Favourite Collagen Thailand

Favourite Collagen Thailand Change your skin tone and aging with us now.

ဒန့်ဒန့်ဒန်.......ကဲ Promotion မေးလွန်းလှတဲ့သဲတို့အတွက်....Big Promotion 🔔🔔🔔Promotion Stock Limited ရှိပါတယ်။Stock ကုန်ရ...
26/03/2023

ဒန့်ဒန့်ဒန်.......
ကဲ Promotion မေးလွန်းလှတဲ့သဲတို့အတွက်....
Big Promotion 🔔🔔🔔
Promotion Stock Limited ရှိပါတယ်။
Stock ကုန်ရင် တန်းရပ်မှာမို့ လက်ဦးဖို့တော့
လိုပါမယ်နော်။🚫❌

ပုံမှန်စျေး 55000 ကျပ်ကို...
Thingyan Big Promotion..
10000 Discount ရမှာနော်😍
ဒါဆို...တစ်လစာ - အထုပ် 30 ကို
45000 ကျပ်ဖြင့် ပြောင်းလဲမှုကိုခံစားနိုင်ပါပြီ.....

ကဲ နှစ်ဟောင်းက ညစ်နွမ်းနေတဲ့အသားအရေကို နှစ်သစ်မှာ အပြတ် glow တင်းရင်းလင်းထင်းးးဖို့အတွက်..

အားနည်းချက်များကို 45000 ကျပ်နဲ့ Bye Bye လုပ်ရအောင်.....ကွယ်။

(1)ဂျပန်နိုင်ငံမှထွက်ရှိတဲ့ အမြင့်ဆုံး Premium အမျိုးအစား Collagen Tripeptide, Collagen Dipeptide, Collagen Peptide သုံးမျိုးလုံးပါဝင်တဲ့အတွက် တစ်ဘူးသောက်ပြီးတာနဲ့ အသားအရေကို သိသိသာသာပြောင်းလဲစေခြင်း။ရှိရင်းစွဲအသား
အရေထက် စိုပြေတင်းရင်းစေပြီး အရေးအကြောင်းနဲ့အိုမင်းရင့်ရော်မှုကို သက်သာစေခြင်း။✅

(2) အဆီပြန်မှုကိုထိန်းချုပ်နိုင်ဖို့အတွက် ဦးစားပေးထုတ်လုပ်ထားပြီး ဝက်ခြံ၊တင်းတိတ်၊မှဲ့ခြောက်များ၊ အရေပြားပေါ်က အားနည်းချက်များကို သက်သာပျောက်ကင်းစေဖို့ အာနိသင်ရှိခြင်း။✅

(3) နေရောင်ခြည်ကြောင့်ပျက်စီးနေသောအသားအရေများကို အတွင်းပိုင်းကနေပြန်လည်ကုစားပေးနိုင်ပြီး အသားအရေမညီညာမှုများကို ပျောက်ကင်းစေခြင်း။✅

(4) ပုံမှန်သောက်သုံးပေးပါက အမဲစက်၊အမဲကွက်၊အမာရွတ်၊အကြောပြတ်ရာများကို လျော့နည်းစေနိုင်ခြင်း။✅

(5) ဓမ္မတာကြောင့်နာကြင်ကိုက်ခဲမှုများကိုသက်သာစေပြီး၊သွေးသားမမှန်ခြင်းကြောင့် အသားအရေမွဲခြောက်ခြင်းများကို ကုစားပေးခြင်း။✅

(6) Fiber( အမျှင်) ဓာတ်ကြွယ်ဝခြင်းကြောင့် ဝမ်းမှန်၍ ခန္ဓာကိုယ် အတွက် မလိုအပ်တဲ့အဆီများ လျော့ကျစေခြင်း။✅

(7) ဆံကေသာနက်မှောင်သန်စွမ်းပြီးအရှည်မြန်ရုံသာမက ပျက်စီးနေသော ဆံကေသာများ အားဖြည့်ပေးနိုင်ခြင်း။✅

(8) Gluta သီးသန့်မထည့်ထားပဲ Gluta ဓာတ်ကို လှုံ့ဆော် မွေးဖွားနိုင်တဲ့သဘာဝအသီးအရွက်များနှင့် Naicinamide ဒြပ်ပေါင်းကိုသာ အသုံးပြုထားသောကြောင့် စွဲသောက်တဲ့အခါ ကျန်းမာရေးကို ဆိုးကျိုးမဖြစ်စေခြင်း။✅

(9) ခြေသည်း၊လက်သည်းများသန်စွမ်းခိုင်မာပြီး ပန်းရောင်သန်းစေခြင်း။✅

(10) အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေနိုင်ပြီးအရိုးအဆစ်များ ကျန်းမာသန်စွမ်းစေနိုင်ခြင်း။✅

ပါဝင်ပစ္စည်းများရဲ့ အသေးစိတ်အချက်အလက်နဲ့အာနိသင်များကိုလည်း Pages ထဲတွင်ဝင်ရောက်လေ့လာဖို့ ဖိတ် ခေါ် ပါတယ်နော်။

Favourite Collagen Myanmar.
Change your skin tone and aging with us now.

Manufactured by,
The Twin Plus M Company Limited
No. 128/2-3,Soi Petchkasem 64,Bang Khae
Nuea,Bang Khae,Bangkok,Thiland.

Distributed by,
Human's Favourite Products Company Limited
No. 701,Ground Floor,Nga Moe Yeik St 3,
Part 4, Thingangun Township, Yangon.
More imformation & details cb or
Ph- 09401346312/ 09420113662

24/02/2023

Favourite Collagen သောက်တာ
အသားအရေလှပဖို့ပဲလား?
No....No...
ကျန်းမာရေး လည်းပါတယ်။🏋🏋️‍♀️

ကျန်းမာရေးကဘာအတွက်ကောင်းတာလဲ?

(1) အရိုးအဆစ်

အသက်ရလာလို့ရိုးအဆစ်အားနည်းလာပြီး
လေးလံတဲ့အရာတွေမ မ နိုင်တဲ့တွေ။ဥပမာ ကိုယ့်မြေးကိုချစ်လွန်းပေမယ့် မချီနိုင်မကိုင်နိုင်တဲ့သူတွေ။တုံချိဘာဝေ အခြေ အနေကနေ သိသာ လာစေပါတယ်။ချက်ချင်းလက်ငင်းရေသန့်ဗူးမနိုင်တဲ့အခြေ
အနေဘွားခနဲ့မဖြစ်နိုင်ပေမယ့် မိမိရဲ့ဖြစ် ပေါ် နေတဲ့အခြေအနေကနေသိသာတဲ့ရလဒ်လေးတွေတော့တစ်ဖြည်းဖြည်းအကောင်းဘက်ကိုပြောင်းလဲလာနိုင်ပါတယ်။လေးဘက်နာသမားများ၊အဆစ်အမြစ်
နာ၊ဒူးနာသမားများပုံမှန်သောက်သုံးပြီးသုံးလဆက်
တိုက်နောက်ပိုင်းဆို သိသာတဲ့ရလဒ်တွေဖြစ်လာကြောင်း စမ်းသပ်တွေ့ရှိရပါတယ်ရှင့်။

(2) ဆံပင်ကျွတ်

ဆံပင်ကျွတ်သမားတွေဘာသုံးသုံးမသက်သာဘူး။ဘာခေါင်းလျှော်ရည်သုံးသုံးကျွတ်မြဲပဲဆို Favourite ကိုစမ်းကြည့်သင့်တယ်။ဆံပင်ကျွတ်သက်သာတယ်ဆိုတဲ့ customer များလည်းအခိုင်အမာရရှိထားပြီးဖြစ်ပါတယ်ရှင့်။

(3) ခြေသည်းလက်သည်း

ခြေသည်းလက်သည်းဝါပြီးအရောင်မလှတဲ့သူတွေ၊ကျွတ်ဆက်ပြီး အသားမကောင်းသူတွေ သောက်ကြည့်ပါ။ပန်းရောင်သန်းပြီးသန်စွမ်းလာနိုင်ပါတယ်ရှင့်။

(4) ဆီးချို၊သွေးတိုး၊နှလုံး၊အစာအိမ်အစရှိသည့် ရောဂါအခံရှိကြသူများး

လက်ရှိ အထက်ပါရောဂါအခံသောက်သုံးကြသူများရဲ့လက်စွဲ ဖြစ်တာကြောင့် စျေးပြောင်းဖို့တောင် တော်တော် ခက်ခဲနေပါတယ်။ သူတို့မှာက ရောဂါရဲ့အခြေအနေအလိုက်ကုန်ကျစရိတ်ရှိပြီး Favourite နဲ့မှ အဆင်ပြေကြတယ်ဆိုတော့လည်း ကိုယ့်မှာလည်း customer အပူက ကိုယ့်အပူလိုပါပဲ။တတ်နိုင်သ
လောက်တော့စျေးထိန်းပေးဖို့ကြိုးစားလျှက်ရှိပါတယ်ရှင့်။

အသားအရေကရော Gluta မပါလို့သိသာပါ့မလား ဘယ်လောက်ထိ ပြောင်းလဲမှာလဲဆို စိုပြည်ပြီးဝင်းပလာမှာပါ။လင်းနေတယ်ဆိုတာ ဖြူနေတာကိုပြောတာမဟုတ်ဘူး အသားအရေက ထင်းနေတာ။ဖြူ
နေတာမဟုတ်ပေမယ့် တစ်ဖက်က အသားအရေကလှလိုက်တာဆိုပြီးစိတ်ကကြိတ်တွေးနေမယ့်အထိတော့ရောက်မှာပါပဲ။

အဓိကတော့ အသားအရေတင်းရင်းတာအရမ်းသိသာပါတယ်။လျော့တွဲ၊ပျော့တွဲနေသူတွေ ပုံမှန်လေးသောက်ကြည့်စေချင်တယ်။အရေးအကြောင်းတွေကြောင့် စိတ်မရှုပ်ရအောင် ဇရာကိုဘေးချိတ် Confident အပြည့်နဲ့ နေနိုင်အောင် ပုံမှန် သို့ ငွေမ
တတ်နိုင်ရင် ရက်ခြားတော့ သောက်ပေးစေချင်မိပါတယ်ရှင့်။

အရေပြားက အနာအဆာ၊အမဲစက်တွေ ဟော်မုန်းကြောင့်ဖြစ်လာတဲ့အညိုကွက်၊အမဲကွက်တွေ သိသာစွာ မူရင်းသို့ပြောင်းလဲနိုင်ပါတယ်။

ဒီလောက်ဆို အာနိသင်ကတော့မဆိုးပါဘူး အရသာကရော အဝင်ဆိုးမလား၊သောက်ရခက်မလား၊ညှီနိုင်မလား?

ဓာတ်ဆားအဖြစ် မှီဝဲနေကြသူတွေရှိပါတယ်။ဖျော်ရည်တစ်ခွက် အအေးတစ်ဗူး ထောင်ဂဏန်းဖြစ်နေတဲ့အချိန် သံပုရာရည်တစ်ခွက် 1500/2000 ခေတ်မှာ စျေးတူတဲ့ Collagen တစ်ခွက်ကိုသောက်သုံးလိုက်တာ ဖျော်ရည် feeling အပြင် energy နဲ့ အာနိသင်ပါ ပါဝင်မှာဖြစ်တဲ့အတွက် အအေးကြိုက်တဲ့သူတွေ၊ဖျော်ရည်သောက်တတ်တဲ့သူတွေအအေး
အစား၊ဖျော်ရည်အစားသောက်သုံးလေ့ရှိပါတယ်။ဒီလောက်ဆို အရသာဟာ ဘယ်လိုအခြေအနေရှိမလဲ ရိပ်မိလောက်မယ်ထင်ပါတယ်ရှင့်။

အားနိသင်ကောင်းတာတွေပဲပြောလို့ Favourite ရဲ့အားနည်းချက်တွေကိုလည်းပြောပြပေးချင်ပါတယ်။

(1) ဗူးခွံ / ပါကင်

Favourite သည် အပြင်ပိုင်း အခွံ ကုန်ကျစရိတ် ကိုလျော့ချထားတဲ့အတွက် Package ပိုင်းမှာတော့ အားနည်းချက်ရှိပါတယ်။ စျေးကြီးတဲ့ Brand ပုံစံမထွက်ပါဘူး။ဟိတ်ဟန်မရှိဘူး။အဓိက စျေးကမများချင် Quality ကလည်းကောင်းချင်တော့ အထဲက သောက်ရမယ့်အပိုင်းကိုလုံးဝမလျော့ချင်တဲ့အတွက်
အပြင်ကလွှတ်ပစ်ရမယ့်အပိုင်းကို Budget လျော့ချလိုက်တာဖြစ်ပါတယ်။အပြင်ပိုင်းကို အကဲခတ်ဆုံးဖြတ်ကြတတ်တဲ့သူတွေအတွက်တော့ Favourite က Standard ကလိုအပ်နေမှာအမှန်ပါပဲရှင့်။

(2) အေးခဲခြင်း

Vit C ကအားလုံးသိပြီးသားအချဥ်ဓာတ်ဖြစ်တာကြောင့် သူ့ဟာဆေးလုံးအနေနဲ့ဆိုပြသနာမရှိပေမယ့် အမှုန့်အနေနဲ့ဆို ပမာဏများရင် အမှုန့်ကိုခဲစေတဲ့အာနိသင်ရှိပါတယ်။သူ့ကိုကြာရှည်ခံအောင်မပြု
လုပ်ထားရင် စိုစွတ်တဲ့နေရာသို့ အရမ်းအေးတဲ့နေရာတွေမှာ ခဲဖို့အရမ်းလွယ်ပါတယ်။Favourite က ကျန်းမာရေးအားနည်းတဲ့သူတွေသောက်သုံးတာများတာကြောင့် ကြာရှည်ခံအောင်ပြုလုပ်တဲ့ဓာတ်မပါဝင်တာကြောင့် နယ်တွေကိုတင်ပေးတဲ့အခါ သို့
ထိုင်းကနေဒီကိုဝင်လာတဲ့လမ်းတစ်လျှောက်မှာ စိုစွတ်လာတာ သို့ အကြောင်းတစ်စုံတစ်ရာကြောင့်
အေးခဲလာတာတွေဖြစ်နိုင်ပါတယ်။ဗူးအတွင်းမှာဖြစ်တာမို့ မင်မင်တို့ကမသိနိုင်ဘူး။ဖောက်သောက်တဲ့သူပဲသိရမှာပါရှင့်။အကယ်လို့ အဲ့လိုခဲနေတာများ ပါခဲ့ရင် စိတ်မပူပဲ Company ကိုအကြောင်းကြားပြီး လဲလှယ်လို့ရပါတယ်ရှင့်။ Exp date လွန်လို့လား။
Quality မကောင်းလို့လား စိတ်ပူစရာမလိုပါဘူးရှင့်။
အချဥ်ဓာတ်က ခဲဖို့ကိုလွယ်ကူတာသဘာဝကြောင့်
ဓာတ်ဆားတွေတောင် Vit C ပါရင် လုံးလုံးသွားတတ်ပါတယ်ရှင့်။

(3) ပို့ဆောင်မှုကြာခြင်း

တစ်ချို့သွာလာရခက်တဲ့ နယ်တွေ၊ဒေသတွေဆိုရင်
ပစ္စည်းရောက်တာကြာတတ်တာကြောင့်မိမိက သောက်ဖို့မကုန်ခင် ကြိုတင်မှာသင့်ပါတယ်နော်။

(4) လူတိုင်းအဆင်ပြေသလား?

ဘယ် Brand မှ 100% လူတိုင်းနဲ့အဆင်ပြေသည်ဆိုတာမရှိပါဘူး။ အဲ့တာကြောင့် အမြဲတမ်းစမ်းသပ်
ကြည့်ပါဦး၊စမ်းသပ်သောက်ပေးပါဦးပဲပြောလေ့ရှိပါတယ်ရှင့်။ မသိသာတဲ့ အဆင်မပြေတဲ့ သူတွေရှိနိုင်ပါတယ်။အဆင်မပြေတဲ့နေရာမှာ အန္တရာယ်တော့မရှိပါဘူး။ ပိုက်ဆံပဲ ကုန်သွားတာပေါ့။ ဆဲလ်တွေနဲ့မကိုက်ညီတဲ့သူဖြစ်နိုင်ချေရှိပါတယ်။သို့ပေမယ့်
မြန်မာပြည်အသားအရေနဲ့ ကိုက်ညီတဲ့သူကများတာတော့ အပိုပြောတာမဟုတ်ပါဘူးရှင့်။

ကဲ့ ဒါဆို အားနည်းချက် / အားသာချက်လည်းသိပြီဆိုတော့သဘာဝအရသာကို လတ်ဆတ်စွာခံစားရင် လှပကျန်းမာမှုကိုပြောင်းလဲချင်ရင်တော့ Favourite ကို ရွေးချယ်စမ်းသပ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်လို့ ပြောရင်း နှုတ်ဆက်လိုက်ပါတယ်ရှင့်။

တစ်လစာ - အထုပ် 30 /55000 ကျပ်။တစ်ရက်တစ်ထုပ်သောက်ပေးရမှာပဲဖြစ်ပါတယ်ရှင့်။

Announcement For Favourite 💚💚💚ရှေးဦးစွာPromotion Jan - Feb 14 ထိပေးထားခဲ့ပေမယ့် Promotion Stock ကုန်သွားတဲ့ အတွက် Promo...
28/01/2023

Announcement For Favourite 💚💚💚

ရှေးဦးစွာPromotion Jan - Feb 14 ထိပေးထားခဲ့ပေမယ့် Promotion Stock ကုန်သွားတဲ့ အတွက် Promotion စျေးနှုန်း နဲ့ ဝယ်ယူလို့မရ တော့ဘူးဖြစ်ကြောင်း စိတ်မကောင်းစွာအသိပေးလိုက်ပါတယ်ရှင့်။

Favourite သည် ထုတ်လုပ်ချိန်ကြာမြင့်စွာယူခဲ့ရတာလည်း Favourite ကိုအစဥ်အမြဲအားပေးသူများသိခဲ့ပြီးဖြစ်ပါတယ်ရှင့်။ ခုလက်ရှိအချိန်မှာ ဆိုရင်တော့ ဘတ်စျေးက တစ်ရိပ်ရိပ်နဲ့ တက်လျှက်ရှိပါတယ်။Sept 2022 ကနေစပြီး$ စျေးခုန်တက်သလို ဘတ်စျေးကခုန်တက်လာတာဖြစ်တယ်။စျေးကွက်ထဲက တင်သွင်းကုန်တွေ အခြားသော brand တိုင်းလည်း တက်နေတဲ့ဘတ်စျေးနဲ့အညီရောင်းချခဲ့ပေမယ့် Favoriteသည် ထုတ်လုပ်ခဲ့စဥ်ကဘတ်စျေးအတိုင်း Stock ကုန်အောင်ရောင်းချပေးခဲ့တယ်။သောက်နေကြ Collagen တွေစျေးတက်ပြီးမမှီလို့ Favourite ကိုပြောင်းလဲသောက်တာပါပြောတဲ့သူတွေတောင်ရှိပါတယ်။

Stock အသစ်ထုတ်ရင်ဘတ်စျေးအသစ်နဲ့ထုတ်လုပ်
ရမှာဖြစ်တာကြောင့် စျေးမြင့် သွားတော့မှာဖြစ်တဲ့အတွက်Stockအဟောင်းများကိုအမြဲတမ်းဝယ်ယူတဲ့Customerတွေအတွက် Promotion Stock အနေနဲ့ချပေးခဲ့တယ်။တစ်ချို့ customer တွေ (6) လစာထိဝယ်ယူစုဆောင်းထားတာတွေတွေ့ရတယ်။ဒါက
တော့ အမြဲတမ်း Customer တွေအတွက်Company ဘက်ကလုပ်ပေးနိုင်တဲ့အတိုင်းအတာထိ လုပ်ပေးခဲ့ပါတယ်။

ယခင် ဘတ်စျေး 50 ဝန်းကျင်ကနေ ခုတော့ 86 - 90 ဝန်းကျင် ပေါက်နေတာပဲ ဖြစ်ပါတယ်။အားလုံးကိုစျေးနှုန်း သက်သာပြီး Quality ကောင်းတဲ့ Brand တစ်ခုကို စေတနာနဲ့ဖန်တီးပေးချင်ခဲ့ပါတယ်။သို့ပေမယ့် Stock အသစ်မှာ Quality ထိန်းဖို့ဆိုစျေးအသစ်
နဲ့ရောင်းချရမှာဖြစ်ပါတယ်။

ဒီတော့ Company အနေနဲ့ သုံးစွဲသူတွေဘက်ကိုလည်း ကြည့်ပြီးဆုံးဖြတ်ပါတယ်။ခုလက်ရှိအရဆို လူတွေအကုန်လုံးဟာငွေကြေးအခက်အခဲရှိတယ်။
ဝင်ငွေဟာတိုးတက်မလာပေမယ့် ထွက်ငွေမှန်သမျှတစ်ရိပ်ရိပ်တက်နေတဲ့ကာလမှာ တတ်နိုင်တဲ့သူတွေတော့မသိပေမယ့် မတတ်နိုင်တဲ့ သူတွေအဖို့တော့လက်လှမ်းမမှီမှာလည်းစိုးရတဲ့အတွက် Favourite ကိုတော့မူလပုံစံအတိုင်းပဲ စျေးမြှင့်ရောင်းပြီးနောက်
ထပ် စျေးသင့်တဲ့ Brand တစ်ခုချပြဖို့စဥ်းစားထားပါတယ်ရှင့်။အဲ့ကျတော့မေးစရာရှိလာတယ်။
Favourite လောက်မကောင်းလို့လား?
Favourite လိုသိသာပါ့မလား?

Favourite သည် ကျန်းမာရေးဦးစားပေးထုတ်လုပ်ထားပြီးသုံးထားတဲ့ပါဝင်ပစ္စည်းတွေကအစဆေးဝါး
ဘက်ဆန်တယ်။အလှအပထက် ကျန်းမာရေးရဲ့လုပ်
ငန်းဆောင်တာကိုပိုပံ့ပိုးပေးနိုင်ပါတယ်ပါဝင်ပစ္စည်းတွေက စျေးများလို့ ခုမှလျှောက် နှုတ်ရင်လည်း အရသာရော၊Formula ရောပျက်စီးနိုင်လို့
ဒီတိုင်းစျေးအမြင့်နဲ့ဆက်ထားမှာပါရှင့်

Brand အသစ်ကတော့ စျေးသင့်ပြီး ခုခေတ်နဲ့အမှီလိုက်လျောညီထွေရှိပါမယ်။ပါဝင်ပစ္စည်းမတူညီပါဘူး။အာနိသင်ကတော့ Company ရဲ့ ရည်ရွယ်ချက် အတိုင်းအကောင်းဆုံးကြိုးစားထားပါတယ်ရှင့်။

နမူနာပြောပြရရင်
သံပုရာသီး လည်းချဥ်တယ်။
ရှောက်သီးလည်းချဥ်တယ်။
သို့ပေမယ့် သံပုရာသီးကအလုံးသေးပြီးစျေးကြီးတယ်။ရှောက်သီးကစျေးသက်သာပြီးအများကြီးရတယ်။ဒီသဘောပါပဲ။အသားအရေအတွက် သိသာစေမယ့်၊နုပျိုစေမယ့် ပါဝင်ပစ္စည်းတွေအများကြီးရှိပါတယ်။စျေးသင့်ပြီးထူးခြားကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။

Favourite ကို လက်လှမ်းမမှီတဲ့သူများတော့ Brand အသစ်လေးကိုရွေးချယ်သောက်ကြည့်စေချင်ပါတယ်။$ နဲ့ ဘတ်စျေးကတက်နေတော့ စျေးကွက်ထဲက Brand တိုင်းကအရင်စျေးထက်ကို ခုန်တက်သွားတာကြောင့် ပွင့်ပွင့် လင်းလင်း ပြောရ ရင် လက်ရှိ
အချိန်မှာ ဝင်ငွေတွေသာမတိုးလာတာ။ထွက်ငွေက အကုန်တိုးတက်နေပါတယ်။အာလူးကြော်စားလည်းတက်၊သွားတိုက်ဆေးဝယ်လည်းတက်၊ဘာမှတောင်မထိရဲတော့တဲ့အချိန်မှာ စျေးပြောင်းသွားတဲ့ Favourite ကို မနိုင်ကြတော့တဲ့သူတွေအတွက် Company က စီစဥ်ပေးထားတာပဲ ဖြစ်ပါတယ်။

Formula ပိုင်းကတော့ Favourite ထက် ပို update ဖြစ်ပြီး အသားအရေကို ပိုသိသာစေနိုင်မှာပဲ ဖြစ်ပါတယ်။ပစ္စည်းအသစ်ဝင်ရင် Favourite ရဲ့ပြောင်းလဲသွားတဲ့ စျေးလေးအသိပေးချင်ပါတယ်။Favourite ကိုပဲဆက်
လက်အားပေးချင်တယ်ဆိုရင်တော့ တစ်လစာ - အထုပ် 30၊68000 ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်။

68000 ကို ဝန်ပိနေတဲ့သူများအတွက်တော့ Brand အသစ်လေးကို ရင်ခုန်စွာ စောင့်မျှော်ပေးပါဦးရှင့် ။

Change your Skin tone & Aging with us now.

ခိခိ မင်မင့်လို သောက်ရမှာလည်းအေးလှကလည်းလှချင်သော favourite လေးတို့ရေ Cheer 🥂🥂🥂😂 ကဲ စောင်ခြုံပြီးအားတင်းသောက်နေရတဲ့ချစ်သေ...
24/01/2023

ခိခိ မင်မင့်လို သောက်ရမှာလည်းအေး
လှကလည်းလှချင်သော favourite လေးတို့ရေ Cheer 🥂🥂🥂😂

ကဲ စောင်ခြုံပြီးအားတင်းသောက်နေရတဲ့
ချစ်သောတို့အတွက် ချမ်းချမ်းစီးစီး ဒုက္ခခံရင်ဘာတွေအကျိုးကျေးဇူးရမလဲ ပြောပြပေးမယ်နော်။💚

ခု လက်ရှိ ရာသီဥတုကတော့ အပူပိုင်းဒေသတွေတောင် အေးအေးဆိုတော့ အအေးပိုင်းဒေသတွေအတွက်ခက်ပြီပေါ့။သောက်ရတာကလည်း မနက်စောစောနဲ့ ညအိပ်ရာမဝင်ခင်ဆိုတော့ အအေးပိုတဲ့အချိန်မို့လား။

ရေတောင်မထိချင်တဲ့အချိန် အေးစက်စက်ကြီးမျိုချရတာလည်း ခက်သားနော့။

ဒါကြောင့် Favourite Collagen ကို အအေးပိုနေတဲ့အချိန်သောက်ရင် ရနိုင်မယ့် ကောင်းကျိုးလေးတွေကတော့.....

(1) ဆောင်းရာသီမှာ ရာသီဥတုရဲ့အအေးကြောင့်အသားအရေတွေကပုံမှန်ထက်ခြောက်သွေ့ကြမ်း
တမ်းတတ်ပါတယ်။အရင်ကစိုစိုပြေပြေသူတောင်
ဆောင်းတွင်းဆို အသားကခြောက်တောက်တောက်
နဲ့ စိတ်ကျေနပ်စရာမကောင်းဖြစ်တတ်တာပေါ့။အ
ဓိကအေးတော့ရေသောက်နည်းတာလည်းပါတယ်လေ။Favourite ကိုပုံမှန်သောက်သုံးပေးရင် ဆောင်း
ရာသီကအသားခြောက်ခြင်းဒဏ်လည်းFavourite
ရဲ့ Moisture ကိုတိုးမပေါက်ပါဘူး။မိမိရေသောက်
နည်းလို့ ရေဓာတ် မပြည့်ရင် တောင် ဖြည့် စွက်ပြီးလည်ပတ်ပေးနိုင်ပါတယ်။စိုပြေမြဲစိုပြေနေမှာပဲဖြစ်ပါတယ်ရှင့်။💚

(2) အသားပတ်ခြင်း၊ကွဲအက်ခြင်း၊နှုတ်ခမ်းအဖက်တွေလန်ခြင်းအစရှိတဲ့အသားအရေကိုအားနည်းစေတဲ့ အလှဖျက်တဲ့အခြေအနေများကို ကာကွယ်တိုက်ထုတ်ပေးနိုင်ပါတယ်။Favourite သောက်လို့ကတော့
Lotionတွေအသားလှဆီတွေမလိမ်းရင်တောင်အ
သားပတ်ခြင်း၊ကွာခြင်များမဖြစ်နိုင်ပါဘူးရှင့်။💚

(3) Energy ပါဝင်လို့ အေးတဲ့အချိန်မှာဖြစ်တတ်တဲ့
အအေးမိ၊ဖျားနာများကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်လို့ အအေးကြောက်တဲ့သူတွေ ကျန်းမာရေးတစ်ရှောင်ရှောင်ဖြစ်မှာကို သက်သာစေပါတယ်ရှင့်။

(4) နေရောင်သက်သာလို့ အသားကိုထိန်းသိမ်းခြင်တဲ့သူများကတော့ Skin tone တက်အောင် ဥထား
သင့်တဲ့အချိန်ပဲပေါ့နော်။

ကဲ မိမိတို့ရဲ့ အသားအရေအားနည်းချက်နဲ့အိုမင်းရင့်ရော်မှုကို Favourite နဲ့အတူလက်တွဲပြီး ဆန့်ကျင်ရအောင်လားရှင့်။

သောက်ရခက်ပေမယ့် အားတင်းပြီး
စောင်ခြုံပြီးသာ သောက်ပလိုက်ပါ။
စောင်ခြုံပြီးသောက်ရကျိုးနပ်မှာပါလို့။

မင်မင်တောင် နာမည်ပြောင်းထားတယ်။
😂ဆောက်ချုံသောင်😂

ချစ်သောFavouriteတို့ရေ....ချစ်သူများနေ့ promotion 20%လေးချပေးတော့ မေးလာတဲ့မေးခွန်းလေးများကို မင်မင် စိတ်ပိန်စွာ post တင်...
13/01/2023

ချစ်သောFavouriteတို့ရေ....
ချစ်သူများနေ့ promotion 20%လေးချပေးတော့ မေးလာတဲ့မေးခွန်းလေးများကို မင်မင် စိတ်ပိန်စွာ post တင်ပြီးရှင်းပြပါရစေနော်။

(1) မရောင်းရလို့လား၊
ရောင်းမကောင်းလို့ promotion ချတာလား? 😫

ဒီမေးခွန်းရဲ့အဖြေကို ဖြေရမယ်ဆိုရင်တော့ ရောင်းကောင်းပါတယ်။Favourite ကတကယ်ကိုရောင်းရပါတယ်။ရောင်းရလို့လစဥ်သောက်တဲ့သူတွေကိုပြန်အားနာရပါတယ်။တစ်ချို့ဆို လခစားဝန်ထမ်းတွေပါတယ်။နှစ်လတစ်ခါစုဝယ်တာရှိသလို လစာလေးထုတ်မှပို့ပေးပါနော်ဆိုတဲ့ကလေးတွေရှိပြီးစျေးမေးပြီး ငွေအဆင်မပြေလို့ မမှာဖြစ်တဲ့သူတွေလည်းရှိတာ cb မှာအမြဲတွေ့ရပါတယ်။ Favourite ဟာစီးပွားဖြစ်ရောင်းချတဲ့ brand မဟုတ်ဘူး။

မမြတ်မှာလည်းမစိုးရိမ်ဘူး။နဂိုထဲက ရှုံးနေတာမို့။ဘာကြောင့်ရှုံးရတာလဲဆိုတာ မဝယ်လို့မဟုတ်ဘူး။Company က product ပထမဆုံးစထုတ်တာမို့ ပထမဆုံးစလျှောက်တဲ့လမ်းမှာအခက်အခဲရှိမှာပဲ ဆုံးရှုံးမှုကရှိမှာပဲ Business သမားက Risk ( အရှုံး) ကိုကြောက်လို့မရဘူး။ရှုံးရင်လည်းခံရဲရမယ်။ခုလူသိများကြော်ကြားနေတဲ့ ကမ္ဘာ ကျော် brand တွေလည်း သုံးနှစ်ဆက်တိုက်ရှုံးတာ၊လေးငါးနှစ်ပေးဆပ်ခဲ့ရတာ။ ဆယ်နှစ်ကျော်မှ လူသိလာတဲ့ brand တွေအများကြီး၊အောင်မြင်မှုဆိုတာ မြန်မာပြည်က online စျေးကွက်လို နေ့ချင်းညချင်းသိန်းထောင်ချီတာ၊တစ်နေ့ အမြတ်ဘယ်လောက်ဝင်တာလို့တော့ ချက်ချင်းတွက်မရဘူး။

Favourite သည် စီးပွားဖြစ်ရောင်းချတဲ့၊အမြတ်တွက်ပြီးရောင်းချတဲ့ productမဟုတ်ဘူး။နှလုံးသားနဲ့ရောင်းချတဲ့ product ဖြစ်ပါတယ်။အမကအရမ်းကြိုက်တာ၊ဒါလေးနဲ့အဆင်ပြေတယ်၊လတိုင်းမှာနေကြသူ ဒီလမမှာတော့ရင်ငွေများအဆင်မပြေဖြစ်လို့လားတွေးပူရတယ်။ဒီလတော့ ဘာရောဂါ ပေါ် လာလို့ဆေးခန်းပြရလို့ ငွေမလောက်ဘူးပြောရင်လည်း စိတ်မကောင်းဖြစ်ရတယ်။55000 ကျပ်ဆိုတာ Upper Class (ပိုက်ဆံရှိ) လူတန်းစားတွေအတွက်ပြသနာမရှိပေမယ့် အလယ်အလတ်လူတန်းစားအတွက်တော့ ဟိုချန်ဒီချန်ခြစ်ကုပ်ရတယ်။

နောက်တစ်ခုက ဒါသောက်တာနဲ့ပြီးတာမဟုတ်၊မိန်းကလေးဆိုပိုဆိုးတယ် Cosmetic ဝယ်ဖို့အဝတ်
အစားဝယ်ဖို့ မိမိဝင်ငွေနဲ့လှည့်ပတ်သုံးရတဲ့သူတွေလည်းရှိတယ်။နှလုံးသားနဲ့ရောင်းချတဲ့ product မို့ ဘတ်စျေးတက်ပြီးကိုယ်နဲ့ စျေးတူတဲ့ brand တွေအကုန် လိုက်တက် သွားတာတောင် အရင်စျေးအတိုင်းပဲရောင်းချပေးတယ်။တစ်ချို့ဆိုင်တွေ တစ်ချို့သောလုပ်ငန်းရှင်တွေ မိမိက 100 နဲ့ဝယ်ပြီး 150 ရောင်းနေတယ်၊အပြင်စျေးကွက်မှာ 200 ပေါက်တာနဲ့ ချက်ချင်းလိုက်တက်ပြီးရောင်းတယ်။မလုပ်ရဘူးတော့မဟုတ်ဘူး ဖြစ်နေတဲ့အ​ခြေအနေအရအားလုံး
ဒုက္ခရောက်နေချိန်တော့ အဲ့လို တစ်ပြိုင်နက် လုပ်ကြရင် ကုန်စျေးနှုန်းက ပိုပိုတက်ရုံပဲရှိလိမ့်မယ် မဟုတ်လား။ကိုယ်လိုအပ်သလောက်အမြတ်တင်ထားပြီးပြီပဲ သမာဓိတည်စွာရောင်းဝယ်ဖောက်ကားသင့်တယ်လို့မင်မင်မြင်ပါတယ်။

စကားပြန်ဆက်ရရင် ဘယ်တုန်းကမှ ဝယ် နေကြ
သူလာမဝယ်တော့ရင် မရောင်းရမှာစိတ်မပူခဲ့ဘူး။
ဝယ်မသောက်နိုင်မှာပဲ စိုးရိမ်ခဲ့တယ်။အဲ့တာကြောင့် လစဥ် 55000 ကို အမြဲဝယ်သောက်နေကြတဲ့သူတွေသက်သာအောင်နဲ့ 55000 ကိုအဆင်မပြေကြတဲ့သူတွေအတွက်Promotion ချိန်ကို ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။ မရောင်းရလို့မဟုတ် ခုချိန်မှာအားလုံးကအခက်အခဲကိုယ်စီနဲ့ရှေ့ဆက်နေတာဖြစ်တာမို့
စျေးကနစ်နေမလာဆိုပြီးရောင်းရတာအားနာလို့ဖြစ်ပါတယ်ရှင့်။

(2) exp ဘယ်လောက်?😖

များသောအားဖြင့် company တွေဟာ exp နီးရင် ပစ္စည်း တွေလျော့ချပြီးရောင်းလေ့ရှိပါတယ်။အဲ့တာကြောင့် တစ်ချို့သူများက dateကုန်တွေလား၊date လွန်တွေလား မယုံမကြည်ဖြစ်ပြန်ရော။

အဖြေကတော့ 2024 ဖြစ်ပါတယ်။exp date မနီးသလို နီးလို့ပေးတာလည်းမဟုတ်ပါဘူး။exp နီးလို့ လျော့​ပေးတာဆိုပေါ် တင်ပြောပြီးရောင်းမှာပါ။ နီးနေတဲ့ဟာရောင်းရင် Date နီးလို့ စျေးချထားတယ်။ကြိုက်ရင်ဝယ်၊မကြိုက်ရင်မဝယ်ပါနဲ့ ရိုးရှင်းပွင်းလင်းစွာပဲပြောရောင်းဖြစ်မှာပါရှင့်။ဘဝမှာ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ စည်းဆိုတဲ့အရာနဲ့ ကျင့်ဝတ်ကိုစောင့်ထိန်းရပါတယ်ရှင့်။

မင်မင်က ဒဲ့ဒိုးပြောလွန်းလို့ တစ်ချို့သူတွေ cbမှာ စိတ်ဆိုးသွားကြသေးတယ်။😂မင်မင် လျော့ပေးတာ အမြဲတမ်း customer တွေထဲကနေ ချစ်သူများနေ့ Buy 1/ Get 1 Suprise ရတဲ့သူတွေရှိတယ်။55000 ကို (2) လစာပေးထားတာ။ကိုယ့်ရဲ့ချစ်သူမို့ လက်ဆောင်ပေးတဲ့သဘောပေါ့။ Delivery ခတော့ ကိုယ့်ဘာသာပေးရမှာ အလွန်ဆုံးလမ်းကြောင်းမှ 3500။ 58500ကို (2) လစာရမှာ။အဲ့တာကို delivery ခမပေးချင်လို့ မင်မင့်ကို ပြောရင် အပေါက်အလမ်းမတည့်တော့ဘူး။

မင်မင်ရဲ့အယူအဆအရကတော့လောဘဆိုတာ ရှိသင့်သလောက်ပဲရှိရမယ်။အရမ်းလောဘကြီးရင် ဆုံးရှုံးတတ်တယ်။ကိုယ့်အတွက်ပဲကိုယ်မကြည့်ပါနဲ့ ကိုယ်သာရင်ပြီးရော၊ကိုယ်အဆင်ပြေရင်ပြီးရောဆို လောကကြီးကအကြည်းတန်လာလိမ့်မယ်။နှစ်ဖက်မျှမျှတွေးသင့်တယ်။Company ကတော်တော်လျော့
ပေးတာပဲ ကျေးဇူးတင်လိုက်တာမတွေးကြဘူး။လက်ဆောင်ပို့ပေးတာ delivery ခ မပေးလိုက်လို့ ရန်တွေ့ခံနေရသလိုဖြစ်နေတယ်။နှလုံးသားနဲ့ရောင်းရင်နှလုံးသားနဲ့ဝယ်ပေးပါလို့ မင်မင်ကပြောချင်ပါတယ်ရှင့်။

(3)တစ်လစာ ဘယ်လောက်ပါလဲ?🤔

ဒီမေးခွန်းကိုမေးကြတာများတယ်။ဘာလို့မေးကြတာလဲစဥ်းစားတော့မရဘူး။တစ်လစာဆို အားလုံးက 30 ပါကြတာပဲမဟုတ်လား။ တော်တော်အမေးများတယ်။ အာ့ကြောင့် ပုံပါပြပေးထားလိုက်တယ်။တစ်လစာ ပုံပါအတိုင်း 15 g အထုပ်ရှည်လေး 30 ပါဝင်ပါတယ်။တစ်ရက်တစ်ထုပ် ရေအေးနဲ့ ဖျော်သောက်ပေးရမှာပါ။ပန်းသီး juice လေးလို လန်းဆန်းတဲ့အရသာကိုခံစားနိုင်ပါတယ်ရှင့်။

နောက်ဆုံးအနေနဲ့ မင်မင်ပြောရရင်တော့ Promotion ဆိုတာ စားသုံးသူ၊သုံးစွဲသူတွေအတွက်အဆင်ပြေအောင် Brand တွေအများကြီးမှိုလိုပေါက်နေတဲ့အထဲမှကိုယ့်ရဲ့ brand ကိုရွေးချယ်ပေးတဲ့သူတွေကို မေတ္တာနဲ့ ပြုလုပ်ပေးတာဖြစ်ပါတယ်။အားလုံးထင်ကြသလို exp နီးလို့၊ရောင်းမကောင်းလို့ဆိုတာ company အတွက် promotion ချသလိုဖြစ်နေပါတယ်။

မင်မင့်အမြင်အရဆိုအဲ့တာဟာNegative အတွေးကြီးဖြစ်တယ်။ ဝမ်းသာစရာကြီးဖြစ်စေချင်လို့ပေးတာ မင်းဟာက ကောင်းရောကောင်းရဲ့လားဆို တစ်ဖက်သူကစိတ်မကောင်းဖြစ်ရတာပေါ့။

မင်မင့်ရဲ့ Promotion လေးမှာ
ချစ်သူများနေ့မှာ ချောကလက်ပေးမယ့်သူမရှိရင်တောင်Favourite ကတော့ ဝယ်ယူတဲ့သူတွေအားလုံးကို ကိုယ့်ရဲ့ချစ်သူအနေနဲ့သတ်မှတ်ပြီး Discount ပေးနေပါတယ်လို့ Positive အတွေးလေးတွေတွေးပြီးပါဝင်ဆင်နွှဲရအောင်နော်။💚

ချစ်သောလေးတို့ရေ အပေါ် ယံတွေကို
မမက်ကြပါနဲ့။fb မှာ ပလူပျံနေအောင် မဖြစ်လို့လည်း brandကလူကြိုက်မများဘူး၊မကောင်းလို့ဖြစ်မယ်လို့လည်းအတွေးမမှားကြပါနဲ့။fbမှာ ပလူပျံအောင် (7) ရက်အတွင်းကြံဆောင်လို့ရပါတယ်။ခုလိုငြိမ်သက်စွာရောင်းဖို့အရေး သမာဓိတည်စွာနဲ့မမြတ်လည်းရတယ်။ရှုံးလည်းရတယ်ဆိုပြီးတည်တည်ငြိမ်ငြိမ်ရှေ့ဆက်ဖို့ကပိုခက်ခဲတာမဟုတ်လား။

မင်မင်တော့ နည်းနည်းစိတ်ပိန်နေပါတယ်။ဘူနေပါတယ်။ပျော်စေချင်လို့လုပ်ပေးတာ မပျော်ကြပဲ ယုန်ထင်ကြောင်ထင်လာလုပ်နေကြလို့ ဘုတောလိုက်တာ (3) ယောက်လောက်ရှိပါပြီ။

ချစ်လို့ပေးတာ လက်မခံရင်နေပါစေ မင်းအချစ်ကစစ်လို့လားတော့ မေးခွန်းမထုတ်ကြပါနဲ့ကွာ မင်မင်မခံစားနိုင်ဝူး။အာ့လာပြောတာ။

ပုံ/ စိတ်ပိန်နေတဲ့မင်မင်

Hello everyone 💚💞❣💕Happy Valentine's Day Promotion လေး🤑20% off 11000 တောင်သက်သာမှာမို့ အမြန်ဆုံးဝယ်ဥထားဖို့ လိုမယ်နော့။🤑...
06/01/2023

Hello everyone 💚💞❣💕

Happy Valentine's Day Promotion လေး🤑

20% off 11000 တောင်သက်သာမှာမို့
အမြန်ဆုံးဝယ်ဥထားဖို့ လိုမယ်နော့။🤑

ယောကျ်ားလေး၊မိန်းကလေးသောက်သုံးနိုင်ပြီးဆယ်ရက်နှင့်နှစ်ပတ်အတွင်းကစပြီးခန္ဓာကိုယ်တွင်းလည်ပတ်ပါတယ်။တစ်လဆိုရင်တော့မိမိရဲ့ရှိရင်းစွဲအနေအထားကနေသိသာလာနိုင်ပြီဖြစ်ပါတယ်ရှင့်။

(1)ဂျပန်နိုင်ငံမှထွက်ရှိတဲ့ အမြင့်ဆုံး Premium အမျိုးအစား Collagen Tripeptide, Collagen Dipeptide, Collagen Peptide သုံးမျိုးလုံးပါဝင်တဲ့အတွက် တစ်ဘူးသောက်ပြီးတာနဲ့ အသားအရေကို သိသိသာသာပြောင်းလဲစေခြင်း။ရှိရင်းစွဲအသား
အရေထက် စိုပြေတင်းရင်းစေပြီး အရေးအကြောင်းနဲ့အိုမင်းရင့်ရော်မှုကို သက်သာစေခြင်း။✅

(2) အဆီပြန်မှုကိုထိန်းချုပ်နိုင်ဖို့အတွက် ဦးစားပေးထုတ်လုပ်ထားပြီး ဝက်ခြံ၊တင်းတိတ်၊မှဲ့ခြောက်များ၊ အရေပြားပေါ်က အားနည်းချက်များကို သက်သာပျောက်ကင်းစေဖို့ အာနိသင်ရှိခြင်း။✅

(3) နေရောင်ခြည်ကြောင့်ပျက်စီးနေသောအသားအရေများကို အတွင်းပိုင်းကနေပြန်လည်ကုစားပေးနိုင်ပြီး အသားအရေမညီညာမှုများကို ပျောက်ကင်းစေခြင်း။✅

(4) ပုံမှန်သောက်သုံးပေးပါက အမဲစက်၊အမဲကွက်၊အမာရွတ်၊အကြောပြတ်ရာများကို လျော့နည်းစေနိုင်ခြင်း။✅

(5) ဓမ္မတာကြောင့်နာကြင်ကိုက်ခဲမှုများကိုသက်သာစေပြီး၊သွေးသားမမှန်ခြင်းကြောင့် အသားအရေမွဲခြောက်ခြင်းများကို ကုစားပေးခြင်း။✅
(ဖောလစ်အက်စစ်ပါလို့ အမျိုးသမီးရောဂါတွေကိုသက်သာစေနိုင်တာဖြစ်ပါတယ်။ယောကျ်ားလေးတွေအတွက်လည်း ဖောလစ်အက်စစ်ကလိုအပ်ပါတယ်။)

(6) Fiber( အမျှင်) ဓာတ်ကြွယ်ဝခြင်းကြောင့် ဝမ်းမှန်၍ ခန္ဓာကိုယ် အတွက် မလိုအပ်တဲ့အဆီများ လျော့ကျစေခြင်း။✅

(7) ဆံကေသာနက်မှောင်သန်စွမ်းပြီးအရှည်မြန်ရုံသာမက ပျက်စီးနေသော ဆံကေသာများ အားဖြည့်ပေးနိုင်ခြင်း။✅

(8) Gluta သီးသန့်မထည့်ထားပဲ Gluta ဓာတ်ကို လှုံ့ဆော် မွေးဖွားနိုင်တဲ့သဘာဝအသီးအရွက်များနှင့် Naicinamide ဒြပ်ပေါင်းကိုသာ အသုံးပြုထားသောကြောင့် စွဲသောက်တဲ့အခါ ကျန်းမာရေးကို ဆိုးကျိုးမဖြစ်စေခြင်း။✅

(9) ခြေသည်း၊လက်သည်းများသန်စွမ်းခိုင်မာပြီး ပန်းရောင်သန်းစေခြင်း။✅

(10) အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေနိုင်ပြီးအရိုးအဆစ်များ ကျန်းမာသန်စွမ်းစေနိုင်ခြင်း။✅

ပါဝင်ပစ္စည်းများရဲ့ အသေးစိတ်အချက်အလက်နဲ့အာနိသင်များကိုလည်း Pages ထဲတွင်ဝင်ရောက်လေ့လာဖို့ ဖိတ် ခေါ် ပါတယ်နော်။

ပုံမှန် Price 55000 MMK
(per month)

Now Price 44000MMK
🚴‍♀️Delivery free

Favourite Collagen Myanmar.
Change your skin tone and aging with us now.

Manufactured by,
The Twin Plus M Company Limited
No. 128/2-3,Soi Petchkasem 64,Bang Khae
Nuea,Bang Khae,Bangkok,Thiland.

Distributed by,
Human's Favourite Products Company Limited
No. 701,Ground Floor,Nga Moe Yeik St 3,
Part 4, Thingangun Township, Yangon.
More imformation & details cb or
Ph- 09401346312/ 09420113662

အာမခံ(Warranty) လား?Cb နဲ့ cm မှာ တစ်ချို့သောသူရဲ့မေးခွန်းလေးတွေတွေ့ရတယ်။အာမခံလား? တဲ့🤔အာမခံလား ဆိုတဲ့အပိုင်းမှာ အသေးစိတ...
25/11/2022

အာမခံ(Warranty) လား?

Cb နဲ့ cm မှာ တစ်ချို့သောသူရဲ့မေးခွန်းလေးတွေတွေ့ရတယ်။အာမခံလား? တဲ့🤔

အာမခံလား ဆိုတဲ့အပိုင်းမှာ အသေးစိတ်ဆွေးနွေးမှရမယ်ရှင့်။မိမိက ဘာကိုအာမခံစေချင်တာလဲ? ပြန်သုံး
သပ်ရမယ်။တကယ်တော့ Warranty ဟာ ပေးလို့ရတဲ့ပစ္စည်းရှိတယ်၊ပေးလို့မရတဲ့ပစ္စည်းရှိတယ်၊ပေးစရာမလိုတဲ့ပစ္စည်းရှိတယ်။

(1) Product Features Warranty
(ပစ္စည်းပုံသဏ္ဍန်အာမခံ)

Post မှာကြော်ငြာတော့ ပုံစံတစ်မျိုး၊အရောင်တစ်မျိုး၊ဗူးပုံစံတစ်မျိုး လာပို့တော့ ပုံစံတစ်မျိုုးဖြစ်နေတာ၊ကိုယ်မှာ
ထားတုန်း၊ကိုယ်လေ့လာထားတုန်းကပုံစံနဲ့ကွဲလွဲချက်မရှိတာ အာမခံပါတယ်။မိမိလိုလိုချင်ချင်မှာယူလိုက်တဲ့ ပစ္စည်းရဲ့ပုံစံအတိုင်း တစ်ပုံစံထဲမိမိလက်ထဲရောက်ရှိဖို့အာမခံပါတယ်။မှာတုန်းကတစ်မျိုး၊လာပို့တော့တစ်မျိုး
မဖြစ်စေဖို့အာမခံပါတယ်။👍

(2) Finance Warranty (ငွေရေးကြေးရေး အာမခံ)

တစ်ချို့အိမ်အရောက်စနစ်မရလို့ ဂိတ်တင်စနစ်နဲ့မှာယူကြရပါတယ်။ဂိတ်တင်ပြီးသက်ဆိုင်ရာကားဂိတ်ကထုတ်
ပေးတဲ့ချလံနဲ့ရောက်မယ့်အချိန်ပြောပြီးပို့ပြီးရင်ငွေလွှဲရပါတယ်။Favourite ကိုမှာယူပြီးငွေလွှဲလိုက်တာ ပစ္စည်းမရောက်လာဘူးဆိုတဲ့ error မရှိတာ အာမခံပါတယ်။ Company မှာမှာယူပြီးမိမိတို့ရဲ့ငွေရေးကြေးရေးဆုံးရှုံးတာ၊လိမ်လည်ခံရတာ လုံးဝမဖြစ်စေနိုင်တာအာမခံပါတယ်။တစ်ချို့ကျ ငွေသားအဆင်မပြေလို့kpay/ wave / banking နဲ့ကြိုလွှဲပေးတာရှိကြပါတယ်။ပစ္စည်းယူပြီးမှလွှဲလို့ရပါတယ်ဆိုတာတောင် တစ်ချို့ကယုံကြည်မှုရှိရှိငွေကြိုလွှဲတတ်ကြပါတယ်။ကြိုလွှဲရင်လည်းမိမိတို့ရဲ့ငွေကြေးဆုံးရှုံးမှု 100 ကျပ်တောင်မရှိစေဖို့ အာမခံပါတယ်။

(3) Product error Warranty
( ပစ္စည်းချိူ့ယွင်းချက် အာမခံ)

ဥပမာ Factory Fault အရ တစ်ချို့ပစ္စည်းလေမလုံလို့ ခဲတာ၊အရေအတွက်မပြည့်တာ၊Vit Cအမှုန့်က က အစိုဓာတ်များရင်ခဲတတ်ပါတယ်။နယ်ဝေးတင်တဲ့အခါသယ်
ဆောင်သွားတဲ့တစ်လျှောက်company ဘက်ကမကြည့်နိုင်တဲ့အတွက် အမှား၊အယွင်း၊အဆင်မပြေတဲ့ဗူး၊အထုပ်များပါလာခဲ့ရင် ပြန်လဲပေးတာ၊အရေအတွက်တိုင်း မိမိတို့ရဲ့ ဝယ်ယူထားတဲ့ပမာဏဆုံးရှုံးမှုမရှိအောင်ပြန်စီစဥ်ပေးပါတယ်။ချို့ယွင်းချက်များပါခဲ့ရင် complaints လာတာနဲ့ပြန်လဲပေး၊ပြန်ပို့ပေးဖို့ အာမခံပါတယ်။

(3) Effective Warranty
( အာနိသင်ထိရောက်မှု အာမခံ)

ဒီအပိုင်းက 100% အာမခံပေးလို့မရပါဘူး။အာမခံပါတယ်လို့ ပြောရောင်းဖို့မသင့်တဲ့ product အမျိုးအစားပါ။ Collagen သည် juice ပုံစံဆိုပေမယ့် အအေးလို စား
သောက်ကုန်ပစ္စည်းထဲမပါဝင်ပါဘူး။အလှပအတွက်ဆိုပေမယ့် အလှကုန်ထဲလည်းထည့်မရဘူး။ကျန်းမာရေးနဲ့
သက်ဆိုင်တဲ့ဖြည့်စွက်စာမို့ ဆေးပစ္စည်းနဲ့အနီးစပ်ဆုံး
groupထဲပါတယ်။FDA လျှောက်ရင်လည်း ဆေးပစ္စည်း class နဲ့အနီးစပ်ဆုံးစာရွက်စာတမ်းပြင်ဆင်ပေးရတယ်။ Product တစ်ခုကိုကို Formula ထုတ်တဲ့အခါယေဘုယျ စံနှုန်းထားပြီးထုတ်လုပ်လေ့ရှိပါတယ်Collagenသောက်
ပြီးeffective ဖြစ်ဖို့ အချက် (3) လိုအပ်ပါတယ်။

No(1) Body Circulation (ခန္ဓာကိုယ်တွင်းလည်ပတ်ပုံ)
လူတစ်ဦးနဲ့တစ်ဦး Body Circulationမတူညီခြင်းဟာ Generation အတူတူပဲဆိုရင်တောင်မတူညီတာရှိပါတယ်။မိဘတူရင်တောင်အသားအရောင်ကွာတာ၊အရပ်အပုအရှည်၊အပိန်၊အဝ အစရှိသဖြင့်ကွဲပြားပါတယ်။

No(2) Life Style( ဘဝနေထိုင်မှုပုံစံ)
ပိုင်ဆိုင်ထားတဲ့ဘဝအခြေအနေအရနေထိုင်မှုက မတူ
ညီပါဘူး။Air con ခန်းနဲ့ ကိုယ်ပိုင်ကားစီးကြမယ့်ဘဝရှိမယ်၊ နေပူထဲမကြာမကြာသွားရတဲ့သူရှိနိုင်သလိုလုံးဝမထွက်ရတဲ့သူလည်းရှိမယ်၊လိုင်းကားစီးရတဲ့သူဖြစ်နိုင်သ
လို ဆိုင်ကယ်စီးနေတဲ့သူလည်းဖြစ်နိုင်တယ်။နေလောင်ခံရတဲ့ဘဝဖြစ်နိုင်သလို သာသာယာယာလေးနေရတဲ့အခြေအနေလည်းဖြစ်နိုင်တယ်။အသီးအရွက်တွေများများစားတဲ့သူဖြစ်နိုင်သလို readymadeအခြောက်အ
ခြမ်းတွေ၊ငပိ၊ငါးခြောက်မှ ထမင်းမြိန်တာဆိုပြီးကြိုက်
နှစ်သက်တဲ့သူလည်းဖြစ်နိုင်တယ်။

ရေများများသောက်တဲ့သူဖြစ်နိုင်သလို ရေသောက်နည်းတဲ့သူ၊ရေသောက်ဖို့မေ့တတ်တဲ့သူလည်းဖြစ်နိုင်တယ်။ကော်ဖီတစ်နေ့သုံးခွက်သောက်တဲ့သူ အသင့်သောက်အချိုရည်တွေသောက်တတ်တာဖြစ်နိုင်သလိုလတ်လတ်
ဆက်ဆက်အသီးဖျော်ရည်တွေပဲသောက်လေ့ရှိတာလည်းဖြစ်နိုင်တယ်။မျက်စိနှစ်လုံးဖွင့်တာနဲ့ သူ့ရဲ့ life style ကိုဘယ်လိုဖြတ်သန်းနေသလဲ? သူ့ရဲ့နေထိုင်မှုပုံစံက အရေပြားကျန်းမာရေးကိုအထောက်အကူပြုရဲ့လား၊ ထိခိုက်စေသလား၊ အဟာရမပြည့်ဝဘူးလား၊လိုအပ်
ချက်များနေသလား အစရှိသဖြင့်ကွာခြားမှုတွေရှိနိုင်ပါတယ်။

No(3)Self Care ( ကိုယ့်ကိုကိုယ်ဂရုစိုက်မှု)

တစ်ချို့သူတွေ Lotionပဲလူးတဲ့အချိန် တစ်ချို့သူတွေ
Body Serum သုံးတာရှိမယ်။မနက်ည၊ care တဲ့သူက careသလို အပြင်ထွက်မှလူးတဲ့သူလည်းရှိတယ်။တစ်ချို့ရေချိုးဆပ်ပြာပဲသုံးနေသလို တစ်ချို့က Scrub တိုက်
တာ၊ Body Mask သုံးတာ။ Moistureမှန်မှန်သုံးတာလည်းရှိမယ်။သုံးနေတဲ့ Brand တွေရဲ့ Quality ကိုလည်းကြည့်ရဦးမယ်။နေပူထဲသွားရင်ထီးဆောင်းလား၊လက်ရှည်ဝတ်လား၊ဖြစ်သလိုပဲနေတတ်လား၊ဂရုစိုက်တဲ့သူလား၊ကိုယ့်ကိုကိုယ်ဘယ်လို control လုပ်သလဲတွေက မူတည်သေးတယ်။

ဒီတော့ကား Supplement တစ်ခုကိုဝယ်သောက်ပြီဆိုကတည်းက လိုအပ်ချက်ရှိလို့ ကျွန်တော်၊ကျွန်မကတော့အရမ်းလှတာ၊ဘာမှကိုမဖြစ်ဘူး။ပျင်းလို့သောက်တာပါဆိုတာမရှိနိုင်ဘူးလေ။ Need တွေမတူညီရင်မတူဘူး။ Need ဖြစ်တာတော့တူလို့သာ သောက်ကြတာ။ဒါဟာ ဗိုက်အောင့်လို့ဆေးခန်းပြတယ်။သက်သာသွားမှာပါ၊ ဒါလေးသောက်နော်၊ ခုဘယ်လိုလုပ်ပေးလိုက်မယ်။မကြာခင်မှာသက်သာသွားလိမ့်မယ်ပြောလေ့ရှိသလား။ဒါ
သောက်လိုက် မပျောက်ရင်ဆေးခန်းပြန်လာခဲ့၊ဆရာပြန်လျော်မှာ။ နှစ်ဆပြန်လျော်မှာဆိုပြီးကုတဲ့ဆရာဝန်ရှိပါသလား။

ဝိနည်းအရ စည်းလွတ်နေပြီဆိုမယုံကြည်သင့်တဲ့သူဖြစ်သွားပြီ။ဒီဆေးကိုဆေးပတ်လည်အောင်သောက်ပါ။
မသက်သာရင်ပြန်လာပါ။သက်သာရင်လာစရာမလိုတော့ပါဘူးပဲပြောခွင့်ရှိတယ်။

ခွဲစိတ်ရင်တောင် အကောင်းဆုံးကြိုးစားသွားမှာပါ။အရမ်းစိတ်မပူပါနဲ့။အဆင်ပြေသွားမှာ၊သက်သာသွားမှာပါပဲသုံးခွင့်ရှိတယ်။လူနာကိုအားပေးတဲ့အလျောက် ပျောက်မှာပေါ့၊ပျောက်မှာပါပြောလို့ရပေမယ့်မပျောက်
ရင် ငွေပြန်အမ်းမည်၊လာကုတာနဲ့ပျောက်ဖို့အာမခံပါ
သည်ဆိုပြီး ဘယ်ဆေးခန်း၊ဘယ်ဆေးရုံမှ ကုလေ့မရှိသလို ဘယ်ဆေးပစ္စည်းမှလည်း ထုတ်လေ့မရှိဘူး။ချောင်းဆိုးပျောက်ဆေး၊မပျောက်ရင်ငွေပြန်အမ်းမည်၊လုံးဝပျောက်ဖို့အာမခံပါသည်။ဘယ်ဆေးထုပ်ပေါ် မှာမှရေးခွင့်မရှိသလို ကြော်ငြာပြီးရောင်းခွင့်လည်းမရှိဘူး။

အဲ့လိုအာမခံနဲ့ရောင်းပေးမယ်။မပျောက်ရင်လာပြန်ပြောလိုက်၊ငွေသုံးဆပြန်လျော်မယ်အဲ့လိုအသုံးအနှုန်းအ ပြောအဆိုတွေက Bus car ပေါ် မှာတက်ရောင်းနေတဲ့ အစွန်းချွတ်ဆေးတွေ၊ စျေးထဲမှာ ပျံကျရောင်းတဲ့ပစ္စည်းတွေနဲ့ online ပေါ် မှာငွေလွှဲပြီး block သွားတဲ့ သူတွေသုံးနှုန်းတဲ့စကားပဲ ဖြစ်ပါတယ်။သူ့အရပ်နဲ့သူ့ဇတ်ပေါ့နော်။အစွန်းချွတ်ဆေးကို သူအာမခံလို့ရတယ်လေ။ခုချွတ်ပြလိုရတယ်။ကိုယ်ကလည်းမယုံရင် လုပ်ပြစမ်းဆိုပြီးကြည့်လို့ရတယ်။

ဆေးပစ္စည်းတစ်ခုကို လမ်းဘေးမှာချရောင်းတဲ့ပစ္စည်းလို ရောင်းစေချင်လို့မရဘူး။နိုင်ငံတိုင်းရဲ့အစားအသောက်ကွပ်ကဲရေးဌာနတွေ၊ကျန်းမာရေးအတွက်အဆင်ပြေမပြေစစ်ဆေးရေးဌာနတွေ ကိုယ်တိုင်က ပစ္စည်းပေါ်မှာ ဓာတ်မတည့်မှု၊ဆောင်ရန်ရှောင်ရန်ထည့်ခိုင်းထားတယ်။
ကမ္ဘာ ကျော် ယုံကြည်ရပါတယ်ဆိုတဲ့ Brand မှာတောင် ဓာတ်မတည်မှုများဖြစ်ပေါ်ပါကနီးစပ်ရာဆေးရုံဆေးခန်း
ပြရန်။အသုံးပြုခြင်းကိုရပ်တန့်ရန်။ဒါမျိုးသုံးကိုသုံးပေးရတယ်။

ဘာကြောင့်လဲ 100% ဘယ်လိုမှမဖြစ်နိုင်လို့၊ လူတွေရဲ့ ဇီဝဖြစ်စဥ်ကို ဘယ်ပစ္စည်း၊ဘယ်ပညာရှင်မှအာမခံပေးလို့မရနိုင်လို့ပဲ။အဲ့တော့Supplement တစ်ခုရဲ့အာနိသင်
ကိုအာမခံလား။ဆယ်ရက်တွင်းသိသာမယ်ပြောထားတယ်မသိသာရင်ဘယ်လိုပြန်လုပ်ပေးမလဲ၊ငွေပြန်လျော်
မလားဆို။ယောကျ်ားနဲ့မိန်းမနှစ်ယောက်ကကလေးတစ်ယောက်မွေးထားပြီးယောကျ်ားကနင့်ဗိုက်ထဲမှာမို့နင်နဲ့
ပဲဆိုင်တယ်၊နင်ပဲတာဝန်ယူဆိုပြီးငြင်းချက်ထုတ်သလိုဖြစ်နေတယ်။ Supplement သည်ဗိုက်ထဲဝင်ပြီးသူတစ်ယောက်ထဲလုပ်ဆောင်နေတာမဟုတ်ဘူးမိမိတို့ရဲ့ဆဲလ်တွေနဲ့ပေါင်းစပ်လုပ်ဆောင်နေတာကို တွေးထားရမယ်။ ဉာဏ်ကောင်းပြီးချစ်စရာလေးမွေးလာတော့ငါ့ကလေး။
မသန်စွမ်းလေးဖြစ်လာတော့ နင့်ကြောင့် လက်ညိုးထိုးလို့မရဘူး။

Supplement တစ်ခုကို အာမခံသလားမမေးသင့်ဘူး။
နင်နဲ့ငါနဲ့လက်ထပ်မယ် မျက်လုံးဝိုင်းဝိုင်းအသားဖြူဖြူလေးမွေးပေးဖို့ အာမခံလား ။ချစ်စရာလေးမွေးဖို့အာမ
ခံရမယ်ဆိုတာလိုဖြစ်နေတယ်။မဖြစ်နိုင်ဘူးလားဆိုတော့မဟုတ်ဘူး။100% အာမခံပေးလို့မရဘူး။အာမခံ သုံးလို့ကိုမရတာ။အကောင်းဆုံး ကြိုးစားထားပါတယ်။ဝယ်ယူသုံးစွဲသူတွေအဆင်ပြေစေဖို့ကြိုးစားထုတ်လုပ်ထားပါတယ်။အထက်ပါအာနိသင်​တွေရှိပါတယ်။ethics အရအများကြီးကြိုးစားထားပါတယ်ပဲသုံးခွင့်ရှိတယ်။

Company က ဝယ်ယူသူတွေနဲ့ထပ်တူ၊ပိုတောင်ပိုသေးတယ် သိသာစေချင်တာပေါ့။သိသာမှအဆင်ပြေမှ ထပ်လာဝယ်မယ်၊ကောင်းတယ်ညွှန်းပေးမယ်။ Company ဘက်က ရွေးချယ်ဝယ်ယူသူတွေထက်ပိုပြီး အာနိသင်ရှိစေချင်တာပေါ့။ကောင်းမှ ဝယ်မှ Brand ကအောင်မြင်မှာမဟုတ်လား။ဝယ်သူတွေထက် ရာနှုန်းပြည့် ထက်ကျော်လွန်ပြီး 110 လောက်ကို အာနိသင်ရှိစေချင်တာ။ ဒါပေမယ့် ဘာပဲလုပ်လုပ်ethics ( ကျင့်ဝတ်) နဲ့အညီလုပ်ဆောင်တာသာ မှန်ကန်တဲ့လမ်းကြောင်းပါ။

Personal ဖြစ်စေ Business ဖြစ်စေ ethics မရှိပဲအောင်မြင်လည်း ခဏပဲ။အောင်မြင်မှုကြာရှည်မခံဘူး။
အာမခံပါတယ် ပြောရောင်းခြင်းဟာ ethics ( ကျင့်ဝတ်) နဲ့မညီဘူး။အဲ့တော့ အာမခံပါတယ်ပြောလို့မရဘူး။
အာမ မခံပါဘူးပြောတာလည်းမဟုတ်ဘူး။ကျန်းမာ​ရေး
လုပ်ထုံးလုပ်နည်းနဲ့အညီ အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်။

(4) Side effects Warranty
(ဘေးထွက်ဆိုးကျိုး အာမခံ)

Favourite Collagen သည် ထိုင်းFDA / မြန်မာ FDA ရထားပြီးသားဖြစ်ပါတယ်။HACCP ရှိတဲ့စက်ရုံကထုတ်
လုပ်ထားခြင်းဖြစ်ပါတယ်။စက်ရုံတွေမှာ GMP ထက်မြင့်ပြီး Food Safety ဖြစ်တဲ့ Certificate ဖြစ်ပါတယ်။Side effect ကို ကင်းစေချင်လွန်းလို့ Gluta ပါဝင်ရင် အသားဖြူတာမြန်ပြီးသိသာစေမှန်းသိပေမယ့် ကျန်းမာရေးအားနည်းတဲ့သူတွေသောက်သုံးနိုင်အောင် Collagen သီးသန့်ထုတ်လုပ်ပေးထားပါတယ်။

Glutaသည်မြန်မာနိုင်ငံမှာလူသိများတဲ့ဓာတ်တစ်မျိုးဖြစ်ပြီး Glutaပါဝင်မှအသားဖြူချင်တဲ့သူတွေက Gluta ပါမှ သဘောကျကြတာကြောင့် Marketing အရ စျေးကွက်အနေအထားအရGluta မပါဝင်ခြင်းဟာ Product အတွက် Weak point (အားနည်းချက်) ဖြစ်စေပါတယ်။
Gluta မှ Gluta ဖြစ်နေတဲ့နိုင်ငံမှာ Gluta ရှောင်ခဲ့ခြင်းဟာ စွန့်စားမှုတစ်ခုဖြစ်ခဲ့တယ်။ခုထိ Gluta မပါဝင်လို့ သိသာမှာမဟုတ်ပါဘူးထင်ပြီးမရွေးချယ်တဲ့သူတွေအ
များကြီးရှိနေပါတယ်။

စထုတ်လုပ်ဖို့ စက်ရုံပေါင်းများစွာရွေးချယ်ကတည်းက FDA က ကန့်သတ်ထားတဲ့ပစ္စည်းထည့်ရင် ပိုမြန်မယ်။ပိုသိသာမယ်။ဥပမာ အဆီကျဆေးဆိုလည်း FDA က ကန့်သတ်ထားတဲ့ပမာဏထက်ပိုထည့်ရင်လျောခနဲလျောခနဲကျမှာ။ FDA rule အတိုင်းသွားရင်တော့ ပုံမှန်ပဲ ကုန်​ကြမ်း Quality နဲ့ Formulationပေါ်မူတည်ပြီးအာနိသင်တက်မယ်။ရတယ် မြန်စရာမလိုဘူး။ ကျန်းမာရေးကအဓိက မြန်မြန်ဖြူပြီး ကျန်းမာရေးထိခိုက်ရင် အခေါင်းထဲ ဖြူနေတော့ရော အကျိုးရှိမလား။အခေါင်းထဲမှာ ဝက်ခြံကင်းစင်လှပချောမွေ့၊ဖြူဖွေးဥထွတ်နေလည်း အကျိုးမရှိဘူး။ဆေးရုံ ပေါ် ပိုက်တန်းလန်းနဲ့အလှထွဋ်ခေါင်ဖြစ်နေလည်းအလကားပဲ။လှပမှုသည် ကျန်းမာမှုရှိမှခံစားနိုင်မှာ။ အသက်ရှင်နေမှ လှပမှုကအသုံးဝင်တာ၊ သန်စွမ်းကျန်းမာနေမှ မိမိရဲ့လှပမှုက အားသာချက်ဖြစ်မှာပါ။

ဆေးရုံခုတင်မှာ မိမိရဲ့လှပမှုကိုဂုဏ်ယူခွင့်မရှိဘူး။ မိမိရဲ့လှပမှုကိုဂုဏ်ယူနိုင်ဖို့သန်စွမ်းကျန်းမာနေဖို့လိုအပ်တယ်။ဒါကြောင့် FDA ရဲ့ညွှန်ကြားချက်အတိုင်းကျန်းမာ
ရေးနဲ့အညီထုတ်ပေးပါ။ ကန့်သတ်ချက်တွေကျော်လွန်တာမလိုချင်ဘူး။ကုန်ကြမ်းစျေးကြီးတာသုံးမယ်။
Formulation အတွက် အချိန်အများကြီးအကုန်ခံခဲ့တယ်။အချိန်ကြာရင် ငွေကြေးမြှုပ်နှံမှုကြာတဲ့အတွက်
Risk (အရှုံး) များမှာလည်း ကြိုတွေးပြီး ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့တယ်။အဲ့တော့ Side effect မရှိတာအာမခံတယ်ပေါ့ မေးလာရင်လေ့လာတွေ့ရှိချက်များအရ ဆိုးကျိုး
တစ်စုံတစ်ရာမရှိပါဘူး။အာမခံကတော့ ethics အရသုံး
ခွင့်မရှိပါဘူး။

ကျန်းမာရေးကိုအကျိုးပြုတဲ့အချက်တွေသာ feedback ပြန်ရတာများတယ်။ဥပမာလေးဖက်နာသမားတွေသက်
သာလာတာ၊ဆီးချိုမတက်တာ၊သွေးတိုးသမားတွေအ
ဆင်ပြေနေတာ၊သိုင်းရွိုက်သမားတွေသောက်နေတာအ
ဆင်ပြေတာ၊လိပ်ခေါင်းသမားဝမ်းချုပ်တဲ့သူတွေဝမ်းမှန်
လို့အဆင်ပြေကြတယ်၊အစာအိမ်သမားတွေသောက်တာအဆင်ပြေကြတယ်။

Side effect နဲ့ Allegic ကိုတော့ခွဲခြားသိဖို့လိုအပ်တယ်။
ငါးနဲ့မတည့်တဲ့သူတွေFish collagen သောက်လို့ အဖုအပိန့်ထွက်ရင် ဒါသာ Side effect မဟုတ်ဘူး Allegic ပါ။
အကယ်လို့သောက်ပြီးယားတယ်၊အရေပြားမှာအကွက်တွေထတယ်၊အဖုတွေထွက်တယ်။ဒါဟာ allegic sign ပါ။Favourite collagen ကAllegic ဖြစ်နိုင်ချေလည်း % တော်တော်နည်းပါတယ်။Fish Collagen ကို Premium သုံးပေးထားလို့ပါ။အဆင့်ဆင့်စစ်ပြီးရရှိတဲ့Collagen
ကိုသုံးပေးထားပါတယ်။Allegic sign ပြတယ်ဆို ဆက်မသောက်သင့်ပါဘူး။

အခြားသောဆိုးကျိုးကတော့ Favourite Collagen သောက်ရုံနဲ့မဖြစ်နိုင်ပါဘူး။ မိမိရဲ့နေထိုင်စားသောက်ပုံမှားယွင်းရင်တော့ ဘာမှမသောက်လည်း ခန္ဓာကိုယ် မှာရောဂါဝေဒနာတွေကရှိနိုင်ပါတယ်။အရက်မသောက်ပဲ အသည်းကင်ဆာဖြစ်တာတို့ ဆေးလိပ်၊ကွမ်းယာမစားပဲ ခံတွင်းကင်ဆာဖြစ်တဲ့သူလည်းရှိတတ်တာပဲ။အဲ့တော့မိမိရဲ့ကျန်းမာရေးကိုဂရုစိုက်ကြပါ။ ပစ္စည်းတစ်ခု စိတ်ချ
ရလား၊မရလား ရောင်းသူကိုမေးတာထက် မိမိဘာသာ လေ့လာသင့်ပါတယ်။

ကောင်းလား၊
ဆိုးကျိုးရှိလား၊
သိသာလား ၊

ဘာအဖြေကိုလိုချင်လို့မေးနေတာလဲ?
ကောင်းတယ်၊အရမ်းကောင်းတာ၊ဆိုးကျိုးမရှိပါဘူး၊ သိပ့်ကောင်းတာ၊သိသာတာပေါ့၊ သောက်ကြည့်လိုက် အရမ်းသိသာတာ။အဲ့လိုဖြေပေးစေချင်ကြတယ်။ရောင်းသူကိုမေးမှတော့မကောင်းဘူးဖြေကြပါ့မလားနော်။

ဘယ်ပစ္စည်း ဝယ်ဝယ်
ရောင်းသူကို မမေးသင့်တဲ့ မေးခွန်းတွေရှိတယ်။
ကိုယ်တိုင်လေ့လာရမယ့်အပိုင်းတွေရှိတယ်။ အာနိသင်က Puhlic Post တွေကိုလေ့လာရတယ်။ဘယ်နေ့ရောက်မလဲ၊စျေးနှုန်း၊Delivery ခ ဒါမျိုးကျရောင်းသူကိုမေးသင့်တယ်။

ကောင်းလား၊
အာမခံလားတို့မမေးသင့်ဘူး။
ခုအာမခံလားမေးလို့ စာအရှည်ကြီးဖတ်ရပြီလေ😂
စတာဘာ စတာဘာ 😛အာမခံကိစ္စက စာတိုတိုနဲ့ရှင်းပြလို့မရဘူး။ အဲ့တာကြောင့် အမှန်တော့ တိုတိုတုတ်တုတ် ရှင်းပြမလို့ပဲ။ မင်မင့်ရဲ့ တိုတိုတုတ်တုတ်ကမဟော်သဓာ တရားစီရင်ခန်းနဲ့နင်လားငါလားဖြစ်နေပြီ။
ကဲ ရပ်နားဦးစို့။

Favourite Collagen ကို ဝယ်ယူတဲ့သူတွေ ပိုက်ဆံကုန်ရကျိုးနပ်အောင် အများကြီးကြိုးစားထားပါတယ်။စမ်းကြည့်ကြပါလို့ပြောရင် အာမခံစီရင်ခန်းကို နိဂုံးချုပ်လိုက်ပြီနော်။ တာတာ့😘

( စာအရှည်ကြီးမဖတ်ချင်တဲ့အသဲတို့အတွက်
မင်မင် live ဖို့ ကြိုးစားနေပါတယ်။အချိန်ဖယ်လို့မရဘူးဖြစ်နေလို့ပါကွယ်။)

Address

Thingangyun

Telephone

+959401346312

Website

Alerts

Be the first to know and let us send you an email when Favourite Collagen Thailand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Favourite Collagen Thailand:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram