါသည်။

ကွမ်းရွက်ဖြင့် သားအိမ်ကင်ဆာ ပျောက်နည်း ပေးခဲ့သူမှာလည်း ဗေဒင်ဆရာ တဦးသာ ဖြစ်ပြီး ထိုအကြောင်းကို ရေးခဲ့ဖူးပါတယ်။ အခုလည်း ဆေးနည်းပေးသူက တိုင်းရင်းဆေးဆရာ မဟုတ်ဘဲ ဗေဒင်ဆရာ ဖြစ်နေ၏။ ထိုသတင်းကို ကြား၍ ဆရာထွန်းထံ အဘိုး ဆရာဒိုး သွားရောက် မေးမြန်း သုတေသနပြုပြီး ပြည်သူများ သိအောင် တဆင့်ပြန်လည် မျှဝေ ရေးသားခဲ့တာပါ။

ဦးသာဂဒိုး သိထားတာ တောင်ဆီးဖြူပင်က ဆီးချိုရောဂါ၊ အသည်း ဘီပိုး စသည်တို့ကို ကုသ နိုင်တာပါ။ အခု လမ်းဘေးမှ ထိုအပင်ငယ်လေးက အသည်းကင်ဆာ ဖြစ်လုနီးနီး ဆေးမတိုးတော့သည့် အသည်းရောဂါသမားကို သက်သာ ပျောက်ကင်းစေခဲ့ပုံပါ။

🌷 အ ပ္ပ မာ ဒေ န၊
🌷 သ မ္ပာ ဒေ ထ။

ဖိုးဇီဝက
၃၀၊ ၁၁၊ ၂၀၂၂

🍀 🍀 🍀 🍀 🍀 🍀 🍀

🌷 ဖြည့်စွက်စာ (Supplements) နှင့်🌷 ကျမ္မာရေး ဆောင်းပါးများ🍀 🍀 🍀 🍀 🍀 🍀 🍀ကြောင်းကျိုးစပ် ဆေးပညာ (Functional Medicine) ကို ...
21/11/2022

🌷 ဖြည့်စွက်စာ (Supplements) နှင့်
🌷 ကျမ္မာရေး ဆောင်းပါးများ

🍀 🍀 🍀 🍀 🍀 🍀 🍀

ကြောင်းကျိုးစပ် ဆေးပညာ (Functional Medicine) ကို မြမ္မာပြည်နှင့် ပထမဦးဆုံး (Pioneer) အဖြစ် မိတ်ဆက် ပေးခဲ့သည့် ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း ရှင်းပြသည်များအား လေ့လာပြီး ဗီတာမင် ဒီ၃ (Vitamin D3) အကြောင်းကို သိရှိ နားလည်ခဲ့ရပါတယ်။

Vitamin D3 ကို နေရောင်ခြည်မှ ရရှိနိုင်လို့ သူ့ကို Sunshine Vitamin ဟုလည်း ခေါ်ပါတယ်။ လူတယောက် တနေ့တာ လိုအပ်သည့် D3 ပမာဏကို ရအောင် နေပူဆာလှုံဖို့ရာ ဘယ်အချိန်လဲ ဆိုတော့ နေထဲမှာ ကိုယ့်အရိပ်က ကိုယ့်အရပ်ထက် တိုနေတဲ့ အချိန်ပါ။ ပြီးတော့ လူက အင်္ကျီချွတ်၊ ဘောင်းဘီတိုဖြင့်သာ နေရောင်ခြည်မှ ထိုဓာတ်ကို ပြည့်ပြည့်ဝဝ ရနိုင်ပါမယ်။

အစားအသောက်ထဲမှ ရနိုင်သော်လည်း အလွန် နည်းပါးလှပါတယ်။ ထို့ကြောင့် သဲကန္တာရ ဒေသနှင့် အာဖရိကတိုက်မှ လူများမှာပင် D3 ဓာတ် ချို့တဲ့တာ တွေ့ရပေရာ ကျန်သူများ ဆိုဖွယ် မရှိပေ။ သင်္ဘောပေါ်မှာ ဝန်ထမ်းများကို D3 သောက်ဖို့ ညွှန်ကြားကြောင်း နိုင်ငံခြား သင်္ဘောလိုက်သူ ဓာတ်ကြိုး တဦးက ပြောပြပါတယ်။

ကလေး၊ လူကြီး မရွေး လူတိုင်း အထူးသဖြင့် နေပူထဲ မထွက်သူများနှင့် အသက် ၄၀ ကျော်များ D3 ကို သောက်သင့်ပါတယ်။ ကင်ဆာသမားများ၊ ခွဲစိပ်ရမည့်သူများ၊ ရောဂါကြီးသူများ၊ ခုခံအား ကစဉ့်ကလျား (Autoimmune Diseases) ရောဂါများကြောင့် ရောဂါ ထူးထူးဆန်းဆန်း ဖြစ်နေသူများ နေ့စဉ် သောက်ပေးနိုင်ရင် ကိုယ်ခံ အားတက်ကာ ရောဂါ သက်သာစေပါမယ်။

D3 နှင့် ဆက်စပ်နေသည့် အရိုး အရေးကြီးပုံကိုလည်း သတိမူဖို့ ရေးထားပါတယ်။ D3 အကြောင်း သိသလောက် ရေးရရင် စာတအုပ် ရပါမယ်။

🍀 🍀 🍀 🍀 🍀 🍀 🍀

On 26.12.20 Posted
ဗီတာမင် D3 နှင့် ကျနော်
https://www.facebook.com/106829718795572/posts/106922098786334/

On 27.12.20 Posted
ဗီတာမင် D3 သောက်ရမည့် ပမာဏ
https://www.facebook.com/106829718795572/posts/108379495307261/

< 3.> On 27.12.20 Posted
အရိုး၊ သွား နှင့် ဗီတာမင် "ဒီ"
https://www.facebook.com/106829718795572/posts/113657404779470/

On 28.12.20 Posted
ဗီတာမင် ဘီ၃ နိုက်ယာစင် (Vitamin B3 Niacin)
https://www.facebook.com/106829718795572/posts/113659734779237/

On 30.12.20 Posted
ကျနော် ရေသောက်ပုံ စားနည်း
https://www.facebook.com/106829718795572/posts/113662824778928/

On 5.1.21 Posted
(၁။) အရေးကြီးသော အရိုးကြီး
https://www.facebook.com/106829718795572/posts/113664318112112/

On 6.1.21 Posted
(၂။) အရိုးကြီး ကြောက်သော အရာကြီး
https://www.facebook.com/106829718795572/posts/113667694778441/

On 8.1.21 Posted
(၃။) အရိုးမကြီးသော အမျိုးသမီးကြီး
https://www.facebook.com/106829718795572/posts/113669928111551/

On 5.1.21 Posted
ထုံးဖြူဖွေးဖွေး စေတီလေး
https://www.facebook.com/106829718795572/posts/113671474778063/

On 21.12.20 Posted
ကိုဗစ်စစ်တဲ့စာမေးပွဲ ကမ္ဘာကြီးဖြေနေဆဲ
https://www.facebook.com/106829718795572/posts/113677811444096/

On 15.1.21 Posted
ကိုယ်ထဲမှာနေ မြွေလေးထွေ
https://www.facebook.com/106829718795572/posts/113679808110563/

On 18.1.21 Posted
လည်ပင်းရှိ သိုင်းရွိုက် အကျိတ်
https://www.facebook.com/106829718795572/posts/113681461443731/

On 2. 8.22 Posted
ဘိုးဇီဝကနှင့် ကြောင်းကျိုးဆက် ဆေးပညာ (Mr. Zeewaka & Functional Medicine)
https://www.facebook.com/106829718795572/posts/115460547932489/

On 19. 8.22 Posted
သဘာဝ အပင်ဆေး (Herbal Medicines) နှင့် လူလုပ် ဖြည့်စွက်စာများ (Supplements)
https://www.facebook.com/106829718795572/posts/115325861279291/

On 17.9.22 Posted
ဆေးကို မခေါင်းခင် ဆရာကို ခေါင်းပါ။
https://www.facebook.com/106829718795572/posts/124030173742193/

🍀 🍀 🍀 🍀 🍀 🍀 🍀

🌷 အ ပ္ပ မာ ဒေ န၊
🌷 သ မ္ပာ ဒေ ထ။

Mr. Zeewaka - ဖိုးဇီဝက
၂၁၊ ၁၁၊ ၂၀၂၂

🍀 🍀 🍀 🍀 🍀 🍀 🍀

Address

Yangon
Thingangyun
11091

Website

Alerts

Be the first to know and let us send you an email when Mr. Zeewaka - ဖိုးဇီဝက posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mr. Zeewaka - ဖိုးဇီဝက:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram