Thu Kha Mon - Clinic

Thu Kha Mon - Clinic medical services

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ဝိုင်းမော်မြို့ရှိ သုခမွန် ဆေးရုံနှင့် ဆေးခန်းမှ လုပ်ငန်းဆောင်တာများကို မလွဲမရှော...
20/05/2024

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ဝိုင်းမော်မြို့ရှိ သုခမွန် ဆေးရုံနှင့် ဆေးခန်းမှ လုပ်ငန်းဆောင်တာများကို မလွဲမရှောင်သာ ရပ်နားထားရသည်ဖြစ်ကြောင်း ဝမ်းနည်းစွာ အသိပေးပန်ကြား အပ်ပါတယ် ခင်ဗျာ…

ဝိုင်းမော်မြို့မှ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်း သုခမွန် မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

သုခမွန် Group စေတနာ ဆေးဆိုင် တွင် တာဝန် ထမ်းဆောင်ရန် ကျား(၁) အမြန် အလို ရှိသည်။☎09257663274☎09400020909
03/01/2024

သုခမွန် Group စေတနာ ဆေးဆိုင် တွင် တာဝန် ထမ်းဆောင်ရန် ကျား(၁)
အမြန် အလို ရှိသည်။
☎09257663274
☎09400020909

လေးစားရတဲ့ ဝိုင်းမော်မြို့က မိဘပြည်သူများရှင့်မိဘပြည်သူတို့ရဲ့ သားသားမီးမီးလေးတွေ ကျန်းမာပျော်ရွှင်စေဖို့ ကာကွယ်ဆေးတွေ စ...
25/03/2023

လေးစားရတဲ့ ဝိုင်းမော်မြို့က မိဘပြည်သူများရှင့်

မိဘပြည်သူတို့ရဲ့ သားသားမီးမီးလေးတွေ ကျန်းမာပျော်ရွှင်စေဖို့ ကာကွယ်ဆေးတွေ စုံလင်နေအောင် ထိုးထားဖို့ လိုအပ်ပါတယ်။

မွေးကင်းစ ကလေးကနေ စပြီးထိုးရမဲ့ ကာကွယ်ဆေး အားလုံးကို ဝိုင်းမော်မြို့၊ ကမ်းနားလမ်းမှာ ရှိတဲ့ သုခမွန် အထွေထွေရောဂါ အထူးကုဆေးရုံမှာ ကလေးအထူးကု ဆရာဝန်ကြီး ကိုယ်တိုင် ကြပ်မှတ်ပြီး ကာကွယ်ဆေးများ ထိုးပေးနေပါပြီ။

ကျန်းမာပျော်ရွှင်တဲ့ သားသားမီးမီးတို့ ဖြစ်စေဖို့ အ‌ချိန်မနှောင်းခင် ယခုပဲ ကာကွယ်ဆေး အစုံထိုးနှံလိုက်ပါ။

သုခမွန်ဆေးရုံ
ဝိုင်းမော်မြို့၊ ကမ်းနားလမ်း
09448173854, 09771909836

Merry Christmas to u all from Thu Kha Mon - Clinic .သုခမွန် အထူးကု ဆေးခန်း၌ လူနာ များ ကို ဝန်ဆောင်မှု ပေးနေသော ဆရာဆရာမ မ...
20/12/2022

Merry Christmas to u all from Thu Kha Mon - Clinic .
သုခမွန် အထူးကု ဆေးခန်း၌ လူနာ များ ကို ဝန်ဆောင်မှု ပေးနေသော ဆရာဆရာမ များ မှ ဝိုင်းမော် မြို့ မိဘပြည်သူ များ အတွက် ခရစ်စမတ် နှင့် နှစ်သစ်ကူး ဆုတောင်း မေတ်တာ ပို့သ အပ်ပါတယ် ။
👨‍⚕️👩‍⚕️👩‍🔬💊💉🌡

👩‍⚕👩‍⚕👩‍⚕သားအိမ်ပြင်ပမှာ သဓေတည်ခြင်း👩‍⚕👩‍⚕👩‍⚕😱😱😱မေမေတို့အတွက် အသက်အနရယ်များလို့ အရမ်းအရေးကြီးပါတယ်နော်။🗣🗣ပုံမှန်ဆိုရင် က...
26/11/2022

👩‍⚕👩‍⚕👩‍⚕သားအိမ်ပြင်ပမှာ သဓေတည်ခြင်း👩‍⚕👩‍⚕👩‍⚕

😱😱😱မေမေတို့အတွက် အသက်အနရယ်များလို့ အရမ်းအရေးကြီးပါတယ်နော်။

🗣🗣ပုံမှန်ဆိုရင် ကလေးက သားအိမ်ထဲမှာပဲရှိရမှာပါ။ အဲ့လိုမဟုတ်ပဲ သားအိမ်ပြင်ပ တနေရာရာမှာရှိနေရင် အရမ်း အနရယ်များပါတယ်။

🗣🗣များသောအားဖြင့်က သားဥပြွန်မှာ အဖြစ်များပါတယ်။ တခြားနေရာတွေက သားဥအိမ် ၊ သားအိမ်ခေါင်း၊ ဝမ်းဗိုက်တွင်း အူ ၊ အူဆိုင်းမြှေး စသဖြင့် နေရာစုံမှဖြစ်တတ်ပါတယ်။

😱😱ကလေးကတဖြည်းဖြည်းကြီးလာပေမယ့့် သားဥပြွန်က သားအိမ်လိုမျိုး လိုက်မကြီးနိုင်တဲ့အခါ ပေါက်ကွဲထွက်သွားပြီး ဝမ်းဗိုက်ထဲ သွေးယိုစီးပြီး မေ့မေ့မှာ အသက်အနရယ်ဖြစ်သွားတာပါ။

🤔ဘာလက်ခဏာတွေရှိလဲ

တယောက်နဲ့တယောက်လက်ခဏာမတူပါဘူး။
တချိူ့က ဘာလက်ခဏာမှ မရှိတာလဲဖြစ်နိုင်ပါတယ်။
များသောအားဖြင့် ကိုဟ်ဝန် ၆ပတ်လောက်မှာဖြစ်တတ်ပါတဟ်။

👉ဗိုက်အောက်ပိုင်း ကနာမယ်။ တဖက်ဖက်က ပိုနာမယ်။
👉သွေးစလေးဆင်းမယ်။
👉ပခုံးနာမယ်။
👉သွေးယိုတာများပြီဆိုရင်တော့ မိုက်ခနဲဖြစ်သွားမယ်။ မေ့လဲမယ်။

🏃‍♀️🏃‍♀️ဆေးရုံချက်ချင်းပြေးရပါမယ်။ ၁မိနစ်နောက်ကျရင် နောက်ကျသလို အသက်အနရယ်ရှိပါတယ်။

🤔ဘယ်လိုမေမေတွေမှာ ပိုဖြစ်တတ်လဲ

👉ပထမ၁ခါ ဖြစ်ဖူးရင်
👉သားဥပြွန်ပျက်စီးနိုင်တဲ့ရောဂါတွေ ဥပမာ သားကြောဖြတ်ထားတာ ပိုးဝင်တာ

👉သားအိမ်ထဲမှာ ကလေးတားတဲ့ပစ်စည်းတန်းလန်းနဲ့ ကိုယ်ဝန်ရသွားရင်
👉ဖနိပြွနိသဓေသားနည်းနဲ့ကိုယ်ဝန်ရထားတာဆိုရင်
👉ဆေးလိပ်သောက်ရင်

🤔ဘယ်လိုနည်းနဲ့ရောဂါရှာရမလဲ

👉ကိုယ်ဝန်ရှိမရှိသေချာအောင် ဆီးစစ်မယ်
👉ကလေးက သားအိမ်ထဲမှာ ရှိမရှိ ultrasound ရိုက်မယ်။
👉မရှိရင် ဘယ်ရောက်နေလဲလိုက်ရှာမယ်။
👉ဘယ်မှာမှ မတွေ့ရင် သွေးစစ်ပြီး စောင့်ကြည့်မယ်။

🤔ဘယ်လိုကုသလိူ့ရလဲ

👉မေ့လဲပြီး သွေးတွေအများကြီးဆုံးရံှုးပြီးရောက်လာတဲ့ အရေးပေါ်အခြေအနေနဲ့ဆိုရင်တော့ ရွေးချယ်စရာမရှိပါဘူး။
👉ဗိုက်ခွဲပြီး သွေးထွက်နေတဲ့ သားဥပြွန်ကို ဖျက်ပစ်ရမှာပါ။ ဒါမှ မေမေရဲ့ အသက်ကို ကယ်နိုင်မှာပါ။

👉အဲ့လိုမဖြစ်ခင် စောစောရောက်လာတယ် သားဥပြွန်လဲ မပေါက်သေးဘူးဆိူရင်တော့ ရွေးချယ်စရာတွေရှိပါတယ်။
👉ဆေးထိုးမလား
👉မှန်ပြောင်းနဲ့ ဗိုက်မှာ အပေါက်ဖေါက်ပြီး သားဥပြွန်ထဲက ကလေးကို ထုတ်မလား
👉သားဥပြွန်ကို ဖြတ်မလား
👉ဗိုက်ခွဲမလား

☝️ကုသမှုကိုရွေးချယ်ရာမှာတော့ လူနာတယောက်ချင်းဆီရဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ဆရာဝန်နဲ့လူနာ တိုင်ပင်ပြီး ဆုံးဖြတ်ရမှာပါ။

🤔ကလေးထပ်ရနိုင်လား

သားဥပြွန်တဖက်ကို ဖြတ်ပြီးရင်တောင်မှ နောက်တဖက်ကျန်သေးတဲ့အတွက် ကလေးရနိုင်ပါတယ်။

🤔ထပ်ဖြစ်နိုင်လား။

ထပ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်နောက်တခါ ကိုယ်ဝန်ဆောင်ရင် စောစောစီးစီး OG န​ဲ့အပ်ဖို့ ကိုယ်ဝန် ၆ပတ်နဲ့ ၈ပတ်ကြားမှာ ultrasound ရိုက်ဖို့လိုပါတယ်။

👩‍⚕👩‍⚕အချုပ်ပြောရရင် သားအိမ်ပြင်ပမှာ သဓေတည်တာဟာ မေမေတို့အတွက် အသက်အနရယ်အရမ်းများတဲ့ ရောဂါပါ။ ရောဂါလက်ခဏာတွေကလည်း ကိုယ်ဝန်ပျက်ကျတဲ့ပုံစံနဲ့ သိပ်မကွာလှပါဘူး။

👩‍⚕👩‍⚕ ဒါကြောင့် ကိုယ်ဝန်လနုနုမှာပဲဖြစ်ဖြစ် ရာသီ၁လထိန်ပြီးချိန်မှာဖြစ်ဖြစ် ဗိုက်နာရင် သွေးဆင်းရင် မဖြစ်မနေ ဆေးရုံဆေးခန်းပြသင့်ပါတယ်။

👩‍💻👩‍💻👩‍💻သိချင်တာရှိရင် messenger ကနေ မေးနိုင်ပါတယ်။👩‍💻👩‍💻👩‍💻

🙏🙏🙏မေမေတို့ကျန်းမာကြပါစေ။🙏🙏🙏

👩‍⚕👩‍⚕👩‍⚕ကလေး အရမ်းလှုပ်နေလား 👩‍⚕👩‍⚕👩‍⚕👩‍⚕👩‍⚕👩‍⚕အလှုပ်နည်းနေလား👩‍⚕👩‍⚕👩‍⚕🥰🥰🥰မေမေတို့ရေ ကိုယ့်ဗိုက်ထဲမှာ သက်ရှိလူသားလေး ၁ယ...
29/10/2022

👩‍⚕👩‍⚕👩‍⚕ကလေး အရမ်းလှုပ်နေလား 👩‍⚕👩‍⚕👩‍⚕
👩‍⚕👩‍⚕👩‍⚕အလှုပ်နည်းနေလား👩‍⚕👩‍⚕👩‍⚕

🥰🥰🥰မေမေတို့ရေ ကိုယ့်ဗိုက်ထဲမှာ သက်ရှိလူသားလေး ၁ယောက်ရောက်နေပြီဆိုတာ သေချာသိတဲ့ အချိန်က ကလေးစလှုပ်တဲ့အချိန်ပဲ ဖြစ်မယ်ထင်တယ်နော်။ အရမ်းရင်ခုန်ပြီး ပျော်ရတဲ့အချိနိပေါ့။ ဟိုနားကထိုးလိုက် ဒီနားက ကန်လိုက်ဖြစ်နေတာတွေကိုစမ်းကြည့်ပြီး ခေါင်းလေးလား လက်လေးလား ခြေထောက်လေးထင်တယ် ဆိုပြီး အချစ်တွေ တဖြည်းဖြည်းစုလာတာပေါ့။

🤔ဘဟ်အချိန်မှာကလေးစလှုပ်တာသိသလဲ။

ယေဘူယျအားဖြင့် ကိုယ်ဝန် ၁၆ပတ် ၁၈ပတ်လောက်မှာသိပါတယ်။ သားဦးမဟုတ်ရင် ဒီထက်ပိုစောနိုင်ပြီး သားဦးမေမေတွေကတော့ ပိုနောက်ကျနိုင်ပါတယ်။

🤔ကလေး အရမ်းလှုပ်တာ စိတ်ပူစရာလား။

ကလေးလှုပ်တယ်ဆိုတာ Baby လေး နေကောင်းတာကို ပြောတာဆိုတော့ လှုပ်လေ ကောင်းလေပေါ့။

🤔ကလေးက တချိန်လုံးလှုပ်နေမှာလား။

အပြင်က လူကြီးတွေလိုပါပဲ။ ဗိုက်ထဲက baby လေးတွေမှာလဲ အိပ်ချိန်ရှိပါတယ်။ များသောအားဖြင့် မိနစ် ၂၀ကနေ ၄၀အထိ အိပ်ပါတယ်။ တခါတလေ မိနစ် ၉၀အထိကြာပါတယ်။ အိပ်နေတဲ့ အချိန်တော့ လှုပ်မှာ မဟုတ်ဘူးပေါ့။

🤔ကလေး ဘယ်လောက်အထိလှုပ်ရင် ကောင်းလဲ

အဲလိုသက်မှတ်ချက်မရှိပါဘူးနော်။ မေမေတယောက်နဲ့တယောက်လဲမတူပါဘူး။ ပုံမှန်လှုပ်နေကြ ပမာဏကို မေမေတို့သိပါတယ်။ အဲဒါထက်နည်းသွားရင် အလှုပ်ပ်နည်းတာပါပဲ။ သူများကလေးက အရမ်းလှုပ်တာပဲ ငါ့ကလေးက သိပ်မလှုပ်ဘူးဆိုပြီး ပူစရာမလိုပါဘူး။ ဝတဲ့့မေမေတွေ၊ အချင်းက ဗိုက်ဘက်ရောက်နေတဲ့ မေမေတွေ၊ baby လေးရဲ့ ကျောက မေမေရဲ့ ဗိုက်ဘက်ရောက်နေတာတွေ ဆိုရင် ကလေးလှုပ်တာ သိပ်မသိကြပါဘူး။ အလှုပ်ပ်နည်းမဟုတ်ပါဘူးနော်။ မေမေတို့က သိပ်မသိတာပါ။

🤔ကလေးအလှုပ်နည်းတာ စိတ်ပူရလား။

စိတ်ပူရတာပေါ့။ ပုံမှန်ထက် လှုပ်တာနည်းသွားပြီဆိုတာနဲ့ ဆေးရုံ ဆေးခန်းသွားရမှာပါ။ တချို့မေမေတွေ ကလေး အလှုပ်နည်းတာ ၂ရက် ၃ရက်ရှိပေမယ့့် ဆေးရုံမလာဘဲ လုံးဝမလှုပ်တော့မှ လာလို့ baby လေးကို မရလိုက်တာတွေ အများကြီးရှိပါတယ်။

🤔ဘာ့ကြောင့်ကလေးအလှုပ်နည်းတတ်လဲ

ယေဘူယျအားဖြင့် baby လေး နေမကောင်းလို့လို့ဖြေရမှာပါပဲ။ နေမကောင်းတဲ့ အကြောင်းအရင်းကတော့အများကြီးပေါ့။
👉မေမေ့မှာရောဂါတခုခုရှိရင် (ဥပမာ ကိုယ်ဝန်ဆိပ်တတ်တာ ဆီးချိုရှိတာ)
👉မေမေက အိပ်ဆေးလိုမျိုးသောက်လိုက်မိတာ
👉Baby လေးမှာ ကြွက်သားနဲ့ အာရုံကြောအားနည်းတဲ့ရောဂါ တမျိုးမျိုးပါလာတာ
👉baby လေးက ပုံမှန်ထက်က်ိုသေးနေတာ
စသဖြင့်ပေါ့။

🤔ဘာလုပ်လို့ရလဲ။

တခါတခါမှာတော့ မေမေတို့ ကလေးလှုပ်တာ သတိမထားမိလို့လဲဖြစ်နိုင်ပါတဟ်။ ဒါဆိုရင် ဘဟ်ဘက်ကိုတစောင်းလေး ၂နာရီ​ေလာက် ငြိမ်ငြိမ်နေပြီး ကလေးလှုပ်တာ မှတ်ကြည့်ပါ။ ၂နာရီအတွင်း၁၀ခါပြည့်ရင် ok ပါ။ ၁ခါဆိုတာ ခြေထောက်လေးလက်လေးတွေ တဆကိဆက်နဲ့ ပတ်ကန်တာ အားလုံးပေါင်းမှ တခါ လို့ယူရမှာပါ။
ပြီးတာနဲ့ ကလေးနှလုံးခုန်နှုန်းကောင်းမကောင်းရယ် ကလေး အရွယ်အစား ရေမွှာပမာဏ စသဖြင့် ဆရာဝန်တွေက စစ်ဆေးပေးမှာပါ။ အားလုံးကောင်းတယ်ဆိုရင် အိမ်မှာပဲပြန်နေပြီး ကလေးလှုပ်တာ သတိထားနေရမှာပါ။ ဒုတိယတကြိမ် အလှုပ်နည်းတယ်ဆိုရင်တော့ အရေးပေါ်မွေးဖွားဖို့ လိုကောင်းလိုနိုင်ပါတယ်။

အကဟ်၍ စစ်ဆေးတာ တခုခုမကောင်းဘူးဆိုရင်တော့ အဲ့နေရာမှာပဲ အရေးပေါ်မွေးဖွားဖို့လိုနိုင်ပါတဟ်။ ကလေးလသိပ်နုသေးတယ်ဆိုရင်တော့ အသက်ရှင်နိုင်တဲ့ အရွယ်ရောက်တဲ့အထိ အနီးကပ်စောင့်ကြည့်ရမှာပါ။

😇😇😇ကျန်းမာပျော်ရွှင်တဲ့ baby လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ😇😇😇

👩‍⚕👩‍⚕👩‍⚕မွေးပြီးရင်👩‍⚕👩‍⚕👩‍⚕ဗိုက်နဲ့တုန်းက ဘယ်လိုနေရမလဲ ပြောပြီးတော့ မွေးပြီးရင် ဘယ်လိုနေရမလဲပေါ့နော်😃😃😃☝️☝️အစားအသောက်မ...
15/10/2022

👩‍⚕👩‍⚕👩‍⚕မွေးပြီးရင်👩‍⚕👩‍⚕👩‍⚕

ဗိုက်နဲ့တုန်းက ဘယ်လိုနေရမလဲ ပြောပြီးတော့ မွေးပြီးရင် ဘယ်လိုနေရမလဲပေါ့နော်😃😃😃

☝️☝️အစားအသောက်

မြန်မာတွေမှာ မွေးပြီးတာနဲ့ အမေလုပ်တဲ့သူက ငါးခြောက်နဲ့ ဒန့်ဒလွန်ရွက်ဟင်းချိုကလွဲရင် ဘာမှမစားခိုင်းတော့ပါဘူး။ ကလေးလေနာမယ်တို့ ကလေးဝမ်းပျက်မယ်တို့ တတ်စာတွေတို့ အကြောင်းပြချက်ကတော့ စုံနေတာပါပဲ။
အဲဒါအလွဲကြီးလွဲပါတယ်နော်။ ကိုယ်ဝန်ဆောင်တုန်းကလိုပဲ အသီးအရွက်အသားငါး မျှတအောင် အစုံစားပေးရမှာပါ။ လက်လက်ဆက်ဆက်ဖြစ်ရင်ပြီးတာပါပဲ။ ချွင်းချက်အနေနဲ့သွေးတိုးတဲ့မေမေတွေ အငံရှောင်ရပါတဟ်။ ကျန်တဲ့မေမေတွေ ဘာမှ ရှောင်စရာမလိုပါဘူးနော်။
အစားအသောက်တွေ အရှောင်လွနိပြီး ကလေးမှာ vitamin B1 ချို့တဲ့ပြီး အသက်အနရယ်ဖြစ်တာတွေ ရှိပါတယ်။

☝️☝️အနေအထိုင်

မွေးပြီးတာနဲ့ နို့တိုက်ရတာနဲ့ ရှူးပြသနာအီးပြသနာနဲ့ အိပ်ရေးပျက်ကြပါတဟ်။ ကလေးအိပ်တာနဲ့ ကိုယ်ပါ လိုက်အိပ်ပါနော်။ ဘဟ်အချိန် အိပ်ရေးပျက်မယ်ဆိုတာမသိပါဘူး။ ဗိုက်ခွဲမွေးထားတဲ့မေမေတွေ ၁လခွဲလောက် အလေးအပင် မမပါနဲ့။ ရိုးရိုးမွေးထားတာဆိုရင်မလိုပါဘူး။

☝️☝️တကိုယ်ရည်သန့်ရှင်းရေး

မေမေတွေက ကြောက်တတ်ကြတော့ ရိုးရိုးမွေးတဲ့မေမေကလည်း မွေးလမ်းကြောင်းချဲ့ထားတဲ့ အနာကို ထိရ ကိုင်ရမှာကြောက်တယ်။ ခွဲမွေးထားတဲ့မေမေကလည်း ဗိုက်ကအနာကို မထိရဲဘူး။ ခွဲမွေးထားတဲ့မေမေတွေ ၁ပတ်ကျော်ရင် ရေချိုးလို့ရပါပြီနော်။ အနာကို ရေစိုခံပလာစတာနဲ့ ကပ်ထားတယ်ဆိုရင် ဒီထက်စောစောချိူးလို့ရပါတယ်။ မွေးလမ်းကြောင်းချဲ့ထားတဲ့ အနာကိုလည်း ဝမ်းသွားဆီးသွားပြီးတိုင်း ရေပေါပေါ လက်သန့်သန့်နဲ့ သန့်ရှင်းရေးလုပ်ပေးပါနော်။ သန့်ရှင်းရေး အားနည်းရင် အနာ ပိုးဝင်တာ အနာကွဲတာ ပြန်ချုပ်ရတာတွေဖြစ်နိုင်ပါတဟ်။
နို့သီးခေါင်းနဲ့ ရင်သားကိုလည်း ကလေးနို့တိုက်ခါနီးတိုင်း ရေနွေးလေးဂွမ်းဖတ်လေးနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။
ကိုယ့် အဝတ်အစား ကလေးအဝတ်အစားတွေအားလုံးကို လျော်ဖွတ်ပြီးရင် နေပြင်းပြင်းမှာလှမ်းပြီး မီးပူတိုက်ပြီးမှ ဝတ်ပါ။
ဂွမ်းထုပ်သုံးတဲ့မေမေတွေ ရာသီလာသလိုပဲ တနေ့ ၃ခါ ၄ခါတော့လဲပေးသင့်ပါတယ်။

☝️☝️ဆေးဝါး

အားဆေးသောက်သင့်ပါတဟ်။ သံဓတ်အားဆေး အပြင် vitamin B1 နဲ့ တခြားအားဆေးတွေရောပေါ့။ မေမေ့မှာရောဂါတခုခုရှိနေလို့ သို့မဟုတ် ဖျားလို့နာလို့ ဆေးသောက်ရတော့မယ်ဆိုရင် ကိုယ်ပြတဲ့ဆရာဝန်ကို နို့စို့ကလေးရှိကြောင်းပြောရပါမယ်နော်။ တချို့ဆေးတွေက မိခင်နို့ကနေတဆင့် ကလေးဆီ ရောက်နိုင်ပါတဟ်။

☝️☝️စိတ်ပိုင်းဆိုင်ရာ

ကလေးမွေးပြီးတဲ့မေမေတွေက စိတ်ပိုင်းဆိုင်ရာ အရမ်းနုနယ်တဲ့ကာလပါ။ ဘာလေးကိုပဲဖြစ်ဖြစ် မျက်ရည်ကျပြီး အရမ်းထိလွယ်ရှလွယ်ဖြစ်နေတာပါ။ ဖေဖေတို့က အားပေးပါ။ ညှာတာပါ။ ကိုယ့်ရဲ့ကြင်နာမှုတွေ အချစ်တွေကိုပြပါ။ ကလေးအလုပ်တွေ ကူလုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ တတ်နိုင်သမျှ စိတ်ကို ငြိမ်းချမ်းအောင်ထားပါ။
ဒါတွေလုပ်ထားတာတောင် ဒီလိုကာလမှာ အိပ်မပျော်ဘူးတို့ အမြဲမျက်ရည်ကျနေတာတို့ဖြစ်လာပြီဆိုရငိတော့ သက်ဆိုင်ရာOG နဲ့ပြန်ပြပါ။

☝️☝️သားဆက်ခြားဖို့

ပုံမှန်ကတော့ ကလေး ၁လခွဲပြည့်တဲ့အချိန်မှာ သားဆက်ခြားဖို့ကို OG က ဆွေးနွေးလေ့ရှိပါတယ်။ ဒီကြားထဲမှာ အမျိုးသားနဲ့အတူတူမနေဖို့လည်း မှာလိုက်ပါတယ်။ OG နဲ့ပြန်မတွေ့ခင်မှာ ကိုယ်ဘဟ်လောက်ကလေးခြားမှာလဲ ဘယ်နှစ်ယောက်ယူမှာလဲ ဘာသုံးချင်လဲဆိုတာတွေကို အမျိုးသားနဲ့တိုင်ပင်ထားရမှာပါ။
တကယ်လုပ်ရမှာကတော့ ကိုဟ်ဝန်ဆောင်ကတည်းက စဥ်းစားထားရမှာပါ။ ဒါမှ တချိူ့ဟာတွေဆိုရင် ဥပမာ သားအိမ်ထဲ ပစ်စည်းထည့်တာမျိုးက ခွဲမွေးရင်းနဲ့ တခါတည်းလုပ်ပေးခဲ့လို့ရပါတယ်။

ကလေးလေးအတွက် ဆောင်ရန်ရှောင်ရန်တွေကို သက်သက်ရေးပါဦးမယ်။🗣🗣🗣
🙏🙏🙏မေမေတို့ကျန်းမာကြပါစေ🙏🙏🙏

👩‍⚕👩‍⚕👩‍⚕ကိုယ်ဝန်ဆောင်စဥ် ဘာဆောင်ရမလဲ ဘာရှောင်ရမလဲ👩‍⚕👩‍⚕👩‍⚕🗣🗣🗣မေမေတို့ အသိချင်ဆုံးမေးခွန်းလေးပါ။ မေမေအများစုကတော့ အနားက ...
14/10/2022

👩‍⚕👩‍⚕👩‍⚕ကိုယ်ဝန်ဆောင်စဥ် ဘာဆောင်ရမလဲ ဘာရှောင်ရမလဲ👩‍⚕👩‍⚕👩‍⚕

🗣🗣🗣မေမေတို့ အသိချင်ဆုံးမေးခွန်းလေးပါ။ မေမေအများစုကတော့ အနားက မိကြီးဒေါ်ကြီးတွေ ရပ်ကွက်ထဲက senior တွေရဲ့ အကြံပေးမှုတွေ ကြားဖူးမှာပါ။ ကလေးအရမ်းထွားရင် မွေးရခက်တယ် ကိုယ်ဝန်ဆောင်အားဆေးသိပ်မသောက်နဲ့ဆိုတာမျိုး။ လေနာစာတွေမစားနဲ့ ကလေးလေပါမယ်ဆိုတာမျိုးပေါ့။

🗣အစားအသောက်

အသင့်စား အစားအသောက်တွေ၊ အေးခဲထားတဲ့ မလတ်ဆက်တဲ့အသားတွေ၊ လက်လုပ်ချဥ်တွေ၊ လက်ဖက်ရည် ကော်ဖီ၊ အားဖြည့်အချိုရည်တွေ၊ ဒါတွေကလွဲရင် မေမေတို့နဲ့မတည့်တဲ့ အစားအစာမရှိပါဘူးနော်။ လက်လက်ဆက်ဆက် ပူပူနွေးနွေးဆိုရင် အကုန်စားလို့ရပါတယ်။ ကိုယ်ဝန်လရင့်လာရင် ဝမ်းချုပ်တတ်လို့ ရေများများသောက်ပါ။ အသီးအရွက်များများစားပါ။ ချွင်းချက်အနေနဲ့ ဆီးချိုရှိတဲ့ မေမေတွေ ကိုယ်ဝန်ဆိပ်တတ် ကိုဟ်ဝန်ဆောင်သွေးတိုးရောဂါရှိတဲ့မေမေတွေကတော့ အစာရှောင်ရပါတယ်။ ဆီးချိုမေမေတွေက ဆန်ဂျုံနဲ့လုပ်တဲ့အစာတွေနဲ့ ချိုတာတွေ ရှောင်ပြီး အသီးအရွက်နဲ့ အသားကို အားပြုစားရပါမယ်။ ကိုဟ်ဝန်ဆိပ်တတ်တဲ့ ကိုဟ်ဝန်ဆောင်သွေးတိုးရှိတဲ့မေမေတို့ကတော့ ငါးပိငါးခြောက် ငံပြာရည် အသားခြောက် ငံတာရှောင် ပါမယ်။

🗣အလုပ်အကိုင်

ကိုယ်ဝန်ရှိတာကလွဲရင် ဘာမှထွေထွေထူးထူး မဖြစ်တဲ့မေမေတွေ အလုပ်ဆက်လုပ်လို့ရပါတဟ်။ အလေးအပင်မတာမျိုးကလွဲရင်ပေါ့။

🗣အနေအထိုင်

နေ့ခင်းဘက်ကိုတော့ တမှေးလောက်အိပ်စေချင်ပါတဟ်။ ညဘက်ဆိုရင် မေမေတို့ ကလေးအရမ်းလှုပ်လို့ပဲဖြစ်ဖြစ် လရင့်လာတဲ့အခါ ရှူးခဏခဏပေါက်ရလို့ပဲဖြစ်ဖြစ် အိပ်ရေးပျက်တတ်ပါတယ်။ အိပ်ရင်လည်း ဘဟ်ဘက်ကို တစောင်းလေးလှဲအိပ်တာက သားအိမ်ကို သွေးစီးဆင်းမှုကောင်းလို့ကလေးအတွက် ပိုကောင်းပါတယ်။
တတ်နိုင်သမျှ ဖိနပ်အပါးလေး စီးစေချင်ပါတဟ်။ ၂ယောက်စာ အလေးချိန်ဖြစ်နေတဲ့အချိန်မှာ ဒေါက်တွေက ခြေဖနောင့်နာတာ ခြေသခုံးကြွက်သားနာတာဖြစ်နိုင်ပါတဟ်။ အခန့်မသင့်လို့ချော်လဲရင်လည်း မသက်သာပါဘူး။
အဝတ်အစားကိုလဲ ပေါ့ပေါ့ပါးပါး အေးအေးပွပွလေးတွေ ဝတ်ပါ။

🗣လေ့ကျင့်ခန်း

heavy ကြီးမဟုတ်ပဲ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လမ်းလျောက်တာမျိုးလုပ်လို့ရပါတယ်။

🗣အရက် ဆေးလိပ် လက်ဖက်ရည် ကော်ဖီ

အတိုဆုံးပြောရရင် ဖြတ်ပါ။ မဖြတ်နိုင်ရင် လျော့ပါ။ ကလေးကို ထိခိုက်ပါတယ်။ ဖေဖေက ဆေးလိပ်သောက်ရင်လည်း မေမေက ဆေးလိပ်ငွေ့ရှူမိနိုင်လို့ ဖေဖေလည်းဆေးလိပ်ဖြတ်သင့်ပါတယ်။

🗣ဆေးဝါး

ပါရာစီတမောကလွဲရင် ဘဟ်ဆေးမှ ကိုဟ့်ဟာကိုယ်မသောက်ပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပါ။ ဗမာဆေးတွေလည်းပါပါတယ်။

🗣လိင်မှု

မေမေက သွေးမဆင်းဖူး ရေလည်းမဆင်းဖူး အချင်းရှေ့ရောက်နေတာမျိုးလဲမရှိဘူးဆိုရင် ဖေဖေနဲ့ အတူတူနေလို့ရပါတယ်။ ဘဟ်အချိန်ထိနေလို့ရတယ်ဆိုတာ သက်မှတ်ထားတာမျိုးမရှိပါဘူး။ အတူတူနေတာ မေမေက သက်တောင့်သက်သာဖြစ်နေရင်ပြီးတာပါပဲ။

✌️✌️✌️ဒီလောက်ဆို လုံလောက်ပြီထင်ပါတဟ်။ ဒီထဲမှာ မပါသေးတဲ့အချက်လေးတွေ သိချင်တာရှိရင်မေးလို့ရပါတယ်။ မေမေတို့ကျန်းမာကြပါစေ။🙏🙏🙏

👩‍⚕👩‍⚕ခွဲမွေးမှာလား ဒါလေးတွေသိထားပြီးပြီလား👩‍⚕👩‍⚕🗣🗣🗣ဒီ post လေးက ပထမတခါ ခွဲမွေးဖူးတဲ့ မေမေတွေကို ပြောတာမဟုတ်ပါဘူးနော်။ ပ...
11/10/2022

👩‍⚕👩‍⚕ခွဲမွေးမှာလား ဒါလေးတွေသိထားပြီးပြီလား👩‍⚕👩‍⚕

🗣🗣🗣ဒီ post လေးက ပထမတခါ ခွဲမွေးဖူးတဲ့ မေမေတွေကို ပြောတာမဟုတ်ပါဘူးနော်။ ပထမဆုံးအကြိမ် ခွဲမွေးဖို့စဥ်းစားနေတဲ့ ဘာပြသနာမှမရှိတဲ့ မေမေတွေ အတွက် ရည်ရွယ်ပါတယ်။ အခုခေတ်မှာ ခွဲမွေးတဲ့မေမေတွေ အရမ်းများလာပါတယ်။ ဒီတော့ ခွဲမွေးမယ့် မေမေတို့ သိသင့်တာလေးတွေ ပြောပြချင်ပါတယ်။

🤔ဆရာဝန်တွေက ဘာလို့ရိုးရိုးမွေးတာကို အားပေးတာလဲ

အစိုးရဆေးရုံတွေမှာဆိုရင် ဘာပြသနာမှ မရှိရင် ခွဲမွေးတာကို လုံးဝခွင့်မပြုပါဘူး။ ဘာလို့လဲဆိုတော့
ရိုးရိုးမွေးတာရော ခွဲမွေးတာရော အများစုက အခုခေတ်မှာ ကျန်းမာတဲ့ baby လေးရဖို့ရော နေပြန်ကောင်းဖို့ရော သေချာသလောက်ရှိပါတယ်။
ဒါပေမယ့့် ခွဲမွေးတာက ရိုးရိုးမွေးတာနဲ့ယှဥ်ရင် မေမေကိုရော baby လေးကိုရော ပိုပြီး အနရယ်ရှိပါတယ်။
နောက်ကိုယ်ဝန်တွေမှာ ဆိုးကျိုး ပိုဖြစ်နိုင်ပါတဟ်။

🤔ဘာလို့ခွဲမွေးဖို့ရွေးချယ်တာ များကြတာလဲ

👉အရင်တခါရိုးရိုးမွေးတုန်းက ပြသနာရှိဖူးလို့
(လေစုပ် ညှပ်ဆွဲမွေးလိုက်ရတာ၊ ဗိုက်နာချိန်ကြာတာ၊ ကလေးမကောင်းတာ စသဖြင့်)
👉ရိုးရိုးမွေးရင် မွေးလမ်းကြောင်း​နဲ့ မိန်းမကိုယ် ပျက်စီးသွားမယ်ထင်တာ
👉သားဦးကိုယ်ဝန်မှာ အတွေ့အကြုံမရှိတော့ နာမှာကြောက်တာ မွေးရမှာကြောက်တာ
👉ဗိုက်နာတာ အောက်ပိုင်းအစမ်းခံရမှာကြောက်တာ

🤔ခွဲမွေးရင် မေမေ့မှာ ဘာပြသနာရှိမလဲ

မေမေတွေထင်တာက ရိုးရိုးမွေးတာက မသေချာဘူး။ မမွေးနိုင်ရင်ခွဲရရင် ၂ခါနာမယ်ယ်။ ခွဲမွေးတာသေချာတယ်ပေါ့။ ဒါပေမယ့့် မေမေတို့သိထားရမှာက ခွဲမွေးတာလဲ ခွဲစိတ်မှုပါ။ ဘယ်ခွဲစိတ်မှုမှ အနရယ်ယ်မကင်းင်းပါဘူး။ နောက်ဆက်တွဲဆိုးကျိုးတွေရှိပါတယ်။
👉ခွဲမွေးရင်မနာဘူးလို့ထင်ကြပါတယ်။ ဗိုက်နာတာမရှိပေမယ့့် ခွဲထားတ​ဲ့အနာက ရက် အနည်းငယ်နာနိုင်ပါတယ်။ ဗိုက်က နေလို့မကောင်းတာ မအီမသာဖြစ်တာ ပထမလမှာဖြစ်နိုင်ပါတယ်။
အဓိကအနရယ်တွေက
👉အနာပိုးဝင်တာဖြစ်ရင် အနာကျက်ဖို့ လပေါင်းများစွာကြာနိုင်ပါတဟ်
👉ခြေထောက်မှာသွေးခဲပြီး သွေးခဲပြုတ်ထွက်ကာ အဆုတ်မှာပိတ်တာ
👉သွေးဆင်းများတာ
ပထမအကြိမ်ခွဲတာဆိုရင်တော့ ဆိုးကျိုးက နည်းပါတယ်။ ထပ်ခါထပ်ခါခွဲလေ ဆိုးကျိုးက ပိုပိုများလာမှာပါ။ တခုခုပြသနာရှိသွားရင် ဆေးရုံမှာ ရက်အကြာကြီးနေရမှာပါ။

🤔ခွဲမွေးရင် baby လေးမှာ ဘာပြသနာရှိမလဲ

👉ခွဲမွေးရင် baby လေးတွေဟာ အပြင်လောကကို သက်တောင့်သက်သာနဲ့ ရောက်လာကြတာပါ။ ရိုးရိုးမွေးသလို ရုန်းကန်လှုပ်ရှားရတာ မဟုတ်လို့ ယာယီ အသက်ရှူရခက်တဲ့ပြသနာက ၁၀၀မှာ ၂ယောက်ရှိပါတဟ်။ ဒါပေမယ့် အများစုက ဘာပြသနာမှာ မရှိဘဲ ကောင်းသွားကြပါတယ်။
👉ကလေးဘဝမှာ ပန်းနာရင်ကျပိရောဂါ အဝလွန်ရောဂါဖြစ်နှူန်းများတာလဲတွေ့ရပါတယ်။

🤔နောက်ကိုယ်ဝန်မှာ ဘာပြသနာရှိမလဲ

👉ကလေးလိုချင်သလောက်မရတော့ပါဘူး။ ဒါ့ကြောင့် အရင်ဆုံး မေမေတို့အနေနဲ့ ကလေးဘယ်နှယောက်ယူမဟ်ဆိုတာ အရင်စဥ်းစားဆုံးဖြတ်ထားရပါမယ်။
👉နောက်တကြိမ်ခွဲစိတ်ရင် ဝမ်းလမ်းကြောင်း ဆီးလမ်းကြောင်းကို မတော်တဆ ထိခိုက်မိနိုင်ပါတယ်။
👉သွေးသွင်းရတာ
👉အချင်းကပ်တာ
👉အချင်းရှေ့ရောက်တာ
👉အရေးပေါ်သားအိမ်ထုတ်ရတာ
👉နောက်ကိုယ်ဝန်မှာဘာ့ကြောင့်မှန်းမသိပဲ ဗိုက်ထဲမှာ ကလေးသေသွားတာ

🤔ရိုးရိုးမွေးရင် ဘာတွေကောင်းလဲ

👉ကိုယ့်ကလေးကို ချီပိုးဂရုစိုက်နို့တ်ုက်နိုင်တော့ ကလေးနဲ့ ပိုရင်းနှီး ပိုနီးစပ်ပါတယ်။
👉နဂို အတိုင်းပြန်ဖြစ်ဖို့အရမ်းမြန်ပါတယ်။ ဒီနေ့မွေး နက်ဖြန်ဆေးရုံဆင်းပြီး ပုံမှန်အတိုင်းနေလို့ရပါတယ်။
👉ရိုးရိုးမွေးတာအောင်မြင်သွားရင် နောက်ကိုယ်ဝန်တွေမှာ မွေးရဖွားရ ပိုလွယ်သွားပါပြီ။

🤔ရိုးရိုးမွေးရင် ဘာတွေဖြစိနိုင်လဲ

👉မိန်းမကိုယ်န​ဲ့မွေးလမ်းကြောင်းမှာ နာကျင်တာ မသက်မသာဖြစ်တာရှိနိုင်ပါတယ်။ ချုပ်ရန်ုင်ပါတယ်။ ဒါပေမယ့်ခဏပါဘဲ။
👉လေစုပ်မွေးရတာ ညှပ်ဆွဲမွေးရတာရှိနိုင်ပါတယ်။
👉အရေးပေါ်ခွဲမွေးရတာ ရှိနိုင်ပါတယ်။

🤔ဘယ်အချိန်မှာခွဲမွေးလို့ရလဲ

ကိုယ်ဝန် ၃၉ပတ်မှာခွဲမွေးရမှာပါ။ ဒီထက်စောရင် ကလေးမှာ အသက်ရှူရခက်တဲ့ ပြသနာဖြစ်နိုင်ပါတယ်။ ခွဲဖို့ သက်မှတ်ထားတဲ့ရက်မရောက်ခင် ဗိုက်နာရင်တော့ စမ်းသပ်ကြည့်ပြီး လူနာရဲ့သဘောအတိုင်း ရိုးရိုးဆက်မွေးမလား အရေးပေါ်ခွဲမလား ဆုံးဖြတ်လို့ရပါတယ်။

😇😇😇ဒီ postလေးကို ဖတ်ပြီး မေမေတို့အနေနဲ့ ပထမဆုံးကိုယ်ဝန်ကို ဘယ်လိုမွေးမလဲဆိုတာ သေချာစဥ်းစားလို့ရပြီထင်ပါတဟိ။ ကျန်းမာ ပျော်ရွှင်ကြပါစေ။😇😇😇

လူကြီးမင်းများခမျ။ကျွန်တော်တို့ သုခမွန် ဆေးခန်းသည် လူကြီးမင်းတို့ကို ပိုမိုကောင်းမွန်သည့် Ultrasound service ပေးနိုင်ရန်...
16/09/2022

လူကြီးမင်းများခမျ။
ကျွန်တော်တို့ သုခမွန် ဆေးခန်းသည် လူကြီးမင်းတို့ကို ပိုမိုကောင်းမွန်သည့် Ultrasound service ပေးနိုင်ရန် Ultrasound စက် အား upgrade ပြုလုပ်ထားပါ သဖြင့် (၂၆.၉.၂၀၂၂) မှ စ၍သာ ပုံမှန် တိုင်း ပြန် လည် ဝန်ဆောင်မှု ပေးပါမည်။

သတင်းကောင်းဗျို့ကလေး အထူးကု ဆရာဝန် က တနလ် ာ မှ စနေ ထိ နေ့စဉ် တစ်နာရီမှ ၃နာရီ ထိ ထိုင်ပါမယ်နော်👶🎊🎉
11/09/2022

သတင်းကောင်းဗျို့

ကလေး အထူးကု ဆရာဝန် က တနလ် ာ မှ စနေ ထိ နေ့စဉ် တစ်နာရီမှ ၃နာရီ ထိ ထိုင်ပါမယ်နော်👶🎊🎉

🔥 ကလေးအထူးကု ဆရာဝန်ကြီးနဲ့ ဝိုင်းမော်မြို့မှာတင် ပြသနိုင်ပါပြီ။ 🔥ဝိုင်းမော်မြို့က ဖေဖေ‌၊ မေမေ တို့ရေ...အိမ်က သားသားမီးမီ...
07/09/2022

🔥 ကလေးအထူးကု ဆရာဝန်ကြီးနဲ့ ဝိုင်းမော်မြို့မှာတင် ပြသနိုင်ပါပြီ။ 🔥

ဝိုင်းမော်မြို့က ဖေဖေ‌၊ မေမေ တို့ရေ...

အိမ်က သားသားမီးမီးလေးတွေ နေမကောင်းဖြစ်တဲ့အခါ ကလေးအထူးကု ဆရာဝန်ကြီး နဲ့ ပြသနိုင်ဖို့ မြစ်ကြီးနားမြို့ကို တကူးတက သွားဖို့ မလိုတော့ပါဘူး။

ကျွန်တော်တို့ရဲ့ သုခမွန် အထွေထွေ ရောဂါ အထူးကုဆေးခန်း မှာ ကလေးအထူးကုဆရာဝန်ကြီး (Paediatrician) နဲ့ ပြသနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ခင်ဗျာ။

အပတ်တိုင်း တနလ် ာ ၊ ဗုဒ္ဓဟူး ၊ သောကြာ နေ့လည် ၁နာရီ မှ ၃နာရီ အတွင်း လာရောက် ပြသနိုင်ပါပြီ။
👶👶👶

သုခမွန် အထွေထွေရောဂါ အထူးကုဆေးခန်း

ဝိုင်းမော်မြို့၊ ကမ်းနားလမ်း View Point အရှေ့

Address

ကမ်းနားလမ်း၊ View Point အရှေ့ ဝိုင်းမော်မြို့။
Waingmaw
1123

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959448173154

Website

Alerts

Be the first to know and let us send you an email when Thu Kha Mon - Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thu Kha Mon - Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram