06/08/2023
" လည်ဆစ်(ဂုတ်)ကျီးပေါင်းကြောင့် အာရုံကြောပိမိခြင်း "
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဇက် (လည်ပင်း)တွင် တစ်ခုပေါ် တစ်ခုထပ်လျက် အရိုး အဆစ်ကြီး ခုနစ်ဆစ်ရှိသည်။ အဆစ်နှစ်ခုကြားတိုင်းမှ ဘယ် ညာတစ်ဖက်စီသို့ အာရုံကြောများထွက်သည်။ ထို အာရုံ ကြောများမှ အလုပ်လုပ်ပေးသဖြင့် ဇက်လှည့်ခြင်း၊ ခေါင်းမော့ ခြင်း၊ ခေါင်းငုံ့ခြင်း၊ လက်နှစ်ဖက် လှုပ်ရှားမှုစသည်များကို ထိန်းချုပ်ပေးသည်။ အနုစိတ်လက်ချောင်းကလေး တစ်ချောင်း ၏ ထိပ်တွင် ကျဉ်နေသည်ကအစ ကျီးပေါင်းတက်ရောဂါနှင့် ဆိုင်သည်။
အချို့သူများသည် ဇက်ကြောတက်ခြင်း၊ ဇက်ညောင်း ခြင်းမဖြစ်ကြသော်လည်း ညအိပ်ရာဝင် ခေါင်းအုံးပေါ် ဇက်တင် ပြီးဖိလိုက်သည်နှင့် တစ်နာရီခန့် ကြာသောအခါ လက်တစ်ဖက် ဖြစ်စေ၊ နှစ်ဖက် လုံး ဖြစ်စေကျဉ်ပြီး နိုးလာတတ်သည်။ ဤ သည်မှာဇက်ကျီးပေါင်းနှင့် အာရုံကြောပိမိသည့် လက္ခဏာပင် ဖြစ်သည်။
အကြောအဆစ် ပညာရှင်များ၏ သုတေသနအရ-
လည်ပင်းရိုးဆစ် Cervicalကိုအတိုအားဖြင့် (c) ဟု မှတ်သားပါ။ ဦးခေါင်းမှ စထွက်သောအဆစ် ကို C1 ဟု စမှတ်ပြီး တစ်ခုပြီးတစ်ခု C2, C3, C4, C5, C6, C7ဟု မှတ်သွားရန်ဖြစ်သည်။
အကယ်၍ လည်ပင်းရိုးဆစ် နှစ်ခုကြားတွင် ကျီးပေါင်း တက်ပြီး အရွတ်နုကို ပွန်းစားသဖြင့် အာရုံကြောကို ပိမိလျှင် ခံစားရမည့် နောက်ဆက်တွဲလက္ခဏာများမှာ-
အာရုံကြောညပ်ခြင်းတွင် ရောဂါ၏ အတိမ်အနက်ပေါ် မူတည်၍ ကျဉ်ခြင်း၊ ထုံခြင်း၊ နာခြင်း၊ အောင့်ခြင်း၊ ကိုက်ခဲခြင်းတို့ ဖြစ်ပေါ် ခံစားရပေသည်။လည်ဆစ် ကျီးပေါင်းတက်တဲ့အဆစ်ပေါ်မူတည်ပြီး နာကျင်မှုဧရိယာလည်းကွဲပြားတတ်ပါတယ်
၁။ C1-C2 ကြားတွင် အာရုံကြောညပ်လျှင် နောက်စေ့အထက် ဦးခေါင်းတစ်ခုလုံး ဘယ်ညာ၊ ဘယ်ညာနားရွက် အောက်မှ မေးရိုးတစ်လျှောက်၊
၂။C2-C3 ကြားတွင် အာရုံကြောညပ်လျှင် နောက်စေ့အောက် ကုပ်ဆက်အထက် လည်ဇလုတ်အထိ၊
၃။C3-C4 ကြားတွင် အာရုံကြောညပ်လျှင် လည်ဂုပ်အထက် နားမှ ဘယ်ညာညှပ်ရိုးအထက် ဧရိယာအထိ၊
၄။C4-C5 ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ်ဆက်မှ ဘယ်ညာပခုံးကြောဧရိယာအထိ၊
၅။C5-C6 ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ်ဆက် အောက်မှ ဘယ်ညာညှပ်ရိုးအောက်၊
၆။C6-C7 ကြားတွင် အာရုံကြောညပ်လျှင် ဘယ်ညာလက်ပြင် အထက်နားမှလက်မောင်း၊ လက်ဖျံရှေ့နောက် အပြင် ဘေးတစ်လျှောက်မှ လက်ညှိုး၊ လက်ခလယ် သို့၊
၇။C7-T1 ကြားတွင် အာရုံကြောညပ်လျှင် ဘယ်ညာလက်ပြင် အလယ်မှ လက် မောင်း၊ လက်ဖျံရှေ့နောက်၊ အတွင်း ဘေးတစ်လျှောက်မှ လက်သန်း၊ လက်သူကြွယ်အထိ။
💢 ခံစားရတဲ့လက္ခဏာအများစုကတော့
========================
၁။ဇက်ကြောတင်းခြင်း၊ တက်ခြင်း။
၂။လည်ပင်းရိုးဆစ် တောင့်တင်းပြီး အနေခက်ခြင်း။
၃။ခေါင်းငုံ့ အာရုံစိုက်ရသည့် အလုပ်ကို ကြာရှည် မလုပ်နိုင်ခြင်း။
၄။လက်မောင်းနှင့် ပခုံးဆစ်တွင်ပါ ကိုက်ခဲခြင်း။ လက် မောင်းကပ်ခြင်း။
၅။ ခေါင်းဘယ်ညာလှည့်လျှင် ခေါင်းငုံ့လျှင်၊ ခေါင်းမော့ လျှင် ချာချာလည်မူးခြင်း၊အန်ခြင်း။
၆။ညအိပ်လျှင် ခေါင်းအုံးပေါ် ခေါင်းချပြီးနောက် တစ် နာရီခန့်အကြာ၌ လက်များတွင် ထုံကျဉ်ပြီး လန့် နိုးခြင်း။
🚫 ရှောင်ကြဉ်ရမည့် အရာတွေကတော့🚫
=========================
၁။ ခေါင်းငုံ့ပြီး၊ မော့ပြီး ကြာရှည်လုပ်ရသော အလုပ် များကို ရှောင်ကြဉ်ရန်။
အကယ်၍ မလွှဲမရှောင်သာ၍ လုပ်ရပါကလည်း တစ်နာရီ ကြာလျှင် ၁ဝ မိနစ်ခန့် အနားယူပေးရန် လိုအပ်ပါသည်။
၂။ ကုလားထိုင်၊ တန်းလျားများပေါ်တွင် ဇက်တင်ပြီး ဖြစ်စေ၊ ခွေခေါက်ပြီးဖြစ်စေ အိပ်ပျော်ခြင်းကို ရှောင်ကြဉ်ပါ။
၃။ခေါင်းပေါ်တွင် အလေးအပင်ရွက်ခြင်း၊ အထူးသဖြင့် ၁ဝ ပိဿာထက် ပိုသောအလေးအပင်ကို ရွက် ခြင်းမှ ရှောင်ကြဉ်ပါ။
၄။ ပန်ကာအသုံးပြုပြီး ထိုင်အလုပ်လုပ်နေသူများ သည် မိမိခေါင်းပေါ် တည့်တည့်မှာ ပန်ကာဖွင့်ခြင်း မပြုသင့်ပါ။
၅။ ဇက်ကြောတက်ခြင်းကြောင့် အနှိပ်ခံခြင်း ခေါင်း လျှော်ချိန်တွင် ရေလောင်းပြီးဇက်ကြောနှိပ်ခြင်း များ မပြုလုပ်သင့်ပါ။
လည်ဆစ်ကျီးပေါင်းကို သက်သာစေသည့်လေ့ကျင့်ခန်း
================================
၁ - ပုခုံးအား မလှုပ်ရှားစေဘဲ မေးစေ့နှင့် ရင်ဘတ်အား တတ်နိုင်သမျှ ထိကပ်ပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပါ။
- တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။
၂ - ပုခုံးအား မလှုပ်ရှားစေဘဲ မျက်နှာကြက်ပေါ်သို့ တတ်နိုင်သမျှ မော့ကြပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပါ။
- တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။
၃ - ပုခုံးအား ငြိမ်ငြိမ်ထား၍မေးစေ့အား ပုခုံးတဖက်သို့
ကြည့်ပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ဘယ် ညာ ၁၀ ကြိမ်စီလုပ်ပါ။
- တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။
၄ - ပုခုံးအား ငြိမ်ငြိမ်ထား၍ နားရွက်နှင့် ပုခုံးအား ထိကပ်နိုင်သမျှ ထိကပ်ပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ဘယ်ဘက် ၁၀ ခါ ညာဘက် ၁၀ ခါ ပြုလုပ်ပါ
- တနေ့ ၃ ကြိမ်ပြုလုပ်ပါ။ ။
_____________________________________