25/07/2021
Oxygen လိုအပ်နေသူများအတွက်လည်း Find O2 Myanmae app ကနေ မိမိအနီးတဝိုက်မှာရှိတဲ့ Oxygen ရရှိနိုင်မယ့် နေရာတွေကို အလွယ်တကူ ရှာဖွေနိုင်ပါ
App ကို အသုံးပြနိုင်ရန် အောက်ပါ Link မှ တဆင့်သွားရောက် Download ရယူနိူင်ပါတယ်
http://u.pc.cd/3zm
ခုလောလောဆယ်မှာတော့ android user တွေသာ အသုံးပြုလို့ ရနိုင်မှာဖြစ်ပါတယ်။
မကြာခင်မှာ Play Store အပြင် ios user တွေအတွက် App Store မှာပါ Download ရယူနိုင်တော့မှာပါ။
app download လုပ်ရန် အဆင်မပြေသူများနှင့် ios user များအနေဖြင့် https://mmc19care.com မှာလည်း သွားရောက် အသုံးပြုနိုင်ပါတယ်။
Find O2 Myanmar App လေးကို Download ဆွဲထားပြီး သင့်ပတ်ဝန်းကျင်နဲ့ သင်ချစ်ခင်ရသူတွေရဲ့ Oxygen လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးနိုင်ပါပြီ။
လူတိုင်း Oxygen Concentrator တွေ ဝယ်ပြီး သုံးနေကြပြီဆိုတော့ သိကြပြီးသားလည်းဖြစ်မှာပါ
ဒါပေမယ့် အချို့မသိသေးတဲ့သူတွေအတွက်
သတိထားရမှာလေးတွေ မသိလိုက်မှာစိုးလို့ပါ
- **Safe Guard** ခံပြီးမှ သုံးရပါမယ်
- Maintenance cleaning လုပ်ပြီးကာစ ရေအစိုဓာတ် ကျန်နေသေးရင် လုံးဝခြေက်သွားမှ ပြန်သုံးပါ
-စက်ရဲ့ အောက်ခြေမှာ Transport အတွင်းစိတ်ချရအောင် ချည်ထားတဲ့ကြိုးရှိတတ်ပါတယ်
မသုံးခင် အဲ့ကြိုးကိုဖြတ်ပါ
(အချို့စက်မှာ မပါပါ
စက်အောက်ခြေကို မ,ကြည့်ပါ)
-စက်ကို သယ်တဲ့အခါ လှဲပြီးမသယ်ရပါ တဲ့
- စက်အမျိုးအစားပေါ်မူတည်ပြီး
အဖွင့်ခလုတ် တစ်ခု or နှစ်ခု ပါတတ်ပါတယ်
အိမ်ကတလုံးဆို ပထမခလုတ်နှိပ်ပြီး ကွိကွိကွကွစကားပြောသံဆုံးမှ နောက်ခလုတ်ကိုဖွင့်ရပါတယ် 😅
- ပြီးမှ Flow meter ကို 1L မှစကာ 2L... 3L... ဖြေးဖြေးချင်းတင်သွားပါ။ ဖွင့်ပြီးပြီးချင်း 5L 10L တန်းတင်တာမျိုး မလုပ်ပါနဲ့
-စက်ပြန်ပိတ်မယ်ဆိုလည်း တဆင့်ချင်းစီ Flow meter ပိတ် ပြီး Off button နှိပ်
-Humidifier ရေထည့်သည့်ခွက်ထဲကို max နဲ့ mini အမှတ်ကြားရေထည့်ပါ
အပြည့်ကြီးမထည့်ပါနဲ့
ရေသန့်ပဲသုံးပါ
ပူလွန်းသောရေ ရေအေး မဖြစ်ရပါ။ ပုံမှန်ပဲထည့်
- ရေကိုတစ်နေ့တစ်ခါလဲပေးရပါမယ်။
- ခွက်နှင့်ပိုက်ကို တစ်နေ့တစ်ခါ ဆေးပေးရပါမယ်
(ရေနွေးနဲ့ ဆပ်ပြာသုံးပြီးဆေးလို့ရပါတယ် သို့ White vinegar တစ်ဆ ရေသုံးဆ ရော ခဏစိမ်ထားပြီး ဆေးလို့လည်းရပါတယ် (Germicide)
အနံ့ပျောက်အောင်တော့ သေချာပြန်ဆေး)
- Filter ကိုသုံးတာကြာလာရင် အရမ်းညစ်ပတ်နေရင် Filter သန့်ရှင်းရေးလုပ်ပါ
လဲဖို့လိုအပ်နိုင်ပါတယ်
- စက်ကို ကော်ဇောပေါ်မတင်ရပါ
ကော်ဇောမှဖုန်များစက်မှတစ်ဆင့်ဖြတ်လာနိုင်ပါတယ်
- နံရံများ ပစ္စည်းများနှင့် အနည်းဆုံး ၂ ပေခန့်ခြားထားပါ
တတ်နိုင်သမျှ Space ရှိသော နေရာကျယ်ကျယ်မှာထားပါ
အပူများလွင့်စေရန်အတွက်ပါ (စက် heat ထွက်တဲ့နေရာကိုပန်ကာနဲ့ပါ မှုတ်ထားရင် ပိုအသုံးခံမလားပဲ Computer တွေလိုပေါ့ 😅)
- စက်ကို ၅ နာရီခန့် သုံးပြီးလျင် ၁ နာရီခန့် အနားပေးပါ
(အချို့တေက ဘယ်နှစ်နာရီထိခံတယ်
ဘာညာပြောပေမယ့် မသေချာပါ
စက်ပျက်ရင် တိုင်ပတ်မှာ ကိုယ်ပါ
အာ့ကြောင့် ယုယုယယ ကိုင်တွယ်သုံးစွဲပါ)
-အောက်စီဂျင်ကို မပြတ်တမ်းရှူဖို့ လိုအပ်နေတဲ့သူဆိုရင် Concentrator အပြင် Cylinder ပါဆေင်ထားရပါမယ်
မီးပျက်တဲ့ အချိန် စက်နားတဲ့အချိန် သုံးဖို့ပါ
-စက်ကို အသုံးမပြုမီ Manual guidebook ကိုဖတ်ပါ
ပြန်လည်ကူးယူဖော်ပြပါတယ်။