Win Gabar - ၀င်းကမ္ဘာ - အထူးကုဆေးခန်း နှင့် ဓာတ်ခွဲခန်း

  • Home
  • Myanmar
  • Thongwa
  • Win Gabar - ၀င်းကမ္ဘာ - အထူးကုဆေးခန်း နှင့် ဓာတ်ခွဲခန်း

Win Gabar - ၀င်းကမ္ဘာ - အထူးကုဆေးခန်း နှင့် ဓာတ်ခွဲခန်း Specialist Clinic and Lab

ဆေးခန်းမှာ book corner လေးရောက်နေပြီနော်မြန်မာပုံပြင်၊ ဗဟုသုတစာအုပ်လေးများလက်ထိုးရုပ်Board bookDisney booksAlphabet တရုတ...
04/02/2023

ဆေးခန်းမှာ book corner လေးရောက်နေပြီနော်

မြန်မာပုံပြင်၊ ဗဟုသုတစာအုပ်လေးများ
လက်ထိုးရုပ်
Board book
Disney books
Alphabet
တရုတ် အဂ်လိပ် အသံထွက် poster များ

ကလေးကြီးတွေEnglish စာအုပ်အဖတ်များ‌စေချင်တဲ့ မိဘများအတွက် 41 books chapter package များကို 45000 နှင့်မှာယူရရရှိနိုင်ပါပြီ

ကြည့်ရှုရွေးချယ်ဝယ်ယူနိုင်ပါပြီရှင့်



Page လေးမှာလဲ လိုချင်တဲ့စာအုပ်လေးတွေမေးမြန်းနိုင်ပါပြီရှင့်

02/10/2022
ကျန်းမာအောင် စားသောက်နေထိုင်နည်းများ၁. တနေ့ကိုကိုယ်သုံး တဲ့ပမာဏလောက်ပဲ စားရမယ်။ (ပိုစားရင် ကိုက်ခန္ဓာမှာအဆီဖြစ်သွားမှာ-သ...
28/08/2022

ကျန်းမာအောင် စားသောက်နေထိုင်နည်းများ

၁. တနေ့ကိုကိုယ်သုံး တဲ့ပမာဏလောက်ပဲ စားရမယ်။ (ပိုစားရင် ကိုက်ခန္ဓာမှာအဆီဖြစ်သွားမှာ-သွေးတွင်း အဆီက မမြင်ရ၊ ဝနေတာက မြင်ရတယ်)
၂. အသား ကပါတဲ့ အဆီတွေစားတာကို လျှော့ရမယ် ၊ တနေ့စားတာရဲ့ ၃၀ ရာခိုင်နှုန်းထက်နည်းရမယ်၊ အဆီစားရင်လဲ အသီးအနှံ ကထွက်တဲ့ အဆီက အသားကထွက်တဲ့ အဆီထက်ကျန်းမာရေးပိုကောင်းစေတယ်
၃. တနေ့ကို အသီးအနှံ ၄၀၀ ဂရမ်လောက်အနည်းဆုံးစားသင့်တယ် (အသီးအနှံလို့ပြောတဲ့ အထဲမှာ အာလူး၊ ပီလောပီနံ၊ ကစွန်းဥ၊ပြောင်းဖူးတို့ လို အသီးအနှံတွေမပါဘူး၊ အဲဒါတွေက ထမင်းစားသလိုပဲမို့ ဝိတ်တက်စေတယ် )၊ ပဲအမျိုးမျိုး နဲ့ အစေ့အဆန်တွေ စားရင်တော့ ကောင်းတယ်
၄. သကြားလျှော့စားပါ (တနေ့လိုအပ်တဲ့ ပမာဏရဲ့ ၅ ရာခိုင်နှုန်းထက်နည်းရမယ်)
၅. ဆားလျော့စားရမယ်၊ တရက်ကို ၅ ဂရမ်ထက်နည်းပြီး စားရမယ်

စားသောက်နေထိုင်နည်းတွေမမှန်ရင် နာတာရှည်‌ရောဂါ တွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီများ၊ ကိုယ်ခန္ဓာဝခြင်း၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်လေဖြန်းရောဂါ၊ အူမကြီးကင်ဆာ တွေ ဖြစ်လာမယ်။

21/06/2022

ယခုနှစ် အစ ထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ ပါရမီဆေးရုံကြီးမှာ အမြဲရှိ နေပါတယ် ရန်ကင်း နဲ့ ရန်ကုန် ကလေး ဆေးရုံကြီး တွေမှာ လည်းရှိတယ် လို့ သိရပါတယ်

သွေးလန့်တဲ့ကလေး​တွေ သွေးရည်ကြည် အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်

မိုးကျလာတာနဲ့ ကျောင်းဖွင့်ချိန်နဲ့ ပိုပြီးတွေ့လာနိုင်စရာရှိပါတယ်

အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေး ကို ဖြစ်မှန်းသိ ဆေးရုံတင်သင့်တဲ့ကလေးတွေ တင် ထားပြီး စံနစ်တကျကုသရင် အဆင်ပြေပါတယ်

ဆရာဝန်များကျန်းမာရေးဝန်ထမ်းများ မိဘများ သတိထားနိုင်ဖို့ပါ

သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်

၁. အော့ အံ ခြင်း
၂. အရေပြား ပေါ် တွင် အပိန့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကော်ဖီနှစ် ရောင်အံခြင်း

အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက်ပျက် လျှင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

အန္တရာယ် လက္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ်ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး PCV တက်လာ ခြင်း

ဆေးရုံတက်သင့်သော လူနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

သွေးလွန်တုပ်ကွေးထောင်ချောက်

အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝေအော့ အံ လျှင် ဆေးရုံ သ်ို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါ ထာ

ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်

အဖျားကျ စဉ် မလန်း လျှင်
အစဉ် သတိ ချပ်

ပါမောက္ခ ဦးစောဝင်း
ပါမောက္ခ/ ဌာနမှူး (ငြိမ်း)
ကလေးကျန်းမာပညာဌာန ဆေး(၁)

ဒေါက်တာစောဝင်း (ကလေးကျန်မာရေး )

21/06/2022

အသည်းရောင်ဘီပိုး ကာကွယ်ဆေးများ (ကလေး/လူကြီး နှစ်မျိုးလုံး) ကို ထိုးနှံနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်

21/06/2022

သွေးလေးဘက်နာ နှင့် ပိုးလေးဘက်နာ သွေးတွင်းစစ်ဆေးခြင်းတို့ တွက်အဖြေအားကိန်းဂဏန်းအတိအကျဖြင့် စစ်ဆေးခြင်းကိုနေ့တွင်းချင်း ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်

2022 အတွက်ရာသီ တုပ်ကွေးကာကွယ်ဆေးများ ဝင်းကမ္ဘာအထူးကုဆေးခန်းတွင် ထိုးနှံနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။(ကာကွ...
21/06/2022

2022 အတွက်ရာသီ တုပ်ကွေးကာကွယ်ဆေးများ ဝင်းကမ္ဘာအထူးကုဆေးခန်းတွင် ထိုးနှံနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(ကာကွယ်ဆေး အတွက်အရေးကြီးသော အအေးပေးစနစ်ကို သေချာထိန်းသိမ်း ထားသောကြောင့် စိတ်ချယုံကြည်စွာ ထိုးနှံနိုင်ပါသည်)

Address

Aung Zay Ya Road
Thongwa

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959771316326

Website

Alerts

Be the first to know and let us send you an email when Win Gabar - ၀င်းကမ္ဘာ - အထူးကုဆေးခန်း နှင့် ဓာတ်ခွဲခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Win Gabar - ၀င်းကမ္ဘာ - အထူးကုဆေးခန်း နှင့် ဓာတ်ခွဲခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram