Health For Lady

Health For Lady Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Health For Lady, Medical and health, Yagon.

ဆယ်လီနီယံ အားဖြည့်ဓါတ်စာ     #09772517203
27/07/2025

ဆယ်လီနီယံ အားဖြည့်ဓါတ်စာ


#09772517203

" ဗိုက်"ဘယ်နေရာက ဘာကြောင့်နာ အောင့်တာလဲ "ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။အပိုင်း (၁)ဒီ...
14/06/2025

" ဗိုက်"ဘယ်နေရာက ဘာကြောင့်နာ အောင့်တာလဲ "

ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့
အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။

အပိုင်း (၁)

ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိတ် နဲ့ အသဲနှင့်ကပ်လျက်
အူမအကွေးပိုင်း ၊ ညာဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် တော့ (Virus) ပိုးအသဲထဲဝင်တာ ကြောင့် အသဲရောင်ခြင်း ၊ ဝမ်းကိုက်ပိုး အသဲထဲရောက်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အရက်ကြောင့် အသည်းရောင်ခြင်း ၊ အူမကြီးရောင်ခြင်း ၊ အူပိတ်ခြင်း ၊ အသည်းကင်ဆာ စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၂)

ဒီအပိုင်းမှာ ဆိုရင်တော့ အစာအိမ် ၊ မုန့်ချိုအိတ် ၊ ကန့်လန့်ဖြတ်အူမ ၊ အသဲရဲ့အမွှာနုအပိုင်း တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင်တော့ အစာအိမ် ရောင်ခြင်း ၊ အစာအိမ်အနာ နှင့်အတူ သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ထွက်ခြင်း ၊ အူသိမ်ဦး ပေါက်ထွက်ခြင်း ၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ၊ အူသိမ်ပိတ်ခြင်း စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၃)

ဒီအပိုင်းမှာ ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး ၊ သရက်ရွက်နှင့်ကပ်လျက်အူမ အကွေးပိုင်း ၊ ဘယ်ဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး စုတ်ပြတ်ဒဏ်ရာ ၊ အူရောင်ခြင်း ၊ အူမကြီးပိတ်ခြင်း ၊ အူမကင်ဆာ ၊ အူမကြီးပေါက်ထွက်ခြင်း ၊ ဓါးထိုး ဒဏ်ရာ စတဲ့ တွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၄)

ဒီအပိုင်းမှာ ဆိုရင် ညာဘက် ကျောက်ကပ် ၊ အပေါ်သို့တက်သော
အူမ အပိုင်း တို့ရှိပါတယ်။

ဒီအပိုင်းမှာဆိုရင် အူရောင်ခြင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ ကျောက်ကပ်ကွဲထပ်ခြင်း ၊ ကျောက်ကပ် ကင်ဆာ ၊ ကျောက်ကပ်ထဲသို့ ရေဝင်ခြင်း စတဲ့ တွေ ကြောင့် အောင့်တာ ၊ နာတာတွေ ဖြစ်တက်ပါတယ်။

အပိုင်း (၅)

ဒီအပိုင်းမှာ ဆိုရင် အူသိမ် (ဝါ) အူသေး ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် သန်းထိုးခြင်း ၊ လေထိုးခြင်း ၊ အူသိမ် (ပိတ်ခြင်း ၊ ပေါက်ခြင်း) ၊ အူတစ်ခု နှင့် တစ်ခု ထပ်ခြင်း ၊ အူလိမ့်ခြင်း ၊ အူခေါက်သွားခြင်း ၊
သန်ကောင်ပိတ်ခြင်း ၊ ပြင်ပ ပစ္စည်းတစ်ခုခုပိတ်ဆို့နေခြင်း
(ဥပမာ - ဂေါ်လီ) စတာတွေ ကြောင့် ဗိုက်နာခြင်း ၊
အောင့်ခြင်း ဖြစ်တက်ပါတယ်။

အပိုင်း (၆)

ဒီအပိုင်းမှာ ဆိုရင် ဘယ်ဘက် ကျောက်ကပ် ၊ အောက်သိုဆင်းသော အူမအပိုင်း တို့ရှိပါတယ်။ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ အပိုင်း (၄) အတိုင်း ဖြစ်ပါတယ်။

အပိုင်း (၇)

ဒီအပိုင်းမှာ ဆိုရင် အူအတက်ပိုင်း ၊ အူမရဲ့ အစပိုင်း ၊ ညာဘက်မျိုးဥအိမ် နဲ့ ညာဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဖြစ်တက်တာတွေက အူအတက်ရောင်ခြင်း ၊ အူတက်လုံးခဲခြင်း ၊ အူတက်ပြည်တည်ခြင်း ၊ အူအတက်အဖုံးမြှေးရောင်ခြင်း ၊ အူတက်ပေါက်ခြင်း ၊ အူမ ကင်ဆာ ၊ အူမကြီးပိတ်ခြင်း ၊ အူသိမ်ပိန်ခြင်း ၊ အူမ ရောင်ရမ်းခြင်း ၊ ဆီကမ် ပိုးဝင်ခြင်း ၊ မျိုးဥအကြိတ် ၊ မျိုးဥအိမ် ရောင်ရမ်းခြင်းတွေ ကြောင့် အောင့်ခြင်း ၊ နာခြင်း တွေ ဖြစ်တက်ပါတယ်။

အပိုင်း (၈)

ဒီအပိုင်းမှာ ဆိုရင်တော့ ဆီးအိမ် ၊ သားအိမ် ၊ အစင်အိမ် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဘာတွေဖြစ်တက်လဲဆိုရင် ကိုယ်ဝန်ပျက်ချခြင်း ၊ အရိုးကွင်းတွင် ကျောက်တည်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ ဆီးကြိတ် ကင်ဆာ ၊ ဆီးအိမ် မူမမှန်ခြင်း ၊ ဆီပြွန် မှာ ကျောက်တည်ခြင်း ၊ သားအိမ်ပေါက်ထွက်ခြင်း ၊ ဆီပြွန်ပေါက်ခြင်း ၊ ဆီးအိမ်ပေါက်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ သားအိမ်ရောင်ခြင်း ၊ မစင်အိမ်ရောင်ခြင်း ၊ သားအိမ်မှာ အကြိတ်ဖြစ်ခြင်း ၊ ဆီးအိမ်တင်ခြင်း ၊ ကိုယ်ဝန်ရှိခြင်း စတာတွေ ကြောင့် ဖြစ်တက်ပါတယ်။

အပိုင်း (၉)

ဒီအပိုင်းကတော့ ဝမ်းပိုက်ရဲ့ နောက်ဆုံး အပိုင်းလဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အူမအဆုံးပိုင်း ၊ မျိုးဥအိမ် ၊ ဘယ်ဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ အူမကင်ဆာ အူမရောင်ရမ်းခြင်း ဂရင်ဂျီနာ ၊ သားဥအိမ်ကင်ဆာ ၊သားဥပြွန်ရောင်ရမ်းခြင်း ၊ ဆီးခုန်ရောင်ရမ်းခြင်း တို့ကြောင့် ဗိုက်နာ ၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေတက်ပါတယ်။

Crd...

 #ခါးနာပေါင်တန်းအာရုံကြောညပ်တင်ပါးခွက်ကိုက်Sciaticaရောဂါ            အဆိုးဝါးဆုံးရောဂါပါ…အခံရအခက်ဆုံးရောဂါပါလို့ကျနော်ပြေ...
04/06/2025

#ခါးနာပေါင်တန်းအာရုံကြောညပ်တင်ပါးခွက်ကိုက်Sciaticaရောဂါ

အဆိုးဝါးဆုံးရောဂါပါ…အခံရအခက်ဆုံး

ရောဂါပါလို့ကျနော်ပြောလျှင် ယုံနိုင်မည်မဟုတ်ပါ

ကိုယ်တိုင်မှ မခံစားဖူးတာကိုး။သင့်ပတ်ဝန်းကျင်၌
ခါးကြီးစေါင်းငန်းစေါင်းငန်းနဲ့သွားနေသူတွေ။တင်
ပါးခွက်ကလေးကို ဖိကာပွတ်ကာ သွားလာနေတဲ့

သူတွေ။ပေါင်ကိုက်ဒူးကိုက် ခြေသလုံးတလျှောက်
ထုံကျင်နေတဲ့သူတွေ တွေ့ယင် အင်တာဗျူးကြည့်
ပါ။
လေသံတခုတည်း ထွက်တာ တွေ့ရပါလိမ့်မည်
(ရောဂါ အတော်စုံအောင် ဖြစ်ဖူးပါတယ်ဗျာ…ဒီတခါ အခံရခက်ဆုံးပဲ)လို့ဖြေကြပါလိမ့်မည်။

ဒီရောဂါအကြောင်းကို ကျနော့်ဆရာသမား
(Fighter အရာရှိကြီး)တယောက် အိပ်ယာပေါ်က
မထနိုင်ပဲ ကိုက်ခဲလွန်းလို့မျက်ရည်တွေတွေကျ

ပြီး အံကြိတ်ခံနေရတာ မကြည့်ရက်လို့ကျနော်ထဲ
ထဲဝင်ဝင်လေ့လာဖူးသည်။သူ့အခြေအနေက
မတ်တပ်ပင်မရပ်နိုင်ရှာတော့။လူကခါးတစေါင်း

ကြီးဖြစ်နေပြီ။တပ်မတော်ကပင်ထွက်ရတော့မည့်
အနေအထားပါ။ကျနော်နဲ့သိကျွမ်းသောအရိုးအ
ကြောပါရဂူတွေ…Rehabilitation ပါရဂူတွေ……

Phisiotheraphist တွေ……စုံနေပါဘီ။MRI ရိုက်
ဓါတ်မှန်ရိုက်…လေ့ကျင့်ခန်းလုပ်…အကိုက်အခဲ
ပျောက်ဆေးမျိုးစုံသောက်…်ဓါတ်ကင်Vibrator

နဲ့နှိပ်……မထူးခြားတော့ဗမာဆရာတွေအကြော
ပညာရှင်တွေ……အနှိပ်ပညာရှင်တွေ ……အို- မြန်
မာပြည်တနံတလျားစုံသလောက်နီးပါးဆိုပါတော့
ကုန်လိုက်တဲ့ငွေ……သွားလိုက်ရတဲ့ခရီး……အချိန်
ကတဖြည်းဖြည်းနဲ့တနှစ်ပြည့်တော့မည်။မသက်

သာသည့်အပြင်ပို၍ပို၍ဆိုးလာပါသည်……ခြေ
ထောက်ပါထုံကျင်လာပြီးညာခြေထောက်ကအာ
ရုံခံစားမှုမရှိတော့။တင်ပါးခွက်ထဲကမချိမဆန့်
ကိုက်ခဲသည့်ဒဏ်ကိုအယင်ကလိုအံကျိတ်မခံနိုင်
တော့သဖြင့်အော်ဟစ်၍ခံစားနေရရှာသည်။

ကျနော်လည်းလက်လှမ်းမှီရာဆေးပညာ
စာစောင်တွေ။အာယုဗ္ဗေဒတွေစုံစီနဖာဖတ်သည်။
ခါးခွဲလျှင်ပျောက်နိုင်သည်။ပြန်ဖြစ်ချင်လည်းဖြစ်
မည်။အကြမ်းဖျဉ်းပြောရလျှင် လူ့ခန္ဓာကိုယ်မှာ
အကြီးဆုံးအာရုံကြောမကြီးSciatic Nerve ဟာ
ခါးရိုး L4,L5 နေရာကစထွက်ပြီးဘယ်ညာဖြာကာ
တင်ပါးခွက်မှတဆင့်ခြေထောက်တလျှောက်ကို
Supply လုပ်ပါတယ်။ခါးရိုးကျဉ်းသူ, ခါးဆစ်မှာ
အတက(်ကျီးပေါင်း)ထွက်သူ။ခါးရိုးတီဘီရှိသူ ။
ခါးဆစ်တခုနှင့်တခုကြားကDisc အပြားလေးများ
ကျွံထွက်သူ တို့မှာထိုအာရုံကြောကိုဖိမိထိမိသ
ဖြင့် မခံစားနိုင်လောက်အောင် Lကွေးနေရာဖြစ်
သောတင်ပါးခွက်မှာသွားကိုက်ခဲတာပါ။သေသေ
ချာချာသိထားရမှာတခုက ဖြစ်ထာကခါးပါနော်။
ခံစားရတာကတင်ပါးခွက်ပါနော်။ဆရာဝန်တွေက
ဘယ်ဘက်ဖြစ်ယင်Sciatica Left ညာဖက်ဖြစ်
ယင်Sciatica Right လို့ခေါ်ဆိုကြပါတယ်။
တချို့သဘောတရားနားမလည်တဲ့အနှိပ်ဆရာ
တွေကလူနာတင်ပါးခွက်ကိုက်တယ်ပြောလေ
တင်ပါးခွက်ကိုစွတ်နှိပ်လေ……ကိုက်နေတဲ့အာရုံ
ကြောကိုနှိပ်တော့လူနာကလည်းသက်သာသ
ယောင်ယောင်ပေါ့။ခဏနေယင်တော့အကြော
တွေကယောင်ကိုင်းထလာပြီးအော်ရဘီ ငိုရဘီ ပေါ့ ။ဒါကြောင့်နားမလည်တဲ့လူနဲ့မပြမိပါစေနဲ့။

ဒီရောဂါဘာကြောင့်ဖြစ်သလဲမေးယင်
အခန့်မသင့်လို့ပဲလို့ဖြေရလိမ့်မယ်ထင်ပါရဲ့ ။
ယေဘူယျအားဖြင့်အဝလွန်သူ- အထိုင်များသူ -
ဆီးချိုရှိသူ - ခါးအလုပ်များသူ လို့အယင်က ဆို
ခဲ့ကြပေမယ့်သုတေသနစစ်တမ်းအရအမေရိကန်
မှာအသက်၄၀ ကျော်ယင်ကျား ၈၄ /ံ့ မ ၇၄ /ံ့
ဖြစ်ပါသတဲ့။တနည်းပြောရယင်လူတိုင်းနီးပါးဟာ
တချိန်ချိန်မှာဖြစ်လာနိုင်တယ်လို့ဆိုလိုပါတယ်။
Cauda Equina Sydrome လို့ခေါ်တဲ့အာရုံ
ကြောမျှင်တွေဖိနှိပ်ထိခိုက်ခံရတဲ့အခါနာတာရှည်
ဖြစ်သွားပြီးဆီးဝမ်းမထိမ်းနိုင်အောက်ပိုင်းသေ
ကြာလာယင်အကြောသေလေဖြတ်တဲ့အထိမို့
ပေါ့လို့ရတဲ့ရောဂါမဟုတ်ပါဖူး။ကျနော့်ဆရာသ
မားဖြစ်သွားတာကတော့ပြောရယင် အားနာပြီး
Position Disorder ဖြစ်သွားတာပါ။တနေ့မှာ
ပြည်ကနေရန်ကုန်ကိုစစ်သုံးမာဇဒါE2000 ပိကပ်
ကားလေးနဲ့ခရီးသွားပါတယ်။ဖြစ်ချင်တော့ကား
ထွက်ကာနီးမှအရာရှိကတော်တယောက်ကသူ့
မိခင်အသည်းအသန်ဖြစ်လို့ဆိုပြီးအကြုံလိုက် ပါ
တယ်။ကားခေါင်းကကျဉ်းပါတယ်။သူကအားနာ
တတ်သူညှာတာတတ်သူမို့ခေါင်းခန်းထဲကိုခေါ်
တင်ခဲ့ပါတယ်။ခြောက်နာရီလောက်ခရီးရှည်ကြီး
မှာကျနော့်ဆရာကအလယ်ကကြပ်ကြပ်သပ် သပ်လိုက်ယင်းထိုအရာရှိကတော်နဲ့ထိမိမှာစိုးလို့
မိန်းမသါးမို့အားနာယင်းကိုယ်ကိုကျုံ့သည်ထက်
ကျုံ့ကာဟန်ချက်မညီPosition မမှန်ပဲလိုက်လာ
ခဲပါသတဲ့။ခရီးဆုံးတော့ခါးတွေကပူပြီးညောင်း
ကိုက်နေပါသတဲ့။နောက်နေ့ကျတော့ခါးနာပါသ
တဲ့။၃ ရက်လောက်နေတော့ဒီရောဂါရခဲ့တာပါပဲ။
ခါးဆစ်ရိုးတခုနဲ့တခုအကြားကကြားခ ံ inter -
vertebral Disc. ကျွံထွက်သွားတာပါ။

ဒီရောဂါဖြစ်သူဘယ်လောက်များသလဲ ?
မြန်မာထိုင်းစင်္ကာပူမလေးရှား သွားကုသူတွေရဲ့
အခြေအနေ? သောက်ရတဲ့ဆေးတွေ?ခံစားရတဲ့
အခြေအနေတွေသိချင်သပ ဆိုယင်Face Book
မှာ "ခါးနာခြင်း Back Pain Group "လို့ရှာကြည့်
ပါ။ကျနော်အပိုမပြောကြောင်းသင်ကိုယ်တိုင်တွေ့
မြင်ရပါလိမ့်မယ့် ့ ့ ့ ့ ့ ့ ့ ့ ့ ့့ကျနော့်ဆရာသမားဟာ အရိုးအထူးကု ဂုရုကြီး
လို့ခေါ်ကြတဲ့ပြင်သစ်နိုင်ငံကProfessor Alain
Patel နဲ့တောင်ကုခဲ့ဖူးပါတယ်။အခြေအနေက
မတိုးတက်ပါဖူး။အော်မြဲအော် ကိုက်မြဲကိုက်လျက်

FBမှာပလူပျံအောင်share နေကြသည့် ရေထဲ
ဆင်းထန်းလျက်ဘယ်နှစ်ခဲစား တို့။အာလူးပါးပါး
ကပ် တာ တို့။ဘဲဥပြုတ်စားတာ တို့ ။သက်ရင်း
ကြီးမိဿလင် စည်းတာ တို့ စုံစီနဖာလုပ်သော်
လည်း အော်မြဲအော်ကိုက်မြဲကိုက်လျှက်။အကိုက်
အခဲပျောက်ဆေးတွေ။လူးရတဲ့ဆေးပူ ဆေးအေး
တွေလည်းစုံလှဘီ။ရန်ကုန်မြို့မှာအသစ်စက်စက်
ဖွင့်တဲ့ဆေးရုံကြီးကပါရဂူ တယောက်က မခွဲချင်
ဖူးဆိုတော့လည်း Operation ခန်းထဲထည့်။သေ
ချာTV Screen နဲ့ကြည့်ပြီးခါးထဲကို Steroid
ဆေးထိုးထည့်ပေးပါတယ်။OK သွားပါတယ်။But
သို့သော်လည်း ၃ ရက်မြောက်မှာပြန်ဖြစ်ပြန်ပြီ။

အခုရေးချင်တဲ့နေရာရောက်ပါပြီ။
ကျနော်လည်းဆရာသမားအတွက်စိတ်မကောင်း
ပါ။ဘေးကကြည့်ပြီးဘာမှလည်းမကူညီနိုင်။ သူ
လည်းဆေးထောက်ခံစာနဲ့ထွက်ခွင့်တင်လိုက်ပါ
ပြီ။တနေ့မှာ ပြည်မြို့ မင်းကြီးတောင်ပေါ်ကဘုန်း
ကြီးကျောင်းကိုကျနော်မုန့်သွားလှူယင်း စာဖတ်
ခန်းထဲက (အထင်မသေးနဲ့မြန်မာ့ဆေး) ဆိုတဲ့
ဆရာသိန်း ပြုစုသည်…………တန်ဖိုး ၅ ကျပ်………
စာအုပ်လေးဖတ်မိပါတယ်။အဲဒီမှာ………တင်ပါး
ခွက်ကိုက်သော်မခက်လော……အိုးမှုတ်ခွက်နင်း
သော်မပျောက်လော……ဆိုတဲ့ဆောင်းပါးလေး
ဖတ်မိပါတယ်။အားရဝမ်းသာကျနော်ဖတ်ကြည့်
ပြီးချက်ချင်းပဲPhotostat မိတ္တူကူးပါတယ်။
ကျနော့်ဆရာသမားကိုပြေးပြပါတယ်။ဆရာသမားက အနာကိုက်ခဲနေတဲ့ကြားကမချိပြုံးပြုံးယင်း
(မင်းကွာ…ငါဆေးကုတာတပြည်လုံးနှံ့ရုံမက ပြင်
သစ်ကပါရဂူနဲ့တောင်မပျောက်ထာ) လို့ပြောရှာ
ပါတယ်။ဒါပေမယ့်ကျနော်လက်မလျှော့ပါ။သူ့ရဲ့
ဇနီးနဲ့အတူတူ စာအုပ်ပါလေ့ကျင့်ခန်းတွေလုပ်
ဖြစ်အောင်အတင်းတွန်းအားပေးခဲ့ပါတယ်။ပထမ
တရက် မထူးခြား။ဒုတိယတရက် ခါတိုင်းထက်
နည်းနည်းသက်သာလာသည်။ တတိယရက်
ကျတော့ ကေါင်းကေါင်းအိပ်လို့ရပါပြီ။တနှစ်တိ
တိခံစားရတဲ့ရောဂါ ၅ ရက်မြောက်တော့အရှင်း
ပျောက်။ဆယ်ရက်လေါက်နေတော့ပုံမှန်လုပ်ငန်း
ခွင်ပြန်ဝင်နိုင်ပါပြီ။အခုချိန်ထိလည်းခါးပြန်မနာ
တော့ပါ။

သူတယောက်ထဲလားဆိုတော့မဟုတ်ပါ။အလား
တူဝေဒနာရှင် ဆယ့်နှစ်ယောက်တိတိကိုကျနော်
ဒီနည်းနဲ့ကယ်ခဲ့ဖူးပါသည်။မင်းတို့တပ်ထဲမှာ
ပုံစံတူဝေဒနာသည်အဲ့သလောက်များသလားလို့
မထင်ပါနဲ့။တပ်ထဲက ၃ ယောက်ပါ။အပြင်က
ဝေဒနာသည် ၉ ယောက်ပါ။ကျနော်ဒီနည်းသိပြီး
တဲ့နောက်မှာ သွားယင်းလာယင်း ခါးစေါင်းနေတဲ့
ဝေဒနာသည်တွေ။ခြေထော့နဲ့ထော့နဲ့ဝေဒနာ
သည်တွေ။တင်ပါးခွက်လေးပွတ်ပွတ်နေတဲ့ ဝေဒ
နာသည်တွေတွေ့ယင်ကျနော်က သိသိမသိသိ
အတင်းလိုက်မိတ်ဖွဲ့ပါတယ်ဘယ်လိုဖြစ်ထာလဲ?
ပေါင်တန်းနေတယ်မဟုတ်လား?ခြေထောက်
ခြေဖျားတွေထုံကျင်နေတယ်မဟုတ်လား?
တင်ပါးခွက်ကမခံစားနိုင်အောင်ကိုက်ခဲနေတယ်
မဟုတ်လား?ခါးနာတာကစ တာမဟုတ်လား?
ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီ ကူညီချင်တယ်-ကယ်
တင်ချင်တယ်လေ။ဇီဝိတဒါနပေါ့…………

ကဲ ဆေးနည်းလေး - စလိုက်ကြရအောင်……

အချိန်ဆယ်မိနစ်ဆိုရပါပြီ။
အိပ်ကာနီး အိပ်ရာမဝင်ခင်အချိန် ဆိုပါတော့……
မိမိရှေ့မှာ … ခါးလောက်ရှိတဲ့ တန်း(သို့)ခုံ (သို့)
ပြူတင်းပေါက်ဘောင် တခုခုရှိပါစေ။လူက နှစ်
တောင်လောက်ခွာပြီးခြေစုံရပ်ပါ။ဘယ် (သို့)ညာ
ခြေတဖက်ကိုထိုတန်းပေါ်သို့လှမ်းတင်လိုက်ပါ။
ကျန်တဖက်ကရပ်လျက်ပေါ့။ထိုသို့တင်လိုက်ပါ
ကထိုခြေထောက်၏ပေါင်ကြောများတောင့်တင်း
နေပါလိမ့်မည်။၄င်းပေါင်ခြေသလုံးအောက်ဖက်ရှိ
ကြွက်သားများကိုမိမိလက်၂ဖက်နှင့်နှိပ်နယ်ချေ
ပေးပါ။ငါးမိနစ်ခန့်။ပြီးလျှင်နောက်တဖက်ပြောင်း
အလားတူ။

အရမ်းမချွံထက်သောအုန်းမှုတ်ခွက်(တခြမ်းစီ)
အနေတော်ကိုကြမ်းပြင်မှာချထားပါ။ဘယ်ညာ
၂ဖက်စလုံးတက်ရပ်ပါ။ပြီးလျှင်ဘယ်ညာဘယ်
ညာစည်းချက်ကျကျအချက်၁၀၀ခန့်နင်းပါ ။
နင်းသည့်အခါခြေဖဝါးအလယ်ခွက်မနင်းရပါ။
ခြေဖဝါးစေါင်းပတ်လည် ဘယ်စေါင်းညာစေါင်း
ဖနောင့်ခြေဖျားလေးများစုံအောင်နှံ့အောင်ပူထူ
လာအောင်နင်းရမည်။ပြုတ်မကျအောင်တန်းတ
ခုခုကိုကိုင်ထားပါ။

ပြီးပါပြီ။ ဒါပါပဲ။ ထိုအချိန်မှစ၍တညလုံးခြေဖဝါး
ရေမထိပါစေနှင့်။တညလုံးခြေဖဝါးကအပူတွေ
တရှိတ်ရှိတ်ထွက်သလိုခံစားရပါလိမ့်မည်။အလွန်
လွယ်ကူပါသည်။တခုပဲ သတိပြုရမည်ရောဂါကြီး
လျှင်ပထမဆုံးခါးအမြင့်လောက်ခြေထောက် ကို
မြှောက်နိုင်မည်မဟုတ်ပါ။နိုင်သလောက်အမြင့်ပဲ
လုပ်ခိုင်းပြီးတဖြည်းဖြည်းချင်းတိုးမြှင့်သွားပါလေ။
အလွန်လွယ်ကူသောနည်းမို့အထင်မသေးပါနှင့်။
ကျနော်နည်းပေး၍ပျောက်ကင်းသွားသူ ၁၂ ဦးထဲ
တွင် ဂျာမန်မှ Odee Harlan ဆိုသောဆရာဝန်
တယောက်ပါဝင်ပါသည်။

အုန်းမှုတ်ခွက်နင်းရုံနဲ့ဘာကြောင့်
ပျောက်သလဲ?ကျနော့်ကိုလာမမေးပါနှင့်။ပထဝီ
တေဇောအာပေါဝါယောကျနော်မသိပါ။ကျနော်
ဗိန္နောဆရာမဟုတ်ပါ ။အရိုးအကြောပညာရှင်
Ortho/physiotheraphy /Rehabilitation
ကျနော်ဘာမှမသိပါ။ကျနော်ဆရာဝန်လည်း
မဟုတ်ပါ။ဆေးပညာလည်းနားမလည်ပါ။သာမန်
တပ်မတော်သား စစ်သားတဦးသာဖြစ်ပါသည်။
ပျောက်ခဲ့ဖူးလို့
ပျောက်စေချင်လို့
အတွေ့အကြုံမျှဝေခြင်းသာဖြစ်ပါသည်။
ယုံကြည်လျှင်လုပ်ကြည့်ပါ။

မနေ့က ဝေဒနာရှင်တဦးနှင့်တွေ့၍…အကြံပေး
စကားပြောကြားယင်းဒီအကြောင်းရေးဖို့စိတ်ကူး
ရလာတာပါ။စေတနာရှေ့ထား သနားစာနာစိတ်
ဖြင့်အပင်ပန်းခံစာအရှည်ကြီးရေးခြင်းဖြစ်ပါသည်။

မိန်းကလေးတွေရဲ့အလှကို ပျက်စေတဲ့ ဟော်မုန်း (၆)မျိုးအက်စထရိုဂျင် (Estrogen) ဟော်မုန်းအမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင...
27/04/2025

မိန်းကလေးတွေရဲ့အလှကို ပျက်စေတဲ့ ဟော်မုန်း (၆)မျိုး

အက်စထရိုဂျင် (Estrogen) ဟော်မုန်း

အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊ ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေ အလှတွေ လျော့တာပါပဲ၊

အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ ရာသီမှန်ပါစေ။ ဒီဟော်မုန်းလျော့ရင် ရင်သားတွေတင်ပါးတွေလျော့လာတယ်၊ အသားတွေပျော့တွဲလာတယ်

Soy bean အခြေခံ အစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊ ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်း သောက်လို့ရတယ်

Growth ဟော်မုန်း

သူကတော့သွေးထဲကဟော်မုန်း၊ သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊ အဆီပိုတွေ ဟိုတစုဒီတစုနဲ့ကြည့်ရဆိုးလာမယ်၊

ဆယ်လီတွေကတော့ ဟော်မုန်းဆေးထိုးတယ်၊ side effect များပေမယ့် သိသာတယ်၊ အခြားနည်းက လမ်းလျှောက်ပါ လေ့ကျင့်ခန်းလုပ်ပါ ချွေးထုတ်ခန်းဝင်ပါ၊ အိပ်ရေးဝအောင်အိပ်ပါ၊

DEHA

အသက် ၃၀ အထိပဲ ကောင်းကောင်းထုတ်ပေးတဲ့ ဟော်မုန်းပေါ့။ အသက် ၃၀ ကျော်တာနဲ့ အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊

အာရုံကြောတွေလည်းလျော့တတ်တယ် အဆီစားပါ၊ အခွံမာသီးစားပါ၊ ထောပတ်သီးစားပါ၊ fatty fish စားပါ၊ ပရိုတင်း ကိုမနက်စာမှာ အသင့်တင့်ထည့်စားပါ၊

Melatonine

အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊ ၃၅ နှစ်လောက်ဆို လျော့တတ်တယ်၊ ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊ တင်းတိပ်၊

မှဲ့ခြောက်ထွက်တယ်၊ ငှက်ပျောသီး ခရမးချဉ်သီး၊ ဆန်၊ ပြောင်း၊ ဒါတွေစားပေးပါ အရက်၊ ဆေးလိပ်၊ ကဖိန်းသိပ်များရင်လည်း ဖြစ်တတ်တယ်

ရှောင်ပါ၊ အိပ်ရေးဝအောင် အိပ်ပါ၊

Cortisol

Stress ဟော်မုန်း၊ သူမညီမျှရင် အသားရည်ခြောက်တယ်၊ အရွယ်ကျတယ်၊ အရေးကြောင်းတွေပေါ်တယ်၊ ဝက်ခြံထွက်တယ်

အခေါက်ထူတယ် ရေသောက်ပါ၊ စိတ်အေးချမ်းအောင်တွေးပါ၊ သီချင်းနားထောင်ပါ၊ stress လျော့ပါ၊

Insulin

သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ် ရေဓာတ်တွေလျော့နည်းမယ်၊ ကော်လာဂျင်တွေ မတင်းတော့ဘူး၊

ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊ အတွန့်တွေပေါ်လာမယ်၊ အချိုလျော့၊ ဗီတာမင် E နဲ့ ဗီတာမင် C ၊ ရေနွေးကြမ်း

သောက်ပါ။ လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။ ကျမတို့ဇရာကို မလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့ တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊


#မူရင်းရေးသားသူကိုလေးစားလျှက်

 #နှလုံးသွေးကြောမပိတ်မီတစ်လအတွင်း နိမိတ်ပြလက္ခဏာ (၈) ချက်ရင်ဘတ် အကြီးအကျယ်အောင့် နှလုံးသွေးကြော ရုတ်တရက် ကျဉ်းတာ၊ ပိတ်တာ...
23/04/2025

#နှလုံးသွေးကြောမပိတ်မီ
တစ်လအတွင်း နိမိတ်ပြလက္ခဏာ (၈) ချက်
ရင်ဘတ် အကြီးအကျယ်အောင့် နှလုံးသွေးကြော ရုတ်တရက် ကျဉ်းတာ၊ ပိတ်တာတွေ ရှိလာပြီး ဆေးရုံကို အရေးပေါ် တက်ရောက်ကုသရသူတွေဟာ မဖြစ်ခင် တစ်လအတွင်း ခန္ဓာကိုယ်က ဒါဖြစ်တော့မယ်ဆိုတာကို ကြိုတင်သတိပေးနေတတ်ပါသတဲ့။

၁။ အလိုလိုနေရင်း နုန်းနေခြင်း - နှလုံးသွေးကြော ကျဉ်းလာရင် ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊ အဂါင်္တွေကို သွေးအရောက် နည်းလာပါတယ်။ ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊ နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။

၂။ မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း - နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊ လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။

၃။ မောပန်းမယ် - အလိုလိုနေရင်း လှေကားတက်၊ တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။ နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊ အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။

၄။ ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် - ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ် ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။

၅။ ချွေးစေးတွေ ပြန်လာတတ်မယ် - ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။

၆။ ရင်တလှပ်လှပ်တုန်ခြင်း - ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

၇။ ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် - နှလုံးက စတင်ခုန်နှုန်းကျလာတာမို့ ခန္ဓာကိုယ် အစွန်အဖျား၊ ခြေတွေ လက်တွေကို သွေးအရောက် နည်းလာပြီး ခြေဖျား အေးလာတတ်ပါတယ်။ ရာသီဥတု မှန်ပါလျက်နဲ့ ခြေဖျား လက်ဖျားလေးတွေ အေးစက်စက် ခံစားရပါမယ်။

၈။ မူးဝေလာတတ်မယ် - တရိပ်ရိပ်နဲ့ မူးနေတတ်တာ နေရင်းထိုင်ရင်း ခေါင်းထဲမှာ ရီဝေဝေဖြစ်တာတွေ ရှိတဲ့အခါ နှလုံးသွေးကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အတွက် မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။ နှလုံးသွေးကြော လုံးဝပိတ်မသွားခင် ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။

ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး မိမိမှာ နှလုံးသွေးကြော ကျဉ်းနေပြီလား၊ နှလုံးသွေးကြော ပိတ်နေပြီလား၊ နှလုံးရောဂါ ခံစားရနိုင်တဲ့ အရိပ်အယောင်ရှိမလားလို့ မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။

အနည်းဆုံး သုံးလေးခုလောက် ခံစားနေရပြီဆိုရင်ကို မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်

#ရွှေမိတ်သစ်

 #နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံးလွဲနေသူများ အတွက် နာရီပိုင်းအတွင်း ပျောက်တဲ့ နည်းလေးပါအဆင့် (၁)ခြေစုံရပ် ခါးကိ...
23/04/2025

#နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံးလွဲနေသူများ အတွက် နာရီပိုင်းအတွင်း ပျောက်တဲ့ နည်းလေးပါ

အဆင့် (၁)

ခြေစုံရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နဖူးပေါ်တင် ခေါင်းကို နောက်လှန်နိုင်သလောက် လှန်ဖိထားပါ။ ခါးမပါသွားပါစေနဲ့ ။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၂)

ခြေစုံရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နောက်စေ့မှာကပ်ပြီး ခေါင်းကို ရှေ့ဖိနိုင်သလောက် ဖိပါ။ ခါးကုန်းမသွားပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၃)

ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကို ခါးထောက်ထားပြီး ညာဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ညာဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၄)

ခြေစုံရပ် ခါးကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ဘယ်ဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၅)

ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကို ခါးထောက်ထားပြီး ညာဘက်လက်က မေးစေ့ကို ဘယ်ဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။

ဘယ်ဘက်ပုခုံးက ရှေ့ကို တိုးမလာပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

အဆင့် (၆)

ခြေစုံရပ် ခါးကို မတ်မတ်ထား ညာဘက်လက်ကို ခါးထောက်ထားပြီး ဘယ်ဘက်လက်က မေးစေ့ကို ညာဘက်ပုခုံးနဲ့ ထိနိုင်သလောက်ထိ တွန်းလှည့်ထားပါ။

ညာဘက်ပုခုံးက ရှေ့ကို တိုးမလာပါစေနဲ့ မေးစေ့ကပဲ ပုခုံးပေါ်ရောက်နိုင်သလောက် ရောက်အောင် လှည့်တင်ထားပါ။ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။

ဒီနည်းအတိုင်း အကြိမ်ရေ အကန့်အသတ်မရှိ နားနားပြီး လုပ်ပေးပါ။ များများလုပ်ပေးနိုင်လေ မြန်မြန်ပျောက်ကင်းလေပါ။

ကိုယ်တိုင် လက်တွေ့ ပျောက်ကင်းသွားလို့ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်..။

ဇက်ကြောတွေ အမြဲတမ်း လေးလံနေပါက ဆေးသောက်စရာ မလိုဘဲ ရေချိူးချိန်တိုင်း ရွေဆား ပွတ်ချိုးပေးပါ

#မေတ္တာဖြင့်စာပေမျှဝေသူ
#ကျန်းမာရေးဗဟုသုတ
#နောက်ကြောတက်သူများအတွက်

သတိထားကျပါရန်အသားကင်ဆိုင်တွင် အမျိုးသမီးတစ်ဦး ချော်လဲကျသည်။ ဖိနပ်အသစ်စီးလာ၍ ခြေချော်လဲကျတာပါဟုပင် သူမကပြန်ပြောလိုက်သေးသည...
23/04/2025

သတိထားကျပါရန်
အသားကင်ဆိုင်တွင် အမျိုးသမီးတစ်ဦး ချော်လဲကျသည်။ ဖိနပ်အသစ်စီးလာ၍ ခြေချော်လဲကျတာပါဟုပင် သူမကပြန်ပြောလိုက်သေးသည်။ သူမကအ၀တ်အစားတွင် ကပ်နေသောဖုန်များကိုခါ၍ သန့်ရှင်းလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ဆွဲကာ ညနေစာစားသည်။
သူမကိုကြည့်ရသည်မှာ တစ်ညနေလုံးအေးအေး ဆေးဆေး။ ညနေခြောက်နာရီရောက်တော့ သူမအမျိုးသားက အသားကင်ဆိုင်ကို ဖုန်းဆက်သည်။ ညနေခြောက်နာရီမှာ သူမဆုံးပါးသွားခဲ့သည်ဟူ၍။
ဆရာ၀န်၏အဆိုအရ လေဖြတ်ခြင်းကြောင့် သူမလဲကျခဲ့ခြင်းဖြစ်ပြီး သုံးနာရီအတွင်း ဆေးရုံရောက်ရှိလာပါက အသက်မသေအောင် ကယ် ဆယ်နိုင်သည်ဟုဆိုသည်။
သိုိ့ဆိုလျှင် အချိန်မီကယ်တင်နိုင်ရန် လူတစ်ဦးလေဖြတ်မဖြတ် ဘယ်လိုစမ်းသပ်သိရှိနိုင်မည်လဲ။
ဦးနှောက်နှင့် အာရုံကြောဆရာ၀န်များက အဆင့် (၃) ဆင့်ပါ၀င်သော စမ်းသပ်နည်းတစ်ခုကို တီထွင်ထားသည်။ အတိုကောက်အားဖြင့် STR ဟု မှတ်နိုင်သည်။
(၁) S – SMILE၊ လေဖြတ်မဖြတ်သိရှိနိုင်ရန် ဒဏ်ရာရသူကို ပြုံးခိုင်းပါ။
(၂) T – TALK၊ ဝါကျတစ်ခွန်းကို သဒ္ဒါမှန်မှန်၊ ယုတ္တိကျကျပြောခိုင်းပါ
(ဥပမာ။ ။ ယနေ့နေသာသည်)
(၃) R – RAISE BOTH ARMS၊ လူနာကို လက်နှစ်ဘက်လုံးမြှောက်ခိုင်းပါ။
အထက်ပါစမ်းသပ်မှု သုံးခုစလုံးအနက် တစ်ခုခုမလုပ်နိုင်ပါက ဆေးရုံချက်ချင်းပို့ပါ။
ထိုနည်းများနှင့် စမ်း၍ မသေချာပါက လူနာကိုလျှာထုတ်ခိုင်းပါ။ လျှာလိပ်နေလျှင်ဖြစ်စေ၊ လျှာတစ်ဖက်ဖက်သို့စောင်းနေလျှင်ဖြစ်စေ လေဖြတ်နေခြင်းဖြစ်နိုင်သည်။
အထက်ပါနည်းလမ်းများကို သိထားသူအနေနှင့် အခြားလူ (၁၀) ဦးကိုမျှဝေပေးပါက အနည်းဆုံး အသက်တစ်ချောင်းကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ဆရာ၀န်များက တိုက်တွန်းထားသည်။

Credit #စာအုပ်မြို့တော်

အစာအိမ်ရောဂါအတွက် ဆေ:အမျိုးမျိုး သုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝ ဆေ:နည်းလေးကို သုံးကြည့်နိုင်ပါတယ် ဖတ်ခ...
21/04/2025

အစာအိမ်ရောဂါအတွက် ဆေ:အမျိုးမျိုး သုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝ ဆေ:နည်းလေးကို သုံးကြည့်နိုင်ပါတယ် ဖတ်ချိန်တမိနစ်

လက်တွေ့ သက်သာပျောက်ကင်းတဲ့ ဆေ:နည်းလေးဖြစ်လို့ ပြန်လည်မျှဝပေးလိုက်ပါတယ်။

ပါ၀င်သော ပစ္စည်းများ အာလူးစိမ်း၊ ဂျင်း၊ ပျားရည်

ပြုလုပ်နည်း
၁။ အာလူး ၁၅-ကျပ်သား(၃/၄ လုံးခန့်) ကို ရေစင်အောင်ဆေ:ပြီး အခွံမခွာဘဲ နုပ်နုပ်စဥ်းလိုက်ပါ။

၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် ပြုတ်သကဲ့သို့ ပြုတ်ပေးပါ။

၃။ ဂျင်းအနည်းငယ်ကို ထည့်ပေးပါ။(ရင်ပြည့်ရင်ကယ် မဖြစ်စေရန်)

၄။ အဲဒီ အာလူးပြုတ်ရည်ကို ပျားရည်စစ်စစ် တစ်ဇွန်းခန့်ထည့်ပြီး သောက်ပါ။

၂-ပတ်ကို တစ်ကြိမ်ခန့် သောက်ပေးပါက အစာအိမ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မယ်။

သတိပြုရန်

၁။ အစိမ်းရောင်ဖြစ်နေသော အားလူးများကို လုံး၀ မသုံးရပါ။ အစိမ်းရောင်ဖြစ်နေသော နေရာများကို ကွင်းပြီး ထုတ်ပစ်ရမည်။

၂။ အားလူးမှာ ကစီဓာတ် များစွာပါ၀င်နေတဲ့အတွက် ဆီးချို၊ သွေ:ချိုသမားများအတွက် သောက်ရန် မသင့်ပါ။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
#ကျန်းမားရေးဗဟုသုတ

💠 နှလုံး မကောင်းဘူးဆိုတဲ့ လက္ခဏာ ၆ မျိုး      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~💠 1. ခြေထောက်တွေ ရောင်နေ ဖောနေလား      ...
21/04/2025

💠 နှလုံး မကောင်းဘူးဆိုတဲ့ လက္ခဏာ ၆ မျိုး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

💠 1. ခြေထောက်တွေ ရောင်နေ ဖောနေလား
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

💠 ခြေထောက်တွေ ပွစိစိ ဖောရတဲ့ အကြောင်းရင်းများစွာ ရှိပေမဲ့ အဓိက အကြောင်းရင်းကတော့ နှလုံးစွမ်းရည်ကျဆင်းပြီး အရည်တွေစုနေလို့ဖြစ်တယ်။ အထူးသဖြင့် ပက်လက်မအိပ်နိုင်၊ အသက်ရှူကြပ်လာပြီဆိုရင် သတိထားပါ။တချို့ခြေထောက် ရောင်တာက နေခင်းဘက်မှာရောင်ပြီး ညကျ အရောင်လျော့ကျသွားတတ်တယ်။ ကြာလာ လို့အရောင် မလျော့ရင် နှလုံးအထူးကုဆရာဝန်နှင့် ချက်ချင်းပြဖို့ လိုပါတယ်။

💠 2. လိင်ပြဿနာများ
°°°°°°°°°°°°°°°°°°°°°

💠 အမျိုးသားတွေအဖို့ လိင်တံမမာတောင့်နိုင်တော့ဘူးဆိုတဲ့ ပြဿနာ ခံစားလာရပြီ ဆိုတာဟာ သင့်မှာသွေးလွှတ် ကြောဆိုင်ရာရောဂါတွေရှိနေပြီဆိုတဲ့ လက္ခဏာ ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က သွေးလွှတ်ကြောတွေထဲမှာ အဆီချိုး သို့မဟုတ် ကယ်လ်ဆီယမ်ချိုးတွေ စုပြုံကျလာလို့ အစွန်အဖျားအရေပြားအထိ သွေးနှင့်အောက်စီဂျင် မရောက်လာနိုင်တဲ့အတွက်ဖြစ်တယ်။

💠 အမျိုးသမီးတွေ အဖို့တော့ သွေးဆုံးပြီဆိုတာနဲ့ လိင်ဆန္ဒတွေ (ကာမရာဂ တက်ကြွမှုတွေ) လျော့ကျ နည်းပါးသွားပါပြီ။ ဒါကြောင့် အသက် 50 နားကပ်လို့ သွေးဆုံးပြီဆိုတာနဲ့ နှလုံးရောဂါ ဖြစ်လာနိုင်ခြေများ လာပါပြီ။ သွေးဆုံးတိုင်း နှလုံးရောဂါဖြစ်တယ်လို့ မဆိုလိုပါ။ တချို့မှာ သွေးတိုးရောဂါ၊ သွေးတွင်း အဆီဓာတ် မြင့်မားတာမျိုး နဂိုကတည်းက ရှိနှင့်ပြီးသားပါ။ ဒီအချိန်မှာလည်း သွေးဆုံးချိန်ဖြစ်နေတတ်တာကိုး။

💠 3. အိပ်ရင်း ဟောက်ရင်သတိထားပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

💠 အိပ်နေတဲ့အခါ ကျယ်ကျယ်လောင်လောင်ကြီး ဟောက်လာပြီဆိုရင် ဟောက်သံ ပျောက်သွားပြီး အသက်ရှူသံပါရပ်သွားရင် သင့်ခန္ဓာကိုယ်ထဲမှာ ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုတွေ တွဲဖက်ဖြစ်လာနိုင်ပါသတဲ့။ ဥပမာ လေဖြတ်တာ၊ နှလုံးတိုက်ခိုက်ခံ ရတာမျိုး တမျိုးမျိုး ဒါမှမဟုတ် နှစ်ခုစလုံး တွဲဖက်လာနိုင်ခြေရှိတဲ့အတွက် သတိထားရတော့မှာ ဖြစ်တယ်။

💠 နှလုံးခုန် မမှန်တာ၊ နှလုံးခုန်မြန်တာ ရှိလာပြီး၊ သွေးစီးဆင်းတာ ကျတော့ နှေးကွေးပြီး ကောင်းကောင်းမစီးနိုင်ပါဘူးတဲ့။ ဒါ့ကြောင့် အိပ်ပျော်ရင်း ဟောက်လည်းဟောက် အသက်ရှူလည်း ရပ်ရပ်သွားတာမျိုးရှိရင် ဘာ့ကြောင့်လဲဆိုတာဆေး စစ်ပါ။ ရောဂါရှိရင် ဆေးကုသမှုခံယူပါတဲ့။

💠 4. သွားဖုံးရောင်ရမ်းနာခြင်း၊ သွေးထွက်နေခြင်း
ရှိပါက အမြန်ဆုံး ကုသမှုခံယူပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

💠 သွားဖုံးရောင်ရမ်းခြင်းက သွားဖုံးမှာ ကူးစက်ပိုးဝင်ရောက်ခံနေရကြောင်း သတိပေးလိုက်တာပါပဲ။ သွားဖုံးရောင် တာကြာရင် မေးရိုးတွေကို ဒုက္ခပေး ဖျက်ဆီး တော့မှာဖြစ်တယ်။ အဲ့ဒီ သွားဖုံးရောင်ရမ်းခြင်း မူလအခြေခံကနေပြီး တကိုယ်လုံးရှိ အင်္ဂါအစိတ်အပိုင်း အားလုံးကို ပိုးတွယ်ဖို့ လမ်းကြောင်းတွေ ဖောက်ထားသလို ဖြစ်စေတယ်။

💠 ဆိုလို တာက သွေးလွှတ်ကြောကတစ်ဆင့် နှလုံးဆီလည်း ရောက်ချလာမှာ ပါပဲ။ အဲ့ဒီကနေ နှလုံးတိုက်ခိုက် ခံရတော့မှာဖြစ်တယ်။ ဒါကြောင့် သွားမှန်မှန်တိုက်၊ ဖလူရိုက်ပါတဲ့ သွားတိုက်ဆေးသုံး၊ တစ်ခါ သွားတိုက်ရင် 2 မိနစ်နှုန်း၊ တနေ့ 2 ကြိမ် တိုက်ပြီး သွားအထူးကုဆရာဝန်နဲ့ တနှစ် 2 ကြိမ် မှန်မှန်ပြပါလေတဲ့။

💠 5. လည်ပင်း သို့မဟုတ် ပခုံးထိုးထိုးကိုက်လား
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

💠 လူတိုင်းရင်ဘတ် မအောင့်ပါဘူး။ တချို့က လည်းပင်းတင်းလာသလို တချို့က ပခုံး ထိုးထိုး ကိုက်ပါသတဲ့။ တချို့ကတော့ ဆုပ်ဆွဲကိုင်ထားသလို ခံစားရပါသတဲ့။ လူအများစုကတော့ မသက်မသာ ကသိကအောင့်ဖြစ်နေ ကြရတာပါ။ ရင်ဘတ်အောင့်တာဟာ မေးရိုးအထိ တက်လာတာ ပခုံးထိထိုးကိုက်တာမျိုးတွေ့ ရလိမ့်မယ်။ ဒီလက္ခဏာဟာ နှလုံးသွေးကြောကျဉ်း ရောဂါ သို့မဟုတ် နှလုံးတိုက်ခိုက်ခံရတဲ့ လက္ခဏာတခုပါပဲဆိုတာ ဖော်ပြလိုက်ရပါတယ်။

💠 6. အစာမကြေ ရင်ပူခြင်းရှိရင်လည်း သတိထား
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

💠 ချက်အထက်ရင်ခေါင်းထဲ ပူပြီးလေထိုးသလို ခံစားရမယ်။ ခဏခဏ ဖြစ်မယ်။ ကြို့ထိုး မယ်ဆိုရင် နှလုံးကြောင့် လည်း ဖြစ်တတ်ပါတယ်။ တချို့က အော့ချင်အန်ချင်သလို ဖြစ်ခြင်း၊ အန်ချလိုက်ခြင်း၊ ချွေးတွေတအားထွက်လာခြင်း၊ အသက်ရှူရကြပ်လာခြင်းတို့ တွေ့ရတတ်တယ်။ တချို့က အစာအိမ်လေနာထင်ပြီး အစာအိမ်လေနာပျောက်ဆေး ပဲသောက်ပြီး မသက်သာမှ အရေးပေါ်ဆေးကုဌာနသို့ ရောက်လာလေ့ရှိလို့ ဖော်ပြတဲ့ ဝေဒနာတွေ အလူးအလှိမ့်ခံစား ရရင် နှလုံးတိုက်ခိုက်ခံရခြင်း Heart Attack ကိုလည်း စဉ်းစားရန် မမေ့ပါနှင့်။

Credit to original uploader
#ဗဟုသုတ

၆ လကြာ ပုံမှန် လမ်းလျှောက်ပေးခြင်းက အာရုံကြောဆိုင်ရာ ချို့ယွင်းမှုကို လျော့ကျစေနိုင်တစ်ပတ်ကို သုံးကြိမ်လောက် လမ်းလျှောက်...
21/04/2025

၆ လကြာ ပုံမှန် လမ်းလျှောက်ပေးခြင်းက အာရုံကြောဆိုင်ရာ ချို့ယွင်းမှုကို လျော့ကျစေနိုင်

တစ်ပတ်ကို သုံးကြိမ်လောက် လမ်းလျှောက်ခြင်း ဒါမှမဟုတ် စက်ဘီးစီးခြင်း ပြုလုပ်ပေးတာက နှလုံးသွေးလွှတ်ကြောကို ကောင်းမွန်စေပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကို တိုးမြင့်လာစေသလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အချိန်ကြာရှည် ခံနိုင်စေတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ အယ်ဇိုင်းမား ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို လျှော့ချဖို့ နေထိုင်မှုပုံစံ ပြောင်းရမယ်ဆိုတဲ့ အချက်ကိုလည်း ဆေးပညာရှင် တော်တော်များများက သတိပေး နှိုးဆော်လေ့ရှိပါတယ်။

စိတ်ဓာတ်ကျခြင်းနဲ့ နှလုံးကျန်းမာရေးပေါ်မှာ အစာအာဟာရနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ သက်ရောက်ပုံကို ဒေါက်တာ ဘလူမန်သယ် (Blumenthal) က လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုမှာ သွေးတိုး ဒါမှမဟုတ် နှလုံးကြွက်သားဆိုင်ရာ ရောဂါရှိသူ အယောက် ၁၆၀ ပါဝင်ခဲ့ပါတယ်။ ဒီအယောက် ၁၆၀ က လေ့ကျင့်ခန်းဆိုတာနဲ့ ဝေလာဝေးပြီး အာရုံ စူးစိုက်နိုင်စွမ်းမှာ အခက်အခဲ ရှိနေသူတွေ ဖြစ်ပါတယ်။

ပါဝင်သူတွေကို အဖွဲ့ ၄ ဖွဲ့ခွဲပြီး ၆ လကြာ လေ့လာခဲ့ပါတယ်။ ပထမအဖွဲ့ကတော့ သွေးတိုးကို အစားအသောက်နဲ့ ချပါတယ်။ ဆား၊ အဆီများတဲ့ အစားအစာနဲ့ အချိုတွေကို ဖြတ်ပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပြောင်းနှံတွေကိုပဲ စားစေပါတယ်။ ဒီအုပ်စုကို အစားအသောက်အတွက်ပဲ လမ်းညွှန်ပေးပြီး ထိုင်ရာကမထတမ်း အကျင့်တွေကို ဖျောက်ဖို့တော့ မတိုက်တွန်းခဲ့ပါဘူး။

ဒုတိယအုပ်စုကိုတော့ အစားအသောက် ပြောင်းလဲဖို့ မတိုက်တွန်းဘဲ လေ့ကျင့်ခန်းကိုသာ အလေးပေးခဲ့ပါတယ်။ ပထမ ၃ လမှာတော့ ဒီအဖွဲ့ကို ၁၀ မိနစ်ကြာ သွေးပူလေ့ကျင့်ခန်း လုပ်ခိုင်းပြီး လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းကိုတော့ ၃၅ မိနစ်ကြာ လုပ်ခိုင်းခဲ့ပါတယ်။ နောက် ၃ လကြာမှာတော့ အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်ခိုင်းခဲ့ပါတယ်။

တတိယအုပ်စုကတော့ နှစ်မျိုးစလုံး လုပ်ရပါတယ်။ တစ်ပတ်ကို ၃ ကြိမ် လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်နဲ့လည်း သွေးတိုးချပါတယ်။ စတုတ္ထအုပ်စုကိုတော့ ကျန်းမာရေး အသိပညာပေးသူ တစ်ယောက်နဲ့ မိနစ် ၃၀ ကြာ ဖုန်းပြောပြီး နှလုံးကြွက်သားရောဂါ ဖြစ်နိုင်ချေ လျော့ချနည်းတွေကို လမ်းညွှန်ခိုင်းပါတယ်။

၆ လ ကြာပြီးတဲ့နောက် ရလဒ်တွေမှာတော့ လေ့ကျင့်ခန်းချည်းပဲ လုပ်သူတွေက လေ့ကျင့်ခန်း မရှိသူတွေထက် ပိုပြီး လုပ်ကိုင်နိုင်မှုစွမ်းရည် တိုးတက်တာ တွေ့ရပါတယ်။ လေ့ကျင့်ခန်း မပါဘဲ အစားအစာကိုသာ အဓိကထားသူတွေမှာ တိုးတက်မှု နည်းတယ်ဆိုပေမဲ့ နည်းနည်းပဲ ကွာခြားတာ ဖြစ်ပါတယ်။ အစားအစာနဲ့ လေ့ကျင့်ခန်း ၂ မျိုးစလုံး ဂရုစိုက်သူတွေမှာတော့ အကျိုးကျေးဇူး အများဆုံး ဖြစ်ပြီး ဦးနှောက် ယိုယွင်းပျက်စီးမှုတွေလည်း နည်းပါးတယ်လို့ သိရပါတယ်။

အစားအစာနဲ့ လေ့ကျင့်ခန်းကို အလေးထားသူတွေမှာ နေထိုင်မှုပုံစံတွေပါ ပြောင်းသွားတာကြောင့် သွေးလည်ပတ်မှုကောင်းပြီး အာရုံကြောဆိုင်ရာပါ ကောင်းမွန်သွားတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံရအောင် ကြိုးစား ထိန်းသိမ်းဖို့ ခုကနေ စပြီး ကြိုးစားမယ်ဆိုရင် နောက်မကျသေးပါဘူး။ အထူးသဖြင့် ခုလိုဆောင်းတွင်းမှာ ချမ်းချမ်းစီးစီးနဲ့ ကွေးမနေဘဲ မနက်ခင်းတိုင်း လမ်းလျှောက်ထွက်ဖို့ သတိရပေးပါလို့ တိုက်တွန်းလိုက်ပါရစေ။

Ref: “Just 6 months of walking may reverse cognitive decline, study says”

Team (ရိုးရာလေး)

ခါးနာ လက်တွေ့ပျောက်တဲ့ သဘာဝဆေးနည်း------------------------------------------------------အားကစားလုပ်၍ ခါးနာသွားသည်ဖြစ်စေ၊...
19/04/2025

ခါးနာ လက်တွေ့ပျောက်တဲ့ သဘာဝဆေးနည်း
------------------------------------------------------

အားကစားလုပ်၍ ခါးနာသွားသည်ဖြစ်စေ၊ ကွန်ပျူတာရှေ့ အထိုင်များပြီး ခါးနား၍ဖြစ်စေ အောက်ပါ လက်တွေ့ပျောက်ကင်းစေနိုင်သည့် သဘာဝဆေးနည်းလေးကို စမ်းသပ်နိုင်ကြပါတယ်။

၁။ အာလူးတစ်လုံးကို စင်ကြယ်အောင်ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက် အကွင်းလိုက် လှီးလိုက်ပါ။

၂။ ညအိပ်ခါနီး နာနေတဲ့ ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစားသမားများသုံးတဲ့ အယ်လပ်စတစ် ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ (အဲဒီ ခါးပတ်မရှိသော်လည်း အဝတ်သန့်သန့်ဖြင့် အာလူးများ ကွာမသွားအောင် စည်းပေးထားပါ)။

မနက်အိပ်ယာထတဲ့အချိန် ၄င်းအာလူးများကို ခွာလိုက်လျှင် ခါးနာဝေဒနာကို ယူပစ်လိုက်သလို ပျောက်ကင်းသွားပါလိမ့်မည်။

လက်တွေ့ပျောက်ကင်းသွားသော မိတ်ဆွေများ အမြာက်အများရှိပြီမို့ ယုံကြည်စွာ သုံးကြည့်နိုင်ပါတယ်။

Credit original uploader
#မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

အရိုးပွရောဂါ၊ အရိုးပါးရောဂါ၊ အရိုးကြွပ်ရောဂါ၊ ခြေထောက်နှင့် ဒူး အရိုးအဆစ်တွေ မကောင်းတဲ့ရောဂါရှိရင်.........ဆိတ်ဖူးဥ သောက...
18/04/2025

အရိုးပွရောဂါ၊ အရိုးပါးရောဂါ၊ အရိုးကြွပ်ရောဂါ၊ ခြေထောက်နှင့် ဒူး အရိုးအဆစ်တွေ မကောင်းတဲ့ရောဂါရှိရင်.........

ဆိတ်ဖူးဥ သောက်ပါ။ တစ်လအတွင်း သက်သာလာပါလိမ့်မည်။ ဆရာဝန်တွေတောင် အံ့သြသွားပါတယ်။ တစ်ပတ်ကို သုံးရက်လောက်သောက်ပါ။ စမ်းသောက်ကြည့်ပါ။

ပါဝင်ပစ္စည်းများ......

1. ရေ 300 မီလီလီတာ
2. ဆိတ်ဖူးဥ 2 ကျပ်သား

ပြုလုပ်နည်း.....

1. ဆိတ်ဖူးဥကို ပြင်ဆင်ပါ။ သန့်စင်အောင် ရေသေချာဆေးကြောပြီး အတုံးသေးသေးလေးတွေ လှီးပါ။

2. ပြီးရင် ကြိတ်စက်ထဲထည့်ပါ။ ရေ 300 မီလီလီတာထည့်ပြီး နူးညံ့အောင်ကြိတ်ပါ။ ပြီးရင် ဇကာနဲ့စစ်ပြီး အရည်ကိုညှစ်ယူပါ။ (အရမ်းညှစ်မယ်ဆိုရင် ခါးသက်သွားနိုင်လို့ သတိထားညှစ်ပါ။)
ကြိတ်စက်မရှိရင် ထု၊ ထောင်းပြီးလုပ်လဲ ရပါတယ်။

3. သောက်တဲ့အခါမှာ ဆိတ်ဖူးဥကို ရေနဲ့ရောပါ။ သံပုရာရည်နဲ့ ပျားရည်အနည်းငယ်ထည့်ပါ။ တစ်နေ့ကို 1-2 ခွက်သောက်ပါ။ တစ်ပတ်ကို 2-3 ရက်လောက် သောက်ပေးပါ။ တစ်လပြည့်ရင် အရိုးသိပ်သည်းဆ တိုးတက်လာပါလိမ့်မယ်။

မှန်ကန်ပါတယ်.........!!!

Address

Yagon

Telephone

+959772517203

Website

Alerts

Be the first to know and let us send you an email when Health For Lady posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram