ဒေါက်တာနေဆေးဆိုင်

  • Home
  • ဒေါက်တာနေဆေးဆိုင်

ဒေါက်တာနေဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဒေါက်တာနေဆေးဆိုင်, Pharmacy / Drugstore, thawka Street, .

တတ်နိုင်ဘူးလေ
12/10/2023

တတ်နိုင်ဘူးလေ

ဆေးခန်းရှေ့ မိုးရွာရင် ခုံတွေရေရွှဲပီး ထိုင်စရာမရှိလို့ ဒီလို ရေဒရောက်လေးလုပ်ရင်ကောင်းမလားဟင်😜😂
18/09/2023

ဆေးခန်းရှေ့ မိုးရွာရင် ခုံတွေရေရွှဲပီး ထိုင်စရာမရှိလို့ ဒီလို ရေဒရောက်လေးလုပ်ရင်ကောင်းမလားဟင်😜😂

အခုရှိနေတဲ့ခြင်တွေကအကုန်အသဲကွဲနေတာလား မသိ😂ခြင်ဖျန်းဆေးရော ခြင်ဆေးခွေတွေရော ဈေးကြီးလာတာပဲ အဖတ်တင်တယ်😏 🦟🦟🦟💔💔
03/09/2023

အခုရှိနေတဲ့ခြင်တွေကအကုန်အသဲကွဲနေတာလား မသိ😂
ခြင်ဖျန်းဆေးရော ခြင်ဆေးခွေတွေရော ဈေးကြီးလာတာပဲ အဖတ်တင်တယ်😏 🦟🦟🦟💔💔

အသက် ၉၂ နှစ်အရွယ် အဘိုးကြီးတစ်ယောက်လူအိုရုံကိုရောက်လာတယ်။ နှစ်ပေါင်း ၇၀ လောက် ပေါင်းလာခဲ့တဲ့ သူ့ရဲ့ချစ်ဇနီး မကြာခင်က ကွယ...
24/07/2023

အသက် ၉၂ နှစ်အရွယ် အဘိုးကြီးတစ်ယောက်လူအိုရုံကိုရောက်လာတယ်။ နှစ်ပေါင်း ၇၀ လောက် ပေါင်းလာခဲ့တဲ့ သူ့ရဲ့ချစ်ဇနီး မကြာခင်က ကွယ်လွန်သွားခဲ့တယ်။
မှီခိုစရာ ကျောထောက်နောက်ခံ သား
သမီးမရှိ။ အိုးပိုင် အိမ်ပိုင်ကမရှိ စုဆောင်းထားတဲ့ ငွေကလည်းနတ္ထိဆိုတော့ လူအိုရုံကိုရောက်လာတာပါ။

လူအိုရုံဧည့်ခန်းမှာ နာရီအတော်ကြာ စောင့်နေပြီး ဝန်ထမ်းအမျိူးသားတစ်ဦးက အခန်းအဆင်သင့်ဖြစ်ပြီလို့လာပြောပြီး သူ့ကို တွဲခေါ်သွားပါတယ်။

လမ်းသွားရင်းဝန်ထမ်းက ပြောတယ်။ အဘ နေမဲ့ အခန်းဟာ ကျဉ်းပေမဲ့ နေရောင်ရတယ်။ ခန်းဆီးက အစိမ်းနုရောင်ပါ ။ အဘကြိုက်ရဲ့လားဆိုတော့"ငါအခန်းကို သိပ်ကြိုက်ပါတယ် "လို့ ၈ နှစ်သားအရွယ်ခလေးတစ်ယောက် ပါပီခွေးလေးတစ်ကောင်ရလို့ပျော်သလို အားရပါးရ ပြန်ပြောလိုက်ပါတယ်။

ဝန်ထမ်းက…အဘ!!!! "အခန်းထဲတောင် မဝင်ရသေးဘဲ ဘာလို့ကြိုက်တယ်လို့ ပြောရတာလဲ"လို့ တအံ့တသြ မေးလိုက်တယ်။

အဘိုးကြီးက…"အခန်းကြည့်စရာ မလိုပါဘူးကွာ။
ပျော်ရွှင်မူ့ဆိုတာ ကြိုတင်ရွေးချယ်လို့ ရပါတယ်""
အခန်းထဲက ပရိဘောဂတွေ--အခန်းအရောင်တွေနဲ့မဆိုင်ပါဘူး။ "ငါဖြစ်ချင်တဲ့ အခန်းကို ငါ့စိတ်ထဲမှာဆုံးဖြတ်ထားပြီးပြီ" ငါဒီလို ကြိုတင်ဆုံးဖြတ်တဲ့အကျင့်ကိုလုပ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ အိပ်ရာကနိုးတာနဲ့ ဒီနေ့ဟာ ငါ့အတွက် "ပျော်စရာနေ့"ဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီးပြီ။

""အသက်ရှင်နေသ၍ နေ့တိုင်းဟာ တန်ဖိုးရှိတယ်""

အဲလိုတန်ဖိုးရှိတဲ့ နေ့တွေကို "စိတ်ညစ်စရာ, စိတ်ဆင်းရဲစရာ၊ သောက ဖြစ်စရာတွေနဲ့ ဘာလို့ကုန်ဆုံးစေရမှာလဲ။ ရခဲတဲ့ လူ့ဘဝကို အချိန်ပြည့် စိတ်ချမ်းချမ်းသာသာနဲ့နေနိုင်အောင် နေတတ်ဖို့လိုတယ်။

တန်ဖိုးရှိတဲ့ နေ့ရက်တိုင်းအတွက် ဒါလေးတွေကို လိုက်နာကြဖို့ လိုပါတယ်…………

၁-- ရင်ထဲမှာ အမုန်းစိတ် မထားနဲ့။
၂-- စိုးရိမ် သောကကို ဖျောက်ပါ။
၃-- ရိုးရိုးလေးနေ,ရှိတာလေးနဲ့ တင်းတိမ် ရောင့်ရဲပါ။
၄-- ပေးကမ်း စွန့်ကြဲပါ
၅-- အရမ်းကြီး မျှော်လင့်ချက် မထားပါနဲ့။

ပျော်ရွှင်မှုဆိုတာ စိတ်က အဓိကပါ။

Credit- ဗန်မော်သိန်းဖေ

မနက်ဆိုင်စောစောဖွင့်ဖို့တွေးပြီး ၆နာရီကနေ နာရီဝက်တစ်ခါမြည်တဲ့ အလန်းကို ပိတ်လိုက်ခဏအိပ်လိုက် ၇ခွဲ/၈ထိုးခါနီးမှ လူးလဲထမိတာ...
07/07/2023

မနက်ဆိုင်စောစောဖွင့်ဖို့တွေးပြီး ၆နာရီကနေ နာရီဝက်တစ်ခါမြည်တဲ့ အလန်းကို ပိတ်လိုက်ခဏအိပ်လိုက် ၇ခွဲ/၈ထိုးခါနီးမှ လူးလဲထမိတာ နေ့တိုင်းနေ့တိုင်း🤣

ဒါလေးတွေပေးပါ😛🤣🤣
06/07/2023

ဒါလေးတွေပေးပါ😛🤣🤣

Let talk motivation speech😅😛
02/07/2023

Let talk motivation speech
😅😛

မိုးလေးတိတ်တုန်း ဆေးဝယ်လေးလာတော့👉Me:ဘာလေးလိုချင်လို့ပါလဲရှင်( ပြုံးချိုနေတဲ့ မျက်နှာလေးနဲ့)Cus:အားဆေး(ခါးထောက်လျက်) Ener...
27/06/2023

မိုးလေးတိတ်တုန်း ဆေးဝယ်လေးလာတော့👉
Me:ဘာလေးလိုချင်လို့ပါလဲရှင်( ပြုံးချိုနေတဲ့ မျက်နှာလေးနဲ့)
Cus:အားဆေး(ခါးထောက်လျက်) EnervonC 1လုံး(အသံလေးကလည်းလေ😛သံချောင်းသာဆို မီးရဲနေအောင်အပူပေးပြီး ပေါင်တူကြီးနဲ့ ထုပေးချင်စရာလေး🤑ပျော့သွားအောင်လို့🤣
Me:ဟုတ်ကဲ့ပါရှင်😄ဆေးလေးပေးရင်း ကျေးဇူးပါရှင်🥰
Cus:ခါးထောက်လေးမပျက် ကျန်လက်၁ဖက်ဖြင့် ဆေးလှမ်းယူပြီးသကာလ သူမ၏အမျိုးသား မျက်လုံးနီယိုင်ထိုးလေးမှ ဆေးအားဖင်၁ပြန်ခေါင်း၁ပြန် ဖတ်တာဖတ်တာဆိုတာ😛
Me:ယောကျာ်းရယ် ဒီချိန်ခါကြီးမှာ ဆေးခန်းမပြနိုင်တဲ့သူလေးတွေ ဆေးလေးဝယ်သောက်နိုင်အောင် OTC drugs လေးတွေတင်ရောင်းအူးမယ်နော်ဆိုပြီး paracap လေးကစရောင်းလိုက်တာဟာ ဆိုရင်ဖြင့် စုဆောင်းထားသမျှ အကုန်ဝင်သွားပီမို့😅 အရင်က အကြောတင်းသမျှ ခဝါချလို့ အရည်တွေပါတွန့်အောင် ပြုံးတတ်လာပြီး လစာထုတ်တာနဲ့ oceanသွားတာ အိမ်ကိုပိုက်ဆံပြန်ပါမလာတတ်သမျှ တစ်ကတ်လုံးရောင်းမှ၁၅၀/၂၀၀မြတ်တာမို့ ငွေတန်ဖိုးတွေလည်း နားလည်ပြီး ကပ်စေးနှဲလာလိုက်တာ (နှဲဆို ရှိသမျှလည်း ဆိုင်ထဲဝင်သွားပါပြီရှန်😛)တစ်ခုခုဝယ်မယ်ဆို စဉ်းစားတာက ၁ပတ်/၁လလောက်ကြာ🤣
🤣😭🤣 ဆေးခန်းကရတာရော တစ်ခြားကရတာရော ရှိရှိသမျှ ဈေးတက်မှာတဲ့ဆိုပြီး ဝယ်ဝယ်ပစ်တာ အနည်းဆုံး ၃၀၀ပတ်ချာလည်လောက်ရှိသွားပီမို့ ဆရာဝန်ကိုလည်း ပိုက်ဆံအကြောင်း ပါးစပ်တောင် မဟရဲတော့ပါဘူးရှင့်🙏
ငဗစ်နဲ့ငစစ်မှာ သူများတွေကို သနားခြင်းက စလိုက်တဲ့ ကျမရဲ့ မေတ္တာတွေဟာ 👇👇👇

ဝါသနာ-စာဖတ်ခြင်း😛🤣
27/06/2023

ဝါသနာ-စာဖတ်ခြင်း😛🤣

18/06/2023

ကဲကဲ မင်မင့်ရဲ့ မမတွေ ညလေးတွေ ဘယ်နမှတ်ရလဲ ကွကိုယ်ရေကြည့်ကြပါကုန်😛
မင်မင်ကတော့ မမဆောင်းလိုပဲ အောင်မှတ်တောင် ရသလိုလို မရသလိုလို🤣🤣

အိမ်ထောင်ရှင်အမျိုးသမီးတွေကိုစာမေးပွဲစစ်ရင်
အမှတ်၅၀ရရင်ကံကောင်းပဲ 🤣
(မလေးရှားရဲ့pageတစ်ခုမှာတွေ့တာပါ)

၁ချက်ကို၁၀မှတ်……
1. ယောကျာ်းရဲ့ဖုန်းscreen background pictureကမိမိရဲ့ပုံဖြစ်သူ
2. ယောကျ်ားကခြေထောက်ဆေးပေးဖူးတဲ့သူ
3. ယောကျ်ားကသင့်အတွက်မျက်ရည်ကျဖူးတဲ့သူ
4. ယောကျ်ားကရာသီလာချိန်ကိုမှတ်ထားပေးတဲ့သူ
5. ယောကျ်ားကအတွင်းခံကိုလျှော်ဖွတ်ပေးဖူးတဲ့သူ
6. ယောကျ်ားက ဒေါင့်ဖိနပ်ကိုစီးပေးဖူးတဲ့သူ
7. ယောကျ်ားကဆံပင်ကိုhair dryerမှုတ်ပေးဖူးတဲ့သူ
8. ယောကျ်ားကအသီးကိုအခွံခွါလှီးပေးတဲ့သူ
9. ယောကျ်ားကရာသီသုံးကပ်ခွါကိုဝယ်ပေးတဲ့သူ
10. ယောကျ်ားကshoppingထွက်ရင်လက်ချိတ်ထားတဲ့သူ

Someone:အဆင်ပြေလားMe: လက်ထဲကဆိုင်ခန်းခ🙆ခြင်းထဲက ကိုယ့်အတွက် 😤အာ့တောင်ဈေးဝယ်လာရင် အမ်းရဦးမှာ🤣🤑
17/06/2023

Someone:အဆင်ပြေလား
Me: လက်ထဲကဆိုင်ခန်းခ🙆ခြင်းထဲက ကိုယ့်အတွက် 😤အာ့တောင်ဈေးဝယ်လာရင် အမ်းရဦးမှာ🤣🤑

မှိုဆိပ်အန္တရာယ်ခုလိုရာသီမှာ မှိုမျိုးစုံကလည်း ပေါပါတယ်ရှင်ကိုယ်လည်းမှိုဆိုအရမ်းကြိုက်တာပါ🤤😋ဒါပေမယ့် စားနေကျမဟုတ်တဲ့ မှိ...
17/06/2023

မှိုဆိပ်အန္တရာယ်
ခုလိုရာသီမှာ မှိုမျိုးစုံကလည်း ပေါပါတယ်ရှင်
ကိုယ်လည်းမှိုဆိုအရမ်းကြိုက်တာပါ🤤😋
ဒါပေမယ့် စားနေကျမဟုတ်တဲ့ မှိုမျိုးတွေတွေ့ရင် ရမယ်အထင်နဲ့ စမ်းမစားကြပါနဲ့နော်🙅
ဗဟုသုတအနေနဲ့ပြောပြရရင်တော့ မှိုကို ဆားနဲ့ နယ် ကြက်သွန်ဖြူနဲ့ နယ်ကြည့်လို့မှ အရောင်မပြောင်းရင် စားလို့ရတယ်လို့တော့ ပြောကြပါတယ်but မြင်နေကြစားနေကြ မှိုမျိုးမဟုတ်ရင် မစားတာ အကောင်းဆုံးပါပဲရှင်

Address

Thawka Street

Alerts

Be the first to know and let us send you an email when ဒေါက်တာနေဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram