17/12/2025
အလှအပကို ဦးစားပေးတဲ့သူတစ်ယောက်အနေနဲ့ ခံတွင်းမှာ သတ္တုတွေထည့်ထားရမှာကို စိတ်မသက်မသာဖြစ်နေပါသလား❓
သမားရိုးကျ Metal Braces တွေဟာ ကုသမှုရလဒ်ကောင်းပေမယ့် ဓာတ်ပုံရိုက်တဲ့အခါ၊ စကားပြောတဲ့အခါ သိသာလွန်းတဲ့အတွက် သင့်ရဲ့ယုံကြည်မှုကို လျော့နည်းစေနိုင်ပါတယ်။
ဒါ့အပြင် တချို့လူတွေက သတ္တုနဲ့ ပြုလုပ်ထားတဲ့ ကိရိယာတွေကို ရေရှည်တပ်ဆင်ရမှာကိုလည်း မလိုလားကြပါဘူး။ ဒါကြောင့် သွားညှိဖို့ လိုအပ်နေပေမယ့် အလှအပကြောင့် နောက်တွန့်နေမိတတ်ပါတယ်။
စိတ်ပူစရာမလိုပါဘူး။ Jasmine Dental Center က သင့်ရဲ့အလှအပကို လုံးဝမထိခိုက်စေမယ့် Ceramic Braces ကုထုံးကို အကြံပြုပေးပါရစေ💯
✅Ceramic Braces တွေဟာ သွားအရောင်နဲ့နီးစပ်တဲ့ ကြွေသားပစ္စည်းတွေနဲ့ ပြုလုပ်ထားတာကြောင့် Metal Braces တွေလို သွားညှိထားမှန်း မသိသာပါဘူး။
✅ပိုအရေးကြီးတာကတော့ Ceramic Braces ရဲ့ ကုသချိန်ဟာ Metal Braces နဲ့ သိပ်မကွာခြားပါဘူး။ သွားဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ပုံမှန်ရက်ချိန်းလာပြီး ဂရုစိုက်ပေးမယ်ဆိုရင် ရည်မှန်းထားတဲ့အချိန်အတိုင်း ရလဒ်ကောင်းကို ရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် လှပတဲ့အပြုံးတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် Ceramic Braces ကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါနော်👩⚕️
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
Google Map Link >>Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲
Google Map Link >>Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)
#သွားညှိကုသမှု #အလှအပ