Thuwunna Polyclinic

Thuwunna Polyclinic CLL HEALTH Thuwunna Polyclinic

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 အနေဖြင့် မိဘပြည်သူများအတွက် ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိသားစုသဖွယ် ဖော်ရွေ...
18/08/2025

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 အနေဖြင့် မိဘပြည်သူများအတွက် ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိသားစုသဖွယ် ဖော်ရွေနွေးထွေးပျူငှာစွာဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။


ယခုလက်ရှိ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတဲ့ “𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ”နှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ရန်အတွက် ဆက်သွယ်ရန်အချက်အလက်တွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။

အတာသင်္ကြန်ကာလ ဆေးခန်းပိတ်ရက် ကြိုတင်ကြေညာခြင်း𝐂𝐋𝐋 𝐇𝐞𝐚𝐥𝐭𝐡 𝐓𝐡𝐮𝐰𝐮𝐧𝐧𝐚 𝐏𝐨𝐥𝐲𝐜𝐥𝐢𝐧𝐢𝐜🏥  6-A, Paw San Hmwe Street, Thuwunna, Thin...
10/04/2025

အတာသင်္ကြန်ကာလ ဆေးခန်းပိတ်ရက် ကြိုတင်ကြေညာခြင်း

𝐂𝐋𝐋 𝐇𝐞𝐚𝐥𝐭𝐡 𝐓𝐡𝐮𝐰𝐮𝐧𝐧𝐚 𝐏𝐨𝐥𝐲𝐜𝐥𝐢𝐧𝐢𝐜

🏥 6-A, Paw San Hmwe Street, Thuwunna, Thingangyun, Yangon
📧 contact.twn@cllhealth.com
☎️ +95 9 880 442 233



02/03/2025

ယနေ့ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော “တောင်သူလယ်သမားနေ့” အား ဂုဏ်ပြုကြိုဆိုပါသည်။

တောင်သူလယ်သမားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ကျန်းမာပြည့်စုံကြပါစေကြောင်း CLL Health မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

𝐕𝐢𝐫𝐚𝐥 𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐀 အသည်းရောင်အသားဝါ အေ ရောဂါ________________________________________CLL Health သုဝဏ္ဏအထူးကုဆေးခန်း🏥  ၆(က)...
25/02/2025

𝐕𝐢𝐫𝐚𝐥 𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐀
အသည်းရောင်အသားဝါ အေ ရောဂါ

________________________________________

CLL Health သုဝဏ္ဏအထူးကုဆေးခန်း

🏥 ၆(က) ၊ ပေါ်ဆန်းမွှေးလမ်း ၊ သုဝဏ္ဏ၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့
☎️ +95 (0)9 880 442 233

𝐕𝐢𝐫𝐚𝐥 𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐀
အသည်းရောင်အသားဝါ အေ ရောဂါ

🦠 အသည်းရောင်အသားဝါ အေ ရောဂါသည် HAV ဗိုင်းရပ်စ်ပိုး (Hepatitis A virus) ကူးစက်ခံရခြင်းကြောင့် အသည်းရောင်ရမ်းပြီး အသည်း၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။

🍀 ရောဂါပိုးကူးစက်ခံရသူ အများစုသည် အလိုအလျောက် ပြန်လည်သက်သာကောင်းမွန်လာပြီး ရာသက်ပန် ကိုယ်ခံစွမ်းအားကို ရရှိစေနိုင်သည်။ သို့သော် လူအနည်းစုသည် ပြင်းထန်ဆိုးရွားသော အသည်းရောင်ခြင်းမှတစ်ဆင့် အသက်သေဆုံးသည်အထိဖြစ်ပေါ်နိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်နှင့် ရေသန့်ရှင်းမှုတို့ရှိအောင် နေထိုင်စားသောက်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်သည်။

________________________________________

🎯 ဖြစ်ပေါ်ရသောအကြောင်းရင်းများ

HAV ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို အခြားသူတစ်ယောက်မှ စားသုံးမိခြင်းကြောင့် ပါးစပ်မှတစ်ဆင့် အူလမ်းကြောင်းအတွင်းသို့ ရောဂါပိုးဝင်‌ရောက်ကာ ကူးစက်ခြင်း (f***l oral transmission) ဖြစ်သည်။ ထို့အပြင် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့မှုရှိခြင်းကြောင့်လည်း ကူးစက်နိုင်သည်။ သို့သော် နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် လေထဲမှတစ်ဆင့် မကူးစက်နိုင်ပါ။

________________________________________

📌 ကူးစက်နိုင်သော နည်းလမ်းများမှာ

⬩ ရောဂါပိုးရှိသူ၏ မစင်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက်သော တစ်နည်းနည်းဖြင့် ထိတွေ့ထားမိသော အစားအသောက်များကို စားသောက်မိခြင်း
(အညစ်အကြေးစွန့်ပြီးနောက် လက်ကို စင်ကြယ်စွာမဆေးကြောဘဲ အစားအသောက် ချက်ပြုတ်ပြင်ဆင်ခြင်း၊ စားသောက်ခြင်းမှတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်သည်)

⬩ မသန့်ရှင်းသော သောက်သုံးရေများကို အသုံးပြုခြင်း

⬩ ညစ်ညမ်းသော စွန့်ပစ်ရေများမှ ဖမ်းယူထားသည့် ပင်လယ်စာများကို ကောင်းစွာ ချက်ပြုတ်ဆေးကြောခြင်း မပြုဘဲ အစိမ်းစားခြင်း

⬩ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း (အထူးသဖြင့် စအိုလမ်းကြောင်း၊ ပါးစပ်တို့ဖြင့် လိင်ဆက်ဆံမှု ပြုလုပ်သူများ)

⬩ ရောဂါပိုးရှိနေသော အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးနောက် ပါးစပ်ကို လက်ဖြင့်ထိမိခြင်း
(ဗိုင်းရပ်စ်ပိုးသည် အရာဝတ္တုမျက်နှာပြင်များပေါ်တွင် လပေါင်းအနည်းငယ်ကြာအောင် အသက်ရှင်နေနိုင်သည်)
________________________________________

🚨 အသည်း‌ရောင်အသားဝါ အေ ရောဂါပိုးကူးစက်နိုင်ခြေများသူများမှာ

⬩ ရောဂါပိုးရှိသူနှင့် တစ်အိမ်တည်းအတူနေသူများ
⬩ ‌ရောဂါပိုးရှိသူကို အနီးကပ် ပြုစုစောင့်ရှောက်နေရသူများ
⬩ လူဦး‌ရေထူထပ်များပြားသော နေရာဒေသတွင် နေထိုင်သူများ
⬩ အိမ်ယာမဲ့နေထိုင်သူများ
⬩ အိတ်ချ်အိုင်ဗွီရောဂါရှိသူများ
⬩ အညစ်အကြေးစွန့်ပစ်သည့်စနစ် လုံလောက်အောင် သန့်ရှင်းမှု မရှိသော၊ သန့်စင်ဆေးကြောရမည့် ရေအလွယ်တကူ မရရှိနိုင်သော နေရာဒေသများတွင် နေထိုင်လုပ်ကိုင်ကြသူများ
⬩ လိင်တူဆက်ဆံသူများ
⬩ အသည်းရောင် အသားဝါ အေ အဖြစ်များသော နေရာဒေသများသို့ ခရီးသွားသူများ၊ အလုပ်လုပ်သူများ
⬩ မူးယစ်ဆေးဝါး အသုံးပြုသူများ
⬩ ကျန်းမာရေးဝန်ထမ်းများ
________________________________________

⚠️ ရောဂါလက္ခဏာများ

အဖြစ်များသောရောဂါလက္ခဏာများမှာ

● ပုံမှန်မဟုတ်သော နုံးချည့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
● ပျို့အန်ခြင်း
● ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း
● အစာစားချင်စိတ်မရှိခြင်း
● အရေပြားနှင့် မျက်လုံးဝါခြင်း
● ကိုယ်ပူခြင်း၊ ဆီးအရောင်ရင့်ရင့်သွားခြင်း၊
● ဝမ်းအရောင်ဖျော့ခြင်း တို့ဖြစ်ကြသည်။

🚫 ထိုရောဂါလက္ခဏာများသည် သာမန််မျှသာဖြစ်လေ့ရှိပြီး ရက်သတ္တပတ်အနည်းငယ်ကြာလျှင် အလိုအလျောက် သက်သာသွားနိုင်သော်လည်း လူအနည်းစုတွင် အသည်းလုပ်ငန်း စွမ်းဆောင်ရည် ရုတ်တရက် ထိခိုက်ပျက်စီးနိုင်သည်။ 🚫

________________________________________

💡 ရောဂါရှာဖွေခြင်း

အထက်ပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ လိုအပ်လျှင် သွေးစစ်ဆေးခြင်း (HAV ဗိုင်းရပ်စ်ပိုး ပဋိပစ္စည်း စစ်ဆေးခြင်း၊ ဗိုင်းရပ်စ်ပိုးကောင်စစ်ဆေးခြင်း (RT-PCR)၊ အသည်းလုပ်ငန်းစွမ်းဆောင်ရည်စစ်ဆေးခြင်း) ပြုလုပ်၍ ရောဂါရှာဖွေပြီး ကုသမှုခံယူနိုင်သည်။

________________________________________

🏥 ကုသခြင်း

အသည်းရောင်အသားဝါ အေ ရောဂါအတွက် သီးသန့် ကုသမှုမရှိသော်လည်း ခံစားရသော ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် နေအိမ်၌ပင် ကုသမှုခံယူနိုင်သည်။

● လုံလောက်အောင် အနားယူခြင်း
● အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း
● ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် အရည်များများ သောက်ခြင်း
● အရက်သောက်ခြင်းနှင့် မလိုအပ်သော ဆေးဝါးများသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း

⚠️ ရောဂါပိုးဝင်‌ရောက်ပြီးနောက် ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း သက်သာလာသော်လည်း အပြည့်အဝ သက်သာပျောက်ကင်းနိုင်ရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာလျှင် သို့မဟုတ် ရုတ်တရက် အသည်းလုပ်ငန်း ပျက်စီးခြင်းလက္ခဏာများ (ဥပမာ - မှိန်းခြင်း၊ သတိလစ်ခြင်း၊ သွေးအန်ခြင်းစသည်များ) ဖြစ်ပေါ်လာလျှင် ဆေးရုံတက်၍ စောင့်ကြည့်ကုသမှုခံယူရန် လိုအပ်သည်။ ⚠️

________________________________________

🛡️ ကာကွယ်ခြင်း

အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်နိုင်ရန်

● ပတ်ဝန်းကျင်နှင့် တစ်ကိုယ်‌ရေသန့်ရှင်းမှု ကောင်းအောင်နေထိုင်ခြင်း

● သန့်ရှင်းသော အစားအစာနှင့် ရေများကိုသာ စားသောက်ခြင်း

● ဘေးကင်းလုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုနည်းလမ်းများကို အသုံးပြုခြင်း

● ကာကွယ်ဆေးထိုးခြင်းတို့သည် အထိရောက်ဆုံးသော ကာကွယ်ရေးနည်းလမ်းများ ဖြစ်သည်။
________________________________________

💉 ကာကွယ်ဆေးထိုးခြင်း

အသည်းရောင်အသားဝါ အေ ရောဂါပိုးနှင့် ထိတွေ့မှုမရှိခင် ကြိုတင်ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်သည့်အပြင် ကာကွယ်‌ဆေးမထိုးထားသောသူများတွင် ရောဂါပိုးနှင့် ထိတွေ့မှုရှိပါက (၂)ပတ်အတွင်းတွင် ကာကွယ်ဆေး (သို့မဟုတ်) ကာကွယ်ဆေးနှင့်အတူ ပဋိပစ္စည်းပူးတွဲထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:

𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/



#အသည်းရောင်အသားဝါ‌အေ #အသည်းရောင်

𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲
04/02/2025

𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲

🌍💜 ကမ္ဘာ့ကင်ဆာရောဂါနေ့ 💜🌍

ကင်ဆာရောဂါသည် လူမှုနေ့စဉ်ဘဝနှင့် ကျန်းမာရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်ပါသည်။ ကင်ဆာရောဂါသည် ကမ္ဘာကြီး၏မည်သည့်နေရာတွင် နေထိုင်သူမဆို လူမျိုးဘာသာ၊ နေရာဒေသမရွေး၊ ဆင်းရဲချမ်းသာအဆင့်အတန်းမခွဲခြားဘဲ လူတိုင်းတွင် ဖြစ်နိုင်သည်။ လူသားအားလုံးနီးပါးသည် တိုက်ရိုက်ဖြစ်စေ၊ အနီးအနား ပတ်ဝန်းကျင်ရှိသူများမှတစ်ဆင့်ဖြစ်စေ ကင်ဆာရောဂါနှင့် ထိတွေ့ကြုံတွေ့ရနိုင်ပါသည်။

ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ရန် အကောင်းဆုံးသောကုထုံးမှာ ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ ကင်ဆာရောဂါကို စဖြစ်ခါစ အစောပိုင်းအဆင့်၊ အကြိုအဆင့်များတွင် စမ်းသပ်ရှာဖွေတွေ့ရှိနိုင်ခြင်းက ထိရောက်သောကုသမှုများခံယူနိုင်ရန်အတွက် အရေးကြီးသည်။ ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါကို စောစောသိရှိနိုင်စေပြီး စနစ်တကျကုသမှုများဖြင့် အချိန်မီကုသမှုခံယူနိုင်ကာ ရောဂါပျောက်ကင်းနိုင်ချေကို တိုးမြှင့်နိုင်ပါသည်။ထို့ကြောင့် ကင်ဆာ‌ရောဂါပျောက်ကင်းနိုင်ခြေကို မြှင့်တင်နိုင်စေဖို့ ကျန်းမာရေးစစ်ဆေးမှုများကို နှစ်စဉ်ပုံမှန်လုပ်ဆောင်ခြင်းနှင့် ကင်ဆာရောဂါ တွေ့ရှိပါက လျင်မြန်စွာ ကုသမှုခံယူခြင်းက အလွန်အရေးကြီးပါသည်။

💜 ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ရန် တွဲလက်များဖြင့် အတူတကွ ရပ်တည်ကာ အချင်းချင်း အားပေးကူညီ ပံ့ပိုးဖေးမကြရင်းဖြင့် ကင်ဆာရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်သော အနာဂတ်ဘဝခရီးများစီသို့ အတူတူလျှောက်လှမ်းကြပါစို့။ 💪🎗️



#ကင်ဆာရောဂါ #ကင်ဆာ

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်း (Rabies vaccine and Immunoglobulin)
24/01/2025

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်း (Rabies vaccine and Immunoglobulin)

HMPV ဗိုင်းရပ်စ်ကူးစက်ရောဂါ
08/01/2025

HMPV ဗိုင်းရပ်စ်ကူးစက်ရောဂါ

🌟 ကြိုတင်ကာကွယ် သားအိမ်ခေါင်းကင်ဆာ အန္တရာယ် 🌟________________________________________ဝန်ဆောင်မှုများကို အသေးစိတ်စုံစမ်းမ...
07/01/2025

🌟 ကြိုတင်ကာကွယ် သားအိမ်ခေါင်းကင်ဆာ အန္တရာယ် 🌟

________________________________________

ဝန်ဆောင်မှုများကို အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် ရက်ချိန်းရယူရန်

CLL HEALTH သုဝဏ္ဏ အထူးကုဆေးခန်း
☎️ 09 880 44 22 33
🏨 ၆(က)၊ ပေါ်ဆန်းမွှေးလမ်း၊ သုဝဏ္ဏ၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့


🌟 ကြိုတင်ကာကွယ် သားအိမ်ခေါင်းကင်ဆာ အန္တရာယ် 🌟

“ သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်နိုင်သောကင်ဆာဖြစ်ပြီး စောစီးစွာသိရှိပါက ကုသ၍ပျောက်ကင်းနိုင်သော ကင်ဆာအမျိုးအစားတွင် ပါဝင်ပါသည်။ ကာကွယ်ဆေးထိုးနှံခြင်း၊ သားအိမ်ခေါင်းကင်ဆာရှိ မရှိ ပုံမှန်စစ်ဆေးခြင်း၊ ရောဂါလက္ခဏာ ပြလာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်သောကုသမှု အပြည့်အဝခံယူခြင်းတို့ဖြင့် သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ကာကွယ်ကြပါစို့”

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:

𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/



#သားအိမ်ခေါင်းကင်ဆာ

🎄✨ Merry Christmas to you all! 🎅❤️
25/12/2024

🎄✨ Merry Christmas to you all! 🎅❤️

🎄✨ Jingle bells, Jingle bells 🎶 We wish you all a season filled with good health, joy, laughter, and love. Merry Christmas to you all! 🎅❤️

စိတ်ဖိစီးမှု လျော့ချခြင်း
11/12/2024

စိတ်ဖိစီးမှု လျော့ချခြင်း

🌟 စိတ်ဖိစီးမှုသည် သဘာဝတရားအရ လူတွင်ဖြစ်ပေါ်လာသော သာမန်စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတစ်ခုဖြစ်သည်။ စိတ်ဖိအား အနည်းငယ်ရှိခြင်းက မိမိဘဝကို ကောင်းမွန်စေပြီး ကောင်းမွန်စွာလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနိုင်သည်။

🔥 သို့သော် လူတစ်ဦးတွင် နေ့စဉ်စိန်ခေါ်မှုများစွာကြောင့် မိမိလက်ခံနိုင်သော စိတ်ဖိစီးမှုပမာဏထက် ကျော်လွန်သွားပြီး နာတာရှည် စိတ်ဖိစီးလာသောအခါ ထိုတုံ့ပြန်မှုများကြောင့် ခန္ဓာကိုယ်တွင် ထိခိုက်မှုများနှင့် ဝေဒနာများကို ခံစားရစေသည်။ ထိုခံစားမှုများတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ်လာသည်။

📌 စိတ်ဖိစီးမှု၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ

‣ ခန္ဓာကိုယ်တွင် ကိုက်ခဲနာကျင်ခြင်း
‣ ရင်ဘတ်အောင့်ခြင်း (သို့) နှလုံးခုန်၊ ရင်တုန်နေသကဲ့သို့ ခံစားရခြင်း
‣ ပင်ပန်းနွမ်းနယ်ခြင်း (သို့) အိပ်ရေးပျက်ခြင်း
‣ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း (သို့) တုန်လှုပ်ခြင်း
‣ သွေးပေါင်တက်ခြင်း
‣ ကြွက်သားတင်းမာခြင်း (သို့) မေးရိုးတင်းခြင်း
‣ အစာအိမ် (သို့) အစာခြေပြဿနာများ
‣ လိင်ဆက်ဆံရာတွင် အခက်အခဲရှိခြင်း
‣ ကိုယ်ခံအားစနစ် အားနည်းခြင်း

📌 စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

‣ စိုးရိမ်စိတ် (သို့) စိတ်တိုခြင်း
‣ စိတ်ဓာတ်ကျခြင်း
‣ အထိတ်တလန့်ဖြစ်ခြင်း
‣ စိတ်ပျက် ဝမ်းနည်းမှုဖြစ်ခြင်း

📌 မကြာခဏဆိုသလို၊ နာတာရှည် စိတ်ဖိစီးနေသူများသည် ကျန်းမာရေးနှင့်မညီညွတ်သော အမူအကျင့်များဖြင့် စီမံဖြေရှင်းရန် ကြိုးစားမိတတ်ကြသည်။ ဥပမာ –

‣ အရက်အလွန်အကျွံသောက်ခြင်း (သို့) မကြာခဏသောက်ခြင်း
‣ လောင်းကစားပြုလုပ်ခြင်း
‣ အလွန်အကျွံအစာစားခြင်း (သို့) အစားအသောက်ပုံမမှန်ခြင်း
‣ လိင်ဆက်ဆံခြင်း၊ ဈေးဝယ်ခြင်း (သို့) အင်တာနက်ရှာဖွေခြင်းတွင် အလွန်အကျူး ပါဝင်ခြင်း
‣ ဆေးလိပ်သောက်ခြင်း
‣ မူးယစ်ဆေးဝါးသုံးစွဲခြင်း စသည်တို့ဖြစ်သည်။
ထို့ကြောင့် စိတ်ဖိစီးမှုကို မှန်ကန်သောနည်းလမ်းများဖြင့် လျှော့ချရန် လိုအပ်သည်။

________________________________________

🌈 စိတ်ဖိစီးမှု လျှော့ချရန် နည်းလမ်းများ 🌈

လူတို့၏ အသက်အရွယ်၊ ကျားမ၊ အလုပ်အကိုင်၊ နေ့စဉ်လူနေမှုပုံစံ၊ ဘဝစံနှုန်းခံယူချက်များ၊ လိင်ဆက်ဆံမှုပုံစံ၊ ပညာရေးနောက်ခံ၊ ကိုးကွယ်သည့် ဘာသာရေးနောက်ခံ ကွဲပြားမှုပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦး စိတ်ဖိစီးမှု လျှော့ချသည့်နည်းလမ်းများ ကွဲပြားသည်။

အများအားဖြင့်

● မိမိတစ်ကိုယ်တည်း စိတ်ဖိစီးမှုလျှော့ချသည့် နည်းလမ်း (Self Help Practice) နှင့်
● အခြားသူထံမှ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု အကူအညီရယူခြင်း (Psychological Support) တို့ဖြစ်သည်။

________________________________________

💖 အောက်ပါ မိမိတစ်ကိုယ်တည်း စိတ်ဖိစီးမှုလျှော့ချသည့် နည်းလမ်းများသည် အလုပ်ရှုပ်သော ဘဝတွင် စိတ်ငြိမ်သက်အေးချမ်းမှုကို ပြန်လည်ရရှိစေရန်ကူညီပေးနိုင်သည်။ စိတ်ဖိစီးမှု သက်သာစေသော နည်းလမ်းများသည် အချိန်အများကြီးယူရန် မလိုအပ်ပါ။

1️⃣ မိမိကို စိတ်ဖိစီးစေသည့်အရာ (Stressor) များကို ဖော်ထုတ်ပါ၊ ပြီးလျှင် ရှောင်ကြဉ်ပါ
2️⃣ ပျော်ရွှင်ရယ်မောပါ
3️⃣ ဝင်လေထွက်လေကို သတိကပ်သည့် သတိပဌာန် တရားရှုမှတ်ပါ
4️⃣ ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွလှုပ်ရှားသွက်လက်စွာနေပါ
5️⃣ ကောင်းစွာအနားယူပါ၊ အိပ်ရေးဝအောင် အိပ်စက်ပါ
6️⃣ ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို စားသုံးပေးပါ
7️⃣ မိမိ၏ စိတ်ဖိစီးမှုဆိုင်ရာအကြောင်းများ၊ စိတ်ဖိစီးစေသော အတွေးများကို မှတ်တမ်းပြုစုထားပါ
8️⃣ လူမှုကွန်ရက် Social Media ကို လျှော့ချအနားပေးပါ
9️⃣ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတို့ကို လျှော့ချပါ၊ ရှောင်ကြဉ်ပါ
🔟 မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများဖြင့် ပြင်ပတွင်တွေ့ဆုံပါ

❗ စိတ်ဖိစီးမှုကို ထိန်းချုပ်ရန် အထက်ဖော်ပြပါ အချက်များကို လုပ်ဆောင်ခဲ့သော်လည်း စိတ်ဖိစီးမှုလက္ခဏာများ ဆက်လက်ရှိနေပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသနိုင်သည်။

📞 မိမိကိုယ်မိမိနှင့် အခြားသူတစ်ဦးဦးကို ထိခိုက်အောင်၊ အနာတရဖြစ်အောင် အန္တရာယ်ပြုမည့် အတွေးစိတ်ကူးများ ပေါ်လာလျှင်ဖြစ်စေ၊ ကြံစည်နေလျှင်ဖြစ်စေ နီးစပ်ရာ အရေးပေါ်ဌာနသို့ဆက်သွယ်ပါ။ အကူအညီရယူပါ။

________________________________________

𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:
𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/



#စိတ်ဖိစီးမှု #စိတ်ကျန်းမာရေး

20/11/2024

📢 အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cornell တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာပါရဂူတစ်ဦးဖြစ်ပြီး CLL Health ၏ Senior Technical Advisor for Nutrition ဆရာမကြီးဒေါက်တာခင်မာချိုနှင့်

𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 𝟮𝟭,𝟮𝟮,𝟮𝟱,𝟮𝟲,𝟮𝟳,𝟮𝟴,𝟮𝟵 ရက်များတွင် (ကြိုတင်ရက်ချိန်းရယူပေးရန် လိုအပ်ပါသည်) CLL Health Shin Saw Pu Clinic ၌ လာရောက်တိုင်ပင်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်

---------------------------------------------------------------------

🌟 ဆရာမကြီး ဒေါက်တာခင်မာချိုသည်

🍂 အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာပါရဂူတစ်ဦးဖြစ်ပြီး စဉ်ဆက်မပြတ် ရေရှည် တိုးတက်မှုရှိသော စိုက်ပျိုးထုတ်လုပ်မှုများ ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ၊ အစားအသောက် ထုတ်လုပ် စားသုံးမှုစနစ်များ နှင့် အာဟာရပညာဆိုင်ရာနယ်ပယ်များ တွင်၂၅ နှစ်ကျော် အတွေ့အကြုံရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

🍂 ၂၀၂၄ ခုနှစ်အစောပိုင်းတွင် ဆရာမကြီးဒေါက်တာခင်မာချိုကို CLL Health ၏ အာဟာရပညာအကြံပေး (Senior Technical Advisor for Nutrition) အဖြစ် ခန့်အပ်ခဲ့ပါသည်။ ဆရာမကြီးသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cornell တက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာရှင်တစ်ဦးဖြစ်သည့်အပြင် International Program Director ရာထူးဖြင့်လည်း (၁၅) နှစ်ကျော် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

🍂 ဆရာမကြီးသည် မြန်မာနိုင်ငံရှိ ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးသိပ္ပံဘွဲ့နှင့် စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့ တို့ကိုရရှိထားပြီး ဂျာမနီနိုင်ငံ Giessen တက္ကသိုလ်မှ စိုက်ပျိုးစီးပွားရေး၊ စိုက်ပျိုးပညာပေးနှင့် အစားအသောက်စနစ်နှင့် အာဟာရပညာဆိုင်ရာ ပါရဂူဘွဲ့နှင့် ဘွဲ့လွန်များ ကိုလည်းရရှိထားပါသည်။

🍂 ဆရာမကြီးသည် နယူးယောက်မြို့ရှိ Cornell တက္ကသိုလ်တွင် ပါရဂူဘွဲ့လွန်သုတေသနများအဖြစ် Nutrition Education (Clinical Nutrition and Community Nutrition)၊ Community Economic Development, and Biofuels Industry Development and Education သုတေသနစာတမ်းများကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ၂၅နှစ်တာ ကာလအတွင်း
ဆရာမကြီးသည် စိုက်ပျိုးရေးပညာပေးနှင့် အစာအဟာရဆိုင်ရာ သုတေသနစာတမ်းအစောင် ၂၀၀ ကျော် ပြုစုရေးသားထားပြီးဖြစ်ပါသည်။

---------------------------------------------------------------------

🌱 သင်ကိုယ်တိုင်နဲ့ သင်ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပညာပါရဂူ ဆရာမကြီး ဒေါက်တာခင်မာချိုနဲ့ အာဟာရပိုင်းဆိုင်ရာ လမ်းညွန်အကြံပေးမှုတွေကို လာရောက်တိုင်ပင်ဆွေးနွေးနိုင်တဲ့အကြောင်း သတင်းကောင်းလေးမျှဝေပေးဖို့ ပြောပါရစေ


🍀 ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများ ရယူနိုင်ရန်အတွက် ကြိုတင်ရက်ချိန်းယူပေးပါရန် 🍀

📅 November 21,22,25,26,27,28 and 29
🏥 CLL Health Shin Saw Pu Clinic
📍 12, Shin Saw Pu Street, Ahlone, Yangon 11121, Myanmar
☎️ +95 (0)9 880 44 22 55
📧 contact.ssp@cllhealth.com



16/11/2024

brought to you by CLL HEALTH, CLL HEALTH is dedicated to helping you and your loved ones live a happy and healthy life together. www.cllhealth.com #...

Address

6A, Paw San Hmwe Street, Thuwunna
Thingangyun
11072

Alerts

Be the first to know and let us send you an email when Thuwunna Polyclinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thuwunna Polyclinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram