06/09/2025
အိမ်သာတက်ရင် ဖုန်းယူသွားတတ်လား မိတ်ဆွေ❓
#အိမ်သာတက်နေတုံးဖုန်းသုံးရင်လိပ်ခေါင်းဖြစ်ဖို့(၄၆)%ပိုများပါတယ်။
🚽အိမ်သာမှာ အချိန်ကြာကြာထိုင်ခြင်းဟာ သက်သာမှု့မရှိရုံသာမက သင့်ခန္ဓာကိုယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
လေ့လာမှုအသစ်တစ်ခုအရ အိမ်သာတက်နေစဉ် ဖုန်းသုံးသူတွေဟာ လိပ်ခေါင်းရောဂါဖြစ်နိုင်ခြေ( ၄၆) ရာခိုင်နှုန်း ပိုများတယ်လို့ ဖော်ပြထားပါတယ်။ လိပ်ခေါင်းဆိုတာကတော့ ဝမ်းညှစ်အားကြောင့် စအိုလမ်းကြောင်းအောက်ပိုင်းမှာရှိတဲ့ သွေးကြောတွေ ရောင်ရမ်းဖူးယောင်လာခြင်းပဲ ဖြစ်ပါတယ်။
သုတေသီတွေဟာ အူမကြီးမှန်ပြောင်းကြည့်ဖို့ ပြင်ဆင်နေတဲ့ လူ( ၁၂၅ )ယောက်ကို စစ်တမ်းကောက်ယူခဲ့ရာမှာ အများစုဟာ အိမ်သာထဲမှာ အနည်းဆုံး တစ်ပတ်တစ်ကြိမ် ဖုန်းအသုံးပြုကြတာကို တွေ့ရှိခဲ့ပါတယ်။ တချို့က သတင်းတွေ၊ ဆိုရှယ်မီဒီယာတွေ ဖတ်ရှုကြပြီး တချို့ကတော့ စာတိုပေးပို့တာ၊ အီးမေးလ်ပို့တာမျိုး လုပ်ဆောင်ကြပါတယ်။ တစ်ခါတလေ အိမ်သာတစ်ခါတက်ရင် ၆ မိနစ်ကျော်ကြာအောင် အသုံးပြုကြပါတယ်။
ကျွမ်းကျင်သူတွေက အိမ်သာမှာ အချိန်ကြာကြာ ထိုင်ခြင်းဟာ စအိုလမ်းကြောင်းမှာရှိတဲ့ သွေးကြောတွေကို အားနည်းစေပြီး လိပ်ခေါင်းဖြစ်လာဖို့ ဒါမှမဟုတ် ပိုဆိုးလာဖို့ လမ်းဖွင့်ပေးတယ်လို့ ပြောကြားထားပါတယ်။ အိမ်သာမှာ စာဖတ်တာဟာ အရင်ကတည်းက ရှိခဲ့ပေမယ့် (လူတွေဟာ သတင်းစာတွေကို အသုံးပြုခဲ့ကြပါတယ်)၊ ဖုန်းတွေရဲ့ ဆွဲဆောင်မှုကြောင့် လူတွေဟာ မရည်ရွယ်ဘဲ အချိန်ပိုကြာကြာ ထိုင်မိနေကြတယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုသေးသေးလေးက အတိအကျ အကြောင်းရင်းမဟုတ်ဘဲ ဆက်စပ်မှုတစ်ခုကိုပဲ ပြသပေမယ့် ဆရာဝန်တွေကတော့ အိမ်သာတက်ချိန်ကို တိုတောင်းအောင် (ပုံမှန်အားဖြင့် ၃ မိနစ်ကနေ ၁၀ မိနစ်အောက်) ထားဖို့ အကြံပြုထားပြီးသား ဖြစ်ပါတယ်။
အိမ်သာထဲမှာ ဖုန်းအသုံးပြုတာကို ကန့်သတ်ပြီး အာရုံစူးစိုက်မှု အပြည့်နဲ့ ဝမ်းသွားခြင်းကိုပဲ အဓိကထားတာက စအိုသွေးကြောတွေအပေါ် ဖိအားသက်ရောက်မှုကို လျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။ နောက်ထပ် သုတေသနတွေ မပြီးမချင်း အလုံခြုံဆုံးအချက်ကတော့ ရိုးရှင်းပါတယ်။
✔️ ဖုန်းကြည့်ခြင်းထက် ဝမ်းသွားခြင်းကို ဦးစားပေးပါ။
ဆေးခန်းပြသလိုပါက စွမ်းမေတ္တာ ဆေးခန်း (အမှတ် ၁၂၀ ၊ ၉၁ လမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ်) မှာ
✅ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း ( consultation)
✅ သွေးစစ် ရောဂါရှာဖွေနိုင်ခြင်း
✅ အရည်အသွေးပြည့် ဆေးဝါးများ ရနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုများ ရှိပါတယ်နော်။