Shine Dental Care Center

Shine Dental Care Center Clean & Smart Clinic with Fair Price!

Happy New Year 🎈🎊ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူး အချိန်အခါသမကို ပိုင်ဆိုင်ကြပါစေလို့ မင်မင်တို့ Shine Dental Care Center မိသ...
01/01/2025

Happy New Year 🎈🎊

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူး အချိန်အခါသမကို ပိုင်ဆိုင်ကြပါစေလို့ မင်မင်တို့ Shine Dental Care Center မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏🏻

အသေးစိတ်စုံစမ်းမေးမြန်းရန်
***************************
ဖုန်းနံပါတ် ☎️
09 256 215 081

ဆေးခန်းဖွင့်ချိန် 🕰️
မနက် (၉)နာရီ မှ နေ့လည် (၁၂) နာရီထိ

လိပ်စာ📇
အမှတ် (44)မြေညီထပ်၊မင်္ဂလာလမ်း၊(ခ)ရပ်ကွက်၊သင်္ဃန်းကျွန်းဘူတာအနီး၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။



#သွားဆေးခန်း
#သင်္ဃန်းကျွန်း

#သွားညှိကုသခြင်း

✨သင်တစ်ခါ ပြုံးရယ်လိုက်တိုင်းမှာ သင့်အပြုံးတွေကို ပိုမိုအသက်ဝင်စေဖို့ Shine-Dental Care Center မှာ Dental Skycee လုပ်လို...
20/11/2024

✨သင်တစ်ခါ ပြုံးရယ်လိုက်တိုင်းမှာ သင့်အပြုံးတွေကို
ပိုမိုအသက်ဝင်စေဖို့ Shine-Dental Care Center မှာ Dental Skycee လုပ်လို့ရနေပြီနော်💎

Dental Skycee ပြုလုပ်ခြင်းဆိုတာကတော့ သွားရဲ့မျက်နှာပြင်အပေါ်ကို အလှဆင် ကျောက်လေးတွေ တပ်
ဆင်ခြင်း(သွားစိန်ကပ်ခြင်း)ကို ခေါ်ပါတယ်နော်🦷

ဒီလို သွားစိန်တပ်ဆင်တဲ့နေရာမှာ မိမိရဲ့သွားလေးကို ကြွေပါးခြင်း၊အပေါက်ဖောက်ထွင်းခြင်း တစ်စုံတစ်ရာ
မရှိစေဘဲ နဂိုမူလမျက်နှာပြင်ပေါ်ကို လေဆာဖြင့်သာတပ်ဆင်ပေးတာကြောင့် side effect လုံးဝ(လုံးဝ) မရှိပါဘူးရှင်❌

Dental Skycee တစ်ခါလုပ်ပြုပြီးရင်လည်း မိမိထိန်းသိမ်းသလောက်ထိကို ရေရှည် အချိန်အကြာကြီး
ခံတာဖြစ်လို့ အပြုံးလေးတွေက ပိုမို အသက်ဝင်ဖို့ဆိုရင် Shine-Dental Care Center ကိုလှမ်းလာခဲ့ပါနော်💌

အသေးစိတ်စုံစမ်းမေးမြန်းရန်
***************************
ဖုန်းနံပါတ် ☎️
09 256 215 081

ဆေးခန်းဖွင့်ချိန် 🕰️
မနက် (၉)နာရီ မှ နေ့လည် (၁၂) နာရီထိ

လိပ်စာ📇
အမှတ် (44)မြေညီထပ်၊မင်္ဂလာလမ်း၊(ခ)ရပ်ကွက်၊သင်္ဃန်းကျွန်းဘူတာအနီး၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။


#သွားစိန်ကပ်ခြင်း

#သွားဆေးခန်း
#သင်္ဃန်းကျွန်း

လူကြီးမင်းတို့ရဲ့သွားလေးတွေ ပိုးစားခြင်းကြောင့်   နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရပြီလား❓(သို့မဟုတ်)ပိုးစားနေတဲ့ သွားလေ...
05/11/2024

လူကြီးမင်းတို့ရဲ့သွားလေးတွေ ပိုးစားခြင်းကြောင့် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရပြီလား❓
(သို့မဟုတ်)
ပိုးစားနေတဲ့ သွားလေးတွေကို ဖာထေးပြုပြင်ပြီးတာတောင် ကိုက်ခဲမှုဒဏ်ကို ခံစားနေရတုန်းပဲလား❓

ဒီလို နာကျင်ကိုက်ခဲနေတာတွေဟာ သက်သာမှုမရှိလာဘူးဆိုရင်တော့ လူကြီးမင်းတို့ရဲ့သွားလေးတွေမှာရှိတဲ့ အကြောလေးတွေကပျက်စီးနေပြီဖြစ်လို့ အကြောထုတ်ကုသမှုကို လုံးဝ ခံယူဖို့လိုအပ်နေပြီနော်✅

ဒီလို နာကျင်ကိုက်ခဲနေတာတွေဟာ သက်သာမှုမရှိလာဘူးဆိုရင်တော့ လူကြီးမင်းတို့ရဲ့သွားလေးတွေမှာရှိတဲ့ အကြောလေးတွေကပျက်စီးနေပြီဖြစ်လို့ အကြောထုတ်ကုသမှု (Root Canal Treatment-RCT) ကို လုံးဝ ခံယူဖို့လိုအပ်နေပြီနော်✅

ဒီကုသမှုမှာဆိုရင် လူကြီးမင်းတို့ရဲ့ သွားလေးတွေမှာရှိတဲ့ပျက်စီးနေတဲ့ အကြောလေးတွေ tools တွေနဲ့ သေချာသန့်ရှင်းအောင်ထုတ်ပေးပြီး အကြောတုလေးတွေကို အမြစ်ထိပ်ထိ အတိအကျ X-ray (ဓာတ်မှန်) ရိုက်ပီး အစားထိုးထည့်သွင်း ကုသပေးတာပဲဖြစ်ပါတယ်🦷

ယခုလို "သွားအကြောဖွင့်/ထုတ်ကုသမှု" (Root Canal Treatment) ကို ခံယူချင်တယ်ဆိုရင်တော့
"Shine Dental Care Center" မှာကြိုတင်ရက်ချိန်းရယူပြီး လာရောက်ကုသနိုင်ပါတယ်ရှင်🏥

အသေးစိတ်စုံစမ်းမေးမြန်းရန်
***************************
ဖုန်းနံပါတ် ☎️
09 256 215 081

ဆေးခန်းဖွင့်ချိန် 🕰️
မနက် (၉)နာရီ မှ နေ့လည် (၁၂) နာရီထိ

လိပ်စာ📇
အမှတ် (44)မြေညီထပ်၊မင်္ဂလာလမ်း၊(ခ)ရပ်ကွက်၊သင်္ဃန်းကျွန်းဘူတာအနီး၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။



#သွားဆေးခန်း
#သင်္ဃန်းကျွန်း

Happy Deepavali🪔ယနေ့ကျရောက်သော "ဟိန္ဒူရိုးရာ ဆီမီးထွန်းပွဲတော်" အချိန်အခါသမယမှာ ဟိန္ဒူဘာသာဝင်များနှင့်အတူ မိတ်ဆွေများအား...
31/10/2024

Happy Deepavali🪔

ယနေ့ကျရောက်သော "ဟိန္ဒူရိုးရာ ဆီမီးထွန်းပွဲတော်" အချိန်အခါသမယမှာ ဟိန္ဒူဘာသာဝင်များနှင့်အတူ မိတ်ဆွေများအားလုံး အေးချမ်းသာယာမှုအပေါင်း ကျရောက်ပါစေလို့ Shine Dental Care Center မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏



လူကြီးမင်းတို့ရဲ့ ရှေ့သွားလေးတွေ ပိုးစားလို့ ပဲ့သွားတာဘဲ ဖြစ်ဖြစ်၊ ကျဲသွားတာဘဲ ဖြစ်ဖြစ် မတော်တဆမူကြောင့် ထိခိုက်သွားတာဘဲ...
24/10/2024

လူကြီးမင်းတို့ရဲ့ ရှေ့သွားလေးတွေ ပိုးစားလို့ ပဲ့သွားတာဘဲ ဖြစ်ဖြစ်၊ ကျဲသွားတာဘဲ ဖြစ်ဖြစ် မတော်တဆမူကြောင့် ထိခိုက်သွားတာဘဲဖြစ်ဖြစ် လေဆာနဲ့ သွားကြွေလွှာဖြည့်ခြင်းဖြင့် နဂိုမူလ ရှေ့သွားပုံစံအတိုင်း ဖာထေးပြုပြင်နိုင်ပါသည်။

လူကြီးမင်းတို့ရဲ့ သွားကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကျွန်မတို့ လေးထောင့်ကန် သွားနှင့်ခံတွင်း ဆေးခန်းမှာ ၀န်ဆောင်ခပေးစရာမလိုပဲ သေချာစစ်ဆေးပြီး ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

သွားနှင့်ခံတွင်း ကုသမှုများသည် အချိန်ကြာမြင့်သည်အတွက် စောင့်ဆိုင်းရမှု မရှိစေရန် ကြိုတင်ရက်ချိန်းရယူရန် နှင့် အသေးစိတ်သိရှိနိုင်စေရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။



🏥 "ဆေးခန်းဖွင့်ချိန် "

🎀 မနက် (9) နာရီ မှ နေ့လည် (12) ထိ 🎀
🎀 ညနေ (4) နာရီ မှ ည (8) ထိ 🎀

Tel.
📱09-256 215 081

🏥 " လိပ်စာ "
အမှတ် 44၊ မြေညီ၊ မင်္ဂလာလမ်း၊ (ခ) ရပ်ကွက်၊ သင်္ဃန်းကျွန်းဘူတာအနီး၊ သင်္ဃန်းကျွန်းမြို့နယ်။



#သွားဆေးခန်း
#သင်္ဃန်းကျွန်း

🤗လူကြီးမင်းတို့ရဲ့ အရှေ့သွားလေးတွေ (သို့မဟုတ်) မည်သည့်  သွားမဆို မတော်တဆ ထိမိခိုက်မိလိုပဲဖြစ်စေ  ပိုးစားလို့ပဲ နာကျင်ကို...
15/10/2024

🤗လူကြီးမင်းတို့ရဲ့ အရှေ့သွားလေးတွေ (သို့မဟုတ်) မည်သည့် သွားမဆို မတော်တဆ ထိမိခိုက်မိလိုပဲ
ဖြစ်စေ ပိုးစားလို့ပဲ နာကျင်ကိုက်ခဲခြင်းကြောင့် ဖြစ်စေ ကိုက်မိလိုက်လို့ ကျိုးပဲ့သွားတာပဲ ဖြစ်စေ နှုတ်စရာမလိုပဲ လူကြီးမင်းတို့ရဲ့သွားလေးတွေကို နဂိုအတိုင်းပြန်လည်ခိုင်ခံစေဖို့အတွက်...

🦷အကြောထုတ်ကုသမူပြုလုပ်ခြင်း

🦷သွားအမြစ်တိုင်ထည့်ခြင်း

🦷နဂိုသွားပုံစံအတိုင်းအစွပ် စွပ်ခြင်းများ အဆင့်ဆင့် ကုသမူခံယူနိုင်ပါသည်။


🏥 "ဆေးခန်းဖွင့်ချိန် "

🎀 မနက် (9) နာရီ မှ နေ့လည် (12) ထိ 🎀
🎀 ညနေ (4) နာရီ မှ ည (8) ထိ 🎀

🗓️ ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်သိရှိနိုင်စေရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

Tel.
📱09-256 215 081

🏥 " လိပ်စာ "
အမှတ် 44၊ မြေညီ၊ မင်္ဂလာလမ်း၊ (ခ) ရပ်ကွက်၊ သင်္ဃန်းကျွန်းဘူတာအနီး၊ သင်္ဃန်းကျွန်းမြို့နယ်။



#သွားဆေးခန်း
#သင်္ဃန်းကျွန်း

✨မတော်တဆ ချော်လဲမှုကြောင့် ရှေ့သွားပဲ့ခြင်းအတွက် သဘာဝအတိုင်းလှပစေရန် 👉သွားကြွေလွှာဖြည့်ခြင်း "Composite filling" ဖြင့် က...
02/05/2022

✨မတော်တဆ ချော်လဲမှုကြောင့် ရှေ့သွားပဲ့ခြင်းအတွက် သဘာဝအတိုင်းလှပစေရန် 👉သွားကြွေလွှာဖြည့်ခြင်း "Composite filling" ဖြင့် ကုသပေးထားပါတယ်ရှင့်။...

📌အားသာချက်လေးတွေကတော့....
🦷ရိုးရှင်းလွယ်ကူပြီး သဘာဝအတိုင်း လှပစေနိုင်ခြင်း....
🦷စျေးနှုန်းသင့်တင့်၍ အချိန်ကုန်သက်သာစေနိုင်ခြင်း....
🦷မိမိသွားနဲ့လိုက်ဖက်မယ့် အရောင်ကိုစိတ်တိုင်းကျရွေးချယ်နိုင်ခြင်း....
စသည်တို့ဖြစ်ပါတယ်ရှင့်။....

📌ရှေ့သွားနဲ့မာကျောသောအရာများကိုကိုက်ဝါးခြင်းကိုတော့ ရှောင်ကြဥ်ပေးရပါမယ်နော်.....
🎀 သွားနှင့်ခံတွင်း‌နှင့် သက်ဆိုင်သည့် မေးလိုသမျှကို Comment တွင် ‌မေးထားနိုင်ပါသည်။ မေးခွန်းများ အားလုံး ‌ပြန်လည် ဖြေကြားပေးသွားပါမည် 🤗

☎️ ဆေးခန်း ပြသလိုပါက လူကြီးမင်းတို့ အချိန် မကုန်ဆုံးစေရန် ကြိုတင် Booking ယူပေးခြင်းဖြင့် ကူညီပေးစေလိုပါတယ်။
Booking ယူရန် ☎️ 09-256-215081

🏩 ဆေးခန်းလိပ်စာ🏩

🦷 Shine သွားနှင့်ခံတွင်းဆေးခန်း🦷
အမှတ် 44၊ မြေညီ၊ မင်္ဂလာလမ်း၊ (ခ) ရပ်ကွက်၊ သင်္ဃန်းကျွန်းဘူတာအနီး၊ သင်္ဃန်းကျွန်းမြို့နယ်။
📱📱📱09-256-215081 သို့ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။



#သွားဆေးခန်း
#သင်္ဃန်းကျွန်း

သွားစိုက်ချင်တာ ဘယ်သွားစိုက်ရမလဲ မသိဘူး 🧐🧐🤔🤔အဲ့လိုတွေးနေပီဆိုရင်တော့ ဒီ post လေးကို ဆုံးအောင် ဖတ်ကြည့်နော် 👇👇👇👇💁သွားအစွပ...
02/05/2022

သွားစိုက်ချင်တာ ဘယ်သွားစိုက်ရမလဲ မသိဘူး 🧐🧐🤔🤔
အဲ့လိုတွေးနေပီဆိုရင်တော့ ဒီ post လေးကို ဆုံးအောင် ဖတ်ကြည့်နော် 👇👇👇👇

💁သွားအစွပ် Dental Crown ဆိုတာ မိမိတို့ရဲ့ ပျက်စီးသွားတဲ့ သွားတွေကို ပြန်လည်ရရှိစေနိုင်ဖို့ သွားရဲ့အပေါ်မှာ အကာအကွယ်အနေနဲ့ အစွပ် စွပ်ခြင်း​ဖြစ်ပါတယ်ရှင့်။

📌ဘယ်လိုအခြေနေတွေမှာ သွားအစွပ် စွပ်သင့်သလဲဆိုတော့....

1️⃣သွားအ‌ကြောထုတ် ကုသထားခြင်း(RCT)
2️⃣ရှေ့သွားများကျဲနေခြင်း
3️⃣သွားအရောင်မလှခြင်း
4️⃣သွားနှစ်ချောင်းကြား သွားကြားညှပ်ခြင်း
5️⃣သွားမျက်နှာပြင်‌ ကြွေလွှာ ပြုန်းတီးခြင်း
6️⃣သွားပိုးစားတာ ကြီး၍ သွားပြန်ဖာလို့ မရတော့ခြင်း
7️⃣ရှေ့သွားများတစ်စုံတစ်ရာ‌ကြောင့် ပဲ့သွားခြင်း
စသည့်အ‌ခြေနေတွေမှာ သွားအစွပ် စွပ်သင့်ပါတယ်ရှင့်။

📌သွားအသေစိုက်ခြင်းကတော့.....

မိမိတို့ရဲ့သွားတစ်ချောင်း(သို့) တစ်ချောင်းထပ်ပိုသောသွားများ အ‌ကြောင်းတစ်ခုခု‌ကြောင့်ပျက်စီးသွားတဲ့အခါ ဆုံးရှုံးသွားတဲ့သွားတွေရဲ့ ဘေးတစ်ဖက်စီမှာရှိတဲ့ သွားတွေကိုတွယ်ပြီး အစွပ်စွပ်ရခြင်းဖြစ်ပါတယ်ရှင့်။

(ဥပမာ-သွားတစ်ချောင်းမရှိတော့လို့ သွားစိုက်ချင်တဲ့အခါ သုံးချောင်းတွဲ၍ အစွပ်တပ် စိုက်ရခြင်းပင်ဖြစ်ပါတယ်ရှင့်။)

🍀မိမိ တို့အတွက် ဆုံးရှုံးသွားတဲ့သွားတွေဟာကျန်းမားရေးဖက်မှာရော အလှအပဖက်မှာပါ အလွန်အရေးပါ လှပါတယ်...

💠သွားတစ်ချောင်းဆုံးရှုံးသွားပြီဆိုပါက (6)လထက်နောက်မကျပဲ မဖြစ်မနေပြန်စိုက်သင့်ပါတယ်ရှင့်......

❗သွားပြန်စိုက်ဖို့ဘာလို့ အရေးကြီးတာလဲဆိုတာကိုတော့ အောက်ဖော်ပြပါအကြောင်းအရာလေးတွေကိုဖတ်ကြည့်သင့်ပါတယ်နော်....

👉⚡အကြောင်း တစ်စုံတစ်ရာကြောင့် သွားနှုတ်ထားတာကို သွားပြန်မစိုက်ရင် ဘာပြဿနာတွေ ဖြစ်နိုင်လဲ ❗❓

1️⃣ ပတ်ဝန်းကျင်ရှိသွားများ အခြေမခိုင်ဖြစ်လာကာ ပျက်စီးဆုံးရှုံးမှု ဖြစ်လာစေနိုင် ခြင်း..။

👉မိမိတို့ရဲ့ ပါးစပ်ထဲမှာရှိတဲ့ သွားတွေဟာ စီတန်းစွာတည်ရှိနေပါရှင့်။ ထိုသို့စီတန်းနေခြင်းဖြင့် သွားအချင်းချင်း တည်ငြိမ်စွာ ထိန်းထားကြပါတယ်။
❗သွားတစ်ချောင်းမရှိတော့ပါက ဘေးပတ်ဝန်းကျင်ရှိ ကျန်သွားတွေက ဟန်ချက်ပျက်လာပြီး သွားတွေ အခြေမခိုင်ဖြစ်လာကာရွေ့လျားလာနိုင်ပါတယ်ရှင့်။
❗ထို့အပြင် သွားဖုံးရောဂါနှင့် တခြားသွားရောဂါများလဲ ဖြစ်စေနိုင်ပါတယ်ရှင့်။

👉 သွားနှုတ်ပြီး သွားပြန်မစိုက်တာက ခံတွင်းထဲက လက်ကျန်သွားတွေကို ဝါးအစည်းပြေသလိုဖြစ်စေကာ ကြံ့ခိုင်မှုအပိုင်းရော လှပမှုအပိုင်းကိုပါ ပြဿနာတွေ ဖြစ်စေပါတယ် ။

👉အချိန်နဲ့အမျှ နှုတ်ထားတဲ့ နေရာရဲ့ ဘေးတစ်ဘက်တစ်ချက်စီက သွားတွေယိုင်လာပီး အစာညှပ်ရာကမှ တဆင့် သွားပိုးစားတာ ဖြစ်စေနိုင်ပါတယ်။

👉သွား မရှိတော့တဲ့ နေရာတဝိုက်ပဲ အခုလို ဖြစ်နေတာ မဟုတ်ပါဘူး။ ခံတွင်းထဲက သွားတွေအကုန်လုံး အနည်းနဲ့အများ သွားကျဲလာနိုင်ပါတယ်ရှင့်။ နောက်ဘက်က အံသွားနှုတ်လိုက်ရင် ချက်ချင်းမသိသာပေမယ့် ရေရှည်မှာ ရှေ့သွားတွေကျဲလာလေ့ရှိပါတယ်ရှင့်။

👉 နှုတ်လိုက်တဲ့သွားရဲ့ မျက်နှာချင်းဆိုင်သွားက တဖြည်းဖြည်း ရှည်ကျလာခြင်း ဖြစ်ပါတယ်ရှင့်။

2️⃣ မျက်နှာပုံပန်းသွင်ပြင် ပြောင်းလဲစေခြင်း။

👉လေ့ လာတွေ့ရှိချက်များအရ အတွင်းဘက်အံသွားများမရှိတော့ပါက မျက်နှာပုံပန်းသွင်ပြင်ဟာ ပိုမို အိုမင်းရင့်ရော် လာစေနိုင်ပါတယ်ရှင့်..။

3️⃣ စိတ်ပိုင်းဆိုင်ရာ အလိုမကျမှု ဖြစ်စေခြင်း။

🤞 👉အစာစားရာတွင်အခက်အခဲဖြစ်ခြင်း၊ စကားမပီခြင်း၊ ရှေ့သွားများမရှိပါက မိမိကိုယ်ကိုယ် ယုံကြည်မှုလျော့ခြင်း၊ လူမှုဆက်ဆံရေးထိခိုက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အလိုမကျခြင်း စသည်တို့ဖြစ်စေနိုင်ပါတယ်ရှင့်။

4️⃣​ မေးရိုးလှုပ်လျားမှုပြဿနာများဖြစ်စေခြင်း။

💢ပါးစပ်အတွင်းရှိ ကြွက်သားအချို့ကို အသုံးပြုကာ ပါးစပ်လှုပ်လျားမှု ပြုလုပ်တာဖြစ်ပါတယ်။
💢အချိန်ကြာမြင့်စွာ သွားမရှိခြင်းက ကြွက်သားပြောင်းလဲမှုကိုဖြစ်စေကာ ပါးစပ်အဖွင့်အပိတ်ခက်ခဲခြင်းများဖြစ်ပေါ်စေပါတယ်ရှင့်။

5️⃣ သွားဖုံးရိုးပါးလာပြီးနိမ့်ကျဆုံးရှုံးမှုဖြစ်စေခြင်း။

💢 သွားတစ်ချောင်းမရှိတော့လျှင် ထိုနေရာရှိ သွားဖုံးရိုးတွေဟာ နိမ့်ကျလာပါတယ်။
💢 ပိုဆိုးသောပြသနာမှာ ဆုံးရှုံးသွားတဲ့သွားရဲ့ ဘေးပတ်လည်နှင့်အထက်အောက်မှာရှိတဲ့သွားတွေကပါ ရွေးလျားလာကာ တိမ်းစောင်းလာကြခြင်းပင်ဖြစ်ပါတယ်ရှင့်။

💙သွားစိုက်ခြင်းဖြင့် ရရှိစေနိုင်တဲ့ ကောင်းကျိုးတွေကတော့..

✔သွားမရှိတော့၍ သွားဖုံးရိုးများနိမ့်ကျလာမှုကိုကွာကွယ်ပေးခြင်း

✔သဘာဝသွားပုံစံအတိုင်းလှပစေနိုင်ခြင်း

✔အစားအသောက်တွေကို စိတ်ကျေနပ်စွာ ဝါးနိုင်စားနိုင်ခြင်း

✔ဆုံးရှုံးသွားတဲ့ သွားမျက်နှာပြင်ရဲ့ ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း

✔ဘေးကပ်ရပ်သွားများအတွက် အထောက်အပံ့ဖြစ်စေနိုင်ခြင်း

✔သွားမရှိတော့၍ အပေါ်ဘက်ရှိသွားများ ရှည်ကျလာခြင်းကို ကာကွယ်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်ရှင့်။

🦷ဆုံးရှုံးသွားတဲ့ မိမိသွားကို အစားထိုးလိုပါက အောက်ပါ သွားအမျိုးအစား 4 မျိုး ရှိပါတယ်နော်။

1. ပလပ်စတစ်သွား (Acrylic Jacket Crown)
2. သတ္တုသွား (Cobalt-Chrome)
3. အောက်ခံသတ္တုစပ် ကြွေသွား (Porcelain Fused to Metal)
4. အကောင်းစားကြွေ ဇာကိုးနီးယား (Zirconia)

💙တစ်ခုခြင်းစီရဲ့အားသာချက် အားနည်းချက်လေးတွေကို ပုံလေးနှင့်တကွ ရှင်းပြပေးထားပါတယ်ရှင့်...

🎀 သွားနှင့်ခံတွင်း‌နှင့် သက်ဆိုင်သည့် မေးလိုသမျှကို Comment တွင် ‌မေးထားနိုင်ပါသည်။ မေးခွန်းများ အားလုံး ‌ပြန်လည် ဖြေကြားပေးသွားပါမည် 🤗

☎️ ဆေးခန်း ပြသလိုပါက လူကြီးမင်းတို့ အချိန် မကုန်ဆုံးစေရန် ကြိုတင် Booking ယူပေးခြင်းဖြင့် ကူညီပေးစေလိုပါတယ်။
Booking ယူရန် ☎️ 09-256-215081

🏩 ဆေးခန်းလိပ်စာ🏩

🦷 Shine သွားနှင့်ခံတွင်းဆေးခန်း🦷
အမှတ် 44၊ မြေညီ၊ မင်္ဂလာလမ်း၊ (ခ) ရပ်ကွက်၊ သင်္ဃန်းကျွန်းဘူတာအနီး၊ သင်္ဃန်းကျွန်းမြို့နယ်။
📱📱📱09-256-215081 သို့ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။



#သွားဆေးခန်း
#သင်္ဃန်းကျွန်း

📌မိမိတို့ရဲ့ ရှေ့သွားလေးတွေ ပိုးစားလို့ပဲဖြစ်ဖြစ် ကြဲနေလို့ပဲဖြစ်ဖြစ် စိတ်ညစ်နေရပြီလား🤯🤗အခုခေတ်မှာတော့ ဒီလိုရှေ့သွားကြဲတ...
02/05/2022

📌မိမိတို့ရဲ့ ရှေ့သွားလေးတွေ ပိုးစားလို့ပဲဖြစ်ဖြစ် ကြဲနေလို့ပဲဖြစ်ဖြစ် စိတ်ညစ်နေရပြီလား🤯

🤗အခုခေတ်မှာတော့ ဒီလိုရှေ့သွားကြဲတာက ထွေထွေထူးထူး စိတ်ညစ်စရာမလိုတော့ပါဘူးနော်...

☺️ရှေ့သွားလေးတွေပိုးစားပြီး ကြဲနေတာလေးအတွက် လေဆာနဲ့ သွားလေးတွေကိုလှပအောင်ဖာထေး ကုသပေးနေပါပြီနော်...

💙ပုံမှာပြထားတဲ့အတိုင်း ရှေ့သွားလေးတွေပိုးစားပြီး ကြဲနေတာလေးအတွက် Light Cure Composite filling (လေဆာရောင်ခြည် ဖြင့် သွားဖာခြင်း )ဖြင့် ကုသပေးထားပါတယ်နော်...

🎀 သွားနှင့်ခံတွင်း‌နှင့် သက်ဆိုင်သည့် မေးလိုသမျှကို Comment တွင် ‌မေးထားနိုင်ပါသည်။ မေးခွန်းများ အားလုံး ‌ပြန်လည် ဖြေကြားပေးသွားပါမည် 🤗

☎️ ဆေးခန်း ပြသလိုပါက လူကြီးမင်းတို့ အချိန် မကုန်ဆုံးစေရန် ကြိုတင် Booking ယူပေးခြင်းဖြင့် ကူညီပေးစေလိုပါတယ်။
Booking ယူရန် ☎️ 09-256-215081

🏩 ဆေးခန်းလိပ်စာ🏩

🦷 Shine သွားနှင့်ခံတွင်းဆေးခန်း🦷
အမှတ် 44၊ မြေညီ၊ မင်္ဂလာလမ်း၊ (ခ) ရပ်ကွက်၊ သင်္ဃန်းကျွန်းဘူတာအနီး၊ သင်္ဃန်းကျွန်းမြို့နယ်။
📱📱📱09-256-215081 သို့ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။



#သွားဆေးခန်း
#သင်္ဃန်းကျွန်း

သွားရောဂါ ဝေဒနာတွေ ခံစားနေရပါသလား❓⚕️ ဒါဆိုရင် Shine သွားဆေးခန်းမှ လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်း ရောဂါဝေဒနာများကို ဖ...
18/12/2021

သွားရောဂါ ဝေဒနာတွေ ခံစားနေရပါသလား❓

⚕️ ဒါဆိုရင် Shine သွားဆေးခန်းမှ လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်း ရောဂါဝေဒနာများကို ဖြေရှင်းပေးပါရစေနော် 🤗

🎀 Shine သွားဆေးခန်းမှ ရရှိနိုင်မည့် ကုသမှုများ🎀

⚕️🎁 Free Dental Check-up & Consultation
☑️ သွားနှင့်ခံတွင်း ရောဂါများ ရှာဖွေ စစ်ဆေးပေးပီး အခမဲ့ ဆွေးနွေးပေးခြင်း။

⚕️ လေဆာဖြင့် သွားများ လှပအောင် ဖာခြင်း။
☑️ Esthetic Composite Filling

⚕️ သွားပိုးပေါက်များအား ပြုပြင်ဖာထေးပေးခြင်း။
☑️ Dental Restoration

⚕️ သွားအကြောထုတ် ကုသပေးခြင်း။
☑️ Root Canal Treatment

⚕️ သွားနှုတ်ခြင်း။
☑️ Dental Extraction

⚕️ အံဆုံး ခွဲစိတ်နှုတ်ခြင်း။
☑️ Surgical Removal of Impaction

⚕️ သွားအသေစိုက်ခြင်း/ အစွပ်တပ်ခြင်း။
☑️ Dental Crown & Bridge

⚕️ သွားအရှင်စိုက်ခြင်း/အံကပ်ပြုလုပ်ခြင်း။
☑️ Dentures

⚕️ သွားကျောက်ခြစ်ခြင်း/သွားသန့်ရှင်းရေး ပြုလုပ်ခြင်း။
☑️Oral Prophylaxis

⚕️ ကွမ်းဂျိုးခြစ် သန့်စင်ပေးခြင်း။
☑️ Scaling & Polishing

⚕️ လေဆာဖြင့် သွားများကို ဖြူဖွေးစေခြင်း။
☑️ Laser Teeth Whitening

⚕️ သွားစိန်အလှကပ်ခြင်း။
☑️ Dental skyce

⚕️ သွားများညီညာလှပအောင် သွားညှိကုသခြင်း။
☑️ Orthodontic Treatment

⚕️ ကလေးသွားများအား ဖာထေး ပြုပြင်ပေးခြင်း။
☑️ Paediatric Treatment

⚕️ သွားဖုံးရောဂါ အမျိုးမျိုး ကုသပေးခြင်း။
☑️ Periodontal Treatment

⚕️ သွားကြွေလွှာကပ်ခြင်း။
☑️ Dental Veneers

⚕️ သွားအမြစ်တု အစားထိုးစိုက်ခြင်း။
☑️ Dental Implants

⚕️ သွားနှင့်ခံတွင်း အလုံးစုံ ပြုပြင်ပေးခြင်း။
☑️ Full mouth rehabilitation

⚕️ Shine သွားနှင့်ခံတွင်းဆေးခန်းတွင် တခါသုံးပစ္စည်းများ၊ အဆင့်မြင့် ဖိအားမြင့် ပိုးသတ်စက် (Autoclave)ဖြင့် ပိုးသတ်ပေါင်းတင်ထားသော ပစ္စည်းကိရိယာများကို အသုံးပြုပီး ကုသပေးတာကြောင့် ရောဂါပိုးမွှားများ ကူးစက်မှာကို လုံးဝစိတ်ပူစရာမလိုဘဲ စိတ်ချလက်ချ ကုသမှု ခံယူနိုင်ပါပြီ 🥰🥰 Dental X-ray လဲ ရှိတာမို့ အချိန်ကုန်ခံပီး ဓာတ်မှန်သပ်သပ် သွားပီးရိုက်စရာမလိုတော့ဘူးနော် ☺️

🆓💝Free Check-up & consultation🎀ဆေးခန်းသို့ အခမဲ့ လာရောက်ပြသ ဆွေးနွေးနိုင်ပါတယ်။

🎀 သွားနှင့်ခံတွင်း‌နှင့် သက်ဆိုင်သည့် မေးလိုသမျှကို Comment တွင် ‌မေးထားနိုင်ပါသည်။ မေးခွန်းများ အားလုံး ‌ပြန်လည် ဖြေကြားပေးသွားပါမည် 🤗

☎️ ဆေးခန်း ပြသလိုပါက လူကြီးမင်းတို့ အချိန် မကုန်ဆုံးစေရန် ကြိုတင် Booking ယူပေးခြင်းဖြင့် ကူညီပေးစေလိုပါတယ်။
Booking ယူရန် ☎️ 09-256-215081

🏩 ဆေးခန်းလိပ်စာ🏩

🦷 Shine သွားနှင့်ခံတွင်းဆေးခန်း🦷
အမှတ် 44၊ မြေညီ၊ မင်္ဂလာလမ်း၊ (ခ) ရပ်ကွက်၊ သင်္ဃန်းကျွန်းဘူတာအနီး၊ သင်္ဃန်းကျွန်းမြို့နယ်။
📱📱📱09-256-215081 သို့ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။



#သွားဆေးခန်း
#သင်္ဃန်းကျွန်း

 #သွားကျဲ နေတာလေးကို ဆေးခန်းမှာ လေဆာဖြင့် ပြုပြင်ထားတာလေးပါ။👄 နှစ်ရှည်လများ ကျဲနေတဲ့ သွားလေးကို အချိန်တိုအတွင်း (နှစ်နာရ...
16/10/2021

#သွားကျဲ နေတာလေးကို ဆေးခန်းမှာ လေဆာဖြင့် ပြုပြင်ထားတာလေးပါ။

👄 နှစ်ရှည်လများ ကျဲနေတဲ့ သွားလေးကို အချိန်တိုအတွင်း (နှစ်နာရီနီးပါးကြာသွားပါတယ် 😁) ပြန်လည်ပြုပြင်နိုင်ပါပီနော်။

🤗 ကျဲနေလို့ ယုံကြည်မှုမရှိ၊ ရီရမှာ စိတ်မလုံခြုံဘူးဆိုရင် ယုံကြည်စိတ်ချရတဲ့ သွားဆေးခန်းမှာ ခုလိုမျိုးလေး လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။ ခုဆို ဒီလူနာ ညီမလေးဟာ Confident level is so high ဖြစ်သွားပါပီနော် 🤗

🦷Shine သွားနှင့်ခံတွင်း အထူးကုဆေးခန်း🦷
အမှတ် (44)၊ မြေညီ၊ မင်္ဂလာလမ်း၊ (ခ) ရပ်ကွက်၊
သင်္ဃန်းကျွန်းဘူတာအနီး၊ သင်္ဃန်းကျွန်းမြို့နယ်။
09-256-215081

💝 သွားနှင့်ခံတွင်း ကျန်းမာရေးတွက် မေးမြန်းလိုပါက chat box က ဖြစ်စေ၊ ဖုံးဆက်ပီး ဖြစ်စေ အခမဲ့ စုံစမ်း မေးမြန်းနိုင်ပါတယ်နော် 🤗

🥰 ကြိုတင် Appointment ယူခြင်းအားဖြင့် လူကြီးမင်းတို့ အချိန်တွေကို မစောင့်ဆိုင်းရစေရန် ကူညီပေးစေလိုပါတယ် 🥰



ခုလို Covid ကာလ ဆေးခန်းတွေ ပိတ်ထားချိန်မှာ သွားရောဂါအတွက် လူနာတွေ အဆင်ပြေအောင်ပါ နော်။
16/09/2020

ခုလို Covid ကာလ ဆေးခန်းတွေ ပိတ်ထားချိန်မှာ သွားရောဂါအတွက် လူနာတွေ အဆင်ပြေအောင်ပါ နော်။

" COVID ကာလမှာ သွားရောဂါဝေဒနါများ သက်သာဖို့ နည်းလမ်းတကျဖြေရှင်းနည်းများ "

အခုလိုကာလကြီးမှာ ဆေးရုံဆေးခန်းတွေလည်း ဘယ်သူမှ သွားချင်ကြမယ်မထင်ဘူး ။
ဒါကြောင့် သွားကိုက်ခြင်း ၊ သွားနာခြင်း ၊ သွားကျဥ်ခြင်း ၊ သွားဖုံးရောင်ခြင်း ၊ အံဆုံးပေါက်ခြင်း စတဲ့ သွားနှင့်ခံတွင်းရောဂါအခြေအနေများကို သက်သာစေမယ့်နည်းလမ်းများကို မျှဝေပေးချင်ပါတယ် ။

၁။ သွားကိုက်ခြင်း/သွားနာခြင်းသောသူများအတွက်
https://m.facebook.com/story.php?story_fbid=598827920825676&id=116778065697333

၂။ သွားဖုံးရောင်သောသူများအတွက် /သွားဖုံးကနေ သွေးယိုသူများအတွက်
https://m.facebook.com/story.php?story_fbid=580633785978423&id=116778065697333

၃။ အံဆုံးပေါက်နေသူများအတွက်
https://m.facebook.com/story.php?story_fbid=549061905802278&id=116778065697333

၄။ ပါးစပ်ထဲမှာ အနာသေးသေးလေးတွေပေါက်နေသူများအတွက်
https://m.facebook.com/story.php?story_fbid=590629514978850&id=116778065697333

၅။ သွားကျဥ်တဲ့သူများအတွက်
သွားကျဥ်တဲ့သူများအတွက် သွားကျဥ်တာသက်သာစေတဲ့ သွားတိုက်ဆေးတွေကို အသုံးပြုပါ ။
သွားတိုက်ဆေးဘူးခွံမှာ For Sensitive Teeth ဆိုတဲ့ စာတန်းပါတဲ့ သွားတိုက်ဆေးတွေကိုရွေးဝယ်ပါ ။
- Sensodyne
- Thermoseal
- Sensodent KF
- Colgate Sensitive စတဲ့ သွားတိုက်ဆေးတွေကို တစ်နေ့ (၂) ကြိမ် သုံးပါ ။
သွားတအားကျဥ်ပါက ကျဥ်တဲ့သွားပေါ်တွင် အထက်ပါသွားတိုက်ဆေးများကို (၅)မိနစ်ခန့် ​အုံထားပြီး သွားတိုက်နိုင်ပါတယ် ။
ကျဥ်တဲ့ဘက်ကို သွားကြာကြာတိုက်ပေးပါ ။ ဖွဖွလေးတိုက်ပေးပါ ။
ကျဥ်တဲ့သွားကို ခဏခဏ မကိုက်ကြည့်ရပါခင်ဗျာ ။ မဖိကြည့်ရပါ ။ မကြိတ်ကြည့်ရပါ ။
ပူလွန်းသော အေးလွန်းသော ချိုလွန်းသော ချဥ်လွန်းသော အစားအစာများရှောင်ထားပါ ။

၅။ ကလေးတွေ သွားကိုက်လာပြီ ၊ သွားနာလာပြီဆိုရင် သက်သာအောင် အိမ်မှာ ဘယ်လိုဂရုစိုက်ကြမလဲ?
https://m.facebook.com/story.php?story_fbid=641707119871089&id=116778065697333

ရောဂါဝေဒနါများ မသက်သာပါက အရေးပေါ်အခြေအနေဖြင့် သွားနှင့်ခံတွင်းဆေးခန်းတွေမှာ သွားရောက်ကုသနိုင်ပါတယ် ။ အခုကာလမှာဖွင့်လှစ်ထားတဲ့ သွားဆေးခန်းတွေမှာလည်း လိုတာထက်ပိုပြီး ရောဂါကာကွယ်မှုကို ပြင်ဆင်ထားကြပါတယ် ။ သွားဆေးခန်းတွေမှာ အလှအပနဲ့ပတ်သက်နဲ့ကုသမှုတွေ ၊ သွားစိုက်တာတွေကိုလည်း ရပ်နားထားကြပါတယ် ။

သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ စာမျက်နှာရဲ့ Chat Box မှာ အချိန်မရွေးအကူအညီတောင်းခံနိုင်ပါတယ် ။
အချိန်ရတာနဲ့ အမြန်ဆုံးစာပြန်ပေးသွားမှာဖြစ်ပါတယ် ။

​သောက်ဆေးများသောက်ရန်အတွက် မိမိပြနေကျသွားဘက်ဆိုင်ရာဆရာဝန်ထံသို့ ဆက်သွယ်ပြီးတော့လည်း အကူအညီတောင်းခံနိုင်ပါတယ် ။
COVID ကာလပြီးဆုံးတဲ့အခါဆေးခန်းပြပေးပါ ။

ဒီရက်တွေအတွင်း ကိုဗစ်လူနာတွေများလာတာနဲ့အမျှ တတ်နိုင်သမျှ အားလုံး အိမ်မှာပဲနေကြဖို့အကြံပြုပါရစေ ။
အပြင်ထွက်ရင် Mask တပ်ပါ ။
လက်ကိုလည်း ခဏခဏဆေးပါ ။
ကဒ်ဘေးကြီးမှအမြန်ဆုံးလွတ်မြောက်ပြီး နေ့ရက်တိုင်းမှာ ပြုံးပျော်နိုင်ပါစေလို့ ဆန္ဒပြုလျှက် ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

ဒေါက်တာမျိုးမြင့်အောင်

Address

No (44), Ground Floor, Mingalar Street
Thingangyun
11071

Opening Hours

Monday 09:00 - 12:00
17:00 - 21:00
Tuesday 09:00 - 12:00
17:00 - 21:00
Wednesday 09:00 - 12:00
17:00 - 21:00
Thursday 09:00 - 12:00
17:00 - 21:00
Saturday 09:00 - 12:00
17:00 - 21:00
Sunday 09:00 - 12:00
17:00 - 21:00

Telephone

09966940000

Website

Alerts

Be the first to know and let us send you an email when Shine Dental Care Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shine Dental Care Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram