04/03/2026
မခိုင်နှင်းဝေ နှင့် အများပြည်သူအားလုံးတို့ပို့သတဲ့ မေတ္တာများကြောင့် ညီမလေး စုပုံချစ်ရဲ့ ဂုတ်မှ သွေးလုံးကို အောင်မြင်စွာခွဲစိတ်ပြီးစီးခဲ့ပြီးဖြစ်ပါတယ်ရှင်။ 🥰
ခွဲစိတ်မှုဟာ သာမန်ထက်ပိုမို အရေးကြီးပြီး အကြောများဆုံရာ ဂုတ်ပိုးနေရာဖြစ်ခဲ့တာကြောင့် မြောက်ဉက္ကလာဆေးရုံကြီးတွင် ခွဲစိတ်ခဲ့ရပါတယ်။🏥
ခွဲစိတ်မှုများအတွက် ပါဝင်ကူညီပေးပါသော Dr အောင်ထက်ထွန်းနှင့် မြောက်ဉက္ကလာပဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ ၊ သူနာပြုဆရာ၊ဆရာမ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်👨⚕️👩⚕️
ရွှေတော်ဝင်ဆေးရုံအနေဖြင့် ညီမငယ်လေးရဲ့ ခွဲစိတ်မှု ခရီးစဉ် အစအဆုံးတွင် ပါဝင်ကူညီခွင့် ရခဲ့တဲ့အတွက်လည်း အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင့်💜
#ယုံကြည်စိတ်ချအားကိုးစွာရွှေတော်ဝင်ကိုရွေးချယ်ပါ