မဟာသုခ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

  • Home
  • Myanmar
  • Yagon
  • မဟာသုခ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

မဟာသုခ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မဟာသုခ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး, Medical and health, Yagon.

 #နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ် #အာတွေလျာတွေ_လေးလာတယ် #ကိုယ်တွေအရမ်းပူတယ် #သွေးပေါင်လည်း_အရမ်းတက်နေတယ် #အပူရှပ်တယ်_ဆို...
10/04/2024

#နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ်
#အာတွေလျာတွေ_လေးလာတယ်
#ကိုယ်တွေအရမ်းပူတယ်
#သွေးပေါင်လည်း_အရမ်းတက်နေတယ်
#အပူရှပ်တယ်_ဆိုတာ

ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heatstroke) ဆိုတာ ဘာလဲ

အပူရှပ်တယ်ဆိုတာ ပူလွန်းတဲ့ ပါတ်ဝန်းကျင်မှာ ကြာရှည် ထိတွေ့လိုက်မိလို့ ကိုယ်ခန္ဓာ အပူချိန်ပါ အလွန်အကျွံ လိုက်တက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။

ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်ရင်တော့ Heatstroke ခေါ်တဲ့ အပူရှပ်တာ ဖြစ်ပါပြီ။

အပူရှပ်တာ အသက်အန္တရာယ်ရှိတာမို့ အရေးပေါ် ကုသမှု ပေးဖို့လိုပါတယ်။

အရေးပေါ် ကုသမှု မပေးနိုင်ရင်တော့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သား တွေကို လျှင်လျှင် မြန်မြန် ရောင်ရမ်း ပျက်စီး စေပါလိမ့်မယ်။

ထိရောက်တဲ့ ကုသမှု ယူဖို့ ကြာလေလေ ထိခိုက်ပျက်စီးတာ ဆိုးလေလေပါပဲ။ သေဆုံးခြင်း အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံနိုင်ခြေ များလာပါတယ်။
x x x x x x x

အပူရှပ် တာရဲ့ လက္ခဏာတွေက ဘာတွေလဲ

အဓိက ကေတာ့
ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်တာပါပဲ။

နောက်ထပ် လက္ခဏာတွေ ကတော့
စိတ်မူမမှန်ရင် (စိတ်နောက်ခြင်း၊ ကနာမငြိမ်ခြင်း၊ စကားသံလေးလာခြင်း၊ ဂျီကျခြင်း၊ စိတ်ကရောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း)
ပျို့ တာ၊ အန်တာ ဖြစ်ရင်
အရေပြား ရှိန်းတိန်းဖိန်းတိန်း ဖြစ်ရင်
အသက်ရှူ နှုန်း သိသိသာသာ မြန်လာရင်
နှလုံးခုန်နှုန်း သိသိသာသာ မြန်လာလို့ ရင်တုန်သလို ခံစားလာရရင်
ခေါင်းထိုးပြီး ကိုက်လာရင် အပူရှပ်တာ ဖြစ်နိုင်ပါတယ်။

အပူရှပ်တာရဲ့ အကြောင်းရင်းခံက ဘာလဲ

ပူပြင်းတဲ့ အခြေအနေမှာ
ပြင်းထန်တဲ့ အလုပ်၊ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာ၊
အရက်သောက်တာ
ရာသီနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားတွေ ဝတ်တာ
ရေ လုံလောက်အောင် မသောက်တာ တွေက အပူရှပ်တာ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

အပူရှပ်တဲ့သူကို ဘယ်လို ရှေးဦးပြုစုပေးရမလဲ

အပူရှပ်တာ အရေးပေါ် အခြေအနေ ဖြစ်ပါတယ်။ ဆိုလိုတာ "အချိန်မှီ" "စနစ်တကျ" မကုသရင် သေနိုင်ပါတယ်။

အဲ့ဒီတော့ ကုသမှု မရခင် စပ်ကြား ရှေးဦးပြုစုပေးနိုင်ဖို့ အရေးကြီးပါတယ်။

(၁) လူနာကို အေးပြီး အရိပ်ရတဲ့ တနေရာရာကို ရွေ့ပါ
(၂) ခြေထောက်ကို အနည်းငယ် မြှင့်ပေးပြီး လဲလျောင်းတဲ့ အနေအထားမှာ ထားပေးပါ
(၃) ရေအေးစိမ်၊ ရေဖျန်း၊ ရေခဲဝတ် တိုက်ပေး၊ ကပ်ပေးတာ တွေ လုပ်ပေးပါ၊ အထူးသဖြင့် လည်ပင်း၊ ချိုင်းကြား နဲ့ ပေါင်ခြံ လို နေရာတွေ မှာ ကပ်ပေး တိုက်ပေးပါ။
(၄) အဲကွန်းခန်းထဲ ရွေ့တာ၊ ပန်ကာ နဲ့ မှုတ်ပေးတာလည်း လုပ်ပေးနိုင်ပါတယ်
(၅) ပါးစပ်ကဝင်မယ် သတိလစ်မနေဘူး ဆိုရင် ရေအေးလေး တိုက်ပေးနိုင်ပါတယ်
(၆) ဒါတွေ လုပ်လို့မှ လူနာ အခြေအနေ မကောင်းဘူး (ကိုယ်ပူမကျ၊ သတိလစ်၊ တက်တာ တွေ ဖြစ်လာမယ်) ဆိုရင်တော့ အရေးပေါ်ကုသမှု ဋ္ဌာနရှိတဲ့ ဆေးရုံကို နောက်မကျစေဘဲ အမြန်ဆုံးသွားဖို့သာ တိုက်တွန်း လိုက်ပါတယ်။

 #သဘာဝကပေးတဲ့နတ်ဆေးပင် #အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့..................................................ရှားစောင်းလ...
15/03/2024

#သဘာဝကပေးတဲ့နတ်ဆေးပင်

#အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့..................................................

ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း

*ဒီနေ့မှာတော့ ရှားစောင်းလက်ပတ်အပင်ကို စိုက်ပျိုးတဲ့နေရာမှာ #ဆောင်ရန်ရှောင်ရန်အချက်လေးတွေ နဲ့ #အသုံး၀င်ပုံ၊‌ #သိကောင်းစရာ‌တွေ ကို အဓိကထား ဖော်ပြပေးသွားပါမယ်။

ရှားစောင်းလက်ပပ်ပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင်တဲ့အခါမှာ နေရောင် ခြည် လုံလုံလောက်လောက် ရရှိရပါမယ်၊🌤️ ရေလောင်းတဲ့အကြိမ်ရေကို လျှော့လောင်းရမယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့ မြေအမျိုးအစားကတော့ လေဝင်လေထွက်ကောင်းစေတဲ့ မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး ရေဓာတ်သိုမှီထား နိုင်တဲ့မြေမျိုးဖြစ် ရပါမယ်၊ အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုရင်တော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အဆင့်သင့်မြေတွေကို မြေဆွေးတွေနဲ့ ရောမွှေ၍ စိုက်ပျိုးလိုက်ရင်ရပါတယ်။💁🏼‍♂️ ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်အသင့်အတင့်ရရှိယုံနှင့် စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးမယ်ဆိုရင် မြေထဲမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်စေးမြေ နည်းနည်း၊ မီးသွေးမှုန့်နည်းနည်း ဖြည့်စွက်ရောနှောစိုက်ပျိုးရပါတယ်။💁🏼‍♂️📈 သစ်ရွက်ဆွေး မြေတွေထဲမှာ ဇီဝမြေသြဇာတွေ အများအပြား ပါဝင်နေတဲ့အတွက် အကောင်းစားမြေမျိုး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်က အက်ဆစ်အချဉ် ဓာတ်နည်းပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကိုနှစ်သက်ပါတယ်။

**** ရှားစောင်းလက်ပပ်စိုက်ပျိုးနည်းများ ****

ရှားစောင်းလက်ပပ်ကို ပန်းအိုးထဲထည့်စိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက် စိုက်တဲ့နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊✌️
မိမိကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုး နိုင်ပါတယ်၊ စိုက်နည်းမတူညီတဲ့အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြား မှုရှိ တတ်ပါတယ်💁🏼‍♂️

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲ ထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးအပေါက်မြန်ပြီး အကြီးထွားသန်မာစေပါတယ်။
ရှားစောင်းလက်ပပ်ပင်ကို တစ်ပင်နှင့်တစ်ပင် (၅)ပေခြား စိုက်ပျိုးရပါတယ်၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်မှာ အပင်လက်များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင် လာပါလိမ့်မယ်။💕

အပင်အလက်များသည် နွေဥတု၌ အတွင်းအနှစ်အနည်း ငယ်သာရှိပြီး မိုးနှင့်၊ ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင်အလက်ကို ဓားဖြင့်လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့် ဆေးဘက်ဝင်တယ်လို့ ဆိုပါတယ်။
ရှားစောင်းလက်ပပ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီပုံပေးပါက ပို၍ဖြစ်ထွန်း လွယ်ပါတယ်။ 💁🏼‍♂️💕

**** မြေသြဇာမများရ***

ရှားစောင်းလက်ပပ်က စင်စစ်မှာတော့ မြေသြဇာမကျွေးလဲ ရှားစောင်းလက်ပပ်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်းကျွေးပေးရင်တော့ ကြီးထွားမှု့ကို မြန်ဆန်စေပါတယ်၊ မြေသြဇာအကျွေးများ လွန်းပြန်လျှင်လည်း အမြစ်ပုပ်သွားတတ်ပါတယ်၊🙅🏼‍♂️ မြေသြဇာကို သင့်ရုံလောက်သာထည့်ပါ။💁🏼‍♂️

**** မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ ****

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးကြီးထွားလေ့ ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင်ခြည်ကောင်းကောင်းရတတ်တဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့်တဲ့နေရာကောင်းတွေပါပဲ။ ရှားစောင်းလက်ပပ်ကို မိုးရေဝပ်တဲ့နေရာမျိုးမှာ လုံးဝမစိုက်ပျိုးသင့်ပါဘူး🙅🏼‍♂️ ၊

ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပပ်က သဲကန္တာရဒေသဇာတိအပင် မျိုးဖြစ် လေတော့ ရေများတာကိုမကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန်စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်အရေးကြီးပါတယ်။

**** အသစ်ပြန်စိုက်ပြီးတဲ့ နောက်တစ်လ ရေမလောင်းပါနဲ့ ****

တခြားအပင်တွေဟာ အပင်ပြောင်းရွှေ့စိုက်တာပဲဖြစ်ဖြစ်၊ အသစ်ပြန်စိုက်တာပဲဖြစ်ဖြစ်၊ ရေလုံလုံလောက်လောက် လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပပ်ကတော့ လုံးဝမတူဘဲ အသစ်ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး ၊

တစ်လပြည့်ပြီးနောက်မှ ရေအဝလောင်းရပါတယ်၊ အဲဒီအချက်ကိုတော့ အထူးသတိပြုသင့်ပါတယ်။🙋🏼‍♂️
ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်ပြီဆိုရင် ရှားစောင်းလက်ပပ်ပင်ကို အသစ်ပြန်စိုက်လို့ရပါပြီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးနောက် ပဲဖတ်၊ (သို့) နှမ်းဖတ်ကို တစ်ကော်၊ နှစ်ကော် (သို့) ကြက် ချေးခြောက် တစ်ကော်၊နှစ်ကော် ကျွေးလိုက်ပါ၊ ဆောင်းတွင်းမှာတော့ ဘာမြေသြဇာမှ ကျွေးဖို့မလိုပါဘူး။

**** သားတက်ခွဲစိုက်နည်း ****

သားတက်ခွဲစိုက်နည်းကတော့ မိခင်အပင်မကြီးရဲ့အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို အမြစ်ပါစိုက်တဲ့နည်းပဲဖြစ်ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ ၊ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲကိုစိုက်ထည့်လိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေ အသေအချာခိုင်လာမှ ရေလောင်းပါ။ မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊ အပင်သစ်ရဲ့ အရွက်နည်းနည်း အဝါရောင်သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့ ၊ စိတ်မပူပါနဲ့၊🙋🏼‍♂️
အမြစ် တဖြည်းဖြည်းရှည်ထွက်လာရငိ အရွက်လဲပိုပြီး သန်လာပါလိမ့်မယ်၊ အရွက်ရဲ့အရောင်ကလဲ အစိမ်းရင့်ရောင် ပြောင်းလဲလာပါလိမ့်မယ်၊ အဲဒီတော့မှ အသေအချာစစ်ဆေးကြည့်ပြီးမှ ရောင်းလောင်းပါလို့ အကြုံပြု ချင်ပါတယ်။💁🏼‍♂️
– DOCA


ရှားစောင်းလက်ပတ်ပင် အကြောင်းသိကောင်းစရာ
(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)

ပေါက်ရောက်ပုံ 🌱

အပူပိုင်း ဒေသ များတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ ဆေးဖက်ဝင် ဖြစ်၍ စိုက်ပျိုး ထားသည်။

အသုံးပြုပုံ

ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေဝါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ပုံပန်းအသွင်ပြင်

အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁-ပေ၊ ၁-ပေခွဲ အထိရှိသည်။

အသုံးဝင်သောအပိုင်း

အရွက်

Item Name : Barbodos Aloes (ရှားစောင်းလက်ပပ်)

အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ဝင် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။ Appearance : -အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။
အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။

အပင် -အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။

ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။ အရွက် - အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။

အပွင့်*

၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။

-မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပပ် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။

ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ

ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။

လေ့လာချက်များအရ

● ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊💁🏼‍♂️ အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊🦠 အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။
ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။

ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။

နှုတ်ခမ်းအတွက်💋

ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အသားအရေအတွက်🧏🏻

ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။

မျက်နှာပေါ်မှအမဲစက်များအတွက် 👉

ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။💁🏼‍♀️
ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားပါမည်။

စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတများ

ဗီတာမင် လွန်ကဲမှုရဲ့အန္တရာယ်များ======================= ဘယ်အရာမဆိုတန်ဆေး လွန်ဘေးပါနော် Photos:Credit
13/03/2024

ဗီတာမင် လွန်ကဲမှုရဲ့အန္တရာယ်များ
=======================
ဘယ်အရာမဆိုတန်ဆေး လွန်ဘေးပါနော်

Photos:Credit

kg နဲ့ ပိဿာ တွက်ချက်ပုံလေးပါဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို့--> မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ city mart တွေမှာ...
29/02/2024

kg နဲ့ ပိဿာ တွက်ချက်ပုံလေးပါ
ဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို့--> မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ city mart တွေမှာဝယ်ဖြစ်မယ်ဆိုရင်ပေါ့

1 ပိဿာ လိုချင်ရင် kg နဲ့ ဆိုရင် 1.6 kg ပြည့်အောင် ဝယ် ရပါမယ်
g နဲ့ဆိုရင် 1600 g ဝယ် ရပါမယ်

50 ကျပ်သား လိုချင်ရင် 800 g ဝယ် ရပါမယ်

25 ကျပ်သား လိုချင်ရင် 400 g ဝယ်ရပါမယ်

10 ကျပ်သား လိုချင်ရင် 160 g ဝယ်ရပါမယ်

20 ကျပ်သား လိုချင်ရင် 320 g ဝယ်ရပါမယ်

30 ကျပ်သား လိုချင်ရင် 480 g ဝယ်ရပါမယ်

40 ကျပ်သား လိုချင်ရင် 640 g ဝယ်ရပါမယ်

ဖြည့်စွက်

1 kg ဟာ 63ကျပ်သား နဲ့ ညီမျှပါတယ်

⭐⭐ ဆေးဖက်ဝင် ဂျူးမြစ်⭐⭐~~~~~~~~~~~~~~~၁။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ဂျူးမြစ်ကို နွားနို့နှင့် ကျိုချက်၍ စားပါ။၂။ အိမ်...
23/02/2024

⭐⭐ ဆေးဖက်ဝင် ဂျူးမြစ်⭐⭐
~~~~~~~~~~~~~~~
၁။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ဂျူးမြစ်ကို နွားနို့နှင့် ကျိုချက်၍ စားပါ။

၂။ အိမ်မက်သုက်လွှတ်ရောဂါဖြစ်လျှင် ဂျူးမြစ်ကို အရည်ညှစ်ယူပြီး ဟင်းစားဇွန်းတစ်ဇွန်း ပျားရည်တစ်ဇွန်း၊ နွားနို့ တစ်ဖန်ခွက်တွင် ရောစပ်၍ သောက်ပါ။

၃။ ပန်းညှိုးရောဂါဖြစ်လျှင် ဂျူးမြစ်ကို နံ့သာဖြူဆီဖြင့် စိမ်ထားပြီး လိမ်းကျံပေးပါ။

၄။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်လျှင် ဂျူးမြစ်ကို ရေနွေးဖြင့် ပြုပ်ပြီး မတ်ခွက်တစ်လုံး နေ့စဉ်သောက်သုံး ပါက သက်သာစေနိုင်သည်။

၅။ နှလုံးကြောင့်ဖြစ်သော အမောရောဂါအတွက် ဂျူးမြစ်ပြုပ်ရည်တွင် ပျားရည် သင့်ရုံထည့်၍ သောက်သုံး ပေးခြင်းဖြင့် သက်သာစေနိုင်သည်။

၆။ အစာအိမ်အနာပေါက်လျှင် ဂျူးမြစ်ကို ပြုပ်ပြီး သကြားနှင့် ရော၍ စားပေးပါ။

၇။ အစာမကြေရောဂါဖြစ်လျှင် ဂျူးမြစ်ကို အတို့အမြှုပ်ပြုလုပ်၍ စားပေးခြင်းဖြင့် အစာကြေစေနိုင်သည်။

၈။ ခြေတုန်လက်တုန်ရောဂါနှင့် သက်ကြီး သူငယ်ပြန်ရောဂါများမှ ကာကွယ်စေရန်အတွက် ဂျူးမြစ်ကို ဖျော်ရည်ကဲ့သို့ နေ့စဉ် သောက်သုံးပေးနိုင်သည်။

သုက်လွန်ရောဂါ၊ အိမ်မက်သုက်လွှတ်ရောဂါ၊ သွေးဖိအားတိုးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရော ဂါ၊ အရိုးပါးရောဂါ၊ သက်ကြီးသတိမေ့ရောဂါ (အယ်ဇိုင်းမား)၊ အဆုတ်နှင့် အစာအိမ်အူလမ်းကြောင်း အကျိတ် ကင်ဆာရောဂါများကို ကာကွယ်ကုသရန် ဆေးဖက်ဝင်အသုံးပြုသည်။

အရသာနှင့် အကျိုးသွားမှာ ပူခါး၍ စပ်ဖျဉ်းဖျဉ်းအရသာရှိသည်။ ပူ၍ ဝမ်းမီးတောက်စေသော သတ္တိ ရှိသည်။ ဂုဏ်နှင့်စွမ်းရည်မှာ စာလောင်မွတ်သိပ်စေသည်။ အစာအိမ်ကို နှိုးဆွပေးသော သတိ္တရှိသည်။ အစာကိုလည်း ကြေစေသည်။ ဝမ်းကြောတင်းရောင်ခြင်းကို ပျောက်ကင်းစေသည်။ ပိုးနှင့်အဆိပ်ကို နိုင် သည်။ ဆီးဝမ်းကို ရွှင်စေသည်။ အသဲရောင်ရေဖျဉ်း၊ နှလုံးရောင်၊ နှလုံးကြီး ရောဂါများကို ကောင်းစေနိုင် သည်။ သုက်ယိုစီးသောရောဂါ၊ သုက်လွှတ်ရောဂါများအတွက် ပျောက်ကင်းစေနိုင်သည်။
Credit

အသားအရေထိန်းသိမ်းနည်းအရွယ်သုံးပါးမှာ  အသားအရည်ထိန်းသိမ်းနည်း👧👵အသက် ၂၀ ကျော်အရွယ်မှာ အသားအရည်ထိန်းသိမ်းနည်း နဲ့ အသက်၅၀အရွ...
07/02/2024

အသားအရေထိန်းသိမ်းနည်း

အရွယ်သုံးပါးမှာ အသားအရည်ထိန်းသိမ်းနည်း👧👵

အသက် ၂၀ ကျော်အရွယ်မှာ အသားအရည်ထိန်းသိမ်းနည်း နဲ့ အသက်၅၀အရွယ်မှာအသားအရည်ထိန်းသိမ်းနည်းကဘယ်လိုမှမတူနိုင်ပါဘူး။🤔

အရွယ်သုံးပါးလုံးလှပနေဖို့အတွက်ဆိုအသားအရည်ထိန်းသိမ်းနည်းလေးသိထားဖို့လိုပါတယ်။😀

👉အသက်၂၀ အရွယ်🙋🙋
ငယ်တုန်းရွယ်တုန်းမှာ အသားအရည်ကို ဂရုစိုက်ထားမှကြီးတဲ့အခါတော်ကာကျပါမယ်။

နေရောင်ဒဏ်ကိုကာကွယ်ပါ။☀☀
အကောင်းဆုံးကတော့ SPF 30 လောက်ပါတဲ့ sun cream လိမ်းပါ။နေရောင်ဒဏ်က မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်စေသလို မျက်နှာပြင်ချောမွေ့မှုကင်းစေပြီး အညိုစက်တွေထွက်စေပါတယ်။

ဝက်ခြံတွေတိုက်ထုတ်ပါ။

ဆယ်ကျော်သက်အရွယ်မဟုတ်တော့လို့ဝက်ခြံထွက်လည်း ခဏလေးနဲ့ပျောက်သွားမှာလို့ ထင်ရင် သင်မှားသွားမှာပေါ့။မျက်နှာသစ်ရင် facial cleanser လေးနဲ့သစ်ပေးပါ။ မိတ်ကပ်လိမ်းပြီးတဲ့အခါ မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ပါ။

ချွေးပေါက်တွေကိုသန့်ရှင်းပေးပါ။

မျက်နှာပေါင်းတင်ပြီး ချွေးပေါက်တွေကိုသန့်ရှင်းပေးပါ။သဘာဝရွှံ့စေးဒါမှမဟုတ် charcoal ပါဝင်ဝင်တဲ့ facial mask ကိုရွေးဝယ်ပါ။

👉အသက် ၃၀ နှင့် ၄၀ အရွယ်💁💁

အသက် ၃၀ မှာ ဟော်မုန်းအပြောင်းအလဲ နှင့်စိတ်ဖိစီးမှုတွေကြောင့် အရေပြား ကပုံမှန်သိပ်မဖြစ်တော့ပါဘူး။အသက် ၂၀ အရွယ်တုန်းက ဂရုမစိုက်မိခဲ့ဘူးဆိုရင် အခုဒီအရွယ်မှာ ဂရုစိုက်ပေးရမှာပါ။

အသားအရောင်ပြောင်းလာခြင်း

အသက် ၃၀ အရွယ်မှာဆို တော်တော်များများက အသားအရောင်ပြောင်းလာကြတယ်။များသောအားဖြင့်ကတော့ နေရောင်ကြောင့် ပျက်စီးသွားတာပေါ့။ဒါကြောင့်အကြံပြုချင်တာကတော့ ဗီတာမင် C တစ်နေ့တစ်လုံးသောက်ပေးပြီး ဗီတာမင်ကြွယ်ဝတဲ့ အသီးအနှံတွေစားသုံးပေးပါ။

ဟော်မုန်းကြောင့်ထွက်တဲ့ ဝက်ခြံတွေကိုတိုက်ထုတ်ပါ။

ဝက်ခြံအမာရွတ်တွေက သင် အသက် ၃၀အရွယ်မှာလည်း ရှိနေဦးမှာပါ။ဒီဝက်ခြံအမာရွတ်တွေကင်းဝေးချင်တယ်ဆိုရင်တော့ pH ဓာတ်များများပါတဲ့ toner ကိုသုံးပေးပါ။

အရေးအကြောင်းတွေကိုတားဆီးပါ။

ဗီတာမင် Aက ဆဲလ်တွေ ပျက်စီးသွားခြင်း မရှိအောင်ထိန်းထားပေးပါတယ်။ဒါကြောင့် အရေးအကြောင်းပေါ်ခြင်းနှင့် အသားအရောင်ပြောင်းလဲသွားခြင်းကို တိုက်ဖျက်ပေးမှာပါ။

အသက် ၄၀ အရွယ်မှာ တော့ ခန္ဓာကိုယ်ကျန်းမာအားပြည့်ဖို့ ဂရုစိုက်ပါ။

ရေဓာတ်ပြည့်နေပါစေ။

ဒီအသက်အရွယ်မှာ အရေပြားကအဆီဓာတ်တွေ လျော့နည်းသွားတဲ့အတွက် အသားအရည် ခြောက်သွေ့နေမှာပါ။ဒါကြောင့် ရေဓာတ်အားဖြည့်ပေးတဲ့ skin care products ကိုရွေးချယ်ဝယ်ယူပါ။

မျက်နှာအရောင်ထိုင်းမှိုင်းခြင်း
အသက် ၄၀ အရွယ်တွေမှာ ဆိုမျက်နှာဝင်းလက်မှုနည်းသွားတာသိသာလာပါပြီ။မျက်နှာဝင်းမွတ်ပြီး လှပနေဖို့အတွက် ဆို facial oilကအကောင်းဆုံးပါ။

👉အသက် ၅၀ အရွယ်နှင့် နှောင်းပိုင်း👵👵

ဒီအသက်အရွယ်မှာ အသိသာဆုံးက အရေးအကြောင်း ၊ အသားအရောင် မညီတော့တာ ၊ အရေပြားတွဲအိကျတာ နှင့် အသားအရည်ခြောက်သွေ့တာ တွေပါ။

- အရေပြားတင်းရင်းအောင်ဂရုစိုက်ပါ။

- အရေးအကြောင်းတွေကာကွယ်ပေးတဲ့beauty products တွေသုံးပါ။

- ဆဲလ်တွေပျက်စီးခြင်းမရှိရအောင်ကာကွယ်ပါ။

- အသားရည် ကျစ်လစ်အောင် လေ့ကျင့်ခန်းလုပ်ပေးပါ

ဒါဆိုရင်တော့ အရွယ် ၃ ပါးစလုံးမှာ လှပနေမှာပါ


 #ဇက်ကျီးပေါင်း အတွက် မဖြစ်မနေပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း 🔸 ခေါင်းကို အရှေ့အနောက် ၁၀ ကြိမ်လုပ်ပေးပါ🔸 ခေါင်းကို ဘယ်ညာ ၁၀ ...
23/01/2024

#ဇက်ကျီးပေါင်း အတွက် မဖြစ်မနေပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း

🔸 ခေါင်းကို အရှေ့အနောက် ၁၀ ကြိမ်လုပ်ပေးပါ

🔸 ခေါင်းကို ဘယ်ညာ ၁၀ ကြိမ်လုပ်ပေးပါ

🔸 ခေါင်းကို ဘယ်ညာ ဝိုက်၍ ၁၀ကြိမ်လုပ်ပေးပါ

🔸 ခေါင်းကို အရှေ့သို့ တိုးထုတ်ခြင်း ၁၀ ကြိမ်လုပ်ပေးပါ

🔸 ခေါင်းကို အရှေ့နှင့် အနောက်မှလက်ဖြင့်တကြိမ်စီဖိထား၍ တောင့်ထားရပါမယ်
(၁မှ ၁၀ မှတ်ပါ)

🔸 ခေါင်းကို ဘယ်နှင့်ညာဘက်မှလက်ဖြင့် တကြိမ်စီ ဖိထား၍ ခေါင်းကို တောင့်ထားရပါမယ်
( ၁မှ ၁၀ မှတ်ပါ)

🔸 ခေါင်းကို အနောက်မှ အရှေ့သို့ဆွဲချ၍ အကြောလျော့ပါ(၁ မှ ၁၀ မှတ်ပါ)

🔸 ခေါင်းကို ဘယ် နှင့် ညာ ဘက်သို့ဆွဲချ၍ အကြောလျော့ပေးပါ( ၁ မှ ၁၀ မှတ်ပါ)

🔸 ပုခုံးကို အပေါ်သို့ တွန်းတင် တွန်းချ ၁၀ ကြိမ်ပြုလုပ်ပေးပါ

လေးစားစွာဖြင့်မူရင်းသို့credit

လိပ်ခေါင်းသွေးပါနေသူများအတွက် (၇) ရက်နဲ့ ပျောက်ကင်းသွားစေမည့် လွယ်ကူသည့် ဆေးနည်းအလုပ်ကများရသည်ကြား လိပ်ခေါင်းကြောင့် ဦးမ...
07/01/2024

လိပ်ခေါင်းသွေးပါနေသူများအတွက် (၇) ရက်နဲ့ ပျောက်ကင်းသွားစေမည့် လွယ်ကူသည့် ဆေးနည်း

အလုပ်ကများရသည်ကြား လိပ်ခေါင်းကြောင့် ဦးမိုး အတော်စိတ်ညစ်နေပုံရ၏။ မကြည်မလင်နှင့် လိပ်ခေါင်းသွေးပါသည်မို့ ပုဆိုးပင် သွေးကွက် ထင်နေလေသည်။ အမှတ်မထင် ကျေးဇူးရှင် တိုင်းရင်းသမားတော်ကြီး ဦးကြွယ် ပေးသောဆေးနည်းကြောင့် သွေးကျလိပ်ခေါင်း (၇) ရက်ဖြင့် လိပ်ခေါင်ပြန်ဝင်အပြီးပြတ်၍ ယနေ့တိုင်သွေးကျခြင်း၊ လိပ်ခေါင်းထွက်ခြင်း မရှိတော့ပါ။

ကျွန်တော်တို့ တိတိကျကျ မသိကြပါသော်လည်း အချို့သော အပင်တို့၏ ဆေးစွမ်းထက်မှုမှာ အံ့ဖွယ်အတိဖြစ်ရပါ၏။

လိပ်ခေါင်းအတွက် သောက်ဆေး

(၁) မီးကွင်းဂမုန်း လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပြီး ထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။

(၂) ကြက်သွန်နီဥ (၁)ဥကို လေးစိပ်ထိုးပြီး ထမင်းစား (၁)ဇွန်းစာ သတ္တုရည်ညှစ်ပါ။

(၃) ထိုမီးကွင်းဂမုန်းနှင့် ကြက်သွန်နီတို့မှ ညှစ်ယူထားသော သတ္တုရည်(၂)ဇွန်းထဲသို့ သကြားလက်ဖက်စားဇွန်း(၁)ဇွန်းစာ ထည့်ပြီး နေ့စဉ် တစ်ကြိမ်သောက်ပေးလိုက်ပါ။

လွယ်လွယ်နှင့် မပျောက်ကင်းနိုင်ပါဟု ထင်နေသော သွေးပါလိပ်ခေါင်း (၇) ရက်မျှဖြင့် လိပ်ခေါင်းပြန်ဝင် သွေးလည်းမကျတော့ပါ၍ လွယ်ကူသော ဆေးနည်းလေးအား လိပ်ခေါင်းကြောင့် အခက်အခဲတွေ့သူများ လိုက်သုံးနိုင်ပါရန် တင်ပြလိုက်ပါသည်။ လိပ်ခေါင်းဝေဒနာရှင်များ လွယ်ကူသော ဤဆေးနည်းလေးဖြင့် ကံစပ်၍ပျောက်ကင်းကြပါစေ…။ လိုသူယူသုံး စေတနာအပြုံးဖြင့် စိတ်ရွှင်လန်းကြပါစေ။

Credit: ရဲမျိုးသူ(ဗောဓိမြိုင်)

စက္ကန့်ပိုင်းအတွင်း သက်သာစေမည့် ဆီးကျင် ဆီးအောင့် ဆီးအဖြူဖတ် လ္ဘက်ခြောက်နှင့် သကြား စိမ်သောက်ပါ။လ္ဘက်ခြောက် ၁ ခါခပ်သကြား...
31/12/2023

စက္ကန့်ပိုင်းအတွင်း သက်သာစေမည့် ဆီးကျင် ဆီးအောင့် ဆီးအဖြူဖတ်



လ္ဘက်ခြောက်နှင့် သကြား စိမ်သောက်ပါ။

လ္ဘက်ခြောက် ၁ ခါခပ်

သကြား ထမင်းစားဇွန်းနှင့် ၁ ဇွန်းခွဲ

ရေ ဖန်ခွက် တဝက်

နာရီဝက် စိမ်ထားပြီးမှ သောက်ပါ။စက္ကန့်ပိုင်းအတွင်း သက်သာပါမည်။ အမစိမ်းလဲ့ညိုမှ ကျန်းမာရေးဒါနပြုပါသည်။

ကျောက်ကပ်ကြောင့် ဆီးများခြင်း၊ ဆီးနည်းခြင်း၊ ဆီးပူ၊ ဆီးနံ၊ ဆီးဝါ၊ ဆီးကျင်၊ ဆီးမသွားနိုင်ခြင်း အားလုံးအတွက်တော့ အညာဖက် ရေရှားတဲ့အရပ်မှာ သဘာဝပေါက်ရောက်တဲ့ ဆူးလေးပင်ကို အပင်လိုက် ၃ခွက် ၁ခွက်တင် ကြိုသောက်ပါ။

သဘာဝတရားကြီးက ရေရှားတဲ့အရပ် ကျောက်ကပ်မကောင်းကြလို့ အဖြစ်များတဲ့ ရောဂါတွေကုသဖို့ အပင်တွေပေါက်ပေးထားပါတယ်။လူတွေက ဂေဟစနစ်ကို ဖျက်ဆီးပြီး အနာရောဂါတွေ လူကြောင့်ပဲဖြစ်ရတယ်။

Credit-Via-Sai Min Thant

 #ဆောင်းတွင်းပိုင်းမှာဂရုစိုက်သင့်တဲ့ရောဂါများ==========================၁။ #နှလုံးရောဂါနှလုံးရောဂါဟာ ဆောင်းတွင်းမှာ ပိုအ...
25/12/2023

#ဆောင်းတွင်းပိုင်းမှာဂရုစိုက်သင့်တဲ့ရောဂါများ
==========================

၁။ #နှလုံးရောဂါ

နှလုံးရောဂါဟာ ဆောင်းတွင်းမှာ ပိုအဖြစ်များတယ်ဆိုတာကို လူအများစုက မသိကြပါဘူး။

အေးတဲ့အချိန်မှာ သွေးလွှတ်ကြောတွေဟာ ကျုံ့သွားပြီး နှလုံးကနေ သွေးတွေစုပ်ထုတ်ရာမှာ အခက်အခဲဖြစ်စေပါတယ်။

ကိုယ့်မှာ နဂိုတည်းက နှလုံးရောဂါအခံလည်း ရှိတယ်ဆိုရင် ဆောင်းတွင်းမနက်စောစော လမ်းထလျှောက်မယ်ဆိုရင် နေစထွက်ချိန်မှ လျှောက်တာ ပိုမိုသင့်လျော်ပြီး၊ မနက်စာကိုလည်း တနင့်တပိုး မစားသင့်ပါဘူး။

နောက်ပြီး ဆောင်းတွင်းမှာ ညစာကိုလည်း လျှော့စားတာက နှလုံးရောဂါအန္တရာယ်ကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ပါတယ်။

၂။ #ရင်ကြပ်ရောဂါ

တစ်ကယ်လို့ သင်ဟာ
ပန်းနာရင်ကြပ်သမားတစ်ဦးဆိုရင် ဆောင်းတွင်းမှာ ပိုဂရုစိုက်သင့်ပါတယ်။

အေးမြပြီး ခြောက်သွေ့တဲ့လေဟာ အသက်ရှုလမ်းကြောင်းကို ပိုမိုတင်းကြပ်စေပြီး အသက်ရှုရ ခက်ခဲစေပါတယ်။

အိမ်မှာမီးခိုးငွေ့လို ရင်ကြပ်စေတဲ့အရာတွေကို ဂရုတစိုက် ရှောင်ရှားသင့်ပြီး၊ အိပ်ယာခင်းများ တစ်ပတ်တစ်ခါလဲခြင်းဖြင့် ရင်ကြပ်ရောဂါကို ကာကွယ်နိုင်ပါတယ်။

၃။ #အရေပြားယားယံခြင်း

စိုထိုင်းမှုနည်းပြီး အပူချိန်နည်းခြင်းဟာ အရေပြားကိုယားယံစေပါတယ်။

ဆီများတဲ့ လမ်းဘေးစာတွေ စားခြင်းကို ရှောင်ရှားခြင်းဖြင့် အရေပြားယားယံခြင်းကို ကာကွယ်နိုင်ပါတယ်။

ရေနွေးကြမ်း ပူပူလေးကို ထန်းလျက်ခဲနဲ့စားခြင်း၊ အရေပြားမှာ သံလွင်ဆီ လိမ်းထားခြင်းတို့နဲ့လည်း အရေပြားယားယံခြင်းကို ကာကွယ်တားဆီးနိုင်ပါတယ်။

၄။ #အရိုးအဆစ်ကိုက်ခဲခြင်း

အရိုးအဆစ်ကိုက်ခဲခြင်းဟာလည်း ဆောင်းတွင်းမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပါပဲ။

အဝတ်အထည် နှစ်ထပ်ဝတ်ပြီး နွေးနွေးထွေးထွေးနေခြင်း၊ သွေးပူအောင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ အရိုးအဆစ်ကိုက်ခဲခြင်းကို ကာကွယ်နိုင်ပါတယ်။

နေရောင်ခြည်နွေးနွေးအောက်မှာ နေပူစာလှုံခြင်းဟာလည်း အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

၅။ #နှာပိတ်ခြင်း

ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်းတို့ဟာလည်း ဆောင်းတွင်းမှာအဖြစ်များတာမို့ သတိထားသင့်ပါတယ်။

လေဝင်လေထွက် မကောင်းရင်လည်း နှာပိတ်တတ်ပါတယ်။

နှာပိတ်ခြင်းကို လုံလောက်စွာ အနားယူခြင်း၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို စားသုံးပေးခြင်း၊ အရည်များများသောက်ခြင်း၊ အအေးမမိအောင်နေခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။

ကုသမှုအပိုင်းကတော့ ဂျင်းပြုတ်ရည် သောက်ပေးတာတို့၊ သစ်ကြံပိုးခေါက်မှုန့် ထည့်ထားတဲ့ လက်ဖက်ရည်သောက်ပေးတာတို့နဲ့ ကုသပေးနိုင်ပါတယ်။

မေတ္တာဖြင့် မျှဝေပါသည်

Provides Credit to Original Owners.

လေးစားစွာဖြင့်
Credit @ မူရင်းပိုစ့်

ပင်စိမ်းရွက်နဲ့ပျောက်စေမယ့်ရောဂါ အမျိုး(၄၀)ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပို...
24/12/2023

ပင်စိမ်းရွက်နဲ့ပျောက်စေမယ့်ရောဂါ အမျိုး(၄၀)

ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက် ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။ မျိုးစေ့မှတဆင့်
အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှ ပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့
လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ဟင်းချက်ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနု ကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်း နက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်း အမျိုးမျိုး ရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကို သက်စေပြီး သွေးကို တက်စေ နိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြေခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံ့ကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကို အကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁) နားကိုက်= ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက် ကျအောင် ညှစ်ထည့်ပေးပါ။

(၂) သွားကိုက်= ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။

(၃) ကလေး ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄) ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်း စေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။
ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။

(၆) သားသမီး ဝေးလိုသော်= ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည် တပန်းကန်ကို ဥတုသွေးလာပြီးသည့် နောက်သုံးရက် ဆက်တိုက် သောက် ပေးပါ။

(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းတဇွန်းကျ သောက်ပေးပါ၊ အဖျားကျ သွားပါမည်။

(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ် ကောင်းစေ့ အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

(၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။

(၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။

(၁၁) လည်ချောင်းနာ၊ အသံဝင်= ပင်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက် ခြောက်မှုန့်ကို ဖြူးပေးပါ။

(၁၃) အရေပြားအနာများ= (အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည် အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။
ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက် ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုး ရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။

(၁၄) ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။

(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

(၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့် ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့် ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။

(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အတေ့ာင်လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။

(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စသ်စားပေးပါ။ ကျန်းမာရေးကို လုံးဝ မထိခိုက်စေဘဲ ပိုမို၍ သွက်လက် ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။

(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူ ရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက် စေ၏။

(၂၄) အစာအိမ်အချဉ်ပေါက်လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့် ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။

(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက် တခွက်တင် ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။

(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သား ကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။

(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။

(၂၉) သူငယ်နာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျား အထိ သပ်ချပေးပါ။

(၃၀) မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။

(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။

(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။

(၃၄) ချောင်းဆိုးနပန်းနာ= ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။

(၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည် ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက် အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ် မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်း အစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြား တို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ် အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။

(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည် ပြု၍ သောက်ပေးပါ။

(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။

(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူ ကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင် တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်း များအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေ ပါသည်။

(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်= ပင်စိမ်း ရွက်ကို ငါးကျည်း ခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွား ပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစား မှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။

ပင်စိမ်း၏ ဂုဟ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံး ပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။

မူရင်းcredit

Address

Yagon

Telephone

+959450094680

Website

Alerts

Be the first to know and let us send you an email when မဟာသုခ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မဟာသုခ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram