
04/03/2024
အခုလို Internet ခေတ်မှာ Internet ကနေပညာဗဟုသုတွေ၊ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေရှာဖွေနိုင်သလိုတဖက်မှာလည်းဆယ်ကျော်သက်ကလေးတွေမမြင်နိုင်တဲ့ချောက်ကမ်းပါးတွေရှိနေတတ်ပါတယ်။ဆယ်ကျော်သက်အရွယ်ဆိုတာအရာရာစူးစမ်းလေ့လာပြီးလက်တည့်စမ်းချင်တဲ့အရွယ် ဆိုတော့သူတို့ကဒီလိုချောက်ကမ်းပါးတွေကိုမမြင်နိုင်ပါဘူး။မိဘကline ပေါ်ကအန္တရယ်တွေအကြောင်းကိုသားသမီးတွေကိုသတိပေးထားသင့်ပါတယ်။မိန်းကလေးတွေဆိုရင်ပိုဆိုးပါတယ်သူတို့ကိုယ်သူတို့ကာကွယ်နိုင်ဖို့သူစိမ်းတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာသတိရှိဖို့သူတို့လေးတွေကိုသင်ကြားပေးရပါမယ်။ဆယ်ကျော်သက်အရွယ်ဆိုတာ ပြင်ပအာရုံတွေဆီကို ရောက်နေတဲ့အတွက်မိဘနဲ့ပြောဆိုဆက်ဆံမှုနည်းတတ်ပါတယ်။အဲ့လိုနည်းတဲ့အတွက်တခါတလေသူတို့အထီးကျန်နေချိန်မှာonline ပေါ်ကမတော်တဲ့သူတွေနဲ့တွေ့သွားနိုင်ပါတယ်။မိဘတွေအနေနဲ့အမြဲမဟုတ်တောင်ရံဖန်ရံခါတော့ဆယ်ကျော်သက်ကလေးတွေရဲ့ဖုန်းက်ုယူကြည့်သင့်ပါတယ်။ကလေးတွေသုံးဖို့မသင့်တော်တဲ့ app တွေ website တွေကိုမိဘတွေအနေနဲ့ထိန်းချုပ်ထားဖို့လိုပါတယ်။ကိုယ့်ရဲ့အဖိုးတန်သားသမီးရတနာလေးများ internet ရဲ့အန္တရယ်တွေကနေကွာကွယ်နိုင်ကြပါစေ လို့ဆန္ဒပြုရင်း
ချစ်တဲ့💗
ဖြူ🌸🍀🌸