Organic Herbal Products & Health Care

Organic Herbal Products & Health Care Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Organic Herbal Products & Health Care, Medical and health, Yagon.

Hello ‼Sandar အခုရက်ပိုင်း ကျန်းမာရေးဗဟုသုတ post တင်တာလေးတွေခဏရပ်ထားပါမယ်နော်မေမေ့ကို နှလုံးရောဂါနဲ့ဆေးရုံအရေးပေါ်တင်လို...
20/08/2023

Hello ‼
Sandar အခုရက်ပိုင်း ကျန်းမာရေးဗဟုသုတ post တင်တာလေးတွေခဏရပ်ထားပါမယ်နော်

မေမေ့ကို နှလုံးရောဂါနဲ့ဆေးရုံအရေးပေါ်တင်လိုက်ရလို့မအားလို့ပါနော် 🙏🙏🙏


#မေမေ့ရဲ့vitaminsလေး

🛑အဆစ်ကျန်းမာရေး ကောင်းမွန်စေရန် နည်းလမ်းများ ‼✅ ကိုယ်အလေးချိန်ထိန်းပါ၊အဝမလွန်စေရန်ဂရုစိုက်ပါ။✅အဆစ်ပတ်ဝန်းကျင်မှာရှိတဲ့ကြ...
18/08/2023

🛑အဆစ်ကျန်းမာရေး ကောင်းမွန်စေရန် နည်းလမ်းများ ‼

✅ ကိုယ်အလေးချိန်ထိန်းပါ၊အဝမလွန်စေရန်ဂရုစိုက်ပါ။

✅အဆစ်ပတ်ဝန်းကျင်မှာရှိတဲ့ကြွက်သားများသန်မာလာစေရန် ​အပျော့စားလေ့ကျင့်ခန်း(Light exercises) များလုပ်ပေးပါ။

✅အဆစ်ရောင်ရမ်းမှုလျော့ကျစေတဲ့အစားအစာများစားပေးပါ။

✅အရိုးအဆစ်သန်မာစေ​ရန်အထောက်အကူပြုသောCalcium ဓာတ်ပါဝင်သောအစားအစားများစားပါ။(နို့နှင့်နို့ထွက်ပစ္စည်းများ၊ကြက်ဥ၊အရိုးပါဝါးစားနိုင်သောငါးလေးများ)

✅အရိုးကျန်းမာ​ရေးအတွက်အထောက်အကူပြုသော VitaminDရရှိစေရန်မနက်စောစောနေရောင်ခြည်နုနုကိုထိတွေ့ပေးပါ။

✅ဆေးလိပ်သောက်ခြင်းသည် အရိုးပါးခြင်း၊အရွတ်ရောင်ရမ်းမှုဖြစ်စေနိုင်ခြင်း၊သွေးလေးဖက်နာဖြစ်နိုင်ခြေမြင့်မားမှုများဖြစ်စေနိုင်သည့်အတွက် ဆေးလိပ်ဖြတ်​ပါ။

✅🌿☘အဆစ်ရောင်အတွက်အကောင်းဆုံးသောအင်တီအောက်ဆီးဒင့်ကြွယ်ဝစွာပါဝင်သောအောက်ဖော်ပြပါအသီးအရွက်များနေ့စဥ်ပါအောင်စားပေးပါ။



❌❌❌ဓါတ်ဆားကို ဒီလိုနည်းလမ်းအမှားနဲ့ ဖျော်မိကြလား ဓာတ်ဆားရည်ဖျော်မယ် အကုန်​မသောက်နိုင်လို့အထုပ် တစ်ဝက်နဲ့ရေ ၅၀၀ ml နဲ့ပဲဖ...
17/08/2023

❌❌❌ဓါတ်ဆားကို ဒီလိုနည်းလမ်းအမှားနဲ့ ဖျော်မိကြလား

ဓာတ်ဆားရည်ဖျော်မယ် အကုန်​မသောက်နိုင်လို့အထုပ် တစ်ဝက်နဲ့ရေ ၅၀၀ ml နဲ့ပဲဖျော်မယ် ❌

​နောက်တစ်နည်း ဝမ်းသွားတာ သက်သာတာ မြန်အောင်ဆိုပြီး ရေ (၁)လီတာဖျော်ရမယ့် ဓာတ်ဆားကို ရေ (၅၀၀)ml နဲ့ ဖျော်ထားပါတယ်တဲ့။ ❌

မရပါဘူးနော် ‼️

ရေ(၁)လီတာနဲ့ ဖျော်ရမယ့် ဓာတ်ဆားကို ရေ(၁)လီတာနဲ့ပဲဖျော်ပါ။ရေ(၁)လီတာနဲ့ မဖျော်ပဲ ရေနည်းနည်းနဲ့ ဖျော်ရင် ဓာတ်ဆားရဲ့ ပျစ်အားပိုများပါတယ်။ပျစ်အား (concentration)များနေရင်

၁။ဝမ်းပိုသွားပါတယ်။

၂။ဆားဓာတ်ပြင်းအားပိုများလို့ သွေးပိုတိုးပါတယ်။

၃။ဆီးချိုသမားဆိုရင် ဆီးချိုပိုတက်ပါတယ်။

၄။ကလေးဆိုရင် ကျောက်ကပ်အတွက် အန္တရာယ်ရှိပါတယ်။

အားလုံး သိပြီးသားဆိုပေမယ့် တစ်ချို့က အမှားအယွင်းတွေလုပ်နေကြသေးတာမို့ပါ ။



🛑✅ရေနွေးပူပူသောက်တဲ့သူတွေဖတ်ရန်ကင်ဆာ....အစာရေမျိုကင်ဆာ✅🛑_________________________________________❇️လူနာဒေါ်---- က ပခုက္က...
17/08/2023

🛑✅ရေနွေးပူပူသောက်တဲ့သူတွေဖတ်ရန်
ကင်ဆာ....အစာရေမျိုကင်ဆာ✅🛑
_________________________________________
❇️လူနာဒေါ်---- က ပခုက္ကူဘက်က
ကျောင်းဆရာမ တစ်ဦးပါ

❇️၂၀၁၈ နှစ်လယ်ပိုင်းမှာ အစာစားတိုင်းနင်နေလို့
နား နှာခေါင်းလည်ချောင်းဆရာ၀န်ကို သွားပြတယ်။
သွားပြတော့တွေ့ပါပြီ။ အောက်ဖက်လည်ချောင်း
အနောက်တစ်နေရာမှာ အနာတစ်ခုရှိနေပြီ။
အသားစယူလိုက်တော့ ကင်ဆာအဖြေထွက်ပြီ။ ကင်ဆာဆရာ၀န်ဆီ ရောက်လာတယ်။ ကင်ဆာလူနာတွေနဲ့တွေ့
တိုင်း ဘာကြောင့်ကင်ဆာဖြစ်သလဲဆိုတဲ့ ဖြစ်နိုင်တဲ့
အကြောင်းအရာတွေ မေးမြန်းကြည့်မိပါတယ်။
ကွမ်းမစား၊ ကိုယ်တိုင်လည်းဆေးလိပ်မသောက်၊ အိမ်နဲ့
လုပ်ငန်းခွင်မှာလည်း ဆေးလိပ်သောက်တဲ့သူတွေနဲ့
နီးနီးစပ်စပ်မရှိဘူးလို့ပြောပါတယ်။

❇️ဒါဆိုဘာကြောင့် ကင်ဆာဖြစ်ရလဲ သိချင်လာတယ်။
ဒီလိုနေရာမှာဖြစ်တတ်တဲ့ ကင်ဆာအမျိုးအစားတွေက
ဖြစ်စေနိုင်တဲ့အကြောင်းရှိလို့သာ ဖြစ်လာတာ။ အကြောင်းရင်းရှိကိုရှိရမယ်။ ဆက်မေးကြည့်တော့ စိတ်၀င်စားဖွယ်
သိလာရတယ်။
❇️လူနာက မိသားစုအကြီးကြီးကြားမှာ
ကြီးပြင်းလာတယ်။ သူတို့မိသားစုဓလေ့က ရေနွေးကြမ်း
အရမ်းကြိုက်ကြတယ်။ အိမ်မှာ ရေနွေးကြမ်း မပြတ်တမ်း
ကျို သောက်တယ်။ ကင်ဆာဖြစ်တဲ့လူနာက အကြိုက်ဆုံး၊ ရေနွေးပူဘယ်လောက်ကြိုက်သလဲဆိုရင် အပူနည်းနည်း
လျော့ရင်တောင်မှ အရမ်းပူနေအောင် ပြန်နွေးပြီးသောက်
တယ်။

❇️လူနာကို ရေနွေးပူသောက်ခြင်းကြောင့် ကင်ဆာဖြစ်တယ်
လို့ပြောလိုက်တော့ အံ့သြသွားပုံရတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အရမ်းပူလောင်တဲ့အစားအသောက်တွေက လည်ချောင်းနဲ့အစာမျိုကင်ဆာ
ဖြစ်ပွားမှုကို နှစ်ဆပိုများစေတယ်လို့ သတိပေးချက်
ထုတ်ထားတာရှိပါတယ်။ အရမ်းပူတဲ့အစားအစာဆိုတာ
အပူချိန် ၆၅ဒီဂရီဆဲလ်စီးရပ်နဲ့အထက် ပူတဲ့အစားအစာတွေကို ပြောတာဖြစ်ပါတယ်။

❇️နိုင်ငံတကာကင်ဆာသုတေသနအဖွဲ့ကြီးရဲ့ လေ့လာတွေ့ရှိချက်တွေအရ လူ၅၅ယောက်တွင် ၁ယောက်မှာ အစာရေမျိုကင်ဆာဖြစ်ပွားနိုင်ခြေရှိတယ်လို့ ပြောပါတယ်။ ဆိုလိုတာက ပုံမှန်လူအယောက် ၅၅၀ မှာ
အစာရေမျိုကင်ဆာဖြစ်ပွားနိုင်ချေ ၁၀ ယောက်နှုန်းရှိပြီး
အရမ်းပူတဲ့အစားအစာကို စားလေ့ရှိတဲ့ လူအယောက်
၅၅၀မှာ အစာရေမျိုကင်ဆာဖြစ်နိုင်ချေက ၂၀.၆ ယောက်
နှုန်းလောက်ရှိလာတယ်လို့ သုတေသနတွေ့ရှိချက်တွေကပြောပါတယ်။

❇️အစားအသောက်တွေအကောင်းဆုံးသောက်သုံးသင့်တဲ့
အပူချိန်က ၄၀ဒီဂရီဆဲလ်စီးရပ်ကနေ ၆၀ဒီဂရီဆဲလ်စီးရပ်
ကြားလို့ပြောပါတယ်။ ဆိုလိုတာက ရေနွေးသို့မဟုတ်
ကော်ဖီတွေကို မသောက်ခင် အပူလျော့အောင် ကြာကြာထားနိုင်လေ ၊ အထက်ပါ အာခေါင်ကင်ဆာနဲ့အစာရေမျို
ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချနိုင်လေလေပါပဲ။

❇️အထက်ပါလူနာကို ကုသရမယ့် နည်းလမ်းတွေဆွေးနွေးပြီး မှာ ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ကုသမှုကို
တပြိုင်တည်းပြုလုပ်ခဲ့တယ်။ ကုသမှုနောက်ပိုင်း စမ်းသပ်
စစ်ဆေးချက်တွေနဲ့ ၂၀၂၀နှစ်ဆန်းပိုင်းမှာ PET-CT ပြန်ရိုက်
ကြည့်တော့ မူလဖြစ်တဲ့နေရာအပြင် အခြားနေရာတွေမှာပါ ကင်ဆာဆဲလ်တွေ မတွေ့ဘူးလို့ အဖြေထွက်တယ်။
လူနာနဲ့မိသားစုလည်းပျော်နေတာပေါ့။ ထပ်မေးကြည့်တော့ သူတို့မိသားစုမှာ အဲဒီလိုရေနွေးပူပူသောက်တတ်တဲ့
❇️အကျင့်တောင် ပျောက်သွားတယ်လို့ပြောတယ်။
မိတ်ဆွေတို့ရော၊ အပေါင်းအသင်းတွေကြားထဲမှာ
အဲဒီလိုရေနွေးပူပူ သောက်တတ်တဲ့သူတွေရှိရင် ဒီစာလေးကိုမျှဝေလိုက်ပါ။

လူတိုင်းကင်ဆာကင်းဝေးတဲ့ နေထိုင်မှုပုံစံမျိုးဖြင့်
ဘ၀မှာနေထိုင်နိုင်ကြပါစေ။

✅Credit - ဒေါက်တာ ကောင်းမြတ်ရွှေ M.B.B.S (DSMA)
M.Med.Sc (Radiation Oncology)
(Moscow State University )✅

Drinking very hot tea almost doubles risk of cancer, new study says

By Nina Avramova, CNN
Updated 9:51 AM EDT, Wed March 20, 2019

(CNN) Many people start their day with a cup of tea. But those who drink it piping hot could be increasing their risk of esophageal cancer, according to a new study.

Researchers found that tea drinkers who liked their beverage to be warmer than 60 degrees Celsius (140 degrees Fahrenheit) and consumed more than 700 ml of tea per day -- about two large cups -- had a 90% higher risk of esophageal cancer, when compared to those who drank less tea and at cooler temperatures.

The study looked at more than 50,000 people in Golestan, a province in northeastern Iran.

https://www.cnn.com/2019/03/20/health/hot-tea-linked-to-higher-cancer-risk-study-intl/index.html

16/08/2023

❌ကင်ဆာရောဂါဆိုတာ (ကင်ဆာဆေးထိုး၊ ဓါတ်ကင် ၊ခွဲစိတ်) ကုသမှု အားလုံးခံယူပြီးရင် ကင်ဆာရောဂါအရှင်းပျောက်ပြီလား ❌


#ကင်ဆာ

ခန္တာကိုယ်ပေါ်မှာ အညိုကွက် အမဲကွက်တွေပေါ်လာတာကို စုန်းစုတ်တယ်လို့ပြောကြလို့ ဒီပိုစ့်လေးနဲ့အသိပေးအပ်ပါတယ်နော်.....‼"အရေပြ...
16/08/2023

ခန္တာကိုယ်ပေါ်မှာ အညိုကွက် အမဲကွက်
တွေပေါ်လာတာကို စုန်းစုတ်တယ်လို့ပြောကြလို့
ဒီပိုစ့်လေးနဲ့အသိပေးအပ်ပါတယ်နော်.....‼

"အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းအရင်းများ"

တခါတလေ ဘာမှတိုက်မိခိုက်မိတာမရှိဘဲနဲ့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်လာရင် ဘာကြောင့်လဲ၊ ဘယ်လိုပျောက်အောင်လုပ်ရမလဲ စဉ်းစားရခက်နေတာမျိုးဖြစ်ရပါတယ်။ ဒီလို အညိုကွက်တွေဖြစ်ရတာ အကြောင်းရင်းတချို့ကြောင့်ဖြစ်နိုင်ပြီး သင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒီတော့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းရင်းနဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုသိရဖို့ ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) အလေးချိန်များတဲ့ပစ္စည်းတွေမခြင်းကြောင့်
တခါတရံ အရမ်းလေးတဲ့ပစ္စည်းတွေ မ,လိုက်တဲ့အခါမျိုးမှာ ခန္ဓာကိုယ်ထဲက ဆံချည်မျှင်သွေးကြောလေးတွေ ပြတ်သွားပြီး အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်လာရခြင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က ခံနိုင်တာထက်ပိုတဲ့ အလုပ်တွေလုပ်မိသွားပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာကြောင့် နောက်ဆို ဒီလို လေးပင်တာတွေမ,တဲ့အခါ ဆင်ခြင်လိုက်ပါ။

(၂) ဆေးတစ်မျိုးမျိုးသောက်ခြင်းကြောင့်

သံဓာတ်အားဖြည့်ဆေး၊ အရောင်လျော့ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေသောက်ထားတာကြောင့်လည်း ဒီလို အညိုကွက်တွေဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ ဆေးသောက်ထားတဲ့နေ့တွေမှာ အဲ့ဒီလို အညိုအမည်းကွက်တွေဖြစ်လာတယ်လို့ သတိထားမိတယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွင်းပိုင်းသွေးကြောတွေမှာ သွေးယိုစီးမှုတွေဖြစ်နေနိုင်တာကြောင့် ဆရာ၀န်နဲ့သေချာပြသပြီး စစ်ဆေးသင့်ပါတယ်။

(၃) သွေးရောဂါတစ်ခုခုကြောင့်

အရေပြားပေါ်က အညိုအမည်းကွက်တွေဟာ သွေးရောဂါတစ်ခုခုကြောင့်ဖြစ်တယ်ဆိုရင် အဲ့ဒီအညိုအမည်းကွက်တွေပေါ်လာတဲ့အချိန်မှာ ခြေထောက်ရောင်ရမ်းနာကျင်တာ၊ သွားဖုံးသွေးယိုတာ ၊ နှာခေါင်းသွေးထွက်တာနဲ့ အရေပြားအပေါ်လွှာမှာ သွေးကြောပြတ်ရာလေးတွေတွေ့နေရပြီဆိုရင်တော့ သွေးကင်ဆာလိုရောဂါမျိုးကြောင့် ဖြစ်နေနိုင်တာမို့ ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

(၄) အာဟာရဓာတ်လိုအပ်နေခြင်းကြောင့်

ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဓာတ်တစ်မျိုးမျိုး ချို့တဲ့နေတဲ့အချိန်မှာလည်း အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်လာတတ်ပါတယ်။ ဗီတာမင်၊ အာဟာရဓာတ်ချို့တဲ့မှုကြောင့် ဖြစ်လာတဲ့ အညိုအမည်းကွက်တွေကတော့ ထိလိုက်ရင် နာကျင်မှုမရှိပါဘူး။ ဒီအခြေအနေဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B12 ၊ ဗီတာမင် ကေ နဲ့ ဗီတာမင် စီ အဓိကလိုအပ်နေတာပါ။

(၅) ဟော်မုန်းမညီမျှမှုကြောင့်

ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပမာဏ မညီမျှခြင်းကြောင့်လည်း အရေပြားပေါ်မှာ အညိုကွက်တွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်း နည်းနေမယ်ဆိုရင် ဆံချည်မျှင်သွေးကြောလေးတွေကို အားနည်းစေပြီး ပြတ်ထွက်တဲ့အထိဖြစ်စေနိုင်ပါတယ်။

(၆) အရေပြားတစ်သျှူးတွေအားနည်းခြင်းကြောင့်

အသက်ကြီးလာတဲ့အချိန်မှာ အရေပြားတစ်သျှူးတွေက အားနည်းလာပြီး ကျုံ့ဆန့်နိုင်စွမ်းလည်း နည်းလာပါတယ်။ အဲ့ဒီအခါ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေလည်း အားနည်းလာပြီး ပြတ်လွယ်လာတာကြောင့် အဲ့ဒီနေရာတွေမှာ အညိုကွက်တွေဖြစ်လာပါတယ်။

(၇) ဆီးချိုရောဂါကြောင့်

အရေပြားပေါ်က အညိုအမည်းကွက်တွေဟာ ဆီးချိုရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်များနေတဲ့အခါ သွေးလှည့်ပတ်မှုကို ကမောက်ကမဖြစ်စေနိုင်ပြီး အရေပြားပေါ်မှာ အညိုအမည်းကွက်တွေလွယ်လွယ်ဖြစ်စေနိုင်ပါတယ်။ တခါတလေ ထိခိုက်မှုက မပြင်းထန်ပေမယ့် အညိုကွက်က အကြီးကြီးပေါ်နေတာမျိုး၊ အနာမကျက်လွယ်တာမျိုး၊ အရေပြားပေါ်မှာ အဖြူရောင်အကွက်လေးတွေဖြစ်တာမျိုးနဲ့ မျက်စိမှုန်တာတွေ တပြိုင်တည်းဖြစ်နေရင်တော့ ဆီးချိုရောဂါဖြစ်နိုင်ချေများနေတာကြောင့် ဆရာ၀န်နဲ့ပြသင့်ပါပြီ။

💗ဗဟုသုတအဖြစ် မျှဝေခြင်းဖြစ်ပါသည်💗
💗ဗဟုသုတ


✒️
𝓟𝓻𝓮𝓼𝓮𝓷𝓽𝓮𝓭 𝓫𝔂
𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗖𝗼𝘂𝗻𝘀𝗲𝗹𝗼𝗿™
Healthy Bounty™

16/08/2023

မနက် မနက်ဆို မီးဖိုချောင်ဝင်ဟင်းချက်နေရင် မေမေပဲသူ့မြေးကို ကူထိန်းပေးတာ 😍😘

ကျေးဇူးကြီးလှပါတယ်မေမေ 🙏🙏🙏

အသက်ရှည်ကျန်းမာအောင်နေပေးပါ ❣❣❣


🥬အသက်ကြီးလည်း ရောဂါကင်းပြီး ကျန်းမာချင်တယ်ဆိုရင် တစ်နေ့တာမှာစားသင့်တဲ့ အသီးအရွက်များပြောင်းလဲတိုးတက်လာတဲ့ ခေတ်နဲ့ အညီ လူ...
15/08/2023

🥬အသက်ကြီးလည်း ရောဂါကင်းပြီး ကျန်းမာချင်တယ်ဆိုရင် တစ်နေ့တာမှာစားသင့်တဲ့ အသီးအရွက်များ

ပြောင်းလဲတိုးတက်လာတဲ့ ခေတ်နဲ့ အညီ လူတွေရဲ့ စားသောက်နေထိုင်မှုပုံစံတွေပြောင်းလဲလာပါတယ်။

❗အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ လည်း အူမကြီးကင်ဆာ ဖြစ်ပွား နှုန်းက အရမ်းကို မြင့်တက်လာပါတယ်။
အသက်ငယ်ငယ်လေးတွေပါ အူမကြီး ကင်ဆာဖြစ်လာတာတွေ တွေ့ရပါတယ်။ အဓိက အကြောင်းအရာ ကတော့ လွဲမှားနေတဲ့ စားသောက်မှုပုံစံတွေကြောင့်ပါ။
🥩အသားကင်တွေ အစားများလာခြင်း၊ တာရှည်ခံ ပစ္စည်း (ယမ်းစိမ်း) ပါတဲ့ အစားအစာတွေ အစားများလာခြင်း၊ အနီရောင်ရှိသော အသားများ (အမဲသား၊ ဆိတ်သား) ကို လိုအပ်သည့်ပမာဏ ထက်ပို၍ စားသုံးလာခြင်း၊ အသီးအရွက် အစားနည်းလာခြင်း တို့က အူမကြီးကင်ဆာ ကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းလို့ ဆိုနိုင်ပါတယ်။

🥣အသီးအရွက် ကိုတစ်နေ့တာ အနေနဲ့ တရုတ်ပန်းကန်လုံး ၂-၃ခွက် (ချက်ပြီးသား) သို့မဟုတ် ၅-၆ ခွက် (မချက်ရသေး) စားသင့်ပါတယ်။

အသီးအရွက်စား ခြင်းပာာ အူမကြီးကင်ဆာ ဖြစ်ပွားမှုကို လျှော့ချစေသည့် အပြင် ဝမ်းမှန်စေပြီး ခန္ဓာကိုယ် အတွင်းရှိ ကိုလက်စထရော (Cholesterol) ပမာဏ ကိုလည်းလျှော့ချပေးပါတယ်။
🍅ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ နှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း တို့ကို ကာကွယ် နိုင်ရန်အတွက် အောက်ဖော်ပြပါ အရောင်ငါးမျိုး ပါတဲ့ အသီးအရွက်များ ကို နေ့စဉ် စားသုံးပေးဖို့လိုအပ်ပါတယ်။
တစ်နေ့ကို တရုတ်ထမင်း ပန်ကန်လုံး ၄-၆ လုံး စားပေးဖို့လိုပါတယ်။
🍌အသီး စားမယ် ဆိုရင်တော့ တစ်နေ့ ကို တရုတ် ပန်းကန်လုံး ၂ ခွက်လောက်စားပေးရင် လုံလောက်ပါတယ်။
ဆီးချို ဝေဒနာရှင်တွေ ကတော့ တစ်နေ့ ကို တစ်လုံးထက် ပို မစားသင့်သလို၊ မိမိရဲ့ သွေးချို အဖြေ ပေါ်မူတည်ပြီး ဆရာဝန် နဲ့ သေချာတိုင်ပင်ပြီးစားသင့်ပါတယ်။
🍍အထူးသဖြင့် နာနတ်သီး၊ သရက်သီးအမှည့်၊ ဒူးရင်းသီး တွေ ကတော့ သွေးတွင်း သကြားတက်နှုန်း များတဲ့ အတွက် ရှောင်သင့်ပါတယ်။
ဆီးချို ဝေဒနာရှင်တွေ အနေနဲ့ ထမင်းစားပြီးပြီးချင်း အချိုတည်းတဲ့ အနေနဲ့ အသီး မစားသင့်ပါဘူး။ အသီး ကို အစာကြီး တစ်ခုခု (မနက်စာ၊ နေ့လည်စာ၊ ညစာ) စားပြီး ၂ နာရီ အကြာမှ စားပေးသင့်ပါတယ်။
🖐️အရွက် ကတော့ တစ်နေ့ကို အရောင် ငါးမျိုးစုံအောင်စားပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ အနည်းဆုံး ၃ မျိုးလောက် ပါအောင်စားပေးနိုင်ရင် လည်း အဆင်ပြေပါတယ်။

📌အနီရောင် ပါသော အသီးအရွက်များ
➖➖➖➖➖
အနီရောင် အသီးအရွက်တွေ မှာ lycopene (လိုင်ကိုပင်း) လို့ခေါ်တဲ့ ဓါတ်တစ်မျိုးက ဓါတ်တိုးဆန့်ကျက် သတ္တိရှိတဲ့ အတွက် ကင်ဆာရောဂါ နဲ့ နှလုံးရောဂါ များကို ကာကွယ်ပေးနိုင်ပါတယ်။
ဥပမာ- ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ပန်းသီး အနီ၊ ဖရဲသီး။

📌ခရမ်းရောင်/အပြာရောင် ပါသော အသီးအရွက်များ
➖➖➖➖➖
ခရမ်းရောင်/အပြာရောင် အသီးအရွက်တွေ က Anthocyanin (အန်သိုဆိုင်ရာနင်) ဆိုတဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် ခန္ဓာကိုယ် မှ ဆဲလ် တွေ ပျက်ဆီးခြင်းကို ကာကွယ်ပေးလို့ ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ များကို ကာကွယ်ပေးပါတယ်။
ဥပမာ- ခရမ်းသီး၊ ဘလူးဘယ်ရီသီး။

📌လိမ္မော်ရောင်/အဝါရောင် ပါသော အသီးအရွက်များ
➖➖➖➖➖
လိမ္မော်ရောင်/အဝါရောင်ပါတဲ့ အစားအစာတွေ မှာ Betacarotene (ဘီတာ ကယ်ရိုတင်း) ဆိုတဲ့ မျက်စိအားကောင်းစေတဲ့ ဓါတ် တွေပါဝင်ပါတယ်။ ထို့အပြင် Vit A ကြွယ်ဝလို့ ရာသီအကူးအပြောင်း မှာဖြစ်တတ်တဲ့ ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
ဥပမာ- မုန်လာဥနီ၊ ကန်စွန်းဥ၊ သရက်သီး၊ နာနတ်သီး၊ လိမ္မော်သီး။

📌အစိမ်းရောင် ပါသော အသီးအရွက်များ
➖➖➖➖➖
အစိမ်းရောင် ပါတဲ့ အသီးအရွက်တွေမှာ phytochemical (ဖိုက်တိုကယ်မီကယ်) တွေပါတဲ့ အတွက် ကင်ဆာရောဂါတွေ ကို ကာကွယ်ပေးပါတယ်။
ဥပမာ- ပန်းပွင့်စိမ်း၊ပာင်းနုနွယ်။

📌အဖြူရောင် ပါသော အသီးအရွက်များ
➖➖➖➖➖
အဖြူရောင် ပါတဲ့လအသီးအရွက် တွေမှာ phytochemical(ဖိုက်တို ကယ်မီကယ်) ဆိုတဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် ရာသီ အကူးအပြောင်းဖြစ်တတ်တဲ့ နှာစေး ချောင်းဆိုး လည်ချောင်းနာ စတဲ့ ရောဂါတွေ ကိုကာကွယ်ပေးပါတယ်။
ဥပမာ- ပန်းဂေါ်ဖီ၊အာလူး၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ဌက်ပျောသီး။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
======================

with respect

15/08/2023

❌ကင်ဆာရောဂါဆိုတာ (ကင်ဆာဆေးထိုး၊ ဓါတ်ကင် ၊ခွဲစိတ်) ကုသမှု အားလုံးခံယူပြီးရင် ကင်ဆာရောဂါအရှင်းပျောက်ပြီလား ❌

ဒီနေ့ မေမေ့ကို   မှာ ကျန်းမာရေးအတွက် သွေးစစ်ပေးဖြစ်ပါတယ် 🙏မနက်ဖြန် မေမေ့ရဲ့ ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးကို သွေးအဖြေတွေသွ...
15/08/2023

ဒီနေ့ မေမေ့ကို မှာ ကျန်းမာရေးအတွက် သွေးစစ်ပေးဖြစ်ပါတယ် 🙏

မနက်ဖြန် မေမေ့ရဲ့ ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးကို သွေးအဖြေတွေသွားပြရမယ် 💪


#မေမေ့ရဲ့vitaminsလေး

မေမေကို ဒီလိုလေးလုပ်ကျွေးကြည့်အုန်းမယ် ❣❣❣ မေမေ မနက်တိုင်းစားနေကျထက်စာရင် ဒါလေးကပိုပြီး အသစ်အဆန်းလေးဖြစ်ပြီး မေမေ အဟာရပိ...
15/08/2023

မေမေကို ဒီလိုလေးလုပ်ကျွေးကြည့်အုန်းမယ် ❣❣❣

မေမေ မနက်တိုင်းစားနေကျထက်စာရင် ဒါလေးကပိုပြီး အသစ်အဆန်းလေးဖြစ်ပြီး မေမေ အဟာရပိုဖြစ်တာပေါ့ 😍😋😋

14/08/2023

ကင်ဆာရောဂါဆေးသွင်းကုသနေရသူများ သိကိုသိသင့်တဲ့ ဗဟုသုတတစ်ခု ‼

လူနာအတွက် စိတ်ချရအောင် အစားအစာဘယ်လိုကျွေးမလဲ ✅



Address

Yagon

Telephone

+959425738553

Website

Alerts

Be the first to know and let us send you an email when Organic Herbal Products & Health Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram