Ngwe Thazinဆေးဆိုင်

Ngwe Thazinဆေးဆိုင် ဆေးမျိုးစုံကိုစျေးနှုန်းချိုသာစွာ? ဆေးမျိုးစုံကိုစျေးနှုန်းချိုသာစွာရရှိနိုင်ပါပြီနော်

ကင်ဆာပင်လယ်ပြင် ပျော်ပျော်ကြီး လက်ပစ်ကူးကြပြီလား ? We are swimming  in the sea of Carcinogens  ကမ္ဘာပေါ်မှာလည်း ကင်ဆာတွေ...
21/09/2025

ကင်ဆာပင်လယ်ပြင် ပျော်ပျော်ကြီး လက်ပစ်ကူးကြပြီလား ?

We are swimming in the sea of Carcinogens ကမ္ဘာပေါ်မှာလည်း ကင်ဆာတွေအဖြစ်များလွန်းလို့ ကင်ဆာဖြစ်စေနိုင်သော အရာများကြား ကူးခတ်သွားနေကြသည်လို့ တင်စားပြီး ဖော်ပြထားပါသည် ၊ မန္တလေးမြို့ရှိ Z& T အစာအိမ်အူလမ်းကြောင်း အထူးကုဆေးခန်းမှာတော့ တစ်ပါတ်လျှင် ၁ယောက် ၂ယောက် တွေ့ရာမှ ယခုဆို ရက်ဆက်ဆိုသလိုပင် ၁ရက် ၂ရက်ခြား ၁ယောက်လောက်တွေ့နေရသည် ၊ ယခင်က အသက်ကြီးသူများတွင်သာ ပိုတွေ့ရသော်လည်း ယခုအခါ အစားအသောက် အနေအထိုင် ပြောင်းလဲလာမူ့များကြောင့် အသက် ၁၈ ၊ ၂၁ ၊ ၂၂ ၊ ၂၃ ၊ ၂၅ ၊ ၂၆ ၊၂၇ အရွယ်လူငယ်များ ကင်ဆာဖြစ်ခြင်းအား ၆လအတွင်းပင် တွေ့ရှိခဲ့ရပါသည် ။

ကင်ဆာလို့ သိလိုက်ရသည်နှင့် လူနာကိုယ်တိုင်ကတော့ပိုဆိုးသည် ၊ လူနာရှင်များရော နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားကြပါသည် ၊ ကင်ဆာတွေ့လိုက်သည်နှင့်ပင် ကုသပေးရမယ့် ဆရာဝန်ဖက်မှာလည်း ဆက်လက်လုပ်ဆောင်ရမယ့် စမ်းသပ်စစ်ဆေးမူ့တွေ ၊ ပြင်ဆင်ရမှာတွေ၊ ခွဲစိတ်ကုသရမှာတွေ၊ ခွဲစိတ်ဖြတ်တောက်ပြီးလို့ ဆက်လက်ပြီး ကင်ဆာဆေးသွင်းရမှာတွေ၊ မိမိလူနာ ကုသမူ့ကို ကိုယ်ကာယပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမူ့ ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်မူ့ ၊ အရေးအကြီးဆုံး လည်းဖြစ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ တတ်နိုင်မူ့ရှိပါ့မလားလို့ ဆင့်ကဲဆင့်ကဲ အစီအစဉ်များစွာ အတွေးများစွာ တန်းစီပြီး ဖြစ်လာရပါတော့တယ် ၊ လူနာကတော့ ပိုဆိုးတာပေါ့ ၊ ခံစားရမယ့် ကာယိကဝေဒနာ ၊ စေတသိကဝေဒနာ ၊ ကင်ဆာဖြစ်လို့ ငါတော့သေတော့မှာလား ၊ ငါချစ်ရတဲ့ မိသားစုဝင်တွေကို ခွဲရတော့မလား ၊ မသေခင်ဘယ်လောက်ထိခံစားရပါ့မလဲ ၊ အရင်လိုပြန်ကောင်းပါတော့မလား ၊ မိမိမှာရှိသော ငွေကြေးနှင့်ရော ကုသမူ့စရိတ်များ တတ်နိုင်ပါ့မလားလို့ လားပေါင်းများစွာဖြင့် စိတ်ပင်ပန်းနွမ်းနယ်ကြရပါတော့သည် ၊ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါသည် Prevention is Better than Cure ဆိုသလို ထိုကြောက်စရာကောင်းလှသောအစာအိမ်ကင်ဆာ၏ သဘောသဘာဝများကို ဆင်ခြင်ရှောင်ရှားနိုင်ကြရန် စေတနာ မေတ္တာရှေ့ထားပြီး မျှဝေပေးလိုက်ပါရစေ ။

🥩🥓🍔🍟🍕🌭🍗🥙🥘🍲🥗🍿🍷🍸🍺🍻

အစာအိမ်ကင်ဆာ

၁။ အစာအိမ်အတွင်းရှိနံရံတွင် နာတာရှည် အစာအိမ်ရောင်ခြင်း မှတဆင့် အနာဖြစ်၍ ထိုအနာမှပျောက်သွားပြီး မကြာခဏ ထပ်တစ်လဲလဲ အနာဖြစ်ပြန်ကာ ကင်ဆာဆဲလ်များ ပြောင်းလဲဝင်ရောက်ပြီး အစာအိမ်ကင်ဆာဖြစ်သွားခြင်း ဖြစ်ပါသည်။

၂ ။ ကင်ဆာဖြစ်စေသော အဓိကအကြောင်းများ ။

( က ) အစာအိမ်ပိုး Helicobactor Pylori ( H pylori ) ပိုးရှိခြင်း ၊ ၄င်းပိုးသည် အက်ဆစ်ကို ပုံမှန်ထက် များစွာထွက်ပြီး ထိုအက်ဆစ်များလောင်ကျွမ်းရာမှ အစာအိမ်နံရံများ မကြာခဏ ရောင်ရမ်းစေပြီး အနာများ ဖြစ်စေပါသည်၊ ထိုမှတဆင့် ကင်ဆာအဖြစ်ပြောင်းသွားစေပါသည် ၊ ထိုပိုးသည် မသန့်ရှင်းသော အစားအစာများ ယင်နားစာများ ဥပမာ - လက်လုပ်ချဉ် မုန်ညှင်းချဉ် ချဉ်ဖတ်တည်ထားသော အသီးအရွက်များ ၊ ဖုန်တက်သောအစားအစာများ၊ လမ်းဘေးမှ အသုတ်များ ၊မာလာဟင်း မာလာရှမ်းကော ၊ အကင်များ၊ချဥ်ပေါင်းများ၊ သင်္ဘောသီးထောင်း အစုံထောင်းများ ၊ ဝက်သားတုတ်ထိုးမှ အချဉ်ရေ ငရုပ်ဆီများ တွင် အများဆုံးရှိသည် ။

( ခ ) ဆားများများပါသော ငါးပိ ငါးခြောက် အစားအစာများ၊ သံဗူးများ ဝက်အူချောင်းများ ၊ ကြာရှည်ခံရန် ဓာတုဗေဒဆေးများဖြင့် စီမံထားသော အစားအစာများ ၊ လမ်းဘေးအကင်ဆိုင်များတွင် အသားနူးရန် စိမ်ရသည့် အနှစ်များအတွင်း၌ ပါသော ယမ်းစိမ်း ( Nitrosamine ) များ ၊ ထိုအကင်ဆိုင်များတွင် ကင်ရာ၌ တူးနေသော အကင်များ ထဲမှ မီးကျွမ်းပြီးမဲနေသော ကာဗွန်ပါသော ဓာတ်များ အစာအိမ်အတွင်းရောက်သွားလျင် အစာချေရည်များနှင့် ဓာတ်ပြုပြီး ကင်ဆာဖြစ်ပွားစေပါသည် ။

( ဂ ) အသားများများစားပြီး အသီးအရွက်လျှော့စားခြင်း ။

( ဃ ) ဆေးလိပ်သောက်ခြင်းသည် အရက်သောက်ခြင်းထက်ပိုဆိုးစေပါသည် ၊ ကွမ်းများများစားလျှင် ကွမ်းထဲမှထုံးပေါက်ပြီး အစာအိမ်နံရံပွန်းကာ အနာများဖြစ်တတ်ပါသည်။

( င ) မျိုးရိုးလိုက်ခြင်း
မိမိ၏ အဖိုးအဖွား အဖေအမေ တို့တွင် အစာအိမ်ကင်ဆာဖြစ်ခဲ့လျှင် မိမိမှလည်း ကင်ဆာဖြစ်နိုင်ချေများပါသည် ။

၃ ။ ရောဂါလက္ခဏာများ

( က ) ကင်ဆာအဆင့် အစောပိုင်းတွင်

- အစာမကြေခြင်း ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ၊ ပျို့ခြင်း ၊ အန်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ ရင်ပူခြင်း ၊ ဗိုက်အောင့်ခြင်းတို့ ဖြစ်တတ်ပါသည် ။

( ခ ) ကင်ဆာအဆင့်လွန်လျှင်

ကင်ဆာအနာမှသွေးကြောပေါက်၍ သွေးယိုစိမ့်မူ့ကြောင့် ကော်ဖီအနှစ်ကဲ့သို့ မဲမဲအဖတ်များအန်ခြင်း ၊ ပိုဆိုးလာလျှင် သွေးအနီရောင်များပါအန်ခြင်း ၊ ကတ္တရာစေးကဲ့သို့ ဝမ်းမဲမဲပျစ်ပျစ် ၊ အလွန်အနံ့ဆိုးသော ဝမ်းမဲများသွားခြင်း ၊ ကိုယ်အလေးချိန်သိသိသာသာကျသွားခြင်း ၊ မကြာခဏ ဗိုက်အလွန်အောင့်ခြင်း ၊ ပိုဆိုးလာလျှင် ဝမ်းဗိုက်မှနေ၍ အလုံးအား စမ်းမိခြင်း ၊ရေဖျဉ်းစွဲခြင်း ၊ အစာနှင့်ရေအား ကောင်းစွာမမျိုနိုင်ခြင်း ၊ နောက်ဆုံးတွင် အဆင့်လွန်၍ အခြားနေရာများသို့ ပျံ့သွားကာ တစ်ကိုယ်လုံးအသားဝါခြင်း ( အသည်းသို့ပျံ့သွားခြင်း ) ခါးနာခြင်း ( ခါးရိုးဆစ်အရိုးသို့ ပျံ့သွားခြင်း ) ၊ အသက်ရူမဝခြင်း ( အဆုတ်သို့ပျံ့သွားခြင်း ) တို့ခံစားရပါမည်။

၄ ။ ရောဂါရှာဖွေခြင်း

အစာအိမ်မှန်ပြောင်းကြည့်ခြင်းသည် အကောင်းဆုံးသော ရောဂါ ရှာဖွေခြင်းဖြစ်ပါသည် ၊ ကင်ဆာအနာအား တိုက်ရိုက်ကြည့်ရူ့ တွေ့မြင်နိုင်ပြီး အသားစအဖြေယူကာ ကင်ဆာအဆင့်ကိုသော်၄င်း ခွဲစိတ်ပြီးလျှင် ကင်ဆာဆေးသွင်းခြင်း သို့မဟုတ် ဓာတ်ကင်ခြင်းတို့အား မည်သည့်ကုသခြင်းနှင့် သင့်တော်သည်ကို ရွေးချယ်ရာတွင်၄င်း များစွာအထောက်အကူဖြစ်ပါသည်။ ကင်ဆာသည်ဝမ်းဗိုက်အတွင်း မည်သည့်နေရာများသို့ ပျံ့နှံ့နေခြင်း နှင့် အကျိတ်များရှိ/ မရှိတို့အား သိနိုင်ရန် Ultrasound နှင့် CT scan ကွန်ပျူတာဓာတ်မှန်တို့ ရိုက်ရန်လိုပါသည်။

၅ ။ ကုသခြင်း

ကင်ဆာရောဂါအားကုသရာတွင် Multidisciplinary Team Approach ( Joint Care ) ဟုခေါ်သော သက်ဆိုင်ရာ ကုသမူ့ဌာနပေါင်းစုံတို့ ဆွေးနွေးတိုင်ပင် အဖြေရှာကုသခြင်းက အကောင်းဆုံးဖြစ်ပါသည် ၊ သို့သော် အဓိက အကျဆုံး ကုသနည်းမှာ ၄င်း အစာအိမ်ကင်ဆာနှင့် အကျိတ်များအား ဖြတ်ထုတ်ခြင်းနည်းဖြစ်သော ခွဲစိတ်ကုသခြင်း သာဖြစ်ပါသည်။ ခွဲစိတ်ဖြတ်တောက်ပြီးသော ကင်ဆာမှ ကြွင်းကျန်သော ကင်ဆာအပိုင်းများ အကြိတ်များအား အသားစအဖြေပေါ်မူတည်၍ ကင်ဆာဆေးသွင်းခြင်း ဓာတ်ရောင်ခြည်ပေးကုသခြင်း ( ဓာတ်ကင်ခြင်း ) တို့ ဖြင့် ဆက်လက်ကုသရပါမည် ။

၆ ။ အစာအိမ်ကင်ဆာအား ကာကွယ်ခြင်း

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ထိရောက်ပါသည် ၊ Prevention is better than Cure .

- H pylori အစာအိမ်ပိုးသည် ကင်ဆာကိုများစွာဖြစ်စေတတ်သောကြောင့် မသန့်ရှင်းသော အစားအစာများကို များစွာ နေ့စဥ်ရက်ဆက် စားသုံးခြင်းမှရှောင်ကြဉ်ရပါမည်၊ အစာအိမ်ပိုးရှိလျှင် ၄င်း၏ ပိုးသတ်ဆေးကို တိကျစွာ သောက်ရပါမည်၊

- လတ်ဆတ်သော အသားများနှင့်အသီးအရွက်
များများစားရန် ။

- မှိူတက်သော ရက်လွန်သော
အစာများမစားရန် ။

- ဆားများများပါသော ငါးပိ ငါးခြောက် အစားအစာများ သံဗူးများ ဝက်အူချောင်းများ ကြာရှည်ခံရန် ဓာတုဗေဒဆေးများဖြင့် စီမံထားသော အစားအစာများ ၊ ယမ်းစိမ်းပါသော အစားအစာများကို လျှော့စားရန် ။

- မီးကျွမ်းနေသော အကင်များအားရှောင်ရန် ။

- မကြာခဏ ဗိုက်အောင့်၍ နာတာရှည် အစာအိမ်ရောင်ခြင်းဖြစ်လျှင် ပေါ့ဆ၍မနေပဲ ထိထိရောက်ရောက်ကုသရပါမည်။

- မျိုးရိုးလိုက်တတ်သော ရောဂါဖြစ်၍ ကင်ဆာမျိုးရိုးရှိလျှင် အသက်၄၀အရွယ်၌ စောစီးစွာ အစာအိမ်မှန်ပြောင်းကြည့်၍ အစာအိမ်ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးကာ ပြသထားသင့်ပါသည် ။

- နာတာရှည် အစာအိမ်ရောင်စေသော အပူအစပ် အသုပ်၊ လက်လုပ်ချဉ် မုန်ညှင်းချဉ်၊ မာကြောသောအစာများ ၊ အစာအိမ်အက်ဆစ်ပိုထွက်စေသော လက်ဖက်ရည် ကော်ဖီပြင်းပြင်း၊ အရက် ဆေးလိပ် ကွမ်းနှင့် အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ မသောက်ရန် လိုအပ်ပါသည် ။

🥘🍲🥗🍖🌭🥫🍺🥂🍾☕🥕🥑🥦🍓🍊🍇🥭🍒

အူမကြီးကင်ဆာဆိုသည်မှာ

၁။ အူမကြီးနံရံတွင် အလုံး အကျိတ် ၊ အနာများဖြစ်ပြီး ထိုမှတဆင့် ကင်ဆာဖြစ်ခြင်းဖြစ်ပါသည် ၊ အချို့ အူမကြီးနံရံတွင် အသားပို အလုံးငယ်များ Polyps များအား သေချာစွာ မကုသလျှင်လည်း နောင်တစ်ချိန်တွင် ကင်ဆာဖြစ်သွားနိုင်ပါသည် ၊ အူမကြီးကင်ဆာသည် ကမ္ဘာပေါ်တွင် ဒုတိယ အဖြစ်အများဆုံးကင်ဆာ ဖြစ်ပါသည် ။

၂ ။ ဖြစ်ပွားစေသော အကြောင်းရင်းများ ။

( က ) အသက် ၅၀ကျော်လျှင် ပိုဖြစ်နိုင်ပါသည် ၊ သို့သော် ယခုခေတ်တွင် အသက်ငယ်ရွယ်သူများလည်း ဖြစ်ကြပါသည် ၊ မိမိအတွေ့အကြုံအရဆိုလျှင် အငယ်ဆုံး ၁၈နှစ်အထိတွေ့ဖူးပါသည် ၊ အချို့ဆရာဝန်ကြီးများ ၎င်းထက်ပင် အသက်ပိုငယ်သူများအား တွေ့ကြရသည်ဟုဆိုပါသည် ။

( ခ ) ယခင် အူမကြီးနံရံတွင် အသားပိုများရှိခြင်း ၊ ၎င်းအသားပိုများသည် အချိန်ကြာလာသည်နှင့်အမျှ အချို့သည် Adenoma - Carcinoma Sequence ဟုခေါ်သော ရိုးရိုးအသားပိုမှ ဆန်းပြားသော မှားယွင်းသည့် ဗီဇပြောင်းလဲမူ့ ( APC , KRAS နှင့် p53 Gene Mutation ) တို့ဖြစ်ကြပြီး ကင်ဆာဆဲလ်များ ပြောင်းလဲဝင်ရောက်လာခြင်းဖြစ်သွားကြသည် ၊ထို့ကြောင့် အသားပိုများရှိလျှင် မှန်ပြောင်းဖြင့် စောစီးစွာ ဖြတ်တောက်ပြီး အသားစအဖြေယူကာ စိတ်ချထားရန် လိုပါသည် ။

( ဂ ) မျိုးရိုးလိုက်ခြင်း ၊ အူမကြီးကင်ဆာသည် Gene မျိုးရိုးဗီဇနှင့် ဆက်နွယ်သောကြောင့် မိသားစုဝင်များတွင် ထိုရောဂါရှိခဲ့လျှင် သတိထားကြရန်လိုပါသည် ။

( ဃ ) အသားများများစားခြင်း ၊ စည်သွပ်ဗူးအတွင်းမှအသားများ ဓာတုဗေဒဆေးဝါးများဖြင့် ကြာရှည်ခံရန်စီမံထားသော အသားများများစားကြခြင်း ၊ အသီးအရွက် အနည်းငယ်သာ စားသုံးခြင်း ၊ ရေသောက်နည်းခြင်းကြောင့် မကြာခဏ ဝမ်းချုပ်တတ်ကြပါသည် ၊ ဝမ်းချုပ်သောအခါ မစင်နှင့် အူမကြီးနံရံတို့သည် နီးကပ်စွာထိတွေ့မူ့ အချိန်ကြာမြင့်စွာရှိနေကြတော့သည် ၊ ထိုသို့ အချိန်ကြာလေ မစင်အတွင်းမှ ဖော်ပြပါအစားအစာများ၏ စွန့်ပစ်ပစ္စည်းများ Chemicals ဓာတုဗေဒ ဓာတ်များ အူနံရံအတွင်း စိမ့်ဝင်ပျံနှံ့စေပြီး ကင်ဆာဖြစ်စေပါသည် ။

( င ) ယခုအခါတွင် ဝိသမလောဘသားများက သစ်သီးများ အသီးအရွက်များအား အရွယ်အစား
ကြီးရန်သော်၎င်း အချိန်မရောက်မီ မှည့်ရန် ရာသီချိန်မဟုတ်လျှင် စျေးပိုရ၍ ပိုးသတ်ဆေးများ လိုသည်ထက် ပိုဖျန်းခြင်း ဆေးတို့ခြင်း တို့မှတဆင့် ထိုဓာတုဗေဒ ဆေးဝါးများကိုပါ ခန္ဓာကိုယ်အတွင်း စားသုံးမိလျှင်လည်း ကင်ဆာဓာတ်များ ဖြစ်ပေါ်လာစေပါသည်။

( စ ) မကြာခဏ အူရောင်ခြင်း အူနံရံတွင် အနာများဖြစ်ခြင်းတို့ကြောင့် အူနံရံများပွန်းပဲ့ကာ အနာကျက်လျှင် ဆဲလ်အသစ်များ အစားထိုး ဖြစ်ပေါ်ရပါသည်၊ သို့သော် အနာဖြစ်လိုက် အနာဖေးတက်လိုက် အနာပြန်ဖြစ်လိုက် အနာဖေးပြန်တက်လိုက်နှင့် သံသရာလည်ကာ တစ်ချိန်တွင် ( ခ ) မှ ဖော်ပြပါ ဆန်းပြားသော ဗီဇပြောင်းလဲခြင်း Gene Mutation များ ဖြစ်လာလျှင် အူမကြီးကင်ဆာ ဖြစ်သွားနိုင်ပါသည်။

( ဆ ) အရက်သောက်ခြင်း ၊ ဆေးလိပ်သောက်ခြင်း တို့ကြောင့် အထက်ဖော်ပြပါ နံရံများပွန်းပြီး အနာဖေးတက်ချိန်တွင် ဆန်းပြားသော ဗီဇပြောင်းလဲမူ့ Gene Mutation ကို ပို၍ဖြစ်စေကာ အူမကြီးကင်ဆာဖြစ်ရန် တွန်းအားပေးပါသည်။

၃။ ရောဂါ လက္ခဏာများ

( က ) ဝမ်းမကြာခဏချုပ်ခြင်း ပြီးလျှင် ဝမ်းလျှောပြန်ခြင်းတို့ တလှည့်စီ ဖြစ်ပေါ်နေပါသည် ၊ ( Alteration of Bowel Habbits ) အူထဲတွင် ကင်ဆာအလုံး အကြိတ်ဖြစ်ပြီး ထိုအရာက ပိတ်ဆို့နေသောကြောင့် ဝမ်းချုပ်ခြင်းကို ခံစားရပါသည်၊ ၃ -၄ ရက် အကြာတွင် ဝမ်းနူတ်ဆေး သောက်သောကြောင့် နောက်ရက်များတွင် ဝမ်းများလျှောပြန်တော့သည်
၊ ဝမ်းသွားသော်လည်း နဂိုအကျိတ်အလုံးက ရှိနေ၍ ဝမ်းကျန်သကဲ့သို့၎င်း ဝမ်းသွားရတာ မကုန်စင်ဟု၎င်း ခံစားရပြန်သည် ( Incomplete Sence of Defecation )
ညဖက်တွင် တစ်ညလုံးအိပ်နေရာ ပုံမှန်ဆိုလျှင် အူထဲမှ မစင်များအား မစင်စွန့်ရန် အစာဟောင်းအိမ် ( မစင်အိမ် )သို့ တစ်ညလုံး ပို့ဆောင် စုဆောင်းထားပြီး ဖြစ်ပါသည် ၊ ထို့ကြောင့် မနက်ခင်းတွင် မစင်အိမ်တင်းသကဲ့သို့ ခံစားရကာ ဝမ်းသွားကြခြင်းဖြစ်သည် ၊ ကင်ဆာဖြစ်နေလျှင် ကင်ဆာအကျိတ်က ခံနေသောကြောင့် မစင်အိမ်အတွင်း မစင်များအပြည့်အဝမရောက်ပါ ၊ ထိုအကျိတ်အလုံး၏ နောက်ဖက်၌ မစင်များက လာစုနေသည် ၊ ထိုအကျိတ်မှလည်း သွေးပုပ် ပြည်ပုပ် အကျိအချွဲများထွက်သေးသည် ၊ မနက်မိုးလင်း၍ အိပ်ယာမှထသော် မတ်တပ်ရပ်လိုက်လျှင် တစ်ညလုံးစုဆောင်းထားသော အကျိအချွဲ သွေးပုပ်ပြည်ပုတ်တို့သည် မစင်နှင့်ရောပြီး ထိုပိတ်နေသော ကင်ဆာအလုံးကိုကျော်ဖြတ်ကာ ဝေါကနဲထွက်ကျလာခြင်းကြောင့် မနက်ခင်းစောစော ဝမ်းပျက်ဝမ်းလျှောဖြစ်သကဲ့သို့ ဖြစ်ကြရပြန်သည် ( Early Morning Spurious Diarrhoea ) ။

( ခ ) ညာဖက်အခြမ်းအူမကြီးတွင် ကင်ဆာအလုံးပိုဖြစ်တတ်၍ ထိုအလုံးမှ ပိတ်နေသောကြောင့် အူပိတ်သည့်လက္ခဏာများ ဖြစ်သည့် လေထိုးလေအောင့်ခြင်း ၊ အန်ခြင်း ၊ ဗိုက်ဖောင်းလာခြင်း ၊ ဝမ်းချုပ်ပြီးနောက်ဆုံး လေပင်မလည်တော့သည့် အခြေအနေဖြစ်သွားနိုင်ပါသည် ။

( ဂ ) ဘယ်ဘက်အခြမ်း အူမကြီးတွင် ကင်ဆာအနာပိုဖြစ်တတ်၍ အနာမှ သွေးထွက်သောကြောင့် ဝမ်းသွားလျှင် သွေးသော်၎င်း ၊ အနံ့ဆိုးဆိုး ညိုပုပ်ပုပ် အချွဲများ ပါလာပါသည် ။

( ဃ ) မည်သည့်ကင်ဆာတွင်မဆို ဖြစ်တတ်သော အစားအသောက်ပျက်ခြင်း ၊ ကိုယ်အလေးချိန်ရုတ်တရက်ထိုးကျခြင်း ၊ သွေးအားနည်းခြင်း ၊ အထွေထွေအားနည်းခြင်းတို့လည်း ဖြစ်လာကြပါသည်။

၄ ။ ရောဂါရှာဖွေခြင်း

( က ) အူမကြီးမှန်ပြောင်းသည် အထိရောက်ဆုံးနှင့် အကောင်းဆုံး ရောဂါရှာဖွေခြင်း ဖြစ်ပါသည် ၊ မျက်စိဖြင့် သေသေချာချာမြင်ရခြင်း အလုံးအကျိတ်အနေအထား တည်နေရာ အရွယ်အစား မျက်နှာပြင် အနာရှိ/မရှိနှင့် ၎င်းအနာမှသွေးယိုစိမ့်မူ့ရှိ/မရှိတို့ကို မျက်မြင်ဒိဌ တွေ့ရကာ ကင်ဆာဆဲလ်များဖွဲ့စည်းပုံ အမျိုးအစား ကင်ဆာအဆင့်နှင် ထိုကင်ဆာခွဲစိတ်ကုသပြီးလျှင် ကင်ဆာဆေးသွင်း ကုရမည်လား ? ဓာတ်ကင်ရမည်လား? တို့အား သိနိုင်ရန် အသားစအဖြေယူ၍ သေချာစွာ စစ်ဆေးနိုင်ပါသည်။

( ခ ) အခြားစမ်းသပ် စစ်ဆေးခြင်းများဖြစ်သော ဝမ်းအတွင်းသွေးပါ/ မပါ စစ်ဆေးခြင်း ၊ ကင်ဆာရှိနိုင်ခြေ ရှိ/ မရှိ CEA ဆိုသော သွေးအတွင်းဓာတ်တစ်မျိုးစစ်ခြင်း တို့အား ပြုလုပ်နိုင်ပါသည် ၊ သို့သော် ယခုဖော်ပြပါ စစ်ဆေးမူ့များမှာ မှန်ပြောင်းကြည့်ရူ့ရန်မဖြစ်နိုင်သော အခြေအနေများတွင် ပြုလုပ်ရသော စမ်းသပ် စစ်ဆေးမူ့များ ဖြစ်ပါသည် ၊ ဆင်တစ်ကောင်လုံးကိုမြင်ရပြီးဖြစ်သော အူမကြီးမှန်ပြောင်းနှင့် အသားစအဖြေ သေချာနေလျှင် ဆင်ခြေရာဟုခေါ်ဆိုသော ထိုဖော်ပြပါ စစ်ဆေးမူ့များ လုပ်ရန်မလိုတော့ပါ ။

( ဂ ) ထိုအူမကြီးကင်ဆာသည် ဝမ်းဗိုက်အတွင်း မည်သည့်ကလီစာများသို့ ပျံနှံ့နေသည် ၊ အဆင့်သတ်မှတ်ရန် လိုသောအခါနှင့် မခွဲစိတ်မီအသေးစိတ် သိရှိနိုင်ရန် တယ်လီဗေးရှင်း ဓာတ်မှန် Ultrasound နှင့် ကွန်ပျူတာဓာတ်မှန် CT scan တို့ရိုက်ရန် လိုအပ်ပါသည်။

၅ ။ ရောဂါကုသခြင်း ။

ကင်ဆာရောဂါတစ်ခုဖြစ်လျှင် မခွဲစိတ်မီကတည်းက ခွဲစိတ်ကုသခြင်း ဌာနမှ ဦးဆောင်ကာ အခြားသော ဌာနများဖြစ်သည့် ကင်ဆာအားဆေးသွင်းသော ဓာတ်ကင်သော ဌာန ၊ ဓာတ်ခွဲ ဌာန ၊ ဓာတ်မှန်ဌာန ၊ မခွဲစိတ်မီ အခြားရှိသောရောဂါများအား ရှိသည့်အလျှောက် ဥပမာ နှလုံး သွေးတိုး ဆီးချို ရောဂါတို့အား အကောင်းဆုံးပြုပြင်ပြင်ဆင်ပေးရသော ဆေးပညာဌာန ၊ မေ့ဆေးဌာန ၊ ခွဲစိတ်ပြီးပြန်လည်ကျန်းမာအောင် ကိုယ်ကာယကုသမူ့ဌာန ၊ နောက်ဆုံးလိုအပ်လျှင် ရောဂါကြောင့် စိတ်ဓာတ်ကျမူ့အား တွန်းလှန်ဖယ်ရှားရန် စိတ်ကျန်းမာရေးဌာန တို့နှင့် ပူးပေါင်းကာ အကောင်းဆုံး ညှိနိူင်းတိုင်ပင် ကုသခြင်း Multidisciplinary Team Approach နှင့် ကုသခြင်းသည် အကောင်းဆုံးအဖြေကို လူနာအတွက် ရရှိမည်ဖြစ်ပါသည် ၊သို့သော် မည်သို့ပင် ဌာနများမှ ဆရာဝန်များစွာပါဝင်ပါစေ လူနာမှာ အက္ခရာသာဖြစ်ပါသည် ၊ ( Patient is the center of Medical Universe ) အူမကြီးကင်ဆာအားဖြတ်တောက်ခွဲစိတ်ရာတွင် ရောဂါအလိုက် အူမကြီးနေရာအလိုက် တဆင့်တည်း တစ်ခါတည်းအပြီး ခွဲစိတ်ခြင်း ၊ နှစ်ဆင့်ခွဲစိတ်ခြင်း ၊ သုံးဆင့်ခွဲစိတ်ခြင်း ၊ဝမ်းဗိုက်မှ မစင်စွန့်စေခြင်း ( ယာယီ / အမြဲတန်း အူလမ်းကြောင်းအား လမ်းလွှဲကုသခြင်း) တို့နည်းလမ်းမျိုးစုံရှိရာတွင် အသင့်တော်ဆုံးအား ခွဲစိတ်ဆရာဝန်ကြီးမှ အသေးစိတ်စဉ်းစားဆုံးဖြတ်ကာ ခွဲစိတ်ကုသပါသည် ၊ ခွဲစိတ်ပြီးလျှင် ကြွင်းကျန်နေသော ကင်ဆာအပိုင်းများ အကျိတ်များအား အသားစအဖြေပေါ်မူတည်၍ ဓာတ်ကင်၍သော်၎င်း ၊ ကင်ဆာဆေးသွင်း၍သော်၎င်း ဆက်လက်ကုသရပါမည်။

၆ ။ ရောဂါကာကွယ်ခြင်း

အားလုံးသိကြသည့်အတိုင်း မည်သည့်ရောဂါမဆို ကာကွယ်ခြင်းမှာ ကုသခြင်းထက်ပိုထိရောက် ကောင်းမွန်ပါသည်
၊ Prevention is Better than Cure .

- ဝမ်းအချုပ်မခံရပါ ၊ ရေများများသောက်ခြင်း၊ သဘာဝအသီးအနှံများ ဥပမာ သင်္ဘောသီးစားခြင်း ၊ မန်ကျည်းဖျော်ရည်တို့ သောက်သုံးခြင်းတို့ ဖြင့် ဝမ်းနေ့စဉ်ပုံမှန်သွားစေရပါမည်၊

- အသားများလျှော့စားရန် ၊ ဓာတုဗေဒဆေးဝါးများနှင့် ကြာရှည်ခံရန်စီမံထားသော အသားဗူးများမှ အသားများလွန်ကဲစွာ မစားသုံးရန် ၊

- သဘာဝ အသီးအနှံများ အသီးအရွက်များအား ပိုးသတ်ဆေးများဖြန်းထားခြင်းမှ ကင်းဝေးရန် ရေသေချာဆေးခြင်း အချိန်အတိုင်းအတာတစ်ခုအထိ ရေစိမ်ထားပြီးမှ များများစားသုံးပါ ၊ သဘာဝထက် လွန်ကဲစွာကြီးမားနေသော ထူးခြားသော အရောင်အဆင်းများရှိသော အသီးများ အသီးအရွက်များစားသုံးခြင်းကို သတိကြီးစွာထားရပါမည် ၊

- အရက်နှင့် ဆေးလိပ်ရှောင်ပါ ၊

- မကြာခဏ အူရောင်ခြင်းမဖြစ်ရန်လည်း မသန့်ရှင်းသော အစားအစာစားခြင်း မသန့်ရှင်းသော ရေသောက်ခြင်းတို့အား ဆင်ခြင်ရပါမည် ၊

- မျိုးရိုးလိုက်တတ်သောရောဂါဖြစ်၍ အူမကြီးကင်ဆာ မျိုးရိုးရှိလျှင် အသက်၄၀အရွယ်၌စောစီးစွာ အစာအိမ်အူလမ်းကြောင်း ဆရာဝန်နှင့်ပြသပြီး အူမကြီးမှန်ပြောင်း ကြည့်ရူ့ထားရပါမည် ။


မြင်မှယုံကြည်ရသည် Seeing is Believing ပုံတစ်ပုံသည် စကားလုံး တစ်ထောင်ထက် တာသွားသည် A picture saves thousand words ဆိုသကဲ့သို့ မျက်မြင်တွေ့ပြီး ပိုယုံရန် ၊ပိုကြောက်ရန်၊ ပိုဆင်ခြင်ရန်၊ ပိုပျောက်ကင်းရန် ရည်ရွယ်၍ လူနာရှင်ထံမှ ခွင့်တောင်းပြီး ပုံများ ၁၀စက္ကန့်စာ video လေးများ ဖြင့် ဖော်ပြပေးလိုက်ရပါသည် ၊

ဤ ဆောင်းပါးလေးအား ဖတ်ရူ့မိပြီး မိမိတို့အကျိုးရှိသည်ဟု ယူဆလျှင် အခြားသူများလည်း အကျိုးရှိစေရန် ထပ်ဆင့် မျှဝေပေးကြခြင်းဖြင့် အစာအိမ်ကင်ဆာ အူမကြီးကင်ဆာရောဂါဆိုးကြီးမှကင်းဝေးကြကာ ဆေးလည်းအစာ အစာလည်းဆေး ဖြစ်ကြပြီး အာရောဂျန်ပရမံလာဘံ ဖြစ်နိုင်ကြပါစေ ။

Dr မိုးမြတ်အောင်
အစာအိမ်အူလမ်းကြောင်း ခွဲစိတ်အထူးကု ဆရာဝန်
Z& T Gastrointestinal specialist Clinic
Card
Mandalay

🥘🍲🥗🍖🌭🥫🍺🥂🍾☕🥕🥑🥦🍓🍇🍉🍊🍒

ဆေးဝါးအသုံးပြုနည်းလမ်းညွန် App ဆိုတာဆေးဝါးတွေအသုံးပြုပုံ၊ဆေးဝါးတွေအကြောင်း၊ ကောင်းကျိုး၊ ဆိုးကျိုးများ၊ သတိပြုရန်များ စတ...
31/08/2025

ဆေးဝါးအသုံးပြုနည်းလမ်းညွန် App ဆိုတာဆေးဝါးတွေအသုံးပြုပုံ၊ဆေးဝါးတွေအကြောင်း၊ ကောင်းကျိုး၊ ဆိုးကျိုးများ၊ သတိပြုရန်များ စတဲ့ အချက်တွေကို မြန်မာဘာသာနဲ့ လွယ်လွယ်ကူကူ ဖတ်ရှုလေ့လာရှာဖွေနိုင်အောင် ဖန်တီးပေးထားတဲ့ App လေးဘဲ ဖြစ်ပါတယ်။ မြန်မာဘာသာစကားဖြင့် ရေးသားပေးထားတာကြောင့် လူတိုင်းအတွက် အသုံးဝင်မယ့် App လည်းဖြစ်ပါတယ်။ ဆေးအမျိုးအစားပေါင်း ၂၀၀၀ ကျော်နဲ့ ဆေးတံဆိပ်ပေါင်း သောင်းချီပါဝင်တဲ့ App လည်း ဖြစ်ပါတယ်။ ဒါကြောင့် အလွယ်အကူဆုံးနဲ့ အချက်အလက်အစုံအလင်ဆုံးဖြစ်တဲ့ ဆေးဝါးလမ်းညွန်အသုံးပြုနည်း ဆော့ဝဲလေးကို အိမ်တိုင်းဆောင်ထားသင့်တဲ့ App အဖြစ်အကြံပြုတင်ဆက်ပေးလိုက်ပါတယ်။
ဆော့ဝဲကိုဒီမှာဒေါင်းပါ - https://bit.ly/3GYxTvY

အားလုံးအဆင်ပြေကြပါစေ

Medicines Dictionary is a medical book that contain all information about medicines used for drug uses, lozenge, how to take, side goods, preventives, medicine relations, missed cure and storehouse. Medicines Dictionary is veritably useful for healthcare professionals, sanitarium nursers, medical....

 #ခါးအာရုံကြောညှပ်ရင်ဘယ်လိုနေထိုင်သင့်လဲဆိုတာကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်ခါးဆစ်ရိုးကြားကနေ ထွက်လာတဲ့အာရုံကြောမကြီးဟ...
30/08/2025

#ခါးအာရုံကြောညှပ်ရင်ဘယ်လိုနေထိုင်သင့်လဲဆိုတာကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်

ခါးဆစ်ရိုးကြားကနေ ထွက်လာတဲ့အာရုံကြောမကြီးဟာ ခါး ကနေ ခြေဖျားအထိဖြာထွက်လာတာမို့ အခြေနေ တခုခု ကြောင့် ခါးမှာအာရုံကြောညှပ်သွားပါက

✅ ထိခိုက်ထားတဲ့အာရုံကြောတဝိုက်မှာ

✅ ခါးနာခြင်း၊ခါးမဆန့်နိုင်ခြင်း

✅ တင်ပါးခွက်ထဲက ကိုက်ခြင်း၊အောင့်ခြင်း

✅ ပေါင်ကြောတင်းခြင်း

✅ ခြေသလုံးကြွက်သားကိုက်ခြင်း

✅ ခြေထောက်ကျဉ်ခြင်း၊ထုံခြင်း

✅ လမ်းကြာကြာ မလျှောက်နိုင်ခြင်း တို့ခံစားရနိုင်ပါတယ်။

အခြေအနေဆိုးပါက အိပ်ယာထဲမှာတောင် ဘယ်၊ညာစောင်း မရဖြစ်တတ်ပါတယ်။လမ်းလည်းကြာကြာ လျှောက်မရဘဲ လမ်းလျှောက်နေရင်း ခြေထောက်ကျဉ်လာ သောကြောင့် ထိုင်ချလိုက်ရတာမျိုး။
အာရုံကြောညပ်တဲ့အခါ သက်သာစေမယ့်နည်းလမ်းတွေ ဒီဝေဒနာတွေ သက်သာစေဖို့က ဆေးခန်းပြပြီး ဆေးသောက် တာအပြင် ကိုယ်တိုင်လိုက်နာ လုပ်ဆောင်သင့်တဲ့ အချက် လေးတွေ ရှိပါတယ်။

၁၊ ပိုအိပ်၊ ပိုနားပါ။
အာရုံကြောကို ပြန်ကျန်းမာစေဖို့အတွက် အိပ်စက်ခြင်းကို မရှိမဖြစ်လိုအပ်ပါတယ်။ အိပ်စက်တဲ့အချိန်မှာ ခန္ဓာကိုယ်က အလိုအလျောက်ပြန်လည်ပြုပြင်ပေးတတ်တာမို့ လက္ခဏာ တွေကို မြန်မြန်သက်သာစေနိုင်ပါတယ်။
ဒီလိုအချိန်မှာ နာကျင်နေတဲ့အာရုံကြောကို သိပ်ပြီးများများ အလုပ်မလုပ်မိဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အာရုံကြော အပေါ်ထိခိုက်မှု ပိုဆိုးလာနိုင်ပါတယ်။ အိပ်တဲ့အခါလည်း သူ့ ကို သက်သောင့်သက်သာရှိစေမယ့် အနေအထားနဲ့အိပ်သင့် ပါတယ်။

၂၊ ကိုယ်နေဟန်ထား ပြောင်းလဲပါ။
အနေအထားမမှန်ရင် အာရုံကြောပြဿနာတွေ ပိုဆိုးတတ်ပါ တယ်။ ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ မမှန်ကန်တဲ့ကိုယ်နေဟန် ထားကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်ဘဲဝန်ပိစေပြီး ကျောရိုး နဲ့ကြွက်သားတွေကို ထိခိုက်စေတယ်၊ အာရုံကြောညပ်တာ ဖြစ်လာစေတယ်။

၃၊ လေ့ကျင့်ခန်းလုပ်ပါ။
အရိုးအကြောအဆစ်ဆရာဝန်တွေ အကြံပြုထားတဲ့ လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးပါ။ အကြောတွေ ပြေလျော့ပြီး ပျော့ပျောင်းလာရင် ပြန်သက်သာဖို့ လွယ်ကူပါ
တကယ်လို့ လေ့ကျင့်ခန်းလုပ်ရင်း နာကျင်မှုပိုဆိုးလာတာ၊ အဆင်မပြေတာတစ်ခုခုဖြစ်လာရင် ရပ်လိုက်သင့်ပါတယ်။

၄၊ ခြေထောက်ကို မြှင့်ထားပါ။
ခါးမှာ အာရုံကြောညပ်တဲ့သူတွေဟာ ကျောရိုးဆီက ဖိအား ဖြစ်စေတာကို လျော့စေဖို့ ခြေထောက်ကိုမြှင့်ထားရင် သက်သာနိုင်ပါတယ်။ အိပ်တဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးခု ထားရင်လည်း နေရသက်သာစေနိုင်တယ်။

၅၊ ရေခဲကပ်၊ ရေနွေးအိတ်ကပ်ပါ။
အပူနဲ့အအေး တလှည့်စီကပ်တာက ရောင်ရမ်းမှုကို လျော့ကျသက်သာစေနိုင်ပါတယ်။ ဒီလိုနှစ်မျိုးပေါင်းတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး နာကျင်မှုကို သက်သာစေ
ရေနွေးအိတ်ဖြစ်ဖြစ် ရေခဲဝတ်ဖြစ်ဖြစ် ကပ်တဲ့အခါ ခံနိုင် လောက်တဲ့အပူချိန်နဲ့ တစ်ကြိမ်ကို ၁၅ မိနစ်ခန့်၊ တစ်နေ့ သုံး ကြိမ် ကပ်နိုင်တယ်။

၆၊ နေထိုင်မှုပုံစံပြောင်းလဲပါ
ရေရှည်မှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီး
တာတို့လို လှုပ်ရှားမှုတွေ နည်းနည်းချင်းပုံမှန်လုပ်သွား ရင် ဒီလက္ခဏာတွေနဲ့ အဝေးမှာ သက်သောင့်သက်သာ နေထိုင်နိုင်မှာပါ။ ကိုယ်အလေးချိန်ထိန်းသိမ်းတာကလည်း အာရုံကြောတွေအပေါ် ဖိအားလျော့စေပြီး ပုံမှန်လှုပ်ရှားမှု ကြောင့် ရောင်ရမ်းမှုကို လျော့စေမှာပါ။ လေ့ကျင့်ခန်းမလုပ် ခင် နဲ့ လုပ်ပြီးချိန်မှာ အကြောလျှော့တာက ခန္ဓာကိုယ်ကို ပျော့ပျောင်းစေပြီး အာရုံကြောတွေတဝိုက်မှာ ဖိအားလျော့ စေပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျ...
သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်
ကျန်းမာရေး ကုသိုလ်ယူပေးပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကိုcreditပေးပါတယ်

ဂေါက်ရောဂါကို အစားအစာနဲ့ ကုသမယ် ===================ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာ...
29/08/2025

ဂေါက်ရောဂါကို အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တခုဖြစ်ပါတယ်။

ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တမျိုး ထွက်ပေါ်လာပါတယ်။

ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

သင့်ကျောက်ကပ်ထဲမှာ substance တွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံက စားသုံးတဲ့ အစားအစာတွေကြောင့်လို့ သိရပါတယ်။

ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်။

၁။ ရေသောက်ခြင်း

ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂။ တရုတ်နံနံ

တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကို ကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားလျင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃။ ဗိုလ်စားပဲ (မြေထောက်ပဲ)

ဗိုလ်စားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုလ်စားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄။ ပန်းသီး

ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ် ပမာဏကို မျှတစေလို့ နံနက်၊ နေ့လယ်၊ ည ထမင်းစားပြီးတိုင်း ပန်းသီး တလုံးစီ စားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅။ ငှက်ပျောသီး

ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး တလုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆။ ရှောက်သီးနဲ့ သံပရိုသီး

ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝ မထည့်ပဲနဲ့ သောက်ပါ။

၇။ နာနတ်သီး

ယူရစ်အက်ဆစ်ကို မျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာနတ်သီးဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈။ သင်္ဘောသီး အစိမ်း

သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

၁။ ပန်းဂေါ်ဖီစိမ်း၊ သခွားသီး
ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
ပတ်လည်ရှိ ယူရစ်အက်ဆစ် ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

၂။ ငှက်ပျောသီး
ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

၃။ မုန်လာဥနီ
မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

၄။ ချယ်ရီသီး
anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်အက်ဆစ် ပမာဏကိုလျော့ချပေးနိုင်တယ်။ အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

၅။ ရေ
ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၆။ ပန်းသီး
ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ် ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၇။ တရုတ်နံနံကြီး
ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
ကွယ်ပေးနိုင်တယ်။ ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

၈။ ကြက်သွန်နီ
ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ် ပိုလျှံလို့ ဖြစ်
လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

၉။ ရေနွေးကြမ်း
ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကို တားဆီးသလို သွေးထဲယူရစ်အက်ဆစ် ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

၁၀။ ရှောက်သီး သံပုရာသီး၊ သံပုရိုသီး
ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

၁၁။ ဘယ်ရီသီးများ
ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
တားဆီးပေးနိုင်ပါတယ်။

မစားသင့်သည့်အစားအစာများ

၁။ ဝမ်းတွင်းကလီစာ
ဥပမာ။ အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

၂။ အနီရောင်ရှိသော အသားများ 
ဥပမာ။ အမဲသား၊ ဆိတ်သား။

၃။ ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာတွေ Purine လို့ ခေါ်တဲ့ ဓါတ်တမျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

၄။ တနေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေမှာလည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည်တွေမှာ ပါတဲ့ သကြား တမျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

၅။ အရက် အလွန်အကျွံသောက်တာကိုလည်း ရှောင်ကြဉ်ရပါမယ်။

၆။ ကော်ဖီကို တနေ့ ၂၊ ၃ ခွက်ထက် မပို သင့်ပါဘူး။

၇။ ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

၈။ ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

၉။ အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

ပြန်လည် ကူးယူ ဖော်ပြပါတယ်။

မူရင်း ရေးသားသူ အမည်မသိရပါ။

မူရင်း ရေးသားသူ ကို credit ပေးပါ

သင်ဘယ်နေရာမှာနာကျင်သလဲ ဘာကြောင့်နာကျင်ရလဲဆိုတာ ရောဂါအလိုက် ဖတ်ကြည့်သင့်ပါတယ်++++++++++++ဘယ်ဘက် လက်မောင်းနာတာ နှလုံးမှာ ပ...
26/08/2025

သင်ဘယ်နေရာမှာနာကျင်သလဲ ဘာကြောင့်နာကျင်ရလဲဆိုတာ ရောဂါအလိုက် ဖတ်ကြည့်သင့်ပါတယ်
++++++++++++

ဘယ်ဘက် လက်မောင်းနာတာ နှလုံးမှာ ပြသနာရှိနေလို့လား။

ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။
ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင်
ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို
ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း
သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဒီသတိပေးချက်တွေကို နားလည်ထားရင်
ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို
ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။

ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ
ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ
ပြသနာရှိနေရင် ခါးနာတာကနေတဆင့်
သိရှိနိုင်ပါတယ်။

နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့
ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊
ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။

လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို
ပြသနေတဲ့ လက္ခဏာတခုပါ။

ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ
ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။
ဆစတသနသနသနစနစနစစနစနတစစတစတစတစနစနစနစနစနစနစန

ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်
အစာအိမ်မှာ တခုခုဖြစ်နေပါပြီ။
အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း
ခံစားရနိုင်တာကို သတိထားရပါမယ်။

ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနတာက
အသည်းက ပြသနာတွေကို သတိပေးနေတာပါ။
ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း
နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။

အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ
အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်
အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ခြေထောက်တဘက်တည်းနာတယ်
တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ
ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့။
ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင်
ဖြစ်တတ်တဲ့ ပြသနာပေါ့။

မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေနိုင်ပါတယ် ကုသိုလ်ရချင်ရင် shareပေးကြပါနော်....တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ရှင့် 😊

#ကျန်းမာရေး
#ဘယ်နေရာမှာနာကျင်နေသလဲ
#ရောဂါ

ဆီချိုရောဂါ ဆီးချိုရောဂါ(Fatty Liver Disease) ဟာဆိုရင်အစပိုင်းမှာ သတိထားစရာ လက္ခဏာမရှိတာများပါတယ်။ ဒါပေမယ့် ရောဂါအဆင့်မြ...
24/08/2025

ဆီချိုရောဂါ

ဆီးချိုရောဂါ(Fatty Liver Disease) ဟာဆိုရင်အစပိုင်းမှာ သတိထားစရာ လက္ခဏာမရှိတာများပါတယ်။
ဒါပေမယ့် ရောဂါအဆင့်မြင့်လာတဲ့အခါမှာတော့ ယခုဖော်ပြပါ လက္ခဏာတွေကနေ ခန္ဓာကိုယ်ထဲမှာပြဿနာရှိတယ်ဆိုတာ သိနိုင်ပါတယ်။

---

🩺 ဆီချိုရောဂါအတွက် တွေ့ရနိုင်သော လက္ခဏာများ

✅ 1. ဗိုက်အပေါ်ပိုင်းဘက် (ညာဘက်) နာခြင်း / ညာဖက်အောင့်ခြင်း

အထူးသဖြင့် အစာစားပြီးချိန်မှာပိုပြီး ထင်ရှားတတ်ပါတယ်။

✅ 2. မပျော်မလွှမ်းဖြစ်ခြင်း / ပင်ပန်းလွယ်ခြင်း

လေဖြတ်ခြင်းမရှိပဲ အမြဲလိုလိုအားနည်းနေတတ်ပါတယ်။

✅ 3. ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်နေတက်ပါတယ်

အစာမကြေခြင်းများဖြစ်‌ေပါ်လာနိုင်ပါတယ်။

✅ 4. အစာစားချင်စိတ်မရှိချင်း / စားချင်စိတ်နည်းခြင်း

ခန္ဓာကိုယ်မလှုပ်ရှားခြင်ပဲပျင်း‌ေနသလိုဖြစ်နေတတ်ပါတယ်။

✅ 5. ဝမ်းနည်းခြင်း / ပျော်ရွင်မှု့မရှိပဲပျင်း‌နေသလိုမျိုးခံစားရနိုင်ပါတယ်

ဆီချိုရောဂါက တဖြည်းဖြည်း liver function လျော့စေနိုင်တယ်။

✅ 6. အသားရောင်လျှော့ / ဝမ်းကိုင်ရောင်ပြန်ခြင်း (လောင့်တတ်) ခြင်းများဖြစ်တက်ပါတယ်

ရောဂါအဆင့်တက်လာသောအခါမှာ liver inflammation ဖြစ်လာနိုင်ပါတယ်။

✅ 7. မျက်စိနဲ့ အသားအရေဝါဝါခြင်း (Jaundice)

အလွန်အရေးကြီးသောအဆင့် (liver cirrhosis) ဖြစ်လာပြီဆိုတာကို ပြသတတ်ပါတယ်။

---

🧪 စစ်ဆေးမှု (Diagnosis) များ

အထက်ပါလက္ခဏာများရှိပါက ဆရာဝန်ထံသွားပြီး အောက်ပါ စစ်ဆေးမှုများပြုလုပ်ရမည်ဖြစ်ပါတယ်—

1. Liver Function Test (ALT, AST)

2. Ultrasound သံကြိတ်စစ်ဆေးမှု – ဆီပြန့်မှုမြှင့်တက်မှုကြောင့် liver ပြန့်ပြန်နေမှုကိုမြင်သာနိုင်သည်။

3. Fibroscan – liver stiffness ကိုတိုင်းတာပြီး fibrosis ရှိ/မရှိကိုသိရှိနိုင်ပါတယ်။

4. Lipid Profile Test – သွေးထဲရှိအဆီဓာတ် (cholesterol/triglycerides) ကိုတိုင်းတာပါတယ်။

---

📌 သတိထားရမယ့်အချက်များမှာ

ဆီချိုရောဂါဟာ အဆင့်သေးသေးမှာ သတိမထားမိလွယ်တဲ့အတွက် ရောဂါမစတင်ခင်ကတည်းက နှစ်စဉ်သွေးစစ်စစ်ဆေးခြင်း၊ ultrasound စစ်ခြင်း တို့ ပြုလုပ်ပေးပါ

#အသိပညာ #ကျန်းမာရေး #ဆီချိုရောဂါ

ဆေးဝါးအကြောင်းသိကောင်းစရာA💉acepromazine = စိတ်ငြိမ်စေ၊ အအန်ပျောက်ဆေး💉alprazolam = ( benzodiazepine)                     ...
23/08/2025

ဆေးဝါးအကြောင်းသိကောင်းစရာ

A
💉acepromazine = စိတ်ငြိမ်စေ၊ အအန်ပျောက်ဆေး

💉alprazolam = ( benzodiazepine)
anxiety လျော့ကျစေ၊ စိတ်ငြိမ်စေ

💉altrenogest = chronic painကို သက်သာစေ

💉aminophylline = အဆုတ်တွင်ရှိသောလေအိတ်များကို
ပွင့်စေ ( bronchodilater)

💉amitraz = antiparasitic ကပ်ပါးကောင်များကိုဖျက်စီး

💉amitriptyline = (tricyclic antidepressant)
anxiety နှင့် depress ကိုလျော့ကျ

💉 amlodipine = ( calcium channel blocker )
သွေးပေါင်ကျစေသောဆေး

💉amoxillin = ( antibacterialpuniatozol )
protozoa များကို ခုခံတိုက်ခိုက်သောဆေး

💉apomorphine = ( Antiemetic ) အအန်ပျောက်ဆေး

💉atipamezole ą 2 adrener antagonist)
စိတ်ငြိမ်ဆေးများရဲ့ effect ကိုလျော့စေ

💉aspirin = သွေးကြဲဆေး

B
💉baytril antibiotic) ပရိဇီဝဆေး

💉benazepril = ( ACE inhibitor) heart failue,
hypertension, chronic kidney
failure တို့မှာသုံး

💉bethanechol = ဆီးအိပ်ရဲ့ ညှစ်အားကိုလှုံ့ဆော်ပေး

💉bupivacaine = ထုံဆေး

💉buprenorphine = ခွဲစိတ်ပြီးနောက် pain သက်သာရန်

💉butorphanol = (mu/kappa antagonist)
ချောင်းဆိုး၊ ကြွက်သားတောင့်တင်းမှုလျော့

C
💉carprofen COX-2 sedative NSAID )
နာကျင်မှု နှင့် ရောင်ရမ်းမှုကို သက်သာစေ

💉cefovecin = ( cephalexin class antibiotic)
အရေပြားinfection ကိုကုသစေရန်

💉cefpodoxime = antibiotic ပရိဇီဝဆေး

💉cephalexin = ( antibiotic) Staphylococcus
infection ကိုတိုက်​ခိုက်

💉ceftiofur = cephalosporin antibiotic

💉ceftriaxone = antibiotic

💉chloramphenicol = antibacterial infection ခုခံ

💉cimetidine = (H2 antagonist)
အစာအိမ်အက်စစ်ထုတ်မှု လျော့စေ

💉ciprofloxacin = antibiotic

💉clamoxyquine = antiparasitic

💉clavamox antibiotic) အရေပြားimfection သူံး

💉clavaseptin = antibiotic

💉 clavulanic acid = antibiotic

💉 clenbuterol = (decongestant and
bronchodilater) အသက်ရှူ လမ်း
ကြောင်းပိတ်ဆို့ခြင်းကို ကုသရန်

💉clindamycin = ( antibiotic) သွားနှင့်ပတ်သက်သော
infection များတွင်သူံး

💉clomipramine = အပြုအမူပြောင်းလဲရန်သူံး

💉cyproheptadine = အစာစားချင်စိတ်ဖြစ်စေသောဆေး

💉 clopilet = သွေးကြဲဆေး

💉 cefotaxine = antibiotic

D
💉deracoxid = NSAID drug နာကျင်မှုသက်သာ

💉Dexamethason= Steriodနာကျင်မှုသက်သာ

💉diazepam = (benzodiazepine) အိပ်ဆေး

💉dichlorophene = ( fungicide, germicide and
antimicrobial agent )
ကပ်ပါးကောင်များဖျက်စီး

💉diclofenac = အကိုက်အခဲပျောက်ဆေး

💉diphehydramine = histamine blocker

💉doxycycline = ( Antibiotic) Lyme disease ကုသ

💉deriphyline = bronchodilater

E
💉enlapril = ( ACE inhibitor) BP ကျစေရန်

💉enrofloxacin = Antibiotic

💉equnie chorionic gonadotropin = သားဥကြွေခြင်း

💉esomeprazole = အစာအိမ်ဆေး

F
💉fenbendazole = antiparasitic drug

💉fipronil = antiparasitic

💉flunixin meglumine= NSAID drug

💉furosemide = (diuretic) ဆီးဆေး

G
💉 gabapentin = နာကျင်မှု သက်သာ

💉gentamicin = ear infection တွင်သုံး

💉glycopyrrolate = အရေးပေါ်နှလုံးခုန်စေသောဆေး

💉glucose = အားဆေး

H
💉hydrocortisone = အသက်ကယ်ဆေး

💉hydromorphone = နာကျင်မှုသက်သာစေ

💉hydroxyzine = ယားယံမှုများကို သက်သာစေ

I
💉isoxsuprine = (vasodilator ) သွေးကြောကျယ်စေ

💉ivermectin = antiparasitic

💉ibuprofen = pain reliever
K
💉ketamine = စိတ်ငြိမ်ဆေး ထုံဆေး

💉ketoprofen = NSAID အနာသက်သာစေ

💉ketorolax = နာကျင်မှုသက်သာစေ

L
💉levamisole = antiparasitic

💉levofloxacin = Antibiotic

💉levetiracetam = အတက်ကျဆေး

💉levothyroxine = hypothyroidism ကုသရာတွင်သူံး

💉loxicom = နာကျင်မှု ထိန်းချုပ်ရန်

💉lufenuron insecticide ) အင်းစက်များသေစေ

M
💉marbofloxacin = antibiotic

💉maropitant = အအန်ပျောက်ဆေး

💉medetomidine = ထုံဆေး

💉meloxicam = NSAID

💉metacam = ရောင်ရမ်းမှု သက်သောစေ

💉methimazole = hyperthyroidism ကုသရန်သုံး

💉Metoclopramide = အအန်ပျောက်ဆေး

💉metronidazole = antibiotic

💉milbemycin oxime = antiparasitic

💉mirtazapine = အအန်ပျောက်ဆေး ၊ စားချင်စိတ်ဖြစ်စေ

💉mitratapide = ကိုယ်အလေးချိန်ကျစေသောဆေး

💉morphine = နာကျင်မှုသက်သာစေ

💉moxifloxacin = antibiotic

N
💉neomycin = antibacterial drug

💉nimesulide = NSAID

💉nitenpyram = insecticide

💉nitroglycerion = ရင်ဘတ်နာသက်သာစေသောဆေး

💉nitroscanate = သံချဆေး

💉nystatin = Antifungal drug

O
💉oxytetracycline = antibiotic

💉ofloxacin = antibiotic

💉oclacitinib = antipruritic

💉omeprazole = အစာအိမ်ဆေး

💉oxymorphone =နာကျင်မှု သက်သာစေ

P
💉pentoxyfylline = ရောင်ရမ်းမှူကိုသက်သာစေ

💉pergolide = pituitary ကုသရန်

💉phenobarbital = အတက်ကျဆေး

💉phenylbutazone =NSAID

💉phenylpropanolamine = ဆီးမထိန်းနိုင်ခြင်းကို ထိန်း

💉penicilin = Antifungal drug

💉pimonbendan = phosphodiesterase 3 inhibitor)
heart failure ရခြင်းမှကာကွယ်

💉pirimycin = antimicrobial drug

💉ponazuril = anticoccidial drug

💉paracetamol = ကိုယ်ပူကျ၊ အကိုက်အခဲပျောက်

💉praziquantel = သံချဆေး

💉prazosin = သွေးတိုးကုသရန်

💉prednisolone = ရောင်ရမ်းမှူကိုကျစေ

💉prednisone = ရောင်ရမ်းမှုကို သက်သာစေ

💉propofol = ထုံဆေးပြေစေရန်

💉pyrantel = အစာအိမ်သံကောင်များသေစေ

R
💉rafoxanide = parasiticide

💉rifampin = antimicrobial drug

💉robenacoxib = NSAID

💉ranitidine = အစာအိမ်ဆေး

S
💉selamectin = antiparasitic drug

💉silver sulfadiazine = antibacterial drug

💉streptomycin = antibiotic

💉sucralfate = အစာအိမ်အနာများကုသရန်

💉sulfasalazine = ရောင်ရမ်းမှု ၊ လေးဘက်နာအတွက်သူံး

T
💉telazol = မေ့ဆေးပြေစေရန်သူံး

💉tepoxalin = NSAID drugs

💉theophylline = edema ​ရော့ကျရန်

💉thiostrepton = antibiotic

💉thiabendazole = antiparasitic

💉tolfenamic acid = NSAID drug

💉tramadol = နာကျင်မှုသက်သာစေ

💉trimethoprim = bacterial infection ဖ်က္​စီး

💉tylosin = antibiotic

💉tetracycline = antibiotic

U
💉ursodeoxycholic acid = အသဲရောဂါကုသရန်

X
💉xylazine = စိတ်ငြိမ်ဆေး

Y
💉yohimbine = xylazine ဆေးရဲ့effect ကို လျော့စေ

ဗဟုသုတ အနေဖြစ်သာ
Htoo

Address

Mandalay Myitkyina Highway
Waingmaw
NATIONALHWY31

Telephone

+959254230680

Website

Alerts

Be the first to know and let us send you an email when Ngwe Thazinဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram