I Smile for you Dental Clinic

I Smile for you Dental Clinic i Smile For You Dental Specialist Clinic

28/12/2024

မင်္ဂလာရှိသောနေ့သစ်လေးဖြစ်ပါစေရှင့်
အခု I Smile for you သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှာ ဘယ်လိုမျိုး ကုသမှာတေ ပြုလုပ်လို့ရနေပြီလဲ ဆိုတာပြောပြပေးပါမယ်နော်
🍀သွားပိုးစားခြင်းများအတွက် သွားများကို ရောင်ခြည်ဖြင့် ဖာဌေးပြုပြင်ခြင်း
🍀ကွမ်းဂျိုး၊ ဆေးလိပ်ဂျိုး၊ သွားကျောက်များ သန့်ရှင်းခြင်း
🍀သွားအကြောသတ်ကုထုံးများ
🍀သွားကျဲခြင်းအတွက် ရောင်ခြည်ဖြင့် ဖာဌေးခြင်း
🍀သွားအပေါ်ယံကြွေလွှာကပ်ခြင်း (Veneering)
🍀ရောင်ခြည်ဖြင့်သွားများဖြူဖွေးလှပအောင်ပြုလုပ်ခြင်း ( Whitening treatment)
🍀သွားတုများပြုလုပ်ခြင်း (ကြွေသွား၊ သတ္ထုသွားအစွပ်များ)
🍀မညီညာသောသွားများအတွက် သွားညှိကုသမှုများ (Orthodontic treatment)
🍀သွားအမြစ်တုတိုင်စိုက်ခြင်း (Dental Implants)
🍀နောက်ဆုံးပေါ် CAD/CAM နည်းပညာသုံး Zirconia ကြွေသွားများစွပ်ပေးခြင်း
စတဲ့ ကုသမှုတေကို ဆယ်နှစ်ကျော် အတွေ့အကြုံရှိတဲ့ ဝါရင့်ဆရာဝန်ကြီးများကိုယ်တိုင် အသေးစိတ် ကုသမှုတေ ပြုလုပ်ပေးနေပါတယ်နော်
ဒါ့အပြင် 2025 ကိုကြိုဆိုသောအားဖြင့် ကုသမှုတိုင်းကို Discount လေးတေထားရှိပေးထားလို့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူဖို့ လှမ်းလာခဲ့ကြပါနော်
အားလုံးပဲ Happy New Year ပါ 👏👏👏

မင်္ဂလာပါရှင့်ချစ်သောလေး တို့ရေသွားအစွပ်တေမှာ အမျိုးအစားတေ အများကြီးရှိတာ သိပြီးကြပြီလားသွားအစွပ်တေမှာဆိုရင်1. ရိုးရိုးက...
22/12/2024

မင်္ဂလာပါရှင့်
ချစ်သောလေး တို့ရေ
သွားအစွပ်တေမှာ အမျိုးအစားတေ အများကြီးရှိတာ သိပြီးကြပြီလား
သွားအစွပ်တေမှာဆိုရင်
1. ရိုးရိုးကော်အစွပ်
2. ငွေရောင်သတ္ထုအစွပ်
3. PFM လို့ခေါ်တဲ့ ရိုးရိုးကြွေအစွပ်
4. Zirconia လို့ခေါ်တဲ့ နောက်ဆုံးပေါ် ကြွေအစွယ်ဆိုပြီး ရှိပါတယ်နော
ဒီအမျိုးအစားတေထဲကမှ ဘယ်ဟာက အကောင်းဆုံးလဲ ဆိုရင်တော့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ Zirconia ကြွေအစွပ်ပါပဲနော
သူက ဘာလို့ကောင်းရတာလဲဆိုတော့ သဘာဝ သွားအတိုင်းထပ်တူကျတယ်၊ ပိုမိုမာကြောပြီး Stress ဒဏ်တေခံနိုင်တယ်၊ MRI လို့ခေါ်တဲ့ သံလိုက်ဓာတ်မှန်ရိုက်ရင်လဲ ပုံရိပ်ဝါးခြင်းမရှိပါဘူးနော
ဒါ့အပြင် Zirconia ကြွေအစွပ်တေက နောက်ဆုံးပေါ် CAD/CAM ကိုခေါ်တဲ့ Computerized နည်းပညာနဲ့ပြုလုပ်ထားတာမို့ တပ်ထားရင် လူကိုအရမ်းသက်တောင့်သက်သာရှိစေပါတယ်
ခုလိုချိန်မှာ Zirconia အစွပ်လေးတေကို မင်တို့ I Smile for you Dental Clinic မှာဈေးနှုန်းသက်သက်သာသာနဲ့ ပြုလုပ်ပေးနေပါပြီနော်
အမြန်ဆုံး Hello လုပ်လိုက်ကြပါနော
Hot line - 09958888131 , 09402574046

22/12/2024

ချစ်သောလေးတို့ရေ
ပျော်ရွှင်ဖွယ် Christmas အချိန်ခါလေးနီးလာပြီနော်
ချစ်ရတဲ့လူတေနဲ့ ပျော်ရွှင်ဖွယ် အပြုံးလေးတေဖန်တီးဖို့ ဆိုရင်တော့ I Smile or you Dental clinic မှာ
လေဆာ သွားဖြူကုထုံးလေးကို ရယူထားဖို့လိုပါမယ်နော်
Christmas discount အနေနဲ့ 20% Discount ပေးမှာဆိုတော့ အမြန်လေးလာခဲ့နော်
ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတေကိုယ်တိုင် သေချာ အသေးစိတ် ဂရုစိုက်ကုသပေးမှာဖြစ်တဲ့အတွက် နာကျင်မှု ရှိမှာကို ပူစရာမလိုဘူးနော်
ဒါ့အပြင် ရိုးရိုး ခံတွင်းသန့်ရှင်းရေးပဲ လုပ်မယ်ဆိုလဲ Discount 20% လေးရှိပါတယ်နော်😊
အမြန်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 👏👏

Baby လေးတို့ သွားဆေးခန်း လာပြတဲ့အခါ……  ကလေးလေးတွေဟာလဲ လူသားတွေပဲမို့ လူ့လောကထဲရောက်ပြီး ကလေးအသက်၆လဝန်းကျင်မှာအောက်ရှေ့သွ...
19/06/2024

Baby လေးတို့ သွားဆေးခန်း လာပြတဲ့အခါ……
ကလေးလေးတွေဟာလဲ လူသားတွေပဲမို့ လူ့လောကထဲရောက်ပြီး ကလေးအသက်၆လဝန်းကျင်မှာအောက်ရှေ့သွားလေးတွေ စထွက်လာပါပြီ။ဒီလိုနဲ့ တဖြည်းဖြည်း အစာမာမာလေးတွေစားဖို့အတွက် အံသွားလေးတွေလဲ သူ့အသက်အရွယ်အလိုက်ပေါက်လာကြပါတယ်။
အဲ သွားပေါက်ပြီဆိုတာနဲ့တူတူ နောက်ကလိုက်လာတတ်တာက သွားပိုးစားတာပါပဲ။တချို့ကလေးတွေကသွားပိုးစားတာအရမ်းဆိုးဝါးပေမဲ့ တချို့ကျတော့လဲ ပိုးစားထားတဲ့သွားမရှိသလောက်ဖြစ်နေတာမျိုးလဲ တွေ့ရတတ်ပါတယ်။
ကလေးလေးတွေရဲ့သွားတွေဟာ လူကြီးသွားတွေထက် ပိုးစားဖို့ပိုလွယ်တတ်ပါတယ်။သွားပိုးစားလို့နာတဲ့အခါမှာ သူတို့မှာ နာကြင်မှု့ကို ကောင်းစွာမဖော်ပြတတ်သေးတာမို့ ဂျီကျငိုယိုအော်ဟစ်တဲ့အခါ လူကြီးမိဘတွေခမျာ နေမထိထိုင်မသာဖြစ်ကြရ၊ဆေးခန်းပြေးပြကြရနဲ့ အလွန်ဒုက္ခများကြရပါတယ်။
ဆေးခန်းရောက်တဲ့အခါမှာလဲ ‌အခုဆေးခန်းရောက်၊အခုချက်ခြင်းဆရာဝန်နဲ့တွေ့ပြီး ကုသမှု့ခံယူ နတ်ရေကန်ထဲခုန်ဆင်းသလို ဝုန်း ဆို ရောဂါသက်သာ ဆိုသလိုမဟုတ်ဘဲ ဆေးခန်းမှာ ကိုယ့်ရှေ့ကလူနာတွေများပြီး အကြာကြီးစောင့်နေရရင် ကလေးခမျာ ပိုပြီးဂျီကျတတ်ပါတယ်။
ဒါကလဲ ကလေးသဘာဝမို့ ကလေးကိုသွားပြီးအပြစ်တင်လို့မရပါဘူး။ကလေးဆိုတာ လူ့လောကထဲ ရောက်လာတာ မကြာသေးတဲ့အတွက် သူ့အတွက် အရာအားလုံးဟာ စူးစမ်းချင်စရာကြီးပါပဲ။ဒါကြောင့် တနေရာထဲမှာ အကြာကြီးငြိမ်ပြီးထိုင်စောင့်နေဖို့ စိတ်မရှည်တတ်ကြပါဘူး။ဒါကြောင့် ဆေးခန်းမှာ အကြာကြီးစောင့်နေရလို့ ကလေးဂျီကျတဲ့အခါ၊ဒါမှမဟုတ် ကလေးသွားက ပိုးစားနေတာအများကြီး ဆေးခန်းရောက်တော့မှ သွားဆရာဝန်က ကုပေးလိုက်တာ နာနေ၊ကိုက်နေတဲ့သွားတချောင်းထဲ ဆိုရင် ကလေးရဲ့ အခြေအနေကြောင့် လို့သာမှတ်ယူစေချင်ပါတယ်။(သွားဆေးခန်းကို ခနခနလာရအောင် သွားဆရာဝန်က ခွဲခွဲပြီး လုပ်တာ မဟုတ်ရပါဘူးနော်)
အဲ တခါတလေကျရင်လဲ ကလေးက သွားတော့ အရမ်းမနာဘူး။ဒါပေမဲ့ တခါတခါ အစားစားပြီးရင် နာတတ်တယ်။မိဘကလဲ ကလေးကို ဂရုထားပြီး ဆေးခန်းကို စောစောတော့ လာပြပါရဲ့။ကလေးကလဲ ချက်ခြင်း သွားဆရာဝန်နဲ့ ပြပြီး ကုသခွင့်ရပါရက်နဲ့ သွားဆေးကုတဲ့ ခုံပေါ်ရောက်ခါမှ ကလေးက ပါးစပ်မဟပေးတာမျိုး၊အတင်း ငိုယိုဂျီကျနေတာမျိုးလဲ ဖြစ်ရတတ်ပါတယ်။အထူးသဖြင့် သွားဆေးခန်းကို ပထမဆုံးပြဖူးတဲ့ ကလေးမျိုးပေါ့။မိဘအုပ်ထိန်းသူတွေကခေါ်လို့သာ လိုက်လာရတယ်။သွားဆေးခန်းဆိုတာ ဘာလဲ မသိ၊သူ့ကို ဘာလုပ်မယ်လဲ မသိ ဘုမသိဘမသိနဲ့ လိုက်လာရတဲ့ကလေးတစ်ယောက်ဟာ ဆေးကုတဲ့ အခန်းလေးထဲမှာ သူမသိတဲ့လူကြီးတယောက်က သူမသိတဲ့ပစ္စည်းတွေနဲ့ သူ့ပါးစပ်ထဲထည့်နေတယ်ဆိုရင် သူအနည်းငယ်လန့်သွားမှာတော့ အမှန်ပါပဲ။
ဒါကိုမှ မိဘတွေက အနာပျောက်စေခြင်ဇောနဲ့ အတင်းချုပ်ပြီးလုပ်မယ်ဆို ကလေးခမျာ အားမတန်လို့ မာန်လျှော့လိုက်ရပေမဲ့ သွားဆေးခန်းဆိုတာသူ့အတွက် ကြောက်စရာနေရာကြီးလို့ စိတ်ထဲစွဲသွားတတ်ပါတယ်။
ဒီလိုအခြေအနေမျိုးဆိုရင်တော့ ကျွန်တော်တို့သွားဆရာဝန်တွေအနေနဲ့ ကလေးနဲ့ရင်းနှီးမှု့ရအောင် အရုပ်လေးတွေပေးတာ၊စတစ်ကာလေးတွေပေးတာ၊သွားဆေးခန်းသုံးပစ္စည်းတွေ(ကလေးလဲ မြင်ရင်မကြောက်မဲ့အရာမျိုး ဥပမာ ပါးစပ်ထဲကြည့်တဲ့မှန်)ကို ကလေးကို ကိုင်ကြည့်‌စေပြီး ကြောက်စရာမဟုတ်ဘူး ဆိုတာမျိုး ပြသပေးပြီး အခြေအနေကို လိမ္မာပါးနပ်စွာ ဖြေရှင်းရပါတယ်။
ဒါကြောင့် တခါတလေ သွားဆေးခန်းတော့ သွားပြပါရဲ့ သွားဆရာဝန်က ကလေးကို ပစ္စည်းတွေပြ၊စကားတွေပြောပြီး ဘာမှလုပ်မပေးဘဲ ပြန်လွှတ်တယ်ဆိုရင် မိဘတွေအနေနဲ့ နားလည်ပေးစေခြင်ပါတယ်။
အဲ နောက်တကြိမ် ကိုယ့်ကလေးကသွားနာလာတဲ့အခါ သွားဆေးခန်းဆိုတာ သူ့အတွက် ကြောက်စရာမဟုတ်ဘူး၊သူ့ဝေဒနာသက်သာအောင် လုပ်ပေးတဲ့နေရာဆိုတာသိသွားရင် မိဘတွေတောင် ခေါ်စရာမလိုဘဲ သွားဆေးခန်းသွားမယ် လို့ကလေးတွေကိုယ်တိုင်က ပြောလာကြပါလိမ့်မယ်။
ကျွန်တော်တို့ကိုယ်တိုင်ကလဲ ကလေးရှိတဲ့သွားဆရာဝန်တွေမို့ မိဘတွေနေရာကရော သွားဆရာဝန်နေရာကရော ခံစားပြီး ဒီစာကို ရေးပါတယ်။
အကောင်းဆုံးကတော့ မိမိကလေးကိုတရက်နှစ်ကြိမ် သွားတိုက်ပေးတာ(မနက်စာစားပြီးတစ်ကြိမ်၊ညအိပ်ရာမဝင်ခင်တကြိမ်)က သွားပိုးစားရောဂါမဖြစ်အောင် ကာကွယ်ဖို့အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။သွားတိုက်တဲ့ အခါမှာလဲ သွားမျက်နှာပြင်တွေအားလုံးပါအောင်တိုက်ပေးဖို့ ၊ရှိတဲ့သွားတွေအကုန် ပါအောင်တိုက်ပေးဖိုဘ အချိန် နှစ်မိနစ်လောက်ပေးပြီး တိုက်ပေးဖို့ပါပဲ။
ကျွန်တော်တို့သွားဆေးခန်းကို
အမှတ် ၄၀-ခ၊၂(က)ရပ်ကွက်၊ဉာဏသုခလမ်းနှင့်ခရေပင်လမ်းထောင့်၊ကောင်းကြိုက်ဒန်ပေါက်ဆိုင်အပေါ်ထပ်မှာ မနက် ၉နာရီမှ ည၈နာရီထိ ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်။စုံစမ်းမေးမြန်းလိုပါက 09958888131 သို့ ဆက်သွယ်နိုင်ပါတယ်။
#ခရေပင်လမ်း
#သွားဆေးခန်းDentalclinic
#မင်္ဂလာဒုံ

သွားကျဥ်ခြင်း ( Tooth Hypersensitivity)သွားလေးတေဘာကြောင့်ကျဥ်ကြတာလဲ? 😟😟လူတိုင်းတခါတလေမှာတော့ သွားကျဥ်တဲ့ဝေဒနာကိုခံစားဖူး...
16/06/2024

သွားကျဥ်ခြင်း ( Tooth Hypersensitivity)

သွားလေးတေဘာကြောင့်ကျဥ်ကြတာလဲ? 😟😟
လူတိုင်းတခါတလေမှာတော့ သွားကျဥ်တဲ့ဝေဒနာကိုခံစားဖူးကြပါလိမ့်မယ် 😱😱
သွားတေဟာ ......
1. အချဥ်တေစားတာများရင်
2.အချိုတေအစားများရင်
3.မာတဲ့အစာတေစားတဲ့အကျင့်ရှိရင်
4. သွားတိုက်နည်းမမှန်ရင်
5.သွားပိုးပေါက်တေရှိနေရင်
6.အပေါ်ယံကြွေလွှာပါးနေရင်
7. အခြားအကြောင်းအရာတေ
စတဲ့ အချက်တေကြောင့် သွားတေထဲမှာရှိတဲ့ အာရုံကြောနဲ့ချိတ်ဆက်တဲ့မြောင်းငယ်လေးတေပွင့်သွားတတ်ပါတယ်။ အဲ့လိုအခါမျိုးမှာ ပူတာ၊ အေးတာ၊ ချိုတာ၊ ချဉ်တာ၊ ပွတ်တိုက်ထိတွေ့မှုတေမှာ ခံရခက်လောက်အောင် ကျဥ်တတ်ကြပါတယ်။ တခါတရံမှာ ခနနဲ့ပျောက်ပေမယ့် တခါ‌တလေကြ မပျောက်ပဲကြာနေတတ်ပါတယ်။
အဲ့လိုအခါမျိုးမှာတော့ သွားကျဥ်စေတဲ့အနှောက်အယှက်တေ အာရုံကြောဆီတိုက်ရိုက်မရောက်အောင် ကာကွယ်ထားကြဖို့လိုပါမယ်နော်။
များသောအားဖြင့် Fluoride ပါတဲ့သွားတိုက်ဆေးတေက သွားကျဥ်တာကိုသက်သာစေပေမယ့် အပေါ်ယံကြွေလွှာပျက်စီးမှုများနေရင်တော့ ကျဉ်တာပျောက်တဲ့သွားတိုက်ဆေးနဲ့မလုံလောက်တော့ပါဘူး။ ထိရောက်တဲ့ကုသမှုပေးဖို့လိုလာပါမယ်နော်။ မဟုတ်ရင် သွားထဲမှာရှိတဲ့အာရုံကြောယောင်ရမ်းပြီး မလိုလားအပ်တဲ့ဆိုးကျိုးစေ ဖြစ်လာနိုင်ပါတယ်။
မင်တို့ရဲ့ I Smile Dental Clinic မှာဆိုရင် လိုအပ်တဲ့ကုသမှုတေကို ဝါရင့်ကျွမ်းကျင် ဆရာဝန်များကသေချာစွာရှင်းပြ ဆွေးနွေးပေးနေပါတယ်နော်။
သွားကျဉ်ခြင်းကိုသက်သာပျောက်ကင်းစေဖို့ မြန်ဆန် မှန်ကန်တဲ့ ကုသမှုတေနဲ့ ကျွမ်းကျင်ဆရာဝန်တေနဲ့တိုင်ပင်ဖို့ အခုပဲ အပြေးလာလိုက်တော့နော် 🤗
Hotline 09958888131

သွားဟာလူတယောက်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါနော်အလှဆုံးအပြုံးလေး နဲ့ပြုံးပြလိုက်ရင် ဘယ်သူမဆို စိတ်ထဲမှာ ကြည်နူးကြရတာပါအပြု...
20/05/2023

သွားဟာလူတယောက်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါနော်
အလှဆုံးအပြုံးလေး နဲ့ပြုံးပြလိုက်ရင် ဘယ်သူမဆို စိတ်ထဲမှာ ကြည်နူးကြရတာပါ
အပြုံးလေးအပြင် ခုလိုသွားလေးတေက ဖွေးဖွေးဖြူနေရင်တော့ ဘယ်လောက်တောင် ကြည့်လှပြီး ချစ်ဖို့ကောင်းမလဲဆိုတာ ပြောဖို့တောင်မလိုဘူးနော်
‌ဖြူဖွေးလှပတဲ့ သွားလေးတေ အချိန်တိုအတွင်းပိုင်ဆိုင်ဖို့
I Smile သွားဆေးခန်းကို အမြန်လာခဲ့တော့နော်
ကုသမှုများကို 09958888131 ကိုတိုက်ရိုက်ဆက်ပြီး ကြိုတင် Booking ယူလို့ရပါတယ်နော်
အားလုံးရဲ့ အပြုံးလှလှလေးများအတွက် I 😊
I Smile Dental Clinic!

ဖတ်ရန်ကြာချိန် သုံးမိနစ်ဆရာ ကျွန်မအရင်ဆေးခန်းမှာ သွားဖာထားတာ တပါတ်တောင်မခံဘူးဆရာရယ်။ပြန်ပြုတ်သွားတာ။အဲ့ဒါ ဆရာနဲ့ပြန်ပြချ...
02/04/2023

ဖတ်ရန်ကြာချိန် သုံးမိနစ်

ဆရာ ကျွန်မအရင်ဆေးခန်းမှာ သွားဖာထားတာ တပါတ်တောင်မခံဘူးဆရာရယ်။ပြန်ပြုတ်သွားတာ။အဲ့ဒါ ဆရာနဲ့ပြန်ပြချင်လို့………။ဆရာဖာပေးတာရော တသက်လုံးမြဲလား ဆရာ……
ဒါမျိုးလေးတွေလဲ သွားဆေးခန်းမှာ ခနခနကြုံရတတ်သည်။
‌ တကယ်တော့ သွားဆေးခန်းမှာသုံးသော သွားဖာသည့် ပစ္စည်းတွေက ပါးစပ်ထဲ(သွားပေါက်ထဲ) ထည့်ပြီးသုံးရသည် ဆိုသော်လဲ ဒီပစ္စည်းလေးတွေက အရည်တွေထိမှာ အရမ်းကြောက်ရသည်။ဘိုလိုပြောလျင်တော့ Moisture Sensitive ဖြစ်သည်ဟု ခေါ်ပါသည်။ဟုတ်ပြီ ဒါဆို ဘယ်ကအရည်တွေထိမှာတုန်းးး ဆိုတော့ အထူးသဖြင့် ပါးစပ်ထဲကထွက်တဲ့ တံတွေးပေါ့။ပြီးတော့ သွားဖုံးမှထွက်သည့် အရည်ကြည်(Gingivo Crevicular Fluid )တို့ဖြစ်သည်။တံတွေးကတော့ ပါးစပ်ထဲမြင်နေရလို့ တံတွေးထွက်သည့်နေရာတွေ/တံတွေးစုသည့်နေရာတွေကို ဂွမ်းတောင့်ဖြင့် ကာထားခြင်း သို့မဟုတ် တံတွေးစုပ်သည့် ကိရိယာဖြင့် အဆက်မပြတ်စုပ်ပေးခြင်း(Saliva Ejector,Suction)၊သွားဖာလိုသည့်‌ေနရာကွက်ကွက်‌က‌ေလးကိုသာ ဖော်ထားပြီး ကျန်သည့်နေရာများကို ရာဘာပြားပါးပါးလေးဖြင့်အုပ်ထားခြင်း(Rubber dum/Dental dum)စသည်တို့ဖြင့် ကာကွယ်ထား၍ရသည်။သွားဖုံးမှ ထွက်သည့် အရည်ကြည်(Gingivo Crevicular Fluid@GCF)ကိုတော့ ထိန်းရသည်မှာ သိပ်မလွယ်။ထိုအရည်ကြည်‌ေတွက ထွက်သည့်ပမာဏ အရမ်းနည်းသည်။သို့ေသာ် သွားဖုံးယောင်နေသည့် လူနာများက သွားဖုံးမှ အရည်ကြည် ပိုထွက်တတ်သည်။ထိုသို့သော သွားဖုံးရောင်နေသည့် လူနာများဆိုလျင် သွားဖုံးအယောင်ကျအောင် အရင်ကုသပြီးမှ /သွားဖုံးယောင်ကျမှ သွားဖာခြင်းကို ဆက်လက်ပြုလုပ်သင့်သည်။
‌ဟုတ်ပါပြီ။ဒါဆို ဒါတွေအကုန်လုပ်ပြီး သွားဖာတော့ရော သွားဖာသည့်ပစ္စည်းတွေက သွားပေါက်ထဲတသက်လုံး မြဲနေရောလား ဆိုတော့လဲ မဟုတ်ပြန်။တချို့သွားဖာသည့်ပစ္စည်းေတွက သွားဖာပြီးပြီးချင်း အစာဝါးတာ၊ေရထိတာမျိုး လုပ်လို့မရ။အနည်းဆုံး နာရီဝက်၊တစ်နာရီခန့် အစာစားတာ၊ေရထိတာမျိုး ရှောင်ရတာလဲ ရှိသေးသည်။
‌ ကဲ ဒါဆိုလဲဆရာအပေါ်က ပြောထားတာတွေအကုန်လုံးလိုက်နာပြီးနေရင်ရော သွားဖာတဲ့ပစ္စည်းက မြဲနေပြန်ရောလား…။ဒီလိုလဲ မဟုတ်ပြန်။ဥပမာ ရှေ့သွားနှစ်ချောင်းကြားထဲ သွားကြဲနေ၍ သော်လည်းကောင်း၊ပိုးစား၍ေသာ်လည်းေကာင်း ဖာထားခြင်း၊အခြားေနရာမှ သွားများ (အံသွား/အံရှေ့သွားများကြား) ပိုးစား၍ဖာထားခြင်းတို့မှာလဲ ဂရုပြုစရာတွေ ရှိသေးသည်။ဥပမာေပးရလျင် မြေနိမ့်‌၍ချိုင့်ဖြစ်‌ေသာ‌ေနရာကို မြေဖို့ချင်းနှင့် ကမ်းပါးစွန်းတွင် မြေဖို့ချင်းတို့ကို ယှဉ်ကြည့်ပါ။မည်သည့်နေရာက မြေကြီးတွေ ပိုခိုင်ခံ့ပါမည်လဲ။
‌မြေနိမ့်၍ချိုင့်ဖြစ်သောနေရာကို ဖို့ထားသော မြေကြီးက ပိုမြဲမည်မှာ သဘာဝပင်ဖြစ်သည်။အဘယ်‌ေကြာင့်ဆိုေသာ် ကမ်းပါးစွန်းတွင် ဖို့ထားသည့် မြေက အစွန်းကို တက်နင်းမိလျင် အလွယ်တကူ ပြိုကျသွားမည်ပင် မဟုတ်ပါလား။
‌ ကဲ ဆရာရယ်။ဒါေတွအကုန်လိုက်နာရင်‌ေရာ သွားဖာထားတာက တစ်သက်လုံး မြဲနေရောလား ဆိုတော့လဲ မဟုတ်သေး။
ပါးစပ်ထဲ ထည့်ထားသည့်ပစ္စည်းတွေဆိုတာကလဲ လူသားတွေက ပြုလုပ်ထားသောအရာများပင်ဖြစ်သည်။သူတို့ကလဲ ပြင်ပအပူချိန်ကိုလိုက်ပြီး ပူရင်ပွတတ်၊အေးရင် ကျုံ့တတ်သည့် သဘောရှိသည်။လူတွေဆိုတာကလဲ အပူဆို အပူ၊အအေးဆို အအေး တမျိုးတည်းသာ တသမတ်တည်း စားတတ်၊ဝါးတတ်ကြတာမဟုတ်။ဒီတော့ အပူစားရင် ပွ၊အအေးစားရင် ကျုံ့ ဒီလို ခနခန ဖြစ်လာတော့ သွားပေါက်ထဲ ထည့်ထားသည့် ပစ္စည်းလေးများလဲ အချိန်တခုကြာလျင် ပုံစံပျက်လာတတ်သည်။ဒီတော့ သွားဖာသည့်ပစ္စည်းနှင့် သွားပေါက်အနားသတ်ကြားထဲမှာ ဟ ပြီး နေရာလွတ်လေးတွေ ပေါ်လာသည်။အဲ့ဒီလို အချိန်ဆိုရင်တော့ နီးစပ်ရာသွားဆေးခန်းမှာ ပြန်ပြပြီး သွားပေါက်လေးတွေကို ပြန်ဖာဖို့ လိုအပ်ပါသည်။ဒီလိုအခြေအနေကလဲ တယောက်နှင့်တယောက် မတူညီနိုင်။ကိုယ့်ခန္ဓာကိုယ်က လက်ချောင်းလေးတွေတောင် အရှည်အတို မညီတာ လူတယောက်နှင့်တယောက်၊သွားတချောင်းနှင့်တချောင်း သွားဖာထားတာ ဘယ်လောက်ကြာကြာခံမလဲဆိုတဲ့အချိန် မတူညီနိုင်ပါ။အကောင်းဆုံးကတော့ နီးစပ်ရာ သွားနှင့်ခံ‌တွင်း ဆေးခန်း/သွားနှင့်ခံတွင်း ဆရာဝန်ဆီမှာ တစ်နှစ်လျင်နှစ်ကြိမ်(၆လ တကြိမ်)သွားနှင့်ခံတွင်းစစ်ဆေးမှု့ခံယူပြီး လိုအပ်ပါ ဆောလျင်စွာ ကုသမှု့ ခံယူသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
ကျွန်တော်တို့ i Smile သွားဆေးခန်းတွင်
သွားနှုတ်ခြင်း၊သွားဖာခြင်း၊သွားအကြောထုတ်ကုသခြင်း၊သွားကျောက်ခြစ်ခြင်း၊ရောင်ခြည်ဖြင့်သွားဖြူအောင်ပြုလုပ်ပေးခြင်း၊တိုက်တေနီယံသွားမြစ်တုဖြင့်သွားစိုက်ခြင်း၊သွားအသေစိုက်/အရှင်စိုက် ပြုလုပ်ခြင်း၊သွားညှိကုသခြင်း၊သွားကြွေလွှာကပ်ခြင်း စသည့်ကုသမှု့များကို ခံယူနိုင်ပါသည်။
လိပ်စာကတော့
i Smile သွားဆေးခန်း၊အမှတ်(၈၇) ပထမထပ်၊သပြေလမ်း၊၂(က) ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့ ဖြစ်ပါတယ်။
ဖုန်းနံပါတ် 09958888131သို့ ဆက်သွယ်၍ သိလိုသည်များကိုမေးမြန်းခြင်း၊ ကြိုတင် appointment ရယူခြင်းတို့ကိုဆောင်ရွက်နိုင်ပါတယ်။
Google map မှာလဲ i Smile Dental Clinic လို့ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။

Dental clinic

ကျွန်တော့်ဆီကို လာပြတယ်။သွားစိုက်ချင်ပါတယ် ဆိုပြီးတော့ပေါ့…… ပုံမှန်သွားစိုက်မယ်ဆို ဘေးသွားနှစ်ချောင်းနဲ့တွဲပြီးစိုက်တာ(...
26/01/2023

ကျွန်တော့်ဆီကို လာပြတယ်။
သွားစိုက်ချင်ပါတယ် ဆိုပြီးတော့ပေါ့……
ပုံမှန်သွားစိုက်မယ်ဆို ဘေးသွားနှစ်ချောင်းနဲ့တွဲပြီးစိုက်တာ(Dental Bridge)၊သွားအရှင်စိုက်/အံကပ်(Partial denture)၊ သွားမြစ်တုတိုင်စိုက်ခြင်း(Dental implant)တခုခု နဲ့ စိုက်ပေးလိုက်ရုံပါပဲ။
သို့သော်……
အဲ့ဒီ သို့သော် ဆိုတာလေးမှာ….
လူနာက အရင်က စင်္ကာပူမှာ အဲ့ဒီနေရာလေးကိုပဲ ဘေးသွားနဲ့လဲတွဲမစိုက်၊အံကပ်လဲမလုပ်၊သွားမြစ်တုတိုင်စိုက်တာမျိုးလဲ မလုပ်ဘဲ သွားတုလေးတချောင်း ထည့်ပေးထားတာမျိုး လုပ်ပေးထားတယ် ဆိုပြီး ပြောလာပါတယ်။
ဆိုတော့ကာ သွားဆရာဝန်ခေါင်းစားပြီပေါ့လေ။
ပြီးတော့ သူ့မှာ ကန့်သတ်ချက်တွေကလဲ ရှိသေးတာ
၁-အချိန်။သူက စင်္ကာပူကို ရက်ပိုင်းအတွင်း ပြန်သွားရတော့မှာ။ဒီတော့ ပုံမှန်သွားစိုက်တာမျိုးဆို အနည်းဆုံး ငါးရက်၊တပါတ်လောက်စောင့်ပြီးမှ ကိုယ်တပ်မဲ့ သွားတုကို ရတတ်တာမျိုးကိုး။
၂-သွားတုတပ်ဖို့ ဘေးသွားတွေကို လုံးဝမစားချင်ဘူး။(ဘေးသွားနဲ့တွဲစိုက်တဲ့သွားတု Dental bridge က စိုက်မဲ့သွားရဲ့ ရှေ့၊နောက် တချောင်းစီကို လိုအပ်သလိုအနည်းငယ် တိုက်စားလိုက်ရပါတယ်)။
၃-သွားလဲစိုက်ချင်တယ်။အဖြုတ်/အတပ်လုပ်ရတာမျိုးလဲ မကြိုက်ဘူး။
ကဲ နောက်ဆုံးတော့လဲ ကျွန်တော့်မှာ သူအရင်က စင်္ကာပူကဆေးခန်းတခုမှာ လုပ်ခဲ့သလိုမျိုး ဘေးသွားကိုလဲမထိ၊အဖြုတ်အတပ်လဲလုပ်စရာမလိုတဲ့ ရောင်ခြည်ဖြင့်သွားဖာခြင်း ကိုပဲ လုပ်ပေးလိုက်ပါတော့တယ်။
အားလုံးပြီးသွားတော့ လူနာက မေးတယ်။
ဆရာ ဒီသွားက ဘယ်လောက်ခံမလဲ တဲ့။
ကျွန်တော် ပြုံးပြုံးလေးအရွှန်းဖောက်ပြီး ဖြေပေးလိုက်ပါတယ်။
(ဒီစကားက ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ဆရာတယောက်ဟာသအနေနဲ့ ပြောခဲ့သလို) မပြုတ်သေးသရွေ့တော့ မြဲနေမှာပါဗျာ… လို့။
လူနာလဲ ရယ်ရယ်မောမောနဲ့ ဒီလောက်လှနေရင်ကို ကျေနပ်ပါပြီဗျာ တဲ့။
😄😄😄😄😄😄😄😄😄😄
ကျွန်တော်တို့ I Smile သွားဆေးခန်းမှာ
သွားအသေစိုက်(Dental bridge)
သွားအရှင်စိုက်(Dentures)
သွားမြစ်တုတိုင်စိုက်ခြင်း(Dental implant)
ရောင်ခြည်ဖြင့်သွားဖာခြင်း(Light cured composite filling)
သွားနှုတ်ခြင်း၊
သွားအမြစ်သန့်ရှင်းရေးပြုလုပ်ခြင်း(Root canal treatment)
သွားကြောက်ခြစ်ခြင်း(Scaling & Polishing)
သွားညှိကုသခြင်း(Dental Braces)
စတဲ့ ကုသမှု့များကို ခံယူနိုင်ပါတယ်။
ဆေးခန်းလိပ်စာကတော့ အမှတ် ၈၇၊ပထမထပ်၊သပြေလမ်း၊၂(က)ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့နယ် ပါ။
#ခရေပင်လမ်း
#သွားဆေးခန်း

လူကြီးမင်းတို့‌အနေနဲ့ သွားဆေးခန်းပြဖို့လိုအပ်လာရင်/သွားဆေးခန်းပြ‌ရတော့မယ်ဆိုရင် ဘာကိုတွေးပြီးကြောက်တတ်ပါသလဲ??????ဥပမာ။သွ...
17/01/2023

လူကြီးမင်းတို့‌အနေနဲ့ သွားဆေးခန်းပြဖို့လိုအပ်လာရင်/သွားဆေးခန်းပြ‌ရတော့မယ်ဆိုရင် ဘာကိုတွေးပြီးကြောက်တတ်ပါသလဲ??????
ဥပမာ။သွားဆေးခန်းကနေ ရောဂါတွေကူးလာမှာ……
။ကုန်ကျစားရိတ်အရမ်းများမှာ……
။အရမ်းနာမှာ……

ဒီနေ့ခေတ်လို ပိုး that ပစ္စည်းတွေ၊ထုံဆေး၊တခါသုံးပစ္စည်းတွေ အလွယ်တကူ ဝယ်လို့ရနေတဲ့အချိန်ကြီးမှာ ဒါတွေကိုတွေးပြီး ကြောက်နေဖို့ မလိုအပ်တော့ပါဘူးနော်…
သွားဆေးခန်းတိုင်းမှာ ရေနွေးငွေ့သုံးဖိအားမြှင့်ပိုးthatစက်(Pressure steam sterilizer/Autoclave)၊တခါသုံးထုံဆေးတောင့်၊ဆေးထိုးအပ်(Disposable Dental catridge&Dental Needles)၊တခါသုံးရေခွက်၊တခါသုံး Examination setတွေ ရှိနေပါပြီ။ဒါကြောင့် ရောဂါကူးမှာလား ဆိုတဲ့ ကြောက်စိတ်ကြီးကို ဖျောက်ထားလိုက်ပါတော့နော်👌👌👌👌👌👌👌👌👌
ကုန်ကျစားရိတ်ဆိုတာကလဲ ဒီနိုင်ငံမှာ လူတိုင်းအတွက် သင့်တော်တဲ့၊လူတိုင်းနီးပါးတတ်နိုင်တဲ့ဈေးနှုန်းနဲ့ ကုသပေးနေတဲ့ သွားဆေးခန်းတွေလဲ အများကြီးပါ။တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ဒီနိုင်ငံကသွားဆေးခန်းမှာကုသတဲ့ ကုန်ကျစားရိတ်က အများကြီး သက်သာနေတာမို့ နိုင်ငံရပ်ခြားမှာနေတဲ့ နိုင်ငံသားတွေတောင် ဒီနိုင်ငံပြန်ရောက်တုန်း/နိုင်ငံခြားမသွားခင် ဒီနိုင်ငံမှာပဲ ကုသသွားတတ်ကြပါတယ်။
နာမှာ ကျဉ်မှာကိုတော့ လူတိုင်းကြောက်တတ်ကြမှာပါ။ဒါပေမဲ့ ဒီနေ့ခေတ်လို ထုံဆေးတွေအလွယ်တကူဝယ်လို့ရလာတဲ့ခေတ်ကြီးမှာ နာမှာ၊ကျဉ်မှာကိုလဲ အရမ်းကြီးစိုးရိမ်ဖို့ မလိုတော့ပါဘူးနော်။
ကျနော်တို့ I Smile for you Dental Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှာလဲခေတ်မီစက်များ၊ နည်းစနစ်များနဲ့ ပိုးthat ထားပြီး၊တခါသုံးပစ္စည်းတွေနဲ့ သင်တင့်မျှတသောကုသစားရိတ်ဖြင့် စေတနာထားပြီး ကုသပေးမှာ ဖြစ်တဲ့အတွက် လူကြီးမင်းတို့ သွားရောဂါဝေဒနာ ခံစား‌ေနရရင် ကျနော်တို့ရဲ့ i Smile သွားဆေးခန်းမှာ စိတ်ချလက်ချ ကုသမှု့ခံယူနိုင်ပါတယ်။
သွားနှင့်ခံတွင်းဘက်ဆိုင်ရာ အထူးကုဆရာဝန်များက သေချာစမ်းသပ်ပြီး ကုသပေးမှာဖြစ်တဲ့အတွက် ကလေး အတွက်လား၊ လူကြီးလား၊ အလှအပတွက်လား၊ အမြစ်တုပဲထည့်မလား၊ သွားအမြစ်ထုတ်ကုသမှုပဲလုပ်မလား၊ သွားညှိကုသမှုလုပ်ပြီး အလှဆုံးအပြုံးလေး‌ေတွဖန်းတီးချင်လား အကုန်လုံးတနေရာထဲမှာ စိတ်တိုင်းကျ ကုသနိုင်မှာဖြစ်လို့ စိတ်ချလက်ချသာလှမ်းလာခဲ့ပါတော့လို့...
ဪ မေ့လို့ ဆေးခန်းမှာ သွားဓာတ်မှန်လဲ ရှိတာမို့ ဘာလိုသေးလဲဗျာ
လိပ်စာကတော့…………..
I Smile for you သွားနှင့်ခံတွင်း အထူးကုဆေးခန်း၊ခရေပင်လမ်းနှင့်ဉာဏသုခလမ်းထောင့်၊ကောင်းကြိုက်ဒန်ပေါက်ဆိုင်အပေါ်ထပ်၊ရာသက်ပန်မှတ်တိုင်
ပါ။

လူကြီးမင်းတို့သိရှိလိုသည်များကို ဖုန်းနံပါတ်
09958888131သို့ မေးမြန်းဆက်သွယ်၍လည်းကောင်း၊ဆေးခန်း Page messenger မှလည်းကောင်း မေးမြန်းနိုင်ပါတယ်။
#ခရေပင်လမ်း၊
#သွားဆေးခန်း၊
#မင်္ဂလာဒုံ

Address

သပြေလမ်း
Yangon

Website

Alerts

Be the first to know and let us send you an email when I Smile for you Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram