Kaung Htet Pharmacy-ကောင်းထက်ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Kaung Htet Pharmacy-ကောင်းထက်ဆေးဆိုင်

Kaung Htet Pharmacy-ကောင်းထက်ဆေးဆိုင် နိုင်ငံခြားဖြစ်ဆေးဝါးမျိုးစုံရောင်းဝယ်ရေး

20/04/2025
18/02/2025

ဝက်ခြံတွေပျောက်ဖို့အဓိကထုတ်လုပ်ထားတဲ့မျက်နှာသစ်ဆေးပါ။ဘာနဲ့မှမပျောက်ဘူးဆိုတဲ့စိတ်ညစ်နေတဲ့သူတွေအတွက်ဒါလေးစမ်းသုံးကြည့်ဖို့အကြံပေးပါရစေ

15/02/2025

ခြေဖနောင့်ကွဲ၊အသားခြောက်၊အရေပြားပြသနာများအတွက်

14/02/2025

ဝမ်းတအားချုပ်တတ်သောသူများအတွက်အသင့်တော်ဆုံး movcol အမှုန့်ထုပ်။ဆီးချိုလူနာများအတွက်လည်း သောက်သုံးဖို့ sugar free မို့လို့အဆင်ပြေပါတယ်။လူကြီးများအတွက်အရွေးချယ်သင့်ဆုံးဝမ်းပျော့ဆေးအထုပ်။

 #တင်းတိပ် ဘာကြောင့်ဖြစ်တာလဲ 1➡️မျိုးရိုးဗီဇကြောင့် တင်းတိပ်ဖြစ်တတ်ပါတယ်။2➡️ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများသောကြောင့် တ...
07/01/2025

#တင်းတိပ် ဘာကြောင့်ဖြစ်တာလဲ

1➡️မျိုးရိုးဗီဇကြောင့် တင်းတိပ်ဖြစ်တတ်ပါတယ်။

2➡️ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများသောကြောင့် တင်းတိပ်ဖြစ်တတ်ပါတယ်။

3➡️ဟော်မုန်းအပြောင်းအလဲကြောင့် တင်းတိပ်ဖြစ်တတ်ပါတယ်။

တင်းတိပ်တွေ ပျောက်ကင်းနိူင်ပါသလား

1➡️မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့တင်းတိပ်ကတော့ ကုသရ ခက်တတ်ပါတယ်။

2➡️နေရောင်ခြည်( ခရမ်းလွန်ရောင်ခြည်)ထိတွေ့မှုများသောကြောင့် ဖြစ်တဲ့တင်းတိပ်ကတော့ စနစ်တကျ ကုသမယ်ဆိုရင် ပျောက်ကင်းနိူင်ပါတယ်။

3➡️အမျိုးသမီးတွေမှာ ဟော်မုန်းပြောင်းလဲမှုအဖြစ်များပါတယ်။
တချို့တွေက ကိုယ်ဝန်ရှိတဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်
တင်းတိပ် ဖြစ်တတ်ပါတယ်။
ခလေးမွေးဖွားပြီးချိန်မှာ ပြန်လဲ ပျေက်ကင်းသွားတတ်ပါတယ်။
အ့လိုဖြစ်တဲ့တင်းတိပ်မျိုးကိုတော့ ယာယီတင်းတိပ် ( ကိုယ်ဝန်မျက်နှာဖုံး) လို့ခေါ်ကြပါတယ်။

မြန်မာနိူင်ငံမှာ အဖြစ်များတာကတော့ နေရောင်ခြည် (ခရမ်းလွန်ရောင်ခြည်) ထိတွေ့မှုကြောင့် ဖြစ်တဲ့ တင်းတိပ် ဖြစ်ကြပါတယ်။

ဘယ်လိုကာကွယ်မလဲ

အပြင်ထွက်တိုင်း sun cream,sun block တို့ကိုလိမ်းပေးရပါမယ်။

လိမ်းတဲ့အခါမှာလဲ တခါလိမ်းရုံနဲ့မလုံလောက်ပါဘူး။ ဘယ်လောက် SPF ပါပါ အပြင်ထွက်တိုင်း ထပ်လိမ်းပေးရပါမယ်။

နေပူထဲသွားမယ်ဆိုရင် ထီး၊ဦးထုပ်၊Maskတပ်တာမျိုးလုပ်ရပါမယ်။

ရေများများသောက်ပါ.

မျက်နှာသစ်ဆေးကို ရေနဲ့အဆီဓါတ်မျှတစွာပါဝင်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ.

Skin Care သုံးချင်တယ်ဆိုရင်တော့
ကိုယ်နဲ့သင့်တော်တဲ့ FDA ရပြီးသား
Skim Care Brand များကို
ရွေးချယ်အသုံးပြုပေးပါ

Skin Care ရွေးချယ်ရာတွင်လဲ Brand ထပ်
ကိုယ့်ရဲ့ Skin type နဲ့သင့်တော်မယ့် ပါဝင်ပစ္စည်းကို အဓိကထားရွေးချယ်ပါ။

သဘာဝနည်းလမ်းပဲ သုံးသုံး

Skin Care ပဲ သုံးသုံး စိတ်ရှည်ရှည်နဲ့
ပုံမှန်လေး သုံးပေးမယ်ဆိုရင်
(၁) လကနေ (၂) လအတွင်းမှာ တင်းတိတ်တွေ
ပါးပြီး အသားအရေ ကြည်လင်လာပါတယ်

အားလုံးပဲ ကြည်လင်ဝင်းပပြီး
တင်းတိတ်ကင်းစင် တဲ့ မျက်နှာလေးတွေကို
ပိုင်ဆိုင်နိုင်ကြပါစေ။

credit

ဘယ်ဆေးပဲလိမ်းလိမ်း၊ဘယ်skin careပဲသုံးသုံး
ခဏပဲသက်သာတယ်၊
ပီးရင်ပြန်ဖြစ်တယ်ဆိုပီးစိတ်ညစ်နေတဲ့ပျိုမေတို့အတွက်သတင်းကောင်းလေးရှိပါတယ်။
တခါထဲအမြစ်ပြတ်ပျောက်ကင်းမယ့်လိမ်းဆေးလေးရှိပါတယ်။
FDA အသိအမှတ်ပြု၊Myanmar Registration ရပီးသားလိမ်းဆေးလေးပါ။



ဒီလိမ်းဆေးလေးကတင်းတိပ်တွေကိုလုံးဝအမြစ်ပြတ်ကုသပေးမှာပါ။
အပြင်မသွားခင်နာရီဝက်ကြိုလိမ်းပေးရပါမယ်။
လုံးဝအဆင်ပြေတဲ့အချိန်ကတော့ညအိပ်ယာဝင်ခါနီးပါ။
အပြင်မထွက်တဲ့ရက်တွေမှာတော့နှစ်ကြိမ်လိမ်းပေးရင်ပိုမြန်မြန်ပျောက်မှာသေချာပါတယ်။
အတွေးမမှားဘဲkojitinကိုမြန်မြန်ရွေးချယ်လိုက်ကြရအောင်လားနော်။

တစ်ဘူး-35,000ကျပ်

စိတ်ချယုံကြည်စွာ”ကောင်းထက်”
မှာဆေးဝယ်ပါ

အမှတ်(၄၁၀)၊မြေညီထပ်၊သိမ်ဖြူလမ်းမကြီး
သိမ်ဖြူစျေးမှတ်တိုင်အနီး
မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်မြို့

Ph. 09422486378

26/12/2024
26/12/2024

လူမေးများတဲ့ငါးကြီးဆီအကြောင်း

ဆရာရေကျွန်မတို့အသက်အရွယ်တွေမှာငါးကြီးဆီသောက်ဖို့လိုလား?

သောက်ဖို့လိုအပ်လားမလိုအပ်လား၊ဘာဖြစ်လို့သောက်ချင်ရတာလည်းဆိုတဲ့အကြောင်းအရင်းလေးလိုလာပီပေါ့ခင်ဗျာ။

Omega3ငါးကြီးဆီဆိုတာဖြည့်စွက်စာတစ်မျိုးပါပဲ။ဒီဖြည့်စွက်စာကဘာအကျိုးကျေးဇူးတွေရှိလည်း၊ဘယ်လိုအခြေအနေမျိုးမှာလိုအပ်လည်းသိထားသင့်တာပေါ့။

ဒီပို့စ်လေးမှာအတတ်နိုင်ဆုံးဆေးပညာရပ်ဆိုင်ရာဝေါဟာရ‌တွေကိုမသုံးဘဲရေးထားတာမို့လိုအပ်ချက်များပါခဲ့သော်ကျွန်တော့်အားနည်းမှု့ကိုသည်းခံပေးကြပါခင်ဗျ။

Omega3ငါးကြီးဆီကိုသောက်သုံးခြင်းဖြင့်အကျိုးကျေးဇူးရနိုင်တဲ့အစိတ်အပိုင်းလေးတွေကိုအပေါ်အောက်မှတ်ရကြအောင်။
*ဦးဏှောက်🧠
*မျက်လုံး👁️
*နှလုံး🫀
*အရိုးအဆစ်🦴
*အရေပြား💅

🧠ဦး‌ဏှောက်နဲ့ပတ်သက်တဲ့ ကောင်းကျိုး‌တွေကတော့သင်ယူတတ်မြောက်မှု့အားနည်းတဲ့ကလေးငယ်တွေမှာငါးကြီးဆီသောက်သုံးခြင်းဖြင့်သူတို့လေးတွေရဲ့သင်ယူတတ်မြောက်နိုင်မှု့စွမ်းအားမြင့်တက်လာနိုင်ပါတယ်။
အသက်အရွယ်ကြီးရင့်လာလို့မှတ်ဉာဏ်လျော့နည်းလာပီး လူကြီးတွေမှာအဖြစ်များတဲ့သူငယ်ပြန်ရောဂါကိုအတိုင်းအတာတစ်ခုအထိထောက်ပံ့ကာကွယ်ကူညီပေးပါတယ်။

👁️ငါးကြီးဆီကမျက်လုံးရဲ့အမြင်အာရုံကောင်းမွန်မှု့ကိုလည်းထောက်ပံ့ကူညီပေးပါတယ်။

🫀အဓိကကောင်းကျိုးအများဆုံးရရှိတာကတော့နှလုံးပါပဲ။ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့သွေးကြောတွေထဲမှာရှိတဲ့သွေးတွေကိုနှလုံးကနေထိန်းချုပ်ထားပါတယ်။နှလုံးကနေညှစ်ထုတ်လိုက်တဲ့သွေးတွေဟာသွေးကြောတွေတောက်လျှောက်စီးဆင်းသွားပီး ခန္ဓာကိုယ်တလျှောက်လိုအပ်တဲ့နေရာတွေကိုထောက်ပံ့ပေးပါတယ်။နေရာအနှံ့ကိုဟန်ချက်ညီညီလုံလုံလောက်လောက်သွေးထောက်ပံ့ပေးဖို့နှလုံးကအလုပ်လုပ်ရတဲ့နှလုံးခုန်ချက်ရယ်၊ နှလုံးရဲ့ညှစ်အားရယ်၊ နှလုံးရဲ့ သွေးကြောတွေရဲ့ကျန်းမာကြံ့ခိုင်မှု့ရယ်အားလုံးစည်းဝါးကိုက်နေမှပြည့်စုံသောသွေးလည်ပတ်မှု့စနစ်ကိုပုံဖော်ဆောင်နိုင်မှာပါ။အသက်ကြီးရင့်လာလို့၊ဆေးလိပ်သောက်လို့၊အဆီအစိမ့်တွေစားလို့စသည်စသည်ဖြင့်နှလုံးဆီသွားတဲ့သွေးကြောနံရံတွေမှာမကောင်းတဲ့၊မလိုအပ်တဲ့အန္တရာယ်ရှိတဲ့အဆီတွေများလာတဲ့အခါနှလုံးသွေးတိုးဆီးချိုရောဂါတွေဖြစ်လာကြပါတယ်။ဒီမကောင်းတဲ့အဆီ‌တွေကို ဖယ်ရှားဖို့ဆေးကုသမှု့မခံယူတဲ့အခါနှလုံးသွေးကြောပိတ်ပီးအသက်ဆုံးရှုံးရပါတယ်။ဥပမာပြောရရင်နှလုံးအလုပ်လုပ်ပုံကရေစုပ်စက်တစ်လုံးရေစုပ်နေသလိုပါပဲ။ဒီဘက်ကန်ကရေကိုစုပ်ယူပီးဟိုဘက်ကန်ထဲရေပြန်ပို့ရသလိုမျိုးပါ။စက်ကလည်းကောင်းနေရမယ်၊ဆီကလည်းသန့်နေရမယ်၊‌ရေပိုက်တွေကလည်းကောင်းနေရမယ်ဆိုသလိုမျိုးပေါ့။ရေပိုက်တွေဂျီးပိတ်နေတာပဲဖြစ်ဖြစ်၊မသန့်တဲ့လောင်စာဆီသုံးတာပဲဖြစ်ဖြစ်၊ရေစုပ်စက်ရဲ့မော်တာကွိုင်တွေချို့ယွင်းနေတာပဲဖြစ်ဖြစ်တခုမဟုတ်တခုချို့ယွင်းနေရင်ရေစုပ်စက်မောင်းလိုက်တာနဲ့လောင်သွားမှာပါ။ဒီလိုပဲသွေးကြောနံရံမှာမကောင်းတဲ့အဆီတွေတအားများနေပီးသွေးကြောနံရံမှာမကောင်းတဲ့အဆီတွေတအားများလာတဲ့အခါမှာသွေးတွေတိုးလာမယ်၊နှလုံးကြွက်သားနံရံတွေထူလာမယ်၊သွေးလည်ပတ်မှု့မကောင်းတော့ဘူးစသည်ဖြင့်နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေရလာမှာပါ။အဲ့လိုအခြေအနေမျိုးမှာသွေးစစ်ပီးလိုအပ်တဲ့ဆေးကုသမှု့တွေကိုခံယူရပါမယ်။တိကျတဲ့သွေးကြောအတွင်းအဆီကျစေတဲ့ဆေးတွေကိုသောက်သုံးရပါမယ်။ဒီအခြေအနေမျိုးမှာomega3ငါးကြီးဆီရဲ့အခန်းကဏ္ဍလေးကအနည်းငယ်အသုံးဝင်လာပါတယ်။

omega3ငါးကြီးဆီက
⬇️သွေးပေါင်ကျစေတယ်။
⬇️ Triglyceridesလို့ခေါ်တဲ့မကောင်းတဲ့သွေးတွင်းအဆီဓာတ်ကိုကျစေတယ်။
⬇️သွေးကြောနံရံမှာသွေးခဲတွေဖြစ်ပေါ်လာတာကိုဟန့်တားပေးတယ်။
⬇️နှလုံးခုန်နှုန်းစည်းချက်မညီတာကိုလျော့နည်းစေတယ်။
⬇️ရုတ်တရက်နှလုံးထိခိုက်ခံရမှုနဲ့ရုတ်တရက်လေဖြတ်ခြင်းတို့ကိုကာကွယ်ပေးတယ်။
(နှလုံးနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေကတော်တော်များတယ်နော်)

🦴အရိုးအဆစ်တွေရောင်ရမ်းခြင်းကိုလည်းအတိုင်းအတာတစ်ခုထိဟန့်တားနိုင်တယ်။

💅အရေပြားအတွက်ကတော့အားလုံးသိတဲ့အတိုင်းပါပဲ။အကုန်ကောင်းတယ်ပေါ့ခင်ဗျာ။

အဲ့ဒိတော့ငါးကြီးဆီသောက်သင့်လားမေးရင်ကျွန်တော်ကတော့သောက်သင့်တယ်လို့ဖြေပါရစေခင်ဗျ။

ဒေါက်တာကောင်းမြတ်ထွန်း
ကောင်းထက်ဆေးခန်းနှင့်ဆေးဆိုင်

20/11/2024

ဓမ္မတာရက်မမှန်သူများ၊ဓမ္မတာလာစဉ်ကိုက်ခဲနာကျင်တတ်သူများ၊သားသမီးရရန်ခက်ခဲနေသူများ၊သားဥအိမ်တွင်ရေအိတ်တည်နေသူများ တနေ့တလုံးသောက်သုံးသင့်

Glucerna 3 ဘူးကြီးများတောင် ထပ်ရောက်တယ်Pediasure 3 plus က နှစ်ဘူးကြီးများတောင် ခွဲတမ်းပေးတယ်
05/11/2024

Glucerna 3 ဘူးကြီးများတောင် ထပ်ရောက်တယ်
Pediasure 3 plus က နှစ်ဘူးကြီးများတောင် ခွဲတမ်းပေးတယ်

 -3ချောင်း  30/70 -7ချောင်း ရမည်
01/11/2024

-3ချောင်း
30/70 -7ချောင်း ရမည်

24/10/2024

Active man အမျိုးသားအားဆေး

21/10/2024

Address

Yangon

Telephone

09422486378

Website

Alerts

Be the first to know and let us send you an email when Kaung Htet Pharmacy-ကောင်းထက်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram