Doctor Supplement Store

Doctor Supplement Store 100% Authentic USA made retail & wholesale
တနိုင်ငံလုံးလက်လီ လက်ကားဖြန်ဖြူးရောင်းချပေးနေပါတယ်

ခန္ဓာကိုယ်အတွက်အရေးကြီးသည့်အိုင်အိုဒင်းအကြောင်းနှင့်အိုင်အိုဒင်းပါဝင်သည့်အစားအစာများကိုမျှဝေပေးချင်ပါတယ်။
15/06/2024

ခန္ဓာကိုယ်အတွက်အရေးကြီးသည့်အိုင်အိုဒင်းအကြောင်းနှင့်အိုင်အိုဒင်းပါဝင်သည့်အစားအစာများကိုမျှဝေပေးချင်ပါတယ်။

ကလိုရင်းအကြောင်းလေးမျှဝေပြီးသွားပြီဆိုတော့ကလိုရင်းပါဝင်တဲ့အစားအစာပုံလေးမျှဝေချင်လို့ပါ။
24/05/2024

ကလိုရင်းအကြောင်းလေးမျှဝေပြီးသွားပြီဆိုတော့ကလိုရင်းပါဝင်တဲ့အစားအစာပုံလေးမျှဝေချင်လို့ပါ။

23/05/2024

ကလိုရင်းအကြောင်းလေးမျှဝေချင်လို့ပါ။ကလိုရင်းသည်အရေးပါသည့်အာဟာရဓါတ်တစ်မျိုးဖြစ်၍အချို့သောအစားအစာများတွင်သဘာဝအလျောက်ပါရှိပြီးဖြည့်စွက်စာအနေဖြစ်လည်းရရှိနိုင်ပါသည်။ခန္ဓာကိုယ်သည်အသည်းတွင်ကလိုရင်းကိုထုတ်လုပ်နိုင်သော်လည်းနေ့စဉ်ပမာဏကိုမလုံလောက်နိုင်ပါ။ကလိုရင်းကအက်ဆီတိုင်းကလိုရိုဒ်ဟုခေါ်သည့်neurotransmitterတစ်မျိုးအဖြစ်ပြောင်းလဲသွားပြီးကြွက်သားများကျဉ်းခြင်း၊ကျုံ့ခြင်း၊နာကျင်ခြင်းတို့ကိုတုန့်ပြန်ရန်အသိသွင်းပေးခြင်း၊မှတ်ဉာဏ်နှင့်စိတ်ကူးတို့၏ဦးနှောက်ဆိုင်ရာလုပ်ငန်းစဉ်များတွင်ပါဝင်လုပ်ဆောင်ပါသည်။ကလိုရင်းသည်အသည်းတွင်ဇီဝကမ္မဗေဒအရဖြစ်ပေါ်လာပြီးအဆီကိုသယ်ဆောင်သည့်ပရိုတင်းဖြစ်ပေါ်စေရန်နှင့်ကိုလက်စရောဓာတ်ကိုဖြိုခွဲရန်ထောက်ပံပေးပါသည်။ကောင်းသောအူတွင်းဘက်တီးရီးယားအတွက်အစာလည်းဖြစ်ပါတယ်။ကလိုရင်းနှင့်ဆက်စပ်နေသည့်ရောဂါများမှာ-နှလုံးနှင့်သွေးကြောများနှင့်ပတ်သက်သည့်ရောဂါ၊ဆီးချိုရောဂါအမျိုးအစား၂၊အရက်ကြောင့်မဟုတ်သည့်အဆီကြောင့်ဖြစ်သည့်အသည်းရောဂါနှင့်သိမြင်ခြင်းနှင့်ဆိုင်သည့်လုပ်ငန်းစဉ်တို့ဖြစ်ကြပါသည်။

Multivitaminsများတွင်ကလိုရင်းပါဝင်လေ့မရှိသော်လည်းအသည်း၊ဥအနှစ်နှင့်အနီရောင်အသားအစရှိသည့်ပြည့်ဝဆီများသောအစားအစာများနှင့်ဆော်လမွန်ငါး၊ငါးကြီးဆီထုတ်ယူနိုင်သောငါး၊တီးလားပီးယားငါး၊ကြက်ရင်အုံနှင့်ပဲအမျိုးမျိုးအစရှိသည့်ပြည့်ဝဆီနည်းသောအစားအစာများတွင်ပေါများစွာတွေ့ရှိရပါသည်။အသက်အတွက်(၁၉)နှစ်နှင့်အထက်အမျိုးသား/အမျိုးသမီး များအတွက်ကလိုရင်းပမာဏနေ့စဉ်(များအတွက်ကလိုရင်းပမာဏနေ့စဉ်(550mg)နှင့်(450mg)တို့လိုအပ်​​ပြီးကိုယ်ဝန်ဆောင်နှင်နို့တိုက်မိခင်များအတွက်(450mg)နှင့်(550mg)တို့လိုအပ်ပါတယ်။ကလိုရင်းစားသုံးမှုလွန်ကဲပါကသွေးဖိအားနည်းခြင်း(hypotension)နှင့်အသည်းကိုအဆိပ်အတောက်ဖြစ်စေပါသည်။

ကယ်လဆီယမ်နှင့်မဂ္ဂနီစီယမ်အချိုးပမာဏများကိုကြည့်၍ကျန်းမာရေးနှင်ညီညွတ်အောင်စားသုံးကြရအောင်ပါနော်။
15/03/2024

ကယ်လဆီယမ်နှင့်မဂ္ဂနီစီယမ်အချိုးပမာဏများကိုကြည့်၍ကျန်းမာရေးနှင်ညီညွတ်အောင်စားသုံးကြရအောင်ပါနော်။

15/03/2024

ကယ်လစီယမ်နှင့်မဂ္ဂနီစီယမ်တို့ရဲ့ဆက်နွယ်မှုလေးအကြောင်းလေးမျှဝေချင်လို့ပါ။အဲဒီဒြပ်စင်နှစ်မျိုးစလုံးကအရိုးကျန်းမာရေးအတွက်ကောင်းမွန်စေပြီးခန္တာကိုယ်အတွက်အရေးကြီးသည့်နေ့စဉ်လုပ်ငန်းဆောင်တာများအတွက်လည်းအရေးကြီးသည့်အခန်းကဏ္ဍမှာပါဝင်ပါတယ်။ခန္တာကိုယ်သည်ကယ်လဆီယမ်ကိုစုတ်ယူရန်မဂ္ဂနီစီယမ်အပေါ်မှီခိုအားထားစရာမလိုပါသော်လည်းမဂ္ဂနီစီယမ်မရှိပါကကယ်လဆီယမ်သည်အရိုးများတွင်အကျိုးပြုရမည့်အစားနူးညံသောတစ်ရှူး၊ကျောက်ကပ်၊သွေးလွှတ်ကြောနှင့်အရွတ်များတွင်စုပုံခြင်းဖြင့်ခန္တာကိုယ်ကိုအဆိပ်ဖြစ်စေပါတယ်။မဂ္ဂနီစီယမ်ကကယ်လဆီယမ်စုတ်ယူခြင်းကိုထောက်ပံ့နိုင်သည့်ဗီတာမင်များအဖြစ်​​ ​​အင်ဆိုင်းများမှပြောင်းလဲစေရန်ကူညီပေးပါသည်။
ခန္တာကိုယ် ရှိတချို့သောအင်ဆိုင်းများကဗီတာမင်ဒီကိုသူ့၏calcitriolဟုခေါ်သည့်အသုံးဝင်သည့်ပုံစံအဖြစ်ပြောင်းလဲရန်မဂ္ဂနီစီယမ်လိုအပ်ပါသည်။ကယ်လဆီယမ်ကကြွက်သားများကိုချုံ့နိုင်ချဲ့နိုင်စေ၍မဂ္ဂနီစီယမ်ကသက်တောင့်သက်သာဖြစ်စေပါသည်။အဆိုပါသတ္ထုဓာတ်နှစ်မျိုးစလုံးကနှလုံးခုန်သံကိုပုံမှန်အတိုင်းဖြစ်စေပါတယ်။မဂ္ဂနီစီယမ်နှင့်ကယ်လဆီယမ်ကိုဖြည့်စွက်စာအဖြစ်သောက်သုံးမည်ဆိုပါကခန္တာကိုယ်ကစုတ်ယူရန်ခက်ခဲသည့်ကာဗွန်နိတ်(carbonate)ကိုရှောင်၍magnesium chlorideနှင့်citrates(calcium citrate or magnesium citrate)တို့ကိုသောက်သုံးသင့်ပါသည်။
သုတေသနပြုစမ်းသပ်ချက်များ၏တွေ့ရှိချက်များအရကယ်လဆီယမ်နှင့်မဂ္ဂနီစီယမ်အချိုးအနေဖြင့်(2:1)နီးပါးကကျန်းမာရေးအတွက်ကောင်းမွန်ပြီး(2.6:1)အထက်နှင့်(2:1)အောက်အခြေအနေများကနှလုံးရောဂါနှင့်အခြားအခြေအနေများကိုဖြစ်ပွားစေနိုင်ပါသည်။ပေါပေါများများတွေ့ရသည့်ဟင်းသီးဟင်းရွက်များနှင့်အသီးများ၏ကယ်လဆီယမ်နှင့်မဂ္ဂနီစီယမ်အချိုးများကိုမျှဝေပေးပါအုန်းမယ်နော်။

မဂ္ဂနီစီယမ်အကြောင်းလေးမျှဝေပေးပြီးသွားပြီဆိုတော့အခုမဂ္ဂနီယမ်ပေါကြွယ်ဝသည့်အစားအစာများကိုမျှဝေချင်ပါတယ်။အစားအစာများမှတဆင့်...
07/02/2024

မဂ္ဂနီစီယမ်အကြောင်းလေးမျှဝေပေးပြီးသွားပြီဆိုတော့အခုမဂ္ဂနီယမ်ပေါကြွယ်ဝသည့်အစားအစာများကိုမျှဝေချင်ပါတယ်။အစားအစာများမှတဆင့်လိုအပ်သည့်မဂ္ဂနီစီယမ်ပမာဏကိုဖြည့်ဆည်းနိုင်ကြပါစေ။

06/02/2024

မဂ္ဂနီစီယမ်(Magnesium) သည်ခန္ဓာကိုယ်၏လုပ်ငန်းများအတွက် အရေးပါသည့်သတ္ထုဓါတ် တစ်မျိုး ဖြစ်၍ သွေးဖိအားပုံမှန်ဖြစ်စေရန်၊အရိုးများသန်မာစေရန်၊ နှလုံးစီးချက်ပုံမှန်ဖြစ်စေရန်အတွက်ကူညီပေးပါသည်။
မဂ္ဂနီစီယမ်(Magnesium) ပမာဏလျော့နည်းနေသည့် အသက်အရွယ်ကြီးရင့်သူများအနေဖြင့် နှလုံးရောဂါ၊ဆီးချို ရောဂါနှင့် အခြားကင်ဆာရောဂါအစရှိသည့်အဓိကကျန်းမာရေးပြဿနာတို့ကိုဖြစ်ပွားစေနိုင်ပါသည်။
မဂ္ဂနီစီယမ်(Magnesium) နှင့်အခြားသတ္ထုဓါတ်များပါဝင်မှုမြင့်မားသည့် အစားအစာများကို စားသုံးခြင်းသည် သွေးတိုးရောဂါဖြစ်ပွားစသူများ၏သွေးဖိအားမြင့်တက်ခြင်းကိုကာကွယ်နိုင်ပါသည်။
သဘာဝအလျောက်အစားအစာများမှမဂ္ဂနီစီယမ်ပမာဏများများရယူခြင်းသည် လုံခြုံစိတ်ချရ၍ ဖြည့်စွက်စာ အဖြစ်ပမာဏများစွာ သောက်သုံးခြင်းကအန္တရာယ်များစေနိုင်ပါသည်။
မဂ္ဂနီစီယမ်(Magnesium) သည်တချို့သောဆေးများ(ဆီးဆေး၊နှလုံးဆေးနှင့်ပဋိဇီဝဆေး)တို့ဖြင့် ဓါတ်ပြုနိုင်ပါသောကြောင့် အဆိုပါဆေးများသုံးဆွဲနေသူများ အနေဖြင့် မဂ္ဂနီစီယမ် ကိုဖြည့်စွက်စာအဖြစ် သောက်သုံးလိုပါက နားလည်တတ်ကျွမ်းသူများနှင့်အရင်ဆွေးနွေးတိုင်ပင်သင့်ပါသည်။(ဥပမာ-ဆီးချိုရောဂါ၊ အူအတွင်းဖြစ်ပွားသော ရောဂါ၊နှလုံးရောဂါနှင့်ကျောက်ကပ်ရောဂါဖြစ်ပွားနေသူများ)
မဂ္ဂနီစီယမ်(Magnesium) ပမာဏများခြင်းကြောင့် မအီမသာဖြစ်ခြင်း၊ဗိုက်အောင့်ခြင်း၊ကြွက်တက်ခြင်း၊ ဝမ်းလျောခြင်း၊ သွေးဖိအားနည်းခြင်း၊မောပန်းနွမ်းနယ်ခြင်းတို့ကိုဖြစ်ပွားစေနိုင်ပါသည်။
မဂ္ဂနီစီယမ်(Magnesium) သောက်သုံးခြင်းသည်သွေးတွင်းသကြားဓါတ်ကိုပုံမှန်ဖြစ်စေပြီး အားကစား လှုတ်ရှားမှု များကို ပိုမိုကောင်းမွန်စေခြင်းဖြင့်ခန္ဓာကိုယ်နှင့်ဉီးနှောက်အတွက် အရေးပါသော လုပ်ငန်းများကို ပြီးမြောက်စေပါသည်။မဂ္ဂနီစီယမ်(Magnesium)ခန္ဓာကိုယ်တွင်းဖြစ်ပွားသည့်ဇီဝဓါတုဖြစ်စဉ်ရာပေါင်းများစွာတွင် ပါဝင်လျှက်ရှိပါသည်။
(၆၀)ရာခိုင်နှုန်းသော မဂ္ဂနီစီယမ်(Magnesium) များကိုအရိုးတွင်တွေ့ရှိရ၍ကျန်ပမာဏကိုကြွက်သား၊ ဇီဝကလာပ်စည်းအစုများနှင့်သွေးအပါအဝင်အရည်များတွင်တွေ့ရှိရပါသည်။ မဂ္ဂနီစီယမ်(Magnesium) ပါဝင် ဆောင်ရွက်သည့်ခန္ဓာကိုယ်၏အဓိကလုပ်ငန်းစဉ်အချို့မှာ- စွမ်းအင်ထုတ်ပေးခြင်း၊ ပရိုတိန်းဖြစ်ပေါ်စေခြင်း၊ မျိုးစေ့ဗီဇထိန်းသိမ်းခြင်း၊ ကြွက်သားလှုတ်ရှားမှုကောင်းမွန်စေခြင်းနှင့်အာရုံကြောဖွဲ့စည်းမှုစနစ် ပုံမှန်အတိုင်း ဖြစ်စေခြင်းတို့ဖြစ်ပါသည်။
တနေ့သောက်သုံးသင့်သည့် မဂ္ဂနီစီယမ်(Magnesium) ပမာဏမှာ အမျိုးသားများအတွက် (၄၀၀-၄၂၀)မီလီဂရမ်ဖြစ်၍ အမျိုးသမီး များအတွက်(၃၁၀-၃၂၀) မီလီဂရမ်ဖြစ်ပါသည်။မဂ္ဂနီစီယမ်(Magnesium) ပမာဏပါဝင်မှုများသည့်အစားအစာများအနေဖြင့်ဖရုံစေ့(၂၈)ဂရမ်တွင် တနေ့လိုအပ်သည့်ပမာဏ၏၃၇ရာခိုင်နှုန်း၊ ဟင်းနုနွယ်(၉၀)ဂရမ်တွင် တနေ့လိုအပ်သည့်ပမာဏ၏၁၆ရာခိုင်နှုန်း ပါဝင်နေပါသည်။

Calcium (ကယ်လ်ဆီယမ်)အကြောင်းလေးမျှဝေပေးချင်လို့ပါ။ကယ်လ်ဆီယမ်သည်သွေးခဲခြင်းအတွက်အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ခြင်း၊ကြွက်...
12/01/2024

Calcium (ကယ်လ်ဆီယမ်)အကြောင်းလေးမျှဝေပေးချင်လို့ပါ။ကယ်လ်ဆီယမ်သည်သွေးခဲခြင်းအတွက်အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ခြင်း၊ကြွက်သားများချုံ့၍ဆန့်၍ရအောင်ကူညီပေးခြင်းနှင့်နှလုံး၏ပုံမှန်စီးချက်အ​ခြေအနေရရှိအောင်နှင့်အာရုံကြောလုပ်ငန်းစဉ်များထိန်းညှိပေးခြင်းတို့အပြင်အရိုးနှင့်သွားများကျန်းမာရေးအတွက်အများဆုံးဆက်နွယ်မှုရှိသည့်သတ္ထုဓါတ်တစ်မျိုးဖြစ်ပါတယ်။၉၉ရာခိုင်နှုန်းသောကယ်လ်ဆီယမ်များကိုအရိုးများတွင်သိုလှောင်ထား၍ကျန်တစ်ရာခိုင်နှုန်းကိုသွေး၊ကြွက်သားနှင့်အခြားတစ်ရှူးများတွင်တွေ့ရှိရပါသည်။မရှိမဖြစ်လိုအပ်သည့်နေ့စဉ်လုပ်ငန်းဆောင်များလုပ်ဆောင်နိုင်ရန်ခန္တာကိုယ်သည်သွေးနှင့်တစ်ရှူးများတွင်
ကယ်လ်ဆီယမ်လုံလောက်သောပမာဏရှိစေရန်ထိန်းသိမ်းထားရပါမည်။သွေးထဲတွင်ကယ်လ်ဆီယမ်ပမာဏကျဆင်းနေလျှင် parathyriod homone(PTH)ဟုခေါ်သည့်ဟိုမုန်းတစ်မျိုးကအရိုးများအားကယ်လ်ဆီယမ်ကိုလည်ပတ်နေသည့်သွေးထဲ သို့စွန့်ထုတ်စေပြီးဗီတာမင်ဒီကိုလည်းအူများတွင်ကယ်လ်ဆီယမ်စုတ်ယူမှုပိုမိုအားကောင်းစေရန်အားဖြည့်ပေးပါသည်။တချိန်တည်းမှာပင်အဆိုပါ
ဟိုမုန်းကကျောက်ကပ်အားဆီးထဲသို့ကယ်လ်ဆီယမ်စွန့်ထုတ်ခြင်းကိုလျော့နည်းစေပါသည်။ခန္တာကိုယ်တွင်ကယ်လ်ဆီယမ်ပမာဏလုံလောက်အောင်ရှိခဲ့လျှင်calcitioninဟုခေါ်သည့်ဟိုမုန်းတစ်မျိုးကဆန့်ကျင်ဘက်လုပ်ငန်းစဉ်များဖြစ်သည့်အရိုးများမှကယ်လ်ဆီယမ်ထုတ်လွှတ်ခြင်းကိုရပ်တန့်စေခြင်းဖြင့်သွေးထဲတွင်ကယ်ဆီယမ်ပမာဏကိုလျော့ကျစေခြင်းနှင့်ကျောက်ကပ်အားကယ်လ်ဆီယမ်ကိုဆီးထဲသို့ပိုမိုစွန့်ထုတ်စေခြင်းတို့ကိုလုပ်ဆောင်ပါသည်။ခန္တာကိုယ်အနေဖြင့်လိုအပ်သောကယ်လ်ဆီယမ်ပမာဏကို၎င်းပါဝင်သည့်အစားအစာများနှင့်ဖြည့်စွက်စာများမှလည်းကောင်းခန္တာကိုယ်ရှိအခြားအပိုင်းများမှကယ်လ်ဆီယမ်ကိုရယူခြင်းဖြင့်လည်းကောင်းဖြည့်
တည်းပါသည်။
ကယ်လ်ဆီယမ်လိုအပ်သည့်ပမာဏများကတော့အသက်(၁၉-၅၀)နှစ်အတွင်းရှိအမျိုးသမီးများနှင့်ကိုယ်ဝန် သည်နှင့်နို့တိုက်မိခင်များအတွက်တနေ့လျှင်(1000mg)လိုအပ်ပြီးအသက်(၅၁)နှစ်နှင့်အထက်အမျိုးသမီးများအတွက်(1200mg)လိုအပ်ပါတယ်။အသက်(၁၉-၇၀)နှစ်အတွင်း အမျိုးသား များအတွက် (1000mg)လိုအပ်ပြီးအသက်၇၀နှစ်နှင့်အထက်ဆိုပါက(1200mg)လိုအပ်ပါတယ်။
Calcium deficiencyဖြစ်ခဲ့လျှင်ကြွက်တက်ခြင်းနှင့်ကြွက်သားအားနည်းခြင်း၊လက်ချောင်းများကျဉ်ခြင်းနှင့်တစစ်စစ်နာခြင်း၊ပုံမှန်မဟုတ်သည့်နှလုံးခုန်နှုန်းတိုးမြင့်ခြင်းနှင့်အစားစားချင်စိတ်နည်းပါးခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါသည်။ Calciumများနေခဲ့လျှင်အားနည်းခြင်းနှင့်မောပန်းနွမ်းနယ်ခြင်း၊မအီမသာဖြစ်ခြင်းနှင့်အော့အန်ခြင်း၊အသက်ရှူသွင်းမှုတိုခြင်း၊ရင်ဘတ်အောင်းခြင်းနှင့်နှလုံးတုန်ရင်ခုန်ခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
အသက်(၅၀)နှစ်ကျော်သူတိုင်းသည်တနေ့လျှင်ကယ်လ်ဆီယမ်ပမာဏ(2000mg)ထက်ပိုသောပမာဏ(အထူးသဖြင့်ဖြည့်စွက်စာမှ)ကိုသောက်သုံးမိပါကကျောက်ကပ်ကျောက်တည်ခြင်း၊prostateကင်ဆာနှင့်ဝမ်းချုပ်ခြင်းအစရှိသည့်အခြေအနေများကိုပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။
ကယ်လ်ဆီယမ်သတ္ထုဓာတ်ပါဝင်သည့်အစားအစာများကတော့-

ရာသီအပြောင်းမှာဖျားနာခြင်းမဖြစ်ရအောင်နှင့်သောက်သုံးနေရသောဆေးများအာနိသင်ပိုမိုကောင်းမွနိစေနိုင်သည့်အရေးကြီးသည့်ဖြည့်စွက်စ...
29/12/2023

ရာသီအပြောင်းမှာဖျားနာခြင်းမဖြစ်ရအောင်နှင့်သောက်သုံးနေရသောဆေးများအာနိသင်ပိုမိုကောင်းမွနိစေနိုင်သည့်အရေးကြီးသည့်
ဖြည့်စွက်စာများကိုကုန်ကျစရိတ်မများဘဲသောက်သုံးခြင်းဖြင့်ကောင်းကျိုးများကိုနှစ်သစ်မှစ၍ရယူလိုက်ကြရအောင်ပါ။

11/12/2023

ဗီတာမင်ကေ(Vitamin K)သည်ဓာတ်ပေါင်း(compound)အုပ်စုတစ်ခုဖြစ်ပြီးအရေးကြီးဆုံးသောဓာတ်ပေါင်းများကတော့VitaminK1နဲ့VitaminK2တို့ဖြစ်ပါတယ်။ ဗီတာမင်ကေသည်သွေးခဲခြင်းဖြစ်စေရန်အဓိကအခန်းကဏ္ဍတွင်ပါဝင်ပြီးသွေးထွက်လွန်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။အခြားဗီတာမင်များနှင့်မတူသည့်အချက်ကတော့ပုံမှန်အားဖြင့်ဗီတာမင်ကေကိုဖြည့်စွက်စာအဖြစ်အသုံးပြုလေ့မရှိခြင်းဖြစ်ပါတယ်။
ဗီတာမင်ကေနည်းပါးခြင်းကသွေးထွက်ခြင်းကိုမထိန်းချုပ်နိုင်သည့်အခြေအနေကိုဖြစ်ပေါ်စေနိုင်ပါသည်။ဗီတာမင်ကေချို့တဲ့ခြင်းကအရွယ်ရောက်ပြီးသူများတွင်ဖြစ်ပွားမှုရှားပါးသော်လည်းမွေးကင်းစကလေးများတွင်ဖြစ်ပွားလေ့ရှိပါသည်။ထို့ကြောင့်မွေးကင်းစကလေးများအားဗီတာမင်ကေတစ်ကြိမ်သွင်းပေးခြင်းကိုပုံမှန်လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့်လုပ်ဆောင်လေ့ရှိကြပါတယ်။အကြောင်းရင်းကတော့ဗီတာမင်ကေကိုအစားအစာများကအပြင်(gastrointestinal tract)အစာချေလမ်းကြောင်းရှိဘက်တီးရီးယားများမှရရှိနိုင်၍မွေးကင်းစကလေးများအတွက်ဗီတာမင်ကေထုတ်ပေးနိုသည့်ဘက်တီးရီးယားမရှိသောကြောင့်ဖြစ်ပါတယ်။
အဆီကိုမစုတ်ယူနိုင်သောအခြေအနေနှင့်တချို့သောဆေးများ(ဥပမာ-ပဋိဇီဝဆေးantibiotics)ကဗီတာမင်ကေ ထုတ်ပေးနိုင်သည့်ဘက်တီးရီးယားများကိုသေစေနိုင်သောကြောင့်ဗီတာမင်ကေချို့တဲ့ခြင်းကိုဖြစ်စေနိုင်ပါသည်။၎င်းအပြင်anticoagulant drugs (or blood thinners)သွေးကြဲဆေးများသောက်နေရခြင်းကလည်းဗီတာမင်ကေနှင့်ပတ်သက်၍ပြဿနာဖြစ်ပေါ်စေနိုင်ပါတယ်။
အသက်အရွယ်အလိုက်ဗီတာမင်ကေလိုအပ်သည့်ပမာဏများကတော့အသက်၆လအထိ2micrograms /day၊အသက်၇လမှ၁၂လအထိ2.5micrograms /day၊အသက်၁နှစ်မှ၃နှစ်အထိ30micrograms /day၊အသက်၄နှစ်မှ၈နှစ်အထိ55micrograms /day၊အသက်၉နှစ်မှ၁၃နှစ်အထိ60micrograms /day၊မိန်းကလေးအသက်၁၄နှစ်မှ၁၈နှစ်အထိ75micrograms /day၊ယောက်ကျားလေးအသက်၁၄နှစ်မှ၁၈နှစ်အထိ75micrograms /day၊အမျိုးသမီး၁၉နှစ်နှင့်အထက်အတွက်90micrograms /dayနဲ့အမျိုးသား၁၉နှစ်နှင့်အထက်အတွက်120micrograms /dayတို့ဖြစ်ကြပါတယ်။
ရောဂါကြောင့်ဆေးများစွဲသောက်နေရသူများကဗီတာမင်ကေကိုဖြည့်စွက်စာအဖြစ်အသုံးပြု ရာတွင်သတိထားသင့်ပါကြောင်းမျှဝေပေးလိုက်ပါတယ်။ဗီတာမင်ကေရရှိနိုင်သည့်အစားအစာများကတော့ပုံတွင်ဖော်ပြပြီးဖြစ်ပါတယ်။

ခန္တာကိုယ်အတွက်အရေးကြီးသည့်ဗီတာမင်​ေ(VitaminK)ကရရှိနိုင်သည့်အစားအစာများကတော့
04/12/2023

ခန္တာကိုယ်အတွက်အရေးကြီးသည့်ဗီတာမင်​ေ(VitaminK)ကရရှိနိုင်သည့်အစားအစာများကတော့

21/11/2023

ဗီတာမင်အီးကိုသဘာဝအတိုင်းအချို့အစားအစာများတွင်တွေ့ရှိရသည့်အပြင်အခြားအစားအစာများတွင်ဖြည့်စွက်ထားခြင်းနှင့်သီးသန့်ဖြည့်စွက်စာများမှလည်းဗီတာမင်အီးကိုရရှိနိုင်ပါသည်။ဗီတာမင်အီးသည်မတူညီသောဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများနှင့်အဆီတွင်ပျော်ဝင်နိုင်သည့်ကွန်ပေါင်းအုပ်စုတစ်ခုအတွက်စုပေါင်းအမည်ဖြစ်ပါတယ်။ဗီတာမင်အီးကိုသဘာဝတွင်ဓါတုဖွဲ့စည်းပုံရှစ်ခုအနေဖြင့်တွေ့ရပြီးလူသားများ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ပုံစံကတော့Alpha tocopherol ဖြစ်တယ်လို့ဖော်ပြထားကြပါတယ်။
ဗီတာမင်အီး၏ဆန့်ကျင်ဓါတ်တိုးဂုဏ်သတ္တိကfree radicalများ၏ဖျက်စီးမှုမှဆဲလ်များကိုကာကွယ်ပေးနိုင်ပါတယ်။Free radicalများကြောင့်ဆဲလ်များပျက်စီးခြင်းကနှလုံးသွေးလွှတ်ကြောယိုယွင်း၍ဖြစ်သောရောဂါနှင့်ကင်ဆာရောဂါဖြစ်ပွားမှုတို့ကိုအားပေးပါသည်။ခန္တာကိုယ်သည်စီးကရက်အခိုးအငွေ့၊လေထုညစ်ညမ်းမှု၊နေမှထွက်ရှိသည့် UVရောင်ခြည်အစရှိသည့်သဘာဝပတ်ဂန်းကျင်ဆိုင်ရာအခြေအနေမျးမှထွက်ရှိသည့်freeadical များနှင့်လည်းတွေ့ထိနိုင်ပါသည်။
ဗီတာမင်အီးသည်ဆန့်ကျင်ဓါတ်တိုးဂုဏ်သတ္တိအပြင်ခန္တာကိုယ်အတွက်အရေးကြီးသည့်ကိုယ်ခံအားလုပ်ငန်းစဉ်တွင်လည်းပါဝင်ဆောင်ရွက်ပါသည်။ဗီတာမင်အီးပြည့်ဝခြင်းဖြင့်Coronary heart diseases(နှလုံးသွေးလွှတ်ကြောယိုယွင်း၍ဖြစ်သောရောဂါ)၊ကင်ဆာရောဂါ၊Eye disorder(အမြင်အာရုံကစဉ့်ကလျားဖြစ်ခြင်း)၊Cognitive decline(သိမြင်နိုင်မှုစိတ်အခြေအနေလျော့ကျခြင်း)တို့ကိုကာကွယ်နိုင်ပါတယ်။
အသက်အရွယ်အလိုက်ဗီတာမင်အီးရှိသင့်သည့်ပမာဏများကတော့-အသက်(၆လ)အထိ4mg၊အသက် ၇လမှ၁၂လအထိ5mg၊အသက်၁နှစ်မှ၃နှစ်အထိ6mg၊အသက်၄နှစ်မှ၈နှစ်အထိ7mg၊အသက်၉နှစ်မှ၁၃နှစ်အထိ11mg၊အသက်၁၄နှစ်မှအထက်နှင့်ကိုယ်ဝန်ဆောင်ကတော့15mg၊နို့တိုက်နေသည့်အချိန်တွင်19mgတို့ဖြစ်ကြပါတယ်။ခန္တာကိုယ်အတွက်အဖက်ဖက်မှကောင်းကျိုးပေးနိုင်သည့်ဗီတာမင်အီးကိုပြည့်ဝအောင်ဖြည့်တည်းပေးကြပါလို့တိုက်တွန်းလိုပါတယ်။

Address

Yangon
11081

Alerts

Be the first to know and let us send you an email when Doctor Supplement Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram