BP SCORE

BP SCORE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BP SCORE, Medical Center, Thingangyun.

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း🙏🏻မင်္ဂလာပါရှင်၊လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…လာမည့် အောက်တိုဘာလ ၂၀ ရ...
19/10/2025

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း

🙏🏻မင်္ဂလာပါရှင်၊
လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…
လာမည့် အောက်တိုဘာလ ၂၀ ရက် (တနင်္လာနေ့) သည် ဒေဝါလီနေ့ အစိုးရရုံးပိတ်ရက် ဖြစ်ပါသောကြောင့်၊ ကျွန်ုပ်တို့၏ ရုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးလုပ်ငန်းများကို အောက်တိုဘာလ ၂၁ ရက် (အင်္ဂါနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်စတင်မည် ဖြစ်ပါသည်။
ရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စများရှိပါက 09946500500 သို့ ဆက်သွယ်နိုင်ပါသည်။

မိတ်ဟောင်း ၊မိတ်သစ်၊ customer များအားလုံး ဒေဝါလီပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ဒေဝါလီနေ့ #ရုံးပိတ်ရက် #အသက်အရွယ်အလိုက်ရှိသင့်သောသွေးပေါင်ချိန်အတိုင်းအတာများ #သွေးတိုးရောဂါနှင့်နောက်ဆက်တွဲ #ရုတ်တရက်သွေးတိုးခြင်း #ရုတ်တရက်သွေးပေါင်ကျခြင်း

🏮တူယှဉ်နွှဲပျော် သီတင်းကျွတ်ပွဲတော်🏮🙏🏻 05.10.2024 ရက်နေ့ (တနင်္ဂနွေနေ့) မှ 07.10.2024 ရက်နေ့ (အင်္ဂါနေ့) အထိသည် သီတင်းကျ...
04/10/2025

🏮တူယှဉ်နွှဲပျော် သီတင်းကျွတ်ပွဲတော်🏮

🙏🏻 05.10.2024 ရက်နေ့ (တနင်္ဂနွေနေ့) မှ 07.10.2024 ရက်နေ့ (အင်္ဂါနေ့) အထိသည် သီတင်းကျွတ်ရုံးပိတ်ရက်၊ အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် 𝐁𝐏 𝐒𝐜𝐨𝐫𝐞 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
08.10.2024 ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ပုံမှန်အတိုင်းဝန်ဆောင်မှုများဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

🏮ကျက်သရေမင်္ဂလာရှိသောဝါလကင်းလွတ်သီတင်းကျွတ်အခါသမယကို ချစ်ရတဲ့ မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်….။

#သတင်းကျွတ် ရုံးပိတ်ရက် #ဝါလကင်းလွတ်သီတင်းကျွတ် #တယှဉ်နွှပျော် သီတင်းကျွတ်ပွဲတော် #အသက်အရွယ်အလိုက်ရှိသင့်သောသွေးပေါင်ချိန်အတိုင်းအတာများ

🎁 သီတင်းကျွတ်မှာ ဘိုးဘွားမိဘတွေကို ဘာလက်ဆောင်ပေးရမလဲလို စဉ်းစားနေပါသလား ⁉️သီတင်းကျွတ်ကာလ ရောက်ပြီဆိုရင် ဘိုးဘွားမိဘနဲ့ ဆ...
26/09/2025

🎁 သီတင်းကျွတ်မှာ ဘိုးဘွားမိဘတွေကို ဘာလက်ဆောင်ပေးရမလဲလို စဉ်းစားနေပါသလား ⁉️

သီတင်းကျွတ်ကာလ ရောက်ပြီဆိုရင် ဘိုးဘွားမိဘနဲ့ ဆရာသမား လူကြီးသူမတွေကို ကန်တော့ပြီး ကျေးဇူးဆပ်၊ မေတ္တာပိုကြတဲ့ မြန်မာ့ရိုးရာဓလေ့က လှပပါတယ်။ ဒီလိုအချိန်မှာ ပေးတဲ့လက်ဆောင်ကလည်း အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ လက်ဆောင်ဖြစ်ဖိုကလည်း အရေးကြီးပါတယ်။

ဈေးကြီးတဲ့ အဝတ်အထည်တွေ၊ စားစရာတွေ၊ ဒါမှမဟုတ် သာမန်သုံးကုန်ပစ္စည်းတွေအစား၊ ဒီနှစ်သီတင်းကျွတ်မှာတော့ လူကြီးတွေရဲ့ ကျန်းမာရေးကို အမှန်တကယ် ဂရုစိုက်ကြောင်း ပြသနိုင်မယ့် လက်ဆောင်တစ်ခုကို ရွေးချယ်သင့်ပါတယ်။ အဲဒီလက်ဆောင်ကတော့ 𝐁𝐏 𝐒𝐜𝐨𝐫𝐞 သွေးပေါင်ချိန်စက် ပဲ ဖြစ်ပါတယ်။

သွေးပေါင်ချိန်စက်ကို ဘာကြောင့် ရွေးချယ်ပြီး ကန်တော့သင့်တာလဲ?

၁။ အဖိုးမဖြတ်နိုင်တဲ့ "ကျန်းမာရေး စောင့်ရှောက်မှု" လက်ဆောင်

• လူကြီးသူမတွေအတွက် အသက်အရွယ်ရလာတာနဲ့အမျှ သွေးတိုးရောဂါဟာ အလွယ်တကူ ဖြစ်ပွားနိုင်ပြီး အချိန်မီ မသိရှိလိုက်ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ အသက်အန္တရာယ်ရှိတဲ့ ရောဂါကြီးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

• မိမိရဲ့သွေးပေါင်ချိန်ကို အိမ်မှာ အလွယ်တကူ စစ်ဆေးမှတ်သားထားနိုင်စေပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်နင်မယ့် အကောင်းဆုံး လက်နက်ပါပဲ။

• "သွေးပေါင် ပုံမှန်ရှိမှ စိတ်အေးရတယ်" ဆိုတဲ့ ခံစားချက်ကို လက်ဆောင်ပေးလိုက်တာနဲ့ အတူတူပါပဲ။

၂။ အသုံးဝင်မှု အရှိဆုံး လက်ဆောင်

• အခြားလက်ဆောင်တွေလို မဟုတ်ဘဲ၊ သွေးပေါင်ချိန်စက်ဟာ တစ်နှစ်ပတ်လုံး၊ နေ့စဉ်နဲ့အမျှ အမြဲတမ်း အသုံးပြုနေရမှာ ဖြစ်လို ပေးရကျိုးနပ်ပါတယ်။

• သွေးပေါင်ချိန်ကို မှန်မှန်စစ်ဆေးတဲ့ အလေ့အကျင့်ရစေပြီး လူကြီးတွေကို မိမိကျန်းမာရေးကို မိမိကိုယ်တိုင် တာဝန်ယူ စောင့်ရှောက်တတ်စေဖို အားပေးရာလည်း ရောက်ပါတယ်။

၃။ နည်းပညာ အကူအညီနဲ့ အသုံးပြုရ လွယ်ကူခြင်း

• 𝐁𝐏 𝐒𝐜𝐨𝐫𝐞 သွေးပေါင်ချိန်စက် များဟာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ တိကျတဲ့ရလဒ်ကို ဖော်ပြပေးနိုင်ပါတယ်။

•𝐁𝐏 𝐒𝐜𝐨𝐫𝐞 ရဲ့ စက်တွေမှာဆိုရင် မျက်နှာပြင်ကျယ်ပြီး ဂဏန်းတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေတဲ့အပြင်၊ ယခင်တိုင်းတာမှု မှတ်တမ်းများကိုပါ မှတ်ထားပေးနိုင်သလို မြန်မာအသံထွက်လဲ ပါဝင်လို လူကြီးတွေအတွက် အထူးသင့်လျော်ပါတယ်။

🎁 ဒါကြောင့် သီတင်းကျွတ်မှာ ချစ်ရသူတိုရဲ့ ကျန်းမာရေးကို နေ့တိုင်း စောင့်ရှောက်ပေးမယ့် "𝐁𝐏 𝐒𝐜𝐨𝐫𝐞" ရဲ့ သွေးပေါင်ချိန်စက်ကို လက်ဆောင်ပေးလိုက်ပါ!

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဆိုရင် အရသာမရှိဘူးလို ထင်နေတာလား❓တကယ်တော့ သွေးတိုးကျစေဖိုအတွက် ဆိုဒီယမ်ဓာတ်နည်းပြီး...
13/09/2025

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဆိုရင် အရသာမရှိဘူးလို ထင်နေတာလား❓တကယ်တော့ သွေးတိုးကျစေဖိုအတွက် ဆိုဒီယမ်ဓာတ်နည်းပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေက ကျွန်တော်တို့ မြန်မာတွေရဲ့ ပါးစပ်နဲ့ ကိုက်ညီမှု ရှိမနေပြန်ပါဘူး။
ဒါကြောင့် အရသာလည်းရှိရမယ်၊ မြန်မာအကြိုက်လဲ ဖြစ်ရမယ်၊ ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိစေမယ့်
မြန်မာ့ရိုးရာအစားအစာတွေကို ပြောပြပေးပါမယ်နော်….။

🛑 သွေးတိုးမတက်စေတဲ့ အသုပ်စုံများ
မြန်မာ့အစားအစာထဲမှာ အသုပ်တွေက လူကြိုက်များပါတယ်။ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေနဲ့ သုပ်ထားတဲ့အတွက် ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။

✅ ပဲသုပ်၊ လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ သခွားသီးသုပ်: ဒီအသုပ်တွေမှာ ပါဝင်တဲ့ ပဲနဲ့ ဟင်းသီးဟင်းရွက်တွေက ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာပါဝင်ပြီး သွေးတိုးကို ထိန်းချုပ်ပေးနိုင်ပါတယ်။

🔸ပြင်ဆင်နည်း: အသုပ်တွေကို သုပ်တဲ့အခါ ဆား၊ ငါးငံပြာရည် လျှော့သုံးပြီး သံပရာရည်၊ ပဲဆီ၊ မြေပဲလှော်တိုနဲ့ အရသာဖြည့်စွက်နိုင်ပါတယ်။ ပုစွန်ခြောက်အစား ပဲကြော်၊ မြေပဲဆံလိုမျိုး အဆာပလာတွေ အစားထိုးနိုင်ပါတယ်။

🛑 ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းချိုနဲ့ အသီးအရွက်ဟင်းများ
ဟင်းချိုနဲ့ အသီးအရွက်ဟင်းတွေကလည်း သွေးတိုးရှိသူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။

✅ အသီးအရွက်ဟင်းချို: ပုံမှန်ဟင်းချိုထဲမှာ ပါဝင်တဲ့ အသားတွေအစား မှို ၊ ကန်စွန်းရွက်၊ ဗူးသီး၊ ခဝဲသီး စတဲ့ အရွက်တွေကို ထည့်ပြီး ချက်စားနိုင်ပါတယ်။

🔸ငါးဖယ်/ပဲကြာဆံဟင်း: ငါးဖယ်နဲ့ ပဲကြာဆံဟင်းလို ဟင်းရည်တွေက အရသာရှိပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ အသားအစား ငါးဖယ်၊ ငါးအသားလွှာတွေ ထည့်သွင်းပေးနိုင်ပါတယ်။

🔸ကြက်သား၊ ငါးဟင်းလျာများ: ကြက်သားကို အဆီမပါတဲ့အပိုင်း ရွေးချယ်ပြီး ဆီအနည်းငယ်နဲ့ ချက်စားနိုင်ပါတယ်။ ငါးကိုလည်း ပေါင်းပြီးဖြစ်စေ၊ ဟင်းချိုချက်ပြီးဖြစ်စေ စားသုံးနိုင်ပါတယ်။

🚫သိထားသင့်တဲ့အချက်: ဟင်းချက်တဲ့အခါ အချိုမှုန့်၊ ဆီ၊ ဆား၊ ငါးငံပြာရည် စတာတွေကို လျှော့သုံးတာက အရေးကြီးပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်း စတာတွေကို ပိုမိုအသုံးပြုပေးခြင်းဖြင့် အရသာကို ထူးခြားအောင် ဖန်တီးနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဟာ အရသာမရှိဘူးဆိုတဲ့ အယူအဆကို ပြောင်းလဲပစ်ဖို အချိန်တန်ပါပြီ။ အစားအသောက်ကို ဂရုစိုက်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို ကာကွယ်နိုင်ပါတယ်။

သင်အကြိုက်ဆုံး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းပွဲက ဘာလဲ❔ Comment မှာ ဝင်ရောက် ဖြေဆိုပေးသွားကြပါဦးနော်…။

🚨 ဒီလိုမျိုး ဗဟုသုတ အကြောင်းအရာတွေ ၊ ပညာပေး အစီအစဉ်တွေကို တင်ဆက်ပေးသွားမယ့် BP Score ရဲ့ Page လေးကိုလည်း Like & Follow လုပ်ပေးခဲ့ပါဦးနော်..။

#သွေးတိုးရောဂါနှင့်နောက်ဆက်တွဲ #ရုတ်တရက်သွေးပေါင်ကျခြင်း #ရုတ်တရက်သွေးတိုးခြင်း #အသက်အရွယ်အလိုက်ရှိသင့်သောသွေးပေါင်ချိန်အတိုင်းအတာများ

🧑‍⚕️သွေးတိုးအကြောင်း လူသိနည်းတဲ့ အယူအဆမှားများ…သွေးတိုးရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပေမဲ့...
08/09/2025

🧑‍⚕️သွေးတိုးအကြောင်း လူသိနည်းတဲ့ အယူအဆမှားများ…
သွေးတိုးရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပေမဲ့ သူ့အကြောင်းကို မှားယွင်းစွာသိရှိနေကြတာတွေ အများကြီးရှိပါတယ်။ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဒီရောဂါအကြောင်းကို အမှန်အတိုင်းသိရှိထားဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာတော့ သွေးတိုး နဲ့ပတ်သက်ပြီး လူအများဆုံး မှားတတ်တဲ့ အယူအဆ တွေကို ဖြေရှင်းပေးသွားပါမယ်။
1️⃣ “အသက်ကြီးမှသာ သွေးတိုးဖြစ်တတ်တယ်”
🔺ဒီအယူအဆက လုံးဝမှားပါတယ်။ အသက်ကြီးသူတွေမှာ သွေးတိုးဖြစ်နိုင်ခြေ ပိုများတာ မှန်ပေမဲ့ အသက်ငယ်ရွယ်သူတွေ၊ ဆယ်ကျော်သက်တွေနဲ့ ကလေးတွေမှာတောင် သွေးတိုးဖြစ်နိုင်ပါတယ်။ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်များတာ၊ အဆီဓာတ်နဲ့ ဆားဓာတ်များတဲ့ အစားအသောက်တွေ စားသုံးတာတွေကြောင့် အသက်ငယ်ငယ်နဲ့လည်း သွေးတိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်မရွေး သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။
2️⃣ “သွေးတိုးရှိရင် ခေါင်းမူး၊ ဇက်ကြောတက်တတ်တယ်”
🔺ဒီလိုခံစားရတိုင်း သွေးတိုးနေပြီလို့ ယူဆလို့မရပါဘူး။ သွေးတိုးရောဂါရဲ့ အန္တရာယ်အရှိဆုံးအချက်ကတော့ လက္ခဏာမပြတတ်တာ ပါပဲ။ လူနာအများစုဟာ သွေးပေါင်ချိန် အရမ်းများနေရင်တောင် ဘာလက္ခဏာမှ မပြတတ်ကြပါဘူး။ ဒါကြောင့် သွေးတိုးကို "တိတ်တဆိတ် လူသ-တ်သမား " (Silent Killer) လို့တောင် ခေါ်ကြတာပါ။ တကယ်လို့ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ ဖြစ်ပြီဆိုရင်တောင် အတိအကျသိရဖို့အတွက် သွေးပေါင်ချိန် တိုင်းတာကြည့်ဖို့ လိုအပ်ပါတယ်။
3️⃣ “သွေးပေါင်ကျဆေး သောက်နေရရင် ရပ်လို့မရတော့ဘူး”
🔺ဒီအချက်က အမှန်တစ်ဝက်၊ အမှားတစ်ဝက်ပါ။ သွေးတိုးကျဆေးကို ဘဝတစ်လျှောက်လုံး သောက်ရတတ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း စနစ်တကျ သောက်သုံးပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်မယ်၊ အစားအသောက် ဆင်ခြင်မယ်ဆိုရင် ဆေးပမာဏ လျှော့ချလို့ရနိုင်သလို အခြေအနေကောင်းလာရင် ဆေးရပ်နားလို့လည်း ရနိုင်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်လိုက်တာမျိုးကတော့ အလွန်အန္တရာယ်များပါတယ်။
4️⃣ “သွေးတိုးရှိရင် ဆားလျှော့စားရုံနဲ့ ရပြီ”
🔺ဆားလျှော့စားတာက သွေးတိုးကို ထိန်းချုပ်ရာမှာ အလွန်အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆားတစ်ခုတည်းကြောင့် ဖြစ်ရတာမျိုးတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ စိတ်ဖိစီးမှုများတာ၊ အစားအသောက်ပုံစံ မမှန်တာ၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်တာ စတဲ့ အချက်တွေကလည်း သွေးတိုးကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆားလျှော့စားရုံတင်မကဘဲ ဘဝနေထိုင်မှုပုံစံကိုပါ ပြောင်းလဲဖို့ လိုအပ်ပါတယ်။
အထက်ပါအယူအဆမှားတွေကို သိရှိထားခြင်းဖြင့် သွေးတိုးရောဂါကို ပိုမိုမှန်ကန်စွာ ကာကွယ်၊ ကုသနိုင်မှာ ဖြစ်ပါတယ်။
သင်သိထားတဲ့ တခြားအယူအဆမှားတွေရော ရှိသေးလား?
Comment မှာ မန့်ပေးခဲ့ကြပါဦးနော်…။

#ကျန်းမာရေးစစ်ဆေးခြင်း #မနက်ခင်းမှာစစ်လိုက်ပါ -109-99 #‌သွေးတိုးရောဂါ #သွေးပေါင်ချိန်စက် #119 #ကျန်းမာရေး #အိမ်မှာ

⏳ နေ့စဉ်ဘဝမှာ အလေ့အကျင့်ကောင်းလေးတွေ ဖန်တီးပြီး သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ပါတယ်….။ ⬇️ အောက်မှာ ဖော်ပြထားတဲ့ ရိုးရှ...
05/09/2025

⏳ နေ့စဉ်ဘဝမှာ အလေ့အကျင့်ကောင်းလေးတွေ ဖန်တီးပြီး သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ပါတယ်….။

⬇️ အောက်မှာ ဖော်ပြထားတဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေကို နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးမယ်ဆိုရင် သွေးတိုးကျစေဖို အထောက်အကူပြုမှာပါ။

⭕️ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးပါ

သင့်တစ်နေ့တာ အစားအသောက်တွေထဲမှာ အသီးအရွက်နဲ့ အသီးအနှံတွေကို များများထည့်စားပါ။ အသီးအနှံတွေမှာ ပိုတက်ဆီယမ် (potassium) ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။ ဆားကိုလည်း လျှော့စားဖို အရေးကြီးပါတယ်။ အသင့်စား အစားအစာတွေနဲ့ အချိုရည်တွေမှာလည်း ဆားဓာတ်နဲ့ သကြားဓာတ်တွေ များပြားတာကြောင့် တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

⭕️ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ ဒါမှမဟုတ် ရေကူးတာလိုမျိုး လေ့ကျင့်ခန်းမျိုးကို လုပ်ပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို လျှော့ချပေးနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန်လမ်းလျှောက်ပေးတာကနေ စတင်နိုင်ပါတယ်။

⭕️ စိတ်ဖိစီးမှုကို ထိရောက်စွာ စီမံခန့်ခွဲပါ

စိတ်ဖိစီးမှု များနေချိန်မှာ သွေးဖိအားက မြင့်တက်လာတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချဖို နည်းလမ်းတွေ ရှာဖွေသင့်ပါတယ်။ တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ သီချင်း နားထောင်တာ ဒါမှမဟုတ် ဝါသနာပါရာတစ်ခုခုကို လုပ်ဆောင်တာမျိုးတွေက စိတ်ကို ငြိမ်သက်အေးချမ်းစေပြီး သွေးတိုးကို ထိန်းပေးနိုင်ပါတယ်။

⭕️ အိပ်ရေးဝဝအိပ်ပါ

အိပ်စက်မှုက ခန္ဓာကိုယ်နဲ့ စိတ်ကို ပြန်လည်လန်းဆန်းစေပြီး သွေးဖိအားကိုလည်း ထိန်းပေးပါတယ်။ ညဘက်ဆိုရင် အိပ်ချိန်ဟာ ပုံမှန် ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်သင့်ပါတယ်။ အိပ်ရေးမဝတာက သွေးတိုးနဲ့ ဆက်စပ်နေနိုင်တာကြောင့် အိပ်ချိန်ကို အလေးထားဖို လိုအပ်ပါတယ်။

ဒီအကြံပြုချက်တွေထဲက ဘယ်ဟာကို သင် အရင်ဆုံး စလုပ်ကြည့်မလဲ? ဆိုတာ Comment မှာ မှတ်ချက် ပေးသွားကြပါဦးနော်။

#မနက်ခင်းမှာစစ်လိုက်ပါ #သွေးပေါင်ချိန်စက် #ကျန်းမာရေး #119 #‌သွေးတိုးရောဂါ -109-99 #ကျန်းမာရေးစစ်ဆေးခြင်း

🏥 ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာပဲ သွေးပေါင်ချိန်တိုင်းတာခြင်းရဲ့ အားသာချက်များ! 👩‍⚕️သွေးတိုး/သွေးကျ ရှိသူတွေအတွက် သွေးပေါ...
25/07/2025

🏥 ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာပဲ သွေးပေါင်ချိန်တိုင်းတာခြင်းရဲ့ အားသာချက်များ! 👩‍⚕️

သွေးတိုး/သွေးကျ ရှိသူတွေအတွက် သွေးပေါင်ချိန်ကို ပုံမှန်စောင့်ကြည့်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ ဆေးခန်းသွားပြီးတိုင်းတာရတာက အချိန်ကုန်သလို အလုပ်ရှုပ်တယ်လို့ ခံစားရဖူးလား။ ဒါဆိုရင် အိမ်မှာပဲ မိမိဘာသာ သွေးပေါင်ချိန်တိုင်းတာခြင်းက ဘယ်လိုကောင်းကျိုးတွေ ပေးလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

🔹 အိမ်မှာတိုင်းတာခြင်းက ပိုလွယ်ပြီး ပိုအဆင်ပြေပါတယ်!
ဆေးခန်းမှာဆိုရင် ဖွင့်ချိန်ပိတ်ချိန်ရှိသလို တန်းစီစောင့်ရတာမျိုးတွေနဲ့ အချိန်ကုန်တတ်ပါတယ်။ အိမ်မှာဆိုရင်တော့ ကိုယ်အားတဲ့အချိန်၊ ကိုယ်လိုတဲ့အချိန်တိုင်း စိတ်ကြိုက်တိုင်းတာနိုင်တာပေါ့။

🔹 ကိုယ်ပိုင်လွတ်လပ်မှုအပြည့်နဲ့ စိတ်အေးလက်အေး တိုင်းတာနိုင်ပါတယ်!
ဆေးခန်းလို လူများတဲ့နေရာမျိုးမှာ တိုင်းတာတာထက် ကိုယ့်အိမ်မှာ စိတ်အေးလက်အေး၊ သက်တောင့်သက်သာ တိုင်းတာရတာက ပိုပြီးလွတ်လပ်မှုရှိပါတယ်။

🔹 ငွေကုန်ကြေးကျ လည်း သက်သာစေပါတယ်!
တစ်ခါပဲ သွေးပေါင်ချိန်တိုင်းစက်ဝယ်ထားရုံနဲ့ ရေရှည်အတွက် ဆေးခန်းသွားစရိတ်တွေ၊ ကားခတွေ သက်သာစေပါတယ်။

🔹 "White-coat" သွေးတိုးကို ရှောင်ရှားနိုင်ပါတယ်!
တစ်ချို့သူတွေက ဆေးခန်းရောက်ရင် စိတ်လှုပ်ရှားပြီး သွေးပေါင်ချိန်တက် တတ်ကြပါတယ်။ ဒါကို "White-coat hypertension" လို့ ခေါ်ပါတယ်။ အိမ်မှာ စိတ်ဖိစီးမှုမရှိဘဲ တိုင်းတာတဲ့အခါ ပိုပြီးတိကျတဲ့ သွေးပေါင်ချိန်ကို သိနိုင်ပါတယ်။

🔹 သွေးပေါင်ချိန်အတက်အကျကို တိတိကျကျ သိနိုင်ပါတယ်!
နေ့စဉ်ပုံမှန် အိမ်မှာတိုင်းတာခြင်းအားဖြင့် ကိုယ့်ရဲ့သွေးပေါင်ချိန် ဘယ်လိုအတက်အကျရှိလဲဆိုတာကို အမှန်အတိုင်း သိနိုင်ပြီး လိုအပ်တဲ့ ကျန်းမာရေးစီမံခန့်ခွဲမှုကို ပိုကောင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အိမ်မှာပဲ သွေးပေါင်ချိန်တိုင်းတာခြင်းက သင့်အတွက် အချိန်ကုန်သက်သာစေရုံသာမက စိတ်ကို လွတ်လပ်စေပြီး ပိုပြီးတိကျတဲ့ ရလဒ်တွေကိုလည်း ပေးစွမ်းနိုင်တာကို တွေ့ရမှာပါ။

ဒါဆို သင်ရော...
အိမ်မှာပဲ သွေးပေါင်ချိန်တိုင်းတာကို ပိုသဘောကျလား? ကွန်မန့်မှာ ပြောပြခဲ့ဦးနော်!

#အိမ်မှာ သွေးပေါင်ချိန်ခြင်း Vs ဆေးခန်းမှာ သွေးပေါင်ချိန်ခြင်း #ကျန်းမာရေး #119 #သွေးပေါင်ချိန်စက် #ကျန်းမာရေးစစ်ဆေးခြင်း #မနက်ခင်းမှာစစ်လိုက်ပါ #‌သွေးတိုးရောဂါ -109-99

အာဇာနည်‌နေ့ ရုံးပိတ်ရက် ကြေညာခြင်း~~~~~~~~~~~~~~~~~~~~~~~~~~~~~~~𝐁𝐏 𝐒𝐜𝐨𝐫𝐞 အား အစဉ်တစိုက် အားပေးလာကြသော မိတ်ဟောင်း မိတ်သစ...
19/07/2025

အာဇာနည်‌နေ့ ရုံးပိတ်ရက် ကြေညာခြင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

𝐁𝐏 𝐒𝐜𝐨𝐫𝐞 အား အစဉ်တစိုက် အားပေးလာကြသော မိတ်ဟောင်း မိတ်သစ်များ ခင်ဗျာ
၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ (စနေနေ့) သည် ◤အာဇာနည်‌နေ့◢ ဖြစ်တဲ့အတွက် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ရုံးချုပ်နှင့် ရုံးခွဲများ အားလုံး ပိတ်ထားမည် ဖြစ်ပြီး ပစ္စည်းပို့ဆောင်ခြင်း ၊ ငွေကောက်ခံခြင်း ၊ စာပြန်ခြင်း ဝန်ဆောင်မှုများ ခေတ္တ ရပ်နားထားမည်ဖြစ်ကြောင်း ကြိုတင် အသိပေး ကြေညာအပ်ပါသည်။

#အာဇာနည်နေ့ #ရုံးပိတ်ရက် #ဗိုလ်ချုပ်အောင်ဆန်း #သွေးပေါင်ချိန်စက် #ကျန်းမာရေး #အစးရရုံးပိတ်ရက် #ကျန်းမာရေးစစ်ဆေးခြင်း #ဗုဒ္ဓနေ့ #119 -109-99

Address

Thingangyun

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959946500500

Website

Alerts

Be the first to know and let us send you an email when BP SCORE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to BP SCORE:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category