12/11/2024
🔷 မိုးရာသီအလွန် သတိပြုစရာ ဝမ်းရောဂါ
ဒီရက်ပိုင်း ရာသီဥတု က မိုးတွင်းပြီးတယ်ဆိုပေမဲ့လည်း သတိထား ပြီး နေထိုင်စားသောက်သင့်ပါတယ်
အခန့်မသင့်လို့ မသန့်ရှင်းတဲ့ အစားအစာ တွေ စားမိပြန်ရင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါ က အလွယ်တကူဖြစ်လာနိုင်တဲ့ အပြင် ပူလွန်းအားကြီးတော့ ရေဓါတ်ပိုမို ဆုံးရှုံးပြီး ဝမ်းပါလျှော တော့ ရေဓါတ် ခမ်းခြောက်တာမျိုး ဖြစ်တတ်ပါတယ်။ကူးစက်မှုများနိုင်သည့် ရောဂါအမျိုးအစားဖြစ်ပြီး အဓိက ရေ ၊ အစားအသောက်နှင့် မစင်ကနေ ကူးစက်တတ်ခြင်းဖြစ်သည် ဟုဆိုသည်။
လမ်းဘေးစာ - အသုပ်တွေ၊ လှီးပြီးသား အသီးတွေ၊ လက်လုပ်ချဉ်၊ အချဉ်ပေါင်း တွေက အခုချိန်မှာ ဝမ်းပျက်စေနိုင်တဲ့ ဇာတ်လမ်း အစ ဖြစ်လာနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှော ရောဂါက ပေါ့လို့မရပါဘူး။ ဖြစ်နေကြပဲ ပေါ့ပေါ့တန်တန် နေလိုက်ရင် အသက်ပါ ပေးသွားရနိုင်ပါတယ်။ အခု ခေတ်မှာ တော့ အဲ့လို အဖြစ်အပျက် တွေ က ရှားသွားပြီ ဆိုပေမယ့် ဘယ်အရာမှ မပေါ့ဆသင့်ပါဘူး ….
👉👉👉👉 ဝမ်းလျှောရင် အရေးအကြီးဆုံးကတော့ ဓါတ်ဆားရည် ပါ။ သေချာတိုက်ပေးဖို့ ဘိုအပ်ပါတယ်။ ရေဓါတ် အရမ်းနည်းလာရင် (dehydration) အသက်အန္တရာယ် ပါစိုးရိမ်ရပါတယ်။
ဝမ်းရောဂါကူးစက်ပါက
ဝမ်းလျောဝမ်းပျက်ဖြစ်ခြင်း ၊
အော့အန်ခြင်းများဖြစ်ပွားကာ ရေဓာတ်အလွန်အမင်းဆုံးရှုံးခြင်း
သွေးတွင်းဓာတ် ၊ ဆားဓာတ် မမျှတော့သဖြင့် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်
ရေဓါတ် ဆုံးရှုံးခြင်း (Dehydration) လက္ခဏာ များ
1. ခေါင်းမူးခြင်း
2. ရေ ခဏခဏ ဆာခြင်း
3. ဆီးအရောင် ရင့်လာခြင်း (တခါတလေ လိမ္မော် ရင့်ရင့် အရောင် ပါ တွေ့ရတတ်သည်)
4. ဆီးနည်းသွားခြင်း
5. နှုံးလာခြင်း
6. မျက်တွင်းချိုင့်လာခြင်း
7. နှုတ်ခမ်း၊ ပါးစပ်၊ လျှာ ခြောက်လာခြင်း စတာတွေ တွေ့ရပြီဆို ဓါတ်ဆားရည် သောက်ဖို့ လိုအပ်လာပါပြီ။ ပြင်းထန်ပါက သက်ဆိုင်ရာ ကျန်းမာရေး ဌာန ကို သွားရပါမယ်။
👉 တခြား ကိုယ်ခံအားကောင်းလာအောင် ဘာတွေ စားပေးသင့်လဲ….?
1. ဗီတာမင်စီ ပါဝင်တဲ့ အစားအစာ၊ ရေဓါတ်ဖြည့် အချိုရည် / ဓါတ်ဆားရည် စတာတွေ တိုက်ပေးပါ
2. ဗီတာမင်စီများတဲ့ အသီးများ မာလကာသီး၊ နာနတ်သီး၊ ဘယ်ရီသီး၊ စပျစ်သီး လိုမျိုးကျွေးပေးပါ။ ရာသီ အကူးအပြောင်းမှ ဖြစ်တတ်တဲ့ နှာစေးချောင်းဆိုး အပြင် အစားမှားတာ နဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါ တွေ က အလွယ်လေး ဖြစ်လာတတ်တာ ဆိုတော့ ဒါတွေ ကို အလွယ်တကူ မဖြစ်အောင် ကာကွယ်ဖို့ အတွက် ကိုယ်ခံ အားကောင်းနေဖို့လိုပါတယ်။
3. အစာတစ်ခုခု စားခါနီးတိုင်း သေချာစွာ နမ်းကြည့်ပါ၊ အနံအသက် မကောင်းစ ပြုလာရင် ဆက်မစားသင့်တော့ပါ။ မိုးတွင်းမှာ ယင်ကောင် ပေါတဲ့ အတွက် အစားအသောက်တွေ ကို မစားခင် အုပ်ဆောင်း နဲ့ အချိန်ပြည့် အုပ်ထားသင့်သလို ဟင်းတွေကို ပြန်နွှေးပေးတာမျိုး ချက်ပြုတ်ကတည်း က သန့်သန့်ရှင်းရှင်း ချက်ပြုတ်တာမျိုး လုပ်ပေးရပါမယ်။
4. အသီးအရွက် များများတတ်နိုင်သလောက်ကျွေးပေးရပါမယ်။
ကာကွယ်နိုင်ရေးအတွက်
ယင်လုံအိမ်သာများ သုံးစွဲကြရန် ၊
မစင်ကို စနစ်တကျစွန့်ပစ်ရန် ၊
ရေကို ကျိုချက်သောက်သုံးရန်
ယင်နားစာ မစားရန်
လက်ကို ဆပ်ပြာနှင့် စင်ကြယ်စေရန် မကြာခဏ ဆေးကြောဖို့လိုအပ်ပါတယ်
လက်ရှိဖြစ်ပွားနေသော တိုင်းနှင့်ပြည်နယ်များ - ရန်ကုန်၊ မန္တလေး၊ ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်
ကူးစက်မှုအပြင် အသက်သေဆုံးမှုများ ရှိသော တိုင်းနှင့်ပြည်နယ်များပင် ရှိနေပါတယ် လူကြီးမင်းတို့ သိရှိသမျ ဖြစ်ပွားနသာ တိုင်းနှင့်ပြည်နယ်များကိုလည်း မန့်ခဲ့လို့ရပါတယ်ဗျ
မင်းတပ်မြို့နယ်၊ အောက်ချိုင်ရွာတွင် အိမ်သုံးအိမ်မှ လူရှစ်ဦးကူးစက်မှု ဖြစ်ကာ (အသက် ၈၆) နှင့် (အသက် ၄၄) နှစ်ရွယ် အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး ကလေးသုံးဦးနှင့် အမျိုးသမီးသုံးဦး ဆေးကုသမှုခံယူနေရခြင်း ဖြစ်သည်။