12/09/2021
အစာလည်းဆေး ဆေးလည်းအစာ ဟုတ်သလို အခုချိန်မှာ ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်ဖို့က အရေးပါလာပြီ ။ ဒီတစ်ခေါက်မှာတော့ လူတိုင်းအတွက် လိုအပ်တဲ့ Dietary Supplements တစ်မျိုးဖြစ်တဲ့ Omega-3 Fatty Acids အကြောင်းကို မျှဝေပေးချင်ပါတယ် ရှင့် 🤗
ကျန်းမာရေးဗဟုသုတတွေကို အစဉ်အမြဲ မချွင်းမခြံ ရှင်းပြမျှဝေပေးတတ်သော "အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး၊ အစားအစာနှင့် အာဟာရပါရဂူ" ဒေါက်တာခင်မာချို ကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင့် 🥰
Omega-3 Fatty Acids 🐟🥗🥚
Omega 3 fatty acids ဟာ နှလုံးကို အားကောင်းစေတယ် ။ကြွက်သားကို သန်မာစေတယ် ။အဆစ်အမြစ်တွေကို ကြံ့ခိုင်စေတယ်။အားအင်ကို ပြန်ဖြည့်ပေးတဲ့ အာနိသင်ရော ဓာတ်တိုးဆန့်ကျင်တဲ့ အားနိသင်ပါ ပါရှိတာကြောင့်ကိုဗစ်ကာလမှာ သောက်သုံးသင့်တဲ့
Dietary Supplements ဖြစ်ပါတယ်ရှင့်
Omega 3 Fatty acids ကို ဘယ်ကရလဲဆိုရင်
အဆီများတဲ့ Salmon, Sardine , Mackerel (မက်ခရယ်ငါး) , Cod (Gadus ) , Herring (ငါးသလောက်ငါးနှင့်တူသောငါးတစ်မျိုး) , Lake Trout , Tuna စသည့် ငါးတွေ စားခြင်းဖြင့်ရရှိနိုင်ပါတယ် ။ အစေ့အဆန် မျိုးစုံ စားရင်လဲ ရနိုင်ပါတယ်။ဒါကြောင့် ငါးကြီးဆီဘယ်လောက်ပမာဏလောက် စားသုံးသင့်တယ် ဆိုတာ သိရန် လိုအပ်ပါတယ်။ ကိုယ်သောက်တဲ့ ငါးကြီးဆီမှာ Omega-3 ဘယ်လောက်ပါလဲဆိုတာ သောက်သုံးနေတဲ့ ဆေးပုလင်း၏ ဆေးအညွှန်းဖတ်၍သိနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။
Omega-3 Fatty Acids မှာ Eicosapentaenoic Acid (EPA) ,Docosahexanoic Acid (DHA)ပမာဏတွေကိုဆေးပုလင်းမှာဖတ်ရှုနိုင်ပါတယ် ။ ငါးလဲကြိုက်ပီး အမြဲတမ်းစားဖြစ်နေရင်တော့ EPA နဲ့ DHA 500 မီလီဂရမ် ပါတဲ့ ငါးကြီးဆီကို တဟ်ပတ်လျှင် သုံးလုံးလောက် ပေးရုံနဲ့ လုံလောက်ပါတယ်။
ငါးမကြိုက်သလို အမြဲမစားဖြစ်တဲ့သူတွေကျတော့ EPA နဲ့ DHA 900 မီလီဂရမ် ပါတဲ့ ငါးကြီးဆီကို တစ်နေ့တစ်လုံး သောက်သုံးပေးရန် လိုအပ်ပါတယ် ။ ခုလို Covid ကာလမှာ Fish-oil သောက်မယ် ဆိုရင် Omega-3 (EPA+DHA) 1000 မီလီဂရမ်ကနေ 1200 မီလီဂရမ် အထိ အလေးပေးပီးသောက်ပေးသင့်ပါတယ် ။
National Institutes Of Health (NIH) က အသက် 18 နှစ်ကနေ 75 နှစ်ကြား လူပေါင်း 80000 ကိုသုတေသနပြုလုပ်လိုက်တဲ့အခါ တစ်နေ့ကို 1200 မီလီဂရမ်ရှိတဲ့ Omega-3 (EPA+DHA) ကို ခြောက်လသောက်သုံးစေသည့်အခါမှာ ထိုလူတွေမှာ Covid-19 ကူးစက်ခံရမှု လျော့ကျစေပြီး Covid ဖြစ်သော လူနာတွေမှာလည်း ရောဂါသက်သာစေတယ် လို့ တွေ့ရှိရပါတယ် ။
Source : Dr.Khin Mar Cho’s Interview with The Standard Time Daily Newspaper