Researcher at Molecular Biotechnology

Researcher at Molecular Biotechnology A kind of knowledge sharing right now. It will do to continue to develop.

28/08/2024


30/04/2023

Chester Medical School explores the pathogenesis of Diabetes Mellitus Type 2 (T2DM) with novel approaches.

 Moderna ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပုလင်းကို တွေ့ရစဉ် (Photo – AFP)အိုမီခရွန်မျိုးကွဲအသစ်များအတွက် ရည်...
08/12/2022


Moderna ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပုလင်းကို တွေ့ရစဉ် (Photo – AFP)
အိုမီခရွန်မျိုးကွဲအသစ်များအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသည့် ကာကွယ်ဆေးနှစ်မျိုးကို ထပ်တိုးကာကွယ်ဆေးများအဖြစ်မဟုတ်ဘဲ လူများ၏ ပထမဆုံးကာကွယ်ဆေးထိုးနှံမှုများအဖြစ် လက်ရှိတွင် အသုံးပြုနိုင်သည်ဟု ဥရောပသမဂ္ဂ၏ဆေးဝါးစောင့်ကြည့်ရေးက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

ဥရောပဆေးဝါးအေဂျင်စီ(EMA)က BA.4 နှင့် BA.5 မျိုးကွဲများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Pfizer/BioNTech နှင့် Moderna တို့၏ ကာကွယ်ဆေးများကို စက်တင်ဘာနှင့် အောက်တိုဘာလအသီးသီးတို့တွင် အတည်ပြုပေးခဲ့သော်လည်း ယင်းကာကွယ်ဆေးများကို ကနဦးကာကွယ်ဆေး ထိုးနှံပြီးသူများကိုသာ ထိုးနှံပေးရန် အကြံပြုထားသည်။

အမ်စတာဒမ်အခြေစိုက်အဖွဲ့က လက်ရှိတွင် ၎င်း၏အရေးပေါ်ဆောင်ရွက်ရေးအဖွဲ့အနေဖြင့် ကာကွယ်ဆေးနှစ်မျိုးကို ကနဦးမူ လကာကွယ်ဆေးထိုးနှံမှုအတွက် အသုံးပြုသင့်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ယင်းကာကွယ်ဆေးများကို ထပ်တိုးကာကွယ်ဆေးများအဖြစ် အသုံးပြုရန်သာ အတည်ပြုထားသည်။

ယင်းကာကွယ်ဆေးများကို အရွယ်ရောက်ပြီးသူများသာမက ကလေးများတွင်လည်း အသုံးပြုထိုးနှံပေးနိုင်သည်။

ယင်းကာကွယ်ဆေးများသည် ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံတွင် ထွက်ပေါ်လာသည့် မူလကိုရိုနာဗိုင်းရပ်စ်သာမက အိုမီခရွန်မျိုးကွဲအသစ်များအတွက် ရည်ရွယ်ထားသည့် နှစ်မျိုးစပ်ကာကွယ်ဆေးဟုခေါ်ဆိုကာ ယင်းကာကွယ်ဆေး၏ ကိုယ်ခံအားတုံ့ပြန်မှုကို ဓာတ်ခွဲလေ့လာခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထပ်တိုးကာကွယ်ဆေးများ၏ ဘေးကင်းလုံခြုံမှုသည် မူရင်း mRNA ကာကွယ်ဆေးများနှင့် နှိုင်းယှဉ်နိုင်သည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဥရောပနိုင်ငံများသည် မျိုးဆက်သစ် ကာကွယ်ဆေးများကို အလျင်အမြန်ထိုးနှံပေးနိုင်ရန် ကြိုးပမ်းနေသောကြောင့် ၎င်းတို့သည် ထပ်တိုးကာကွယ်ဆေးများ ထိုးနှံမှုအစီအစဉ်များကို စတင်လုပ်ဆောင်နေပြီး ကာကွယ်ဆေးမထိုးနှံရသေးသူများကိုလည်း ရည်ရွယ်ထိုးနှံပေးနေသည်။

အယ်ဖာနှင့် ဒယ်တာ ကဲ့သို့ ယခင်စိုးရိမ် ရဗိုင်းရပ်စ်မျိုးကွဲများ တဖြည်းဖြည်း မှေးမှိန် အဆုံးသတ်သွားပြီးနောက် ၂၀၂၂ ခုနှစ်တစ်လျှောက် အိုမီခရွန်နှင့် ၎င်း၏ထပ်ဆင့်မျိုးကွဲများ ကူးစက်လွှမ်းမိုးလာခဲ့သည်။

BA.4 နှင့် BA.5 မျိုးကွဲများသည်မကြာသေးမီလများအတွင်း ဥရောပနှင့်အမေရိကန်တို့တွင်ဗိုင်းရပ်စ် ကူးစက်မှုအသစ်လှိုင်းများ ပျံ့နှံ့စေရန် အထူးသဖြင့် လုပ်ဆောင်နေသည်။

အိုမီခရွန်မျိုးကွဲများအားလုံးသည် ရောဂါမပြင်းထန်ဘဲ အဆုတ်ကို ထိခိုက်မှုနည်းပါးကာ ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့်အနံ့ပျောက်ခြင်းကဲ့သို့ ရောဂါလက္ခဏာများခံစားရစေနိုင်သည်။

အီးယူသည် နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ပြင်သစ်ဆေးကုမ္ပဏီ sanofi နှင့်ဗြိတိန်၏ GSK ထုတ် COVID-19 ထပ်တိုးကာကွယ်ဆေးသည် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများတွင် အိုမီခရွန်မျိုးကွဲကို ခုခံရာတွင် ကောင်းမွန်သော ရလဒ်များ ရရှိခဲ့သောကြောင့် အတည်ပြုပေးခဲ့သည်။

Pfizer/BioNTech နှင့် Moderna သို့မဟုတ် AstraZeneca နှင့် Johnson & Johnson တို့၏ ကနဦးကာကွယ်ဆေးများကို ထိုးနှံပြီးသည့်အရွယ်ရောက်ပြီးသူများအနေဖြင့် VidPrevtyn Beta ကာကွယ်ဆေးကို ထပ်တိုးကာကွယ်ဆေးအဖြစ် အသုံးပြုထိုးနှံနိုင်သည်ဟု EMA က ပြောကြားခဲ့သည်။

“VidPrevtyn Beta ၏ထပ်တိုးကာကွယ်ဆေးဟာ Pfizer ရဲ့ Comirnaty ကာကွယ်ဆေးလိုမျိုး ထိရောက်မှုရှိတယ်လို့မျှော်မှန်းထားပါတယ်”ဟု EMA က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ပထမဆုံး အယ်ဇိုင်းမားဆေးဝါး စမ်းသပ်မှုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကာ လက်တွေ့ကုသနိုင်တော့မှာဖြစ်ကြောင်း သိပ္ပံပညာ...
02/12/2022

ကမ္ဘာ့ပထမဆုံး အယ်ဇိုင်းမားဆေးဝါး စမ်းသပ်မှုကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကာ လက်တွေ့ကုသနိုင်တော့မှာဖြစ်ကြောင်း သိပ္ပံပညာရှင်များပြောကြားလိုက်ပါတယ်။



lecanemab ဆိုတဲ့ဆေးဟာ ထိရောက်တဲ့ဆေးဖြစ်တယ်လို့ သက်သေပြနိုင်ခဲ့ကြောင်း ကျွမ်းကျင်သူများက အသိအမှတ်ပြုလိုက်ပါတယ်။



ဒီဆေးဟာ ဦးနှောက်ထဲက အာရုံကြောတွေကို ထိခိုက်စေတဲ့ amyloid လို့ခေါ်တဲ့ ပရိုတိန်း အစုအဝေးများကို ရှင်းလင်းပေးတာဖြစ်ပါတယ်။
ဆေးထုတ်လုပ်တဲ့ Eisai နဲ့ Biogen ကုမ္ပဏီတို့က စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ရာမှာ ဒီဆေးဟာ ၁၈ လကြာဦးနှောက်ထိခိုက်ထားသူတွေမှာ ၂၇ ရာခိုင်နှုန်း လျှော့ချပေးခဲ့တယ်လို့ ဆိုပါတယ်။



ဒီရလဒ်တွေက စိတ်လှုပ်ရှားစရာကောင်းလှတယ်လို့ အယ်ဇိုင်းမားအဖွဲ့အစည်းမှ ဒေါက်တာ'ရစ်ချတ်အုတ်ကလေ'က ပြောကြားခဲ့ပါတယ်။
"lecanemab ကို အသိအမှတ်ပြုဖို့ကတော့ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်"လို့ ပြောပြသွားပါတယ်။



နောက်နှစ်မှာ ဗြိတိန်မှာ ပထမဆုံးအသုံးပြုသွားရဖွယ်ရှိနေပါတယ်လို့ ခန့်မှန်းထားကြပါတယ်။



ဦးနှောက်ဆိုးဆိုးရွားရွားမထိခိုက်သေးတဲ့ အစောပိုင်းအဆင့်လူနာတွေကတော့ ဆေးရဲ့အာနိသင် သက်ရောက်မှုအရှိဆုံး ဖြစ်လာမှာပါ။



ပရော်ဖက်ဆာ'ဘာ့ဒီစထရူပါ'က ကောက်ချက်ချကြည့်ရင် အလွန်အကျိုးရှိကြောင်း၊ အယ်ဇိုင်းမားကို ကုသနိုင်တယ်လို့ တွေ့ရှိထားရကြောင်း ပြောကြားခဲ့ပါတယ်။



သတိထားရမှာက အယ်ဇိုင်းမားရောဂါ မပြင်းထန်တဲ့သူတွေမှာသာ အကျိုးရှိနိုင်တာကြောင့် ရောဂါဆိုးရွားလာပြီဆိုရင်တော့ ကုသလို့မရနိုင်ပါဘူး။



Source: The Sun

06/09/2022

မင်္ဂလာပါ။
☆ Master, Ph.D တက်ရောက်နေသူများ
☆ Dissertation/ Thesis / Research Paper/ Academic Journal article ရေးသားနေသူများ/ ရေးသားရန် ပြင်ဆင်နေသူများ
☆ Academic Scholar လျောက်ထားနေသူများ
☆ Scholar Proposal ရေးသားနေသူများ/ရေးသားရန်ပြင်ဆင်နေသူများ
☆ Research Methodology ကို အခြေခံမှ စတင်လေ့လာလိုသူများ အတွက်



ဘာတွေသင်မှာလဲ???
1. The nature of Research
2. Formulating and Clarifying research topic
3. Literature Review, Referencing Style, and Citation Format
4. Formulating the Research Design
5. Research Ethics
6. Selecting Samples (Sample size calculation, power calculation, sampling methods)
7. Data Collection Methods
8. Data Analysis
~ Quantitative Data Analysis
~ Types of data
~ Coding and Entering
~ Weighting Cases
~ Presenting Data (Tables, Charts, Graphs, etc..)
data analysis and Interpretation
Tables, Bar charts, Pie graph, Histogram, Frequency Tables,
Statistics
(Mean, Median, Mode, Standard Deviation, etc..)
Statistics
Statistical hypothesis testing, p-value
t-test (Independent samples t-test & Paired t-test)
One-way ANOVA,
Chi-square test,
Correlation analysis,
Regression analysis,
Factor Analysis, and
Reliability Analysis (Cronbach's Alpha).

Start Date: 10.9.2022
Days: Saturday and Sunday
Time: 7 to 9 pm
Duration: 8 Weeks
Training platform: Zoom Meeting
(No uploading recording videos)






credit. to Ref
22/08/2022

credit. to Ref

26/07/2022
08/02/2022

04/02/2022

သုတေသနတစ်ခုခုကို လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်
သိပြီးသားအကြောင်းအရာပဲဖြစ်ဖြစ်
မသိသောအချက်အလက်တစ်ခုခုကိုပဲ ဖြစ်ဖြစ်
သိတော့ သိပြီးသား ဒါပေမယ့် ကာလ ဒေသပေါ်လိုက်ပြီး ကွဲပြားမှုရှာတာပဲ ဖြစ်ဖြစ် တစ်ခုခု
အဲ့တစ်ခုခုကို သိပ္ပံနည်းကျ စမ်းသပ်ရှာဖွေစုစည်းတင်ပြခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ
TLZ

Address

Yangon

Telephone

+95943000248

Website

Alerts

Be the first to know and let us send you an email when Researcher at Molecular Biotechnology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Researcher at Molecular Biotechnology:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram