လဝန်းစံ Clinic & Pharmacy

လဝန်းစံ Clinic & Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လဝန်းစံ Clinic & Pharmacy, Medical and health, Thingangyun.

အူလမ်းကြောင်းလှုပ်ရှုားမှုမမှန်သောရောဂါ (IBS)
18/12/2023

အူလမ်းကြောင်းလှုပ်ရှုားမှုမမှန်သောရောဂါ (IBS)

ကလေးငယ်များကို ဘာကြောင့်ဖျားဖျား တင်ပါးဆေးမထိုးရပါဘူး❌ဆရာပြောထားသလိုပဲ ‘ကိုယ့်ကလေးတော့ထိုးခဲ့တာပဲ ခုထိဘာမှမဖြစ်ပါဖူးကွာ၊...
29/08/2023

ကလေးငယ်များကို ဘာကြောင့်ဖျားဖျား တင်ပါးဆေးမထိုးရပါဘူး❌

ဆရာပြောထားသလိုပဲ ‘ကိုယ့်ကလေးတော့ထိုးခဲ့တာပဲ ခုထိဘာမှမဖြစ်ပါဖူးကွာ၊ ငါငယ်ငယ်ကထိုးဖူးတယ် ဘာမှမဖြစ်ပါဖူး ဒီလိုပြောလာရင်တော့
"မဖြစ်လိုက်တာ" နဲ့ "မဖြစ်နိုင်တာ" အဓိပ္ပာယ်မတူဘူးလို့ ပြောပါရစေ။’

အသက် ၁၃နှစ်အောက် ကလေးများကို ဖျားလျှင် အသားဆေးထိုးခြင်းမပြုလုပ်သင့်ပါ။ ရေပတ်တိုက်ခြင်း၊ ပါရာစီတမောဆေးကို စနစ်တကျ တိုက်ခြင်း၊ ပါရာစီတမောဂြိုလ်တု ထည့်ခြင်း စတာတွေကိုသာ ပြုလုပ်သင့်ပါတယ်။

“အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"

ကလေးငယ်များဟာ လူကြီးများထက်ကိုယ်ခံအားနည်းကြတဲ့အတွက် ရာသီအကူးအပြောင်းကာလတွေမှာ ဖျားနာခြင်းဖြစ်လွယ်ပါတယ်။ ဒီအခါမှာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပြီးကုသတဲ့အခါ ရေပတ်တိုက်ခြင်း၊ သောက်ဆေး၊ ဂြိုလ်တုတောင့် အစရှိသည်တို့နဲ့သက်သာအောင်ကုသပြီးပျောက်ကင်းသွားတဲ့ ကလေးငယ်တွေရှိသလိုပဲ အချို့သော ကျန်းမာရေးကုသသူတွေဟာ ကလေးငယ်ကိုဆေးထိုးပြီးကုသတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တစ်ဘဝစာအတွက် အလွန်အန္တရာယ်များတဲ့ကုသနည်းဖြစ်ပါတယ်။

အသက် ၁၃နှစ်အောက်အရွယ်များကို ကလေးဘဝလို့သတ်မှတ်ပြီး ၁၃နှစ်ကျော်ရင်တော့ ဆယ်ကျော်သက်ထဲကို ကူးပြောင်းဝင်လာပြီလို့အကြမ်းဖျင်းသတ်မှတ်ပါတယ်။ ကလေးငယ်များဟာ ဖျားနာပြီဆိုရင် လူကြီးများကိုတိုက်တဲ့ ဒိုင်ကလိုဖင်းနက် (Diclofenac)၊ မီဖန်းနမစ်အက်စစ်(Mefenamic Acid)၊ အက်စပရင်(Aspirin)တို့လို အကိုက်အခဲနဲ့ဖျားပျောက်ဆေးများကိုပေးလို့မရပါဘူး။ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန် ( Paracetamol, Ibuprofen)လိုမျိုး အဖျားကျဆေးများကိုသာ စိတ်ချလက်ချပေးလို့ရပါတယ်။ ဒီအတွက် တင်ပါးထိုးဆေးများဖြစ်တဲ့ ဒိုင်ကလိုဖင်းနက်ပါဝင်တဲ့ အဖျားကျဆေးကိုထိုးတာဟာ စနစ်မကျတဲ့အပြင် အန္တရာယ်ရှိစေသော ကုထုံးတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့တင်ပါးဟာသေးငယ်ပြီး လူကြီးတင်ပါးလို အသွေးအသား၊ အာရုံကြောများရဲ့နေရာကို အတိအကျမှန်းဆရခက်ခဲပါတယ်။ ဒါ့ကြောင့် တင်ပါးကိုအသားဆေးထိုးတဲ့အခါ အခန့်မသင့်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြောမကြီးအပေါ်ကိုထိုးမိတဲ့အခါ ခြေထောက်ထုံကျင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်း ဒီ့ထက်ဆိုးလာတဲ့အခါ ခြေထောက်တစ်ဖက်သိမ်သွားခြင်း၊ နာကျင်ခြင်းကိုတစ်သက်တာခံစားရခြင်း၊ ခြေတစ်ဖက်မသန်မစွမ်းဖြစ်သွားခြင်းတို့ကို ခံစားရပြီး တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ရှင်သွားရနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ကလေးများကိုတတ်နိုင်သမျှ တင်ပါးဆေးမထိုးဖို့တားမြစ်ထားပြီး ကလေးများကို တင်ပါးဆေး လုံးဝ(လုံးဝ) မထိုးရန် ပြဌာန်းထားပါတယ်။

အထူးသဖြင့် သွေးလွန်တုပ်ကွေး လိုမျိုး သွေးထွက်လွန်တတ်တဲ့ရောဂါမျိုးမှာ - သွေးတိတ်စေဖို့အရေးကြီးတဲ့သွေးဥမွှားလေးတွေ နည်းနေချိန် အသားဆေးထိုးလိုက်မိရင် အဲဒီနေရာမှာသွေးထွက်လွန်ပြီး သွေးခဲဖြစ်ကာ အရေးပေါ်ကုသရနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဆိုတာ စစချင်းမှာ ရိုးရိုးတုပ်ကွေးလိုဖျားပြီးဆေးခန်းရောက်လာတာပါပဲ။ ဒါကြောင့် ဘာကြောင့်ဖျားဖျား တင်ပါးဆေးမထိုးရပါဘူး။

ရေပတ်တိုက်ခြင်း၊ ဆေးတိုက်ခြင်းနှင့် ဂြိုလ်တုတောင့်ထည့်ခြင်းတို့ဟာ အချိုးအစားမှန်ကန်မယ်ဆိုရင် ကလေးငယ်အတွက် စိတ်ချရပြီး တော်ယုံဖျားနာခြင်းမှာ အချိန်တစ်ခုစောင့်ဆိုင်းပြီးရင် အဖျားလည်းသက်သာစေပါတယ်။

ကလေးအထူးကုနဲ့ပြဖူးတဲ့မိဘတိုင်း သတိထားမိမယ်ထင်ပါတယ်။ ဘယ်ကလေးအထူးကု ကမှ တင်ပါးကိုဆေးမထိုးတာကို သတိထားမိကြမှာပါ။

တစ်ခုပြောလိုတာကတော့ ပေါင် နဲ့ လက်မောင်းကို ထိုးရတဲ့ ကာကွယ်ဆေးတွေကိုတော့ စိတ်ချလက်ချထိုးနှံနိုင်သလို ထိုးကိုထိုးသင့်ပါတယ်။ ဒါကို တင်ပါးဆေးထိုးခြင်းနဲ့ မရောစေချင်ပါဘူး။ တင်ပါးဆေးထိုးခြင်းကတော့ ကလေးဆရာဝန်များပင် ဆေးထိုးဖို့တားမြစ်ထားပြီး အန္တရာယ်အလွန်ကြီးတဲ့အတွက် ကလေးငယ်ကိုဆေးထိုးဖို့ပြောလာရင်တောင် မိဘများအနေနဲ့ ကလေးရဲ့ရှေ့ရေးကို စဉ်းစားပြီး လုံးဝငြင်းဆန်ပစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုယ့်ကလေးတော့ ထိုးခဲ့တာပဲ ခုထိဘာမှမဖြစ်ပါဘူးကွာ၊ ငါငယ်ငယ်ကထိုးဖူးတယ် ဘာမှမဖြစ်ပါဘူး ဒီလိုပြောလာရင်တော့ " မဖြစ်လိုက်တာ" နဲ့ "မဖြစ်နိုင်တာ" အဓိပ္ပါယ်မတူဘူးလို့ပြောပါရစေ။ မြွေပေါက်ရင် သေတတ်တယ်လို့ပြောတာကို ငါမြွေပေါက်ခံရဖူးတယ် အခု ဘာမှမဖြစ်ဘူးလို့ပြောတာနဲ့အတူတူပါပဲ။ မဖြစ်ရင်ဘာမှမဖြစ်ပေမယ့် တစ်ချက်မှားရင် တစ်ဘဝစာပါ။

ဒီအကြောင်းအရာကိုလည်း အခြားအခြားသော ကလေးမိဘများသိရှိအောင် ဝေမျှပေးခြင်းအားဖြင့် ကူညီပေးကြပါလို့ စာဖတ်သူများကို တိုက်တွန်းအပ်ပါတယ်။

မေတ္တာဖြင့်
Dr. စိုင်းမြတ်သူ

⁉️ ကိုဗစ်မျိုးကွဲသစ် Arcturus (XBB.1.16)Arcturus သည် COVID 19 မျိုးကွဲဖြစ်တဲ့ Omicronမျိုးစိတ်ကနေ ဆင့်ပွားပြောင်းလဲလာတဲ့...
25/04/2023

⁉️ ကိုဗစ်မျိုးကွဲသစ် Arcturus (XBB.1.16)

Arcturus သည် COVID 19 မျိုးကွဲဖြစ်တဲ့ Omicronမျိုးစိတ်ကနေ ဆင့်ပွားပြောင်းလဲလာတဲ့
မျိုးကွဲသစ်တစ်ခုပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ Arcturus မျိုးကွဲကို
March 22 ကတည်းက စောင့်ကြည့်စစ်‌ေဆးရမဲ့
ကိုဗစ်မျိုးကွဲစာရင်းထဲ ထည့်ထားခဲ့ပါတယ်။
အခုဆိုရင် ကမ္ဘာ့နိုင်ငံ အတော်များများမှာရောဂါပိုး ကူးစက်ပျံ့နှံ့ခြင်းခံထားရတဲ့အပြင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှာ ကူးစက်မှုနှုန်းမြင့်မားနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဧပြီလလောက်မှ စပြီး
ဖျားနာလာကြတာတွေကို ခပ်စိတ်စိတ်တွေ့‌ေနရပါတယ်။
လူအများစုမှာလည်း အပြင်ထွက်လျှင် ပေါ့ပေါ့လျော့လျော့ဖြင့် Mask မတပ်ကြတော့တာများပါတယ်။
ယခု ကူးစက်နေသော Arcturus ကိုဗစ်မျိုးကွဲမှာ
ယခင် မျိုးစိတ်များထက် ကူးစက်နှုန်းပိုမြင့်မားတဲ့အတွက် မိမိပေါ့ပေါ့နေမိတာနဲ့ အလွယ်တကူ ကူးစက်ခြင်းခံရနိုင်ပါတယ်။

▫️ကူးစက်ခံရသော လက္ခဏာများအနေဖြင့် ယခင်
ကဲ့သို့ပဲ-
ဖျားခြင်း၊
ကိုယ်လက်ကိုက်ခဲခြင်း၊ ညောင်းညာခြင်း၊
နုန်းချိခြင်း၊
လည်ချောင်းနာခြင်း၊
နှာစေး၊ ချောင်းဆိုးခြင်း၊
ဝမ်းပျက် ဝမ်း‌ေလျှာခြင်း တို့ ဖြစ်နိုင်ပါတယ်။

▫️ထူးခြားမှု အနေနဲ့ကတော့ယခင်ကိုဗစ်လက္ခဏာများမှာ သိပ်မတွေ့ရတဲ့ မျက်စိနာခြင်း ပါ ဖြစ်တတ်ပါတယ်။

▫️လေ့လာစောင့်ကြည့်ချက်များအရ ရောဂါပြင်းထန်မှုနှုန်းနှင့် သေဆုံးမှုနှုန်းနည်းပေမဲ့ ကူးစက်မခံရခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။
ဒါကြောင့် မဖြစ်သေးခင် ကြိုတင်ကာကွယ်ကြဖို့အရေးကြီးပါတယ်။

-လက်ဆေးပါ။
- အပြင်သွားတိုင်း Mask တပ်ပါ။
- လူထူထပ်သောနေရာများ မလိုအပ်ပဲ မသွားပါနှင့်။
* *ရောဂါလက္ခဏာမရှိ၊ ကိုဗစ်ပိုးမရှိသေးပဲ
ကာကွယ်ဆေးတကြိမ်မျှမထိုးရသေးလျှင်
ကာကွယ်ဆေးထိုးပါ။
ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးလျှင် ထိုးထားသည့်
ကာကွယ်ဆေးပေါ်မူတည်ပြီး ၃လ (သို့)၆လတွင်
ထပ်ဆောင်းကာကွယ်ဆေး (booster) ထပ်ထိုးပါ။
** ကာကွယ်ဆေးမထိုးထားသူများ ရောဂါ လက္ခဏာပြင်းထန်နိုင်တဲ့ အတွက် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းလိုပါတယ်။
ရောဂါဘယများမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေရှင်။😊 🥰


💊

photo credit- UN-HABITAT

ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယလေးမှာခုနှစ်ရက်သားသမီးအားလုံး ရောဂါဘယကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းလ...
08/10/2022

ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယလေးမှာ
ခုနှစ်ရက်သားသမီးအားလုံး ရောဂါဘယကင်းဝေးပြီး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း
လဝန်းစံအထွေထွေရောဂါကုဆေးခန်း မိသားစုမှ
ဆုမွန်‌‌ေကာင်း‌ေတာင်းလိုက်ပါတယ် 🙏🙏🙏

ပျော်ရွှင်စရာသီတင်းကျွတ်ချိန်ခါလေး ဖြစ်ပါစေရှင် ☺️

16/09/2022

စီပိုးအကြောင်း ဗဟုသုတ

အခုကာလအတွင်း COVID ဖြစ်တဲ့သူတွေများလာတာတွေ့ရပါတယ်။ရောဂါလက္ခဏာတွေကြည့်ရင် စစဖြစ်ချင်းမှာ သာမန်အအေးမိတာတို့ ၊ ရာသီတုပ်ကွေး...
11/09/2022

အခုကာလအတွင်း COVID ဖြစ်တဲ့သူတွေများလာတာတွေ့ရပါတယ်။

ရောဂါလက္ခဏာတွေကြည့်ရင် စစဖြစ်ချင်းမှာ သာမန်အအေးမိတာတို့ ၊ ရာသီတုပ်ကွေး တို့နဲ့ ဆင်ပါတယ်။
တွေ့ရများတာကတော့ အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ လည်ချောင်းအလွန်နာခြင်း တို့ ဖြစ်ပါတယ်။ အချို့သူများမှာ နှာစေး/ နှာပိတ်ခြင်း နှင့် ချောင်းဆိုးခြင်း၊ ဝမ်းပျက်ခြင်း များလဲ တွဲပြီးတွေ့ရပါတယ်။

Delta wave လောက် မပြင်းထန်ဖူးလို့ယူဆကြပေမဲ့
ပေါ့ပေါ့ဆဆ မနေပဲ ဂရုစိုက်စေချင်ပါတယ်။
အထူးသဖြင့်-
👉 အသက် ၆၀ နှစ်နဲ့ အထက် သက်ကြီးရွယ်အိုများ
👉 ဆီးချို၊ သွေးတိုး၊ နှလုံး ၊ ကျောက်ကပ်၊ အဆုတ်
‌ေ‌ရာဂါအစရှိတဲ့ နာတာရှည် ရောဂါရှိသူများ
👉 ကင်ဆာရောဂါရှိသူများ
👉 ကာကွယ်ဆေး တကြိမ်မျှမထိုးထားသူများ
တွင် ရောဂါပြင်းထန်နိုင်ချေရှိပါသေးတယ်။
လူငယ်လူရွယ်များအနေနဲ့လည်း အလုပ်ပင်ပန်းလို့ဖြစ်စေ၊ အိပ်ရေးပျက်လို့ဖြစ်စေ ကိုယ်ခံအားနည်းနေတဲ့ အချိန်မှာ ရောဂါပိုဝင်လွယ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးသား၊ COVID ဖြစ်ဖူးပြီးသားသူ
များတွင်လည်း ဗီဇကွဲ virus ဖြစ်လျှင် ရောဂါထပ်ကူးစက်ခံရနိုင်ပါတယ်။

အချုပ်အားဖြင့်ပြောရရင် လူကြီးလူငယ်၊ ကိုယ်ဝန်ဆောင်၊ ကလေးများ အားလုံး မည်သူမဆို
ရောဂါပိုးမဝင်အောင် သတိရှိရှိနဲ့ ဆင်ခြင်နေထိုင်ကြရပါမယ်။

ကျန်းမာရေးသတိအနေဖြင့်-
✅ Mask တပ်ပါ။
✅ လက်ဆေးပါ။
✅ လူအုပ်များသောနေရာများကို တတ်နိုင်သမျှရှောင်ပါ
✅ ကာကွယ်ဆေးတကြိမ်မျှ မထိုးရသေးလျှင်
ကာကွယ်ဆေးထိုးပါ။
✅ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးလျှင် ထပ်ဆောင်း
ကာကွယ်ဆေးများ( booster dose) ထိုးပါ။
✅ အာဟာရပြည့်ဝအောင်စား‌ေသာက်ပြီး
အိပ်ရေးဝအောင်အိပ်ပါ။

အားလုံးကျန်းမာရေးအသိတိုးပွားပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝများပိုင်ဆိုင်နိုင်ကြပါစေရှင်။ 😊🙏




Photo credit- freepik.com

❗သွေးလွန်တုပ်ကွေး❗
19/05/2022

❗သွေးလွန်တုပ်ကွေး❗

#ခန္ဓာကိုယ်မှာ_အနီစက်လေးတွေ_ထွက်တယ်
#ဖျားတယ်_ကိုယ်လက်ကိုက်တယ်

ခုချိန်က
🤒 ဖျားပြီ ဆိုတာနဲ့ ငပွကြီး ပဲ တန်းမြင်တန်းထင်ကြတာ
Covid မှာလည်း အနီကွက်၊ အနီစက်တွေ ထွက်တယ်လေ

ဒါပေမယ့်
အဖျားကြီးတယ်၊
ကိုယ်လက်ကိုက်တယ်
အနီစက်လေးတွေ ထွက်တယ် ဆိုရင်

မိုးတွင်းလည်းဖြစ်တယ် ခြင်တွေလည်း အရမ်းကိုက်တော့

#သွေးလွန်တုပ်ကွေးရောဂါ ကိုလည်း သတိထားကြပါဗျို့

🚨 🚨 🚨

#ဖျားတယ် 🤒 High Grade Fever နဲ့ (၁၀၂-၁၀၃) လောက်ထိပဲ
😢 ဆေးသောက်၊ ရေပတ်တိုက်ခဏပဲ ကျတယ် ဆေးရှိန်ကုန်တာနဲ့ ပြန်ဖျားတော့တာပဲ
😢 နေ့စဉ်ရက်ဆက် ဆက်တိုက်ကို ဖျားတာ
😳 နှာမစေးဘူး၊ ချောင်းမဆိုးဘူး၊ လည်ချောင်းမနာဘူး၊ ရင်မကြပ်ဘူး

ကိုယ့်ကိုယ်ကိုယ်ကြတော့ 🤷‍♂️ ရိုးရိုးဖျားတာ (အပူရှပ်/အအေးပတ်တာ) လို့ထင်ကြတာကိုး

ဆေးရုံဆေးခန်းတွေ သွားဖို့ကလည်းမလွယ်ဘူး 😢သွားပြီး ဟိုက ကူးလာမှာလည်းကြောက်တယ် 😢
အိမ် Lock down ကျမှာကြောက်တယ် 😰
Quarantine နေရမှာကြောက်တယ် 😰

ဆိုတော့ကာ

🏘️ အိမ်မှာပဲနေတယ် (နီိးစပ်ရာတွေ မေးမြန်းပြီး) 💊 ဆေးတွေ သောက်တယ်ပေါ့

👉 ခန္ဓာကိုယ်မှာ အနီိစက်လေးတွေ ထွက်လာတယ်
👉 ဗိုက်နာလာတယ် (ညာဘက်နံရိုးအောက်)
👉 အန်လာတယ် (ကော်ဖီရောင်တွေ)
👉 နှာခေါင်းသွေး လျှံလာမယ်
👉 ခေါင်းအရမ်းကိုက်မယ်
👉 ခြေဖျား လက်ဖျားအေးလာတယ်
👉 အထိုင်အထတွေ မိုက်ခနဲ မိုက်ခနဲ ဖြစ်နေတယ်
အဲ့လိုနဲ့ ဆေးရုံဆေးခန်း မသွားပဲ ဆက်နေရင်း
👉 ရုတ်တရက် အဖျားကျသွားတယ်
👉 အဖျားကျသွားသလို လူလည်းမလှုပ်နိုင်တော့ဘူး၊ ခြေဖျား လက်ဖျားအေးစက်ပြီး၊ ခေါင်းတောင်မထောင်နိုင်တော့ဘူး

😰 အဲ့လို အခြေအနေဆိုရင်တော့ မကောင်းတော့ပါဘူး

Shock ရပါပြီ။
Dengue လို့ခေါ်တဲ့ #သွေးလွန်တုပ်ကွေး ပါ
Dengue Shock ပါ

#သေတတ်ပါတယ်
အရင်က 🧒 ကလေးတွေမှာပဲ ဖြစ်တယ်လို့ ယူဆထားကြတာ 👉 လူကြီးတွေမှာဖြစ်ပါတယ် သေတတ်ပါတယ်

Shock အခြေအနေမျိုးထိမရောက်အောင် ကြိုတင်ကာကွယ်ကုသမှု ခံယူကြပါ

>>>>>>>>

မိန်းကလေးများနှင့် ‌ဟော်မုန်းမညီမျှခြင်းပြဿနာများ⚠️ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအတော်များများမှာ ထိန်းညှိ...
11/03/2022

မိန်းကလေးများနှင့် ‌ဟော်မုန်းမညီမျှခြင်းပြဿနာများ⚠️

ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအတော်များများမှာ ထိန်းညှိပေးဖို့ပါဝင်ကြပါတယ်။
သွေးထဲမှာရှိရမည့် ဟော်မုန်းပမာဏထက် နည်း‌လျှင် (သို့) များလျှင် ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများဖြစ်စေပြီး ဟော်မုန်းမညီမျှတဲ့ လက္ခဏာများဖြစ်ပေါ်လာပါတယ်။
အခုဆွေးနွေး‌‌ေပးမှာကတော့ မိန်းကလေးများတွင်
အဖြစ်များသော ဟော်မုန်းမညီမျှခြင်းအကြောင်းအရာလက္ခဏာများပဲ ဖြစ်ပါတယ်။

မိန်းကလေးများအနေနဲ့ ဟော်မုန်းအပြောင်းအလဲတွေကို ဘယ်အရွယ်၊ ဘယ်အချိန်မှာမဆို တွေ့ကြုံခံစားရနိုင်ပါတယ်။ အဓိက ရင်ဆိုင်ရတဲ့ အချိန်တွေကတော့ အပျိုဖော်ဝင်ချိန်၊ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်၊ နို့ချိုတိုက်ကျွေးချိန်နဲ့ သွေးဆုံးချိန် တို့ ဖြစ်ပါတယ်။

ဟော်မုန်းပေါ်မူတည်ပြီးပြတတ်တဲ့ လက္ခဏာတွေကတော့-
▪️ရာသီစက်ဝန်းမမှန်ခြင်း၊ ရာသီလုံးဝမပေါ်ခြင်း၊ ရာသီသွေးအလွန်နည်းခြင်း (သို့) အလွန်များခြင်း၊ ရာသီလာစဉ် အလွန်ကိုက်ခဲခြင်း၊
▪️စိတ်တိုလွယ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း
( ရာသီလာခါနီးတွင် အဖြစ်များပါတယ်)
▪️စိတ်ဖိစီးမှုများခြင်း
▪️အိပ်မပျော်ခြင်း
▪️ခေါင်းကိုက်ခြင်း
▪️ဝက်ခြံထွက်ခြင်း
▪️ကိုယ်အလေးချိန်တိုးလာခြင်း
▪️တကိုယ်လုံးနုန်းချိပြီး အားမရှိသလို ခံစား‌ရခြင်း
▪️မိန်းမကိုယ် ခြောက်သွေ့ခြင်း
▪️လိင်ဆက်ဆံချင်စိတ်မရှိခြင်း
▪️ကိုယ်ဝန်မဆောင်နိုင်ခြင်း စသဖြင့်ရှိကြပါတယ်။
( ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တဲ့လက္ခဏာအများအပြားရှိသည့်အတွက် အချို့လက္ခဏာများကိုသာ ရေးသားထားခြင်းဖြစ်ပါတယ်။ )

အခုလို ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်လာတဲ့ ပြဿနာတိုင်းကိုတော့ စိုးရိမ်ရမှာ မဟုတ်ပါဖူး။ဥပမာ- ရာသီလာခါနီးပြတတ်တဲ့ စိတ်အလိုမကျဖြစ်တတ်တာမျိုးဟာ ရာသီလာပြီးချိန်မှာ
ပျောက်သွားပါတယ်။ မိန်းကလေးတိုင်းလိုလို
တွေ့ကြုံရပါတယ်။
ဒါပေမဲ့ အချို့သော လက္ခဏာတွေကတော့
ဟော်မုန်းအနည်းအများပေါ်မူတည်ပြီး ရောဂါ တခုခုနဲ့ ဆက်နွှယ်နေတတ်ပါတယ်။
ဥပမာ- သားဥအိမ်တွင် ရေအိတ်အများအပြားတည်ခြင်း (PCOS)၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း/များခြင်းတို့ဖြစ်နေတတ်ပါတယ်။
ဒါ‌ေကြာင့် တချို့လက္ခဏာတွေကတော့ ဆရာဝန်နှင့် တိုင်ပင်ပြသဖို့လိုပြီးလိုအပ်‌ေသာစစ်‌‌ေဆးမှုများလုပ်ကာ ထိရောက်သော ကုသမှုကို ခံယူရပါမယ်။
ဟော်မုန်းတွေကကိုယ်ခန္ဓာအတွက် အရေးပါတဲ့ကဏ္ဍက ပါဝင်တာကြောင့် မပေါ့ဆကြဖို့ အကြံပြုချင်ပါတယ်။

အားလုံး ကျန်းမာရေးအသိတိုးပွားပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝများပိုင်ဆိုင်နိုင်ကြပါစေရှင်။ ☺️🙏


💊

Photo credit- Melbourne Headache Solutions

ယခုကာလမှာ ဖျားနေတဲ့သူအတော်များများ ကိုဗစ်စစ်ကြည့်လိုက်လျှင် Covid positive ဖြစ်နေတာတွေ့‌‌နေရပါတယ်။ကိုဗစ်ကြောင့် ခံစားရတဲ...
09/02/2022

ယခုကာလမှာ ဖျားနေတဲ့သူအတော်များများ ကိုဗစ်စစ်ကြည့်လိုက်လျှင် Covid positive ဖြစ်နေတာတွေ့‌‌နေရပါတယ်။
ကိုဗစ်ကြောင့် ခံစားရတဲ့ ရောဂါလက္ခဏာများမှာ
သာမန်အအေးမိ၊ တုပ်ကွေးလက္ခဏာများနှင့် သိပ်မခြားနားပဲ တူတာကြောင့် လူအများစုမှာ ပေါ့ပေါ့ဆဆ နေမိတတ်ကြပါတယ်။

ယခုအချိန်ဖျားနာသူများအနေဖြင့် Covid Antigen Test kit ဖြင့်မစစ်နိုင်လျှင်တောင် မိမိကိုယ်မိမိ
ကိုဗစ်ဖြစ်နိုင်တယ်လို့ ယူဆပြီး မပေါ့ဆပဲ မိမိကိုယ်ကိုယ်ဂရုစိုက်ရမဲ့အပြင် သူတစ်ပါးကိုပါပိုးမကူးစက်အောင် ဂရုစိုက်နေထိုင်ကြရပါမယ်။

ရိုးရိုး Covid Antigen test kit ဖြင့် နှာခေါင်းတို့ဖတ်ယူပြီးစစ်ခြင်းသည် ကိုဗစ်ပိုးရှိမရှိကိုသာသိနိုင်ပြီး
ကိုဗစ်မျိုးဗီဇကွဲများဖြစ်တဲ့
Delta လား၊ Omicronလား ခွဲခြားမပေးနိုင်ပါ။

တွေ့ရသောလက္ခဏာအများစုမှာ-
▪️အဖျားရှိခြင်း (အဖျား ၁၀၀ နှင့်အထက်ရှိတတ်ပါတယ်)
▪️ချမ်းတုန်ခြင်း
▪️မျက်စိပူခြင်း၊ မျက်လုံးရဲခြင်း
▪️ခေါင်းအုံခြင်း၊ ခေါင်းကိုက်ခြင်း
▪️နုန်းခြင်း၊ ချွေးထွက်ခြင်း၊ ညောင်းညာခြင်း
▪️ကိုယ်လက်ကိုက်ခဲခြင်း၊ အသားများနာကျင်ခြင်း
▪️နှာပိတ်/နှာစေးခြင်း
▪️လည်ချောင်းနာခြင်း
▪️လည်ချောင်းယားခြင်း၊ ချွဲကပ်ခြင်း၊ ချောင်းဆိုးခြင်း
▪️ပျို့ခြင်း
▪️ဝမ်းချုပ်ခြင်း (သို့) ဝမ်းပျက်ခြင်း
စသဖြင့် တွေ့ရပါတယ်။

သာမန်လူများအနေဖြင့် ရောဂါလက္ခဏာရှိပြီး
၅ရက်-တပတ်အတွင်းနေပြန်ကောင်းနိုင်ပါတယ်။
ရောဂါအခံရှိသူများ (ဥပမာ- ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်‌‌ရောင်‌ေရာဂါ)
နှင့် ကာကွယ်ဆေးမထိုးထားသူများတွင်
ရောဂါပြင်းထန်နိုင်ခြေရှိပါတယ်။

ကိုဗစ်ပိုးတွေ့ရှိပြီး အထက်တွင်ရေးထားသောလက္ခဏာများအပြင်-
▪️အသက်ရှုမဝခြင်း၊ မောခြင်း၊ ကြပ်ခြင်း
▪️အဖျားအရမ်းကြီးခြင်း၊ ချောင်းအရမ်းဆိုးပြီးချွဲသလိပ်အဝါများပါနေခြင်း
▪️သွေးတွင်းအောက်စီဂျင်ပမာဏ (SpO2) 94%
ထက်နည်းခြင်း
▪️တစ်မိနစ်လျှင် အသက်ရှုနှုန်းသည် ၂၄ကြိမ်ထက်မြန်နေခြင်း
စသည်တို့ ဖြစ်လာပါက ပြင်းထန်ကိုဗစ်ဖြစ်နိုင်ချေရှိသည့်အတွက် ဆရာဝန်နဲ့ သေချာပြသပြီး ထိထိရောက်ရောက်ကုသမှုခံယူရပါမယ်။

✓ မိမိသည် ကိုဗစ်ပိုးရှိနေလျှင် (သို့) ကိုဗစ်သံသယဟုသတ်မှတ်ထားလျှင် မိသားစုနဲ့ အတူနေသူဖြစ်ပါက သီးသန့်ခွဲပြီးနေပါ။
အပြင်သို့ တစ်ပတ်ခန့်မထွက်ပဲ အိမ်ထဲတွင်နေခြင်းဖြင့် အခြားသူများကို ပိုးမကူးအောင် ကာကွယ်ပါ။

✓ အစာအာဟာရပြည့်စုံစွာစားပါ။
အစားကောင်းကောင်းဝင်လေ၊ ကိုဗစ်ကို တွန်းလှန်နိုင်သောအားများလေဖြစ်ပါတယ်။
မိမိတွင် လည်ချောင်းနာခြင်း၊ ဗိုက်အောင့်ဝမ်းပျက်ခြင်းများ ရှိပါက ရေခဲရည်၊ အအေး၊ လေစာများ၊
ပူလွန်း စပ်လွန်းသော အစာများ၊ လက်လုပ်စာများ
ရှောင်ပြီး ဆင်ခြင်ပါ။
အန်လျှင် အစာမာမာမစားပါနှင့်။ အရည်သောက်ပါ။ အရည်သောက်ပြီး မအန်တော့မှသာ အစာပျော့ပျော့စစားပါ။

✓ ရေများများသောက်ပါ။ တနေ့ကို ရေ (၂)လီတာခန့် ဝင်အောင်သောက်ပေးပါ။
ချွေးထွက်များလျှင် BPI ဓာတ်ဆားကို ရေတလီတာနှင့်ဖျော်ပြီး သောက်ပေးပါ။

✓ အိပ်ရေးဝဝအိပ်ပါ။
ညဘက်တွင် ဖုန်းသုံးခြင်း၊ အင်တာနက်ကြည့်ခြင်း
များလျှော့ပြီး တတ်နိုင်သမျှ‌‌ေလျှာ့ပြီး အိပ်ရာစောစောဝင်ပါ။

-လက်ဆေးပါ။
- Mask တပ်ပါ။
- လူထူထပ်သောနေရာများ မသွားပါနှင့်။
* *ရောဂါလက္ခဏာမရှိ၊ ကိုဗစ်ပိုးမရှိသေးပဲ
ကာကွယ်ဆေးတကြိမ်မျှမထိုးရသေးလျှင်
ကာကွယ်ဆေးထိုးပါ။
ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးလျှင် ထိုးထားသည့်
ကာကွယ်ဆေးပေါ်မူတည်ပြီး ၃လ (သို့)၆လတွင်
ထပ်ဆောင်းကာကွယ်ဆေး (booster) ထပ်ထိုးပါ။

❌ ဆရာဝန်နှင့်တိုင်ပင်ပြသခြင်း၊ ဆရာဝန်ညွှန်ကြားခြင်းမရှိပဲ မိမိသဘောအရ
ပိုးသတ်ဆေး (Antibiotics) နှင့် ဗိုင်းရပ်ပိုးသတ်ဆေး (Antivirals) များမသောက်သုံးရပါ။
❌ဆေးလိပ်ဖြတ်ပါ။
အရက်၊ဘီယာ လျှော့သောက်ပါ။ တတ်နိုင်သမျှရှောင်ပါ။

** ကာကွယ်ဆေးမထိုးထားသူများ ရောဂါ လက္ခဏာပြင်းထန်နိုင်တဲ့ အတွက် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းလိုပါတယ်။

အားလုံး Covid 19 ရောဂါကပ်ဆိုးကို အမြန်ဆုံး
တိုက်ထုတ်ကျော်လွှားနိုင်ကြပါစေ။
ရောဂါဘယများမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေရှင်။😊 🥰


💊

Photo credit- iStock

Address

Thingangyun

Opening Hours

Monday 15:00 - 20:00
Tuesday 15:00 - 20:00
Wednesday 15:00 - 20:00
Thursday 15:00 - 20:00
Friday 15:00 - 20:00
Saturday 15:00 - 20:00

Telephone

+959420018900

Website

Alerts

Be the first to know and let us send you an email when လဝန်းစံ Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လဝန်းစံ Clinic & Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram