Myat Pharmacy & Beauty essential

Myat Pharmacy & Beauty essential ...

12/12/2024

၂၀၂၆ ခုနှစ်အတွက် သြစတြေးလျပညာသင်ဆုလျှောက်လွှာတွေကို မကြာခင် ခေါ်ယူပါတော့မယ်။ ယခုအချိန်က ပညာသင်ဆုလျှောက်ထားဖို့ လိုအပ်တဲ့အချက်အလက်အားလုံးစုဆောင်းပြီး အဆင်သင့်ပြင်ထားဖို့ရာ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ကိုက်ညီတဲ့ လျှောက်လွှာကောင်းတစ်စောင်ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့အဆင့်တွေကို ဒီဗီဒီယိုမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။ https://www.youtube.com/watch?v=AfT3NmFlY5w&t=3s

Australia Awards Myanmar အစီအစဉ်အကြောင်းအသေးစိတ်နဲ့ ပညာသင်ကျောင်းသား၊ ကျောင်းသူဟောင်းတွေရဲ့အတွေ့အကြုံတွေအကြောင်းကို www.australiaawardsmyanmar.org မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Applications for Australia Awards Scholarships for study commencing in 2026 will open soon. Now is the perfect time to gather all necessary information and ensure you are well-prepared for the application process. Watch our application process video to learn how to craft a strong application that meets the selection criteria here: https://www.youtube.com/watch?v=AfT3NmFlY5w&t=3s

Visit Australia Awards Myanmar at www.australiaawardsmyanmar.org to learn more about the Program and hear from our dedicated alumni about their experiences.

30/03/2023

ဆိုင်ပိတ်ထား၃လလောက်ရှိသွားပြီ

27/11/2022

5️⃣0️⃣0️⃣0️⃣ ကျပ်စွန်းစွန်းလေးနဲ့ ဘာစားချင်လဲပြောပါ

#မာလာရှမ်းကော ?
#ဝက်ဆလပ် ?

27/11/2022

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးငယ်၏ မျက်နှာကို မမေရီ ငေးကြည့်နေသည်။ အိပ်မက်ကောင်း မက်နေ၍ထင်သည်။ မျက်နှာပေါ်မှာ အပြုံးလေးနှင့်။ သမီးလေး၏ အိပ်မက်မှာ အဝေးကအိမ်ဆီ ပြန်ရောက်နေသော အိပ်မက်မျိုးလည်း ဖြစ်နိုင်ပါသည်။

“အခုဆိုရင် ကျွန်မတို့ ရွာကနေ ရွှေ့ပြောင်းလာရတာ ကိုးလလောက်ရှိပြီ”ဟု သားသမီး သုံးဦး၏ မိခင် မမေရီက ပြောပြနေသည်။ သူ့ဇာတိက စစ်ကိုင်းတိုင်းရှိ ရွာလေးတစ်ရွာ။ ရွာကနေ ရွှေ့ပြောင်းဖို့ ဖြစ်လာတော့ ဆွေမျိုးများဆီ ဆက်သွယ်ပြီး ခရီးရှည်ကို စခဲ့ရသည်။ ယခု ယာယီနေထိုင်ရာ ချင်းပြည်နယ်က နေရာဆီ ရောက်ဖို့ အချိန် သုံးပတ်နီးပါး ကြာမြင့်ခဲ့ပါသည်။

“ကျွန်မတို့ ထွက်ခဲ့တဲ့နေ့မှာ မိသားစု စုံစုံလင်လင် ထွက်ခဲ့တယ်။ ပြီးတော့ အတူနေ သားသမီးလည်း မရှိတဲ့ အိမ်နီးနားချင်း အဘိုးအဘွား နှစ်ယောက်ကိုပါ တစ်ပါတည်း ခေါ်လာခဲ့တယ်”

လတ်တလောတွင် တစ်မိသားစု နေထိုင်ဖို့ရာ ရရှိထားသော ယာယီတဲမှာ သူတို့ နေကြရသည်။ နေရေးထိုင်ရေး အဆင်ပြေသည် ဆိုနိုင်ပေမယ့် အရင်တုန်းက ဘဝနှင့်တော့ များစွာ ကွာခြားခဲ့ပြီ။

“ဒီနေရာမှာတော့ ရေ၊ မီး ခက်ခဲတယ်၊ အစစ အရာရာ ခက်ခဲပါတယ်။ အာဟာရအတွက်ကျတော့လည်း ဟင်းနဲ့ ထမင်း လောက်ငှအောင် စားဖို့အတွက်ကိုတောင် ဝယ်ခြမ်းစရာ ကုန်ကြမ်းက ရှားတယ်။ စားနပ်ရိက္ခာ အခက်ခဲဆုံးပါပဲ။ နောက်ပြီး ဆေးဝါးလည်း လိုတယ်”

မမေရီတို့ နေထိုင်ရာဝန်းကျင်မှာ ဝင်ငွေရသော အလုပ်များ လုပ်ကိုင်ရန် အခွင့်အလမ်း မရှိပါ။ သူ့အမျိုးသားက တောတောင်ထဲ မျှစ်ချိုးဟင်းရှာ လုပ်ပါသည်။ အာဟာရ ချို့တဲ့၍ ကလေးငယ်နှင့် သက်ကြီးရွယ်အိုအချို့ မကျန်းမမာ ဖြစ်ကြတာကိုလည်း သူ တွေ့နေရပါသည်။

“အဖွဲ့က ကျွန်မတို့ကို အနွေးထည်တွေ၊ အိုးခွက်တွေ အစခပ်သိမ်း ထောက်ပံ့ပေးတယ်၊ စားနပ်ရိက္ခာဆိုရင်လည်း ဆီတို့ဘာတို့ ထောက်ပံ့ပေးလို့ အတော်လေး အဆင်ပြေသွားတယ်။ တကယ် ကျေးဇူးတင်ပါတယ်”

“နေ့တဓူဝ ဘယ်လို စားသောက်နေထိုင်သလဲဆိုတော့ ကျွန်မတို့နေတဲ့နေရာကပဲ ဆိုင်ကယ်ရှိတဲ့သူက မြေပြန့်က ကုန်စုံဆိုင်ကို သွားဝယ်ရတယ်။ အဖွဲ့က ကူညီထားတဲ့ အထောက်အပံ့ငွေနဲ့ပဲ ဆိုင်ကယ်ဆီဖိုး၊ စားစရိတ်ဖိုးတွေ ရတာပါ။ ဒီထောက်ပံ့ကြေးငွေနဲ့ပဲ စားဝတ်နေရေး လုံးပန်းနေရတာပါ။ အဖွဲ့က အဓိက ကူညီပေးတာက ကလေးကိုပဲ ဆိုပေမယ့် သူတို့အတွက် လုပ်ပေးရမယ့် ကိုယ့်ရဲ့ အသုံးစားရိတ်ကို ချွေတာလိုက်နိုင်တယ်”

ကိုယ်ကိုယ်တိုင် ပညာကောင်းစွာ မသင်ခဲ့ရသူမို့ သားသမီးများကိုတော့ ပညာတတ်များ ဖြစ်စေချင်သည်။ ယာယီနေထိုင်ရာမှာ သမီးတစ်ဦး ပညာသင်ယူနေသည်။ နောက်တစ်ဦးက နှစ်မိုင်ခန့်ဝေးသည့် ရွာလေးမှာ ကျောင်းသွားတက်ရသည်။ သမီးလေး ကျောင်းသွားချိန်တိုင်း လမ်းခရီးမှာ ဘေးကင်းစေဖို့ မမေရီ ဆုတောင်းနေရသည်။

“ကလေးတွေကို ဒီနေရာမှာ နေတတ်အောင် သင်ပြ၊ ပြောပြပေးတယ်။ တကယ်လို့ နောက်တစ်နေရာ ပြောင်းဖို့ လိုအပ်လာရင်လည်း အဆင်သင့်ဖြစ်နေအောင် ကျွန်မ သင်ပေးထားပါတယ်”

မမေရီ၏ မျက်နှာပေါ်တွင် စိတ်ပန်းလူပန်း အရိပ်အယောင်များ ထင်ဟပ်နေသော်လည်း စိတ်ခွန်အား ရှိသော မိခင်တစ်ဦး၏ အပြုံးကတော့ တောက်ပနေဆဲဖြစ်ပါသည်။

*မမေရီ
အသက် ၃၈ နှစ်၊ ရင်သွေးသုံးဦး၏ မိခင်
စစ်ကိုင်းတိုင်းဒေသကြီး။

*အမည်ရင်းကို လွှဲပြောင်းအသုံးပြုထားပါသည်။

27/11/2022

အချိန်ရောက်ပြီးလား ⁉️
Detox ရမည့်အချိန်

💩 အမှိုက်များကိုဖယ်ရှားသည်
💩 အဆိပ်အတောက်များကိုဖယ်ရှားပေးသည်

ဘာကြောင့်လဲဆိုတော့အူတွေဟာအမှိုက်လိုပါပဲ။
နေ့တိုင်းသန့်ရှင်းရေးလုပ်ရမယ်
ခန္ဓာကိုယ်လှပစေပြီး အဆိပ်အတောက်တွေကိုဖယ်ရှားချင်ပါက FIBETO ကိုသာရှာလိုက်ပါ
---------------------------------------
👉ဆက်သွယ်ရမည့်နေရာ
👉အမြန်ဖုန်း
☎️ 096-693-46886 / 096-888-48307
📩 Chatbox
📩 Website : [www.wpluscare.com/mm/](http://www.wpluscare.com/mm/?fbclid=IwAR2xhJHlAoHW1nrKcI5X9bktdBufVLBg2bgS5rVgKrj3Vb_gbS1vQpMyH6Q)

27/11/2022

ညှစ်ထားသောနို့ကိုဘယ်လိုသိမ်းမလဲ ဒီတစ်ခေါက်မှာတော့ အလုပ်များတဲ့ မေမေတွေ အတွက် မိခင်နို့ကို ညှစ်ထားပြီးရင် ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာပြောပြပေးမယ် နော် 🍼🤱🏻

မေမေတို့ရေ ညှစ်ပြီးကာစ လတ်လတ်ဆတ်ဆတ်နို့ရည်ဟာ အခန်းတွင်းအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃ရ ဒီဂရီစင်တီဂရိတ်တွင် ၄နာရီ၊ ၁၅ ဒီဂရီစင်တီဂရိတ်မှ ၂၅ ဒီဂရီစင်တီဂရိတ်တွင် ၈ နာရီ၊ ၁၅ ဒီဂရီစင်တီဂရိတ်အောက်တွင် ၂၄ နာရီ သိမ်းထားနိုင်ပါတယ်ရှင် 🌡

ရေခဲသေတ္တာရဲ့ ရေခဲစေနိုင်သော Freezer တွင် ညှစ်ထားသောနို့ကို ထားပါက ၂ ပတ် (၁၄)ရက်အထိ ထားနိုင်ပါတယ်။ ရေခဲသေတ္တာ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်တွင် နို့ရည်ကို (၈) ရက်ကြာ ရေခဲသေတ္တာ၏ ရေခဲစေနိုင်သော Freezer တွင် သိမ်းထားလို့ရပါတယ်။ ❄️

ဒါပေမဲ့ ၂ ရက်မှ ၅ ရက်အတွင်း တိုက်ပါက ပို၍ကောင်းပါတယ် မေမေရေ။ ရေခဲသေတ္တာထဲမှာ ထည့်ထားသောနို့ရည်ကို ရေနွေး ထည့်ထားသော ခွက်တွင် ထည့်စိမ်ပြီး နွေးလို့ရတယ် နော်။ အေးခဲထားသော နို့ရည်ကို မိုက်ခရိုဝေ့ (microwave) ထဲတွင် ဆူစေခြင်း၊ အပူပေးခြင်း မလုပ်ရဘူးနော် ❌

ကိုယ်ဝန်ဆောင်မိခင်နှင့် မေမေတို့အတွက် ကျန်းမာရေးပညာပေးများသိရှိနိုင်ဖို့ Obimin Viber Community Group ကို အခုပဲ join လိုက်ပါ 💕💛

Obimin Viber Community Group: https://bit.ly/36hVNjL

09/11/2022
သီတင်းကျွတ်အခါသမယမှာစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်းဆုတောင်းမေတ္တာပို့သပါတယ် နီးနေဝေးနေ ဆရာသ...
09/10/2022

သီတင်းကျွတ်အခါသမယမှာ
စိတ်ချမ်းသာခြင်း၊
ကိုယ်ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေကြောင်း
ဆုတောင်းမေတ္တာ
ပို့သပါတယ် နီးနေဝေးနေ ဆရာသမား လူကြီးမိဘ များ ရိုသေစွာရှိခိုးကန်တော့ပါတယ်
🙏🏻🙏🏻🙏🏻

တကယ်ပါ
09/09/2022

တကယ်ပါ

09/09/2022
09/09/2022

မိသားစုတွေ ဒီမှာမရှိတဲ့ ဘွားဘွားတယောက်ရဲ့ စကားလေးပါ။

05/09/2022

Address

Melzigone Road
Yangon
11051

Telephone

+9595120274

Website

Alerts

Be the first to know and let us send you an email when Myat Pharmacy & Beauty essential posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myat Pharmacy & Beauty essential:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram