OASIS Blind Massage

OASIS Blind Massage Japan-Myanmar Blind Massage

 #မျက်နှာအရင်သစ်မလား___သွားအရင်တိုက်မလား....‼️⁉️============================≈=“  #မျက်နှာသစ်ပြီးမှသွားတိုက်ပါ ”         ...
25/06/2025

#မျက်နှာအရင်သစ်မလား___သွားအရင်တိုက်မလား....‼️⁉️
============================≈=
“ #မျက်နှာသစ်ပြီးမှသွားတိုက်ပါ ”

သင် နံနက်အိပ်ယာထတဲ့အခါ မျက်နှာသစ်ပြီးမှ သွားတိုက်ပါသလား???

ဒါမှမဟုတ် သွားကို သွားပွတ်တံနဲ့ အရင်တိုက်ပြီး ပလုတ်ကျင်း၊ ခံတွင်း
သန့်စင်ပြီးမှ မျက်နှာသစ်လေ့ရှိသလား။ ဒီလို အကျင့်လုပ်ခဲ့တာကော
နှစ်ပေါင်းကြာပြီလား???

ညအိပ်ပျော်သောအခါတွင် ၀မ်းတွင်းအစာခြေ အင်္ဂါစုများမှာ အနားရလေသည်။
ထိုအခါ အစာဟောင်းအိမ်မှ အပုပ်အခိုးများသည် အကြောများမှတဆင့် အထက်
မျက်နှာ၊ မျက်စိ၊ ဦးခေါင်း အထိ တက်ကြလေသည်။ အစာသစ်အိမ်မှလည်း အစာ
ခြေပြီး ကြွင်းကျန်သည့် အစာခြေဝမ်းမီးခေါ် အက်ဆစ်အခိုးအငွေ့များသည် လည်
ချောင်းမှတဆင့် သွား၊ သွားဖုံး၊ အာခေါင်များသို့ တက်နေကြလေသည်။

နံနက်ထ၍ မျက်နှာသစ်လိုက်သောအခါတွင် အောင်းနေသော အခိုးအငွေ့များ
သည် အအေးရှိရာ အပူလာသည်ဆိုသည့်အတိုင်း ရေအေးနှင့် ထိတွေ့ပွတ်သပ်
ပေးရာ မျက်နှာပြင်သို့ အငွေ့ပျံပြီး ထွက်သွားကြလေသည်။ ထိုအခါ မျက်စိမှုန်စေ
မည့် အခိုးအငွေ့များ သွားနှင့် သွားဖုံးတို့တွင် အောင်းနေသော အခိုးအငွေ့များ
လည်း ပါသွားကြပြီး ရှင်းလင်းသွားလေသည်။

ထို့နောက်မှ သွားတိုက်သောအခါတွင် အခိုးကုန်ပြီးသော သွားနှင့် သွားဖုံးတို့မှာ
ပို၍ သန့်ရှင်းစင်ကြယ်သွားရလေသည်။

မျက်နှာမသစ်ဘဲ သွားတိုက်လျှင် အာခေါင်မှတစ်ဆင့် အပုပ်အခိုးအငွေ့များသည်
ဦးခေါင်းနောက်စေ့နှင့် မျက်စိအာရုံကြောများအထိ ရောက်သွားခြင်းကြောင့် မျက်စိ
ဝေခြင်း၊ ကြည့်မကောင်းခြင်း၊ အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ မျက်မှန်စောစောတပ်
ရခြင်းတို့ဖြစ်နိုင်လေသည်။

နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ သွား၊ သွားဖုံးနဲ့ ခံတွင်းမှာ
အပုပ်အခိုးရှိရင် အဲဒီ အခိုးအငွေ့တွေဟာ အာခေါင်ကတဆင့် နှာရိုးရင်းနဲ့ မျက်စိ
အထိတက်ပြီးဒုက္ခပေးတယ်ဆိုတဲ့ တွေ့ရှိချက်ပါပဲ။ ဒါကြောင့် လူတစ်ယောက်ဟာ
သွားမကောင်းရင် မျက်စိလည်းမွဲတာတွဲပြီး ဖြစ်လေ့ရှိပါတယ်။

“ မဟာစည် ဆရာတော်ကြီးကလည်း မျက်နှာသစ်ပြီးမှ သွားတိုက်ရန် မိန့်ကြား
ခဲ့ဖူးပါသည် ”

#စာဖတ်သူအားလုံးလည်းမျက်နှာသစ်ပြီးမှ သွားတိုက်ကြပါ...........။
-------------------------------------------------------------




(ကြည်လွင်မြင့်(မုဒြာ)၏ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ စာအုပ်မှထုတ်နုတ်ဖော်ပြ
ပါသည်)

ဘာကြောင့် အအိုမြန်တာလဲ ❓❓◼️ အရေးကြီးဆုံးအချက်က …နေရောင်မှာပါတဲ့ ယူဗီအေ (UVA) ၊ ယူဗီဘီ (UVB) ရောင်ခြည်များနဲ့ အချိန် ကြာမ...
25/06/2025

ဘာကြောင့် အအိုမြန်တာလဲ ❓❓
◼️ အရေးကြီးဆုံးအချက်က …
နေရောင်မှာပါတဲ့
ယူဗီအေ (UVA) ၊ ယူဗီဘီ (UVB) ရောင်ခြည်များနဲ့
အချိန် ကြာမြင့်စွာ ထိတွေ့နေမိခြင်းကြောင့်
အအိုမြန်ရခြင်း ဖြစ်ပါတယ်.
◼️ ယူဗီ အေ ( UVA) သည်
မျက်နှာရဲ့ အပေါ်ယံအရေပြားကစပြီး
အတွင်းထဲ အထိကိုပါ ထိခိုက်ပျက်စီးစေပါတယ်.
◼️ ယူဗီ ဘီ (UVB) ကတော့
အဆိုးဆုံး ဖြစ်ပါတယ် .
မျက်နှာကို အိုမင်းစေရုံမက
အရေပြားကင်ဆာအထိ ဖြစ်စေပါတယ်.
◼️ ဘာလုပ်သင့်လဲ ဆိုရင်တော့ …
အိမ်အပြင်ထွက်လျှင် (နေပူသည် ဖြစ်စေ၊ မိုးအုံ့သည် ဖြစ်စေ)
SPF 30 အနည်းဆုံးပါတဲ့
မိမိနှစ်သက်ရာ မျက်နှာလိမ်းခရင်း (Cream) တစ်ခုခုကို အသုံးပြုသင့်ပါတယ်.

ဒါဆိုရင်တော့ ယူဗီရောင်ခြည်ကို ၉၇% အထိ ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ.

Credit - လ/ထ ပါမောက္ခDr. ကျော်ဇောဟိန်း

#မျက်မမြင်အကြောပြင်
#၁နာရီ_၁၀၀၀၀ကျပ်
#တောင်ဥက္ကလာပ
Phone - 09450032575/ 09444456653

🚫  ပိတ်ရက်မရှိ ⏰  မနက် ၉ - ည ၉ 💆  အကြောပြင်ဆရာမ ၂ယောက်၊ ဆရာ ၃ယောက်☎️  09450032575/ 09444456653🏠 အမှတ် ၂၅/ဂ၊ ပါရမီလမ်း၊ ၅...
21/06/2025

🚫 ပိတ်ရက်မရှိ
⏰ မနက် ၉ - ည ၉
💆 အကြောပြင်ဆရာမ ၂ယောက်၊ ဆရာ ၃ယောက်
☎️ 09450032575/ 09444456653
🏠 အမှတ် ၂၅/ဂ၊ ပါရမီလမ်း၊ ၅ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်
👉 ပါရမီလမ်းဘက်ကလာရင် မာလာကွေ့မီးပွိုင့်အကျော် ဓာတ်တိုင် ၆တိုင်မြောက်လောက်မှာရှိပါတယ်။ ညာဘက်ခြမ်းပါ

👉 ဘေလီဘက်မှလာရင် ဘုန်းကြီးကျောင်းဝိုင်းတွေအကျော် သဘာဝတရားရိပ်သာအရှေ့မှာရှိပါတယ်။ ဘယ်ဘက်ခြမ်းပါ

အားပေးမှုအတွက် အိုအေစစ် မိသားစု အမြဲကျေးဇူးတင်လျက်ပါ🙏🏻

 #ခေါင်းချွေးထွက်ရောဂါ သက်သာစေဖို့ လေမျိုး ၈ဝ တွင် ကိုယ်တွင်လှည့်လည် နေသောလေရှိသည်။ ထိုလေသည် အထက်သို့ ဆန်လိုက်၊ အောက်သို...
21/06/2025

#ခေါင်းချွေးထွက်ရောဂါ သက်သာစေဖို့

လေမျိုး ၈ဝ တွင် ကိုယ်တွင်လှည့်လည် နေသောလေရှိသည်။ ထိုလေသည် အထက်သို့ ဆန်လိုက်၊ အောက်သို့ စုန်လိုက် လှည့်လည်နေသေည်။ ပုံမှန်လှည့်လည်နေရာမှ လေပူဖြစ်ပြီး အထက်သို့ အဆန်များလာခြင်း၊ အောက်သို့ အစုန်နည်းလာခြင်းဖြစ်တတ်သည်။ ထိုအထက်သို့ဆန်သော လေပူကြောင့် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ ခေါင်းချွေးထွက်ခြင်းများ ဖြစ်ရပေသည်။ အချို့သူများမှာ အပူအစပ်၊ ငရုတ်သီး အစပ်၊ ငရုတ်ကောင်းအစပ်ခတ်ထားသော ဟင်းချိုရည်သောက်သောအခါမှ အစပ်ကြောင့် လေပူသည် အစာအိမ်မှ အထက်သို့ ရောက်၍ဖြစ်စေ၊ သွေးကြောများအတွင်းမှ တစ်ဆင့်ဖြစ်စေ၊ အာကာသဓာတ်ပွင့်၍ ရုတ်တရက်ချွေးပြန်လာသည်။ ဤသို့ ခေါင်းချွေးပြန်ခြင်းမှာ ရောဂါမဟုတ်ပေ။ ခေတ္တခဏတုံ့ပြန်မှုသာဖြစ်သည်။ ခဏကြာလျှင် အစပ်ကိုဖြေလိုက်လျှင် ပြန်ပျောက်သွားမည်ဖြစ်သည်။

သွေးတိုးရောဂါရှိသူ၊ အလုပ်ပင်ပန်းလျှင် သွေးပေါင်ချိန် မြင့်တက်တတ်သူများတွင် ခေါင်းချွေးထွက်များလေ့ရှိသည်။ အချို့ ဆီးချိုရောဂါရှိသူများ ညအိပ်ပျော်သောအခါ ခေါင်းချွေးထွက်တတ်သည်။ ခေါင်းချွေး အထွက်များလျှင် အာခေါင်ခြောက်ပြီးရေငတ်၍ လန့်နိုးလာတတ်သည်။ ဆီးချို၊ သွေးချို ရှိသူများသည် ညအိပ်ရာဝင်ရေများများ သောက်ဖို့လိုသည်။ အိပ်ရာနံဘေးတွင် ရေပုလင်းထားပြီး အိပ်လျှင် ညတစ်ရေးနိုး ရေငတ်လျှင် ထသောက်နိုင်သည်။ စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် အသက် (၄၅)နှစ်ကျော် (၅ဝ)တွင်း ရောက်လာပြီးမှ သွေးတိုးအနည်းငယ်ဝင်လာပြီး ညအိပ်လျှင် ခေါင်းချွေးထွက်သောရောဂါ ဖြစ်လာသည်။ ဆီးချိုရောဂါမရှိသေးသော်လည်း မျိုးရိုးရှိသည်။ သူ၏မိခင်မျိုးရိုးမှာ ဆီးချိုရှိသည်။ အသားစားများသောရက်၊ ဧည့်ခံပွဲရှိ၍ အရက်၊ ဘီယာသောက်မိသော ရက်များတွင် ပို၍ခေါင်းချွေးရွှဲနေအောင် ထွက်လေ့ရှိသည်ကို သတိထားမိသည်ဟု ဆိုသည်။

အဝလွန်နေသူတစ်ဦးသည် ပူအိုက်သည့်ရာသီတွင် အပူဒဏ်သက်သာစေရန်လေအေးပေးစက်၊ အဲယားကွန်းဖြင့် အိပ်သည်။ အအေးဓာတ်ကြောင့် အိပ်ပျော်သော်လည်း ညဉ့်တစ်ဝက်ကျော်သောအခါ ခေါင်းချွေးများပြန်ပြီး နိုးလာသည်ဟုဆိုသည်။ ထိုသို့နိုးလာချိန်တွင် ရေလည်းငတ်ပြီး အာခေါင်ခြောက်သဖြင့် ရေထသောက်ရသည်။ ထိုသို့ဖြစ်နေသူသည် ညအိပ်ရာဝင် ချိန်တွင် ခြေဖဝါးဆားပွတ်ပြီး ဒူးအထက်မှအောက်ပိုင်းသို့ ရေအေးလောင်းပြီးအိပ်လျှင် အပူများ အောက်သို့ သက်ဆင်းသွားသဖြင့်ခေါင်းချွေးထွက်ခြင်းကို သက်သာစေနိုင်သည်။

ခေါင်းချွေးထွက်သူများ၏ အခြားပြဿနာမှာ ခြေသလုံးကြောများတင်းမာခြင်း၊ ခြေဆီမထွက်ဘဲ ခြေဖနောင့်များအက်ကွဲခြင်း ဖြစ်သည်။ အရှေ့တိုင်း အိန္ဒိယကျေးလက် တိုင်းရင်းဆေးနည်းများတွင် ခြေဖဝါးနှစ်ဖက်ကို ဆားရည်စိမ်ပြီး အဝတ်ခြောက်ဖြင့် သုတ်ကာ အက်ကွဲကြောင်းများအတွင်းသို့ နွားနို့မှရသည့် ထောပတ်အဆီကို လိမ်းကြသည်။ ဦးခေါင်းချွေးထွက်များ၍ ဆံပင်ကျွတ် ထိပ်ပြောင်သူများကိုလည်း ခြေဖဝါးနှစ်ဖက်ကို ဆားရည်စိမ်ခြင်း၊
ခြေဖဝါးတွင် ထောပတ်
လိမ်း၍ အိပ်ခြင်းဖြင့် သက်သာစေ နိုင်သည်ဟု ဆိုသည်။

ခေါင်းချွေးပြန်ခြင်း၊ ခေါင်းချွေး အထွက်များခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ မျက်စိသွေးကြောများ နီရဲခြင်း၊ မျက်သား တက်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ မျက်မှန်ဒီဂရီ တိုးခြင်းအတွက် သက်သာစေနိုင်သော နည်း လမ်းမှာ ခြေဖဝါးဆားပွတ်ပြီး ညအိပ်ရာဝင် ခါနီးအချိန်တွင် ဒူးဆစ်အထက်မှ အောက်သို့ ရေလောင်းခြေဆေးခြင်း ဖြစ်သည်။ဤနည်း
ကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ခေါင်းချွေး ထွက်သက်သာသည့်အပြင် အညောင်း အကိုက်များခြင်း၊ ခြေသလုံးကြွက်တက်ခြင်း၊ ခြေဖဝါးချွေးမထွက် အက်ကွဲခြင်းများပါ သက်သာစေနိုင်သည်။

ခြေဖဝါးဆားပွတ်ခြင်းသည် ခေါင်းချွေး ပြန်ခြင်းသာမက ခါးနာရောဂါ၊ကျောက်ကပ် ရောဂါများကိုလည်း သက်သာစေနိုင်သည်။ ရှေးက မြန်မာအနှိပ်ဆရာများကုသည့်နည်းတွင် ခါးနာသူကို ရေစိုအဝတ်ကို ရေကုန် အောင်ညှစ်ပြီး ခါးတွင်ပတ်စေ၍ ပက်လက် အိပ်စေပြီး ခြေဖဝါးကို ဆားပွတ်၊ ရေလောင်း ပေးသောအခါ ခြေဖဝါးမှ အပူ
အခိုးအငွေ့ များထွက်လာသည်။ ခါးတွင် ပတ်ထားသော ရေစိုအဝတ်မှာလည်း အပူငွေ့များပျံပြီး အဝတ်ခြောက်ဖြစ်သွားသည်။ ဤနည်းဖြင့် အပူခဲ၍ဖြစ်သော ခါးနာရောဂါများ လက်တွေ့ ပျောက်ကင်းသည်ကို တွေ့ရသည်။

ဆားသည် ပင်လယ်ရေထွက်ပစ္စည်းဖြစ်ပြီး အပုပ်အငန်တို့စုဝေးရာမှ ထွက်ပေါ်လာသော ပစ္စည်းဖြစ်သော်လည်း အပုပ်ကိုနိုင်သည်ဟု ဆိုသည်။ မြေထွက်ဆား၊ တွင်းထွက်ဆား၊ သိန္ဓောဆားတို့ထက် ပင်လယ်ထွက်ဆားသည် ပို၍ငန်သည်။ ပုပ်သိုးမည့်အရာများကို ဆားဖြင့် ထိန်းထားနိုင်သည်။ရှေးကလူကြီးများသည် နံနက် အိပ်ရာထသွားတိုက်ရာတွင်ပင် မီးဖိုချောင် သုံးဆားဖြင့် သွားတိုက်လေ့ရှိသည်။ သွားနာ ခြင်း၊ သွားဖုံးနာခြင်း၊ အပူကန်ခြင်းများကို ဆားကသက်သာစေနိုင်သည်ဟုဆိုသည်။

ဓာတုရသဆေးကျမ်းအလိုအရ နာနာ နယ အာဟာရစွယ်စုံကျမ်းတွင် ဖော်ပြထားသည်မှာ ဆားသည်ငန်သောအရသာရှိသည်။ ဝါယောဓာတ်ကိုနိုင်၏။ ပထဝီကိုလည်းဖြစ်စေတတ်၏။ သွေးကိုလည်း ကြည်လင်စေ တတ်သည်။ ဓာတ်မီးအခိုးရောက်သည်ဖြစ်၍ ပထဝီဓာတ်စုခဲသည်ကိုလည်း ကြေစေတတ်၏။ သလိပ်စေးကိုလည်း ကြေစေတတ်၏။ အပုပ်၊ ပြည်၊ သွေးကိုလည်း ကြေစေတတ် ၏။ သည်းခြေကိုလည်း ဖြောင့်မတ်စေတတ်၏။ ဓာတ်တို့၏ အခိုးအကင်းရောက်သမျှ နိုင်သည်။ လူတို့သည် မသုံးဆောင်ရလျှင် ဝါယောဓာတ်ပျက်၏။ အရသာမျိုးတို့၏ အရသာထက်လွန်၏။ ဓာတ်အပေါင်းတို့ကို ချုပ်၏ဟု ရေးသားဖော်ပြထားသည်။ဆားပွတ်ရာတွင် ခြေနှစ်ဖက်ဆင်း အိပ်ပြီး ခြေဖဝါးအောက်တွင် အဝတ်ဟောင်း တစ်ခု ခံထားပါ။

အင်တုံငယ်တစ်ခုတွင် ဆားထည့်ပါ။ ဟင်းခတ်အိုင်အိုဒင်းပါသောဆား မသုံးပါနှင့်။ ဆားကြမ်းကိုသုံးလျှင် ပိုကောင်း ပါသည်။ အဝတ်ရေစိုဖြင့် ခြေဖဝါးကိုသန့်စင် အောင် ပွတ်ပေးပါ။ ထို့နောက် ဆားကြမ်း ဖြင့် ပွတ်ပါ။ ပြီးလျှင် ရေဝတ်ဖြင့် ပြန်ပွတ်ပါ။

ဤနည်းအတိုင်း တစ်လှည့်စီပြုလုပ်ပေးပါ။ ဆားပွတ်ချိန်သည် ၁၅ မိနစ်မှ နာရီ ဝက်အတွင်းသာ ကြာပါသည်။ ဆားပွတ် ပေး၍ ၁ဝ မိနစ်ခန့်ကြာလျှင် ခြေဖဝါးမှ အပူများထွက်လာပါလိမ့်မည်။ ဦးခေါင်းချွေး ထွက်များလေ ခြေဖဝါးအပူထွက်လေ ဖြစ် သည်။ ဤကဲ့သို့ ဆားပွတ်ခြင်းကို ညနေ စောင်းတွင် ပြုလုပ်လျှင် ခြေမဆေးပါနှင့်။ ညအိပ်ရာဝင်ချိန်မှပြု
လုပ်လျှင် ပြီးလျှင် ဒူးအောက်ပိုင်း ခြေနှစ်ဖက် ရေဆေးပါ။ ကျောက်ကပ်ရောဂါ၊ ခါးနာရောဂါ၊ မျက်စိ မကြည် မျက်မှန်ဒီဂရီတိုးသည့်ရောဂါများပါ သက်သာစေနိုင်ပါသည်။

ဗဟုသုတများကို နေ့စဉ်နဲ့အမျှတင်ပေးနေတာမို့pageထဲကိုဝင်ရောက်လေ့လာရန်ဖိတ်ခေါ်ပါတယ်၊

#ကျန်းမာရေး
#အနှိပ်ဆရာမ၂ယောက်_ဆရာ၃ယောက်
#မျက်မမြင်အကြောပြင်
#တောင်ဥက္ကလာ



#အနှိပ်

🔷အနှိပ်ခံခြင်း၏ခန္ဓာကိုယ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူး🔹ခန္ဓာကိုယ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ👉ခန္ဓာကိုယ်အက...
20/06/2025

🔷အနှိပ်ခံခြင်း၏ခန္ဓာကိုယ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူး

🔹ခန္ဓာကိုယ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ
👉ခန္ဓာကိုယ်အကြောများကိုပြေလျော့စေခြင်း၊
👉အာရုံကြောများအတွက်ကောင်းမွန်စေခြင်း၊
👉သွေးဖိအားကိုလျော့ချပေးခြင်း၊
👉နှလုံးခုန်နှုန်းမြန်ဆန်မှုကိုလျော့ချပေးခြင်း၊
👉ကြွက်သားများတင်းမာမှု၊ နာကျင်မှုတို့ကိုပြေလျော့သက်သာစေခြင်း၊
👉 အသားအရေအတွက်ကောင်းမွန်စေခြင်း၊
👉သွေးလည်ပတ်မှုကောင်းမွန်စေခြင်း၊
👉နာတာရှည်ရောဂါဝေဒနာသည်များအတွက်လည်းကောင်းမွန်စေပါတယ်

🔹စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ
👉စိတ်ဖိစီးမှုကိုလျော့ချစေနိုင်ခြင်း၊
👉ကောင်းမွန်စွာအိပ်ပျော်စေ‌ခြင်း၊
👉စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုများသက်သာစေခြင်း၊
👉တွေးတောမှုပိုင်းဆိုင်ရာကိုတိုးတက်စေခြင်း၊

ကျွန်တော်တို့ အိုအေစစ် ဂျပန်-မြန်မာနည်းပညာ မျက်မမြင်အကြောပြင်ဆိုင်တွင် ကိုယ့်အိမ်ကိုယ့်ရာသဖွယ် စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ် ❤️❤️❤️

၁နာရီ - ၁၀၀၀၀ကျပ်
ဖွင့်ချိန် - မနက် ၉နာရီမှ ည ၉နာရီအထိ
အနှိပ်ဆရာ - ဆရာ ၃ယောက်၊ ဆရာမ ၂ယောက်
WiFi - Free

ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ 💆💆

လူကြီးမင်းတို့အ‌နေနဲ့လာရောက်အကြောပြင်မယ်ဆိုရင် အနှိပ်ဆရာ မအားလို့ အကြာကြီးထိုင်စောင့်ရမှာမျိုး၊ လှည့်ပြန်ရတာမျိုးမဖြစ်ရလေအောင် မလာခင်ဖုန်းလေးကြိုဆက်ပြီး booking ယူထားပေးဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ 🌱

ဆိုင်လိပ်စာကတော့
အမှတ် ၂၅/ဂ၊ (၁ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုး) ပါရမီလမ်း၊ ၅ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်

Phone - 09450032575, 09444456653

ပိုမိုကျန်းမာတဲ့နေ့သစ်တွေကို ပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ကျွန်တော်တို့ အိုအေစစ် မိသားစုမှ လူကြီးမင်းများအား ကြိုဆိုရန်စောင့်မျှော်နေပါတယ်ခင်ဗျာ… ☺️☺️

#မျက်မမြင်အကြောပြင်

#၁နာရီ_၁၀၀၀၀ကျပ်
#တောင်ဥက္ကလာ
#အနှိပ်ဆရာမ၂ယောက်_ဆရာ၃ယောက်
#အနှိပ်




ဘယ်သူတွေ ပုံမှန်အနှိပ်ခံသင့်လဲ?✅ခေါင်းကိုက်တတ်တဲ့သူ✅ခါးနာတတ်တဲ့သူ✅ကျီးပေါင်းရှိသူ✅screen time များသူ✅အကြောတင်းသူများ✅အကြ...
20/06/2025

ဘယ်သူတွေ ပုံမှန်အနှိပ်ခံသင့်လဲ?
✅ခေါင်းကိုက်တတ်တဲ့သူ
✅ခါးနာတတ်တဲ့သူ
✅ကျီးပေါင်းရှိသူ
✅screen time များသူ
✅အကြောတင်းသူများ
✅အကြောတက်ဝေဒနာနှစ်ရှည်ခံစားနေရသူများ
✅အပူငုပ်နေသူများ
✅အထိုင်များသူများ
✅ကျန်းမာသွက်လက်စွာနေထိုင်ချင်သူများ

လိပ်စာ - ၁ ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုး၊ ပါရမီလမ်း၊ ၅ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်

Phone - 09450032575/ 09444456653

အားပေးမှုအတွက် အိုအေစစ်မိသားစု အမြဲကျေးဇူးတင်လျက်ပါ🙏🏻

#မျက်မမြင်အ‌ကြောပြင်
#ခါးကြောညှပ်
#တောင်ဥက္ကလာ

ခါးကြောညှပ် တင်ပါးဆုံကြောညှပ်လို့ ဆေးသောက်/ဆေးထိုး အသုံးပြုတယ်။ ခဏဘဲသက်သာတယ် ပြန်နာတယ်။ ❓❓အကြောညှပ်တာအတွက်က ထိုးဆေး/သောက...
20/06/2025

ခါးကြောညှပ် တင်ပါးဆုံကြောညှပ်လို့ ဆေးသောက်/ဆေးထိုး အသုံးပြုတယ်။ ခဏဘဲသက်သာတယ် ပြန်နာတယ်။ ❓❓

အကြောညှပ်တာအတွက်က ထိုးဆေး/သောက်ဆေးသုံးရင် ဆေးက နာဒဏ်ကိုဖြေကူတယ် ဒါပေမယ့် အကြောညပ်တာအတွက်က လေ့ကျင့်ခန်းလုပ်ရမှာပါ။

အနာလျော့ဖို့ ပိုမဆိုးဖို့ အနေထိုင်ပါဂရုစိုက်ရပါတယ်။
လေ့ကျင့်ခန်း‌လေးပုံမှန်လုပ်ပေးခြင်း (သို့) နားလည်တတ်ကျွမ်းသူများနဲ့ နှိပ်နယ်အကြောပြင်‌ပေးခြင်းများ ပြုလုပ်ပေးလို့ရပါတယ်။

အနှိပ်/အကြောပြင်ဝန်ဆောင်မှုလိုအပ်ပါက ကျွန်တော်တို့ အိုအေစစ်အကြောပြင်ကို ဆက်သွယ်လိုက်ပါခင်‌ဗျ။

အကြောပြင်ဆရာများတင်မက ဆရာမများပါရှိတာမို့ အမျိုးသား၊ အမျိုးသမီးများ စိတ်ချစွာ လာရောက်နိုင်ပါတယ်ခင်ဗျာ။

(၁ ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုး)၊ ပါရမီလမ်း၊ ၅ရပ်ကွက်၊ ဝောာင်ဥက္ကလာပမြို့နယ်
Phone - 09450032575/ 09444456653


#ခါးကြောညှပ်
#မျက်မမြင်အ‌ကြောပြင်

#တောင်ဥက္ကလာ

🚨သူခိုး သတိပြု🚨ကိုယ်တွေလိုမခံရလေအောင် ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။၉-၄-၂၀၂၅ မနေ့က ကျွန်တော်တို့ဖောက်သည်တစ်ဦးရဲ့ ဖုန်း၁လု...
10/05/2025

🚨သူခိုး သတိပြု🚨
ကိုယ်တွေလိုမခံရလေအောင် ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။
၉-၄-၂၀၂၅ မနေ့က ကျွန်တော်တို့ဖောက်သည်တစ်ဦးရဲ့ ဖုန်း၁လုံး အနှိပ်ခံနေစဉ်အတွင်း ပျောက်သွားပါတယ်။ နှိပ်ပြီးလို့ ထွက်လာချိန်မှသာ ဖုန်းမရှိတော့ဘူးဆိုတာ သိရပါတယ်။ ဧည့်သည်ကိုယ်တိုင်မှာ သူ့ဖုန်းနံပါတ်ကို မမှတ်မိနေတဲ့အတွက် booking list ကိုကြည့်ပြီးဝိုင်းရှာပေးခဲ့ပါတယ်။ ဖုန်းခေါ်ကြည့်ပေမယ့် ဖုန်းက စက်ပိတ်သွားပါပြီ။ ဧည့်သည်နှိပ်နေစဉ်အတွင်းမှာ section ခန်းအဝင်အထွက်ရယ်လို့ အချိန်မပြည့်ခင် နာရီဝက်လောက်အလိုမှာ ကြိုထွက်သွားတဲ့ဧည့်သည်တစ်ဦးသာရှိပါတယ်။ ကျန်ဧည့်သည်များမှာ အခန်းအတွင်း ပုံမှန်အတိုင်း အနှိပ်ခံနေဆဲပါ။ ကြိုထွက်သွားတဲ့ဧည့်သည်မှာလည်း လာနေကျမဟုတ်တဲ့အပြင် phone booking နဲ့လာတဲ့ဧည့်သည်မဟုတ်တဲ့အတွက် ဘယ်လိုမှ ပြန်ဆက်သွယ်ဖို့ မဖြစ်နိုင်တော့ပါ။ ဆိုင်မှာ CCTV မတပ်ထားတဲ့အတွက် ဘယ်သူဘယ်ဝါရယ်လို့ မပြောနိုင်တဲ့အနေအထားဖြစ်သွားပါတယ်။

ကျွန်တော်တို့ဆိုင်အနေနဲ့ ဒီလိုအနေအထားမျိုးထပ်မဖြစ်ရလေအောင် ဧည့်သည်တစ်ဦးချင်းစီအတွက် ပစ္စည်းများထည့်သိမ်းပြီး lock လုပ်လို့ရတဲ့ ပုံးတစ်ပုံးစီ ထားရှိပေးထားပါတယ်။ မိမိတို့ရဲ့ တန်ဖိုးကြီးပစ္စည်းများကို ပုံးအတွင်းထည့်၍ lock လုပ်ပြီး မိမိတို့နှိပ်သည့် ကုတင်အောက်တွင်သာ ထားရှိပေးပါခင်ဗျ။ ဒါဆိုရင်တော့ မည်သူတစ်ဦးတစ်ယောက်မှ အလွယ်တကူ ခိုးမယူ‌နိုင်တော့ပါဘူးခင်ဗျာ။

👉🚨 ဖုန်းပျောက်သွားသော ဧည့်သည်မှာ နိုင်ငံခြားသား (ကိုရီးယားလူမျိုး) ဖြစ်ပြီး သူ့ဖုန်းက အလုပ်အတွက်လည်း အရမ်းအရေးကြီးနေပါတယ်။ ဖုန်းထဲမှအချက်အလက်များကို ပြန်လည်လိုအပ်နေသည့်အတွက် ငွေပေးရမယ်ဆိုလည်း ပေးမယ်လို့ ပြောပါတယ်။

ထို့အတွက် ဖုန်းလက်ဝယ်ရှိနေတဲ့သူအနေနဲ့ တစ်ဖက်ကို ပြန်လည်ကူညီပေးပါရန် မေတ္တာရပ်ခံပါတယ်။

ဆက်သွယ်ရန် - 09424742284 / 09694955982

ထိုနံပါတ်များမှာ ဧည့်သည်၏သူငယ်ချင်းများရဲ့ ဖုန်းနံပါတ်များဖြစ်ပါတယ်။ ဖုန်းယူသွားသောသူအနေနဲ့ ပြန်လည်ကူညီပေးရန် ဒီဖုန်းနံပါတ်များကို ဆက်သွယ်ပေးပါအုန်းခင်ဗျ။ ဖုန်းက အရမ်းအရေးကြီးနေလို့ပါခင်ဗျာ။

မျက်မမြင်အကြောပြင်သင်တန်းဆင်း ကျွမ်းကျင်လက်မှတ်ရ အနှိပ်ဆရာ ၁ယောက် အလိုရှိပါသည်။အသေးစိတ် ဖတ်ပေးပါ 👇👇တောင်ဥက္ကလာပမြို့နယ်၊...
21/04/2025

မျက်မမြင်အကြောပြင်သင်တန်းဆင်း ကျွမ်းကျင်လက်မှတ်ရ အနှိပ်ဆရာ ၁ယောက် အလိုရှိပါသည်။
အသေးစိတ် ဖတ်ပေးပါ 👇👇

တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်

လက်ရှိ ၁နာရီ - ၉၀၀၀ကျပ် နဲ့ ဝန်ဆောင်မှုပေးနေပါတယ်

Section ကြေးအပေါ်မှာ ၄၀ရာခိုင်နှုန်းရပါမယ်။

ထမင်းချက်ပေးထားပါတယ် (ဟင်းဖိုး ၇၅၀၀၀) ပေးပါတယ်။

အိပ်ခန်းသပ်သပ်ရပါမယ် (ယောက်ျားလေးအခန်း/မိန်းကလေးအခန်း)

ဆိုင်ဖွင့်ချိန် - မနက် ၉နာရီမှ ည၉နာရီ
(နောက်ဆုံး ဘိုကင်လက်ခံချိန် - ၈နာရီခွဲ)

၁လ ၂ရက်ခွင့်ယူနိုင်သည်။
(စနေ၊ တနင်္ဂနွေ နှင့် အစိုးရပိတ်ရက်တွေမှာတော့ ကျန်းမာရေးမှလွဲ၍ ခွင့်မပေးပါနော်)

ဆိုင်အတွင်း ဝက်/အမဲ လုံးဝစားလို့မရပါ။

ရေရှည်အလုပ်လုပ်မယ့်သူသာလိုချင်တဲ့အတွက် ဒီအချက်‌လေးတွေ သတိပြုပေးပါ။

⚠️ တကယ်အလုပ်လုပ်ချင်တဲ့သူ၊ ပိုက်ဆံရှာချင်သူများအတွက်သာ အဆင်ပြေပါမယ်။ နားနားနေနေ၊ အေးအေးလူလူနေချင်သူများအတွက်တော့ ပင်ပန်းပါမယ်။

⚠️လက်ရှိတော့ အနှိပ်ခန်းအတွင်း ၂၄နာရီအဲကွန်းမရနိုင်‌သေးပါ။ မီးလာချိန်သာ အနှိပ်ခန်းအတွင်း အဲကွန်းရပါမယ်။ ကျန်ချိန်များမှာ ပန်ကာ(၂/၃/၄)လုံး ဖွင့်ပေးပါတယ်။ အိပ်ခန်းအတွင်း (ကိုယ်ပိုင်) ပန်ကာသုံးနိုင်ပါတယ်။

⚠️ဆိုင်က ချောင်းဘေးကပ်လျက်ဖြစ်လို့ ခြင်ရှိပါတယ်။ ခြင်ဆေးထွန်း၊ ခြင်ဆေးလိမ်းရင် အဆင်ပြေပါတယ်။

⚠️section ကိုလည်း ရရှိတဲ့နာရီအပေါ်မူတည်ပြီး အလှည့်ကျဝင်ရပါတယ်။ အချင်းချင်းညှိဝင်ရတာပါ။ နာမည်နဲ့အတိအကျတောင်းတဲ့ဘိုကင်ကလွဲလို့ ကျန်section များကို ကောင်တာမှ နာမည်တပ်မခေါ်ပါ။

⚠️မိသားစုပုံစံပဲနေတာမို့ အဆင်ပြေတာ၊ မပြေတာ ဆိုင်ရှင်နဲ့တိုက်ရိုက်ပြောဆို အကြံပေးခွင့်ရှိပါတယ်။ ညှိနှိုင်းခွင့်ရှိပါတယ်။

⚠️ဆိုင်နဲ့ပတ်သတ်လို့ ကြားထားတာ၊ သိထားတာရှိပြီး အသေးစိတ် ထပ်မံသိရှိလိုပါကလည်း တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Phone - 09444456653

💦💦💦💦💦၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့မှ ဧပြီလ (၁၇) ရက်နေ့သည် ကျွန်တော်တို့အိုအေစစ်မိသားစု၏ မဟာနှစ်သစ်ကူး သင်္ကြန်ဆိုင်ပိတ်...
10/04/2025

💦💦💦💦💦

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့မှ ဧပြီလ (၁၇) ရက်နေ့သည် ကျွန်တော်တို့အိုအေစစ်မိသားစု၏ မဟာနှစ်သစ်ကူး သင်္ကြန်ဆိုင်ပိတ်ရက်များဖြစ်၍ အနှိပ်ဝန်ဆောင်မှုများလည်း‌ ခေတ္တရပ်နားထားပြီး အနှိပ်ဆရာ၊ ဆရာမများသည်လည်း နေရပ်သို့ပြန်၍ မိသားစုနှင့်အတူ နှစ်သစ်ကူး အတာသင်္ကြန်ကို ဖြတ်သန်းကြမည်ဖြစ်ပါသည်။

ကျွန်တော်တို့ရဲ့ မိတ်ဟောင်း၊ မိတ်သစ် customer များလည်း ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်ကူးရက်များ ပိုင်ဆိုင်ကြပါ‌စေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ကျွန်တော်တို့ အိုအေစစ်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

💦💦💦💦💦💦💦💦💦💦

နှစ်ဆန်း ၂ရက်နေ့ ၊ ဧပြီလ ၁၈ရက်နေ့မှစ၍ ကံကောင်းခြင်း၊ စိတ်ချမ်းမြေ့ခြင်း၊ အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်းများနဲ့ အတူ ဝန်ဆောင်မှုများ ပြန်လည်စတင်၍ ဆိုင်အားပြန်လည်ဖွင့်မည်ဖြစ်ပါကြောင်း ကြိုတင်၍အသိပေးအပ်ပါသည်။

🔷အနှိပ်ခံခြင်း၏ခန္ဓာကိုယ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူး🔹ခန္ဓာကိုယ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ👉ခန္ဓာကိုယ်အက...
30/01/2025

🔷အနှိပ်ခံခြင်း၏ခန္ဓာကိုယ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူး

🔹ခန္ဓာကိုယ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ
👉ခန္ဓာကိုယ်အကြောများကိုပြေလျော့စေခြင်း၊
👉အာရုံကြောများအတွက်ကောင်းမွန်စေခြင်း၊
👉သွေးဖိအားကိုလျော့ချပေးခြင်း၊
👉နှလုံးခုန်နှုန်းမြန်ဆန်မှုကိုလျော့ချပေးခြင်း၊
👉ကြွက်သားများတင်းမာမှု၊ နာကျင်မှုတို့ကိုပြေလျော့သက်သာစေခြင်း၊
👉 အသားအရေအတွက်ကောင်းမွန်စေခြင်း၊
👉သွေးလည်ပတ်မှုကောင်းမွန်စေခြင်း၊
👉နာတာရှည်ရောဂါဝေဒနာသည်များအတွက်လည်းကောင်းမွန်စေပါတယ်

🔹စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ
👉စိတ်ဖိစီးမှုကိုလျော့ချစေနိုင်ခြင်း၊
👉ကောင်းမွန်စွာအိပ်ပျော်စေ‌ခြင်း၊
👉စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုများသက်သာစေခြင်း၊
👉တွေးတောမှုပိုင်းဆိုင်ရာကိုတိုးတက်စေခြင်း၊

ကျွန်တော်တို့ အိုအေစစ် ဂျပန်-မြန်မာနည်းပညာ မျက်မမြင်အကြောပြင်ဆိုင်တွင် ကိုယ့်အိမ်ကိုယ့်ရာသဖွယ် စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ် ❤️❤️❤️

၁နာရီ - ၉၀၀၀ကျပ်
ဖွင့်ချိန် - မနက် ၉နာရီမှ ည ၉နာရီအထိ
အနှိပ်ဆရာ - ဆရာ ၃ယောက်၊ ဆရာမ ၃ယောက်
WiFi - Free

ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ 💆💆

လူကြီးမင်းတို့အ‌နေနဲ့လာရောက်အကြောပြင်မယ်ဆိုရင် အနှိပ်ဆရာ မအားလို့ အကြာကြီးထိုင်စောင့်ရမှာမျိုး၊ လှည့်ပြန်ရတာမျိုးမဖြစ်ရလေအောင် မလာခင်ဖုန်းလေးကြိုဆက်ပြီး booking ယူထားပေးဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ 🌱

ဆိုင်လိပ်စာကတော့
အမှတ် ၂၅/ဂ၊ (၁ဝိုင်းဘုန်းကြီးကျောင်းမျက်စောင်းထိုး) ပါရမီလမ်း၊ ၅ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်

Phone - 09450032575, 09444456653

ပိုမိုကျန်းမာတဲ့နေ့သစ်တွေကို ပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ကျွန်တော်တို့ အိုအေစစ် မိသားစုမှ လူကြီးမင်းများအား ကြိုဆိုရန်စောင့်မျှော်နေပါတယ်ခင်ဗျာ… ☺️☺️

#မျက်မမြင်အကြောပြင်

#၁နာရီ_၉၀၀၀ကျပ်
#တောင်ဥက္ကလာ
#အနှိပ်ဆရာမ၃ယောက်_ဆရာ၃ယောက်
#အနှိပ်




ကြယ်စင်တို့ လမင်းတို့မရှိတဲ့ အနှိပ်သီးသန့်ဆိုင်ပါ​ခင်ဗျ 😁​ညောင်းတယ်ကွာ အနှိပ်ခန်းသွားအုန်းမယ်ဆိုလို့က​တော့ ကျွန်​တော်တို...
26/01/2025

ကြယ်စင်တို့ လမင်းတို့မရှိတဲ့ အနှိပ်သီးသန့်ဆိုင်ပါ​ခင်ဗျ 😁

​ညောင်းတယ်ကွာ အနှိပ်ခန်းသွားအုန်းမယ်ဆိုလို့က​တော့ ကျွန်​တော်တို့ အို​အေစစ်မျက်မမြင်အ​ကြောပြင်ဆိုင်ကိုသာ စိတ်ချလက်ချ အ​ရောက်ပို့လိုက်ပါခင်ဗျ 😄

ကျွန်​တော်တို့ဆိုင်မှာ အမျိုးသား အနှိပ်ဆရာ၃​ယောက်ရှိပါတယ်။

အမျိုးသမီးသီးသန့်အတွက်​က​​တော့ အနှိပ်ဆရာမ ၃ယောက်ရှိပါတယ် ခင်ဗျ။

အမျိုးသမီးဆရာမ​တွေက အမျိုးသမီးသီးသန့်သာ ဝန်​ဆောင်မှု​ပေးပါတယ်ခင်ဗျ။

ကျွန်​​တော်တို့ရဲ့​ဖောက်သည်​တွေ​ပြောသလို ရပါတယ် "အမျိုးသားဆရာ မအားလည်း ဆရာမနဲ့နှိပ်လိုက်မယ်​လေ ငါတို့ကရပါတယ်ကွာ ဘယ်သူနှိပ်နှိပ်အ​ညောင်း​ပြေပြီး​ရော"
လို့ဆို​ပေမယ့် မျက်မမြင်အဖွဲ့အစည်းရဲ့ချမှတ်ထားတဲ့ စည်းမျဥ်း၊ စည်းကမ်း​တွေရှိတာမို့ လက်မခံနိုင်တာလည်း စိတ်မရှိပါနဲ့ခင်ဗျ။

ကဲကဲ ဒီလောက်ဆိုစိတ်ချရပြီမို့ အိမ်ကအမျိုးသားပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်၊ မိသားစုလိုက်ပဲဖြစ်ဖြစ် စိတ်ချလက်ချသာ ကျွန်​တော်တို့ဆီ လွှတ်လိုက်ပါ၊ ကိုယ်တိုင်လည်း လာ​ရောက်အနှိပ်ခံလှည့်ပါအုန်းလို့ ဖိတ်​ခေါ်ပါရ​စေခင်ဗျ။

အကြောတင်၊ အကြောကပ်၊ အကြောညပ်၊
ဒူးနာ၊ ဒူးကိုက်၊ ခါးနာ၊ ခါးကိုက်၊ လေဖျန်း၊ လေဖြတ်၊
အဆစ်​​ရောင်၊ အဆစ်လွဲ၊ အဆစ်ကိုက်၊ ခြေထောက်ပူခြင်း၊ အကြောရောဂါအမျိုးမျိုးနှင့် ညောင်းညာကိုက်ခဲခြင်းဝေဒနာတို့ကို ထိရောက်လျှင်မြန်စွာဖြင့် ကုသပေး​နေပါတယ်ခင်ဗျာ။

၁နာရီ - ၉၀၀၀ကျပ်
၁နာရီခွဲ - ၁၃၅၀၀ကျပ်
၂နာရီ - ၁၈၀၀၀ကျပ်

မနက် ၉နာရီမှ ည ၉နာရီအထိ ပိတ်ရက်မရှိ ဝန်​ဆောင်မှု​ပေး​နေပါတယ်။

ကျွန်​တော်တို့ရဲ့ အ​ကြောပြင်/အနှိပ်ဝန်​ဆောင်မှုကိုလိုအပ်လာပါက
09450032575, 09444456653 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်း​မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ပါရမီလမ်းမ​ပေါ်၊ ၁ဝိုင်းဘုန်းကြီး​ကျောင်းအနီး၊ ၅ရပ်ကွက်၊ ​တောင်ဥက္ကလာပမြို့နယ်

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959450032575

Website

Alerts

Be the first to know and let us send you an email when OASIS Blind Massage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to OASIS Blind Massage:

Share