Health-Herbal Product

Health-Herbal Product Hanuman-Herbal Product

{ဆေးဘက်ဝင်မှန်းတော့သိတယ် အဲလောက်အကျိုးကျေးဇူးကြီးမှန်းမသိခဲ့}အဆိပ်အမျိုးမျိုးနှင့် ရောဂါ (၁၈) ပါး ကို ပျောက်ကင်းနိုင်သော...
20/10/2022

{ဆေးဘက်ဝင်မှန်းတော့သိတယ် အဲလောက်
အကျိုးကျေးဇူးကြီးမှန်းမသိခဲ့}
အဆိပ်အမျိုးမျိုးနှင့် ရောဂါ (၁၈) ပါး ကို ပျောက်ကင်းနိုင်သော ကြောင်လျှာသီး
ကြောင်လျှာရွက် ကြောင်လျှာပွင့်
👍👍👍👍👍👍👍👍👍👍👍👍👍👍
ကြောင်လျှာပင် (Indian Trumpet Flower , Raw Material , Oroxylum indicun Vent ,
Bignoniaceae)။ မြန်မာ့တိုင်ရင်းဆေးပညာ အသစ် တဖန် ပြန်လည်
ထွန်းကားပါစေသော်။ ကြောင်လေးပင် မြွေနှင့် အဆိပ်မျိုးမျိုး နိုင်နင်းသော ဆေး
ဖော်စပ်ရာ၌ အသုံးပြု ကြောင် တစ်ကောင် ခေါ်သည့် ကြောင်လျှာရွက်

(က) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက်
သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏

(ခ) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော်
အစာမကြေရောဂါ ပျောက်၏

(ဂ) ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက်
ကွဲနာ ပျောက်ပါတယ်

(ဃ) သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း
ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။

(င) အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊
၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏

(စ) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏

(ဆ) ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏

(ဇ) ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့်
အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့်
လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။

(စျ) ကြောင်လျှာသီး နှင့် ကြက်သား ရော ချက်စားပါက ပန်းနာရင်ကြပ်ရောဂါ ပျောက်၏

(ည) ကြောင်လျှာသီး နှင့် ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို
ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။

(ဋ) ကြောင်လျှာသီး နှင့် ပုစွန် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ
ပျောက်၏။

(ဌ) ကြောင်လျှာသီး နှင့် ငါးသလောက် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို
၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။

(ဍ) ကြောင်လျှာသီး နှင့် ငါးမြွေထိုး ချက်စားက ဒူလာသွေး၀မ်း မီးယပ်သွေး၀မ်း နှင့်
မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

(ဎ) ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာ၀င် မန်းလိုက်ခြင်း
ပျောက်ကင်းသည်

(ဏ) ကြောင်လျှာသီးကို (၇) ရက် နှစ်ခါ စားသော် သုတ်ခွန်အား တိုးပွားစေ၏၊
ဒေါသသုံးပါးကို ငြိမ်းစေ၏

(တ) ကြောင်လျှာ အခေါက်အမြစ် တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းသေ၊
တပိုင်းသေ၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ
သက်သာပျောက်ကင်း၏။

(ထ) ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ဆရွးသား၊ ထန်းလျက် ၁၂
ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင် လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့်
သောက်သော် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄-၅-၆
ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို
အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသည်။

(ဒ) ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း)သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့်
လည်းကောင်း၊ ရောစပ်၍ လျက်စားသော် ပန်းနာချောင်းဆိုးရောဂါသည် ပျောက်ကင်း၏။

(ဓ) ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော်
ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏

(န) ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍စစ်ပြီးနောက်
တစ်ကြိမ်လျှင် ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ၀မ်းမီးနုံ့ခြင်းကြောင့်ဖြစ်သော
အစာမကြေရောဂါ ပျောက်ကင်း၏

(ပ) ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်ဘိန်းဆိပ်သင့်သူများ
သက်သာပျောက်ကင်းသည်

(ဖ) ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို
ပလုတ်ကျင်းပေးခဲ့သော် ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။

(ဗ) ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျြော်ပီး တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာ
အတွက် ပျောက်ကင်း ၏

🕊❤️ညာဏ်ကြွယ်🕊crd

.           ***   #ဘောစကိုင်း  နဲ့ အဝေရာ  ***အနာဆွေးအနာအိုကြီးအတွက် ဘောစကိုင်းဘောစကိုင်းပင်ကို အဝေရာဟုလည်းခေါ်၏ သိသူတို့...
16/10/2022

. *** #ဘောစကိုင်း နဲ့ အဝေရာ ***

အနာဆွေးအနာအိုကြီးအတွက် ဘောစကိုင်း
ဘောစကိုင်းပင်ကို အဝေရာဟုလည်းခေါ်၏ သိသူတို့အကျိုးကများလှ၏။ အကြောင်းကရှိ၏
ပျောက်ကင်းတော့မှာ မဟုတ်ပါထင်ရသော အဒေါ်၏ခါးတွင်ပေါက်သော အနာမှာနှစ်ချီခဲ့လေသည်။
တဖြည်းဖြည်းလှိုက်စားလာကာ အနာတွင်းနက် စိတ်ပျက်ဖွယ်ဖြစ်ရသည်။မိဘဆွေမျိုးများ
အာလုံးစိတ်မကောင်းဖြစ်ရသည်။ဆရာစုံစွာ လက်လည်းကုန်လေပြီ။

အနာဟောင်းကြီး ဘောစကိုင်းဖြင့် ပျောက်ကင်းခဲ့သည်။
အင်္ဂလိပ်မြန်မာဆေးတို့ဖြင့် ဆေးပေါင်းခနေသော အနာသည်အလွန်ပေါပေါ လမ်းဘေးတောတွင်
ပေါက်သော ဘောစကိုင်းအရွက်ကကုစားပေးနိုင်ခဲ့
လေသည်။

ဘောစကိုင်းရွက်ကိုခူးပြီး ရေစင်အောင်ဆေးကာ ကြေညက်အောင်ထောင်းပြီး အနာတွင် အုံပေးခြင်း
ဖြစ်ပါသည်။ပြည်တရွဲရွဲ စိတ်ညစ်ဖွယ်အနာကြီးကို ဘောစကိုင်းရွက်ပြုတ်ရည်ဖြင့်နေစဉ် ဖန်ရည်ဆေး
ပေးခြင်း အရွက်အုံစည်းခြင်းသာဖြစ်သည်။
ပုံမှန်လုပ်ကိုင်းပေးရင်း(15)ရက်အကြာ အနာ
နုတ်ခမ်းဝအသားနု တက်လာကာ တဖြည်းဖြည်း
ခြောက်လာပြီး အပြီးတိုင်ပျောက်ကင်းခဲ့ပါသည်။

အနာဆွေးအနာအိုးကြီး ဘောစကိုင်းရွက်ဖြင့်
အမှန်ပျောက်ကင်းခဲ့ပါသည်ဆို၍ တင်ပြမိပါသည်။

အချို့ အနာဆွေး အနာအိုကြောင့် စိတ်ညစ်နေရပြီး
ဆေးခန်းပြသရန်အခက်ကြုံသူတို့ ဘောစကိုင်းရွက်ကို ဖန်ရည်ဆေးခြင်းကြိတ်အုံခြင်းဖြင့် ပျောက်ကင်း
စေပါကြောင်း။

ရဲမျိုးသူ(ဗောဓိမြိုင်)

 #သွားကိုက်_သွားနာ ပျောက်ကင်းလိုလျှင်..... 🦷 🦷 သွားကိုက် သွားနာ သွားပိုးစားရေစီးကမ်းပြိုစသည့်သွားဝေဒနာအမျိုးမျိုးကိုသက်သ...
11/10/2022

#သွားကိုက်_သွားနာ ပျောက်ကင်းလိုလျှင်..... 🦷 🦷

သွားကိုက် သွားနာ သွားပိုးစားရေစီးကမ်းပြိုစသည့်
သွားဝေဒနာအမျိုးမျိုးကိုသက်သာပျောက်ကင်းစေရန်
ဖန်းခါးသီးအစို{သို့မဟုတ် }
ဖန်းခါးသီးအခြောက်{၃}လုံးခန့်ကို
ထုထောင်းပါ....။

လေးညှင်းပွင့်{၃}ပွင့်ခန့်ရော၍ထုထောင်းပါ။
ဆားအနည်းငယ်လဲထည့်ပေးပါ။
ဖန်းခါးသီး လေးညှင်းပွင့်
ထုထောင်းပြီးသားအဖတ်များကို
ဖန်ခွက်ကြီးတွင်ထည့်၍
ရေနွေးကျက်ကျက်ဆူလောင်းထည့်ပါ။

ဖန်းခါးသီး လေးညှင်းပွင့်ဆား ရောစပ်ထားသော
ရေနွေးဖြင့်ပလုတ်ကျင်းပေးပါ။

မကြာခဏပြုလုပ်ပေးခြင်းအားဖြင့်
သွားကိုက် သွားနာ ရေစီးကမ်းပြို
သွားပိုးစားခြင်းဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်.. .....။

သွားပိုးပေါက်အတွင်းသို့
ဖန်းခါးသီး လေးညှင်းပွင့် ဆားရောစပ်ထားသော ပြုတ်ဖတ်ကလေးများကို{၃}မိနစ်ခန့်ထည့်ပေးပါ။
ကျောက်ချဉ်မှုန့်ထည့်ပေးထားပါက
သွားပိုးစား သွားကိုက် ဝေဒနာ ပျောက်ကင်းစေပါတယ်။

ဖန်းခါးသီး လေးညှင်းပွင့် ဆား ဆနွင်း ကျောက်ချဉ်မှုန့်ကလေးများလုပ်၍
ရေနွေကျက်ကျက်ဆူထည့် ခပ်နွေးနွေးလေး ငုံပေးပါက သွားနှင့်ပတ်သက်သော
ဝေဒနာ အမျိုးမျိုး သက်သာပျောက်ကင်း
ပါတယ်........။

, #လေပူတက်ခြင်း_အောက်လေမလည်ခြင်း_အဆီကျစေသည့်နည်း၁ ။ ရှောက်ရွက် ၇ ရွက်၊ ၂ ။ ကွမ်းရွက် ၃ ရွက် ၊၃ ။ သကြား ၂ဇွန်း၊ ၄ ။ ဆား ၁...
30/09/2022

, #လေပူတက်ခြင်း_အောက်လေမလည်ခြင်း_အဆီကျစေသည့်နည်း

၁ ။ ရှောက်ရွက် ၇ ရွက်၊

၂ ။ ကွမ်းရွက် ၃ ရွက် ၊

၃ ။ သကြား ၂ဇွန်း၊

၄ ။ ဆား ၁ဇွန်းလျော့လျော့ (ထမင်းစားဇွန်းနဲ့)

၅ ။ ရေအပြည့်ဖြည့်ပြီး ၁၀ ရက်ထား ၊

ပြီးရင် အရွက်တွေ ဖယ်ထားပြီး အစာမစားခင် အကြမ်းပန်းကန်တစ်ခွက် သောက်ပေးယုံဘဲ(အခန်းအပူချိန်ထဲဘဲထားရန်)၊

(အရွက်တွေမဖယ်ထားလဲဘာမှမဖြစ်ပါ ရာသီဥတုအရမ်းပူနေတော့ အရမ်းချဉ်စူးသွားမှာစိုးလို့၊ကိုယ်သောက်နိုင်ရင်ရပါတယ်)ရေခဲသေတ္တာထဲထည့်ထားရင်တော့ အချဉ်ဓါတ်က ထပ်မထွက်တော့ဘဲ ပိုသောက်ကောင်းပါတယ်

2005 /2006 ခုနှစ်လောက် မေမေ အရမ်းဝနေတုန်းက (ဆိုက္ကားပေါ်ထိုင်တာတောင် မဆန့်ဘူး)

ခြေထောက်ကလည်း ဘယ်ပြန် ညာပြန်ကျိုးထားတော့ ဖေဖေ့ညီမ တစ်ယောက်ကနေ ဒီနည်းလေးပေးခဲ့တာ၊(အဲ့အချိန်တုန်းက ကိုယ်တွေက မလိုအပ်ဘူး ဂျပိန်လေး ၊ လေတိုက်နေလို့ လိုက်ကာလွင့်တာနဲ့ ကုလားထိုင်လေးနဲ့ လိုက်ကာကိုဖိထိုင်တာ ကိုယ်ပါ လိုက် ရွေ့တယ်)😁

မေမေက ဇွဲရှိတယ် ပုံမှန်လေးသောက်ပေးတာ တကယ်ဘဲ ကိုယ်ရည်စစ်သွားတယ် (ကြာတဲ့လတော့ မမှတ်မိ) ၊ အာ့နဲ့ ကိုယ်က စဉ့်အိုးတွေနဲ့ ဖော်ပြီး ဘုန်းကြီးကျောင်း တချို့ ကို လှူတယ်

ဘုန်းဘုန်းတွေက လေ ရတယ် ၊ အညောင်းအညာ ပြေတယ် ၊တရားမှတ်လို့ ကောင်းတယ် ဆိုပြီး အမြဲမှာတယ် ကုသိုလ်ရတာပေါ့နော် ၊ အရသာလေးကလည်း သံပုရာရည်လိုလေး (ကိုယ်တော့ကြိုက်) ရုံးဝန်ထမ်းလုပ်နေချိန် ဆိုတော့အပိုငွေလေးဝင်အောင် ဆိုပြီး 1Ltr ရေသန့်တစ်ဗူးစာ ကို ၂၀၀ ကျပ်နဲ့ ရောင်းတယ်၊ အားပေးကြပါတယ်၊

ရုံးကတချို့ လူကြီးကတော် တွေဆို ပိုက်ဆံမပေးဘဲ မှာ မှာသောက် တာ၊ ကိုယ်ကလည်း လူကြီးကတော်ဆိုတော့ တောင်းရမှာ အားနာတာလေ၊ ပစ္စည်းသာကုန်တာ ငွေကမပေါ်လာ ၊ ကွမ်းရွက် တို့ သကြားတို့ကဈေးကြီး လာတာနဲ့ စိတ်နာပြီး ဆက်မလုပ်တော့တာ ခုထိ😂

ပြောတော့ပြောရှာပါတယ် သူ့ရှောက်ရည်လေးက သောက်လို့ကောင်းလိုက်တာ၊ လေက အထက်မတက်ဘဲ အောက်ကဘဲ ထွက်တာ ၊ဝမ်းလည်းမှန်လို့ နေလို့ကောင်းတယ် ပေါ့နေတာဘဲ ဆိုဆိုပြီး 😁

မနက်ရုံးသွားရင် စက်ဘီးခြင်းလေးထဲ ထည့်ယူသွားတာ လမ်းမှာဖိတ်သေးတာ အချဉ်ဓါတ်နဲ့ဆိုတော့ လဲလိုက်ရတဲ့ ခြင်း မရေတွက်နိုင်ဘူး အမြတ်တွေ အမြတ်တွေ😆 လူလည်းအချဉ်နံ့တွေစွဲလို့ 😊

ဆပ်ပြာလုပ်ရတာ အညောင်းမိ နေလို့မကောင်းတာနဲ့ ခုမှ ပြန်လုပ်သောက်တာ ၂ပုလင်းတော့ကုန်ပြီ၊ ၁၀ရက်ထားရတာ ဆိုတော့ ရက်လေးခြား ခြား ပြီး မပြတ်အောင် လုပ်ထားတယ်၊ဝမ်းမှန်ပြီး လေ ကတော့ အသားကုန်လည်တာ 😂😂😂

#စိတ်နာလို့မရောင်းဘူးနော်၊ ကြိုပြောထားတာ
#ရှောက်ရွက်နုရင်ပုပ်သွားပါတယ်အရွက်ရင့်တာဘဲသုံးရတာပါ

လေအထက်တက် ရင် လူကြားထဲ တစ်ဂေ့ဂေ့နဲ့ ဆိုတော့လေ အောက်ကလည်တော့ ကောင်းတာပေါ့ 😁

စိတ်ရှည်ရှည်နဲ့ လ နဲ့ ချီပြီး စွဲသောက်ရင် အဆီပါကျပါတယ်

Credit. .. Thandar Htwe
https://m.facebook.com/story.php?story_fbid=3266790570000381&id=1751559351523518
Edit. by. Via. Sai min thant

 #အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ                  အရိုး●အရိုးတွေ ချောင်လာတယ် ●ဒူးနာတတ်တယ်●ချဉ်ဆီခမ်းလို့ ဒူးချောင်တ...
29/09/2022

#အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ
အရိုး
●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

ကြွက်သား

■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက်အ
ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

အကြော. အဆစ်.

●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ်
( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

အတွင်းကလီစာများ

▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

▪~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း ညဖက်ဆီးခဏခဏ
သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

နှလုံး

နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော
တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check
သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

အသည်း

◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက်
အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)

ကျောက်ကပ်

¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

သရက်ရွက်

◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး
သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း
ကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ
( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်
သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး
ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ
(ရှောကနဲ အဖြောင့်လိုက်သွားပြီး
ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ
ထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် -
တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ
( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

အူမကြီး

● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်
( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်
( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ
(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ
ဒါမျိုးကကျန်းမာရင်ပြဿနာ
မရှိပါ။
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ
ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ
ထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား
မကောင်းတော့ဘူး ဗီတာမင်
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့

အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့်
ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။


အသက်ကြီးသူများလိုက်နာရန်

မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ
ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။

●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကို
များများသောက်ပေးပါ။

●လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ
မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး
သွားလာပါ။

●တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - မိမိကိုယ်ကို
လဲမကျအောင် တုတ်ကောက်
က အကူရသည်။

credit original
# ကျန်းမာရေး
mts

 #ဂေါက်ရောဂါကိုအစားအစာနဲ့ ကုသမယ် ===================ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစ...
27/09/2022

#ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

‌အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
‌တွေကြောင့်လို့သိရပါတယ်။


ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

‌ ၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
‌- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
‌ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

‌ ၂ - ငှက်ပျောသီး
‌- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

‌ ၃ - မုန်လာဥနီ
‌ - မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
‌လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

‌ ၄ - ချယ်ရီသီး
‌- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
‌အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

‌ ၅ - ရေ
‌ - ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
‌က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၆ - ပန်းသီး
‌- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
‌ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၇ - တရုတ်နံနံကြီး
‌ - ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
‌ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

‌ ၈ - ကြက်သွန်နီ
‌ - ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
‌လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

‌ ၉ - ရေနွေးကြမ်း
‌- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
‌ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

‌ ၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
‌ - ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
‌အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

‌ ၁၁ - ဘယ်ရီသီးများ
‌ - ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
‌တားဆီးပေးနိုင်ပါတယ်။


‌မစားသင့်သည့်အစားအစာများ

‌1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

‌2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

‌3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

‌4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

‌5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

‌6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

‌7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

‌8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

‌9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

ခရက်ဒစ်ပါ

နေမကောင်းလို့  ဆေးသောက်လဲ မပျောက်ပဲ ညောင်းညာကိုက်ခဲနေတာ  ယူပစ်သလို ပျောက်နည်း။ အိမ်တွင်း ကုထုံး တကယ်လက်တွေ့ ပါပါဝင် ပစ္စ...
26/09/2022

နေမကောင်းလို့ ဆေးသောက်လဲ မပျောက်ပဲ ညောင်းညာကိုက်ခဲနေတာ ယူပစ်သလို ပျောက်နည်း။
အိမ်တွင်း ကုထုံး တကယ်လက်တွေ့ ပါ

ပါဝင် ပစ္စည်း
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၁ လုံး
သံပုရာသီး ၂ လုံး
ဂျင်း ၂ တက်
ရှောက်ရွက်(သို့) သံပုရာရွက်
၁၀ ရွက် ၁၅ ရွက်ခန့်

အားလုံးကို အိုးတခုမှာ ရောပြီး
အိုးထဲ ရေတဝက်ကျော် ထည့်
ပြီးပြုတ်လိုက်ပါ။

ပွတ်ပွတ် ဆူလာတဲ့အခါ
အိုးကို ​ညီတဲ့နေရာမှာချ ဒူးထောင် ထိုင်ပြီး ၁၀ မိနစ်ခန့် စောင် ကို ခေါင်း မှ ခြေထိ
တကိုယ်လုံး ခြုံထားပါ။

မသုံးတဲ့ အိုးကို ခြေခွထိုင်ပီး
လုပ်ရင် ပိုကောင်းပါသည်။

ချွေးတွေ တစ်ကိုယ်လုံး
ရေလောင်းထားသလို ချွေးထွက်
လာပါမယ်။

တော်တော်ကို နေလို့ကောင်းသွားတယ်။ ညောင်းညာ ကိုက်ခဲတာ
အကုန်ပျောက်။

မသွန်ပစ်ပဲ ၅ ခါ ၆ ခါ လုပ်လို့
ရပါတယ်။

ပူအောင် ပြန်နွေးရမှာပါ
အဖျားပါ ပျောက်သွားတယ်။

ဆေးသောက်တာ ကြာပြီ
မပျောက်ဘူး
ခုမှ နေလို့ကောင်းသွားတော့တယ်။

Edit - ပြီးရင် Royal D လေး
တစ်ထုပ်လောက် သောက်ပါ။

Courtesy - NayYaung

25/09/2022

ဂုတ်ကျီးပေါင်းဝေဒနာခံစားနေရပြီဆိုရင် ယေဘူယျအားဖြင့် ဘယ်လိုရောဂါ လက္ခဏာတွေခံစားရလေ့ရှိလဲ?....................ကိုယ်အတွက်အကျိုးရှိတယ်ဆိုရင် like and shareလေးလုပ်သွားပေးလို့ရပါတယ်

" လည်ဆစ်(ဂုတ်)ကျီးပေါင်းကြောင့် အာရုံကြောပိမိခြင်း "••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••...
25/09/2022

" လည်ဆစ်(ဂုတ်)ကျီးပေါင်းကြောင့် အာရုံကြောပိမိခြင်း "
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ဇက် (လည်ပင်း)တွင် တစ်ခုပေါ် တစ်ခုထပ်လျက် အရိုး အဆစ်ကြီး ခုနစ်ဆစ်ရှိသည်။ အဆစ်နှစ်ခုကြားတိုင်းမှ ဘယ် ညာတစ်ဖက်စီသို့ အာရုံကြောများထွက်သည်။ ထို အာရုံ ကြောများမှ အလုပ်လုပ်ပေးသဖြင့် ဇက်လှည့်ခြင်း၊ ခေါင်းမော့ ခြင်း၊ ခေါင်းငုံ့ခြင်း၊ လက်နှစ်ဖက် လှုပ်ရှားမှုစသည်များကို ထိန်းချုပ်ပေးသည်။ အနုစိတ်လက်ချောင်းကလေး တစ်ချောင်း ၏ ထိပ်တွင် ကျဉ်နေသည်ကအစ ကျီးပေါင်းတက်ရောဂါနှင့် ဆိုင်သည်။

အချို့သူများသည် ဇက်ကြောတက်ခြင်း၊ ဇက်ညောင်း ခြင်းမဖြစ်ကြသော်လည်း ညအိပ်ရာဝင် ခေါင်းအုံးပေါ် ဇက်တင် ပြီးဖိလိုက်သည်နှင့် တစ်နာရီခန့် ကြာသောအခါ လက်တစ်ဖက် ဖြစ်စေ၊ နှစ်ဖက် လုံး ဖြစ်စေကျဉ်ပြီး နိုးလာတတ်သည်။ ဤ သည်မှာဇက်ကျီးပေါင်းနှင့် အာရုံကြောပိမိသည့် လက္ခဏာပင် ဖြစ်သည်။

အကြောအဆစ် ပညာရှင်များ၏ သုတေသနအရ-

လည်ပင်းရိုးဆစ် Cervicalကိုအတိုအားဖြင့် (c) ဟု မှတ်သားပါ။ ဦးခေါင်းမှ စထွက်သောအဆစ် ကို C1 ဟု စမှတ်ပြီး တစ်ခုပြီးတစ်ခု C2, C3, C4, C5, C6, C7ဟု မှတ်သွားရန်ဖြစ်သည်။

အကယ်၍ လည်ပင်းရိုးဆစ် နှစ်ခုကြားတွင် ကျီးပေါင်း တက်ပြီး အရွတ်နုကို ပွန်းစားသဖြင့် အာရုံကြောကို ပိမိလျှင် ခံစားရမည့် နောက်ဆက်တွဲလက္ခဏာများမှာ-

အာရုံကြောညပ်ခြင်းတွင် ရောဂါ၏ အတိမ်အနက်ပေါ် မူတည်၍ ကျဉ်ခြင်း၊ ထုံခြင်း၊ နာခြင်း၊ အောင့်ခြင်း၊ ကိုက်ခဲခြင်းတို့ ဖြစ်ပေါ် ခံစားရပေသည်။လည်ဆစ် ကျီးပေါင်းတက်တဲ့အဆစ်ပေါ်မူတည်ပြီး နာကျင်မှုဧရိယာလည်းကွဲပြားတတ်ပါတယ်

၁။ C1-C2 ကြားတွင် အာရုံကြောညပ်လျှင် နောက်စေ့အထက် ဦးခေါင်းတစ်ခုလုံး ဘယ်ညာ၊ ဘယ်ညာနားရွက် အောက်မှ မေးရိုးတစ်လျှောက်၊

၂။C2-C3 ကြားတွင် အာရုံကြောညပ်လျှင် နောက်စေ့အောက် ကုပ်ဆက်အထက် လည်ဇလုတ်အထိ၊

၃။C3-C4 ကြားတွင် အာရုံကြောညပ်လျှင် လည်ဂုပ်အထက် နားမှ ဘယ်ညာညှပ်ရိုးအထက် ဧရိယာအထိ၊

၄။C4-C5 ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ်ဆက်မှ ဘယ်ညာပခုံးကြောဧရိယာအထိ၊

၅။C5-C6 ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ်ဆက် အောက်မှ ဘယ်ညာညှပ်ရိုးအောက်၊

၆။C6-C7 ကြားတွင် အာရုံကြောညပ်လျှင် ဘယ်ညာလက်ပြင် အထက်နားမှလက်မောင်း၊ လက်ဖျံရှေ့နောက် အပြင် ဘေးတစ်လျှောက်မှ လက်ညှိုး၊ လက်ခလယ် သို့၊

၇။C7-T1 ကြားတွင် အာရုံကြောညပ်လျှင် ဘယ်ညာလက်ပြင် အလယ်မှ လက် မောင်း၊ လက်ဖျံရှေ့နောက်၊ အတွင်း ဘေးတစ်လျှောက်မှ လက်သန်း၊ လက်သူကြွယ်အထိ။

💢 ခံစားရတဲ့လက္ခဏာအများစုကတော့
========================

၁။ဇက်ကြောတင်းခြင်း၊ တက်ခြင်း။

၂။လည်ပင်းရိုးဆစ် တောင့်တင်းပြီး အနေခက်ခြင်း။

၃။ခေါင်းငုံ့ အာရုံစိုက်ရသည့် အလုပ်ကို ကြာရှည် မလုပ်နိုင်ခြင်း။

၄။လက်မောင်းနှင့် ပခုံးဆစ်တွင်ပါ ကိုက်ခဲခြင်း။ လက် မောင်းကပ်ခြင်း။

၅။ ခေါင်းဘယ်ညာလှည့်လျှင် ခေါင်းငုံ့လျှင်၊ ခေါင်းမော့ လျှင် ချာချာလည်မူးခြင်း၊အန်ခြင်း။

၆။ညအိပ်လျှင် ခေါင်းအုံးပေါ် ခေါင်းချပြီးနောက် တစ် နာရီခန့်အကြာ၌ လက်များတွင် ထုံကျဉ်ပြီး လန့် နိုးခြင်း။

🚫 ရှောင်ကြဉ်ရမည့် အရာတွေကတော့🚫
=========================

၁။ ခေါင်းငုံ့ပြီး၊ မော့ပြီး ကြာရှည်လုပ်ရသော အလုပ် များကို ရှောင်ကြဉ်ရန်။
အကယ်၍ မလွှဲမရှောင်သာ၍ လုပ်ရပါကလည်း တစ်နာရီ ကြာလျှင် ၁ဝ မိနစ်ခန့် အနားယူပေးရန် လိုအပ်ပါသည်။

၂။ ကုလားထိုင်၊ တန်းလျားများပေါ်တွင် ဇက်တင်ပြီး ဖြစ်စေ၊ ခွေခေါက်ပြီးဖြစ်စေ အိပ်ပျော်ခြင်းကို ရှောင်ကြဉ်ပါ။

၃။ခေါင်းပေါ်တွင် အလေးအပင်ရွက်ခြင်း၊ အထူးသဖြင့် ၁ဝ ပိဿာထက် ပိုသောအလေးအပင်ကို ရွက် ခြင်းမှ ရှောင်ကြဉ်ပါ။

၄။ ပန်ကာအသုံးပြုပြီး ထိုင်အလုပ်လုပ်နေသူများ သည် မိမိခေါင်းပေါ် တည့်တည့်မှာ ပန်ကာဖွင့်ခြင်း မပြုသင့်ပါ။

၅။ ဇက်ကြောတက်ခြင်းကြောင့် အနှိပ်ခံခြင်း ခေါင်း လျှော်ချိန်တွင် ရေလောင်းပြီးဇက်ကြောနှိပ်ခြင်း များ မပြုလုပ်သင့်ပါ။

လည်ဆစ်ကျီးပေါင်းကို သက်သာစေသည့်လေ့ကျင့်ခန်း
================================

၁ - ပုခုံးအား မလှုပ်ရှားစေဘဲ မေးစေ့နှင့် ရင်ဘတ်အား တတ်နိုင်သမျှ ထိကပ်ပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပါ။
- တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။

၂ - ပုခုံးအား မလှုပ်ရှားစေဘဲ မျက်နှာကြက်ပေါ်သို့ တတ်နိုင်သမျှ မော့ကြပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပါ။
- တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။

၃ - ပုခုံးအား ငြိမ်ငြိမ်ထား၍မေးစေ့အား ပုခုံးတဖက်သို့
ကြည့်ပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ဘယ် ညာ ၁၀ ကြိမ်စီလုပ်ပါ။
- တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။

၄ - ပုခုံးအား ငြိမ်ငြိမ်ထား၍ နားရွက်နှင့် ပုခုံးအား ထိကပ်နိုင်သမျှ ထိကပ်ပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ဘယ်ဘက် ၁၀ ခါ ညာဘက် ၁၀ ခါ ပြုလုပ်ပါ
- တနေ့ ၃ ကြိမ်ပြုလုပ်ပါ။ ။

to တိုင်းရင်‌ဆေးပညာအကြောင်းသိကောင်းစရာ
____________________________________

-- body Weight တစ်ခုလုံးကို ထမ်းထားရတဲ့ဒူးမကောင်းရင် ဘာလုပ်လုပ်အဆင်မပြေဘူး😭-ဒူးနာ ဒူးကိုက်လို့စိတ်ညစ်နေပြီလား ?ဘေးထွက်ဆိ...
22/09/2022

-- body Weight တစ်ခုလုံးကို ထမ်းထားရတဲ့ဒူးမကောင်းရင် ဘာလုပ်လုပ်အဆင်မပြေဘူး😭
-ဒူးနာ ဒူးကိုက်လို့စိတ်ညစ်နေပြီလား ?ဘေးထွက်ဆိုးကျိုးကြောက်လို့ ရေရှည် ဆေးထိုး ဆေးသောက်မလုပ်ချင်တဲ့သူ/သက်ကြီးရွယ်အို

မိခင်/ဖခင် အဖိုး/အဖွားတွေအတွက် ဘေးထွက်ဆိုးကျိုးမရှိတဲ့ တိုင်းရင်းဆေးကပ်ခွါနဲ့လိမ်းဆီ အသုံးပြုပြီသက်သာမူ့ယူပေးလို့ရပါတယ်

-ထိခိုက်မိသောကြောင့်ဖြစ်သောဒူးနာခြင်း

-ကျီးပေါင်းကြောင့်ဖြစ်သောဒူးနာခြင်း

-ဒူးအရွတ်ယောင်သောကြောင့်ဖြစ်သောဒူးနာခြင်း

-ဂေါက်ရောဂါ လေးဘက်နာ စသောအဆစ်ယောင်ရောဂါတမျိုးမျိုးကြောင့်ဖြစ်သောဒူးနာခြင်း

-အရိုးပွခြင်းကြောင့်ဖြစ်သောဒူးနာခြင်း

- အရွတ်အားနည်းခြင်း ချဉ်ဆီအားနည်းခြင်းကြောင့် ဖြစ်သောဒူးနာခြင်းတွေအားလုံးအတွက် အသုံးပြုလို့ရပါတယ်

-သုံးရတာလဲလွယ်ကူရိုးရှင်းပါတယ် နာနေတဲ့ဒူးနေရာ ဆေးကပ်ခွါကပ်ပေးလိုက်ယုံနဲ့သက်သာတယ်ဆိုတော့ ပိုအဆင်ပြေတာပေါ့
-လိမ်းဆီကိုနေ့လည်ခင်းအချိန်မှာလိမ်း ညအိပ်ချိန်ကိုဆေးကပ်ခွါကပ် နေ့/ည ဝေဒနာကိုကုသတော့ ဝေဒနာသက်သာတာလဲပိုမြန်တာပေါ့😍

#ဟာနုမာန်တိုင်းရင်းဆေးကပ်ခွါ တစ်ထုပ်မှာ ဆေး၁၀ခုနဲ့ခြေစိမ်ဆေးတစ်ထုပ်အပိုပါပါတယ် ၁၉၅၀၀ကျပ်ပါ(တိုင်းရင်းဆေးဖြစ်သည့်အတွက် ဆေးပတ်လည်ဖို​့ နာတာရှည်ဒူးနာသမားများ ၂ပတ်နဲ့အထက်ကပ်ရပါမယ်)

#လိမ်းဆီ ၁ဗူး(၃ပတ်လောက်)အသုံးခံပါတယ် ၁၉၅၀၀ကျပ်ပါ
ဒီလက promotionဈေးချပေးထားတာလဲရှိသေးတာဆိုတော့ သုံးစွဲသူအတွက်ပိုပြီးလဲအဆင်ပြေတာပေါ့

-မြန်မာနိုင်ငံအတွင်းက မြို့ပေါင်း၃၀၀ကျော်ကို အိမ်ရောက်ငွေချေစနစ်နဲ့ပို့ပေးတာဆိုတော့ ပိုပြီတောင်အဆင်ပြေပြန်ရော

-လိုအပ်လို့မှာယူချင်တယ်ဆိုရင်တော့ မင်မင်ရဲ့ ဖုန်းနံပါတ် ☎️☎️09427447418ကိုဆက်သွယ်ဝယ်ယူနိုင်သလို page messagerကတစ်ဆင့်လဲဆက်သွယ်ဝယ်ယူနိုင်ပါတယ်
ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
အမှတ် 225B ဝေပုလ္လ5လမ်း ဃ-ရပ်ကွက် မြောက်ဥက္ကလာ

မှာလာရောက်ဝယ်ယူနိုင်ပါတယ်
ိုင်းရင်းဆေးကပ်ခွါနဲ့လိမ်းဆီ


ပုံခရက်ဒစ်

ဆေးနည်းတွေလဲအများကြီးစမ်းသုံးပြီးပြီး ဆေးခန်းတွေလဲစုံလှပြီ ဘာမှမထူးခြားဘူးဆိုတဲ့သူတွေ အများကြီးတွေ့ဖူးပါတယ်လည်ဆစ်နှင့်ပခ...
22/09/2022

ဆေးနည်းတွေလဲအများကြီးစမ်းသုံးပြီးပြီး ဆေးခန်းတွေလဲစုံလှပြီ ဘာမှမထူးခြားဘူးဆိုတဲ့သူတွေ အများကြီးတွေ့ဖူးပါတယ်

လည်ဆစ်နှင့်ပခုံးဆစ်ရိုးကျီးပေါင်းရောဂါ လက္ခဏာများ
-------------------------------------------------------------
၁. ဇက်ကြောတင်း၍ ထိုးခြင်း

၂. ဇက်အတွင်း ဆုတ်ဆွဲထားသကဲ့သို့ ဖြစ်ခြင်း

၃. ဦးခေါင်းထဲ၌ မိုက်ခနဲ မူးဝေခြင်း / ချာချာလည် မူးခြင်း

၄. နောက်ကျောတင်းခြင်း / ထိုးခြင်း / အောင့်နာခြင်း

၅. ခေါင်းငုံ့လျှင် လက်ပြင်ကြော / နောက်ကြောနှင့် ဇက်ကြောများ ဆွဲထားသလိုဖြစ်ခြင်း

၆. လက်ပြင်ငုပ်ခြင်း / အောင့်နာခြင်း

၇. အုံးလွဲသကဲ့သို့ ခံစားရခြင်း

၈. ဇက် / လက်ပြင်တဝိုက် ပခုံးလက်မောင်းများ၊လက်ချောင်းများ ကိုက်ခဲနာကျဉ်ခြင်း

၉. ဇက်ခိုင်ခြင်း / ဇက်ငုံ့မရခြင်း / ဘယ်ညာ လှည့်မရခြင်း

၁၀. ခေါင်း / နားထင်ကြောများ ကိုက်ခြင်း / ဦးခေါင်းတခုလုံး အုံခဲနေခြင်း

၁၁. ပျို့အန်ခြင်း

၁၂. ခေါင်းမကြည်လင် / စိတ်မကြည်လင်ခြင်း

၁၃. သတိမေ့တတ်ခြင်း / ရုတ်တရက် သတိလစ်တတ်ခြင်း

၁၄. တကိုယ်လုံး လေးလံထိုင်းမှိုင်းနေပြီး လက်ခြေများ အားမရှိသကဲ့သို့ ခံစားရခြင်း

၁၅. ဇက် / ပခုံး လက်ပြင်တဝိုက် ရောင်နေတတ်ခြင်း / လက်မြှောက်မရခြင်း

၁၆. မျက်စိ / နား အာရုံကြောများ အားနည်းခြင်း

၁၇. အာရုံကြော ကြွက်သားများ အားနည်းနေတတ်ခြင်းစသည့် လက္ခဏာ အားလုံသော်လည်းကောင်း / အခ်ျု့ တဝက်သော်လည်းကောင်း မိမိတွင် ဖြစ်ပေါ် ခံစားနေရလျှင် ဇက်နှင့်ပခုံးဆစ်ရိုး ကျီးပေါင်း ရောဂါဖြစ်ရန် ရာခိုင်နှုန်းများနေသည့်အတွက် နီးစပ်ရာ ကျွမ်းကျင်သော သမားတော်များနှင့် စောလျင်စွာ ဆေးကုသရန်လိုအပ်ပါသည် ။

မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံး ကုထုံးဖြစ်ပါသည်။ မိမိတွင် ဖြစ်ပေါ် စွဲကပ်လာပါက အစားအသောက် အနေအထိုင်များကို ဆောင်သင့်ရာ ဆောင်၍ ရှောင်သင့်ရာ ရှောင်ရန် လိုအပ်မည်ဖြစ်သည်။
Crd တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ
Crd photo

#ကျီးပေါင်းဝေဒနာခံစားရပြီဆိုပါက ဆေးထိုးဆေးသောက်မလုပ်ချင်သူ အစာအိမ်ရောဂါအခံရှိသူ ကျောက်ကပ်မကောင်းသူများအနေဖြင့်

ိုင်းရင်းဆေးကပ်ခွါနဲ့လိမ်းဆီကိုအသုံးပြုလို့ရပါတယ် ထိုင်းနိုင်ငံမှာလဲနာမည်ကြီးလူသုံးများသလို မြန်မာပြည်တွင်းမှာလဲအသုံးများလာတဲ့ တိုင်းရင်းဆေးဖြစ်ပါတယ်

သဘာဝကုန်ကြမ်းများနဲ့ထုပ်လုပ်ထားတဲ့ #တိုင်းရင်းဆေးဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူးခင်ဗျာ

ဆေးကပ်ခွါနှင့်လိမ်းဆီက အကြောနှင့်ကြွက်သာတင်းတာကိုပြေစေသလို အရိုးအဆစ်နာကျင်ကိုက်ခဲတာ ကျီးပေါင်းကြောင့် ခေါင်းမူး ခေါင်းကိုက်တာကိုလဲသက်သာစေပါတယ်

နေ့ဘက်ကိုဆေးလိမ်းပြီ ညဘက်ကိုဆေးကပ် အနေအထိုင် အစားအသောက်ကိုပါဂရုစိုက်ပါက မိတ်ဆွေတို့လိုချင်တယ် ရလဒ်ကိုအမြန်ဆုံး ရလာစေမှာပါ💯

#ကပ်ခွါ၁ဗူးတွင် ဆေးကပ်ခွါ၁၀ခုခြေစိမ်ဆေးတစ်ထုပ်ပါပါတယ်
ဈေးနှုန်းက၁၆၅၀၀ကျပ်ပါ

ိမ်းဆီ ၁ဗူး ၁၆၅၀၀ကျပ်ပါ

ကျီးပေါင်းဖြစ်တဲ့လက္ခဏာပေါ်မူတည်ပြီ ဆေးလိမ်း ဆေးကပ်ရမယ့်ပုံစံ ဆေးဗူးရေကွာဟမူ့ရှိပါမယ် ဝေဒနာအကြောင်းအရင်ဆွေးနွေးပါ လိုအပ်တဲ့ အကြံအဉာဏ် လုပ်ရမယ့်လေ့ကျင့်ခန်း ရှောင်ရမယ့်အစားအသောက်တွေပါပြောပေးပါမယ်နော်

ဆေးကပ်ခွါနဲ့လိမ်းဆီကို Page Cb ကနေတစ်ဆင့်ဝယ်ယူနိုင်သလို ☎️☎️09427447418 ☎️☎️09891136813ကိုဆက်သွယ်ပြီလဲဝယ်ယူနိုင်ပါတယ်

အိမ်မှာလာရောက်ဝယ်ယူချင်သူများ အမှတ်225B ဝေပုလ္လ5လမ်း ဃ_ရပ်ကွက် မြောက်ဥက္ကလာမှာလာရောက်ဝယ်ယူနိုင်သလို အိမ်ရောက်ငွေချေစနစ်ဖြင့်လဲပို့ပေးပါတယ်နော်



#ဂုတ်ကျီးပေါင်း
ခရက်ဒစ်photo

...ဂုတ်ကျီးပေါင်း/ခါးကျီးပေါင်း/ဒူးကျီးပေါင်း ရောဂါလက္ခဏာများ... #ဂုတ်ကျီးပေါင်း-ဇက်ကြောတစ်ဝိုက်တင်ပြီး ထိုးခြင်း-ဇက်အတွ...
22/09/2022

...ဂုတ်ကျီးပေါင်း/ခါးကျီးပေါင်း/ဒူးကျီးပေါင်း ရောဂါလက္ခဏာများ...

#ဂုတ်ကျီးပေါင်း
-ဇက်ကြောတစ်ဝိုက်တင်ပြီး ထိုးခြင်း
-ဇက်အတွင်း ဆုတ်ဆွဲထားသကဲ့သို့ဖြစ်ခြင်း
-ဦခေါင်အတွင်း မိုက်ကနဲမူးဝေခြင်း
-နောက်ကြော တင်းခြင်း/ထိုးခြင်း/အောင့်ခြင်း
-ခေါင်းငုံလျှင် လက်ပြင်ကြော/နောက်ကြောနှင့်ဇက်ကြောများ ဆွဲထားသကဲ့သို့ဖြစ်ခြင်း
-ဇက် လက်ပြင်တစ်ဝိုက် ပခုံး လက်မောင်း/လက်ချောင်းများကိုက်ခြင်း
-ပျို့အန်ခြင်း/ခေါင်းမကြည်လင်/စိတ်မကြည်မလင်ဖြစ်ခြင်း
-တစ်ကိုယ်လုံး လေးလံပြီး ခြေ/လက် အားမရှိသကဲ့သို့ခံစားရခြင်း

#ခါးကျီးပေါင်း....

-ခါးနာမူ့မပျောက်ပဲ တစ်ဖြေးဖြေးပိန်လာခြင်း/ညဘက်ဇောချွေးထွက်ခြင်း/ဆီး ဝမ်းမထိန်းနိုင်တာတွေဖြစ်တတ်ပါတယ်

-တစ်ခုခုထိခိုက်မိခြင်းကြောင့်သော်လည်ကောင်း တစ်ခြားသောအကြောင်းအရာတွေကြောင့် ခါးဆစ်ရိုးတစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ အရိုးပြားလေးတွေပျက်စီးလာတတ်ပါတယ်
-ခါးဆစ်နေရာကနာတာ ကျောရိုးမကြီးတစ်လျှောက်မှာလဲနာတတ်သလို တင်ပခွက်ကိုက်တာ/နာတာ ပေါင် ဘယ် ညာ ၂ဖက်စလုံးကိုသွားတဲ့ အာရုံကြောကိုထောက်မိတဲ့အတွက် ပေါင်အတွင်ပိုင်းကိုက်တာ ခန္ဒာကိုယ်အောက်ပိုင်းအားနဲတာမျိုးတွေဖြစ်တတ်ပါတယ် (ကြာကြာမထိုင်နိုင်/ကြာကြာမရပ်နိုင်/လမ်းအကြာကြီးမလျှောက်နိုင်)

#ဒူးကျီးပေါင်း(ဒူးမှာရှိတဲ့ အရိုးနုတဖြေးဖြေးပါးလာခြင်း)

-ဒူးနာတဲ့အကြောင်းရင်းများစွာရှိတဲ့ထဲမှာ အရိုးနုပါးတာကအဖြစ်များပါတယ်

-အသက်အရွယ်ကြီးလာလို့ဖြစ်ဖြစ်
-Body Weight များလာလို့ဖြစ်ဖြစ် ဒူးမှာရှိတဲ့အရိုးနုတွေဒဏ်ဖြစ်လာတတ်ပါတယ် ဒူးမှာရှိတဲ့ အရိုးနုများ တဖြေးဖြေးပါးလာ ပွတ်တိုက်မူ့များလာပြီ အရိုးအတက်တွေ ဒူးတစ်ခုလုံးထွက်လာချိန်မှာ ဒူးနာပြီ လူပ်ရှားမူ့အခက်အခဲဖြစ်ကာ ကြွက်သားများအားနဲလာတတ်ပါတယ် ဒူးအကွေးအဆန့်ခက်ခြင်း/အကွေ့အဆန့်လုပ်ချိန် အသံမြည်ခြင်းတွေလဲဖြစ်တတ်ပါတယ်
.......ကုသမူ့အပိုင်း......

#ကျီးပေါင်းကြောင့် နာကျင်ကိုက်ခဲလာလျှင် NSAID လိုအကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပေမယ့် ရေရှည်အတွက်တော့ အဆင်မပြေနိုင်ပါဘူး

#တကယ်လို့ ကိုယ်က ဘေးထွက်ဆိုးကျိုးကြောက်လို့ ဆေးထိုး ဆေးသောက်မလုပ်ချင်တဲ့သူတွေအတွက်က အရမ်းကိုနာမည်ကြီးနေတဲ့ ဟာနုမာန် ကျီးပေါင်း ဆေးကပ်ခွါနဲ့လိမ်းဆီကို အသုံးပြုလို့ရပါတယ်

ဟာန်နုမာန် တိုင်းရင်းဆေးကပ်ခွါတွင်ပါဝင်တဲ့ ပါဝင်ပစ္စည်းများက ဘေးထွက်ဆိုးကျိုးမရှိလို့ စိတ်ချလက်ချအသုံးပြုလို့ရပါတယ်

ဟာန်နုမာန်တိုင်းရင်ဆေးကပ်ခွါကို ကျီးပေါင်းတက်တဲ့နေရာကို တိုက်ရိုက်ကပ်ပေးလို့ရသလို လက်ထုံကျင်ခြင်း ကျီးပေါင်းကြောင့်ခန္ဒာက်ိုယ်အောက်ပိုင်းအားနဲတာတွေအတွက် ခြေဖဝါး လက်ဖဝါးအလယ်ကိုကပ်ပေးခြင်းဖြစ်လဲသက်သာမူ့ယူလို့ရပါတယ်

#ဆေးကပ်ခွါတစ်ထုပ်တွင် ဆေး၁၀ခုနဲ့ခြေစိမ်ဆေးတစ်ထုပ်ပါဝင်ပါတယ်
၁၉၅၀၀ကျပ်ပါ(၃လအထက်ကျီးပေါင်းသမားများ ၃ပတ်နဲ့အထက်ကပ်ရပါတယ်
#ဟာနုမာန်လိမ်းဆီ၁ဗူး ၁၉၅၀၀ကျပ်ပါ

☎️☎️09427447418☎️☎️09891136813ကိုဆက်သွယ်ဝယ်ယူနိုင်သလို page cbကနေတစ်ဆင့်လဲ စာပို့ပြီ ဝယ်ယူနိုင်ပါတယ်

ရန်ကုန်တွင်းအိမ်မှာလာရောက်ဝယ်ယူချင်ပါက အမှတ် 225B ဝေပုလ္လ5လမ်း ဃ-ရပ်ကွက် မြောက်ဥက္ကလာ လာရောပ်ဝယ်ယူနိုင်ပါတယ်

ကျန်းမာပျော်ရွှင်သောဘဝပိုင်ဆိုင်နိုင်ကြပါစေ🙏🙏



Address

Yagon

Telephone

+959891136813

Website

Alerts

Be the first to know and let us send you an email when Health-Herbal Product posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health-Herbal Product:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram