28/02/2026
အမျိုးသားစွမ်းဆောင်ရည်ကောင်းမွန်ဖို့အတွက် မွေးမြူသင့်တဲ့အမူအကျင့်များ
[Medical Education & Men's Health Awareness]
ကျနော်က လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်လို့ ဟောပြောရေးသားတတ်သူဖြစ်တော့ လူနာကုသ တွေ့ကြုံရတာမှာလည်း အဲဒါနဲ့ပတ်သက်လို့များပါတယ်။ ထူးခြားတာတစ်ခုကတော့ လိင်ပိုင်းဆိုင်ရာအကြောင်းရာတွေနဲ့ပတ်သက်ရင် ရှက်စရာအကြောင်းအရာ၊ မပြောသင့်တဲ့အကြောင်းအရာအဖြစ် သတ်မှတ်ကြတဲ့ လူ့အသိုင်းအဝန်းမှာ ကျနော့်လူနာထက်ဝက်နီးပါးဟာ အမျိုးသမီးတွေဖြစ်နေကြတယ်။
တွေ့ကြုံရများတဲ့ အမျိုးသားတွေရဲ့ပြဿနာကတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ လုံးဝဂရုမစိုက်၊ နေချင်သလိုနေ စားချင်သလိုစား၊ လုပ်ချင်တာအကုန်လုပ်နေပြီးတော့ စွမ်းဆောင်ရည် တက်ချင်ကြတာပါ။ အမျိုးသားစွမ်းဆောင်ရည်ကောင်းဖို့ဆိုတာမျိုးက ချက်ချင်းလုပ် ချက်ချင်းရတဲ့အရာမျိုးမဟုတ်ပါဘူး။ နေချင်သလိုနေခဲ့တာ အနှစ် ၃၀၊ ပြန်ကောင်းဖို့ကျ အချိန် ၃ ရက်ဆိုတာမျိုးက မဖြစ်နိုင်ဘူးလေ။ စားသောက်နေထိုင်မှုပုံစံ၊ ခန္ဓာကိုယ်လေ့ကျင့်ခန်း၊ မျိုးပွားအင်္ဂါလေ့ကျင့်ခန်း၊ ဆေးဝါးအကူ စသဖြင့် အကုန်အစုံ ပြည့်စုံအောင် ကုသကြိုးစားမှ ရေရှည်ကောင်းမွန်တဲ့ရလဒ် ရနိုင်တာမျိုးပါ။ တချို့နည်းလမ်းတွေဟာ အချိန်တိုအတွက်ပဲကောင်းပါတယ်။ ရေရှည်မှာဘေးထွက်ဆိုးကျိုးတွေများတယ်။ အခုပြောမယ့် နည်းလမ်းတွေကတော့ တကယ်သေသေချာချာ လုပ်သွားရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ရေရှည်ကောင်းကျိုးရလဒ်တွေပေးနိုင်တယ်။
၁။ အစားအသောက်ကို ဂရုစိုက်ပါ။
ပင်လယ်စာများများစားမယ်။ အသီးအနှံ အရည်ရွှမ်းတာ၊ အရောင်ရင့်တာတွေစားမယ်။ တစ်နေ့ကို အသီးအနှံ အနည်းဆုံးတစ်ကြိမ်ပါအောင်စားမယ်။ ရေများများသောက်မယ်။ ပင်လယ်စာ (အထူးသဖြင့် ကမာကောင်လို ခရုကမာအမျိုးအစားတွေ) မှာ ဇင့်ဓာတ်ကြွယ်ဝလို့ ကျားဟော်မုန်း ထုတ်လုပ်မှုကို အားပေးတယ်။ ဖရဲသီးလို အရောင်ရင့်ပြီး အရည်ရွှမ်းတဲ့ အသီးတွေမှာ သွေးကြောတွေကို ကျယ်စေပြီး သွေးလည်ပတ်မှုကောင်းစေတဲ့ ဓာတ်တွေပါဝင်တယ်။ ရေဓာတ်ပြည့်ဝနေခြင်းက သွေးလည်ပတ်မှုနဲ့ သု*က်ပိုးထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်တယ်။
၂။ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်အောင်လုပ်ပါ။
တစ်နေ့ကို လေ့ကျင့်ခန်း မိနစ် ၂၀ လောက်လုပ်မယ်။ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာလိုမျိုး။ လမ်းလျှောက်တာ ကြိုးခုန်တာတွေလည်းရတယ်။ အနည်းဆုံး မိနစ် ၂၀ ကနေ တစ်နာရီလောက်ထိ လုပ်ရမယ်။ နှလုံးခုန်မြန်ပြီး ချွေးထွက်တဲ့လေ့ကျင့်ခန်းတွေဖြစ်ရမယ်။ စွမ်းဆောင်ရည်ကောင်းဖို့အတွက် သွေးကြောတွေထဲ သွေးဝင်ရောက်လာဖို့ အရေးကြီးတယ်၊ အမောခံနိုင်ဖို့လိုတယ်။ ဒီကိစ္စဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးအင်အားကို အသုံးပြုရတဲ့ မောပန်းတဲ့လှုပ်ရှားမှုတစ်ခုပါ။ နှလုံးကျန်းမာဖို့ အမောခံနိုင်ဖို့ လေ့ကျင့်ခန်းလုပ်မှရမယ်။ လုံလောက်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုမရှိဘဲ ဒီမှာပဲ အရမ်းသန်မာချင်နေလို့ မဖြစ်နိုင်ဘူး။
၃။ ဘေးဖြစ်စေတဲ့အရာများရှောင်ပါ။
ဆေးလိပ်၊ အရက်၊ ကွမ်းနဲ့ ပါတီသုံးဆေးဝါး စတဲ့ အရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ဆေးလိပ်နဲ့ အရက်အလွန်အကျွံသောက်ခြင်းက သွေးကြောတွေကိုကျဉ်းစေတယ်၊ အာရုံကြောတွေထိခိုက်စေတယ်။ ဆီးချိုသွေးတိုးရောဂါတွေဖြစ်စေနိုင်တယ်။ ရေရှည်မှာ ပန်းသေပန်းညှိုးဖြစ်ကြရတာရဲ့ အဓိက အကြောင်းရင်းတွေဖြစ်ပါတယ်။
၄။ တင်ပါးဆုံရိုးတွင်းကြွက်သားလေ့ကျင့်ခန်း (Kegel - ကီဂယ်) လုပ်ပါ။
စွမ်းဆောင်ရည်တက်ဖို့အတွက် Kegel exercise လုပ်ကိုလုပ်မှရမယ်။ ဒီကြွက်သားဟာ လိ*င်အင်္ဂါကို တိုက်ရိုက်ထိန်းချုပ်တဲ့ကြွက်သားဖြစ်တယ်။ အလွယ်ပြောရရင် ဆီးသွားနေရင်း ဆီးကိုရပ်သွားအောင် လုပ်လို့ရတဲ့ ကြွက်သားပါ။ အဲဒါကို တင်းလိုက်လျှော့လိုက်နဲ့ လေ့ကျင့်ပေးရပါမယ်။ လေ့ကျင့်ခန်းရဲ့သဘောက သေချာစိတ်ရှည်ရှည်နဲ့လုပ်ရတယ်။ ချက်ခြင်းဝုန်းဒိုင်းဆိုပြီး သိသာမှာတော့မဟုတ်ဘူး။ ဒါပေမယ့် သေသေချာချာလေးသာ လုပ်သွားကြည့်။ အတော်ကြီးသိသာတဲ့ အပြောင်းအလဲကို ခံစားရလိမ့်မယ်။ (အမျိုးသမီးတွေလည်း လုပ်လို့ရတယ်)။
၅။ အိပ်ရေးဝဝအိပ်၊ စိတ်ဖိစီးမှုနည်းအောင်လျှော့ပါ။
အိပ်ရေးမဝတာနဲ့ စိတ်ဖိစီးမှုများတာက ကော်တီဆော (Cortisol) လို့ခေါ်တဲ့ ဖိစီးမှုဟော်မုန်းကို မြင့်တက်စေပြီး ကျားဟော်မုန်းကို ကျဆင်းစေတယ်။ အိပ်ရေးဝအောင်အိပ်မှ ခန္ဓာကိုယ်အတွက် ဟော်မုန်းထုတ်ပေးတဲ့လုပ်ငန်းစဉ်တွေ ဟန်ချက်ညီတယ်။ လိ*င်စိတ်နဲ့စွမ်းဆောင်ရည်အတွက် အများကြီးအရေးပါတယ်။
၆။ ကိုယ့်အဖော်နဲ့ ဆက်ဆံရေးတည်ဆောက်ပါ။
လိင်မှုကိစ္စဆိုတာ ခန္ဓာကိုယ်သာမက စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုနဲ့လည်း အများကြီးသက်ဆိုင်တယ်။ ကိုယ့်အဖော်နဲ့ ပွင့်လင်းတဲ့ဆက်ဆံရေး၊ နွေးထွေးတဲ့ချစ်ခြင်းမေတ္တာရှိခြင်းက လိင်မှုကိစ္စအပေါ် အများကြီး အထောက်ကူပြုပါတယ်။
၇။ လိုအပ်ရင် ဆိုးကျိုးမများတဲ့လိမ်းဆေးသာသုံးပါ။
အမျိုးသားတွေရဲ့ မာနဟာ လိင်အင်္ဂါမှာရှိသတဲ့။ ဆေးကူနေရပြီဆိုတဲ့စကားမျိုး၊ မစွမ်းတော့လို့လားဆိုတဲ့ လှောင်သံမျိုးကို အမျိုးသားတွေအင်မတန်မုန်းပါတယ်။ ဒါကိုဖြေရှင်းဖို့အတွက် ရမ်းကုနဲ့ ထင်ရာတွေလျှောက်လုပ်တာ၊ လိင်ကိစ္စကို ရှောင်သွားတာတွေက အဖြေမဟုတ်ဘူး။ ကျနော်ပြောသလိုပဲ ကိုယ့်ခန္ဓာကိုယ်ပြန်တည်ဆောက်သွားဖို့က အရေးကြီးတယ်။ လိုအပ်ရင် ဆေးဝါးမှီဝဲလို့လည်းရတယ်။ အဲဒါမစွမ်းလို့မဟုတ်ဘူး။ ဘယ်လောက်ကျန်းမာတဲ့သူဖြစ်ဖြစ် နေမကောင်းရင်တော့ ဆေးသောက်ရတာပဲ။ ဥပမာ အမျိုးသားစွမ်းဆောင်ရည်အတွက် လိုအပ်တဲ့ ကြီးရှည်ကြာမာဖို့ လိမ်းဆေးတမျိုးမျိူး Qualityကောင်းတာကိုရှာသုံးပေးပါ။
Disclaimer: This post is intended strictly for medical education, public health awareness,
Viber/+959755004908