Arr Mann Pharmancy - အားမာန် ဆေးဆိုင်

Arr Mann  Pharmancy  -  အားမာန်   ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arr Mann Pharmancy - အားမာန် ဆေးဆိုင်, Medical and health, Tigyaing.

18/05/2022

အကိုက်အခဲပျောက်ဆေးကို ဘယ်သူတွေ သတိထားသောက်သင့်လဲ❓

အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပဲလှော်ဝါးသလို သောက်နေသူတွေ သင့်ပတ်ဝန်းကျင်မှာ တွေ့နိုင်မှာပါ။ ဆေးတိုင်းမှာ ကောင်းကျိုး အာနိသင်တွေရှိသလို ဘေးထွက်ဆိုး ကျိုးနဲ့လည်း မကင်းနိုင်ပါဘူး။ ဒါကြောင့် ဘယ်သူတွေက အကိုက်အခဲပျောက်ဆေးတွေကို သတိထားသောက်သင့်လဲ ဆိုတာသိထားသင့်ပါတယ်။



တချို့ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ အကိုက်ခဲပျောက်ဆေးတွေက သွေးပေါင်ကျဆေးတွေနဲ့ မတည့်တာ၊ သွေး ပေါင်တက်လာစေတာတွေ ဖြစ်တတ်ပါတယ်။ သင်ဟာ သွေးတိုးရောဂါကြောင့် သွေးပေါင်ကျဆေး သောက်သုံးနေရသူ ဖြစ်ပါက သွေးပေါင်ချိန်တိုင်းတာဖို့လိုပါတယ်။ ဒါ့အပြင် အကိုက်အခဲပျောက်ဆေးသောက်သုံးမယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို ရယူဖို့လိုပါတယ်။



အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ကို ထိခိုက်စေတယ်ဆိုတာသိ ကြပါတယ်။ ဟုတ်ပါတယ်။ NSAIDs တချို့ဖြစ်တဲ့ အိုင်ဗျူပရိုဖန်နဲ့ နပရိုဇန် ဆိုဒီယမ်တွေက အစာအိမ်နံရံကို ထိခိုက် စေပြီး အစာအိမ်အနာကို ဖြစ်စေပါတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေ သောက်မယ်ဆိုရင် အစာအိမ်ကိုမထိခိုက်အောင်ရောဂါသက်သာစေမယ့် အနည်းဆုံးပမာဏကိုအစာနဲ့အတူ သောက်သုံးရမှာဖြစ်ပါတယ်။ ကြာရှည်စွဲသောက်တာမျိုးမလုပ်သင့်ပါဘူး။ တစ်ပတ်ထက်ကျော် လွန်ပြီး သောက်သုံးဖို့လိုအပ်ပါက ဆရာ ဝန်ညွှန်ကြားချက်ရယူပါ။



ကျောက်ကပ်နှစ်ခုက ခန္ဓာကိုယ်မှာ အလုပ်အရမ်းလုပ်ရတဲ့ အစိတ်အပိုင်းတွေပါ။ ခန္ဓာကိုယ်ရဲ့ မလိုအပ်တာတွေကို စစ်ထုတ်ရပြီး ခန္ဓာကိုယ်တွင်းမှာ အရည် နဲ့ အီလက်ထရိုလိုက်တွေကို မျှခြေဖြစ် အောင်ထိန်းထားပေးပါတယ်။ NSAIDs တွေက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို ဟန့်တားနှောင့်ယှက်ပါတယ်။ NSAIDs တွေကို ရေရှည်စွဲသောက်ပါက ကျောက်ကပ်ရောဂါကို ဆိုးရွားစေပြီး ကျောက်ကပ်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ကျောက်ကပ်ရောဂါရှိပါက အကိုက်အခဲပျောက်ဆေးကို ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်သုံးပါ။



နှလုံးရောဂါရှိသူတွေအတွက် ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးတာက အန္တရာယ်ရှိပါတယ်။ အက်စပရင်ပမာဏ အနည်းငယ်ကို နေ့စဉ်သောက်သုံးပါက သွေးခဲဖြစ်တာကို လျှော့ချနိုင်ပေမယ့် လေဖြတ်နိုင်ခြေနဲ့ နှလုံးတိုက်ခိုက်ခံရနိုင်ခြေကို များစေပါတယ်။ NSAIDs ပမာဏများများကို ရေရှည်စွဲသောက်ပါက အက်စပရင်ရဲ့သွေးကျဲစေတဲ့ အာနိသင် ကို ဟန့်တားပါတယ်။ သွေးပေါင်တက် စေပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို များစေပါတယ်။ နှလုံးရောဂါနဲ့ သွေးတိုး ရောဂါရှိသူတွေအနေနဲ့ NSAIDs သုံး စွဲမယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို ရယူဖို့လိုပါတယ်။



ပါရာစီတမောပါဝင်တဲ့ဆေးတွေနဲ့ တခြားအကိုက်အခဲပျောက်ဆေးတွေက သူချည်းပဲ သောက်သုံးပါက အာနိသင်ရှိပြီး အန္တရာယ်လည်းနည်းပါတယ်။ ဒါပေမဲ့ ဆေးတွေပေါင်းစပ်ပြီး သောက်မယ်ဆို ရင်တော့ အန္တရာယ်အနည်းငယ်ရှိနိုင်ပါတယ်။ ပါရာစီတမောက နာကျင်မှုတွေ ကိုသက်သာစေပေမယ့် အလွန်အကျွံ သောက်သုံးမိပါက အသည်းကိုထိနိုင်ပါတယ်။ ဆေးပမာဏလွန်ကဲစွာ သောက်သုံးမိပါက အသည်းကို ထိခိုက်မှုပိုများနိုင်ပါတယ်။ အသည်းထိခိုက်မှုမရှိရအောင် သတ်မှတ်ထားတဲ့ ဆေးပမာဏထက်ပိုမသောက်မိပါစေနဲ့။ ပါရာစီတမောပါတဲ့ဆေးတွေ သောက်ထားတဲ့အချိန်မှာအရက်မသောက်ပါနဲ့။



ကိုယ်ဝန်ဆောင်ချိန်မှာ သင်သောက်တဲ့ဆေးတွေက သန္ဓေသားဆီကိုလည်း ရောက်ရှိနိုင်ပါတယ်။ NSAIDs ဆေးတွေက ကလေးမွေးဖွားရာမှာ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေဖြစ်နိုင်တာကြောင့် ကိုယ်ဝန်တတိယအပတ်မှာ သောက်သုံးဖို့ ခွင့်မပြုပါဘူး။ သင်ဟာ နာကျင်မှုကိုခံစားနေရတယ်ဆိုရင်တော့ သားဖွားနဲ့မီးယပ်ပါရဂူက နာကျင်ရတဲ့ အကြောင်းကို ရှာဖွေပါလိမ့်မယ်။ ညင်သာစွာ နှိပ်နယ်ပေးတာ၊ ကြက်သီးနွေး ရေနဲ့ ချိုးပေးတာတွေက နာကျင်မှုကို သက်သာစေပြီး ဘေးဥပဒ်ကင်းစေပါတယ်။ အကိုက်အခဲပျောက်ဆေး သောက်မယ်ဆိုရင်တော့ မသောက်ခင်မှာ ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးဖို့တော့ လိုပါတယ်။



ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ ဆေးတွေကို ပေါင်းသောက်မယ်ဆိုရင် ဆေးပမာဏ လွန်ကဲသွားတာမျိုး မဖြစ်ရအောင် ဆေးညွှန်းစာရွက်ကို ဖတ်ကြည့်ပြီးမှ သောက်ဖို့တော့ လိုပါတယ်။ နှာစေး အအေးမိပျောက်ဆေးတွေ သောက်မယ်ဆိုရင် ဆေးညွှန်းမှာပါဝင်တဲ့ ဆေးတွေကို ဖတ်ကြည့်ပါ။ ဥပမာ သင်သောက်မယ့် အအေးမိနှာစေးပျောက်ဆေးထဲမှာ ပါရာစီတမောပါပြီးသားဆိုရင် နောက်ထပ် ပါရာစီတမောတစ်လုံး ထပ်သောက်ဖို့ မလိုပါဘူး။

crd. owner

သရက်သီး နဲ့ ဆီးချို အကြောင်း သိကောင်းစရာ^*^*^*^*^*^*^*^*^*^*^*^*^*^*^*🍋 သရက်သီး ကို အသီးတို့ရဲ့ဘုရင် , ရွှေရောင် အသီး စသ...
02/05/2022

သရက်သီး နဲ့ ဆီးချို အကြောင်း သိကောင်းစရာ
^*^*^*^*^*^*^*^*^*^*^*^*^*^*^*
🍋 သရက်သီး ကို အသီးတို့ရဲ့ဘုရင် , ရွှေရောင် အသီး စသဖြင့် ညွှန်းဖွဲ့ခေါ်ဆိုပါတယ်။
🍋 မြန်မာမှာတော့ အသီးမှာ သရက် , အသားမှာ ဝက် , အရွက်မှာ လဘက် လို့ အကောင်းဆုံး အနေနဲ့ တင်စားထားပါတယ်။
🍋 သရက်သီးဟာ နွေရာသီနဲ့ မိုးဦးကျ အချိန်ရဲ့ အကောင်းဆုံး စားစရာဖြစ်ပါတယ်။
🍋 အနံ့ , အရသာ နဲ့ ပြည်စုံတဲ့အပြင် ကျန်းမာရေးနဲ့ လည်း ပြည့်စုံတဲ့ အသီးဖြစ်ပါတယ်။
🍋 ဒါပေမယ့် သရက်သီးဟာ အလွန်ချိုတဲ့အတွက် သကြားဓါတ်များတယ် , ကယ်လိုရီများတယ်ဆိုပြီး ဆီးချိုရောဂါရှင်များက ရှောင်ရှား ကြပါတယ်။
🍋 သရက်သီး ၂၅၀ စီစီ ခွက် တစ်ခွက်စာမှာ
◾️ ၁၀၀ ကယ်လိုရီ ပါဝင်ပါတယ်
◾️ ၂၅ ဂရမ် ကာဘိုဟိုက်ဒြိတ် ပါဝင်ပါတယ်
◾️ ၁.၅ ဂရမ် ကစီ starch ပါဝင်ပါတယ်
◾️ ၃ ဂရမ် ဖိုင်ဘာဓါတ် ပါဝင်ပါတယ်။
🍋 ဗီတာမင်အေ , ဗီတာမင် ဘီစစ် , ဗီတာမင် အီး , ဗီတာမင် ကေ နဲ့ ပိုတက်ဆီယမ် , မဂ္ဂနီဆီယမ် , ဖိုးလိတ် တို့ ပါဝင်ပါတယ်။
🍋 ဗီတာမင် စီ ကတနေ့တာလိုအပ်ချက် ပါဝင်ပါတယ်
🍋 အဆီဓါတ် လုံးဝ မပါဝင်ပါဘူး ၊ ဆားဓါတ် ( ဆိုဒီယမ် ) မပါပါဘူး။
🍋 သရက်သီးမှာအင်တီအောက်ဆီဒင့်လည်းပါဝင်လို့ အူလမ်းကြောင်း ကောင်းစေသလို , ကိုယ်ခံအား ကောင်းစေပြီးအသားအရေဝင်းပစေပါတယ်။
🍋 သရက်သီးမှာပါဝင်တဲ့သကြားဓါတ်ရဲ့တဝက်ဟာ ဆူးကရို့ sucrose ဖြစ်ပြီးသုံးပုံတစ်ပုံကဖရတ်တို့ fructose ဖြစ်ပါတယ်။
🍋 ကျန်တာကဒက်စရို့ dextrose ဖြစ်ပါတယ်။
🍋 သရက်သီး စားလိုက်ပါက ဆူးကရို့ sucrose, ဖရတ်တို့ fructose, ဒက်စရို့ dextrose သကြားဓါတ်များဟာ အူသိမ်ထဲ ရောက်သည်နှင့် တပြိုက်နက် ဂလူးကို့ glucose အဖြစ်ပြောင်းလဲအောင် အင်ဇိုင်းများက လုပ်ဆောင်ပါတယ်။
🍋 ဂလူးကို့ သကြားဓါတ်သာ ကိုယ်ခန္ဓာရဲ့ အဓိက လောင်စာ ဖြစ်ပါတယ်။
🍋 ဂလူးကို့ ဓါတ်တွေဟာ သွေးကြောထဲ ရောက်ရှိသွားပါတယ်။
🍋 ပြောင်းလဲဖြစ်စဉ်ဟာ အလွန်လျှင်မြန်တဲ့အတွက် သွေးတွင်း ဂလူးကို့ဓါတ် ဟာချက်ခြင်း မြင့်တက်လာ ပါတယ်။
🍋 သရက်သီးမှာကစီဓါတ် starch အနည်းငယ်ပါဝင်ပါသေးတယ်။
🍋 ကစီဓါတ် starch ဟာကာဘိုဟိုက်ဒြိတ်ဖြစ်ပေမယ့်ပါးစပ်တွင်းမှာသွားရည် saliva အကူအညီ နဲ့ မောလတို့ maltose သကြား အဖြစ် ပြောင်းလဲပါတယ်။
🍋 ဒီမောလတို့ maltose ဟာလည်း ဂလူးကို့ glucose အဖြစ်ပြောင်းပြီး သွေးကြောထဲ ရောက်ရှိပါတယ်။
🍋 ကစီဓါတ်ကတော့အစာခြေဖို့ သကြားထက်အချိန်ပိုကြာတဲ့အတွက်သွေးတွင်းသကြားဓါတ်ကိုအနည်းငယ်ကြာမှ မြင့်တက်စေပါတယ်။
🍋 သရက်သီးမှည့်တစ်လုံးမှာသကြား 31 grams ပါပါတယ်။
🍋 သရက်သီးမှာသွေးသကြားအညွှန်းကိန်း glycemic index ( GI =51±3 ) သာရှိပြီး glycemic load ( GL =8 )သာရှိသောကြောင့်
သရက်သီးအသားပဲစားခြင်းကဖိုင်ဘာဓါတ်ကသကြားစုပ်ယူမှုပမာဏကိုလျော့နည်းစေပါတယ်။
🍋 ထို့ကြောင့် တခါစားလျှင် ခွက် တဝက်စာ သရက်သီး တနေ့ ၁ ကြိမ် ၂ ကြိမ် စားနိုင်ပါတယ်။ ( တခွက်ဆိုတာ ၂၅၀ စီစီဝင် ခွက် )
🍋 သရက်သီးမှဖရတ်တို့ဂလူးကို့တို့ကို ကိုယ်ခန္ဓာကကျေချက်နိုင်ပါတယ်။
🍋 သရက်သီးကိုဖျော်ရည်လုပ်မသောက်ရင်ပြီးတာပါဘဲ။
😊 ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏 ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင် 🙏
🍀 အထက်ပါအကြောင်းအရာများကိုCredit – ဒေါက်တာမြင့်သိန်း (20 May 2019)မှ ကောက်နုတ်ဖော်ပြထားပါသည်။ 🍀.
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

👩‍⚕️အမျိုးသမီးရောဂါလေ အမျိုးသမီးရောဂါဆိုပြီး👩‍⚕️🩺ပြောကြတယ် ပြောတာကပေါ့ပေါ့လေး 🌹♦️ဒီဝေဒနာလဲအရေးကြီးတယ်နော်♦️✅ပြီးအောင်ဖတ်...
27/01/2022

👩‍⚕️အမျိုးသမီးရောဂါလေ အမျိုးသမီးရောဂါဆိုပြီး👩‍⚕️🩺ပြောကြတယ် ပြောတာကပေါ့ပေါ့လေး 🌹

♦️ဒီဝေဒနာလဲအရေးကြီးတယ်နော်♦️

✅ပြီးအောင်ဖတ်စေချင်ပါတယ်။
အမျိုးသမီးထုကြီးအတွက် ဖတ်မိသမျှလေးတွေ
Copy ကူး၍ဖော်ပြပါရစေ အဖြစ်လဲများကြတယ်လေ။

☀️သားအိမ်အသားလုံး တည်ခြင်:☀️

ပတ်ဝန်းကျင်မှာ ဘယ်သူကတော့ဖြင့် သားအိမ်မှာ အသားလုံးတည်လို့ သားအိမ်ထုတ်လိုက်ရတယ်။
ဘယ်သူကတော့ အသားလုံးရှိလို့ ဆေးရုံတက်နေတယ်ဆိုတာမျိုး ကြားဖူးပါသလား။
ပတ်ဝန်းကျင်မှာ ဒါမျိုးမကြာခဏကြားဖူး
တယ်ဆိုရင် ဒီရောဂါအဖြစ်များတယ်ပဲဆိုရမှာပေါ့။
ဒါကဘာရောဂါလဲ။
သားအိမ်အသားလုံး တည်တဲ့ရောဂါပါ။
ဒါကဘာကြောင့် ဖြစ်တာလဲ။
သူများတွေဖြစ်ရင် ကိုယ်ရောဖြစ်လာမှာလား။

ဆက်ကြည့်ကြည့်ရအောင်။

သားအိမ်အသားလုံး ဆိုတာဘာလဲ။

ပြောတဲ့အတိုင်းပဲ အသားလုံးကြီးပါ။
စာဆန်ဆန်ပြောရရင်တော့ သားအိမ်ကြွက်
သားတွေ ပွားပြီး အလုံးတည်လာတာပေါ့။
မျက်စိနဲ့မမြင်နိုင်တဲ့ အလုံးသေးသေးလေး
တွေရှိသလို ရင်ခေါင်းထိတက်ဆောင့်နိုင်တဲ့
အလုံးကြီးတွေလည်းရှိပါတယ်။
သားအိမ်ထဲမှာဖြစ်နိုင်သလို သားအိမ်ပြင်ပမှာလည်း အညှာလေးနဲ့ တွယ်နေတတ်ပါ
တယ်။
တစ်လုံးတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ်။

ကင်ဆာလား 🤔?? ။

ကင်ဆာမဟုတ်ပါဘူး။ သာမန်အလုံးပါ။
ကင်ဆာပြောင်းနိုင်လားဆိုတော့
ပြောင်းနိုင်ချေက လူ၁၀၀၀မှာ ၁ယောက်
တောင်မရှိပါဘူး။
ဒါကြောင့် ဖြစ်ခဲတယ်လို့ပဲ ပြောရမှာပါ။

ဘာလက္ခဏာတွေခံစားရမှာလဲ။

သားအိမ်မှာအသားလုံးရှိတဲ့
သူတော်တော်များများက ဘာလက္ခဏာမှ
သိပ်မှခံစားရပါဘူး။
ဒါကအလုံးသေးတာကြောင့်လည်းဖြစ်
နိုင်သလို အလုံးရှိတဲ့နေရာနဲ့လည်းဆိုင်ပါ
တယ်။
ရောဂါလက္ခဏာတွေက အလုံးရှိတဲ့နေရာ၊ အရွယ်အစားနဲ့ ဘယ်နှစ်လုံးလဲဆိုတာပေါ်မူတည်ပါသေးတယ်။

အတွေ့ရများတဲ့ လက္ခဏာတွေကတော့

❤ ရာသီသွေးဆင်းများတာ

❤ သွေးဆင်းရင် ကိုက်ခဲတာ

❤ ရာသီလာရက်ပိုကြာတာ

❤ ရာသီမတိုင်ခင်သွေးဆင်းတာ

❤ မကြာခဏဆီးသွားချင်တာ

❤ ဝမ်းချုပ်တာ

❤ ခါးနာတာ၊ ပေါင်အနောက်နာတာ

❤ အမျိုးသားနဲ့အတူနေရင် နာတာ

❤ ဗိုက်ပြည့်သလိုခံစားရတာ၊
ဗိုက်မှာအလုံးစမ်းမိတာ စတာတွေပဲ
ဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ။

အကြောင်းရင်းအတိအကျကိုတော့
မသိရသေးပါဘူး။

ဖြစ်နိုင်ချေရှိတဲ့ အကြောင်းတွေကတော့

မျိုးရိုးဗီဇ

ဟော်မုန်း - အမျိုးသမီးတွေမှာရှိတဲ့
အီစထရိုဂျင်နဲ့ပရိုဂျက်စတုန်းဟော်မုန်းတွေက ရာသီလာခါနီးရင် သားအိမ်နံရံထူဖို့ လုပ်ပေးပါတယ်။
သားအိမ်အသားလုံးတွေက ဒီဟော်မုန်း
နှစ်မျိုးကို ပိုလက်ခံတာကို တွေ့ရပါတယ်။
ဒါကြောင့်သွေးဆုံးပြီးတဲ့သူတွေမှာ အသားလုံးကဖြစ်ခဲပါတယ်။

ဘယ်သူတွေပိုဖြစ်နိုင်လဲ။

လူတိုင်းဖြစ်နိုင်ပေမယ့် ပိုဖြစ်နိုင်တဲ့သူတွေကတော့

အသက်၃၀ကျော်တွေမှာ အဖြစ်များပါတယ်။

ကိုယ်ဝန်ဆောင်တွေ - ကိုယ်ဝန်ဆောင်ချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေပိုများလာတဲ့အတွက် အလုံးအသစ်တွေဖြစ်တာ၊ ရှိပြီးလားအလုံးတွေ ကြီးလာတာမျိုးဖြစ်တတ်ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ ရာသီစလာတာ
(အသက်၁၀နှစ်မတိုင်ခင်)

ဗီတာမင်ဒီချို့တဲ့တာ

🌀 အနီရောင်အသားအစားများပြီး

🌀 အသီးအရွက်အစားနည်းတာ

🌀 အရက်သောက်တာ

🌀 တားဆေးတွေသောက်တာ

🌀 မိသားစုထဲမှာ မျိုးရိုးရှိတာ

🌀 အဝလွန်တာ စတာတွေပဲဖြစ်ပါတယ်။

နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

အသားလုံးကြောင့် ကိုယ်ဝန်မရတာတွေ
ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ရှိပြီးသားသူတွေမှာလည်း
သားအိမ်မှာ အလုံးခံနေတဲ့အတွက်
ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအနေအထား
မမှန်တာ၊ အချင်းအနေအထားမမှန်တာ၊
ကလေးကောင်းကောင်းမကြီးတာ၊ လမစေ့ဘဲမွေးတာတွေဖြစ်တတ်ပါတယ်။

ရာသီသွေးဆင်းများပြီး သွေးအားနည်းတာ၊ ခေါင်းမူးတာလည်း ဖြစ်တတ်ပါတယ်။

အသားလုံးက ဆီးအိမ်ကိုဖိထားတာကြောင့် ဆီးခဏခဏသွားချင်တာ၊ ဆီးကျန်တာဖြစ်ပြီး ဆီးပိုးဝင်တတ်ပါတယ်။

သားအိမ်ပြင်ပမှာ အညှာနဲ့ တွယ်နေတဲ့ အသားလုံးက လိမ်ပြီး သွေးမလျှောက်တော့တာ။
ဒါမျိုးဆိုရင်တော့ ဗိုက်အရမ်းနာပြီး
အရေးပေါ်ခွဲစိတ်ဖို့ လိုပါမယ်။

✅ကာကွယ်လို့ရလား။

ကာကွယ်တဲ့နည်းလမ်းတွေက လုံးဝမဖြစ်
အောင် မတားနိုင်ပါဘူး။
ကိုယ်အလေးချိန်ထိန်းတာ၊ အသီးအရွက်တွေပိုစားတာက ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါ
တယ်။

Take home massage

သားအိမ်မှာ အသားလုံးတည်တာက
အမျိုးသမီးတော်တော်များများဖြစ်တတ်ပါ
တယ်။
သူရဲ့လက္ခဏာတွေကို သိထားပါ။
နောက်ဆက်တွဲဆိုးကျိုးတွေမရခင် စောစောစီးစီးကုနိုင်အောင် ကြိုးစားပါ။

ေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ
Dr. Thurein Hlaing Win
ရေးသားသူDr. Htet Htet Zaw Win

ဆီးချို သို့မဟုတ် အသံတိတ်လူသတ်သမား========================ဒီနေ့နိုဝင်ဘာလ 14 ရက်နေ့ ဟာဆိုရင် World Diabetes Day ပဲဖြစ်ပါတ...
19/01/2022

ဆီးချို သို့မဟုတ် အသံတိတ်လူသတ်သမား
========================
ဒီနေ့နိုဝင်ဘာလ 14 ရက်နေ့ ဟာဆိုရင် World Diabetes Day ပဲဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုအကြောင်းကို ပြောပြပေးချင်ပါတယ်။
ခန္ဓာကိုယ်တွင်းစားသုံးလိုက်သော အချိုဓာတ်များကို ဖြိုခွဲ၍ စွမ်းအင်အဖြစ်သုံးစွဲနိုင်ရန် မုန့်ချိုအိတ်မှ အင်ဆူလင်ဟော်မုန်းထုတ်ပေးပါတယ်။ ထို အင်ဆူလင်ဟော်မုန်းကို မုန့်ချိုအိတ်မှ လုံလောက်စွာမထုတ်ပေးနိုင်သော အခါ သွေးတွင်းအချိုဓာတ်တက်သော နာတာရှည် ဆီးချိုရောဂါဖြစ်ပေါ်လာပါတယ်။
ဘယ်လောက်ဖြစ်ပွားနေသနည်း ?
ကမ္ဘာနှင့် အဝန်းတွင် ဆီးချိုရောဂါဖြစ်ပွားနေသူ ၃၄၇ သန်းရှိပါတယ်။
ခံစားရနိုင်သောလက္ခဏာများမှာ
(၁) ပုံမှန်ထက် ရေပိုဆာလာခြင်း(အာခေါင်ခြောက်ခြင်း)
(၂) ရှိရင်းစွဲ ကိုယ်အလေးချိန်ထက် များစွာအလေးချိန်ကျသွားခြင်း
(၃) အနာကျက်ရန် အချိန်ကြာမြင့်ခြင်း
(၄) မကြာခဏ ဗိုက်ဆာတတ်ခြင်း
(၅) အမြင်အာရုံဝါးခြင်း
(၆) မောပန်းခြင်းနွမ်းနယ်လွယ်ခြင်း
ဆီးချိုအမျိုးအစား (၁) သက်ငယ်ဆီးချိုတွင်အထက်ဖော်ပြပါလက္ခဏာများ လျင်မြန်သိသာစွာ ခံစားတတ်ပါတယ်။
ဆီးချိုအမျိုးအစား(၂)တွင် အထက်ဖော်ပြပါ လက္ခဏာများ တဖြည်းဖြည်းသာ ခံစားရတတ်ပြီး တစ်ချို့လည်းသတိမထားမိဘဲရှိတတ်ပါတယ်။
ဆီးချိုအမျိုးအစား(၂) သက်ကြီးဆီးချိုအချို့ဆိုနောက်ဆက်တွဲလက္ခဏာများရှိမှ သိတာမျိုးလည်းရှိနိုင်ပါတယ်။
ဘယ်လိုလူတွေဆီးချိုဖြစ်နိုင်လဲဆိုရင် ?
ဆီးချိုဖြစ်နိုင်ချေရှိသူများမှာ
(၁) အသက် ၄၅နှစ်ကျော်သူများ
(၂) အဝလွန်သူ (သို့) BMI 25 kg /m2 ကျော်သူ
(၃) မိဘ ဆွေမျိုးနီးစပ်တွင် ဆီးချိုမျိုးရိုးရှိသူ
(၄) သွေးတိုးရောဂါရှိသူ( သွေးပေါင် ၁၄၀/၈၀ ကျော်သူ)
(၅) ကိုယ်လက်ရှားမှုနဲသူများ ဖြစ်ပါတယ်။
ဆီးချိုရောဂါရှိမရှိ မည်သို့သိရှိနိုင်သနည်း ?
သွေးဖောက်စစ်ခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း သိရှိနိုင်ပါတယ်။
အစာစားပြီး ၂နာရီတွင်စစ်ဆေးပါက ၂၀၀mg/dL အထက်
မနက်စာမစားမီစစ်ဆေးပါက ၁၂၆mg/dLအထက်များနေပါက
ဆီးချိုဖြစ်နိုင်ချေရှိပါသဖြင့် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဆီးချိုရောဂါ၏နောက်ဆက်တွဲအန္တရာယ်
အရေးပေါ် ကျန်းမာရေး အန္တရာယ်
(၁) ဆီးချိုတက်၍ သတိလစ်ခြင်း
(၂) ဆီးချိုကျ၍ သတိလစ်ခြင်း
ဆီးချိုဖြစ်လျှင် မည်သို့စားသုံးသင့်သနည်း ?
ဆီးချိုရောဂါခံစားရသူတို့ နေ့စဉ်ရင်ဆိုင်ရမည့် အခက်အခဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါတွင် စားသောက်နေထိုင်ပုံမှာ များစွာအရေးပါလှသဖြင့်
၁) စိတ်ကြိုက်စားသုံးနိုင်သောအစားအစာ
သကြားဓာတ်အလွန်နည်းသော အစားအစာ၊ဟင်းသီးဟင်းရွက်များ
ဥပမာ- ကန်စွန်းရွက်၊ သံပရာသီး၊ ရှောက်သီး၊အသားငါးအမျိုးမျိုး
ဥပမာ- ကြက်သား၊အမဲသား၊ဆိတ်သား
၂) အသင့်အတင့်စားနိုင်သော အစားအစာများ
ဆန်နှင့် ဆန်ထွက် ပစ္စည်းများနှင့်ပြုလုပ်ထားသော အစားအစာများ
ဥပမာ- မုန့်ဟင်းခါး၊ထမင်း၊ဆန်ပြုတ်
ဂျုံ နှင့် ဂျုံထွက် ပစ္စည်းများ
ဥပမာ- ခေါက်ဆွဲ၊ပေါင်မုန့်၊ချာပါတီ
ကစီဓာတ်များသော အစားအစာများ
ဥပမာ- အာလူး၊ပြောင်းဖူး၊ကန်စွန်းဥ
၃) လုံးဝရှောင်သင့်သောအစားအစာ
သကြားဓာတ်အလွန်များသော အစားအစာများ
ဥပမာ- ကြံသကာ၊ထန်းလျက်၊ယိုစုံမျိုးစုံ၊အရက်၊ဝိုင်၊ဘီယာ၊အချိုရည်၊သကြားလုံး၊ချောကလက်
သတိပြုရန်မှာ ဆီးချိုရောဂါခံစားနေရသူများသည် အစားအစာကို အချိန်မှန်စားသုံးသင့်ပါတယ်။ သို့မှသာ သွေးတွင်းအချိုဓာတ် ပုံမှန်ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါတယ်။ မဝအောင် ထိန်းသိမ်းနေထိုင်သင့်ပါတယ်။ တစ်နေ့ မိနစ် ၃၀လမ်းလျှောက်ခြင်း ပြုလုပ်သင့်ပါတယ်။

#မယ်တင်(ဆေး ၁)
#ဒေါက်တာဇီဝက #ဆီးချို

ရှင်းလင်းနေတာဘဲ ဖတ်ကြည့်ကြနော်. မိမိအိမ်မှာ သောက်နေရတဲ့လူရှိရင် သေချာလေး ရှင်းပြပေးပါ. မူရင်းရေးသားသူအား crdပေးလျက်ပြန်လ...
15/01/2022

ရှင်းလင်းနေတာဘဲ ဖတ်ကြည့်ကြနော်.
မိမိအိမ်မှာ သောက်နေရတဲ့လူရှိရင်
သေချာလေး ရှင်းပြပေးပါ.
မူရင်းရေးသားသူအား crdပေးလျက်
ပြန်လည်မျှဝေတာပါ

သိထားသင့်တယ်
----------------
သွေးကျဆေးမှန်မှန်မသောက်ရင်ဘာဖြစ်မလဲ၊ သွေးကျဆေးစွဲသောက်ရင်ကျောက်ကပ်ပျက်လားဆိုတဲ့ အမေးများနေလို့ ဖတ်ကြည့်စေချင်လို့ပါ

အယူမှန်ကန်..ရောဂါဒဏ်..
အမြန်ကင်းဝေး..ကျန်းမာရေး..

"သွေးတိုးရောဂါကိုသဘောပေါက်စေချင်တယ်"
"သွေးကျဆေးမှန်မှန်သောက်သင့်တယ်ဆိုတာကိုလည်းအမြင်မှန်ရစေချင်တယ်"
************************

အမည်..ဒေါ်နွဲ့မူ
အသက်..၆၈..နှစ်..

ခေါင်းတအားမူး..တအားမောနေတဲ့အပြင်..ရင်ဘတ်ထဲဆို့ကြပ်နေလို့..

ဆေးခန်းရောက်လာပါတယ်..

သွေးအချိုဓာတ်..သွေးတွင်းအောက်စီဂျင်ရာခိုင်နှုန်း..သွေးခုန်နှုန်း တွေ..ပုံမှန်ပါပဲ..

သွေးပေါင်ချိန်ကတော့..
190/110mmHg..
ရှိသင့်ရှိထိုက်တာထက်..အလွန်မြင့်တက်နေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ယခုနောက်ဆုံး..
WHO..World Health Organization..
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..
သတ်မှတ်ချက်အရ..
Blood Pressure..သွေးပေါင်ချိန်သည်..
120/80mmHg..ကိုသာအမှန်..
သတ်မှတ်ထားပါတယ်..
140/90mmHg..ဆိုရင်တောင်..
သွေးတက်နေပြီလို့သတ်မှတ်နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ECG..ဆွဲကြည့်တော့..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးကြီးနေတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးတက်နေတာမသိဘူးလား..
သွေးပေါင်မချိန်ကြည့်ဘူးလား..မေးတော့..

သိတယ်တဲ့..
မကြာခဏလည်းချိန်ကြည့်တယ်တဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°

ဒါဖြင့်..
သွေးကျဆေးမှန်မှန်မသောက်ဘူးလား..မေးတော့..

©သွေးတက်မှသောက်တာတဲ့..

ဘာလို့..သွေးတက်မှသောက်တာတုန်းဆိုတော့..

©သွေးနည်းသွားမှာစိုးလို့တဲ့..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ပြောကြလို့..
ကြာကြာစွဲမသောက်ရဲလို့..မသောက်ဘူးတဲ့..

©သွေးတက်မှာစိုးလို့..အားဆေးလည်း..
မသောက်ရဲဘူးတဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°

အယူအဆမှားတွေ..
အယူအဆမှားတွေ..

ဒေါ်နွဲ့မူ..လိုအယူအဆမှားတွေကို..
အမှန်ယူပြီး..
သွေးတိုးရောဂါရှိနေပါလျက်..ဆေးမှန်မှန်မသောက်ပဲ..
ရောဂါဆိုးရွားနေတဲ့လူတွေ..
ဘယ်လောက်များနေပြီလဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးပေါင်တက်..သွေးဖိအားတက်..သွေးတိုးနေရင်..

သွေးကျဆေးကို..
အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..

သွေးတက်နေမှ..တက်နေတုန်း..
သောက်ရမှာမဟုတ်ပါ..

©သွေးကျဆေးသောက်ရင်..
ရှိနေတဲ့သွေးတွေနည်းမသွားပါ..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..
လုံဝမှားယွင်းနေပါတယ်..

©အားဆေးသောက်ရင်..အားဆေးထိုးရင်..
သွေးမတက်ပါ... .ဘာမှမဆိုင်ပါ..
****************************

​Blood Pressure..
သွေးပေါင်ချိန်သွေးဖိအားအကြောင်းကို..
နားလည်အောင်ပြောပြပါမယ်..
သွေးပေါင်ချိန်အကြောင်းသိရှိသဘောပေါက်ပါမှ..
အမှန်မြင်နိုင်ကြမှာပါ..
**************************
အဆုပ်များမှသန့်စင်ပေးလိုက်သော..
အောက်စီဂျင်ဓာတ်ပြည့်ဝတဲ့..
သွေးအသစ်တွေကို..
နှလုံးရဲ့ဘယ်ဘက်သွေးဝင်ခန်းက..
လက်ခံရယူပြီး..

နှလုံးရဲ့ဘယ်ဘက်သွေးလွှတ်ခန်းကနေ..
သွေးလွှတ်ကြောမကြီးမှတဆင့်..

ခန္ဓာကိုယ်အနှံ့သွေးအသစ်များ..
ရောက်ရှိအောင်..
ညှစ်ထုတ်ပေးလိုက်ပါတယ်..

©နှလုံးညှစ်လိုက်တဲ့အချိန်..
ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့..
သွေးကြောနံရံမှာ..ဖြစ်ပေါ်လာတဲ့..
တင်းအားတွန်းအားကို..

Systolic Blood Pressure..
နှလုံးညှစ်ချိန်ဖြစ်လာတဲ့တွန်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အပေါ်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..

အပေါ်သွေးလို့..လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°

နှလုံး..တချက်ညှစ်ပြီးရင်..
နှလုံးနားနေပါတယ်..
Diastolic phase..လို့ခေါ်ပါတယ်..

နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်တကိုယ်လုံးမှ..
အသုံးပြုပြီးသားသွေးအဟောင်း..
ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာပါဝင်တဲ့..
သွေးအဟောင်းများသည်..

သွေးပြန်ကြော..သေး..လတ်..ကြီး..များမှတဆင့်..
နှလုံးရဲ့..ညာဘက်သွေးဝင်ခန်းသို့..
ပြန်လည်ဝင်ရောက်လာကြပါတယ်..

တနည်းအားဖြင့်..
နှလုံးနားနေချိန်မှာ..ခန္ဓာကိုယ်အနှံ့က..ပြန်ရောက်လာတဲ့..
သွေးအဟောင်းတွေကို..
နှလုံးမှ..ပြန်လည်လက်ခံနေပါတယ်..

အဲဒီအခိုက်အတန့်မှာ..

©သွေးကြောများအတွင်း..
ဖြစ်ပေါ်နေတဲ့..တင်းအား..တွန်းအားကိုတော့..

Diastolic Blood Pressure..
နှလုံးနားနေချိန်ဖြစ်လာတဲ့တင်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အောက်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..
အောက်သွေးလို့..
လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°

©အသက်အရွယ်ကြီးလာလေလေ..
သွေးကြောတွေ..မာကြောလာကြတယ်..

သွေးကြောနံရံများရဲ့..Elasticity..ဆန့်ထွက်အား..
လျော့ကျသွားကြတယ်..
ထို့မှတဆင့်ကျဉ်းကျုံ့သွားကြတယ်..

ဒီအခါ..
နှလုံးညှစ်လိုက်တဲ့အခါတိုင်း..သွေးကြောများအလိုက်အထိုက်..
ပျော့ပြောင်းကျယ်ပြန့်မလာနိုင်တဲ့အတွက်..
သွေးကြောနံရံရဲ့တင်းအား..
မြင့်တက်သွားပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်ချိန်..သွေးဖိအား တွန်းအား..
မြင့်တက်နေပါတယ်..

အပေါ်သွေးတက်နေတယ်လို့..
လွယ်လွယ်ခေါ်ကြပါတယ်..

******ခန္ဓာကိုယ်အပေါ်ပိုင်း..
သွေးတွေများနေတာမဟုတ်ပါ..
******သွေးကြောဖိအားတွန်းအား..များနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံးတချက်ညှစ်ပြီးချိန်..
အလိုက်သင့်လေး..
သွေးဟောင်းများကိုပြန်လက်ခံချိန်မှာ..

ခန္ဓာကိုယ်အနှံ့က..
သွေးကြောတွေမှာလည်း..
နှလုံးဆီကိုသွေးပြန်ပို့ပေးနိုင်ဖို့..
တွန်းအားတင်းအားရှိရပါတယ်..

အသက်အရွယ်ကြီးလာတာနဲ့အမျှ..
သွေးကြောနံရံတွေ..ဆန့်ထွက်အားလျော့..မာကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်..
နှလုံးဆီကိုပြန်တွန်းပို့တဲ့အားလည်း..
လိုအပ်သည်ထက်..
မြင့်တက်နေပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..တိုင်းတာတဲ့အခါမှာ..
သွေးပေါင်သွေးဖိအားတက်နေပါတယ်..

ဒီသွေးပေါင်ချိန်ကတော့..
နှလုံးနားချိန်..တနည်းအားဖြင့်..
နှလုံးကသွေးဟောင်းလက်ခံချိန်..
သွေးကြောတွေမှာ..
ဖြစ်နေရှိနေတဲ့သွေးပေါင်ချိန်မို့လို့..
Diastolic Blood Pressure..
လို့ခေါ်ပါတယ်..

အောက်သွေးတက်နေတယ်..လို့လွယ်လွယ်ခေါ်ပါတယ်..

*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..
******သွေးများနေတာမဟုတ်..
သွေးဖိအားတင်းအားများနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးကြောများအတွင်း..
သွေးအချိုဓာတ်များ..
လွန်ကဲများပြားလာရင်..
သွေးကြောနံရံများ..
တတိတိနဲ့ပျက်စီးတတ်ပါတယ်..
ထိုမှတဆင့်..
သွေးကြောများ..
ကျဉ်းကျုံ့ကုန်တဲ့အတွက်..

သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ..
ကုသမှုမပြုရင်..
သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..

©သွေးအချိုဓါတ်..လွန်ကဲများပြားနေတဲ့အခါ..
သွေးစီးလမ်းကြောင်းကို..ပိတ်ဆို့ထားတဲ့အတွက်..
နှလုံးညှစ်လိုက်တိုင်း..နှလုံးသွေးလက်ခံတိုင်း..
သွေးစီးလမ်းကြောင်းဟာ..
ချောမွေ့မှုမရှိ..ဆန့်ကျင်အားတွေ..ဖြစ်ဖြစ်နေတာကြောင့်..
သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး..
သွေးတက်တတ်ပါတယ်..

©သွေးအဆီဓာတ်များပြားလာရင်လည်း..
သွေးကြောနံရံများမှာ..သွေးခဲစုစည်းမှု..
Platelet aggregation..​တွေဖြစ်ပေါ်စေပါတယ်..
ထိုမှတဆင့်..
သွေးခဲပိတ်ဆို့မှု..
Clot..တွေဖြစ်စေပါတယ်..
သွေးလည်ပတ်မှုချောမွေ့မှုမရှိတဲ့အတွက်..
သွေးကြောဖိအားတင်းအား..
မြင့်နေပါမယ်..

ဒီလိုအခြေအနေမျိုးမှာလည်း..
သွေးပေါင်ချိန်တိုင်းလိုက်တိုင်း..
သွေးပေါင်တက်သွေးတိုးနေမှာပါ..

*****အယူအဆမမှားရန်ထပ်မံ..
အသိပေးပါတယ်..
*****သွေးတက်တယ်ဆိုတာ..
သွေးများနေတာမဟုတ်ပါ..
*****သွေးကြောဖိအားတက်နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးရဲ့ဘယ်ဘက်ခန်းကနေ..
သွေးအသစ်တွေ..ခန္ဓာကိုယ်အနှံ့..
သွေးရောက်ရှိအောင်..
ညှစ်ထုတ်ပေးနေတဲ့အချိန်မှာ..

သွေးကြောတွေရဲ့..တင်းအားဖိအားတွေ..
ရှိသင့်တာထက်များနေရင်..

နှလုံးဟာ..
ပိုပိုပြီး..အားစိုက်..ပိုပိုပြီး..ညှစ်အားများများ
ထုတ်ထုတ်သုံးရပါတယ်..

ထုတ်သင့်တဲ့ညှစ်အားထက်..
ညှစ်ထုတ်အားစိုက်နေရတဲ့..
အချိန်ကာလကြာလာတာနဲ့အမျှ..

ဘယ်ဘက်နှလုံးရဲ့ကြွက်သားတွေ..ထူထဲလာကြပါတယ်..
နှလုံးအရွယ်အစားကြီးမားလာပါတယ်..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးအရွယ်ကြီးခြင်း..
နှလုံးကြီးခြင်း..လို့ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°

*****သွေးတက်လို့တက်မှန်းမသိသူ..

*****သွေးတက်နေမှန်းသိလျက်နဲ့..
ဆေးမှန်မှန်မသောက်သူ..

*****သွေးကျဆေးမှန်မှန်သောက်ရင်..ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..အယူအဆမှားသူ..

*****သွေးကျဆေး..
ကြာကြာသောက်ရင်..ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..
အယူအဆမှားကြောင့်..ဆေးမှန်မှန်မသောက်သူ..

ထိုသူများအားလုံး..

©နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးအရွယ်အစားကြီးမားတာ..
တာရှည်လာရင်..
မနိုင်ဝန်ထမ်းရတဲ့...နှလုံးညှစ်အား..
လျော့ကျသွားတဲ့အခါ..

©Heart Failure..
နှလုံးအားနည်းရောဂါဝင်ပြီး..

မ်ကြ္ခံမို့..
ခြေထောက်ရောင်..
အဆုပ်ထဲရေဝင်..
မောပမ်းလွယ်..
လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°

©သွေးတိုးတယ်ဆိုတာ..
သွေးတွေများလာတာမဟုတ်ပါ..
သွေးကြောများရဲ့..
ဖိအားတွန်းအား..တိုးနေများနေတာပါ..

သွေးပေါင်ချိန်တိုင်းကိရိယာမှာ..
သတ်မှတ်ထားတဲ့..
Pressure..ဖိအားတင်းအားထက်များနေလို့..
သွေးတက်တယ်လို့..
လွယ်လွယ်ပြောကြရာကနေ..
သွေးများနေတယ်လို့..
သဘောပေါက်မှားယွင်းသွားကြပါတယ်..

©သွေးကျဆေးသည်..
ခန္ဓာကိုယ်ထဲကရှိနေတဲ့သွေးတွေ..
နည်းသွားစေတာမဟုတ်ပါ..
ရှိနေတဲ့သွေးနဲ့ဘာမှမသက်ဆိုင်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးကျဆေးသည်..

©တင်းမာနေသော..
သွေးကြောနံရံများကို..
အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..

©ကျဉ်းကျုံ့နေသော..သွေးကြောများကို အလိုက်သင့်..
ပွင့်ကျယ်လာစေပါတယ်..

သွေးကျဆေးသောက်လိုက်တဲ့အခါ..
သွေးကြောများပျော့ပြောင်းလာပြီး..
သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..
သွေးဖိအားများပုံမှန်..ရောက်ရှိသွားပါတယ်..

နှလုံးကလည်း..
တအားညှစ်ထုတ်စရာမလိုတော့ပဲ..
သက်သာရာရသွားပါတယ်..

သွေးစီးလမ်းကြောင်းလည်း..ချောမွေ့သွားတဲ့အတွက်..
ခန္ဓာကိုယ်အစိပ်အပိုင်းများ..လုံလောက်မျှတတဲ့သွေးများ..ရရှိနေပါတယ်..
ကျန်းမာတဲ့ခန္ဓာကိုယ်ကို..
ဖြစ်ပေါ်စေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©ကျောက်ကပ်သည်..
သွေးကြောငယ်ကလေးများ..
မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..

သွေးတိုးရောဂါရှိနေသူများ..

သွေးကျဆေးမသောက်ရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားများနေတဲ့အတွက်..သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..
ထိုမှတဆင့်.ကျောက်ကပ်ပျက်စီးသွားပါမယ်..

သွေးတိုးရောဂါရှိသူ..

သွေးကျဆေးမှန်မှန်သောက်နေရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..
ကျောက်ကပ်ပျက်စီးခြင်းမှ..
ကာကွယ်ပြီးသားဖြစ်သွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးဆိုတာ..

ဗီတာမင်ဓာတ်..
သတ္ထု ဓာတ်..
အသားဓာတ်..
ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့..
လိုအပ်တဲ့ဓာတ်..
စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..

ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..
ပါဝင်ပြီးသားဖြစ်ပါတယ်..

အားဆေးဆိုတာ..
ခန္ဓာကိုယ်အတွက်..လိုအပ်မည့်..
အာဟာရဓာတ်ကို..ဖြည့်စွက်ပေးတာပါ..

သွေးတိုးသွေးတက်တာနဲ့..လားလားမှမဆိုင်ပါ..

အားဆေးသောက်ခြင်းဖြင့်..
သွေးမတက်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးသောက်ခြင်းသည်..
သွေးမတက်စေပါ..
ဘာမှမဆိုင်ပါ..

သို့သော်..
အဆီများသောအစာ..
အငန်များသောအစာ..
စားရင်တော့..သွေးတက်စေပါတယ်..

အဆီဓာတ်...အငန်ဓာတ်များသည်..
သွေးကြောများကို..
ကျဉ်းကျုံ့စေပြီး..
ဖိအားတင်းအားတက်လာစေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမှားကင်းစင်၍..
အမှန်မြင်နိုင်ကြပါစေ..
Crd,
မေတ္တာဖြင့်..
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်
ဆမ..၁၁၀၀၈..

ပစ္စည်းပြတ်နေတဲ့ ဆေးနဲ့ဆေးပစ္စည်းလေး တွေ ပြန်ရောက် 😊မေးထားသူများရောလိုအပ်သူများရော အားပေးလို့ရပါပီရှင့် 🥰🥰✅အားမာန် ~ ဆေး...
03/01/2022

ပစ္စည်းပြတ်နေတဲ့ ဆေးနဲ့ဆေးပစ္စည်းလေး တွေ ပြန်ရောက် 😊
မေးထားသူများရော
လိုအပ်သူများရော အားပေးလို့ရပါပီရှင့် 🥰🥰

✅အားမာန် ~ ဆေးဆိုင်
✅မြို့မစျေးအရှေ့ဘက်တန်း
✅ထီးချိုင့်မြို့
📱09 443878938

ရေနွေးအိတ်ရိုးရိုး အကြီး/ အလတ်  ၂မျိုးရောက်ထားပါတယ်ရှင် 😊✅အားမာန် ~ ဆေးဆိုင်✅မြို့မစျေးအရှေ့ဘက်တန်း / ထီးချိုင့်မြို့📱09...
24/12/2021

ရေနွေးအိတ်ရိုးရိုး အကြီး/ အလတ် ၂မျိုးရောက်ထားပါတယ်ရှင် 😊

✅အားမာန် ~ ဆေးဆိုင်
✅မြို့မစျေးအရှေ့ဘက်တန်း / ထီးချိုင့်မြို့
📱09 443878938

.အာရုံကြောဆေး တမျိုးဖြစ်တဲ့ Betex သောက်သောက်နေတတ်တဲ့ ကိုယ့်ဆရာကြီးတွေ ဖတ်သင့်ပါကြောင်း'Betex' Betex ဆေးက ခေါင်းမူးခေါင်း...
17/12/2021

.အာရုံကြောဆေး တမျိုးဖြစ်တဲ့ Betex သောက်သောက်နေတတ်တဲ့ ကိုယ့်ဆရာကြီးတွေ ဖတ်သင့်ပါကြောင်း

'Betex'

Betex ဆေးက ခေါင်းမူးခေါင်းကိုက်၊ ဇက်ကျောတက် ပျောက်ကင်းပါစေသလား.....

ရေရှည်သောက်ရင်ကော အစာအိမ်ထိခိုက်နိုင်ပါသလား......

ိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တမျိုးပါ။

အာရုံခံဆဲလ်၊နာ့ဖ်ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုပေါ် အကျိုးသက်ရောက်တယ်။ နာတာရှည် ထုံကျင်၊ညောင်းညာကိုက်ခဲ၊အကြောတင်းနေသူ၊ ထိတွေ့မှုအာရုံနည်းပါးသူ၊အသက်အရွယ်ကြီးသူတွေမှာ လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊စစ်၊တွဲကို အချိုးကျပေါင်းစပ်ထားတယ်။

neurobion အပြာကဒ်၊ neurorubin, neurovit
ဆိုတဲ့ ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ။
ကွာခြားတာက စျေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။

မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူအတွက် အာရုံကြောအားဆေးထည့်တဲ့အခါ neurobion အပြာကဒ်(သို့) Betex ကို အသုံးပြုကြတယ်။ Betex က neurobionထက် သုံးဆမက စျေးပိုကြီးတယ်။ ထိုင်းနိုင်ငံFavorexက ထုတ်လုပ်ထားတယ်။

ဲမှာ ပါဝင်တာတွေက-

Vitamin B1(thiamine mononitrate) 100mg

Vitamin B6(pyridoxine) 200mg

Vitamin B12(cyanocobalamine) 200mcg

စတာတွေ ဖြစ်ပါတယ်။

ဗီတာမင်ဘီရဲ့ အာနိသင်တွေက များတယ်။ သက်ရှိဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်။စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။ မျိုးဗီဇဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်စဉ်မှာလည်း အရေးကြီးပြန်တယ်။
နာဖ့်ဆဲလ်တွေမှာရှိတဲ့ acetylcholine ဖွဲ့စည်းရာ
မှာလည်း ပါဝင်တယ်။

အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေဖို့ ကူညီပေးတယ်။ နာ့ဖ်ကြောမျှင်၊နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ(myelin sheath)တွေကို ပြန်လည်တည်ဆောက်ပေးတယ်။ ပြုပြင်ပေးတယ်။ အရက်၊ဆေးဝါး၊ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ mono and polyneuropathics အာရုံကြောရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်။ အာရုံကြော အဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊dopamineနဲ့ serotoninဓာတ်တွေဖွဲ့စည်းဖို့ လည်း ကူညီလုပ်ဆောင်ပေးတယ်။ ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူပေးတယ်။

#အသုံးဝင်ပုံ

-ခြေဖျား၊လက်ဖျား ထုံကျဉ်ကိုက်ခဲခြင်း၊

-ပူစပ်ပူလောင် ဖြစ်ခြင်း၊

-အာရုံကြောရောင်ရမ်းခြင်း၊

-အာရုံကြောအားနည်းခြင်း၊

ဗီတာမင်ဘီ လိုအပ်သူများ

-အရက်အလွန်အကျွံသောက်သုံးသူ၊

-ဆီးချိုရောဂါသည်၊

-အသက်ကြီးရင့်သူ၊

-ဘီတာမင်ဘီ ချို့တဲ့သူ၊

-နာတာရှည် ရောဂါသည်၊

#ဆေးညွှန်း

တခါသောက် တလုံး၊တနေ့ ၂-၃ကြိမ် အစာစားပြီး သောက်ပါ။ ရေရှည်စွဲသောက်နိုင်ပါတယ်။ ဝါးစားတာ၊အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ်။ကိုယ်ဝန်ဆောင်တွေ တနေ့ တကြိမ်(သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်။ပါဝင်တဲ့ ပမာဏဟာ လိုတာထက်ပိုများလို့ ကလေးတွေမှာ သတိထားတိုက်ကျွေးရမယ်။ အာရုံကြောဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်။

#ဘေးထွက်ဆိုးကျိုး

-ချွေးထွက်များတာ

-နှလုံးခုန်မြန်တာ

-ရင်တုန်တာ

-အရေပြားယားယံတာ

-အင်ပြင်ထွက်တာ

Vitamin B6ပါတဲ့အားဆေးတွေကို L-dopaဆေးနဲ့ တွဲမသောက်သင့်ဘူး။ L-dopaရဲ့ အာနိသင် ယုတ်လျှော့စေမယ်။ ရေမှာပျော်ဝင်တာကြောင့် တော်ရုံများတာလောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်။

#မေးသူတွေ အတွက် ဖြေကြားချက်

-ခေါင်းမူး၊ခေါင်းကိုက်ကို သက်သာစေတာတော့ မဟုတ်ပါ။

-ဇက်ကျော၊ဂုတ်ကျောတက်သူများကို ပေးလေ့ရှိတယ်။

-ထုံကျဉ်တဲ့ဝေဒနာတွေကို အဓိကသက်သာစေတယ်။

-အထူးသဖြင့် အာရုံကြောရောင်ရမ်းတယ်လို့ ယူဆတဲ့အခါမျိုးမှာပေါ့။

-အကိုက်အခဲပျောက်ဆေးမဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ်မထိခိုက်စေပါ။

-အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်။

-စွဲသောက်တဲ့အတွက်လည်း ပြဿနာမရှိပါ။

-ဆရာဝန်ညွှန်ကြားသလို စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။
crd

Address

Tigyaing

Website

Alerts

Be the first to know and let us send you an email when Arr Mann Pharmancy - အားမာန် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram