Find O2 Myanmar

  • Home
  • Find O2 Myanmar

Find O2 Myanmar All Oxygen in One Link

Now available on Google Play Store----------------------------------Find O2 Myanmar App ကို Google Play Store မှာ Downlo...
09/08/2021

Now available on Google Play Store
----------------------------------

Find O2 Myanmar App ကို Google Play Store မှာ Download လို့ရနေပါပြီ

https://play.google.com/store/apps/details?id=com.mmc19care.finder.o2findermyanmar

မသိကြသေးတဲ့သူတွေရှိရင် လက်တို့လိုက်ကြပါအုန်း

အောက်ဆီဂျင်ရှာဖို့ အခက်အခဲဖြစ်နေတဲ့သူများ App ကို ဒေါင်းပြီး လွယ်ကူမြန်ဆန်စွာ ရှာဖွေနိုင်ပါပြီ

လက်ရှိသုံးနေတဲ့သူတွေရော ဘာအဆင်မပြေတာများ ရှိကြလဲဗျ

လိုအပ်ချက်လေးတွေရှိရင် အကြံပြုပေးကြပါအုန်း

အားလုံးကပ်ဆိုးကြီးများကို အောင်မြင်စွာကျော်လွှားနိုင်ကြပါစေ


Flow meter လိုအပ်နေသူများအတွက် သတင်းကောင်းပါအမှန်တကယ်လိုအပ်နေမှသာ ဝယ်ယူပေးကြပါဗျာ
29/07/2021

Flow meter လိုအပ်နေသူများအတွက် သတင်းကောင်းပါ

အမှန်တကယ်လိုအပ်နေမှသာ ဝယ်ယူပေးကြပါဗျာ

ဒါကတော့ မရတ်ကျော်သူ ရဲ့ Live အနှစ်ချုပ်ပါအဲမှားလို့ကျွန်တော်တို့ ဖန်တီးထားတဲ့ App ၂ ခုရဲ့ အနှစ်ချုပ်လေးပါအရုပ်နည်းတယ် စာ...
28/07/2021

ဒါကတော့ မရတ်ကျော်သူ ရဲ့ Live အနှစ်ချုပ်ပါ

အဲမှားလို့

ကျွန်တော်တို့ ဖန်တီးထားတဲ့ App ၂ ခုရဲ့ အနှစ်ချုပ်လေးပါ

အရုပ်နည်းတယ် စာများတယ် ဆိုပြီး သေချာမဖတ်ဖြစ်လိုက်တဲ့သူတွေ ရှိနေမှာဆိုးလို့ပါ

Find O2 App
------------

-အောက်ဆီဂျင် ရှာနေတဲ့သူသုံးဖို့
-ကိုယ်နေတဲ့ နေရာကိုရွေး
-အဲ့ကျတော့ အဲဲ့နားတဝိုက်က Oxygenရနိုင်မယ့် နေရာတွေကျလာမယ်
-အဲ့ထဲကမှ အဆင်ပြေမယ်ထင်တဲ့နေရာထပ်ကိုရွေး
-လိပ်စာတွေ ဖုန်းတွေ အပြည့်အစုံတွေ့ရမယ်
-နောက်ဆုံးဆက်သွယ်ထားတဲ့အချိန်တွေပါပြထားတယ်
-မသွားခင်တော့ ဖုန်းထပ်ဆက်ကြည့်
-အချိန် စက္ကန့်ပိုင်းလေးနဲ့ ကိုယ့်နားတဝိုက်က Oxygen ရနိုင်မယ့် နေရာတွေကို သိရမယ်
-app မဒေါင်းရသေးရင် ဒီမှာတွေ သွားဒေါင်း

Play Store မှာလည်းရနေပြီ

https://play.google.com/store/apps/details?id=com.mmc19care.finder.o2findermyanmar

http://u.pc.cd/3zm

CSR App
---------

-Oxygen ထောက်ပံ့ပေးမယ့်သူတွေသုံး
-ရောင်းတာဖြစ်ဖြစ်၊ငှားတာဖြစ်ဖြစ်၊ ပရဟိတ ပဲဖြစ်ဖြစ် သုံးလို့ရတယ်
-Log In ဝင်ဖို့ msg box မှာ အကောင့်လာတောင်း
-အဓိကက အောက်ဆီဂျင် ရှာနေတဲ့သူတွေကို မိမိတို့ဆီမှာ အောက်ဆီဂျင်ရပြီဆိုတာနဲ့ ချက်ချင်း အသိပေးနိုင်ဖို့
-App ထဲမှာ ဘာမှထွေထွေထူးထူးမပါဘူး
-Oxygen ရရင် On ၊ မရရင် off ဒါလေး လုပ်ပေးရုံပဲ
-app မဒေါင်းရသေးရင် ဒီမှာဒေါင်း

https://cutt.ly/lQqFlqs

ဒီလောက်ဆိုရှင်းလောက်ပါပြီနော်

ကိုယ့်အသိတွေထဲက မဒေါင်းရသေးသူတွေရှိရင်လည်းဒေါင်းခိုင်းထားလိုက်အုန်းဗျ


Covid 3rd Wave မှာ မြန်မာပြည်သူများ ကြုံတွေ့နေရတဲ့ Oxygen ရှာဖွေခြင်း အခက်အခဲကို လွယ်ကူသက်သာစွာ ဖြေရှင်းနိုင်စေရန်အတွက် ...
26/07/2021

Covid 3rd Wave မှာ မြန်မာပြည်သူများ ကြုံတွေ့နေရတဲ့ Oxygen ရှာဖွေခြင်း အခက်အခဲကို လွယ်ကူသက်သာစွာ ဖြေရှင်းနိုင်စေရန်အတွက် Find O2 Myanmar App ကို release ခဲ့ပါတယ်။

နေ့စဉ်နဲ့အမျှ အောက်ဆီဂျင် ဖြည့်တင်းပေးနေသောစက်ရုံများနှင့် ပရဟိတအသင်းများ၊ အောက်ဆီဂျင်အိုးနှင့်ဆက်စပ်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချပေးနေသူများ (Suppliers) အားလုံးကိုလည်း ကျေးဇူးတင် အသိအမှတ်ပြုအပ်ပါတယ်ခင်ဗျာ။

အခုတစ်ခါမှာတော့ Supplier များဘက်က ဖုန်းလက်ခံဖြေဆိုနေရခြင်း ၊ အောက်ဆီဂျင်ရရှိနိုင်သောအခါ လူအများသိစေရန် ကြော်ငြာရခြင်းများအတွက် အချိန်ကုန်သက်သာစေဖို့အတွက် Supplier များ လွယ်လွယ်ကူကူ အသုံးပြုနိုင်မယ့် CSR app ကို မိတ်ဆက်ပေးပါရစေ။

နည်းပညာနှင့် မရင်းနှီးသူများပါ အသုံးပြုလွယ်စေဖို့ CSR app ကို On-Off ခလုတ်သာ ထည့်သွင်းပြီး ရိုးရှင်းစွာ ဖန်တီးပေးထားပါတယ်။

Supplier များဘက်မှာ အောက်ဆီဂျင်ထောက်ပံ့ပေးနိုင်သော အချိန်တွင် On ထားပေးပြီး ထောက်ပံ့မှုရပ်ဆိုင်းထားချိန်းမှာ Off ထားလိုက်ရန်သာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Supplier များအနေနဲ့ CSR app ကို အသုံးပြုပြီး အောက်စီဂျင် (သို့) အောက်စီဂျင်အိုး၊ ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်သည့် Update အခြေအနေများကို Find O2 app အသုံးပြုသူများဆီသို့ စက္ကန့်ပိုင်းအတွင်း သတင်းဖြန့်ဝေပေးသွားနိုင်မှာပါ။

အောက်စီဂျင်ရှာဖွေရာ စက္ကန့်တိုင်း၊ မိနစ်တိုင်းက အဖိုးတန်လှတာကို ကျွန်တော်တို့ ကိုယ်ချင်းစာနားလည်ပါတယ်။ ဖြန့်ချိသူများ အသုံးပြုနိုင်မည့် CSR app နှင့် ရှာဖွေသူများအတွက် Find O2 app တို့ကနေ မြန်မာပြည်သူ/ သားများရဲ့ အောက်စီဂျင်ရှာဖွေပံ့ပိုးခြင်းကို အချိန်ကုန်၊ လူပင်ပန်းသက်သာစေနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေမယ်လို့လည်း မျှော်လင့်ပါတယ်။

CSR app ကို အသုံးပြုလိုသည့် Supplier များအနေဖြင့် မိမိနှင့် သက်ဆိုင်သောအသင်းအဖွဲ့၊ လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအတွက် လိုအပ်မယ့် User Account တစ်ခုဆီကို Find O2 myanmar page ရဲ့ Chatbox မှာ လာရောက်တောင်းယူနိုင်ပါတယ်။

andriod user များအတွက် CSR app ကို အောက်ပါ Link မှာ သွားရောက် download ရယူနိင်ပါပြီ

https://cutt.ly/lQqFlqs

Find O2 App နှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါကလည်း အောက်ပါ link မှာ အသေးစိတ်သွားရောက်ဖတ်ရူ့ကာ download ရယူနိုင်ပါတယ်။

https://www.facebook.com/108218008203012/posts/116577567367056/?d=n

မြန်မာပြည်သူပြည်သားများ ကပ်ဆိုးကြီးများရဲ့ဘေးမှ အမြန်ဆုံး လွတ်မြောက်ကင်းဝေးနိုင်ကြပါစေခင်ဗျာ။


Oxygen လိုအပ်နေသူများအတွက်လည်း Find O2 Myanmae app ကနေ မိမိအနီးတဝိုက်မှာရှိတဲ့ Oxygen ရရှိနိုင်မယ့် နေရာတွေကို အလွယ်တကူ ...
25/07/2021

Oxygen လိုအပ်နေသူများအတွက်လည်း Find O2 Myanmae app ကနေ မိမိအနီးတဝိုက်မှာရှိတဲ့ Oxygen ရရှိနိုင်မယ့် နေရာတွေကို အလွယ်တကူ ရှာဖွေနိုင်ပါ

App ကို အသုံးပြနိုင်ရန် အောက်ပါ Link မှ တဆင့်သွားရောက် Download ရယူနိူင်ပါတယ်

http://u.pc.cd/3zm

ခုလောလောဆယ်မှာတော့ android user တွေသာ အသုံးပြုလို့ ရနိုင်မှာဖြစ်ပါတယ်။

မကြာခင်မှာ Play Store အပြင် ios user တွေအတွက် App Store မှာပါ Download ရယူနိုင်တော့မှာပါ။

app download လုပ်ရန် အဆင်မပြေသူများနှင့် ios user များအနေဖြင့် https://mmc19care.com မှာလည်း သွားရောက် အသုံးပြုနိုင်ပါတယ်။

Find O2 Myanmar App လေးကို Download ဆွဲထားပြီး သင့်ပတ်ဝန်းကျင်နဲ့ သင်ချစ်ခင်ရသူတွေရဲ့ Oxygen လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးနိုင်ပါပြီ။


လူတိုင်း Oxygen Concentrator တွေ ဝယ်ပြီး သုံးနေကြပြီဆိုတော့ သိကြပြီးသားလည်းဖြစ်မှာပါ

ဒါပေမယ့် အချို့မသိသေးတဲ့သူတွေအတွက်
သတိထားရမှာလေးတွေ မသိလိုက်မှာစိုးလို့ပါ

- **Safe Guard** ခံပြီးမှ သုံးရပါမယ်

- Maintenance cleaning လုပ်ပြီးကာစ ရေအစိုဓာတ် ကျန်နေသေးရင် လုံးဝခြေက်သွားမှ ပြန်သုံးပါ

-စက်ရဲ့ အောက်ခြေမှာ Transport အတွင်းစိတ်ချရအောင် ချည်ထားတဲ့ကြိုးရှိတတ်ပါတယ်
မသုံးခင် အဲ့ကြိုးကိုဖြတ်ပါ
(အချို့စက်မှာ မပါပါ
စက်အောက်ခြေကို မ,ကြည့်ပါ)

-စက်ကို သယ်တဲ့အခါ လှဲပြီးမသယ်ရပါ တဲ့

- စက်အမျိုးအစားပေါ်မူတည်ပြီး
အဖွင့်ခလုတ် တစ်ခု or နှစ်ခု ပါတတ်ပါတယ်
အိမ်ကတလုံးဆို ပထမခလုတ်နှိပ်ပြီး ကွိကွိကွကွစကားပြောသံဆုံးမှ နောက်ခလုတ်ကိုဖွင့်ရပါတယ် 😅

- ပြီးမှ Flow meter ကို 1L မှစကာ 2L... 3L... ဖြေးဖြေးချင်းတင်သွားပါ။ ဖွင့်ပြီးပြီးချင်း 5L 10L တန်းတင်တာမျိုး မလုပ်ပါနဲ့

-စက်ပြန်ပိတ်မယ်ဆိုလည်း တဆင့်ချင်းစီ Flow meter ပိတ် ပြီး Off button နှိပ်

-Humidifier ရေထည့်သည့်ခွက်ထဲကို max နဲ့ mini အမှတ်ကြားရေထည့်ပါ
အပြည့်ကြီးမထည့်ပါနဲ့
ရေသန့်ပဲသုံးပါ
ပူလွန်းသောရေ ရေအေး မဖြစ်ရပါ။ ပုံမှန်ပဲထည့်

- ရေကိုတစ်နေ့တစ်ခါလဲပေးရပါမယ်။

- ခွက်နှင့်ပိုက်ကို တစ်နေ့တစ်ခါ ဆေးပေးရပါမယ်
(ရေနွေးနဲ့ ဆပ်ပြာသုံးပြီးဆေးလို့ရပါတယ် သို့ White vinegar တစ်ဆ ရေသုံးဆ ရော ခဏစိမ်ထားပြီး ဆေးလို့လည်းရပါတယ် (Germicide)
အနံ့ပျောက်အောင်တော့ သေချာပြန်ဆေး)

- Filter ကိုသုံးတာကြာလာရင် အရမ်းညစ်ပတ်နေရင် Filter သန့်ရှင်းရေးလုပ်ပါ
လဲဖို့လိုအပ်နိုင်ပါတယ်

- စက်ကို ကော်ဇောပေါ်မတင်ရပါ
ကော်ဇောမှဖုန်များစက်မှတစ်ဆင့်ဖြတ်လာနိုင်ပါတယ်

- နံရံများ ပစ္စည်းများနှင့် အနည်းဆုံး ၂ ပေခန့်ခြားထားပါ
တတ်နိုင်သမျှ Space ရှိသော နေရာကျယ်ကျယ်မှာထားပါ
အပူများလွင့်စေရန်အတွက်ပါ (စက် heat ထွက်တဲ့နေရာကိုပန်ကာနဲ့ပါ မှုတ်ထားရင် ပိုအသုံးခံမလားပဲ Computer တွေလိုပေါ့ 😅)

- စက်ကို ၅ နာရီခန့် သုံးပြီးလျင် ၁ နာရီခန့် အနားပေးပါ
(အချို့တေက ဘယ်နှစ်နာရီထိခံတယ်
ဘာညာပြောပေမယ့် မသေချာပါ
စက်ပျက်ရင် တိုင်ပတ်မှာ ကိုယ်ပါ
အာ့ကြောင့် ယုယုယယ ကိုင်တွယ်သုံးစွဲပါ)

-အောက်စီဂျင်ကို မပြတ်တမ်းရှူဖို့ လိုအပ်နေတဲ့သူဆိုရင် Concentrator အပြင် Cylinder ပါဆေင်ထားရပါမယ်
မီးပျက်တဲ့ အချိန် စက်နားတဲ့အချိန် သုံးဖို့ပါ

-စက်ကို အသုံးမပြုမီ Manual guidebook ကိုဖတ်ပါ

ပြန်လည်ကူးယူဖော်ပြပါတယ်။

24/07/2021

တချို့ download လုပ်ရတာ အဆင်ပြေဘူးဆိုသူတွေအတွက် download လုပ်နည်း screen video လေး ပါ ခင်ဗျာ

App ကို အသုံးပြုနိုင်ရန် အောက်ပါ Linkများ မှ တဆင့်သွားရောက် Download ရယူနိူင်ပါတယ်

Pcloud link - http://u.pc.cd/3zm

Or

Mediafire link - https://cutt.ly/Nm54bjH

ခုလောလောဆယ်မှာတော့ android user တွေသာ အသုံးပြုလို့ ရနိုင်မှာဖြစ်ပါတယ်။

မကြာခင်မှာ Play Store အပြင် ios user တွေအတွက် App Store မှာပါ Download ရယူနိုင်တော့မှာပါ။

app download လုပ်ရန် အဆင်မပြေသူများနှင့် ios user များအနေဖြင့် https://mmc19care.com မှာလည်း သွားရောက် အသုံးပြုနိုင်ပါတယ်။

Find O2 Myanmar App လေးကို Download ဆွဲထားပြီး သင့်ပတ်ဝန်းကျင်နဲ့ သင်ချစ်ခင်ရသူတွေရဲ့ Oxygen လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးနိုင်ပါပြီ။


Find O2 Myanmar App ဖြင့် Oxygen ရှာပါသင်နဲ့အနီးဆုံးမှာရှိတဲ့ အောက်ဆီဂျင်ရရှိနိုင်မယ့် နေရာတွေကို လွယ်ကူစွာ ရှာဖွေနိုင်စ...
24/07/2021

Find O2 Myanmar App ဖြင့် Oxygen ရှာပါ

သင်နဲ့အနီးဆုံးမှာရှိတဲ့ အောက်ဆီဂျင်ရရှိနိုင်မယ့် နေရာတွေကို လွယ်ကူစွာ ရှာဖွေနိုင်စေဖို့ဆိုတဲ့ စိတ်စေတနာဖြင့် ဖန်တီးပေးထားတဲ့ ကျွန်တော်တို့ရဲ့ Find O2 Myanmar App ကို ဒီနေ့ အများပြည်သူများ အသုံးပြုလို့ရအောင် ဖြန့်ဝေပေးလိုက်ပါတယ်။

ဒီ app လေးရဲ့ အဓိက ရည်ရွည်ချက်ကတော့ မြန်မာနိုင်ငံတဝန်းရှိ Oxygen လိုအပ်နေတဲ့လူတွေအတွက် မိမိတို့နေထိုင်ရာ တိုင်း/ပြည်နယ် တစ်ခုချင်းဆီ အလိုက်၊ မြို့နယ်တစ်ခုချင်းဆီအလိုက် အောက်ဆီဂျင် ဖြည့်တင်းပေး၊ငှားရမ်းပေး၊ရောင်းချပေး နေတဲ့ ဆေးရုံဆေးခန်းတွေ၊ပရဟိအသင်းတွေ၊ဆိုင်တွေ၊စက်ရုံတွေ အစရှိသော နေရာတွေရဲ့ တည်နေရာနဲ့ သူတို့ကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကို အလွယ်တကူရှာဖွေနိုင်စေဖို့ပါ။

တိကျမှန်ကန်တဲ့ အချက်အလက်တွေဖြစ်စေဖို့ အတွက်လည်း Volunteer Team များဖြင့် တတ်နိုင်သမျ အချိန်နှင့်တပြေးညီ Update ပြုလုပ်ပေးနေပါတယ်။

အသုံးပြုရတာ ရိုးရှင်းလွယ်ကူပြီး Oxygen ရှာဖွေရာမှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုအတွင်း ရရှိနိုင်မှာပါ။

ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူပြည်သားတွေအတွက် တဖက်တလမ်းကနေ အကူအညီအထောက်အပံ့ဖြစ်စေဖို့ ကျွန်တော်တို့ ရည်ရွယ်ကြိုးစားထားပါတယ်။

App ကို အသုံးပြနိုင်ရန် အောက်ပါ Link မှ တဆင့်သွားရောက် Download ရယူနိူင်ပါတယ်

http://u.pc.cd/3zm

ခုလောလောဆယ်မှာတော့ android user တွေသာ အသုံးပြုလို့ ရနိုင်မှာဖြစ်ပါတယ်။

မကြာခင်မှာ Play Store အပြင် ios user တွေအတွက် App Store မှာပါ Download ရယူနိုင်တော့မှာပါ။

app download လုပ်ရန် အဆင်မပြေသူများနှင့် ios user များအနေဖြင့် https://mmc19care.com မှာလည်း သွားရောက် အသုံးပြုနိုင်ပါတယ်။

Find O2 Myanmar App လေးကို Download ဆွဲထားပြီး သင့်ပတ်ဝန်းကျင်နဲ့ သင်ချစ်ခင်ရသူတွေရဲ့ Oxygen လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးနိုင်ပါပြီ။


Find O2 Myanmar  ဖြင့် Oxygen ရှာပါသင်နဲ့အနီးဆုံးမှာရှိတဲ့ အောက်ဆီဂျင်ရရှိနိုင်မယ့် နေရာတွေကို လွယ်ကူစွာ ရှာဖွေနိုင်စေဖိ...
24/07/2021

Find O2 Myanmar ဖြင့် Oxygen ရှာပါ

သင်နဲ့အနီးဆုံးမှာရှိတဲ့ အောက်ဆီဂျင်ရရှိနိုင်မယ့် နေရာတွေကို လွယ်ကူစွာ ရှာဖွေနိုင်စေဖို့ဆိုတဲ့ စိတ်စေတနာဖြင့် ဖန်တီးပေးထားတဲ့ ကျွန်တော်တို့ရဲ့ Find O2 Myanmar App လေးကို ဒီနေ့ အများပြည်သူများ အသုံးပြုလို့ရအောင် ဖြန့်ဝေပေးလိုက်ပါတယ်။

ဒီ app လေးရဲ့ အဓိက ရည်ရွည်ချက်ကတော့ မြန်မာနိုင်ငံတဝှမ်းမှာ ရှိတဲ့ Oxygen လိုအပ်နေတဲ့လူတွေအတွက် မိမိတို့နေထိုင်ရာ တိုင်း/ပြည်နယ် တစ်ခုချင်းဆီ အလိုက်၊မြို့နယ်တစ်ခုချင်းဆီအလိုက် အောက်ဆီဂျင် ဖြည့်ပေး၊ငှားရမ်းပေး၊ရောင်းချပေး နေတဲ့ ဆေးရုံဆေးခန်းတွေ၊ပရဟိအသင်းတွေ၊ဆိုင်တွေ၊စက်ရုံတွေ အစရှိတဲ့နေရာတွေရဲ့ တည်နေရာနဲ့ သူတို့ကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကို အလွယ်တကူရှာဖွေနိုင်စေဖို့ပါ။

တိကျမှန်ကန်တဲ့ အချက်အလက်တွေဖြစ်စေဖို့လည်း Volunteer Team များဖြင့် တတ်နိုင်သမျှ အချိန်နဲ့တပြေးညီ Update ပြုလုပ်ပေးနေပါတယ်။

ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူပြည်သားတွေအတွက် တဖက်တလမ်းကနေ အကူအညီအထောက်ပံ့ဖြစ်စေဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်။

ဒီ App လေးကို အသုံးပြုရတာ လွယ်ကူရိုးရှင်းပြီး အချိန်ခဏအတွင်းမှာတင် Oxygen ရှာဖွေရာမှာ လိုအပ်တဲ့အချက်အလက်တွေကို အမြန်ဆုံးရရှိနိုင်ပါတယ်။

လောလောဆယ်မှာ ဒီ app လေးကို အောက်က link လေးကနေ download ရယူနိုင်ပါပြီ။

https://www.mediafire.com/file/4m0i03ti7uyche9/findo2myanmar.apk/file

မကြာခင်မှာပဲ Play Store နဲ့ App Store တို့မှာပါ Download ရယူနိုင်ရန် အစွမ်းကုန်ကြိုးစားနေပါတယ်။

ဒီ app လေးကို download လုပ်ပြီး သင့်နဲ့ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ သင်ချစ်ခင်ရသူတွေအတွက် Oxygen လိုအပ်ချက်တွေကို ကူညီဖြေရှင်းနိုင်ကြပါစေ။

app download လုပ်ရန် အခက်အခဲရှိနေသူများနှင့် ios user များအတွက် ဒီ https://mmc19care.com website မှာလည်း သွားရောက်ရှာဖွေနိုင်ပါတယ်ဗျ။



23/07/2021

Covid ဖြစ်တယ်ဆိုပြီး

❌Hair dryer ကနေ oxygen ရပြီး ရှူလို့ရတယ်ဆိုတာ မဟုတ်ပါဘူးနော်

❌ရင်ကြပ်ရင် ရှူလို့ရတဲ့စက် (Nebulizer) နဲ့ အရေးပေါ် oxygen ရှူလို့ရတယ်ဆိုတာ မဟုတ်ပါ

❌Covid ကရေနဲ့မတည့်ဘူးဆိုတာ မဟုတ်ပါ (oxygen ကျနေချိန် /ရောဂါပြင်းနေချိန်/နောက်ဆက်တွဲဖြစ်နေချိန်မှာတော့ ထပြီးလှုပ်ရှားရင် ဒုက္ခရောက်နိုင်ပါတယ်)

❌ကိုယ်မသိသော (English version စာမပါသော) တခြားနိုင်ငံမှဆေးများ အလွယ်မသောက်သင့်ပါ

❌ကိုယ်မမြင်ဖူးသော အမြစ်အဖုများ/အပင်များ ကျိုချက်သောက်သုံးရန်မသင့်ပါ

💚လုပ်သင့်သောအရာများ
~~~~~~~~~~~~~~~~~
💚ဘာကြောင့်ဖျားဖျား/ ချောင်းဆိုး/မောမော Covid ဟုသာသံသယထားမှတ်ယူပါ

💚အိမ်သားများနှင့် ဝေးစွာနေပါ mask တပ်ထားပါ

💚စတင်သောရက်ကို မှတ်ထားပါ နေ့စဉ်ဖြစ်သော လက္ခဏာကို ဆန်းစစ်ပါ

💚ကိုယ် တိုင်ပင်ဆွေးနွေးနိုင်မည့် ဆရာဝန်ကို ရှာဖွေပါ ဆက်သွယ်ပါ( ရောဂါအခံရှိပါက အကုန်ပြောပြထားပါ)

💚ဆရာဝန်ညွှန်ကြားချက်အတိုင်း စစ်ဆေးရန်လိုသည်များကို စစ်ဆေးပါ (သွေးဖောက်ခြင်း ဓါတ်မှန်ရိုက်ခြင်း)

💚oxygen အိမ်တွင်မရှိပါက ရနိုင်မည့်နေရာများကို ဆက်သွယ်ထားပါ

💚လက္ခဏာစပြသည်မှစပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ oximeter ဖြင့်တိုင်းပါ မှောက်အိပ်ပါ

💚အစာများများစားပါ ရေများများသောက်ပါ အနားယူပါ အိပ်ရေးဝဝအိပ်ပါ

💚လက်ရှိသောက်နေသော အားဆေးများအပြင် ဆရာဝန်ညွှန်ကြားသောဆေးများ သောက်ပါ(မိမိသဘောဖြင့် မသောက်ရပါ)

💚ရောဂါ အတိုးအလျော့အား ဆရာဝန်ထံလိုအပ်သလို ပြောကြားရန်လိုပါသည်

💚လိုအပ်ပါက oxygen ရှူခြင်း ထိုးဆေးထိုးရန်လိုအပ်ခြင်း ဆေးရုံတက်ကုသရန်လိုအပ်ခြင်းများကိုဆရာဝန်မှ ညွှန်ကြားပေးပါလိမ့်မည်

ကူးယူးဖော်ပြပါတယ်။

ပုံလေးကြည့်ဦးနော် 😌

ယနေ့ oxygen ရနိုင်သော Update များ https://mmc19care.com  click this link for all oxygen info
18/07/2021

ယနေ့ oxygen ရနိုင်သော Update များ
https://mmc19care.com click this link for all oxygen info


Today oxygen ရနိုင်သော Update များ https://mmc19care.com  click this link for all oxygen info
16/07/2021

Today oxygen ရနိုင်သော Update များ
https://mmc19care.com click this link for all oxygen info


Today ကချင်ပြည်နယ် ထပ်တိုး oxygen ရနိုင်သော Update များ  https://mmc19care.com  click this link for all oxygen info
15/07/2021

Today ကချင်ပြည်နယ် ထပ်တိုး oxygen ရနိုင်သော Update များ https://mmc19care.com click this link for all oxygen info


Address


Alerts

Be the first to know and let us send you an email when Find O2 Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram