30/08/2024
💕ချစ်တို့ရေ ဆီးခုံမွှေး ဖြူတာကို ကြားဖူးပါသလား ??
တော်တော်လေးကို ရှားပါးမယ့် ဖြစ်စဉ် ဖြစ်မယ်လို့ ထင်ပါတယ်။ 🤗
ဒါပေမယ့် မရှိတာ မျိုးတော့ မဟုတ်ပါဘူး။ 👌
ဘာလို့ဆို ရောင်ခြယ် အိတ်ကလေးတွေ ကြောင့်ပါ။👍
💥💥ဒါဆို ဘယ် အချက်တွေကြောင့် ဆီးခုံမွှေးဖြူရသလဲ??
🍀ဗီတာမင် B12 ချို့တဲ့နေတာ
🍀စိတ်ဖိစီးတာ
🍀ရောင်ခြယ် ပစ္စည်း ဆုံးရှုံးတဲ့ ပြဿနာ(Vitiligo) ခံစားနေရတာ
🍀ဓာတုပစ္စည်းနဲ့ ထိတွေ့တာ
🍀ဟော်မုန်း ပြောင်းလဲတာတွေကြောင့် ဖြစ်နိင်ပါတယ်။
🍁ဘယ်လို ကာကွယ် ရမလဲ??
🍀အာဟာရ ပြည့်ဝမျှတအောင် စားသုံးပါ။
🍀ဆေးလိပ်၊ အရက်သောက်တာကို လျှော့ပါ။
🍀ဓာတုပစ္စည်းတွေ အမွှေးနံ့ပြင်းတာတွေ ပါတဲ့ မိန်းမကိုယ် သန့်စင်မှုအတွက် သုံးတဲ့ပစ္စည်းတွေ၊
လစဉ်သုံးပစ္စည်းနဲ့ တစ်သျှူးတွေကို မသုံးပါနဲ့။
🍀စိတ်ဖိစီးမှုကို ဖြေလျော့ပါ။
🍀ဟော်မုန်း မမျှတာ၊ သားဥအိမ် ရေအိတ်တည်တာ၊ ရောင်ခြယ်ပစ္စည်း ဆုံးရှုံးတဲ့ အရေပြားပြဿနာတွေ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါမယ်။
#မိန်းမကိုယ်ကျန်းမာရေး