HOPE TeleCare Myanmar

HOPE TeleCare Myanmar ဆရာ၀န်နှင့်Onlineမှဆွေးနွေးမှုများ၊ ကျန်းမာရေးဆောင်းပါးများ ဖတ်ရှုနိုင်မယ့် HOPE TeleCare Myanmar https://vb.me/hopetelecare

HOPE ဆိုတာ မြန်မာပြည်သူများအား Onlineမှ ဆရာ၀န်နှင့်ဆွေးနွေးမှုများ၊ ကျန်းမာရေးဆောင်းပါးများနှင့် အကြံဥာဏ် ၀န်ဆောင်မှုများပေးနေသောမိုဘိုင်းကျန်းမာရေးစောင့်ရှောက်မှုတစ်ခုဖြစ်ပါသည်။
Viber Community Group လေးကို Join ထားမယ်..

HOPE Telecare မှ ကျန်းမာရေး ဝန်ဆောင်မှုများ ခဏရပ်နားပါမယ်။ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများနှင့် ပြန်လာခဲ့ပါမယ်။
21/09/2023

HOPE Telecare မှ ကျန်းမာရေး ဝန်ဆောင်မှုများ ခဏရပ်နားပါမယ်။ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများနှင့် ပြန်လာခဲ့ပါမယ်။

အသက် ၃၅နှစ်ကျော်ပြီးမှ ကိုယ်ဝန်ဆောင်ရင် ဘာတွေဖြစ်နိုင်လဲ❓🤔အမျိုးသမီး👩‍🦰တွေ အသက် ၃၅နှစ်နဲ့ အထက်မှ ကိုယ်ဝန်ဆောင်🤰 ကလေးမွေး...
30/04/2023

အသက် ၃၅နှစ်ကျော်ပြီးမှ ကိုယ်ဝန်ဆောင်ရင် ဘာတွေဖြစ်နိုင်လဲ❓🤔

အမျိုးသမီး👩‍🦰တွေ အသက် ၃၅နှစ်နဲ့ အထက်မှ ကိုယ်ဝန်ဆောင်🤰 ကလေးမွေးတယ်ဆိုရင်တော့ သက်ကြီးကိုယ်ဝန်ဆောင်အမျိုးသမီးအဖြစ် သတ်မှတ်ပါတယ်။

သက်ကြီးကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အနေနဲ့ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်၊ဖြစ်နိုင်ခြေတွေကိုတော့ ပုံလေးကနေ တစ်ဆင့် ပြောပြပေးလိုက်ပါတယ်နော်။💁‍♀️

၃၅နှစ်နဲ့ နောက်ပိုင်းမှ ကိုယ်ဝန်ဆောင်🤰ပြီး မိခင်👩‍🦰လည်း ကျန်းမာ၊ ကလေး👶လည်း ကျန်းမာစွာမွေးဖွားတာတွေလည်းရှိပါတယ်။

ဒါပေမယ့် ပုံမှာ ပြောထားတဲ့ ဖြစ်နိုင်ခြေတွေက တခြား အသက်အရွယ်ငယ်တဲ့ချိန်နဲ့ ယှဉ်ရင် ပိုမြင့်တာမို့ မပေါ့ဆသတိထားသင့်တာလည်း အမှန်ပါပဲနော်။💁‍♀️

ကိုယ်ဝန်ဆောင်🤰 ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမေးမြန်းလိုတယ်ဆိုရင်တော့ HOPE က ဒေါက်တာ👨‍⚕️👩‍⚕️တို့က အသင့်ရှိပါတယ်နော်။💁‍♀️

https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း

သင်သိပါသလား⁉️အချိန်ကြာမြင့်စွာထိုင်နေတာဟာ ဆေးလိပ်သောက်တာလိုပဲ လူ့ခန္တာကိုယ်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုလေ။😲လူတွေ သတိမ...
29/04/2023

သင်သိပါသလား⁉️

အချိန်ကြာမြင့်စွာထိုင်နေတာဟာ ဆေးလိပ်သောက်တာလိုပဲ လူ့ခန္တာကိုယ်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုလေ။😲

လူတွေ သတိမထားမိတတ်တဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကျင့်တစ်ခုကတော့ အချိန်ကြာမြင့်စွာ ထိုင်ခြင်းပါပဲ။💁‍♀️

တစ်နေ့ကို ၈နာရီနဲ့ အထက် လှုပ်ရှားမှု တစ်စုံတစ်ရာမရှိဘဲ အချိန်ကြာ ထိုင်ပြီးနေခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေအများကြီးဖြစ်စေနိုင်ပါတယ်။

အချိန်အကြာကြီး ထိုင်တာဟာ ခန္တာကိုယ်မှာ ဘာတွေ ဖြစ်စေနိုင်လဲ။🤔

✅ လည်ပင်း ဂုတ်၊ ပုခုံးကြွက်သားတွေမှာ တောင့်တင်းပြီး နာကျင်မှုကိုခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကွန်ပျုတာ တောက်လျှောက်ကြည့်နေရသူတွေမှာ ပို ဖြစ်နိုင်ပါတယ်။
✅ ကျောရိုးတစ်လျှောက် ကြွက်သားတွေ တောင့်တင်းပြီး ခါးနာတာမျိုး ခံစားရနိုင်ပါတယ်။
✅ ခန္တာကိုယ်အောက်ပိုင်း ခြေထောက် ကြွက်သားတွေ အားနည်းစေနိုင်တယ်။
✅ လှုပ်ရှားမှု အားနည်းတဲ့အတွက် ကိုယ်အလေးချိန် တက်လာပြီး အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
✅ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ပိုဖြစ်နိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်။
✅ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောသွေးခဲခြင်းကို ဖြစ်စေနိုင်တယ်။ ဒါဟာ အခန့်မသင့်ရင် သေနိုင်တဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုပါ။
✅ ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများစေတယ်။
✅ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ပိုများစေတယ်။
✅ စိုးရိမ်ကြောင့်ကြမှု လွန်ကဲခြင်း၊ စိတ်ကျခြင်းဝေဒနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဒီလိုမျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အထိုင်နည်းနည်း လှုပ်ရှားမှုများများဖြစ်အောင် လုပ်ရပါမယ်။💁‍♀️

✅ ကိုယ်က အချိန်အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင် နာရီဝက်ခြားတစ်ခါ ထပြီး ခြေဆန့်လက်ဆန့် လှုပ်ရှားဖို့အတွက် သတိလေးထားပေးပါ/ alarm ပေးထားလိုက်ပါ။
✅ ဖုန်းပြောနေချိန်မှာ ထိုင်ပြီးပြောတာမျိုး မဟုတ်ဘဲ တစ်နေရာမှာ ခဏ မတ်တပ်ရပ်ပြီး/လမ်းလျှောက်ပြီး ပြောဖို့ အကျင့်လုပ်ကြည့်ပါ။
✅ နားချိန် ခဏရချိန်လေးမှာ လမ်းလျှောက်တာလေးပါ လုပ်ပေးပါ။
✅ တစ်နေ့ကို အနည်းဆုံး နာရီဝက် လမ်းလျှောက်တာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် လှုပ်ရှားမှု အားကစားတွေ ပြုလုပ်ပေးပါ။
✅ ထိုင်တဲ့အခါမှာလည်း ပုံစံအနေအထားမှန်မှန်နဲ့ ထိုင်ပါ ရှေ့ကို အားပြုပြီး ကိုယ်ကိုင်းတဲ့ပုံစံမျိုး လျော့တိလျော့ရဲ ထိုင်တဲ့ပုံစံမျိုးတွေ ရှောင်သင့်ပါတယ်။
✅ ရေလုံလုံလောက်လောက် သောက်ဖို့လည်း မမေ့ပါနဲ့နော်။

အခုလို ကျန်းမာရေးဗဟုသုတတွေကို ပိုမိုသိရှိနိုင်အောင် နေ့စဉ် တင်ဆက်ပေးနေတာမို့ HOPE TeleCare ရဲ့ page လေးကို like & follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်တယ်နော်။

Message Here : https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း #အကြာကြီးထိုင်တဲ့အခါ

🍀နံနံပင်အကြောင်းသိကြရင် နံနံပင်က ချစ်စရာကောင်းတဲ့ ဆေးဖက်ဝင်အပင်ပါနော်! 🍀🍀နံနံပင်ဟာ အာရှတိုက်တခွင်မှာ အလွန်အသုံးများတဲ့ ဟ...
28/04/2023

🍀နံနံပင်အကြောင်းသိကြရင် နံနံပင်က ချစ်စရာကောင်းတဲ့ ဆေးဖက်ဝင်အပင်ပါနော်! 🍀

🍀နံနံပင်ဟာ အာရှတိုက်တခွင်မှာ အလွန်အသုံးများတဲ့ ဟင်းခတ်ပင်တမျိုးပါနော်။

☘️မြန်မာဟင်းအမျိုးမျိုး၊ တရုတ်အစားအစာ နှင့်
အိန္ဒယအစားစာတွေမှာ ပုံစံအမျိုးမျိုးနဲ့ထည့်ချက်
ကြတာကို အစားအသောက်ခုံမင်တဲ့သူတိုင်းသိကြမှာပါနော်။

☘️နံနံပင်ဟာ အပင်၊ အမြစ်၊ အစေ့ အကုန်အသုံးဝင်တဲ့အတွက် နံနံပင်ရဲ့ ကောင်းကျိုးတချို့ကို မျှဝေပေးလိုက်ပါတယ်ရှင့်💁‍♀️

🌱သွေးအချိုဓာတ်ကိုထိန်းညှိပေးတယ်🌟🌟
နံနံပင်ဟာ Type2 diabetes လို့ခေါ်တဲ့ ဆီးချို
ရောဂါသမားတွေစားသင့်ပါတယ်နော် ။
အသက်ကြီးမှဖြစ်သော ဆီးချိုရောဂါ၊ အချို
စားလွန်း၍ဖြစ်လာသော ဆီးချိုရောဂါတွေမှာ
နံနံပင်ဟာ သွေးအချိုဓာတ်ကို ကျစေပါတယ်။

🌱နံနံပင်ဟာ ကိုယ်ခံအားကိုကောင်းစေတယ်
Cancer ရောဂါကို ကာကွယ်ပေးတယ်🔥🔥
နံနံပင်မှာ Antioxidants တွေပါတဲ့အတွက်
ရောင်ရမ်းခြင်းတွေ သက်သာတွေပြီး ကိုယ်ခံ
စွမ်းအားကို မြင့်တင်ပေးပါတယ်။
နံနံပင်ဟာ အဆုတ်၊ ဆီးကျိတ်၊ ရင်သားကင်
ဆာ နဲ့ အူမကြီးကင်ဆာကို တားမြစ်ပေးပါ
တယ်နော်။

🌱နှလုံးကျန်းမာရေးအတွက် အထောက်အကူ
ပြုတယ်💓💓💓
နံနံပင်ဟာ သွေးတွင်းအဆီဓာတ်ကိုလျော့ချ
ပေးပြီး သွေးပေါင်ချိန်ကို ထိန်းပေးတာကြောင့်
သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်များခြင်း
ကြောင့်ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲ နှလုံး
ရောဂါကိုလည်း ကာကွယ်ပေးပါတယ်နော်။

🌱အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် နံနံပင်
စားပေးပါ 🦠🦠🦠
နံနံပင်စားရင် အစာကြေ လေချောင်တယ်။
ဗိုက်ပွတာလဲ သက်သာစေတယ်။ဆီးချုပ် ဝမ်း
ချုပ်တာလဲ ကာကွယ်ပေးတာကြောင့် မိမိရဲ့
ဝမ်းဗိုက်ကောင်းမွန်စေဖို့ နံနံပင်စားပေးပါနော်။

အကျိုးကျေးဇူးတွေက အများကြီးပဲနော်
အဲ့တာကြောင့် "ကမ္ဘာကြီး နှစ်ခြမ်းကွဲတောင် နံနံပင် မရှိတဲ့ဖက်ခြမ်းမှာ နေမယ် "ဆိုတာတွေ မလုပ်ပါနဲ့နော်! 😹😹😹

🥗🥗🥗
နံနံပင်ကြိုက်တယ်ဆို ဘယ်လိုတွဲစားတတ်လဲ...
ဘယ်လိုချက်တတ်လဲဆိုတာ သိတဲ့သူတွေ ပြောပြပေးသွားပါအုံး 🤗🤗🤗

#အွန်လိုင်းဆေးခန်း #အွန်လိုင်းဆရာဝန် #နံနံပင် #နဲပေမယ့်ကောင်းတယ်

နေ့လည်စာ ဟင်းတစ်ခွက်အနေနဲ့ ကြော်ပဲစားစား၊ ပြုတ်ပြီး တို့ပဲစားစား၊ ဟင်းရည်တစ်ခွက်အနေနဲ့ အရည်သောက်ပဲစားစား စားလေ့ရှိတဲ့ ဂေ...
27/04/2023

နေ့လည်စာ ဟင်းတစ်ခွက်အနေနဲ့ ကြော်ပဲစားစား၊ ပြုတ်ပြီး တို့ပဲစားစား၊ ဟင်းရည်တစ်ခွက်အနေနဲ့ အရည်သောက်ပဲစားစား စားလေ့ရှိတဲ့ ဂေါ်ဖီထုပ်လေးက ခန္တာကိုယ်အတွက် ဘယ်လိုအကျိုးတွေဖြစ်စေလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။💁‍♀️

အခုလို ကျန်းမာရေးဗဟုသုတတွေကို ပိုမိုသိရှိနိုင်အောင် နေ့စဉ် တင်ဆက်ပေးနေတာမို့ HOPE TeleCare ရဲ့ page လေးကို like & follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်တယ်နော်။🤗

Message Here : https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း

ကမ္ဘာ့ငှက်ဖျားရောဂါနေ့ကို နှစ်စဉ် ဧပြီလ(၂၅)ရက်မှာ ကျန်းမာရေးပညာပေးခြင်း၊ ငှက်ဖျားကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း...
25/04/2023

ကမ္ဘာ့ငှက်ဖျားရောဂါနေ့ကို နှစ်စဉ် ဧပြီလ(၂၅)ရက်မှာ ကျန်းမာရေးပညာပေးခြင်း၊ ငှက်ဖျားကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း စတဲ့လုပ်ငန်းစဉ်တွေကို မမေ့မလျော့စေဖို့ရည်ရွယ်ပြီး (၂၀၀၇)ခုနှစ် မှာ စတင် သတ်မှတ်ခဲ့ပါတယ်။

ငှက်ဖျားရောဂါလက္ခဏာတွေကတော့
✅ ကိုယ်ပူကြီးခြင်း
✅ ချမ်းတုန်ခြင်း
✅ အလွန်ချွေးထွက်ခြင်း
✅ ကိုယ်လက်ခြေထောက် နာကျင်ကိုက်ခဲခြင်း
✅ မူးဝေခေါင်းကိုက်ခြင်း
တို့ခံစားရပြီး ချက်ချင်းမကုသရင်ရောဂါပြင်းထန်ပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်တက်တယ်။

ကူးစက်ပုံ ကူးစက်နည်းကတော့ ငှက်ဖျားပိုး သယ်ဆောင်ထားတဲ့ခြင်🦟 (၁)ကြိမ်အကိုက်ခ့မိရုံနဲ့ ငှက်ဖျားရောဂါကူးစက်နိုင်ပါတယ်။ ခြင်🦟ကိုက်ခံရတာက ငှက်ဖျားဖြစ်နိုင်ချေ များစွာရှိပါတယ်။ ကိုယ်ပူလို့ ငှက်ဖျားရောဂါဖြစ်တယ်ယူဆရင် ဆေးဆိုင်မှာစပ်ဆေးမဝယ်ပဲ ဆရာဝန်နဲ့ (၂၄)နာရီအတွင်းပြသဖို့ အရေးကြီးပါတယ်နော်။

ဒါကြောင့် ဌက်ဖျားရောဂါ ကင်းဝေးစေဖို့အတွက် ခြင်🦟ကိုက်မခံရအောင် နေကြဖို့ တိုက်တွန်းရင်း ဖြစ်ခဲ့ရင်လည်း အမြန်ဆုံး ဆေးရုံ၊ ဆေးခန်း သွားကြဖို့လည်း မှာလိုက်ချင်ပါတယ်နော်။💁

#အွန်လိုင်းဆေးခန်း #အွန်လိုင်းဆရာဝန်

အိပ်လို့မပျော်တဲ့ညတွေမှာ 😫လူကြီး၊ လူငယ်မရွေး Stress များလာတဲ့အချိန်၊ ချောင်ပိတ်မိသလို မွန်းကြပ်လာတဲ့ အခိုက်အတန့်တွေ ရှိတ...
24/04/2023

အိပ်လို့မပျော်တဲ့ညတွေမှာ 😫လူကြီး၊ လူငယ်မရွေး Stress များလာတဲ့အချိန်၊ ချောင်ပိတ်မိသလို မွန်းကြပ်လာတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ မိသားစုရေး၊ အိမ်ထောင်ရေး၊ အလုပ်အကိုင်တွေ အဆင်မပြေတော့တဲ့အခါ စိတ်ပူလာတယ်၊ သောကတွေများလာတယ်။ ကိုယ့်ရဲ့ ဆိုးဝါးတဲ့ အတိတ်တွေနဲ့ တိုက်ဆိုင်တဲ့အဖြစ်အပျက်‌တွေကြုံလာတဲ့အခါလည်း Anxiety တက်လာတတ်ပါတယ်။ 😱😱😱

တချို့ကတော့ Phobia လို့ခေါ်တဲ့ ကြောက်တဲ့ရောဂါရှိတတ်တယ်။ အမြင့်ကြောက်တာ၊ အမှောင်ကြောက်တာ၊ အင်းဆက်ပိုးမွှားကြောက်တာ၊ အလုံပိတ်အခန်းကိုကြောက်တာ စသဖြင့်ပေါ့။
ကိုယ်ကြောက်တတ်တဲ့ အရာနဲ့ မမျှော်လင့်ပဲတိုးလာတဲ့အခါ လူဆိုတာ ထိတ်လန့်တုန်လှုပ်တတ်ပါတယ်။ Anxiety တက်လာတယ်ပေါ့။

Anxiety လို့ခေါ်တဲ့ စိတ်ပူပန်မှုဟာ လူတစ်ယောက်ကို အကြီးမားဆုံး ဒုက္ခပေးတဲ့ အရာပါ။ စိတ်ပူပန်လာရင် ဘယ်လို သက်သာအောင်နေကြမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။

(1)ကိုယ့်အတွေးတွေကို မေးခွန်းပြန်ထုတ်ပါ။
မကောင်းမြင်တဲ့ အတွေးတွေဝင်လာတိုင်း ဘာလို့ ဒီလိုတွေးရတာလဲ... တကယ်ပဲစိတ်ပူစရာလိုတဲ့ ကိစ္စလား၊ ဖြေရှင်းဖို့ တခြားနည်းလမ်းတွေရှိအုံးမလားဆိုတာတွေပေါ့။ စိတ်ပူတယ်ဆိုပြီး ထိုင်နေရင်တော့ စိတ်သက်သာရာ ရမှာမဟုတ်ပါဘူး။ လူဆိုတာ အရေးကြုံလာရင် ဘယ်လိုခုန်ထွက်ရမလဲဆိုတာ တွေးနိုင်လာပါတယ်။ ကိုယ့်စိတ်ကို မေးခွန်းများများမေးပြီး ဖြေရှင်းနိုင်မဲ့ လမ်းစတွေကို စဉ်းစားခြင်းက ဦးနှောက်ကိုလဲ အလုပ်ပေးနေတာဖြစ်တဲ့အတွက် စိတ်ပူပန်တာကို သက်သာစေနိုင်ပါတယ်။

(2)စိတ်အာရုံစုစည်းနိုင်အောင်ကြိုးစားပါ။
အသက်ပြင်းပြင်းရှုပါ။အသက်တခါရှုတိုင်း ပြင်းပြင်းရှုပြီး 1. 2. 3. 4. ကိုဖြေးဖြေးမှန်မှန်ရေတွက်ပါ။ အဲ့လို ရှုသွင်း ရှုထုတ်လုပ်တာကို 5 mins လောက်လုပ်ပေးပါ။ ဒီလိုလုပ်ခြင်းက စိတ်ပူပန်တာလျော့စေပြီး နှလုံးခုန်နှုန်းလဲ ပုံမှန်ဖြစ်စေပါတယ်။ စိတ်အာရုံလဲ တည်ငြိမ်စေတာမို့ anxiety တက်တိုင်း ဒီနည်းလမ်းလေးအတိုင်းလုပ်ပေးပါ။

3)အပြင်ထွက်ပါ၊ လမ်းလျှောက်ပါ၊ လေကောင်းလေသန့်ရှုရှိုက်ပါ။ စိတ်ပူပန်တိုင်း အိမ်မှာ အခန်းပိတ်ပြီးမထိုင်ပါနဲ့။ အပြင်ထွက်ပြီး မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့တွေ့တာမျိုး၊ ရင်ဖွင့်တိုင်ပင်တာမျိုးလုပ်ပေးသင့်ပါတယ်။ ပန်းခြံတခုခုမှာ လမ်းလျှောက်ရင်း လေကောင်းလေသန့်ရှုခြင်းကလဲ စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။

4)ကိုယ့်ဦးနှောက်ထဲက အတွေးအားလုံး
စာရွက်ပေါ်ချရေးလိုက်ပါ။
ဒီနည်းလမ်းက တကယ်အသုံးဝင်ပါတယ်။
ကိုယ့်ကိုစိတ်ပူစေတဲ့ အကြောင်းအရာတွေကို ကြီးစဉ်ငယ်လိုက် ချရေးပါ။ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ချရေးလိုက်ရင် ကိုယ့်မျက်လုံးနဲ့ရှင်းရှင်းလင်းလင်းမြင်ရတာမို့ ဖြေရှင်းရမဲ့နည်းလမ်းတွေ ပိုပေါ်လာတတ်ပါတယ်။

5)Aromatherapy အသုံးပြုပါ။
Aroma ဆိုတာ မွှေးပျံသော အနံ့တွေကို ဆိုလိုပါတယ်။ လာဗန်ဒါ၊ နှင်းဆီ၊ ထင်းရူး စတဲ့ သင်းပျံ့တဲ့ အနံ့တွေပါတဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်တွေကို အနားမှာထွန်းတာပေးပြီး အနားယူကြည့်ပါ။ ရေနွေးနွေးမှာ စိမ်ပြီး ဘေးမှာ ဒီလို အမွှေးဖယောင်းတိုင်ထွန်းထားရင် တကယ်ကို စိတ်အေးချမ်းစေပါတယ်။

6)တရားထိုင်ပါ။
ဘယ်လိုဘာသာဝင်မဆို တရားထိုင်လို့ရပါတယ်။ Meditation ဆိုတာ ဆေးပညာကုထုံးတစ်ခုထဲမှာ ထည့်သွင်းပြောပြလေ့ရှိတဲ့ စိတ်ကုထုံးတမျိုးပါပဲ။ စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုလဲ ကောင်းစေတာကြောင့် စိတ်ပူပန်လာတိုင်း 15mins လောက်တရားထိုင်ပေးကြည့်ပါ။

လူ့ဘဝကတိုတိုလေးမို့ စိတ်ပူပန်စရာတွေနဲ့ ဘဝကို မကုန်ဆုံးပါနဲ့။ အခုပြောပြတဲ့ အချက်တွေကို လိုက်လုပ်ကြည့်ပြီး တခြားစိတ်သက်သာအောင်လုပ်တဲ့နည်းလမ်းလေးတွေ သိရင်လဲ Comment မှာပြောပြပေးပါအုံးနော်...🤗👉

#အွန်လိုင်းဆေးခန်း #အွန်လိုင်းဆရာဝန် #စိတ်ရှုပ်တဲ့အချိန် #ဘာလုပ်သင့်လဲ

မေး :  အပူလား အအေးလား❓အပူလား အအေးလားဆိုလို့ အိမ်ကို ဧည့်သည်လာတဲ့ချိန် လောကွတ်ပြု မေးတဲ့စကားလား စားစရာသောက်စရာတစ်ခုခု အကြ...
23/04/2023

မေး : အပူလား အအေးလား❓

အပူလား အအေးလားဆိုလို့ အိမ်ကို ဧည့်သည်လာတဲ့ချိန် လောကွတ်ပြု မေးတဲ့စကားလား စားစရာသောက်စရာတစ်ခုခု အကြောင်းများလားဆိုပြီး တွေးမိသွားကြလား မသိဘူးနော်။

တကယ်တော့ ….. စဉ်းစားကြည့်မယ်ဆိုရင် အပူလား အအေးလားဆိုပြီး တွေးဆကြတဲ့ ခန္တာကိုယ်ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့အချိန်တစ်ခု ရှိပါသေးတယ်။

အဲ့ဒါကတော ရေနွေးအိတ်လေး ကပ်ထားရမလား ဒါမှမဟုတ် ရေခဲဝတ်ထုပ်လေးပဲ တင်လိုက်ရမလား ဆိုပြီး အပူပဲသုံးရမလို အအေးပဲသုံးရမလို ဝေခွဲမရဖြစ်ကြတဲ့ ခန္တာကိုယ်မှာ ယောင်ယမ်းတာ နာကျင်တာကို ခံစားရတဲ့အချိန်ပါပဲ။💁‍♀️

အဲ့ဒီတော့ အပူနဲ့ အအေးက ခန္တာကိုယ်ပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိလဲ ဆိုတာ အရင်ဆုံးကြည့်လိုက်ရအောင်နော်။👉

အပူကို ခန္တာကိုယ်မှာ အသုံးပြုတဲ့အခါ
✅ အသုံးပြုတဲ့နေရာမှာ သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှုကို အားကောင်းစေတယ်။
✅ ကြွက်သားတွေကို ပြေလျော့စေတယ်။
✅ တိုးမြင့်သွားတဲ့ အပူချိန်ကြောင့် နာကျင်မှုဒဏ်ကို အနည်းငယ်သက်သာစေနိုင်ပါတယ်။

အအေးကတော့
✅ အသုံးပြုတဲ့တစ်နေရာမှာ သွေးလည်ပတ်မှုကို လျော့နည်းစေပြီး အဲ့နေရာမှာ ဖြစ်တဲ့ ယောင်ယမ်းမှု ဖြစ်စဉ် နဲ့ ယောင်ယမ်းတာတွ ၊ ယောင်ယမ်းတာကြောင့် နာကျင်မှုဖြစ်တာတွေကို သိသိသာသာ သက်သာစေပါတယ်။
✅ အာရုံကြောတွေရဲ့ဆောင်ရွက်ချက်ကို ခဏတာ လျော့နည်းသွားစေတဲ့အတွက်ကြောင့်လည်း နာကျင်မှုကို လျော့ပါးစေပါတယ်။

အဲ့တော့ နှစ်ခုကို ဘယ်ချိန် ဘယ်လိုမျိုးမှာ သုံးမလဲဆိုရင်…
အပူကို အဓိက ကြွက်သားတွေ တင်းတဲ့အခါမျိုးအရိုးအဆစ်တွေ တောင့်တင်းမှု ခံစားရတဲ့အခါမျိုးမှာ သုံးလို့ရပါတယ်။💁‍♀️

အအေးကိုတော့ အခုလတ်တလော ဖြစ်တဲ့ နာကျင်တာ ယောင်ယမ်းတာ အထူးသဖြင့် ထိခိုက်မိပြီး ၄၈ နာရီအတွင်းဆိုရင် သုံးနိုင်ပါတယ်။💁‍♀️

ရေနွေးအိတ်ကပ်တာပဲဖြစ်ဖြစ် ရေခဲကို အဝတ်သန့်သန့်နဲ့ ထုတ်ပြီး ကပ်တာပဲဖြစ်ဖြစ် မိနစ် နှစ်ဆယ်ထက်ပိုပြီး မထားသင့်ပါဘူး။🧏‍♀️

အညိုအမည်းစွဲနေတဲ့ ဒါမှမဟုတ် ယောင်နေတဲ့အခြေအနေမျိုး ၊ ပွင့်နေတဲ့ အနာတွေ၊ လတ်တလောဖြစ်တဲ့အခြေအနေမျိုးတွေမှာဆိုရင် အပူကို မသုံးသင့်ပါဘူးနော်။🧏‍♀️

ဒီလိုအခြေအနေရှိတဲ့သူတွေမှာဆိုရင်လည်း အပူလောင်နိုင်တဲ့အခြေအနေပိုဖြစ်နိုင်တာရယ် အပူသုံးတာရဲ့ နောက်ဆက်တွဲတွေ ဖြစ်နိုင်တာကြောင့် အပူကို မသုံးသင့်ပါဘူး။🧏‍♀️

ဘယ်လိုအခြေအနေတွေလဲဆိုရင်
✅ ဆီးချိုရောဂါ
✅ အရေပြားယောင်ယမ်းခြင်း
✅ သွေးကြောဆိုင်ရာ ပြဿနာများ
✅ multiple scerosis တို့ပဲ ဖြစ်ပါတယ်။

အအေးကိုလည်း ကြွက်သား အရိုးအဆစ်တောင့်တင်းတဲ့အနေအထားမျိုး၊ ထိမှုသိမှုအာရုံခံဆိုင်ရာအာရုံကြောအားနည်းတဲ့သူတွေ သွေးလည်ပတ်မှုမကောင်းတဲ့သူတွေမှာဆိုရင် မသုံးသင့်ပါဘူးနော်။💁‍♀️

အခြေအနေအလျောက် အပူနဲ့ အအေး ကိုက်ညီတာကို သုံးရင်း နာကျင်တာ ယောင်ယမ်းတာတွေ မသက်သာဘူးဆိုရင်တော့ ဆရာဝန်👨‍⚕️👩‍⚕️များနဲ့ ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုလိုက်ရပါတယ်နော်။💁‍♀️

ကိုယ် ကိုယ်တိုင် ဒါမှ မဟုတ် ကိုယ့်မိသားစုရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမေးမြန်းလိုတယ်ဆိုရင်တော့ HOPE ရဲ့ ဒေါက်တာ တွေက အသင့်ရှိနေပါတယ်နော်။🤗

https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း #အပူအအေး

တ်ဖိစီးမှုတွေက ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေ 🤯အခက်အခဲတွေများနေတဲ့ကာလမှာ လူတိုင်းကိုယ်စီမှာ စိတ်ရှုပ်စရာကိစ္စတွေ၊ စိုးရိမ်...
22/04/2023

တ်ဖိစီးမှုတွေက ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေ 🤯

အခက်အခဲတွေများနေတဲ့ကာလမှာ လူတိုင်းကိုယ်စီမှာ စိတ်ရှုပ်စရာကိစ္စတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေ၊ စိတ်ဖိစီးမှုတွေ အများကြီးရှိနေကြပါတယ်…😓

ခဏတာကကိစ္စမရှိပေမယ့် အချိန်ကြာလာတဲ့အခါ ဒီစိတ်ဖိစီးမှုတွေက ကျန်းမာရေးကိုထိခိုက်လာစေပါတယ်..😰

စိတ်ဖိစီးမှုတွေက ဘာကျန်းမာရေးပြဿနာတွေဖြစ်စေလဲဆိုတာ ဒေါက်တာတို့က ပြောပြပေးထားပါတယ်…👩🏻‍⚕️

စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးချင်ရင် HOPE Telecare Myanmar ရဲ့ Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်👩🏻‍⚕️🩺

https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း

ဆီးချိုရောဂါလို့ ကြားလိုက်တာနဲ့ ချိုတဲ့ အစားအစာတွေ ရှောင်ရမယ်ဆိုတာတော့ လူတိုင်းသိကြမှာပါ။ အချိုဘဲရှောင်ရုံနဲ့ ရပြီလားဆို...
20/04/2023

ဆီးချိုရောဂါလို့ ကြားလိုက်တာနဲ့ ချိုတဲ့ အစားအစာတွေ ရှောင်ရမယ်ဆိုတာတော့ လူတိုင်းသိကြမှာပါ။ အချိုဘဲရှောင်ရုံနဲ့ ရပြီလားဆိုရင်တော့ မရပါဘူးနော်။🙅

ဒါကြောင့် ချိုတဲ့ အစားအစာတွေ အပြင် ဘယ်လို အစားအစာတွေ ရှောင်ရမလဲဆိုတာကို ဒေါက်တာတို့က👨‍⚕️👩‍⚕️ ပြောပြပေးသွားပါမယ်နော်။

ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးမေးမြန်းလိုတယ်ဆိုရင်တော့ HOPE ရဲ့ ဒေါက်တာ တွေက အသင့်ရှိနေပါတယ်နော်။🤗

https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း #ဆီးချိုရောဂါ

အစာမကြေခြင်းဟာ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။အစာမကြေဘူးဆိုပြီး ပြောလိုက်တာနဲ့✅ ရင်ပြည့်သလိုဖြစ်တာ ✅ ပျို့ချင်အန်ချင်တာ၊အန်တ...
19/04/2023

အစာမကြေခြင်းဟာ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။
အစာမကြေဘူးဆိုပြီး ပြောလိုက်တာနဲ့
✅ ရင်ပြည့်သလိုဖြစ်တာ
✅ ပျို့ချင်အန်ချင်တာ၊အန်တာ
✅ ဘာမှတောင် သိပ်မစားရသေးဘဲ ဗိုက်ပြည့်လွယ်တာ
✅ အစာစားပြီးနောက် ဗိုက်တင်းသလို ခံစားရတာက တော်တော်နဲ့ မပျောက်သွားတာ
✅ ဗိုက်အောင့်နာတာ၊ ဗိုက်ပွသလိုခံစားရတာ၊ လေတက်တာ
✅ ဗိုက်ထဲ ပူနေသလိုခံစားရတာ
✅ ရင်ပူတာ စတဲ့ လက္ခဏာတွေ ပါဝင်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ?
များသောအားဖြင့် အစာမကြေခြင်းဟာ ကိုယ်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့လည်း သက်ဆိုင်နေနိုင်ပါတယ်။

အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့
✅ အစားအလွန်အကြွံစားတာ
✅ အစားကို မြန်မြန်စားတာ
✅ အဆီများတဲ့ အစားအစာ ၊ဆီကြော်စာ၊ အပူအစပ်အစားအစာတွေ
✅ ကော်ဖီ၊အရက်၊ gas ပါတဲ့အချိုရည်တွေ အသောက်များတာ
✅ ဆေးလိပ်
✅ စိတ်ဖိစီးမှု
✅ ဆေးများ (ဥပမာ ပိုးသတ်ဆေး၊ နာကျင်ကိုက်ခဲသက်သာဆေး၊ သံဓာတ်အားဆေး) စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

တခြားဘာတွေကြောင့်ဖြစ်နိုင်လဲဆိုရင်?
အစာမကြေခြင်း ဆိုတဲ့အတိုင်းပဲ ခန္တာကိုယ်ရဲ့ အစာခြေစနစ်ရဲ့ ပြဿနာဖြစ်နေနိုင်ပါတယ်။

✅ အစာအိမ်ချဉ်ပြန်တက်ခြင်း
✅ အစာအိမ်ရောင်ခြင်း
✅ အစာအိမ်အနာ၊ အစာအိမ်ကင်ဆာ
✅ Gluten (များသောအားဖြင့် ဂျုံ) နှင့် မတည့်သော အူသိမ်ရောင်ရောဂါ
✅ irritable bowel syndrome
✅ သည်းခြေကျောက်တည်ခြင်း
✅ ဝမ်းချုပ်ခြင်း
✅ မုန့်ချိုအိတ်ရောင်ခြင်း
✅ အူပိတ်ခြင်း၊ အူလမ်းကြောင်းသွေးလည်ပတ်မှုအားနည်းခြင်း တို့အပြင်
✅ ဆီးချိုရောဂါ၊ သိုင်းရွိက်ဟော်မုန်းပြဿနာ
✅ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း အစာမကြေခြင်း ခံစားရလေ့ရှိပါတယ်။

ဘယ်လိုကုသမလဲ?
အစာမကြေခံစားရတာက အရမ်းမဆိုးဘူးဆိုရင်တော့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံပြောင်းလိုက်တာနဲ့ သက်သာသွားတာလည်း ရှိပါတယ်။

ပြောင်းလိုက်လို့ မသက်သာဘူး တောက်လျှောက်ခံစားနေရတယ်ဆိုရင်တော့ တခြားအကြောင်းရင်းတွေဖြစ်နေနိုင်တဲ့အတွက် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။

ဖြစ်တဲ့ အကြောင်းအရာပေါ်မူတည်ပြီး အစာကြေဆေး ၊ အစာအိမ်အက်ဆစ်ဓာတ်လျော့ချပေးသောဆေး၊ probiotics ၊ပိုးသတ်ဆေး စတာတွေနဲ့ ကုသနိုင်ပါတယ်။

အစာမကြေတဲ့ ဝေဒနာသက်သာစေဖို့အတွက်ဆိုရင်

✅ အစာကို နည်းနည်းနဲ့ အကြိမ်များများစားပါ။
✅ အစာကို ဖြည်းဖြည်းချင်းစားပါ။
✅ အစာစားပြီးနောက် ချက်ချင်းလှဲတာ အိပ်တာမျိုး မလုပ်ပါနဲ့။
✅ ပိုဆိုးစေနိုင်တဲ့အရာတွေ ဥပမာ - အဆီများတဲ့အစားအစာ ၊ အပူအစပ်၊ ကော်ဖီ ၊အရက် စတာတွေရှောင်ပါ။
✅ ဆေးလိပ်ဖြတ်ပါ။
✅ ကိုယ်အလေးချိန်များနေရင် လျော့ပါ သင့်တော်တဲ့ ကိုယ်အလေးချိန်တစ်ခုကို ထိန်းသိမ်းဖို့ လိုပါတယ်။
✅ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ လမ်းလျှောက်ပါ။
✅ စိတ်ဖိစီးမှု လျော့ချပါ အသက်ရှုလေ့ကျင့်ခန်း လုပ်တာ တရားထိုင်တာ ယောဂကျင့်တာတွေ လုပ်လို့ရပါတယ်။

တကယ်လို့ အစာမကြေခံစားရတာအပြင်
✅ ဗိုက်အောင့်ဗိုက်နာ ဆိုးဆိုးရွားရွားခံစားရတာ
✅ ထပ်ခါထပ်ခါအန်တာ
✅ သွေး/ကော်ဖီနှစ်ရောင် လိုမျိုးအန်တာ
✅ ကတ္တရာစေးလိုမျိုး စေးကပ်တဲ့ဝမ်းအမည်း သွားတာ
✅ အလိုလိုနေရင်း ကိုယ်အလေးချိန်ကျဆင်းတာ
✅ အစာစားချင်စိတ်မရှိတာ
✅ မောပန်းလွယ်တာ နုံးချိတာတွေ ပါခံစားရရင်တော့စောနိုင်သမျှ အစောဆုံး ပြသစစ်ဆေးမှု ခံယူသင့်ပါတယ်။

ခုလို အစာမကြေဖြစ်တာမျိုး အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ ဆွေးနွေးဖို့ ဒေါက်တာတို့ဆီ👨‍⚕️👩‍⚕️ အသေးစိတ် လာရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်နော်။

https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း #အစာမကြေခြင်း

နွေရာသီအတွက် ရေဓာတ်ကြွယ်ဝတဲ့ အစားအစာများ 🥬🍉🤓ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေဓာတ်လုံလောက်ဖို့ဆိုတာ အလွန် အရေးကြီးလှပါတယ်နော်...
18/04/2023

နွေရာသီအတွက် ရေဓာတ်ကြွယ်ဝတဲ့ အစားအစာများ 🥬🍉

🤓ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေဓာတ်လုံလောက်ဖို့ဆိုတာ အလွန် အရေးကြီးလှပါတယ်နော်....

ရေဓာတ်ပမာဏ လုံလောက်မှု မရှိခဲ့ရင် အလွယ်တကူ ပင်ပန်းနွမ်းနယ်မယ်၊အသားအရေတွေ ခြောက်သွေ့မယ်၊ကြွက်တက်ခြင်း သွေးပေါင်ကျခြင်း စတာတွေပါ ခံစားရနိုင်ပါတယ်။

🌞အထူးသဖြင့်နွေရာသီမှာ ပူပြင်းတာကြောင့် ချွေးထွက်များပြီး တခြားအချိန်တွေထက် ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်တတ်ပါတယ်။

🦹ဒါကြောင့် ရေများများသောက်ဖို့ကို သတိလေးပေးချင်ပါတယ်...🧊🥤

💪ရေသောက်တာအပြင် ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းကလည်း ခန္ဓာကိုယ်ရဲ့
ရေလိုအပ်မှုပမာဏကို ဖြည့်တင်းပေးနိုင်ပါတယ်....

✨နွေရာသီမှာ တက်ကြွစွာရွှင်လန်းနိုင်ဖို့အတွက် ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေနဲ့ သူတို့ရဲ့ ရေပါဝင်မှုနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....

အသီးအနှံ🍉🍈
- ဖရဲသီး _ ၉၂%
- စတော်ဘယ်ရီသီး _ ၉၁%
- သခွါးမွှေး _ ၉၀%
- သစ်တော်သီး _ ၈၉%
- လိမ္မော်သီး _ ၈၈%
- နာနတ်သီး _ ၈၆%
- ပန်းသီး _ ၈၆%
အသီးအရွက်🥬🥦
- သခွါးသီး _ ၉၇%
- ဆလတ်ရွက် _ ၉၆%
- တရုတ်နံနံ _ ၉၅%
- ခရမ်းချဥ်သီး _ ၉၄%
- ငရုပ်ပွ _ ၉၂%
- ပန်းမုန်လာ _ ၉၂%
- ဟင်းနုနွယ် _ ၉၁%
- ကိုက်လန် _ ၉၀%

🥛🍼ဒါတွေအပြင်မှာ အဆီထုတ်ထားသော နွားနို့ _ ၉၁% ၊ ပဲနို့ _ ၉၀% ရှိပါသေးတယ်။တခုအကြံပေးချင်တာက အသီးအနှံ အသီးအရွက်တွေကို စားတော့မယ်ဆိုရင် သေသေချာချာ ဆေးကြောသန့်စင်ဖို့လည်း မမေ့ပါနဲ့နော်🙅‍♀️

ကျန်းမာရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေမေးမြန်းလိုရင်တော့ HOPE ကဆရာဝန်တွေကို မနက် ၈နာရီကနေ ည ၁၀နာရီအတွင်း မေးမြန်းဆွေးနွေးနိုင်ပါတယ်နော် ….💗

Message Here: https://m.me/hopetelecaremyanmar

#အွန်လိုင်းဆေးခန်း #နွေရာသီ

Address

No-148, Pyay Road, Corner Of A1 Street, Mayangone Township, Yangon.
Yangon
11061

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Alerts

Be the first to know and let us send you an email when HOPE TeleCare Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to HOPE TeleCare Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category