29/05/2023                                                                            
                                    
                                                                            
                                            Zodiac Sign များနှင့် ဓာတ်ကြီးလေးပါး
The Four Elements of the Zodiac Signs..
Index🔏
Air Sign - Libra♎, Aquarius ♒, Gemini♊
Fire Sign - Aries ♈, Leo♌, Sagittarius ♐
Earth Sign - Capricorn ♑, Ta**us ♉, Virgo♍
Water Sign - Cancer♋, Scorpio♏, Pisces♓
Compatibility💝
-Air Sign နှင့် Earth Sign များမှာ ဓာတ်ညှိ၊ ဓာတ်ထိန်းပေးသော Sign များဖြစ်သည်။
-Fire Sign and Water Sign များသည် ဓာတ်ထုတ်၊ ဓာတ်ပွားစေသော Sign များဖြစ်သည်။
Essential💞
Fire Sign ရဲ့ မီးတောက်တွေကို ထိန်းညှိ ပေးဖို့ရန် Air Sign လိုအပ်ပေသည်။ 
Water Sign ရဲ့ ရေလှိုင်းလုံးများကို ဘောင်ခတ်ကာထိန်းညှိပေးဖို့ရန် Earth Sign လိုအပ်ပေသည်။
-Air Sign သည် ဓာတ်တူသော Sign အချင်းချင်းတွဲရင် ဘာမှပြောစရာမရှိအဆင်ပြေစေသည်။ 
-Earth Signသည် ဓာတ်တူသော Sign အချင်းချင်းတွဲရင် ဘာမှပြောစရာမရှိအဆင်ပြေစေသည်။ 
-Fire Sign အချင်းချင်း တွဲရင် Spark မီးပွား လေးတွေ၊ ငြင်းခုံမှုသေးသေးလေးတွေတော့ ရှိပေမည်။
-Water Sign အချင်းချင်းတွဲရင် Emotional ပိုင်းမှာ ထိန်းချုပ်မည့်သူလိုအပ်ပေသည်။
ဒါဆိုရင် Elements တွေရဲ့ အကြောင်းအသေးစိတ်ကို အောက်မှာကြည့်လိုက်ရအောင်....
    ༻﹡﹡﹡﹡﹡﹡﹡ ﹡﹡﹡﹡﹡﹡﹡༺
Air Sign - Libra♎, Aquarius ♒, Gemini ♊
✨Air Sign တွေရဲ့ သိသာတဲ့အချက် ကတော့ ပျော်ပျော်နေတတ်တာပါ။ "ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ" ဆိုတဲ့ စကားပုံပျက် လေးဟာ Air Sign တွေ တီထွင်ခဲ့ဟန်ရှိပါတယ်။
  Air Signတွေဟာ social အလွန်ကောင်းတယ်လို့ နာမည်ကြီးပါတယ်။ ဒါ့အပြင် ဘာပဲလုပ်လုပ် ဉာဏ အားကိုးတဲ့သူတွေပါ။ 
  Air Sign တွေအတွက်အရေးကြီးဆုံးအရာဟာ ဘာလဲလို့မေးရင် Private Spaceလို့ ဖြေရပါိလိမ့်မယ်။ (သူတို့အတွက်ကိုယ်ပိုင်ချိန်လိုအပ်ပါတယ်) သူတို့တွေဟာ အချုပ်အနှောင်တွေ မကြိုက်ကြပါဘူး။ကိုယ့်ကိုယ် လာပြီး ကြိုးကိုင်တယ်၊ ချည်ထားတယ်လို့ ခံစားရရင် လစ်ပြေးကုန်ပါလိမ့်မယ်။
   Air Sign တွေရဲ့ခေါင်းထဲမှာ ပြည့်နှက်နေတဲ့ အရာဟာ အတွေးတွေပါ။ သူတို့တွေဟာ တစ်ခုခုဆို တစ်စိမ့်စိမ့် တွေးနေတတ်ပါတယ်။
In Relationship💞
သူတို့တွေဟာ Rs ပိုင်းမှာလည်း မပျင်းသွားဖို့လိုအပ်ပါတယ်။ ဒါကြောင့် Air တွေနဲ့ တွဲရင် အသစ်အဆန်းလေးတွေ စိတ်ဝင်စားစရာ လေးတွေလုပ်ပြဖို့လိုအပ်ပါတယ်။ နောက်ပြီး Air Sign တွေဟာ စကားပြောကောင်းသူတွေဆို သဘောကျကြပါတယ်။ Air Sign အချင်းချင်း ပြန်တွဲရင် လွတ်လပ်ပေါ့ပါးပြီး တစ်လောကလုံးကို မေ့နေနိုင်ပါတယ်။ 
Air Sign တွေအတွက် Energy ပြန်ဖြည့်နည်း🔋
      သူတို့တွေဟာ အမြဲတမ်း အတွေးတွေပြည့် နေကြတာမလို့ ဆန္ဒစောတာ၊ စိတ်လောနေတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် Puzzle လေးတွေဖြေရှင်းတာ၊ mind game ဆော့တာမျိုးတွေလုပ်သင့်ပါတယ်။ 
သဘဝတရားကနေ ပြန် Heal ဖို့အတွက်ကတော့ လေပြေအေးလေးတွေ ထွက်ရှုဖို့လိုအပ်ပါတယ်။(မွန်းကြပ်လာရင် မင်မင်ကတော့ ရန်ကုန်မြစ်ကမ်းနားသွားပြီး မြစ်ပြင်ကလေနုအေးလေးတွေ ရှုရှိုက်လိုက်ရင် အားပြည့်ပြီးပေါ့ပါးသွားပါတယ်၊ music ပါထပ်တည့်ရင် ပိုကောင်းပါတယ်)
  ༻﹡﹡﹡﹡﹡﹡﹡ ﹡﹡﹡﹡﹡﹡﹡༺
Fire Sign (Aries ♈, Leo ♌, Sagittarius ♐)
ရဲရင့်မှုအရှိဆုံး Sign များကိုပြပါဆိုလျင် Fire Sign များက်ိုပြရပေလိမ့်မည်။ သူတို့တွေဟာ တစ်ခုခုကို လုပ်ပြီဆိုရင် လုံးဝနှစ်မြှပ်၍ စွဲစွဲလမ်းလမ်း လုပ်တတ်ကြသူတွေပါ။ စိတ်အားထက်သန်မှု တက်ကြွမှု အရှိဆုံး Sign များဆိုရင် မမှားပါဘူး။ 
   
Zodiac Sign တွေထဲမှာ အတောက်လောင်ဆုံး ဒေါသထွက်လာပါက ထိန်းမရဆုံး Sign တွေဟာ Fire Sign တွေပါပဲ။ ထက်မြက်မှု ဆိုတဲ့ စကားလုံးက Fire Sign တွေကိုကို ရည်ညွှန်းပြီး သုံးစွဲသလားထင်ရလောက်အောင် ထက်မြက်ကြပါတယ်။ Artistic အဆန်ဆုံးနဲ့ creative အဆန်ဆုံး က Fire Sign တွေပါ။ Fire Energy များတဲ့သူတွေဟာ Creator တွေပါ။
   
🔥Fire Sign တွေကို လူတိုင်းသတိထားမိတဲ့အချက်ကတော့ Confidence ပါပဲ၊ သူတို့တွေဟာ Zodiac Sign တွေထဲမှာ Confidence အရှိဆုံးသူတွေပါ။
   
📌Fire Sign တွေရဲ့ အဘိဓာန်မှာ မှီခိုမှုဆိုတဲ့ စကားလုံး မရှိကြပါဘူး။ သူတို့တွေဟာ မိန်းမသားပင် ဖြင့်လင့်ကစား သူများကို အားကိုးတတ်တဲ့ အကျင့်၊ မှီခိုတဲ့အကျင့်မရှိကြသူတွေပါ။ Brave And Independent ဆိုတဲ့ စကားလုံးဟာ Fire Sign တွေအတွက် Keywords ပဲဖြစ်ပါတယ်။
  
သူတို့တွေဟာ သဘောကောင်းလားလို့မေးရင် ကောင်းပါတယ်၊ သူတို့ဟာ အကောင်းမြင်တတ်ကြပါတယ်၊ ဒါပေမဲ့ သူတို့ဒေါသမီးကိုတော့ သွားမရှို့ကြပါနဲ့၊ အကောင်းမြင်တတ်မှု၊ သဘောကောင်းမှုတွေဟာ ဒေါသမီးတောင်တွေရဲ့ ပေါက်ကွဲမှုကြောင့် ဆူနာမီနဲ့ ပြင်းထန်တဲ့ ငလျင်တွေဖြစ်စေပါလိမ့်မယ်။
In Relationship💞
Aries♈, Leo♌, Sagittarius ♐ တွေအချင်းချင်း ပြန်တွဲလို့ရလား။ Fire အချင်းချင်း တွဲရင်တော့ သေချာပေါက် မီးပွားSpark တွေကတော့ ဖြစ်ပါလိမ့်မယ်။ သူတို့ချင်းပြန်တွဲကြရင် ပိုကြီးတဲ့ မီးတောက်တွေကိုဖြစ်စေပြီး ရင်ခုံစိတ်လှုပ်ရှားစရာတွေပြည့်နှက်နေပါလိမ့်မယ်။ ပိုပြီးလည်း Creation တွေကောင်းလာပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ချင်းက အမြဲငြင်းခုံမှုအသေးလေးတွေတော့ ရှိနေကြပါလိမ့်မယ်။
Air Sign တွေနဲ့တွဲရင်တော့ ပိုပြီးတော့ အဆင်ပြေချောမွေ့တာမျိုးရှိပါလိမ့်မယ်။
 
Business💰
သူတွေဟာ အလုပ်နဲ့ ပက်သာလာရင် Risk ယူရတဲ့ အလုပ်တွေကို ပိုကြိုက်ကြပါတယ်။ တစ်ခုခုဆိုရင် ပုံအောပြီး လုပ်တတ်ကြပါတယ်။
Like🌻
သူတို့ဟာ တုန့်ဆိုင်းနေသူတွေ၊ ကြောက်တာလိိုလို လုပ်နေသူတွေဆိုရင်လုံးဝမကြိုက်ကြပါဘူး။ သူတို့ကိုကြိုက်ရင် ပေါ်တင်ပြောရဲတာမျိုးကို ကြိုက်ပါတယ်။ သူတို့က လုပ်ရဲကိုင်ရဲတဲ့သူကို ကြိုက်ပါတယ်။
Energy ဖြည့်နည်း🔋
သူတို့ တွေလုပ်သင့်တာက စိတ်ကူးပေါက်တာလေးတွေထလုပ်သင့်ပါတယ် (စိတ်ကူးပေါက်ရင် ပေါက်တဲ့ သီချင်းတွေဆိုတာ၊ ပန်းချီထဆွဲတာ၊ ဖန်တီးမှုတစ်ခုခု လုပ်တာမျိုးရှိသင့်ပါတယ်)။ နောက်ပြီးတော့ Fire Sign တွေအတွက်အားကစား လုပ်ဖို့အရေးကြီးပါတယ်။ Universe ကEnergy ကိုလိုချင်ရင်တော့ အမွှေးဖယောင်းတိုင် ထွန်းထာမျိုး၊ ရိုးရိုးဖယောင်းတိုင်ထွန်းပြီး ကိုယ့်ဘေးမှာ ထားတာမျိုးလုပ်လို့ရပါတယ်။
      ༻﹡﹡﹡﹡﹡﹡﹡ ﹡﹡﹡﹡﹡﹡﹡༺
Earth Sign -Capricorn ♑,Ta**us ♉,Virgo♍
ထူးခြားချက်များ- 
ဟုတ်ပါတယ်သူတို့ရဲ့ အသိသာဆုံးအချက်ကတော့ ခေါင်းမာတာပါ။ သဘောကျစရာအကောင်းဆုံးအချက်ကတော့ ဘာမဆို လက်တွေ့ကျကျပဲ လုပ်တတ်ကြပါတယ်။နောက်ပြီးသူတို့က လူရည်မွန်တွေပါ။ တစ်ခုခုလုပ်ရင်လည်း အသေးစိတ်ကျပါတယ်။
သူတို့ကို Zodiac Sign တွေရဲ့ ဥယျာဉ်မှူးများလို့ခေါ်လို့ရပါတယ်၊ ဘာလို့ဆို သူတို့တွေဟာ မိသားစုတွေ၊သူငယ်ချင်းတွေနဲ့ ချစ်သူတွေအပေါ်ကို သူ့တို့ရဲ့ ဥယျာဉ်ကြီးလို့သဘောထားပြီး ပြုစုပျိုးထောင် တတ်ကြလို့ပါပဲ။
Earth Sign တစ်ယောက်ကို ကြိုက်မိပြီဆိုရင် ဂရုစိုက်ပေးတာနဲ့ မုန့်လိုက်ကျွေးတာကို လုပ်ဖို့မမေ့ပါနဲ့။ သူတို့တွေဟာ အနာဂါတ်ထက် ပစ္စုပ္ပန်မှာ ရတာကိုရသလောက် ယူမယ့်သူတွေပါ။
Business💰
အသေးစိတ်ကျပြီး အနုစိတ်ရတဲ့အလုပ်တွေ၊ ငွေကြေးနဲ့ ပတ်သက်တဲ့ အလုပ်တွေနဲ့ အဆင်ပြေပါတယ်။ Earth Sign တွေဟာ လက်တွေ့သမားတွေမို့ ဘာပဲလုပ်လုပ် အဆင်ပြေကြပါတယ်။
In relationships💝
RS မှာဆိုရင် သူတို့တွေအတွက်က အပြန်အလှန်လေးစားမှုက အဓိကကျပါတယ်။တစ်ခုခုဆို အသေးစိတ်က အစမှတ်မိနေမှ ကြိုက်တာပါ၊ Anni Date တွေက စလို့ ခြင်ကိုက်တာအဆုံး မှတ်မိနေဖို့ အရေးကြီးပါတယ်(ဒါကတော့ Air တွေနဲ့ပြောင်းပြန်ပါပဲ)။နောက်တစ်ခုက Earth တွေဟာ Ro တာထက်စစ်မှန်တာကို သဘောကျတဲ့ သူတွေပါ။ Earth Sign တွေဟာရေရှည် အတွက်ပဲ တွေးကြတဲ့သူတွေပါ။ သူတို့တွေဟာ တန်ဖိုးကြီးတာတွေနဲ့ ဇိမ်ခံပစ္စည်းတွေက်ို ဦးစားပေးတတ်ကြပါတယ်။
Earth Signတွေအတွက် Energy ပြန်ဖြည့်နည်း🔋
 
Earth Sign တွေအရမ်းပင်ပန်းလာရင် လုပ်သင့်တာကတော့ အပင်စိုက်တာမျိုးပါ။ နောက်ပြီး လက်ကိုသဲထဲ မြေထဲမှာခဏလောက်နှစ်ထားလိုက်ပါ။ ပြီးရင် ဖိနပ်မစီးဘဲ မြက်ခင်းစိမ်းစိမ်းမှာ လမ်းလျှောက်ကြည့်ပါ။ဒါဆိုရင် သိသိသာသာလန်းဆန်းပြီး တက်ကြွလာပါလိမ့်မယ်။
     ༻﹡﹡﹡﹡﹡﹡﹡ ﹡﹡﹡﹡﹡﹡﹡༺
Water Sign - Cancer♋, Scorpio ♏, Pisces♓
EQ အမြင့်ဆုံး Sign များကို ပြပါဆိုရင် Water Sign များကို ပြရပေလိမ့်မည်။ လူတွေရဲ့ စိတ်ခံစားချက်တွေကို နားလည်မှုအရှိဆုံး Sign တွေပါ။ ဘာတွေခံစားနေရလည်း၊ ဘာတွေအားငယ်နေလည်း ဆိုတာကို သိကြပြီး သူတို့တွေဟာ တစ်ခြားလူတွေကိုကောင်းကောင်းကြီး Heal လုပ်ပေးနိုင်ပါတယ်။ (Heal လုပ်ဖို့လိုရင် Water Sign တစ်ယောက်ရှာထားပါ🤫)
 
The lover လို့ခေါ်ရလောက်အောင် အချစ်တတ်ဆုံး၊ ခံစားအလွယ်ဆုံး၊ အနူးညံ့ဆုံး သူတွေဟာ Water Sign တွေပါ။ (Water Energy များသူတွေမှာလည်း ဒီလိုဖြစ်နေတတ်ပါတယ်)
Water Sign တွေဟာ ရေသကဲ့သို့ တစ်ပါးသူရဲ့ အတွင်းပိုင်း စေတသိက် ကို ယိုစိမ့်ဝင်ရောက်နိုင်ကြပါတယ်။ ဒါကြောင့် Intuition ကောင်းကြသူများလို့ခေါ်လို့ရပြန်ပါတယ်။
သူတို့တွေအတွက်က Material and Physical တွေထက် Deep Connection ကိုပိုလိုအပ်ကြပါတယ်။ နောက်ပြီးသူတို့တွေဟာ ထိလွယ်ရှလွယ်လေးတွေမို့ Sensitive ဖြစ်တတ်တာမျိုးတော့ရှိပါတယ်။
သူတို့ရွေးချယ်မည့်သူတွေဟာ သူတို့ခံစားချက်ကို နားလည်ပြီး၊ စိတ်ချင်းချတ်မိနေတာမျိုးကို ပိုသဘောကျကြပါတယ်။ ထုတ်ပြောတယ်ဆိုတာထက် စိုက်ကြည့်ရင် အလိုက်သိတာမျိုးကို ပိုကြိုက်ကြပါတယ်။
In Relationship💝
သူတို့ဟာ Rs ပိုင်းမှာဆိုရင် အရမ်းဂရုစိုက်ပေးတာမျိုး၊ အရိပ်တစ်ကြည့်ကြည့်ဖြစ်နေတာမျိုးကို ကြိုက်ကြပါတယ်။ Water Sign တွေနဲ့တွဲရင် သူတို့ကို ဦးစားပေးတာကိုကြိုက်ကြပါတယ်။ သူတို့ကတော့ သင့်ရဲ့ လိုအပ်နေတဲ့ Emotional ကို အပြည့်အဝဖြည့်ဆည်းပါလိမ့်မယ်။ သူတို့တွေဟာ တစ်ခုခုမလုပ်ခင် dream တွေရှိကာ planတွေ ဆွဲတတ်ပြီး နားထောင်မှုလုပ်ပေးတာ၊ ဦးစားပေးတာကို သဘောကျပါတယ်။
Compatibility💞
Water Sign အချင်းချင်းက ပြန်တွဲလို့ရပါတယ်၊ ဒါပေမဲ့ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က ဘောင်ခတ် ထိန်းညှိ ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ Earth Sign နဲ့တွဲရင်တော့ ပိုသင့်တော်ပြီး သူတို့ရဲ့ ခံစားချက်တွေကို Earth တွေက ထိန်းညှိပေးကြကာ ပိုပြီးတည်ငြိမ်စေပါလိမ့်မယ်။
Business💰
Water Sign တွေဟာ Natural Healer တွေဖြစ်တာကြောင့် လူတွေကို ဂရုစိုက်စောင့်ရှောက်ပေးတာ၊ psychology နဲ့ပတ်သက်တာတွေ လုပ်လို့ရသလို အလှအပ၊ နုပညာနဲ့ ပတ်သက်တာတွေလည်းလုပ်လို့ရနိုင်ပါတယ်။
Energy ဖြည့်နည်း🔋
အရမ်းကြီး Sensitive ဖြစ်တာမျိုး၊ လူတွေအပေါ်အရမ်းကြီး ဂရုစိုက်ပေးတာ၊ စိတ်ပူတာမျိုးကိုလျော့ပါ။ ခံစားချက်တွေကို အမြဲ ဘောင်ခတ်ထားပါ၊ ရှိသမျှအကုန်မမြှုပ်နှံပါနဲ့။
Universe က Energy ရဖို့အတွက်တော့ Bathtub 🛀ထဲမှာ ရေစိမ်တာ၊ ရေကူးတာ၊ ကမ်းခြေ or ရေကန်ဘေးလေးတွေမှာ အနားယူပါ။ ငါးကန်လေးကို ကိုယ့်ဘေးမှာထားတာ၊ ဖန်ရေခွက်အဝိုင်းလေးတွေကို ဘေးမှာ ထားခြင်းဖြင့် Energy ပြန်ဖြည့်ပါ။