JUE USA Vitamins Store

JUE USA Vitamins Store Direct from USA vitamins and supplments for kids, teenager, adults,men and women under 50 and above 50

22/10/2025

ကိုယ်တွင်း အင်္ဂါများရဲ့
အမုန်းဆုံး အစားအစာများ
၁)နှလုံး- အာလူးကြော် (Ready made)
လပ်လပ်ဆတ်ဆတ် အာလူးပြုတ်ကြော် စားသုံးခြင်းက ကျန်းမာရေးကောင်းပါတယ်

ဦးနှောက်-သကြားဓါတ်များသော အချိုရည်များ
ဦးနှောက်က သကြား အလွန်အကျွံစားခြင်းကို
အကြောက်ဆုံးပါ

အဆုတ်- ဆီနှစ်အောင်ကြော်ထားသော အကြော်များ ဆီပြန်ဟင်းများ မီးခိုးငွေ့များ

အသည်း- သကြား ဆိုဒါများ အရက် အလွန်အကျွံသောက်ခြင်းကို ကြောက်ရွံ့ပါတယ်


အရိုးများ- ကိုလာကဲ့သို့ အချိုရည်များ

ကျောက်ကပ်- ခေါက်ဆွဲခြောက်ကဲ့သို့ ပြုပြင်ထားသောအစားအစာများ

အစာအိမ်- အစပ် လိုအပ်သည်ထက်ပိုစားခြင်း
အစာစားမြန်ခြင်း (ငရုတ်သီးဆိုတာ ဝင်သွားချိန် ပါးစပ်က ၁၀% ပူတယ်ဆိုရင်
ထွက်သွားတဲ့ အချိန် စအို နဲ့ အစာအိမ်ထဲ့ ၂၀% ပူပါတယ် )

မျက်လုံးများ- အချိုစားခြင်းကိုကြောက်ရွံ့ပြီး
ဖုန်း ကွန်ပြူတာ အချိန်များစွာကြည့်တာ ကြောက်ပါတယ်

အိပ်စက်ခြင်း- ညနေဖက် ကော်ဖီသောက်တာကြောက်ပါတယ်

အစာခြေလမ်းကြောင်း- ထုပ်ပိုးထားသော သစ်သီးဖျော်ရည် (Ready made)
အိမ်မှ အသီးကို သကြားမပါ ဖျော်သောက်မယ်ဆိုရင် အစာခြေ လမ်းကြောင်းအတွက် အကောင်းဆုံးပါ

ဗဟုသုတတစ်ခုတိုးပွားပါစေ
ချစ်တဲ့ကေခိုင်

USA ကနေ တစ်ပုံးနှစ်ပုံးပါလာလို့ 1ဘူး 2ဘူးစီ ရောင်းပေးပါ့မယ် လက်ကားမရပါနော်Lil Critter Fiber well gummy ဘူးကြီး အလုံး 180...
18/10/2025

USA ကနေ တစ်ပုံးနှစ်ပုံးပါလာလို့ 1ဘူး 2ဘူးစီ ရောင်းပေးပါ့မယ်
လက်ကားမရပါနော်
Lil Critter Fiber well gummy ဘူးကြီး အလုံး 180 ပါ
Exp fresh date 10-2026
Price -198500
ချန်မပေးပါဘူးနော်

09795798834
09954428834
09694086688
Deli နဲ့ ပို့ပေးပါိတယ်
ငွေလွှဲထားပြီးPick up ယူချင်ရင် ‌ဆိုင်မှာဝန်ထမ်းလေးကိုမှာထားပေးပါတယ်

17/10/2025

Dictionary တွေထဲမှာ ပါလာတဲ့
English စကားလုံး အသစ်လေးတွေ ပြောပြပါရစေ။

delulu အင်မတန်အယုံလွယ်သော
adj အနေနဲ့ သုံးပါတယ် ဒလူလူ လို့ အသံထွက်ပြီး
ခေတ်သစ်အသုံးတစ်ခုပါ။ Social media မှာ တွေ့သမျှ အကုန်ယုံနေရင် You are so delulu!

skibidi ကတော့ slang တစ်ခုပါ အရမ်းမိုက်တယ် ကောင်းတယ် cool ! awesome! ဆိုတာမျိုးပါ။

tradwife ကတော့ traditional wife ဆိုတဲ့ social media usage တစ်ခုပါ။ အိမ်မှုကိစ္စထိန်းသိမ်းနိုင်နင်း သားသမီးပြုစုစောင့်ရှောက်မှုကောင်းမွန်တဲ့ အိမ်ထောင်ရှင်မပါ။

bed rotting ကတော့ အိမ်ယာထဲမှာ မအိပ်ဘဲ လဲလျောင်းနေတာ အချိန်ဆွဲနေတာ ပျင်းနေတာ ဖုန်းကြည့်နေတာ အချိန်ဖြုန်းနေတာမျိုးကို ဆိုလိုပါတယ်။

girl dinner ကတော့ dinner ကို simple things လေးတွေပဲစားသောက်တာမျိုးပါ။
ပေါ့ပေါ့ပါးပါး dinner စားလိုက်တာမျိုးပါ။

blursday ဆိုတာကတော့ ဘယ်နေ့မှန်းကို မသိတော့ပါဘူးလို့ပြောသလိုပါ။ Covid ကာလတုန်းကလို နေ့ရက်မျိုးတွေပါ တစ်ရက်နဲ့တစ်ရက် ဘာမှန်းကို မသိတော့ဘူးလို့ ဆိုသလိုပါဘဲ။

mid ဆိုတာလေးကတော့ slang အသုံးလေးပါ။
mediocre သာမာန် ရွက်ကြမ်းရေချို လောက်ပါပဲလို့ သုံးတာပါ။ The movie was okay, but honestly it was mid.



Credit

Please viberViber 09954428834Ph 09795798834Hotline 09694086688
16/10/2025

Please viber
Viber 09954428834
Ph 09795798834
Hotline 09694086688

Centrum ပစ္စည်းနည်းနည်းဝင်ထားပါတယ် 325 လုံး exp 2027Price 275000 ကျပ်ပစ္စည်းလေးတွေအရမ်းရှားနေတာမို့ ချန်ထားပေးလို့မရပါဘူ...
05/10/2025

Centrum ပစ္စည်းနည်းနည်းဝင်ထားပါတယ်
325 လုံး exp 2027
Price 275000 ကျပ်
ပစ္စည်းလေးတွေအရမ်းရှားနေတာမို့ ချန်ထားပေးလို့မရပါဘူးရှင် ဘူး 20 ပဲ ရပါတယ်

28/09/2025

G6PD ရှိသူတွေနဲ့ မသင့်တဲ့ဆေးဝါးစာရင်း
စာတွေကဖတ်လို့မရဘူးဆရာ unicode မပြောင်းထား(ပြောင်းမထား)လို့လားမသိဘူး။
ဟုတ်တယ်။ အကုန် အသစ်ပြန်ရေးထာရတယ်။
ဒီဆေးစာရင်းဟာ Low-risk Drugs for G6PD အန္တရာယ်နည်းနည်းသာရှိတဲ့ဆေးတွေဖြစ်တယ်။ ဆိုလိုတာက လိုအပ်ချက်ကပိုရင် ဆေးအဆနဲ့အညီသုံးနိုင်တယ်။
1. Acetaminophen (paracetamol, Tylenol, Tralgon, hydroxyacetanilide) ပါရာစီတမော။
2. Acetophenetidin (phenacetin) အနာအကိုက်သက်သာဆေး။
3. Aminopyrine (Pyramidon, amidopyrine) အဖျား-အနာသက်သာဆေး။
4. Antazoline (Antistine) နှလုံးခုန်မမှန်သူတွေကိုပေးတဲ့ဆေး။
5. Antipyrine အနာ-အရောင်သက်သာဆေး။
6. Ascorbic acid (vitamin C) ဗီတာမင် (စီ)
7. Benzhexol (Artane) ပါကင်ဆန်ရောဂါဆေး။
8. Chlorguanidine (Proguanil, Paludrine)
9. Chloroquine ငှက်ဖျားဆေး။
10. Colchicine အနာ-အရောင်သက်သာဆေး။
11. Diphenhydramine (Benadryl) ဘာမီတွန်လိုဆေး။
12. Isoniazid တီဘီဆေး။
13. Menadione sodium bisulfite (Hykinone)
14. Phenylbutazone အနာသက်သာဆေး။
15. Phenytoin တက်သက်သာဆေး။
16. Probenecid (Benemid) ဂေါရောဂါဆေး။
17. Procain amide hydrochlonde (Pronestyl)
18. Pyrimethamine (Daraprim) ငှက်ဖျားဆေး။
19. Quinidine နှလုံးရောဂါဆေး။
20. Quinine ငှက်ဖျားဆေး။
21. Streptomycin တီဘီထိုးဆေး။
22. Sulfacytine ဆာလ်ဖါဆေး။
23. Sulfadiazine ဆာလ်ဖါဆေး။
24. Sulfaguanidine ဆာလ်ဖါဆေး။
25. Sulfamerazine ဆာလ်ဖါဆေး။
26. Sulfamethoxypyridazine (Kynex) ဆာလ်ဖါဆေး။
27. Sulfisoxazole (Gantrisin) ဆာလ်ဖါဆေး။
28. Trimethoprim ဆက်ပတွန်မှာပါတဲ့ဆေး။
29. Tripelennamine (pyribenzamine) အင်တီဟစ်တမင်းဆေး။
30. Vitamin K ဗီတာမင် (ကေ)။
G6PD ရှိသူတွေ မသင့်တဲ့ဆေးဝါးစာရင်း
Anthelmintics
• ß-Naphthol
• Niridazole
• Stibophen
Antibiotics
• Nitrofurans
- Nitrofurantoin
- Nitrofurazone
• Quinolones
- Ciprofloxacin
- Moxifloxacin
- Nalidixic acid
- Norfloxacin
- Ofloxacin
• Chloramphenicol
• Sulfonamides
- Co-trimoxazole (Sulfamethoxazole + Trimethoprim)
- Sulfacetamide
- Sulfadiazine
- Sulfadimidine
- Sulfamethoxazole
- Sulfanilamide
- Sulfapyridine
- Sulfasalazine (Salazosulfapyridine)
- Sulfisoxazole (Sulfafurazole)
• Furazolidone
• Streptomycin
• Sulfonamides
- Sulfacytine
- Sulfaguanidine
- Sulfamerazine
- Sulfamethoxypyridazole
Antimalarials
• Chloroquine & derivatives
• Proguanil
• Pyrimethamine
• Quinidine
• Quinine
Antimethemoglobinaemic Agents
• Methylene blue
Antimycobacterials
• Dapsone
• Para-aminosalicylic acid
• Sulfones
- Aldesulfone sodium (Sulfoxone)
- Glucosulfone
- Thiazosulfone
Antineoplastic Adjuncts
• Doxorubicin
• Rasburicase
Genitourinary Analgesics
• Phenazopyridine (Pyridium)
Analgesics
• Acetylsalicylic acid (Aspirin)
• Acetanilide
• Paracetamol (Acetaminophen)
• Aminophenazone (Aminopyrine)
• Dipyrone (Metamizole)
• Phenacetin
• Phenazone (Antipyrine)
• Phenylbutazone
• Tiaprofenic acid
Anticonvulsants
• Phenytoin
Antidiabetics
• Glibenclamide
Antidotes
• Dimercaprol (BAL)
Antihistamines
• Antazoline (Antistine)
• Diphenhydramine
• Tripelennamine
Antihypertensives
• Hydralazine
• Methyldopa
Antimycobacterials
• Isoniazid
Antiparkinsonism Agents
• Trihexyphenidyl (Benzhexol)
Cardiovascular Drugs
• Dopamine (L-dopa)
• Procainamide
• Quinidine
Diagnostic Agent for Cancer Detection
• Toluidine blue
Gout Preparations
• Colchicine
• Probenecid
Hormonal Contraceptives
• Mestranol
Nitrates
• Isobutyl nitrite
Vitamins
• Ascorbic acid (Vit C) (rare)
Vitamin K Substance
• Menadiol Na sulfate
• Menadione
• Menadione Na bisulfite
• Phytomenadione
Others
• Arsine
• Berberine (in Coptis chinensis)
• Fava beans
• Naphthalene (in mothballs)
• Para-aminobenzoic acid
• Acetylphenylhydrazine
• Phenylhydrazine
G6PD မွေးရာပါရောဂါ https://dr-tint-swe.blogspot.com/2022/03/g6pd.html
G6PD Low-risk Drugs မွေးရာပါချို့ယွင်းချက်နဲ့ ဆေး https://dr-tint-swe.blogspot.com/2021/07/g6pd-low-risk-drugs.html
G6PD and Blood groups နဲ့ သွေးအုပ်စု http://doctortintswe.blogspot.com/2015/06/g6pd-and-blood-groups.html
Chances of passing G6PD on to kids https://dr-tint-swe.blogspot.com/2025/09/chances-of-passing-g6pd-on-to-kids.html
G6PD မွေးရာပါရောဂါ အမေး-အဖြေ https://dr-tint-swe.blogspot.com/2021/05/g6pd.html
Albendazole syrup and G6PD သန်ချဆေး https://dr-tint-swe.blogspot.com/2025/08/albendazole-syrup-and-g6pd.html
Cephalexin and G6PD ဆေးနှင့် သင့် မသင့် https://dr-tint-swe.blogspot.com/2023/07/cephalexin-and-g6pd.html
ဒေါက်တာတင့်ဆွေ

Ensure ရောက်ပါပြီ instock 79500 ကျပ်ဖာလိုက်ဈေး အများဈေး ရပါတယ် 097957988340995442883409694086688
28/09/2025

Ensure ရောက်ပါပြီ instock 79500 ကျပ်
ဖာလိုက်ဈေး အများဈေး ရပါတယ်
09795798834
09954428834
09694086688

လူငယ်တွေပါဖြစ်လာတဲ့ ခါးနာအခုနောက်ပိုင်းမှာ လူငယ်တွေပါ ခါးနာအဖြစ်များလာတယ်။ မြို့ပြလူနေမှုရဲ့ ဆိုးကျိုးလို့ ဆိုရပါမယ်။ အလ...
26/09/2025

လူငယ်တွေပါဖြစ်လာတဲ့ ခါးနာ

အခုနောက်ပိုင်းမှာ လူငယ်တွေပါ ခါးနာအဖြစ်များလာတယ်။ မြို့ပြလူနေမှုရဲ့ ဆိုးကျိုးလို့ ဆိုရပါမယ်။ အလေးအပင်မတာ၊ အဝလွန်တာ၊ ထိုင်ချိန်များပြီး လှုပ်ရှားချိန်နည်းတာ၊ မမှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ အနေများတာ၊ ဆေးလိပ်သောက်တာတို့ကြောင့် ပိုဖြစ်နိုင်တယ်။ အရင်က အသက်တော်တော်ရမှ ဖြစ်ကြပေမယ့် အခုနောက်ပိုင်း အသက် ၂၅ ဝန်းကျင်ကနေစပြီး ခါးနာနေတတ်ကြပြီ။ ကျနော်ဆိုလည်း ၂၅ လောက်ဝန်းကျင် အလုပ်လုပ်နေရင်း ခါးနာလို့ အိပ်ရာထဲ လဲနေခဲ့ရဖူးတယ်။

အဖြစ်များတာကတော့ PID (Pr*****ed Intervertebral Disc) ကြောင့်များတယ်။ ခါးရိုးအဆစ်တွေကြား အခုခံပြားလေး ကျွံတာကြောင့် အာရုံကြောတွေကို ဖိမိပြီး နာကျင်တာမျိုးပါ။ အဲဒီ disc ပြားလေးက ပျော့ပြောင်းပြီး ခါးရိုးဆစ်နှစ်ခုကြား အခုခံအနေနဲ့ လှုပ်ရှားရလွယ်ကူစေတာမျိုးပါ။ သူက အကြောင်းအမျိုးမျိုးကြောင့် ကျွံထွက်လာတဲ့အခါ ခါးရိုးကျောမကြီးထဲက အာရုံကြောမျှင်တွေကို သွားဖိတယ်။ အဲဒီလိုဖိတာကနေ ရောင်ရမ်းပြီး နာကျင်ရတာပါ။ ဖိမိတဲ့နေရာပေါ်မူတည်ပြီး နာကျင်မှုက အပေါ်ဘက်အောက်ဘက် ကွာနိုင်တယ်။ ဆိုးတဲ့အခြေအနေတွေမှာ လမ်းလျှောက်ပုံပြောင်းသွားတာ၊ အောက်ပိုင်းတွေထုံကျင်နေတာ ပူလောင်နေတာတွေဖြစ်နိုင်တယ်။ အတော်ဆိုးတဲ့အခြေအနေတွေမှာ ဆီးဝမ်းမထိန်းနိုင်တာနဲ့ ခြေလက်တွေ လှုပ်ရှားလို့မရတာမျိုးတွေဖြစ်နိုင်တယ်။

အလေးအပင်မတဲ့အခါ ခါးအနေအထားမှန်အောင် ဂရုစိုက်ပါ။ ခါးကိုမသုံးပါနဲ့။ ခါးနဲ့မမပါနဲ့။ ကြွက်သားနဲ့မပါ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ။ ကိုယ်အလေးချိန်လျှော့ပါ။ ထိုင်နေချိန် မတ်တပ်ရပ်နေချိန်မှာ ခါးကို မတ်မတ်ရှိနေဖို့ ကိုင်းမနေဖို့ ဂရုပြုပါ။ ရေများများသောက် အာဟာရပြည့်အောင်စား။ ဆေးလိပ်ဖြတ်ပါ။ Stretching exercise ခန္ဓာကိုယ်ဆန့်ထုတ်တဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။

ခါးနာနေချိန်မှာ ခါးကို အနားပေးပါ။ စစနာချင်းမှာ ရေခဲကပ်။ နောက်ကျရင် ခပ်နွေးနွေးကပ်။ ပါရာလိုအနာသက်သာစေတဲ့ဆေးတွေသောက်လို့ရတယ်။ ခန္ဓာကိုယ်ဆန့်ထုတ်တဲ့လေ့ကျင့်ခန်း (Stretching exercises) တွေက အတော်သက်သာတယ်။ ယူကျုမှာ ရှာကြည့်လို့ရတယ်။ ကျနော့်တုန်းက ခါးနာလွန်းလို့ လမ်းလျှောက်ပုံပြောင်းသွားပြီး တုတ်နဲ့လျှောက်ရတဲ့အခြေအနေတောင်ဖြစ်သွားသေးတယ်။ နောက်တော့ လေ့ကျင့်ခန်းလုပ်၊ physio ကု၊ stretching လုပ်ရင်း ပြန်ကောင်းလာတယ်။ အခုနောက်ပိုင်း မနာတော့သလောက်ဖြစ်နေပြီ။
Credit dr thurein win hlaing

22/09/2025

⚛ အသည်းမှာ အဆိပ်တွေပုံနေပြီလို့ သတိပေးနေတဲ့ လက္ခဏာ ၁၈ ချက် ⚛

ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသည်းဟာ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေးမယ့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အဓိက အစိတ်အပိုင်းတခုပါ။

-အသည်းဟာ သွေးတွင်း ဝင်ရောက်လာတဲ့ ပစ္စည်းတွေထဲကနေအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို စစ်ထုတ်တဲ့ တာဝန်ယူရပါတယ်။

-အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို ဖြိုခွဲလိုက်ပြီး စွန့်ပစ်ပစ္စည်း(အရည်)အနေနဲ့ ချွေး၊ ဆီး၊ဝမ်းတွေနဲ့အတူ စွန့်ထုတ်ပေးပါတယ်။-အချက်များစွာက အသည်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းမလုပ်အောင်၊ ချွတ်ချော်အောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပြည့်ဝအဆီများစွာနဲ့ အစားအစာတွေကို တာရှည်ခံအောင်သုံးထားတဲ့ဓာတုဗေဒပစ္စည်းများပါဝင်မှုမြင့်မားတဲ့ အစားအစာတွေကို စားသုံးရင် အသည်းကို ပိုမိုအလုပ်လုပ်ရကာ အကောင်းဆုံး စွမ်းဆောင်မှုကို မရနိုင်ပါဘူး။

-အရက်အများကြီးသောက်တဲ့အခါ အသည်းဟာ ပြင်ပက အဆိပ်တောက်နဲ့ ထိတွေ့ရသလို ဖြစ်ပါတယ်။ ဟော်မုန်း မညီမျှမှုတွေ ဖြစ်စေပါတယ်။ အဲလိုဖြစ်တဲ့အခါ အသည်းဟာ သူရဲ့ တာဝန်ကို ကောင်းမွန်စွာ လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်။

-အသည်းကို ဝန်ပိစေတဲ့ အကြောင်းအရာတွေကတော့ အသက်ကြီးလာတာ၊ ခဲ၊ ပြဒါးတို့လို သတ္တုဓာတ်တွေ ထိတွေ့မှုများတာတွေက အသည်းရဲ့ အဆိပ်ဖယ်ရှားတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို နှောင့်ယှက်နိုင်ပါတယ်။

-အသည်းက အဆိပ်အတောက်တွေကို လုံလောက်အောင် မဖယ်ရှားနိုင်တော့တဲ့အခါအဆိပ်တွေကို အဆီဆဲလ်တွေနဲ့ တစ်ရှူးတွေမှာ သိမ်းဆည်းပါတယ်။

-အဆိပ်တွေ သွေးကြောထဲ ပြန့်နှံ့ရင် ပြင်းထန်တဲ့ ဆိုးကျိုးများစွာ ချက်ချင်းရနိုင်ပါတယ်။ ပိုလျှံလာတဲ့ အဆိပ်တွေဟာ အသည်းနဲ့ တစ်ရှူးမှာ စုပုံလာတဲ့အခါ လူကို မသက်မသာဖြစ်စေတဲ့အပြင် ရောဂါပါ ဖြစ်စေပါတယ်။

-အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့အခါ နည်းလမ်းနှစ်ခု ရှိပါတယ်။

-နံပါတ်၁ အနေနဲ့ ဆဲလ်တွေကို ပျက်စီးစေမဲ့ အဆိပ်အတောက်တွေကို အင်ဇိုင်းအကူနဲ့ အန္တရာယ်နည်းတဲ့ ပုံစံကို ပြောင်းပါတယ်။ အဆီမှာပျော်ဝင်တဲ့ ပစ္စည်းတွေ ရပါတယ်။

-နံပါတ်၂ အနေနဲ့ အန္တရာယ်နည်းအောင်ပြောင်းလဲထားတဲ့ အဆီမှာပျော်ဝင်တဲ့ ပစ္စည်းတွေကို တခြားမော်လီကျူးတွေနဲ့ ပေါင်းစပ်ပြီး ရေမှာပျော်ဝင်တဲ့ ပစ္စည်းအဖြစ်ပြောင်းကာ ခန္ဓာကိုယ်ကနေ ဖယ်ထုတ်ပါတယ်။

-အသည်းမှာ အဆိပ်တွေစုပုံလာတဲ့အခါ ပုံမှန်လုပ်စဉ်အတိုင်း မလုပ်နိုင်တော့ရင် အဆိပ်တွေကို(အဆီမှာပျော်ဝင်တာမို့) အဆီတစ်ရှူးတွေမှာ သိုလှောင်ပါတော့တယ်။

-အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်ပြန်ဖြစ်မှသာ အဆီထဲစုပုံနေတဲ့ အဆိပ်တွေကို ပြန်ပြီး ဖယ်ရှားပေးပါတယ်။

အသည်းမှာ အဆိပ်တွေပုံလာတဲ့အခါ....

-ပင်ပန်းနွမ်းနယ်ခြင်း၊ နာတာရှည်နွမ်းနယ်နေခြင်း-မကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာခြင်း-အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း၊မကြာခဏ ခေါင်းကိုက်ခြင်း၊ စိတ်ကသိကအောင့်ဖြစ်ခြင်း-ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊အနားယူမှ သက်သာခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း-ကြွက်သားနှင့် အဆစ်အမြစ်များ နာတာရှည် နာကျင်ခြင်း-ချွေးထွက်လွန်ခြင်း-အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း-သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရ ခက်ခဲခြင်း-ယားယံခြင်း

-အရေပြားတွင် အနီကွက်ထွက်ခြင်း-လေထိုး၊ ဗိုက်နာ၊ ဗိုက်အောင့်ဖြစ်ခြင်း-ရာသီမလာခင် ပိုမိုကိုက်ခဲခြင်း-စိတ်တိုစိတ်ဆတ်ခြင်း၊ စိတ်ဓာတ်ကျခြင်း-ဓာတုပစ္စည်းများနဲ့ ဓာတ်မတည့်မှုဖြစ်လွယ်ခြင်း-မနက်အစော ၂နာရီ၄နာရီတွင် နိုးနိုးလာခြင်း-ကိုယ်အလေးချိန် တက်လာခြင်း-အစားရှောင်၊ လေ့ကျင့်ခန်းလုပ်သော်လည်း ဝိတ်မကျခြင်းမျက်ကွင်းညိုခြင်း၊ အားနည်းခြင်း

အသည်းက စားသုံးလိုက်တဲ့ အဆီတွေကို ဖယ်ရှားပေးရတဲ့အပြင် သွေးထဲက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေပါ ဖယ်ရှားပေးရပါတယ်။ အသည်းမှာ အဆိပ်တွေစုပုံလာတဲ့အခါ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိပ်တွေ သွေးထဲမှာများလာရင် ကင်ဆာဆဲလ်တွေဖြစ်ပေါ်ဖို့ထိ အားပေးနိုင်ပါတယ်။

ကံအားလျော်စွာပဲ အသည်းက ပျက်စီးသွားရင် သူ့ဘာသာ ပြန်ကောင်းအောင် လုပ်နိုင်တဲ့ တခုထဲသော ခန္ဓာကိုယ်အတွင်းပိုင်း အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါကလည်း ပြန်ကောင်းအောင်တည်ဆောက်နိုင်တဲ့ အတိုင်းအတာ တခုထိပဲရှိပါတယ်။ အသည်းကို ပျက်စီးစေတဲ့အရာနဲ့ အပြုအမူတွေကို စောစီးစွာရပ်တန့်လိုက်ပြီး အသည်းအားဆေးတွေ မှီဝဲဖို့တော့ လိုအပ်ပါတယ်။ဥပမာ အရက်ဖြတ်ခြင်း။

အသည်းကျန်းမာရေးအတွက် စားရမဲ့ အစားအစာများ....

လီမွန် -လတ်ဆတ်တဲ့ လီမွန်သီးဖျော်ရည်က အသည်းအတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ များလာစေဖို့ ကူညီနိုင်ပါတယ်။ လီမွန်မှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ပါတာမို့ သွေးကို သန့်ရှင်းစေပါတယ်။

နနွင်း- နနွင်းက အသည်းကိုကာကွယ်ပေးပြီး ပျက်စီးနေတဲ့ အသည်း ပြန်လည်ထူထောင်ရာမှာအထောက်အကူ ဖြစ်စေပါတယ်။

ကြက်သွန်ဖြူ -ကြက်သွန်ဖြူက အသည်းအင်ဇိုင်းဓာတ်တွေထွက်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီအင်ဇိုင်းဓာတ်တွေက အသည်းကနေ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ-ဥပမာ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တွေမှာ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ phytochemicals တွေပါတာမို့ အသည်းက အဆိပ်ဖယ်ရှားတဲ့အခါ လိုအပ်တဲ့ အင်ဇိုင်းထုတ်ဖို့ ကူညီနိုင်ပါတယ်။

ထောပတ်သီး -ထောပတ်သီးမှာပါတဲ့ antioxidant glutathione က ပျက်စီးနေတဲ့ အသည်းတစ်ရှူးတွေ ပြန်လည်တည်ဆောက်ရာမှာ ကူညီပါတယ်။
ပန်းသီး-ပန်းသီးမှာပါတဲ့ Pectinက အသည်းမှာစုပုံနေတဲ့ heavy metalsတွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

17/09/2025

စီးပွားရေးနဲ့ ပတ်သက်ပြီး လေ့လာမယ်ဆိုရင် Paid သင်တန်းတွေ တက်မယ့်အစား
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ရဲ့ eLearning Portal for MSMEs (https://msmelearning.mm.undp.org/) ရဲ့ စီးပွားရေး သင်တန်း ၂၂ ခု ကို ကြိုက်ရာ ရွေးတက်ဖို့ recommend ပေးပါတယ်ရှင်။

စနစ်တကျနဲ့ မြန်မာလို သင်ထားတာမလို့ ကိုယ် အားစိုက်ပြီး တက်နိုင်တယ်ဆိုရင် တကယ်အကျိုးရှိတဲ့ သင်တန်းတွေပါ......

အကောင့်မဖွင့်ရသေးရင် အခုပဲ အကောင့်သစ်ဖွင့်ပြီး မိမိကြိုက်နှစ်သက်ရာစီးပွားရေးသင်တန်းကို မြန်မာဘာသာနဲ့ အခမဲ့လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ လောလောဆယ် လေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (22) ခုရှိပြီး MSMEတွေ အကြံပြုထားတဲ့ သင်တန်းအသစ်တွေကိုလည်း ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ ပြင်ဆင်မှုတွေလုပ်နေပြီး ထပ်မံဖြည့်စွက်နေတာ ဖြစ်ပါတယ်။

လေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (22) ခု

1. စီးပွားရေးလုပ်ငန်းပုံစံရေးဆွဲခြင်း (Business Model Canvas)
https://msmelearning.mm.undp.org/course/preview/612755417746f6207c5313f8

2. ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာနားလည်တတ်မြောက်မှု (Financial Literacy)
https://msmelearning.mm.undp.org/course/preview/63ae6609a7ddd00ae87e384a

3. ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု (Financial Management)
https://msmelearning.mm.undp.org/course/preview/63ae6a2ba7ddd00ae87e3b01

4. အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု (Food Safety & Quality Management)
https://msmelearning.mm.undp.org/course/preview/63f8658ba7ddd00ae87ed019

5. အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship and Empowerment)
https://msmelearning.mm.undp.org/course/preview/63e08deda7ddd00ae87eaf59

6. စတင်လုပ်ကိုင်သည့်လုပ်ငန်း၊ စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်ခြင်း (Startup, Entrepreneurship and Innovation)
https://msmelearning.mm.undp.org/course/preview/61e13665a7ddd00ae87d6271

7. လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development)
https://msmelearning.mm.undp.org/course/preview/63c77730a7ddd00ae87e86a2

8. စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး (Business Development)
https://msmelearning.mm.undp.org/course/preview/622b0ed5a7ddd00ae87d8591

9. ဒစ်ဂျစ်တယ်ဆိုင်ရာ နားလည်တတ်မြောက်မှု (Digital Literacy)
https://msmelearning.mm.undp.org/course/preview/614c2b3a6bb88a1dcf4b5c99

10. ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation)
https://msmelearning.mm.undp.org/course/preview/63bbbd28a7ddd00ae87e68af

11. မြန်မာနိုင်ငံရှိ MSME များနှင့်သက်ဆိုင်သည့် ဉပဒေနှင့်စည်းမျဉ်းစည်းကမ်းမူဘောင်များ (Legal and regulatory environment for MSMEs in Myanmar)
https://msmelearning.mm.undp.org/course/preview/63f86ccda7ddd00ae87ed114

12. သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် MSME များ ဖွံ့ဖြိုးတိုးတက်ရေး (Green MSMEs Development)
https://msmelearning.mm.undp.org/course/preview/63e08b79a7ddd00ae87eaf09

13. eCommerce
https://msmelearning.mm.undp.org/course/preview/649bdb59d15eff976cb72e76

14. ဈေးကွက်ချဲ့ထွင်ခြင်းနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်း (Marketing & Branding)
https://msmelearning.mm.undp.org/course/preview/6139cb156bb88a1dcf4b493f

15. တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌ခြေခံအုတ်မြစ် (Basic) (Foundation of Responsible Business - Basic)
https://msmelearning.mm.undp.org/course/preview/6650401fdb94e1781658d2b9

16. တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌ခြေခံအုတ်မြစ် (Intermediate) (Foundation of Responsible Business - Intermediate)
https://msmelearning.mm.undp.org/course/preview/6673d852e7adb60364c85d06

17. ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management)
https://msmelearning.mm.undp.org/course/preview/667e6037e7adb60364c93064

18.ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းဆီသို့ (Diversity, Equity and Inclusion for MSMEs)
https://msmelearning.mm.undp.org/course/preview/65769402550cef5b57e75aae

19. ဘဏ်များနှင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေများလျှောက်ထားရယူခြင်း (Access to Loans from Banks and MFIs)
https://msmelearning.mm.undp.org/course/preview/675013ec3f2bc1bcebe82bef

20. MSME များအတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (Corporate Governance for MSMEs)
https://msmelearning.mm.undp.org/course/preview/6772c9143f2bc1bcebf81a18

21. ထောက်ပံ့ကြေးများနှင့် စီမံကိန်းများ လျှောက်ထားရယူခြင်း (Access to Grants & Winning Projects through RFPs)
https://msmelearning.mm.undp.org/course/preview/67a1c09bca830a16edb0ddf6

22. MSME လုပ်ငန်းများတွင် AI ကို ထိရောက်စွာ အသုံးပြုခြင်း (AI for MSMEs)
https://msmelearning.mm.undp.org/course/preview/688b18532bc7d2f6ebd707f1

* အသုံးပြုသူလက်စွဲ (User Manual) ဒေါင်းလုတ်ဆွဲရန် လင့်ခ်
https://msmelearning.mm.undp.org/policies/User_Manual_Version_1.pdf

eLearning Portal for MSMEs ရဲ့ထူးခြားချက်ကတော့ သင်ခန်းစာအားလုံး၊ ဗီဒီယိုအားလုံးကို "မြန်မာဘာသာစကား" နဲ့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သင်ခန်းစာပါဝါပွိုင့်တွေကိုလည်း မြန်မာဘာသာနဲ့ ပြင်ထားပြီး ဒေါင်းလုတ်ဆွဲပြီးတော့ ကြိုက်တဲ့အချိန်၊ အင်တာနက်မရတဲ့အချိန်တွေမှာလည်း ပြန်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် သင်တန်းတစ်ခုလေ့လာပြီးတိုင်း Final test ဖြေဆိုအောင်မြင်ရင် UNDP က ပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) ကိုလည်း အခမဲ့ရရှိမှာဖြစ်ပါတယ်။
….
eLearning Portal for MSMEs (https://msmelearning.mm.undp.org/) မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။

Edited:
အကောင့်ဖွင့်တဲ့အချိန် code မကျရင် Email ထဲက Spam ထဲ သွားရှာကြည့်ပါနော်
https://www.facebook.com/MMeLearningPortal/videos/1561949664633584

15/09/2025

ချစ်စရာကောင်းတဲ့
Loyalty mini customer အသွက်ကလေးတွေ
JUE USA VITAMIN STORE က အမာခံပရိတ်သတ်ဖြစ်သွားပြီ
Lil Critter gummy vites ရပြီဆို အဲ့လိုကို ပျော်မြူးနေကြတာ
America က အားဆေးအစစ်မှတိုက်ချင်တာ
စိတ်ချရပြီး quality ကောင်းတာ စိတ်ရှည်တာ packaging သပ်ရပ်တာ သိလိုသမျှအကုန်ဖြေပေးတဲ့ admin တွေဆီမှာပဲ
Gummy vites multivitamin လိုချင်တာဆို
instock ရပါတယ်နော်

12/09/2025

သင်ထားသင့်သော အတတ်ပညာများ

1.ဆိုင်ကယ် စီးတတ်ရမယ်။

2.စက်ဘီး စီးတတ်ရမယ်။

3. ကားမောင်းတတ်ရမယ်။

4.ကွန်ပျူတာ သုံးတတ်ရမယ်။

5. အင်္ဂလိပ်စကား ပြောတတ်ရမယ်။

6. ဟင်းချက်တတ်ရမယ်။

7. ရေကူးတတ်ရမယ်။

8. ငွေကြေး စီမံ ခန့်ခွဲတတ်ရမယ်။

9. ပေါင်းသင်းဆက်ဆံတတ်ရမယ်။

10. Digital Marketing တတ်ရမယ်။
Credit

Address

Thingangyun

Telephone

09795798834

Website

Alerts

Be the first to know and let us send you an email when JUE USA Vitamins Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to JUE USA Vitamins Store:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram