I&S Pharmacy

I&S Pharmacy ဆေးနှင့် ဆေးပစ္စည်း အမျိူးမျိူး
လက်လီ လက်ကား

 #အားဆေးကိစ္စပို့စ်အရ စာရှည်တယ်လို့ထင်ရပေမယ့်စာအုပ် စာမျက်နှာ ရာချီဖတ်နေကျ သူတွေနဲ့ဆေးပညာဗဟုသုတမှတ်သားလိုသူများအဖို့ကတော...
24/12/2024

#အားဆေးကိစ္စ

ပို့စ်အရ စာရှည်တယ်လို့ထင်ရပေမယ့်
စာအုပ် စာမျက်နှာ ရာချီဖတ်နေကျ သူတွေနဲ့
ဆေးပညာဗဟုသုတမှတ်သားလိုသူများ
အဖို့ကတော့ စာစုလေး
အနည်းငယ်သာဖြစ်ပါတယ်။

အမျိုးသမီးအရွယ်မရွေး သံဓါတ်လိုကြတယ်။
အသက် ၃၅ ကျော်ကစပြီး၊ သွေးဆုံးကာနီးတွေက
#ကယ်လ်စီယမ် လိုကြတယ်။
နည်းနေရင် အရိုးကျိုးလွယ်ကြတယ်။

#ဗီတာမင်တွေ အများကြီးသောက်ရင်
စိတ်ပိုင်းဆိုင်ရာ အားနည်းစေနိုင်တယ်ဆိုတာ
ရှိပေမယ့် သက်သေအထောက်အထား
မပြည့်စုံပါ။

အင်္ဂလန်နဲ့ ကနေဒါကထုတ်တဲ့ Multibionta
ဗီတာမင်နဲ့ ဓါတ်ဆားတွေပါတဲ့ဆေးကို
အာရှကထုတ်တဲ့ဆေးတွေ လိုက်မမီပါ။
ညံ့တဲ့နိုင်ငံတွေကထုတ်တဲ့
ဆေးတိုင်းကိုတော့
အာမမခံနိုင်ပါ။

Deca-Durabolin လူကြီးအတွက်
Anabolic hormone ဟော်မုန်းတွေ
ပါတာမျိုးလည်း ရှိသေးတယ်။ လူတိုင်းနဲ့ မသင့်ပါ။ Moriamin Forte (မိုရီယာမင်-ဖို့ဒ်)
နာမည်ကြီး ဈေးကြီးပါတယ်။
အားဆေးဖြစ်ပါတယ်။ ပေါ်တာကြာပါပြီ။
(ပရိုတင်း) ဓါတ်နည်းရောဂါ၊
အာဟာရမျှတတဲ့ရောဂါ၊
ဗီတာမင်တွေနည်းတဲ့ရောဂါ၊
အာဟာရချို့တဲ့ရောဂါ၊ အလျှင်အမြန်
အားယုတ်ခြင်း၊ နာတာရှည်လူမမာ၊
စိတ်ဖိအားအလုပ်ဖိအားများခြင်း၊
ခုခံအားကျဆင်းနေခြင်း၊
ဗီတာမင်တွေ ပိုလိုခြင်း။

ရုပ်ပိုင်းဆိုင်ရာ အပြင်းအထန်လုပ်ရခြင်း၊
အားအင်ကုန်ခမ်းလွန်းဖြင်း၊
လေ့ကျင့်ခန်းပြင်းထံခြင်း၊
ကိုယ်ဝန်ဆောင်စဉ်နဲ့
ကလေးနို့တိုက်နေရချိန်၊
ကလေးကို မြန်မြန်ကြီးထွားစေလိုခြင်း၊ နလံထချိန်၊ အကြီးစား ခွဲစိတ်ကုသမှုလုပ်အပြီး၊
ကင်ဆာဆေး၊ ဓါတ်ကင်ထားခြင်း။

#ဗီတာမင်A = ရက်တီနော သည်
ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နှင့်
နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါဝင်သည်။
အရေပြားနှင့် အပေါ်ဖုံးလွှာများ
ကောင်းစေရန်၊ အရိုးကြီးထွားရန်၊
ဆဲလ်များအသစ်ပြုပြင်ရန်၊
ခုခံအားကောင်းရန်၊
ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။
များရင်အဆိပ်သင့်သလိုဖြစ်တယ်။

#ဗီတာမင်ဘီ1(သိုင်ယာမင်း) သည်
(ရိစ်)၊ ဥ၊ အသဲ၊ အစေ့-အဆံ၊
အသားတို့မှာ ပါဝင်သည်။

(ဗယ်ရီဗယ်ရီ)ခေါ်ထုံနာ-ကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ
ပါဝင်သဖြင့် ရေခမ်းချက်စာပါ။

#ဗီတာမင်ဘီ2 (ရိုင်ဘိုဖလေဗင်း) သည်
နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊
အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်
တို့မှာပါဝင်သည်။ ချို့တဲ့ပါက
ကျီးကန်းပါးစပ်နာဖြစ်စေသည်။

#ဗီတာမင်ဘီ6 (ပိုင်ရီဒေါက်ဆင်း) သည်
အချို့ဆေးဝါးများကြောင့်၎င်း နည်းစေသည်။
ဥပမာ တီဘီ ဆေး၊ဗီတာမင်
ဘီ 9 (ဖေါလစ်အက်စစ်) သည်
သွေးနီဥသန်စွမ်းစေရန် အသုံးဝင်သည်။

#ဗီတာမင်ဘီ12 (ကိုဘယ်လမင်း) သည်
(ရိစ်)၊ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊
ငါး၊ အသားတို့မှာ ပါဝင်သည်။
ခန္ဓာကိုယ်ကြီးထွား စေရန်၊ (ဆဲလ်)
တည်ဆောက်ရန်၊ သွေးနှင့်
အာရုံကြော ကောင်းစေရန်အတွက်ဖြစ်သည်။
၎င်းနည်းပါက (ပါနီးရှပ်စ်)
သွေးအားနည်းရောဂါဖြစ်စေသည်။

#ဗီတာမင်C (အက်စကောဗစ် အက်စစ်)
စိမ်းသော အသီးအရွက်များ၊
အသီးအနှံများမှာ ပါဝင်နေသည်။
ချဉ်သောအသီးများ
(သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး) အရိုး၊
သွား၊ သွားဖုံး၊ သွေးကြော၊
အရွတ် ကောင်းစေသည်။
ခုခံအားလည်း ကောင်းစေသည်၊
အနာကျက်စေသည်။
ချို့တဲ့ပါက (စကောဗီ) ရောဂါ ရစေသည်။
ဗီတာမင်တွေထဲမှာ (စီ) ကို
အများကြီးပေးလို့ရတယ်လို့ပြောနိုင်ပေမဲ့
များလို့ ဝမ်းပျက်နိုင်တယ်။ ပျို့-အန်မယ်။
ကြွက်တက်မယ်။ ခေါင်းကိုက်မယ်။

#ဗီတာမင်D သည် ငါးကြီးဆီ၊
နို့ထွက်အစာများမှာ ပါဝင်သည်။
နေရောင်ကြောင့် ဗီတာမင်အေမှ
ဒီဖြစ်လာစေသည်။
အရိုးတည်ဆောက်ရန် အသုံးကျသည်။
ချို့တဲ့ပါက Rickets အရိုးပျော့ရောဂါဖြစ်စေသည်။

#ဗီတာမင်E သည် အသီးအရွက်ကရသော
ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့၊ ဥ၊ အစေ့အဆံများမှာ
ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊
အာရုံကြောများ အလုပ်ကောင်းစေရန်
အသုံးကျသည်။

#ဗီတာမင်K သည် အသီး
အရွက်များမှာပါသည်။ သွေးတိတ်စေသည်။
အစားအသောက် အစုံစားနေရင် အားဆေးမလိုကြပါ။
မစုံရင်တော့ လိုနိုင်တယ်။
အစုံစားဆိုတာ ထမင်း၊ ခေါက်ဆွဲ၊
ဆန်နဲ့ ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ၊ ပဲ၊ ပဲသီး၊ အသား၊ ငါး၊ ဥ၊ အသီးအရွက်တွေ၊ အသီးနဲ့ နွားနို့နဲ့ နို့ထွက်အစားအသောက်တွေ ဖြစ်တယ်။

အားဆေး မှန်သမျှ ဗီတာမင်တွေ ဖြစ်ပါတယ်။
ဗီတာမင်တွေထဲမှာ ဘီအုပ်စုကို
ပေါင်းစပ်တာက အသုံးအများဆုံးဖြစ်တယ်။
ဗီတာဇုံးဆိုလည်း အဲဒါပါဘဲ။
B-Complex, Polybion စတဲ့
နာမည်တွေ အတော်ကို များများရှိတယ်။
ပါတာတွေက မတိမ်းမယိမ်းပါ။
ဒီဆေးကို လူတိုင်းသုံးစွဲလို့ရတယ်။

Multibionta ဗီတာမင် အစုံရောထားတာ
အင်္ဂလန်ကလာတာ ကောင်းပါတယ်။
Maxirich ဆေးတောင့်ကိုလဲ သုံးသင့်ပါတယ်။
ဗီတာမင် ဘီ၊ စီ၊ သွပ်ဓါတ် စတာတွေပါတယ်။
တနေ့ ၁ တောင့် ဆိုရင် လုံလောက်ပါတယ်။
Calcium + Vitamin D ရောထားတဲ့ဆေးက အမျိုးသမီးတွေအတွက် လိုတယ်။
တနေ့ ၁ ပြားနဲ့ လုံလောက်ပါတယ်။
Furamin BC သံဓါတ်လို
သွေးအားကောင်းဆေးထဲမှာလည်း
ဗီတာမင် ဘီ နဲ့ စီ ရောတယ်။
(အမိုင်နို-အက်စစ်) ဆိုတဲ့
ပရိုတင်းဓါတ် ပါတဲ့ဆေးလည်း ရှိတယ်။
Moriamin Forte (Calcium pantothenic)
ဆိုတာမျိုးပေါ့။ Deca-Durabolin
လူကြီးအတွက် ဆိုပြီး Anabolic hormone
ဟော်မုန်းတွေ ပါတာမျိုးလည်း ရှိသေးတယ်။
လူတိုင်းနဲ့ မသင့်ပါ။
Algae ရေမှော်ပင်ကနေထုတ်တဲ့
ဆေးမျိုးမှာ vitamins A, B1, B2, B6, C အပြင် Iodine, Potassium, Iron, Magnessium,
Calcium ဓါတ်ဆားတွေ ပါတယ်။

ဆေးတွေက နာမည်တွေသာ ကွာတယ်
ဗီတာမင်တွေဘဲ၊ အတူတူပါဘဲလို့
ပြောရပေမဲ့ လူတဦးကနေ သူနဲ့ဒီဆေးက
သူနဲ့ ပိုတည့်တယ်လို့ ဆိုနိုင်ပါတယ်။
ငြင်းစရာမရှိပါ။
လူဆိုတာ သူ့စိတ်ကနေ
ဒါကပိုကောင်းတယ်လို့
ထင်နေတာကိုက သူ့အတွက်
အားသားချက်တခု ဖြစ်စေတယ်။
စိတ်ရဲ့တန်ခိုးဆိုတာ သိပ်ကြီးမားတာကိုး။

လူတဦးကနေ သူနဲ့ဒီဆေးက
သူနဲ့ ပိုတည့်တယ်လို့ပြောနိုင်တယ်။
လူဆိုတာ သူ့စိတ်ကနေ
ဒါကပိုကောင်းတယ်လို့
ထင်နေတာကိုက သူ့အတွက်
အားသားချက်တခု ဖြစ်စေတယ်။
စိတ်ရဲ့တန်ခိုးဆိုတာ သိပ်ကြီးမားတာကိုး။
ဆရာဝန်တွေကတော့
တယောက်ချင်းစီအတွက်
လိုတာကိုသာ ဆေးအဖြစ်ညွှန်ပါတယ်။

့်ဆွေ

စွယ်စုံသုံးမြစိမ်းသက်သတ်လွတ်ဟင်းချိုမှုန့်လေးပါ။ဟင်း‌လျှာအမျိုးမျိုး အကြော်အလှော် အသုပ်စုံအမျိုးမျိုး တို့အတွက်ဘက်စုံသုံ...
19/12/2024

စွယ်စုံသုံးမြစိမ်းသက်သတ်လွတ်ဟင်းချိုမှုန့်လေးပါ။ဟင်း‌လျှာအမျိုးမျိုး အကြော်အလှော် အသုပ်စုံအမျိုးမျိုး တို့အတွက်ဘက်စုံသုံးလို့ရသလိုကျန်းမာရေးနှင့် အထူးသင့်လျော်နေအောင်ထုတ်လုပ်ထားတဲ့အတွက်ယုံကြည်စိတ်ချစွာအသုံးပြုလို့ရပါသည်။
သကြားအစားထိုးထန်းသကြားအသုံးပြု့ထားပါသည်။
ချမ်းမြေ့ကြပါစေ။
#လူမျိုးဘာသာမရွေးစားသုံးလို့ရပါတယ်။

09/12/2024

Glucerna SR ကြီး 158200
Glucerna SR သေး 85200/82200

Ensure ကြီး 133200
Prosure Vanilla 100000

04/12/2024

“ကိုယ့်ကိုယ်ကိုယ် ချိန်ညှိနေဖို့ သိပ်အရေးကြီးတယ်”

🔳 The dose makes the poison.

အရာအားလုံးက အဆိပ်တွေချည်းပဲ၊ ဘယ်လောက်ပမာဏလဲ ဆိုတဲ့အပေါ် မူတည်ပြီးပဲ အဆိပ်သင့်မသင့် ကွာခြားသွားကြတာတဲ့။

🔳 ဓါတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေနဲ့ ပတ်သက်လို့ လေ့လာကြတဲ့ Toxicology ဘာသာရပ်မှာ ထင်ရှားတဲ့ အဆိုအမိန့်တစ်ခု (အယူအဆတစ်ခု) ဖြစ်ပါတယ်။

ရေတို့၊ အောက်ဆီဂျင်တို့လို လူတွေအတွက် အင်မတန် အကျိုးများပါတယ်၊ မရှိမဖြစ် လိုအပ်ပါတယ် ဆိုတဲ့ အရာတွေတောင် များသွားရင် ဆိုးကျိုးပေးနိုင်တယ်။ ဒါကြောင့် Dose က အရေးကြီးတယ်၊ ပမာဏကပဲ အဆုံးအဖြတ် ပေးသွားတာလို့ ပြောတာပါ။

🔳 ဟိုရက်က ရေးတဲ့ “ဘယ်အရာကိုမှ အစွန်းမရောက်စေနဲ့၊ အမြဲချိန်ညှိနေဖို့လိုတယ်၊ Life is all about adjustments” ဆိုတာလည်း အဲဒီသဘောပဲ။ လွန်သွားရင် ဘယ်အရာမှ မကောင်းဘူး။

ဗုဒ္ဓဘာသာမှာ ပြောတဲ့ မဇ္ဈိမ ပဋိပဒါ ဆိုတာလည်း ဒါပဲ။ ဒုက္ခခံမှ ဒီဘဝက လွတ်မြောက်မယ် ဆိုပြီး အလွန်အကျွံ ဒုက္ခခံနေလို့လည်း တရားထူး မရဘူး။ ကာမဂုဏ်အာရုံတွေကြားထဲ သာယာနေပြီးလည်း တရားထူး မရနိုင်ဘူး။ သင့်တင့်လျောက်ပတ်တဲ့ အလယ်အလတ်လမ်းကို လျှောက်မှ ရလိမ့်မယ်။

🔳 ဒီနေ့ခေတ်မှာ ပြောနေကြတဲ့၊ လူအများက ကောင်းတယ်လို့ သတ်မှတ်ထားကြတဲ့ Positivity, Kindness, Self-love, ဒါတွေအကုန်လုံးသည်လည်း Dose ပေါ် မူတည်ပြီး ပြဿနာ ပေးနိုင်တာပဲ။

Positive vibes only ပဲ ဆိုပြီး လူအများရဲ့ အော်ဟစ်အကူအညီတောင်းနေသံတွေ၊ ငိုကြွေးမြည်တမ်းနေသံတွေ၊ အနိဌာရုံတွေကို လျစ်လျူရှုမိနေရင် ဘယ်လိုလုပ် တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်နိုင်ပါတော့မလဲ။ ဒီလူတွေရဲ့ ဒုက္ခကို မျှဝေခံစားပေးနိုင်တဲ့ နှလုံးသား ရှိနေရင်လည်း အမြဲ Positive vibes ချည်းပဲ ဖြစ်နေဖို့ ဘယ်လွယ်တော့မလဲ။

အကြင်နာတရားကလည်း ကောင်းတာပဲ။ သူကျ လွန်သွားရင် တစ်ဖက်လူကို အဆိပ်သင့်စေတာထက် ကိုယ့်ကိုယ်ကိုယ် အဆိပ်သင့်စေတာ ပိုများတယ်လို့ တစ်ကိုယ်စာအရ မြင်မိတယ်။ လူတကာကို လိုက်ကယ်တင်ချင်တဲ့ Rescuer ဖြစ်သွားတော့မှာ။ မတတ်နိုင်တဲ့ ကိစ္စတွေကို အမြဲတွေးပူနေရတော့မှာ။ ကြာလာတဲ့အခါ ပင်ပန်းလာတယ်။ မွန်းကြပ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလာတတ်တယ်။

Self-love ကလည်း ဒီလိုပဲ။ Dose များသွားရင် အတ္တကြီးမှန်းမသိ ကြီးတဲ့ဘက်ကို ရောက်သွားရော။

🔳 ဒါနဲ့ ဆက်စပ်ပြီးမှ တွေးမိတာက Dose ပေါ် မူတည်ပြီး အဆိပ်သင့်တာ ရှိသလို၊ Dose လုံလောက်အောင် ပြည့်မီမှ အာနိသင် ပြတာတွေလည်း ရှိတယ်။ ဒါကြောင့် နေမကောင်းဖြစ်လို့ ပိုးသတ်ဆေးသောက်ရင် ဆေးပတ်လည်အောင် သောက်ဖို့ ဆရာဝန်တွေက တိုက်တွန်းကြတာ။ တစ်ရက်လောက် သောက်ပြီးလည်း မရပ်လိုက်နဲ့။ သက်သာသွားပြီ ဆိုတိုင်းလည်း မရပ်လိုက်နဲ့။ Dose က အရေးကြီးတယ်။

ဘဝမှာလည်း အဲဒီလိုပဲ။ ကောင်းတဲ့အလုပ်တွေ အရာထင်လာဖို့ဆိုတာ Dose ပြည့်ဖို့ လိုသေးတယ်။

🔳 ဒီနေ့တစ်ရက် ကိုယ်လက်လှုပ်ရှားလုပ်၊ အစားလျှော့စား၊ မနက်ဖြန် ပိန်လာမလား၊ ကျန်းမာလာမလားဆို No

ဘာမှ ထူးလာဦးမှာ မဟုတ်သေးဘူး။ ဘာလို့ဆိုတော့ Dose မပြည့်သေးလို့။

ဒီနေ့တစ်ရက် အလုပ်တွေ စွတ်ကြိုးစား။ မနက်ဖြန် အောင်မြင်မှာလားဆို No

ဘာလို့ဆိုတော့ Dose မပြည့်သေးလို့။

ဒီနေ့တစ်ရက် အချိန်တိကျလိုက်လို့၊ ကိုယ့်နာမည်ကြားလိုက်တာနဲ့ အချိန်တိကျသူအဖြစ် မြင်လာစေမဲ့ Image မျိုး ရလာမှာလားဆိုလည်း No

ဘာလို့ဆိုတော့ Dose မပြည့်သေးလို့။

🔳 ဒါကြောင့် You are what you repeatedly do လို့ ပြောတာ။ Dose ပြည့်မှ အရာထင်တယ်။ အရာထင်တဲ့အထိ၊ Dose ပြည့်တဲ့အထိ မလုပ်နိုင်ဘူးဆို အစကတည်းက မလုပ်နဲ့။ မဟုတ်ရင် လူပင်ပန်းတာပဲ အဖတ်တင်မယ်။

ပိုးသတ်ဆေးကို Dose ပြည့်တဲ့အထိ မသောက်ဘဲ ရပ်ရပ်လိုက်ရင် ဆေးယဉ်သွားတတ်တယ်။

အဲဒီလိုပဲ၊ ဘဝမှာ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို Dose ပြည့်တဲ့အထိ၊ အရာထင်တဲ့အထိ၊ ပြီးမြောက်တဲ့အထိ မလုပ်ဘဲ ရပ်ရပ်လိုက်ပါများရင် မိမိကိုယ်မိမိ လေးစားမှု ကျဆင်းလာတတ်တယ်။

🔳 ငယ်ငယ်ကတော့ အဖြူနဲ့အမည်း၊ အလင်းနဲ့အမှောင်၊ အကောင်းနဲ့အဆိုး၊ ဒီလိုဘက်နှစ်ဘက်ကိုပဲ မြင်ခဲ့ဖူးတယ်။ လူဆိုလည်း ဒီလူကတော့ လူကောင်း၊ ဒီလူကတော့ လူဆိုး၊ သူကတော့ စိတ်ကောင်းရှိတယ်၊ သူကတော့ ယုတ်မာတတ်တယ်၊ ဒီလိုတွေ မြင်ခဲ့မိတာပေါ့။

တကယ်တမ်းမှာတော့ အားလုံးဟာ Spectrum ရောင်စဉ်တန်းလိုပဲ။ အမြဲချိန်ညှိနေကြရတာ ဖြစ်တယ်။ လင်းလွန်းသွားလည်း မကောင်းဘူး။ မှောင်လွန်းသွားလည်း မကောင်းဘူး။ မရှိလို့လည်း မကောင်းဘူး။ အမြဲရှိနေရင်လည်း မကောင်းဘူး။

လူတွေဟာလည်း “စိတ်ဆိုတာ အဖြစ်တရား” ဆိုတဲ့အတိုင်း ကောင်းတဲ့စိတ် ဖြစ်တဲ့အခါ ရှိတယ်။ မကောင်းတဲ့စိတ် ဖြစ်တဲ့အခါ ရှိတယ်။ ကောင်းတဲ့စိတ်က စေ့ဆော်ပေးရင် ကောင်းတာတွေ လုပ်မိတယ်။ မကောင်းတဲ့စိတ်က စေ့ဆော်ပေးရင် မကောင်းတာတွေ လုပ်မိမယ်။ သူရှင်သန်ရတဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်ဦးမယ်။

🔳 ဘယ်လောက်ကောင်းတဲ့ အရာဖြစ်ဖြစ် များလွန်းရင် ဘေးသင့်တယ်။

ဘယ်လောက်ကောင်းတဲ့ အရာဖြစ်ဖြစ် လုံလောက်တဲ့ ပမာဏ မပြည့်မီရင် အရာမထင်ဘူး။

ဒါကြောင့် Dose ကို ချိန်ဆနေဖို့ လိုတယ်။

🔳 လူသားတွေဖြစ်တာမို့ မကောင်းတဲ့အရာတွေမှာလည်း ပျော်မွေ့တတ်တဲ့သဘော ရှိတာပဲ။ ကျန်းမာရေးနဲ့ မသင့်တော်တာတွေ စားချင်တယ်။ ဆေးလိပ်၊ အရက်သောက်ချင်တယ်။ စိတ်ထွက်ပေါက် ပေးချင်တယ်။ ကိုယ်မုန်းတဲ့လူဆို သူ နာကျင်နေတာ မြင်ချင်တယ်။ ဒေါသထွက်တဲ့အခါ တစ်ခုခု ထိခိုက်နစ်နာသွားအောင် လုပ်ပစ်ချင်တယ်။ ကိုယ့်ထက် သာနေတာ တွေ့ရင် ပျက်စီးစေချင်တယ်။ ဒါ လူတိုင်းပါပဲ။

အဲဒီမှာလည်း ဘယ်လောက် Dose အထိ လုပ်မှာလဲ၊ ဘယ်လောက်ထိ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်မှာလဲ၊ ဘယ်တန်းအထိ ကိုယ့်ကိုယ်ကိုယ် ဆွဲချမှာလဲ ဆိုတာက အရေးကြီးလာပြန်တယ်။

🔳 အဲဒါကို မချိန်ဆနိုင်ပြန်ရင်လည်း ဘဝက စုတ်ပြတ်သတ်သွားရော။ ပြန်အဖတ်ဆယ်လို့ မရလောက်အောင်ကို နိမ့်ကျသွားရော။

အထူးသဖြင့် အခုလိုကာလမှာ ကိုယ်အာဏာတည်မြဲရေးအတွက် လုပ်ရင်းလုပ်ရင်း ရက်စက်ယုတ်မာမှုမှာ အကန့်အသတ် မရှိတော့သူတွေ၊ တစ်ဦးတစ်ယောက်ကို မနာလိုလို့ ဝေဖန်ရင်းကနေ အပုပ်ချ တိုက်ခိုက်တဲ့အထိ ဖြစ်လာသူတွေ၊ လူအများ အော့နှလုံးနာ ကဲ့ရဲ့စရာ ဖြစ်သွားသူတွေ အများကြီး အများကြီးကို တွေ့နေရတယ်။

အောက်ကို ဆင်းမယ်ဆိုတောင် ဒီတန်းရဲ့အောက်ထိတော့ ငါမဆင်းဘူး ဆိုတဲ့ Limit ကလေး ထားဖို့ လိုပါလိမ့်မယ်။

🔳 ဒီအတွက် Awareness & Adjustment က သိပ်အရေးကြီးတာပါ။ ကိုယ့်ကိုယ်ကိုယ် သတိထားမိရမယ်။ ချိန်ညှိနိုင်ရမယ်။ ဒါမှ လူရိုသေ ရှင်ရိုသေ တူတူတန်တန် ဘဝတစ်ခု ရလိမ့်မယ် မြင်မိပါတယ်။

CRD
ဒေါက်တာ ဖြိုးသီဟ
၃.၁၂.၂၀၂၄

Levonorgestrel (လီဗိုနော်ဂျက်စထရယ်လ်)လူတို့ဖန်တီး ထုတ်လုပ်သော Female Hormone Progestogen တစ်မျိုးဖြစ်ပါတယ်။***Progestoge...
25/11/2024

Levonorgestrel (လီဗိုနော်ဂျက်စထရယ်လ်)

လူတို့ဖန်တီး ထုတ်လုပ်သော Female Hormone Progestogen တစ်မျိုးဖြစ်ပါတယ်။

***Progestogen တစ်မျိုးတည်းဖြစ်စေ Oestrogenနှင့် ပေါင်းစပ်၍ဖြစ်စေ ပဋိသန္ဓေတားဆေး စားဆေးအဖြစ်အသုံးပြုလေ့ရှိပါတယ်။

Uses-ပဋိသန္ဓေတားဆေး စားဆေးအဖြစ်အသုံးပြုပါတယ်။

***Levonorgestrel တစ်မျိုးတည်းပါသော ဆေးကိုအရေးပေါ်တားဆေးအဖြစ်အသုံးပြုပါတယ်။

***750mcg(0.75mg)ဆေးပြားနှစ်ပြား(ဥပမာ-eCee2 and Care 2) သို့မဟုတ်
***1500 mcg(1.5mg)ဆေးပြားတစ်ပြား(ဥပမာ-Lydia 1 safe pill and levonelle) ကို လိင်ဆက်ဆံမှုပြုပြီးပြီးချင်း စောနိုင်သမျှစော၍ ၁နာရီအတွင်း သောက်လျှင် စိတ်ချရပါတယ်။၁၂နာရီအတွင်းသောက်နိုင်ပါတယ်။
*****ဤဆေးများကို တစ်လလျှင် 3mgထက် ပိုမသောက်သင့်ပါ။

***မကြာခဏ လိင်ဆက်ဆံမှုပြုသူများအတွက် နေ့စဥ်သောက်ရသော ဆေးကဒ်များနှင့်ပိုအဆင်ပြေပါတယ်။(ဥပမာ-Lydia fine,Ok pills,စိတ်ချ,Anna and marvelon 28)

***Oestrogen နှင့် ပေါင်းစပ်ထားသောဆေးကဒ်များကို အညွှန်းစာရွက်တွင်ပါသည့်အတိုင်း တစ်နေ့တစ်လုံး နေ့စဥ် အချိန်မှန်မှန် သောက်ပေးရပါတယ်။(ဥပမာ-ညအိပ်ရာဝင်သောက်လျှင် နေ့စဥ် ညအိပ်ရာဝင် သောက်ပေးရပါတယ်။)
***ဆေးသောက်နေကျအချိန်ထက်၁၂နာရီကျော်ပြီးမှသောက်မိလျှင် အခြားနည်းတစ်နည်း(ဥပမာ-ကွန်ဒုံးသုံးခြင်း)ဖြင့် အကာကွယ်ယူရပါတယ်။

Side Effect-မီးယပ်မမှန်ခြင်း၊ပျို့ခြင်း၊အန်ခြင်း၊ဗိုက်အောင့်ခြင်း၊နုံးခြင်း၊ခေါင်းကိုက်ခြင်း၊ခေါင်းနောက်ခြင်း၊ရင်သားတင်း၍နာခြင်းတို့ဖြစ်နိုင်ပါတယ်။

မှတ်ချက်-ဆေးဝါးများအသုံးပြုမည်ဆိုလျှင် ဆရာဝန်(သို့မဟုတ်)ဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီးမှသာအသုံးပြုရန်။

0️⃣9️⃣4️⃣4️⃣1️⃣1️⃣7️⃣6️⃣2️⃣3️⃣3️⃣ (VIBER)
https://invite.viber.com/?g2=AQAEZkfJlAubMVMwJ3l%2F6TiWBYdksHLaEjtVTTPBoRcNlLp8EK%2FUa%2F%2Bogvey342I

သွေအားနည်းရောဂါ(anemia)သွေးအားနည်းရောဂါ ဟူသည်မှာ သွေးဥနီ သို့မဟုတ် သွေးတွင်းရှိ ဟီမိုဂလိုဘင် သို့မဟုတ် သွေးမှ အောက်ဆီဂျင...
23/11/2024

သွေအားနည်းရောဂါ(anemia)

သွေးအားနည်းရောဂါ ဟူသည်မှာ သွေးဥနီ သို့မဟုတ် သွေးတွင်းရှိ ဟီမိုဂလိုဘင် သို့မဟုတ် သွေးမှ အောက်ဆီဂျင်သယ်နိုင်စွမ်း လျော့နည်းမှုကို ခေါ်သည်။

လက္ခဏာများ

(၁) အာရုံစူးစိုက်လို့မရခြင်း
(၂) အရင်ထက်ပိုပြီး ဖြူဖတ်ဖြူရော ဖြစ်လာခြင်း
(၃)ပင်ပန်းနွမ်းနယ် ခြင်း
ဘာအားဆေးသောက်သောက် အားရှိလာတယ်လို့ မခံစားရတာမျိူး

09441176233 (Viber)

https://invite.viber.com/?g2=AQAEZkfJlAubMVMwJ3l%2F6TiWBYdksHLaEjtVTTPBoRcNlLp8EK%2FUa%2F%2Bogvey342I

Quiz time Allergy ကြောင့် ြဖစ်လာတဲ့ နှာစေး၊နှာယို၊နှာ‌ခြေ ခြင်းတွေနဲ့ ယားယံခြင်းတွေအတွက် (A) Metformin (B) Loratadine (C...
14/11/2024

Quiz time
Allergy ကြောင့် ြဖစ်လာတဲ့ နှာစေး၊နှာယို၊နှာ‌ခြေ ခြင်းတွေနဲ့ ယားယံခြင်းတွေအတွက်
(A) Metformin
(B) Loratadine
(C) Ibuprofen သောက်နိုင်သည်။

ပထမဆုံး အ‌ေဖြမှန်သူ ဖုန်းဘေလ် ၃၀၀၀ ယူ

Like and share Please
ဈေးများ ဈေးနူံးသက်သာစွာ လိုချင်သုများ

https://invite.viber.com/?g2=AQAEZkfJlAubMVMwJ3l%2F6TiWBYdksHLaEjtVTTPBoRcNlLp8EK%2FUa%2F%2Bogvey342I

Join ပေးပါ

ဆေး နှင့် ဆေး ပစ္စည်း လက်လီ /လက် ကား 09441176233

14/11/2024

Orphenadrine And Paracetamol

ကြွက်သားများတောင့်တင်းနာကျင်ခြင်းကိုသက်သာစေသော ဆေးတစ်မျိုးဖြစ်ပါတယ်။

Uses-ကြွက်သားများတောင့်တင်းနာကျင်ခြင်း၊
-ထိခိုက်မိပြီး အရွတ်ဒဏ်ရာရခြင်း၊
-ခါးဆစ်နာခြင်း၊
-ဇက်ကြောတက် ခေါင်းကိုက်ခြင်း တို့တွင်အသုံးပြုပါတယ်။

***Orphenadrine ကအရိုးကြွက်သားများပြေလျော့စေပြီး Paracetamol ကကိုက်ခဲနာကျင်ခြင်းကိုသက်သာစေပါတယ်။

မှတ်ချက်-ဆေးဝါးများအသုံးပြုမည်ဆိုလျှင် ဆရာဝန်(သို့မဟုတ်)ဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီးမှသာအသုံးပြုရန်။

09441176233 (Viber)

Aiwina Women Napkin (245cm) (Women pad)1,850Aiwina Women Napkins (320cm) (Women pad)2,050Aiwina Women Napkin (420cm) (Wo...
20/10/2024

Aiwina Women Napkin (245cm) (Women pad)
1,850

Aiwina Women Napkins (320cm) (Women pad)
2,050

Aiwina Women Napkin (420cm) (Women pad)
2,350

09441176233

10000/ bottle ..
13/10/2024

10000/ bottle ..

Address

Yamethin

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959441176233

Website

Alerts

Be the first to know and let us send you an email when I&S Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to I&S Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram