Thant - အညာမြေရှားစောင်းလက်ပတ်ချက်ဆေး

  • Home
  • Myanmar
  • Yagon
  • Thant - အညာမြေရှားစောင်းလက်ပတ်ချက်ဆေး

Thant - အညာမြေရှားစောင်းလက်ပတ်ချက်ဆေး သဘာ၀ဓာတ်စာနဲ့သင့်ကျန်းမာရေးကိုကောင်းမွန်စေမည်။

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်...
01/12/2024

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ
လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်းအမြဲချုပ်နေတယ်ဆိုရင်တော့ သတိထားပါ...

ဝမ်းမသွားတာကြာရင် ဘာဖြစ်မလဲဆိုတော့..

ဝမ်းမသွားတာကြာတဲ့အခါ အူထဲမှာရှိနေတဲ့အစားဟောင်းတွေကို အူနံရံကစုပ်ယူပါတယ်။ အစာဟောင်းတွေထဲမှာ တာရှည်ခံတွေ ဥပမာ ခေါက်ဆွဲခြောက်၊ အားလူးကြော်၊ အခြားသော တာရှည်ခံ ဓာတုဆေးပါတဲ့မုန့်တွေ၊ ကော်ဖီ၊
အမြန်စားလို့ရတဲ့ ဝက်အူချောင်း ကြက်အူချောင်းလို့ ပြုပြင်ထားတဲ့အစားအစာတွေ၊ စမူဆာ အီကြာကွေး အစရှိတဲ့ဆီကြော်တွေ အကင်တွေ၊ အချိုရည်တွေ၊ မုန့်တွေ အစရှိတဲ့ သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ထားတဲ့အစား အသောက်တွေဟာ ရက်တွေကြာလာတဲ့အခါ အူနံရံထဲကိုစိမ့်ဝင်ပါတယ်။

အူနံရံမှာရှိတဲ့ ဆဲလ်တွေဟာ ပြုပြင်ထားတဲ့အစားအသောက်တွေ၊ ဓာတုဆေးဝါးတွေကြောင့် ဆဲလ်ဖွဲ့စည်းပုံ(Cellular Structure) တွေပျက်ပြီးတော့ ပုံမှန်မဟုတ်တော့ဘဲ ရှိသင့်တဲ့အရွယ်အစားထက်ပိုကြီးထွားလာပါတယ်။ အဲလိုကြီးထွားလာတာကို အကြိတ်အဖုတွေထွက်တယ်၊ အသားပိုဖြစ်တယ်၊ ကင်ဆာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

အသားငါးတွေကို ရေခဲသေတ္တာထဲမှာ ပလက်စတစ်နဲ့ ထုပ်ပိုးတာဟာ အရမ်းအန္တရာယ်များပါတယ်။
ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်ပြီး သိုလှောင်ထားတာဟာ အစားအသောက်ထဲကို ပလက်စတစ်ထဲက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပျော်ဝင်စေပါတယ်။ ပလပ်စတစ်တွင်ပါဝင်တဲ့ ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နဲ့ ဒိုင်အောက်ဇင်းဓါတ်တွေဟာ အသားငါးတွေ အစားအသောက်တွေထဲကို စိမ့်ဝင်ပါတယ်။ အဲဒါတွေကို အပူပေးချက်ပြုတ်တာ ဆီနဲ့ချက်ပြုတ်တာဟာ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း နှင့် မျိုးပွားမှုကိုလည်း ထိခိုက်စေပါတယ်။

ကင်ဆာအကြိတ်အဖုတွေက အူလမ်းကြောင်းရဲ့ ပုံမှန်းလုပ်ငန်းတွေကို မလုပ်နိုင်အောင်နှောင့်ယှက်ပါတယ်။ အူတွေလှုပ်တာတွေ၊ အကျိအချွဲထုတ်ပေးတာတွေ၊ အစာဟောင်းတွေကို တွန်းထုတ်တာတွေ အစားဟောင်းရဲ့အဟာရကို စုပ်ယူတာတွေ မလုပ်နိုင်တဲ့အခါ ဝမ်းပိုချုပ်တာတွေနဲ့ အခြားအူလမ်းကြောင်းကျန်းမာရေး မကောင်းတော့တာတွေ အာဟာရမပြည့်ဝတာတွေ ဖြစ်လာစေပါတယ်။

အလုံးအကြိတ်တွေပိုကြီးလာတော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမကဘဲ အသက်ရှင်မှုအထိပါ အနှောင့်ယှက်ဖြစ်လာစေတော့တာပါပဲ။

အကြမ်းဖျဥ်းအားဖြင့် ကင်ဆာရောဂါလို့ ခေါ်ကြပါတယ်။

ကင်ဆာရောဂါဟာ အစားအသောက်အနေအထိုင်ကြောင့်ဖြစ်တာနဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ကြပါတယ်။

ဝမ်းမှန်ဖို့ ခါးအောက်ပိုင်းလေ့ကျင့်ခန်းများများလုပ်ပါ။ လမ်းလျှောက်ပါ၊ တတ်နိုင်ရင် GYM ကစားပါ၊ အားကစားလုပ်ပါ။ ရေကို တစ်နေ့ ၃ လီတာလောက် သတိထားပြီး ရအောင်သောက်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ အစိမ်းရောင် အရွက်တွေများများစားပါ။ အစိမ်းရောင်အရွက်တွေမှာ ကင်ဆာဖြစ်စေတဲ့၊ ဓာတ်တိုးစေတဲ့ Radical တွေကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် Antioxidant တွေ အများကြီးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း ခန္ဓာကိုယ်ရဲ့ Immuse System ကို မြှင့်တင်ပေးပါတယ်၊ ရောဂါကာကွယ်တဲ့စနစ်ကို မြင့်တက်စေပါတယ်။

ပြုပြင်ထားတဲ့ အသင့်စားလို့ရတဲ့ အစားအသောက်တွေရှောင်ပါ၊ ဆီကြော်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အကင်တွေရှောင်ပါ၊ အသီးအရွက်များများစားပါ၊ ဒိန်ချဥ်သောက်ပါ။ အစားအသောက်တွေကို ဆီနဲ့ကြော်စားတာထက် ဆီးနည်းနည်းနဲ့ ရေနဲ့ချက်ပြုတ်စားပါ။

"ရသာရတနံ" လို့ခေါ်တဲ့ ပါးစပ်အလိုမလိုက်ပါနဲ့။

ကျန်းမာကြပါစေ။

#အူလမ်းကြောင်းမကောင်းလို့၈ကြိမ်ခွဲစိတ်ခန်းဝင်ဖူးသူ

Crd

Women လူသာဆိုရတယ် ….တနေ့တနေ့ …သတ်မှတ်ချက် ဘောင်ထဲ စက်ရုပ်လို ရှင်သန်နေကြရတယ်အနာဂတ် အိပ်မက်တွေလုပ်ချင်တဲ့အရာတွေမလုပ်ဖူးသေ...
19/11/2024

Women

လူသာဆိုရတယ် ….တနေ့တနေ့ …
သတ်မှတ်ချက် ဘောင်ထဲ စက်ရုပ်လို ရှင်သန်နေကြရတယ်

အနာဂတ် အိပ်မက်တွေ
လုပ်ချင်တဲ့အရာတွေ
မလုပ်ဖူးသေးတဲ့အရာတွေ
မရောက်ဖူးသေးတဲ့နေရာတွေ
စိတ်ကူးထဲကနေ အပြင်ကိုထွက်လာဖို့ မလုပ်နိုင်ကြသူတွေများတယ်

ခင်ပွန်းအတွက်တရစ်
သားသမီး အတွက်တရစ်
မိဘဆွေမျိုးအတွက်တရစ်
အိမ်မှုကိစ္စနဲ့တခြား ဗာဟီရအတွက်တရစ်နဲ့သံပတ်တွေလှည့်ထားတဲ့အတိုင်း
ရှင်သန်နေကြတာများတယ်..

သံပတ်ကုန်လို့ ရပ်တန့်ချိန်ဟာ နားရချိန်လား သုံးစားမရချိန်လားမသိကြဘူး..

နားချိန်ဆိုပြီး တယုတယ စောင့်ရှောက်ပေးသူရှိသလို
သံပတ်ပေးမရတော့လို့ သုံးစားမရတော့ဘူးဆိုပြီး….ပစ်ခံလိုက်ရသူတွေလည်းရှိတယ်..

သံပတ်ကုန်ချိန် မြန်မြန် မရောက်အောင်…မိမိကိုယ်ကို ညှာတာ ချစ်ခင်ပြီး
မိမိလုပ်ချင်တဲ့အိပ်မက်တွေအတွက်ပါ ထည့်လုပ်ဖို့ မမေ့ပါနဲ့လို့သာ….

Pan Koe
မေတင်

Photo credit

🔖လက်မောင်းပိုက်ထည့်လို့ ၁၁လ ထိန်လဲ အေးဆေးနော်🔖💥အညာမြေကောင်းကောင်း ကူညီနိုင်တယ်🚩အမျိုးသမီးတို့ ကျန်းမာဖို့ သားအိမ်ကျန်းမာ...
07/11/2024

🔖လက်မောင်းပိုက်ထည့်လို့ ၁၁လ ထိန်လဲ အေးဆေးနော်🔖

💥အညာမြေကောင်းကောင်း ကူညီနိုင်တယ်

🚩အမျိုးသမီးတို့ ကျန်းမာဖို့ သားအိမ်ကျန်းမာရေးကို

🚩မပေါ့မဆ ဂရုစိုက်ကြစို့ရှင့်



#အညာမြေ
#ရန်ကုန်

အနံ့ဆိုးကင်းရန် စားသုံးသင့်သော ကျောက်ဖရုံသီးကျောက်ဖရုံသီးသည် ဖရုံမျိုးနွယ်ဝင် သစ်သီးတစ်မျိုးဖြစ်သည်။ သို့သော် ရွှေဖရုံသီ...
05/11/2024

အနံ့ဆိုးကင်းရန် စားသုံးသင့်သော ကျောက်ဖရုံသီး
ကျောက်ဖရုံသီးသည် ဖရုံမျိုးနွယ်ဝင် သစ်သီးတစ်မျိုးဖြစ်သည်။ သို့သော် ရွှေဖရုံသီးနှင့် မတူကွဲပြားပြီး အစိမ်းရောင် ရှိသည်။ အသားထူ၍ အအေးကို အားပေးသော အအေးစာတစ်မျိုး ဖြစ်သည်။
ကျောက်ဖရုံသီးတွင် ဗီတာမင်အေနှင့် ဗီတာမင် စီ အများဆုံး ပါဝင်ပြီး ကျောက်ဖရုံသီး အစေ့တွင် ဗီတာမင် အီးဓာတ် ပါဝင်သည်။
ဗီတာမင် အီးဓာတ်ပါဝင်သောကြောင့် လေးဖက်နာရောဂါ၊ အဆစ်ရောင် ရောဂါနှင့် နှလုံးသွေးကြောကျဉ်း ရောဂါတို့အတွက် စားသုံးပေးသင့်သော အစားအစာတစ်မျိုး ဖြစ်သည်။
ကျောက်ဖရုံသီးတွင် ထုံးဓာတ်ပါဝင်မှု အနည်းငယ်ရှိသောကြောင့် အရိုးနှင့် အဆစ်အတွက် ကောင်းမွန်ကာ သွားခိုင်မာမှုကိုလည်း အားပေးသည်။
အမျိုးသမီးတို့ အသားအရေ ခမ်းခြောက်၍ အရေပြားတွင် ပက်ကြားအက်ထင်ခြင်း၊ အရေးအကြောင်းများ ထင်ခြင်း၊ အသားအရေ အပူလောင်ခြင်းတို့အတွက် ကျောက်ဖရုံသီးကို စားသုံးပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ထို့အပြင် အမျိုးသားများအတွက် ခွန်အားကို ဖြစ်စေကြောင်း သိရသည်။
ကျောက်ဖရုံသီးကို စားသုံးခြင်းဖြင့် ချွေးနံ့တို့ကို ပျောက်ကင်းစေပြီး အာခံတွင်းနံ့ကောင်းခြင်း၊ ကိုယ်ကာယမှ ထွက်သော အနံ့ဆိုးများကို ပယ်ရှားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။
ကျောက်ဖရုံသီးသည် အပုပ်နံ့ဆိုးများကို စုပ်ယူနိုင်စွမ်းရှိသောကြောင့် ရှေးလူကြီးများက သေသူအနီးတွင် ထားရှိလေ့ရှိကြသည်။
ထို့အပြင် ရှေးလူကြီးသူမများက အိမ်တွင် ကျောက်ဖရုံသီး (၂) လုံးမှ (၃) လုံးအထိ ချိတ်ဆွဲထားသော အလေ့အထလည်း ရှိခဲ့ဖူးသည်။
အဘယ့်ကြောင့်ဆိုသော် ကျောက်ဖရုံသီးကို ချိတ်ဆွဲထားခြင်းဖြင့် အိမ်တွင်းရှိ မကောင်းသော လေဆိုး၊ လေညစ်နှင့် အပုပ်၊ အညှော်နံ့များကို စုပ်ယူသွားနိုင်ခြင်းကြောင့် ဖြစ်သည်။
Credit to - မာမာစိုး
မြန်မာ့ဇွဲမာန်

တန်ဖိုးထားတတ်ခြင်း🤍
29/10/2024

တန်ဖိုးထားတတ်ခြင်း🤍

💯💯💯
25/10/2024

💯💯💯

မင်္ဂလာနံနက်ခင်းပါရှင်🙏🙏🙏
24/10/2024

မင်္ဂလာနံနက်ခင်းပါရှင်🙏🙏🙏

🔖အလှတရားက သားအိမ်ကျန်းမာခြင်းနဲ့ သက်ဆိုင်လား❓❔🎈လုံး၀ကိုသက်ဆိုင်တာပေါ့🎈🌺ရာသီ‌စက်၀န်းမှန်မှ လှပတယ်🌺၀က်ခြံကင်း၊အသားအရည်ကြည်...
23/10/2024

🔖အလှတရားက သားအိမ်ကျန်းမာခြင်းနဲ့ သက်ဆိုင်လား❓❔

🎈လုံး၀ကိုသက်ဆိုင်တာပေါ့🎈

🌺ရာသီ‌စက်၀န်းမှန်မှ လှပတယ်
🌺၀က်ခြံကင်း၊အသားအရည်ကြည်တယ်
🌺ဟော်မုန်းညီ၊စိတ်ပိုင်းဆိုင်ရာကျန်းမာတယ်
🌺အဖြူဆင်းသက်သာတယ်
🌺မျိုးဆက်ပွားရ လွယ်ကူတယ်
🌺အသက်အရွယ်ရလာရင် 6သွးဆုံးကိုင်ဝေဒနာကင်းတယ်

❗6သွးလုံး၊ရေအိတ်၊အသားလုံးကာကွယ်နိုင်ဖို့❗

🚩အခုခေတ်စားသောက်ရတဲ့ အစားအသောက်တွေကလဲ ရှောင်ဖို့မလွယ်လို့

💥သင့်တင့်လျှောက်ပတ်တဲ့ လေ့ကျင့်ခန်းလေးလုပ်ရင်း...

💥ကျန်းမာရေး ဓာတ်စာအနေနဲ့ အညာမြေဆောင်ထားနိုင်ပါတယ်ရှင်

🤍အမျိုးသမီးတို့ကို လှပ‌ပျော်ရွှင်ကျန်းမာပြီး အောင်မြင်မှုတွေ ရရှိစေတဲ့

🩵အထောက်အပံ့ကောင်းလေးတစ်ခု ဖြစ်ပါတယ်ရှင်

🔖တဗူး-11000ks🔖



#အညာမြေ
#ရန်ကုန်

အပျံသင်ရင်း ပြုတ်ကျမှာကို ကြောက်နေရင်မင်းဟာ ဘယ်တော့မှ လေဟုန်စီးနိုင်တဲ့ ငှက်ဖြစ်လာမှာ မဟုတ်ဘူး... ။ ပြုတ်ကျမှာကို မကြောက...
22/10/2024

အပျံသင်ရင်း ပြုတ်ကျမှာကို ကြောက်နေရင်
မင်းဟာ ဘယ်တော့မှ လေဟုန်စီးနိုင်တဲ့ ငှက်ဖြစ်လာမှာ
မဟုတ်ဘူး... ။ ပြုတ်ကျမှာကို မကြောက်ပါနဲ့....
ပျံသန်းကြည့်ဖို့ မကြိုးစားမိမှာကို ကြောက်ပါ...။

-ရန်ပြေ-


#လူငယ်တွေအောင်မြင်ဖို့

မိန်းကလေးများ ရင်သားတွဲကျခြင်းအမျိုးသမီးတစ်ယောက်အတွက် အလှအပနဲ့ဆွဲဆောင်မှုအင်္ဂါရပ်တွေထဲမှာရင်သားတစ်စုံလည်းပါဝင်တာမို့ရင်...
21/10/2024

မိန်းကလေးများ ရင်သားတွဲကျခြင်း

အမျိုးသမီးတစ်ယောက်အတွက် အလှအပနဲ့ဆွဲဆောင်မှုအင်္ဂါရပ်တွေထဲမှာရင်သားတစ်စုံလည်းပါဝင်တာမို့ရင်သားတွေသဘာဝအတိုင်း ဖွံ့ထွားတောင့်တင်းမနေဘဲ ပျော့အိတွဲကျလာတဲ့အခါမှာ မိမိကိုယ်ကိုဆွဲ ဆောင်မှုမရှိတော့ဘူးလို့ခံစားလာရပြီး၊ လွန်စွာစိတ်ကသိကအောင့် ဖြစ်ရပါတယ်။ အသက်အရွယ်ကြီးရင့် လာခြင်းက အဓိကအကြောင်းရင်းဖြစ်သော်လည်း၊ အချို့သူ တွေမှာ အောက်ပါအကြောင်းများကြောင့် အရွယ်မလွန်ခင်ကတည်းက ရင်သားတွေပျော့တွဲလာကြရပါတယ်။

• နို့တိုက်မိခင်များ။

• ရုတ်တရက်ကိုယ်အလေးချိန်ထိုးကျသွားသူများ။

• အာဟာရချို့တဲ့သူများ။

• မိမိရင်သား အရွယ်အစားနဲ့မကိုက်ညီတဲ့ ဘရာဇီယာ(သို့မဟုတ်)ဘော်လီဝတ်ဆင်သူများ။

• နို့အုံထဲရှိ ကျုံ့/ဆန့်နိုင်သောတစ်ရှုးများပြေလျော့နိုင်စွမ်းအားနည်းသွားခြင်း။

• သွေးဆုံးပြီးနောက် ဟိုမုန်းပြောင်းလဲသွားခြင်း။

• ဘရာဇီယာ(သို့မဟုတ်)ဘော်လီမပါဘဲ ပြေးခြင်း/ကြိုးခုန်ခြင်း/လေ့ကျင့်ခန်းပြင်းပြင်းလုပ်ခြင်း။

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း(၇)သွယ်က ရင်သားတွေကို ဘေးဥပါသ်လုံးဝမဖြစ်စေဘဲ တင်းရင်း လာစေမယ့် နည်းလမ်း ကောင်းလေးတွေပါ။

(၁) နို့သီခေါင်းကိုချန်ပြီး၊ ရင်သားတစ်စုံကို တနေ့ ၂-ကြိမ် #သံလွင်ဆီဖြင့်အသာအယာလူးနယ်ပေးပါ။ သံလွင်ဆီရဲ့အစွမ်းကြောင့်ရင်သားအတွင်းပိုင်းရှိ ဆဲလ်နဲ့သွေးလည်ပတ်မှုအားကောင်းလာပြီးတစ်ရှုးများတောင့်တင်းလာစေတဲ့အပြင်၊ ရင်သားအပေါ်ယံ အလွှာအရေပြားများလည်း တင်းရင်းလာစေပါတယ်။

(သံလွင်ဆီနဲ့ နို့အုံကိုခပ်ကြမ်းကြမ်းဆွဲ၍လိမ်းခြင်းက ရင်သားများပိုမိုတွဲကျသွားစေနိုင်လို့ ခပ်ဖွဖွဆုပ်နယ်လိမ်းပေးပါ)

(၂) fenugreek(ခေါ်)ကုလားဟင်းချက်ရာတွင်သုံးသည့် #ပဲနံ့သာပင်ကနူးညံ့တဲ့အရေပြားများကို သူမတူအောင် တင်းရင်းစေတဲ့အစွမ်းသတ္တိများရှိကြပါတယ်။(အိန္ဒိယရိုးရာပရဆေးဆိုင်များနဲ့ အချို့ citymart များတွင်fenugreek(ခေါ်)ပဲနံ့ သာပင်အမှုန့် ခြောက်ဗူး

တွေဝယ်ယူရရှိနိုင်၏) ပဲနံ့သာပင်အမှုန့်ကို ရေနဲခပ်ပျစ်ပျစ်ဖျော်စပ်လိမ်းပေးပြီးနောက် ၁၅-မိနစ်ခန့်အကြာရေအေး ဖြင့်သန့်စင်ဆေးကြောပါ။

(၃) #ထောပတ်ဆီအနှစ်များက ရင်သားကိုတင်းရင်းစေတဲ့အပြင်ဖြူဝင်းလှပလာစေလို့၊ ၎င်းဆီအနှစ်ဖြင့် ၃-မိနစ်လောက် အသာ အယာလူးနယ်ပေးပါ။ နာရီဝက်ခန့်အကြာရေအေးဖြင့် ရေချိုးသန့်စင်နိုင်ပါတယ်။

(၄) ကြက်ဥအနှစ်ကိုဖယ်၍ #အကာအဖြူရည်ကိုအမြှုပ်ထအောင်ခေါက်ပါ။ထိုအမြှုပ်ရည်ဖြင့် ရင်သားကိုအသာအယာ လူးနယ် ပေးပြီး၊နာရီဝက်လောက်အခြောက်ခံထားပါ။ ထိုသို့အခြောက်ခံနေစဉ်အတွင်း ကြက်သွန်နီဥကြီးကြီး ၁-လုံးကိုအခွံနွှာ ကျိတ် ချေပြီး ရလာသောကြက်သွန်နီသတ္တုရည်ကိုရေအေး ၁-ဖန်ခွက်ရောစပ်ပါ။ ပြီးရင် ရင်သားပေါ်ရှိခြောက်သွားသောကြက်ဥအကာရည်ကို စောစောကကြက်သွန်နီရည်ဖြင့် ဆေးကြောပေးပါ။

(၅) သခွားသီးကို အခွံနွှာအစေ့ဖယ်၍ အသားကိုခြစ်ပါ။ #သခွားသီးအသားထမင်းစားဇွန်း ၁-ဇွန်းစာကို ကြက်ဥအနှစ် ၁-လုံး(အ ကာမသုံးပါနဲ့)၊ထောပတ်လ္ဘက်ရည်ဇွန်း ၁-ဇွန်းတို့ဖြင့် သမအောင်ရောမွှေပြီး နို့အုံအနှံ အချိန် ၃-မိန်နစ်ခန့်ကြာအောင် အ သာအယာ ပွတ်နယ်လိမ်းပေးပါ။အသားထဲစိမ့်ဝင်သွားအောင် မိနစ် ၂၀-ခန် ထားပြီးနောက် ရေချိုးနိုင်ပါတယ်။ထိုအရောအနှော ၃-မျိုးရဲ့အစွမ်းကြောင့် ရင်သားထဲရှိ တစ်ရှုးများ သိသိသာသာတောင့်တင်းသန်မာလာစေပါတယ်။

(၆) ဒိန်ချဉ် လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်ဥ ၁-လုံး(အနှစ်အကာအားလုံးသုံးပါ)၊ ဗီတာမင်အီး ၂လုံး ကိုဖောက်ပါ။ (ဗီတာမင်အီးဆေးလုံးလေးများကို အလှကုန်ဆိုင်များတွင်ရ၏) ထိုအရောအနှော ၃-မျိုးကို သမအောင်အချိန်ကြာကြာ ခေါက်နယ်ပြီး၊ နို့အုံအ နှံ့ ၃-မိနစ်ခန့်ကြာအောင်အသာအယာနှိပ်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေချိုးပေးနိုင်ပါပြီ။

(၇) ရေကူးခြင်း၊ ကြွက်သားတက်စေတဲ့အလေးပြား(ခပ်ပေါ့ပေါ့) ဆွဲ၍အလေးမခြင်း၊ ဗိုက်ကိုချပ်၍ ရင်သားတစ်စုံကို လက်နှစ် ဖက်ဖြင့်ကိုင်၍အောက်ကပင့်ကာအပေါ်ဘက်သို့အသာအယာမတင်ခြင်း စတဲလေ့ကျင်းခဏ်းလေးတွေက ရင်သားစိုင်များကို တင်းမာလာစေပါတယ်။

ကြိုတင်ကာကွယ်ခြင်းနဲ့အခြားနည်းလမ်းကောင်းများ။

(၁) ဆေးလိပ်က ရင်သားထဲရှိကြွက်သား ကျုံ့/ဆန့်နိုင်အားကိုလျော့ပါးစေတာကြောင့်ဆေးလိပ်မသောက်ပါနဲ့။

(၂) အယ်လ်ကိုဟောနဲ့ကဖိန်းဓာတ်ပါသော အရက်သေစာအဖျော်ယမကာအမျိုးမျိုး၊အမြှုပ်ထ၍ဆူလာစေအောင် ကာဗွန်ဒိုင် အောက်ဆိုဒ်ထဲ့ထားသော အချိုရည်ဗူးများကအရေပြားများကို အရွယ်မတိုင်မီအိုမင်းစေပြီး ရင်သားများလည်းတွဲကျစေပါတယ်။

(၃) ကြိုးလျော့နေသော ဘရာဇီယာ(သို့မဟုတ်)ဘော်လီ တွေမဝတ်ပါနဲ့၊အိပ်ချိန်မှလွှဲ၍ ဘရာဇီယာ(သို့မဟုတ်)ဘော်လီကို ဝတ်ထားပါ။(ကမ္ဘာပထဝီမြေကြီးရဲ့ဆွဲအားကလည်း သင့်ရင်သားစိုင်တွေအောက်ကိုတွဲကျစေတယ်ဆိုတာမယုံမရှိနဲ့နော်)

(၄) ရင်သားပျော့အိတွဲကျခြင်းကလည်း အာဟာရချို့တဲ့မှုနဲ့ဆက်စပ်နေပါတယ်။ရင်သားစိုင်တွင်းရှိ တစ်ရှုးများနဲ့ အသားအရေ တင်းရင်းမှုကိုအားပေးသောဗီတာမင်၊သတ္တုဓာတ် နဲ့ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများမှာ ကြက်သား၊သိုးသား၊ ပင်လယ်ငါး များ၊ ကြက်ဥ၊ အဆီနဲသောချိစ်၊ ဒိန်ချဉ်၊ နွားနို့၊အစေ့အဆန်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ပန်းဂေါ် ဖီအဖြူ၊ ဂေါ်ဖီထုပ်၊ ပဲနံ့သာရွက်၊ ခရမ်းချဉ်သီး..စသည်တို့ဖြစ်ကြပါတယ်။

Crd to မူရင်းရေးသားသူ 🙏🙏🙏

မှတ်ဖွယ်မှတ်ရာ📝📖🙏
21/10/2024

မှတ်ဖွယ်မှတ်ရာ📝📖🙏

ဒီတခါတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ရွေးချယ်ပါရစေ ...ဘဝမှာ ဘယ်သူကမှ ကိုယ့်ကို အမြဲတမ်း အထူးတလည် မတွေးပေးနိုင်မှန်း၊ ဂရုမစိုက်ပေ...
20/10/2024

ဒီတခါတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ရွေးချယ်ပါရစေ ...

ဘဝမှာ ဘယ်သူကမှ ကိုယ့်ကို အမြဲတမ်း အထူးတလည် မတွေးပေးနိုင်မှန်း၊ ဂရုမစိုက်ပေးနိုင်မှန်း သိလာတော့ ကိုယ့်အတွက် ကိုယ် တွေးပေးရတဲ့ အလုပ်ကို ပိုပြီး သဘောကျလာခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက် ချစ်ရကောင်းမှန်း သိလာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားရကောင်းမှန်း သိလာခဲ့တယ်။ စိတ်ပင်ပန်းစေတဲ့ ရပ်ဝန်းတွေဆို တတ်နိုင်သလောက် ရှောင်တယ်။ ကိုယ့်ကို စိတ်ပင်ပန်းစေမဲ့ သူတွေကိုလဲ တတ်နိုင်သလောက် ရှောင်ကြဉ်ပါတယ်။

ကိုယ် ကြိုက်တဲ့ အစားအသောက်လေးတွေ ဝယ်စားဖို့ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာလေးတွေ ဝယ်ဖို့၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အလုပ်လေးတွေမှာ အချိန်ပေးဖို့၊ လူရောစိတ်ပါ ကျန်းမာအောင် ဂရုစိုက်ဖို့ အများကြီး တွေးပေးတတ်လာခဲ့တယ်။

စိတ်ဓာတ်ကျတဲ့ အချိန်တွေ၊ ပြိုလဲတဲ့ အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲထူတတ်ဖို့၊ ထွေးပွေ့ ယုယတတ်ဖို့ သင်ယူတတ်လာခဲ့တယ်။

လူတွေကို အချိန်တွေ အများကြီး ပေးပြီး ချစ်ခဲ့ပြီးပြီ၊ ဂရုစိုက်ခဲ့ပြီးပြီ။ အခုတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထွေးပွေ့ရဦးမယ်။ ကိုယ့်အတွက်ကိုယ် ပြန်ပြီး တွေးပေးရဦးမယ်။

သိတယ်မလား …. ကိုယ့်ကိုယ်ကိုယ်က လွဲပြီး အခြား လူတစ်ယောက်ကို တွေးပေးဖို့၊ ထွေးပွေ့ဖို့အတွက် သိပ်ကို ပင်ပန်းစရာ ကောင်းနေခဲ့ပြီလေ


#မေတ္တာများစွာဖြင့်

Address

Yagon

Telephone

+959421082374

Website

Alerts

Be the first to know and let us send you an email when Thant - အညာမြေရှားစောင်းလက်ပတ်ချက်ဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram